ကောင်းကင်ဘုရင်စံအိမ်
Vol. 88 Ch. 4.836
ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးနှင့် အမြဲတမ်း ဂုဏ်ယူစရာကောင်းသော ထန်းယွမ်ကြယ်၊ ထန်းယွမ်မြို့ရှိ ကျင့်ကြံသူများပင် ဆန်းကြယ်ကောင်းကင် စံအိမ်ကြီးကို အံ့သြနေကြပါသည်။
အခြားအင်အား မှန်သမျှကို အကောင်းနှင့်အဆိုး ရောထွေးနေသည့် အိတ်ဟု ဆိုနိုင်သော်လည်း ဆန်းကြယ်ကောင်းကင် အိမ်တော်တွင်တော့ အဆိုးဆုံးလူ ဟူသည့် ပါရမီရှင်များကို ထားရှိထားလေသည်။
မထင်မှတ်ပဲ ၎င်း ဆန်းကြယ်ကောင်းကင် အိမ်တော်ကပါ လာပါတော့မည်။ ထန်းယွမ်မြို့ရဲ့ လေထုက ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီး ပါရမီရှင်တွေ့ဆုံပွဲ အတွက် လူတိုင်းရဲ့ မျှော်လင့်ချက်တွေကလည်း ပိုပို၍ မြင့်မားလာပါတော့သည်။
ပါရမီရှင်တွေ့ဆုံပွဲ မစမီ သုံးရက်အလိုတွင် သခင်လေးရွှမ်ကျီးက ကြေညာချက် ထုတ်ပြန်လာခဲ့သည်။
ယခုအကြိမ် ပါရမီရှင်တွေ့ဆုံပွဲကို လူတစ်ထောင်ကျော် တက်ရောက်လိမ့်မည်။ တက်ရောက်သူ များပြားလွန်းသဖြင့် ဤပွဲကျင်းပမည့် နေရာကို ကောင်းကင်ဘုရင်စံအိမ်သို့ ပြောင်းလဲလိုက်ပြီ ဖြစ်သည််။
ထိုသတင်းလွှင့်ပြီး အချိန်အတော် ကြာတော့ အခြေအနေက တုန်လှုပ်သွား၏။
"ဆရာ.... ကောင်းကင်ဘုရင်စံအိမ်က အရမ်းကြောက်စရာ ကောင်းတယ်!"
ချောင်လုနဲ့ ဟုန်ရှန်ယင်းတို့ တညီတညွတ်တည်း ခေါင်းယမ်းလိုက်ကြပြီး ထိတ်လန့်မှု အပြည့်ဖြင့် အော်လိုက်သည်။
"ဆရာ ကြယ်တစ်သောင်းရှိတဲ့ ကမ္ဘာမှာ အလျားသုံးခုနဲ့ အနံနှစ်ခု ရှိတယ် ဆိုတာ ကြားဖူးလား?"
"အလျားသုံးခု ဆိုတာက အသက်ရှည်ပြီး ကျင့်ကြံမှု အဆင့်ကို အဆက်မပြတ် မြှင့်တင်ချင်တယ် ဆိုရင်တော့ အခွင့်အလမ်းတွေ ရဖို့လိုလိမ့်မယ် ဟုတ်တယ် အခု အလျားသုံးခုမှ နှစ်ခုပဲ ကျန်တော့တယ်... သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေက ပျောက်ကွယ်သွားပြီ... ဘာဖြစ်သွားလဲတော့ မသိဘူး"
"အနံ၂ခုရဲ့ အဓိပ္ပာယ်က သေချင်နေရင် သွားလိုက်တဲ့!"
