သားမက်ရွေးခြင်း
Vol. 88 Ch. 4.835
သူများတွေ ပြောတာကို နားထောင်ရုံလောက်နဲ့ သူ လေးလေးနက်နက် မခံစားခဲ့ရပါဘူး။ လုရွှမ်ရဲ့ လုပ်ဆောင်ချက်တွေကို သူမ မျက်လုံးတွေနဲ့ မြင်လိုက်ရတော့ မော့ရှဲ သူ့နှလုံးသားထဲမှ သက်ပြင်းရှည်ကြီး ချလိုက်သည်။ တကယ်တော့ နှိုင်းယှဥ်စရာ မလိုသလို နှိုင်းစရာလည်း မရှိတော့ပါဘူး။
"မင်းရွေးချယ်ခဲ့တဲ့ အခင်းအကျင်း ဖွဲ့စည်းပုံက မဆိုးဘူး... ဒါပေမဲ့ မဆိုးဘူး ဆိုတဲ့ အဆင့်မှာပဲရှိတယ်... ပြီးတော့ မင်းအရင်က ကံကောင်းခဲ့တယ်လို့ ငါခံစားရတယ် သာမာန်ဆို မင်းအဲဒီဖွဲ့စည်းမှုကို အသုံးချတဲ့အခါ သုံးကြိမ်မှာ တစ်ကြိမ်ပဲ အောင်မြင်နိုင်ခဲ့တယ် မဟုတ်လား? မင်းမှာ စိတ်ဝိညာဉ်စွမ်းအား လုံလုံလောက်လောက် မရှိဘူး"
မော့ရှဲ ခေါင်းညိတ်ပြလိုက်သည်။ တကယ်ကို သူမ ကံကောင်းခဲ့တာ ဖြစ်သည်။ ။ယသာမာန်အားဖြင့် သူမသည် သုံးကြိမ်မှာ တစ်ကြိမ် အောင်မြင်ရုံသာမက ငါးကြိမ်မှာ တစ်ကြိမ် အောင်မြင်နိုင်တာကြောင့် အလွန် ကံကောင်းခဲ့တယ်လို့ ဆိုရမည်။
"မင်းရဲ့ ဝိညာဉ်စွမ်းအား ချို့တဲ့မှုကြောင့် မင်းမှာ ပိုကောင်းတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတွေ ရှိပေမဲ့ ပုံသွင်းလို့ မရဘူး ဒီလိုပဲ... မင်းရဲ့ အကန့်အသတ်ရှိတဲ့ စိတ်စွမ်းအားနဲ့ ပြုစုပျိုးထောင်မှုကြောင့် မင်းမှာ ဖွဲ့စည်းမှုတွေကို လုံလောက်တဲ့ ထိန်းချုပ်နိုင်စွမ်း မရှိဘူး"
လုရွှမ်ပြောသည့် အတိုင်း အမှန်ပဲ ဖြစ်သည်။ သူသည် ယခင်က မော့ရှဲ အသုံးပြုသည့် အခင်းအကျင်းပုံစံကို အဆင့် မြှင့်တင်ပြီးနောက် တခြားပုံစံတစ်ခုကို လေထဲတွင် စတင်ခဲ့သည်။
နှိုင်းယှဉ်ပြီးနောက်တွင် မော့ရှဲသည် သူမ ယခင်က အသုံးပြုခဲ့သည့် အခင်းအကျင်း ဖွဲ့စည်းမှုထက် အမှန်တကယ် ပိုမို အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။ အခင်းအကျင်း လုပ်ဆောင်ချက်များက လုံး၀ ဆက်လက် ထိန်းသိမ်းထားပြီး နောက်ထပ် ပုံစံ များစွာလည်း ရှိသေးသည်။
လုရွှမ်သည် ဓားသိုင်းပညာဖြင့် အခင်းအကျင်း ဖွဲ့စည်းခြင်းကို ပုံဖော်ခဲ့သည်။ လူတိုင်းက ဓားသန္ဓေသား ပုံသဏ္ဌာန် မပေါ်သေးကြောင်း သိသော်လည်း ဝမ်းပန်းတသာဖြင့် အာရုံစိုက်နေကြသည်။ လုရွှမ်ရဲ့ လှုပ်ရှားမှုတွေက အလွန် ပေါ့ပါးပေ၏။
မိုးကြိုးအတိဒုက္ခ ရောက်လာသော်လည်း ၎င်းက အရောင် ခုနစ်ရောင်ရှိသော တိမ်တိုက်ဖြစ်ပေသည်။
"ဒါက အဆင့်၇ ဧကရာဇ်လက်နက်ပဲ"
မော့ရှဲမှာ မယုံနိုင်လောက်အောင် ထိတ်လန့်တကြား ဖြစ်ကာ အော်လိုက်မိသည်။
ချောင်လုနဲ့ ဟုန်ရှန်ယင်းတို့ကတော့ သဘာဝအတိုင်း အသံမထွက်ကြပေ။ လုရွှမ်သည် သူ၏ ဝိညာဉ်စွမ်းအား ညံ့ဖျင်းခြင်း သာမက သူ၏ ယွမ်စွမ်းအားသည်လည်း အနည်းငယ် အားနည်းနေကြောင်း ယခင်က ပြောခဲ့ဖူးသည်။ မဟုတ်လျှင် နတ်လက်နက်ကိုတောင် သန့်စင်နိုင်လောက်ပြီ။
ဒါက အဆင့်၇ ဧကရာဇ်လက်နက် ဖြစ်လို့ မျက်စိထဲ ထည့်နေစရာတောင် မလိုပေ။
"မင်းရဲ့ ပစ္စည်းရွေးချယ်မှုက ကောင်းတယ်လို့ ထင်နေသေးလား? နဂါးအရိုးသစ်သားနဲ့ ကောင်းကင်ကြည်လင်သံက ပြီးပြည့်စုံအောင် ပေါင်းစပ်ထားတာ မဟုတ်ဘူး... အရန်ပစ္စည်းတချို့လည်း ပျောက်နေသေးတယ်... ယန်မြေဆီ နည်းနည်း ထပ်ထည့်ရင် အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"
လုရွှမ် ပြောပြီး သူ့လက်ချောင်း တစ်ချောင်းကို ရွှေ့လိုက်သည်နှင့် မီးကဲ့သို့ မြေဆီလွှာတစ်ဆုပ်သည် ပျံတက်သွားပြီး ဓားသန္ဓေသားထဲသို့ တွန်းပို့ ခံလိုက်ရလေသည်။
မော့ရှဲ၏ မျက်လုံးကြီးများ ပြူးကျယ်သွားသည်။ သူမ၏ မျက်နှာကို ဖုံးထားသော ပိုးပဝါစက ပြုတ်ကျသွားသော်လည်း သူမ သတိမထားမိသေးပေ။ သန္ဓေသားလောင်းကို ဓားအဖြစ် ဖွဲ့စည်းပြီးနောက် ပစ္စည်းများ ထပ်ထည့်နိုင်ဆာမျိုး သူမ မကြားဖူးသေးပါ။
သူမ တွေးနေတာတွေကို သိနေသလို လုရွှမ်ရဲ့ အသံက သူမနားထဲမှာ ဆက်ပြီး မြည်နေသည်။
"လျှောက်မတွေးနဲ့... ဒီအစွမ်းအစရှိတဲ့ လူက ကမ္ဘာမှာ ငါတစ်ယောက်တည်းပဲ ရှိနေမှာ ကြောက်ရတယ်... ခွန်အားနဲ့ ဘာမှမဆိုင်ဘူး အခွင့်အလမ်းသက်သက်ပဲ ဒါကို တခြားပစ္စည်းတွေနဲ့ အစားထိုးခဲ့ရင် ဒီအချိန်မှာ ဓားကို ငါပြန်မရနိုင်တော့ဘူး"
လုရွှမ် ခန္ဓာကိုယ်မှ သန့်စင်သော ယန်စွမ်းအင် ရောင်ဝါများ ထွက်ပေါ်လာပြီး ယန်စွမ်းအင် မြေအဆီအနှစ်သည် ဓားသန္ဓေသားအတွင်းသို့ တဖြည်းဖြည်း ရောနှောသွားလေသည်။ ယွမ်ယန်ကျင့်စဥ်၏ စွမ်းအားအောက်တွင် မြေဆီလွှာသည် ယန်စွမ်းအင် ဂုဏ်ရည်ဆောင်ပစ္စည်း ဖြစ်လာနိုင်သည်။
"ကောင်းကင်ကို ကြည့်လိုက်!"
ချောင်လု အော်လိုက်သည်။
မော့ရှဲ မော့ကြည့်လိုက်တော့ တိမ်တိုက်ထဲမှာ အလင်းရောင် တစ်ရောင်ထွက်လာပြီး အရောငိ ရှစ်ရောင်ရှိ တိမ်တိုက်တွေအဖြစ် ပြောင်းလဲသွားတာကို တွေ့လိုက်ရ၏။ ဒီအချိန်မှာတော့ အဆင့်၈ ဧကရာဇ်လက်နက်ကို သန့်စင်နေကြောင်း ပြသနေပါပြီ။
"လက်နက်ကို သန့်စင်တဲ့အခါ ပစ္စည်းတွေကို ရွေးချယ်တဲ့အခါ လက်နက်ရဲ့ အသွင်အပြင်ကိုလည်း ထည့်သွင်း စဉ်းစားရမယ်.... ဒီဓားကို မင်းကိုယ်တိုင် သန့်စင်တယ် မင်းရဲ့ အသွင်အပြင်က ငြိမ်းချမ်းပေမယ့် မင်းရဲ့အခင်းအကျင်း ဖွဲ့စည်းပုံကို ပြဖို့အတွက် လိုတယ်... ဓား ကံကြမ္မာအရဆိုရင် ဒီဓားက ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ အဆင့်၈ ဧကရာဇ်လက်နက် အထိပဲ အများဆုံး ရနိုင်မှာ"
မော့ရှဲ၏ မျက်နှာပေါ်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အမှန်ပင် လုရွှမ်က သူမရဲ့ အားနည်းချက်ကို ထိမိသွားခဲ့သည်။
အပြင်ဘက်ရှိ ဓားရှည်ကြီးကို သူမကြည့်နေသည်။ ကျယ်ပြန့်တဲ့ဓားကို သန့်စင်ဖို့ ကြိုးစားချင်ပေမယ့် လက်နက်သန့်စင်ရေးရဲ့ နောက်ပိုင်းအဆင့်တွေမှာ အာရုံထွေပြားမှု မရှိရသလို အတွေးအားလုံးက အနက်ရှိုင်းဆုံး လိုအပ်ချက်အရ သန့်စင်မှုထဲ၌ အာရုံစိုက်ထားရမည်။
ကိုယ်တိုင် သန့်စင်ထားသော ဓားတစ်လက်ဟာ သင့်ကိုယ်ပိုင် အနေအထားနှင့် လိုက်ဖက်ရမည်။ စိတ်က မဖြူစင်ရင် ဒီဓားနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်က ကျယ်ပြန့်လာတဲ့အခါ ဓားရဲ့ အဆင့်ကလည်း မကန့်သတ်နိုင်တော့ပေ။
"လက်နက်ကို သန့်စင်တဲ့အခါ မင်းရဲ့စိတ်ကို ဖြောင့်မတ်အောင် ထားရမယ်.... ဘာပဲလုပ်လုပ် မူလ လိုအပ်ချက်တွေအရ အရာအားလုံးကို စီစဉ်ရမယ်။ မင်းရဲ့စိတ်နှလုံးကို အလယ်မှာထားပြီး မင်းရဲ့မူလ ရည်ရွယ်ချက်ကို မြဲမြံစွာထားရမယ်... မဟုတ်ရင် မင်းက ငါးလည်းမဟုတ် ငှက်လည်းမဟုတ်တဲ့ အရာမျိုး မလွဲမသွေ ဖြစ်လာလိမ့်မယ်”
"မင်းက မရည်ရွယ်ဘဲ မတော်တဆလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားတော့ ငါမသိဘူး.... မင်းရဲ့အခင်းအကျင်း ဖွဲ့စည်းပုံက ကျယ်ပြန့်တဲ့ ဓားနဲ့ အရမ်းလိုက်ဖက်တယ် ဒါကြောင့် ဒီကျယ်ပြန့်တဲ့ဓားကို အနည်းဆုံး လုံလုံလောက်လောက် အားကောင်းအောင် လုပ်ရမယ်"
ရောင်စုံတိမ်များ ကောင်းကင်မှ ဆင်းသက်လာပြီး မိုးကြိုးပစ်ချက်များ ပစ်ချပြီးနောက် ဓားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ လုရွှမ် ဓားရှည်ကြီးကို မော့ရှဲထံ ပစ်ပေးလိုက်သည်။
"ကွာခြားချက်က ဘယ်မှာလဲဆိုတာ သိအောင် သေသေချာချာ လေ့လာလိုက်"
“ဟုတ်ကဲ့ပါ ဆရာ!”
မော့ရှဲ အလွန်နာခံမှုရှိစွာ ဆိုလိုက်သည်။ သူမအခု လုံးဝ ယုံကြည်သွားပြီလေ။ လုရွှမ် ပြုံးလိုက်သည်။
"မင်းက တိုင်တစ်လုံးရရင် တက်ရမယ်ဆိုတာ သိသားပဲ... ငါ မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်မယ်....မင်းငါ့ရဲ့ အငယ်ဆုံးတပည့် ဖြစ်လာလိမ့်မယ်"
ထိုစဥ် ချွန်းရှောင်က ဝင်ဆိုလေ၏။
"ဆရာကြီး... တပည့်ကသာ အငယ်ဆုံး ညီမလေးဖြစ်ရင် ပိုကောင်းမယ်... အရည်အချင်းတွေထဲမှာ တပည့်က အဆိုးဆုံးပဲလေ အစ်မတစ်ယောက် ဖြစ်ရတာ ရှက်စရာကြီး!"
"မင်း သဘောပဲ!"
ချွန်းရှောင်က နာခံမှုရှိရှိ ခေါင်းညိတ်လိုက်၏။
"ဆရာတူအစ်မသုံး မင်္ဂလာပါ?"
"မင်္ဂလာပါ ဆရာတူညီမလေး"
သူမ စိတ်ထဲတွင် အလွန်တုန်လှုပ်ပြီး အလွန်လည်း ပျော်ရွှင်နေပါသည်။ သူမ စိတ်မပူခဲ့လျှင် လုရွှမ်ကိုစိန်ခေါ်ရန် ဘယ်သောအခါမှ လာဝံ့မည်မဟုတ်ပေ။ ဒါပေမဲ့ ဒီမှာ လူကောင်းအုပ်စုနဲ့ တွေ့မယ်၊ ဆရာ ရလာမယ်၊ အငယ်တန်းညီအစ်မနဲ့ တွေ့မယ်၊ မိသားစုအသစ်ရလိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့်ထားပါဘူး။
"မင်းတို့ကို ငါသင်ပေးခဲ့တဲ့ စိတ်ဝိညာဉ်ကို သန့်စင်တဲ့နည်းကို မော့ရှဲဆီ လက်ဆင့်ကမ်းပေးလိုက်တာ...မော့ရှဲ မင်းရဲ့ ဦးစားပေးက မင်းရဲ့စွမ်းအားကို မြှင့်တင်ဖို့မဟုတ်ဘူး မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ဖို့ပဲ"
"ဟုတ်ကဲ့ ဆရာ... တပည့် နားလည်ပါပြီ"
ဆရာ တစ်ယောက်အနေနဲ့ ဒီမှာနေမယ်ဆိုရင် မိန်းကလေးတွေ အတွက် ကန့်သတ်ချက် တချို့ရှိမှာကို သူ သိပါသည်။ ဒါကြောင့် လုရွှမ်ဟာ ညွှန်ကြားချက် အနည်းငယ်ပေးကာ တိတ်တိတ်ဆိတ်ဆိတ် အခန်းသို့ ပြန်သွားပြီး လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်နေလိုက်သည်။
ဒီရက်တွေမှာ ပြင်ပကမ္ဘာက သတင်းတွေကို ဂရုမစိုက်ပေမယ့် ပါရမီရှင်များစွာ ရောက်ရှိလာတဲ့သတင်းက ထန်းယွမ်မြို့ တစ်ခုလုံးကို ရူးသွပ်သွားစေခဲ့ပြီး လုရွှမ်လည်း ဒီအချက်ကိုတာ့ သဘာဝကျကျ နားလည်ပါ၏။
အထူးသဖြင့် ယခုလို ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်ကို ပထမဆုံးအကြိမ် ကြုံဖူးသော ချွန်းရှောင်သည် ထန်းယွမ်မြို့သို့ ရံဖန်ရံခါမှ ရောက်ဖူးသော ငှက်တစ်ကောင်ကဲ့သို့ပင် အလွန် စိတ်လှုပ်ရှားနေသည်။
ယခုအချိန်အထိ ကြယ်အမျိုးမျိုးမှ ပါရမီရှင် သုံးရာကျော် ရောက်ရှိလာကြောင်း ကြားသိရသည်။ ၎င်းက တခြားကမ္ဘာက ပါရမီရှင်များ မပါဝင်သေးချေ။
ထို့နောက် သတင်းတစ်ခု ထွက်ပေါ်လာပြန်၏။ ထိုသတင်းကတော့ ထန်းယွမ်မြို့ တစ်ခုလုံးနှင့် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ကြယ်တစ်သောင်းကမ္ဘာ၏ နံပါတ်တစ် မင်းသမီးလေး ဖြစ်သည့် လီလင်ရှို့သည် ပါရမီရှင်တွေ့ဆုံပွဲ အခမ်းအနားတွင် ပါဝင်ရန် ရည်ရွယ်ထားပြီး အပြောင်မြောက်ဆုံး ပါရမီရှင်ကို ခင်ပွန်းအဖြစ် ရွေးချယ်ရန်လည်း ရည်ရွယ်ထားသည်ဟူသည့် သတင်းပင်။
ကျန်ရက် အနည်းငယ်အတွင်း ထန်းယွမ်မြို့သည် လူငယ်များဖြင့် ရိုးရှင်းစွာ ပြည့်ကျပ်နေပြီ။ ကြယ်အားလုံးမှ ထူးချွန်သူများ ဤနေရာကို အရူးအမူး ပြေးလာခဲ့သည်။ ဆန်းကြယ်ကောင်းကင် အိမ်တော်မှ လူများသည်ပင် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပါရမီရှင်များစွာကို ထန်းယွမ်မြို့သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း လူအချို့ဆီက ကောလဟာလများ ထွက်လာခဲ့သည်။