ချွန်းရှောင်လေးက နောက်တစ်ကြောင်းကို ဆက်ဆို၏။ ဤရှည်လျားသော ဒဏ္ဍာရီသုံးပုဒ်နှင့် တိုတောင်းသော ဒဏ္ဍာရီနှစ်ခုကိုပင် သူမ သိကြောင်း သဘောပေါက်လိုက်သည်။
"ဆရာ... အလျားသုံးခု ဆိုတာက သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၊ နတ်တောင်တန်းနဲ့ ခါးသီးတဲ့ပင်လယ်ကို ရည်ညွှန်းတာ.... အနံနှစ်ခုက ကောင်းကင်ဘုရင်စံအိမ်နဲ့ ငိုကြွေးမြည်တမ်းသောဝိညာဉ်ဂူတွေကို ရည်ညွှန်းတာ"
"ပြီးတော့ ကောင်းကင်ဘုရင်စံအိမ်က တပည့်တို့ရဲ့ ထန်းယွမ်မြို့လယ်မှာ တည်ရှိနေတာ"
သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၊ နတ်တောင်တန်း၊ ခါးသီးသောပင်လယ်။ လုရွှမ်သည် နာမည်များ အကြောင်း စဥ်းစားရင်း သူ့နှလုံးသားထဲမှ ပြင်းပြသော တွန်းအားကို သိသိသာသာ ခံစားလိုက်ရသည်။ သူ၏ သံသယများအတွက် အဖြေအချို့ ရှိကောင်းရှိနိုင်သည်ဟု မရေရာသော ခံစားချက်တစ်ခုက ရှိနေသည်။
နောက်ဆုံးတွင် သန့်ရှင်းတဲ့ အပျက်အစီးများတွင် မြင်တွေ့ရသော ထင်ယောင်ထင်မှားများသည် အလွန်ထူးဆန်းပြီး မယုံနိုင်လောက်စရာ ကောင်းလှသည်။ ၎င်းက အချိန်ကာလ၏ သဘောတရားနှင့် အမှန်တကယ် ပါ၀င်ပတ်သက်နေသည်။ အာကာသနှင့် အချိန်တို့သည် ၎င်းတို့၏ လက်ရှိနယ်ပယ်တွင် ပုန်းအောင်းနိုင်သည့် အရာမဟုတ်ကြောင်း သိခဲ့ရသည်။
သို့သော် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ၏ နိဂုံး အဆုံးသတ်ကို ဆန့်ကျင်ဘက် အသွင်ဖြင့် အဆုံးသတ်ရန် ရေးသားထားသည်။ ဤကဲ့သို့ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း လုရွှမ်သည် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေရဲ့ နောက်ဆက်တွဲတွေ ရှိလာနိုင်ကြောင်း သူ့နှလုံးသားထဲတွင် အခိုင်အမာ ယုံကြည်ထားခဲ့သည်။
နတ်တောင်တန်းနှင့် ခါးသီးသောပင်လယ် အကြောင်းကို ယခုမှ ကြားသိရသောကြောင့် လုရွှမ်သည် ထိုနေရာနှစ်ခု၌ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေ အကြောင်း သဲလွန်စများကို ရှာတွေ့နိုင်သည်ဟု ခံစား၍မရပေ။
"ဆရာ... နတ်တောင်၊ ခါးသီးပင်လယ်၊ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေနဲ့ ငိုကြွေးနေတဲ့ ဝိညာဉ်လှိုဏ်ဂူတွေနဲ့ ပတ်သက်ရင် တပည့်တို့မှာ ခိုင်ခံ့မှုမရှိတဲ့အပြင် သဘာဝအတိုင်း အဲဒါတွေကိုရဖို့လည်း အခွင့်အရေး မရှိပါဘူး... ဒါပေမဲ့ ကောင်းကင်ဘုရင်စံအိမ်က တပည့်တို့ရဲ့ ဒဏ္ဍာရီဖြစ်လုနီးပါးပဲ... သူ့အကြောင်းကို နားထောင်ပြီး ကြီးပြင်းလာခဲတာ... အဲ့ဒဏ္ဍာရီက တခြားထူးဆန်းတဲ့ နေရာတွေနဲ့ လုံးဝမတူဘူး!"
ချောင်လုက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။ ထို့နောက် ဟုန်ရှန်ယင်းက။
"မဟုတ်ဘူး... ငါကြားဖူးတာက ကောင်းကင်ဘုရင်စံအိမ်က ထူးဆန်းတဲ့အရာတွေ အများကြီးရှိတဲ့ ကမ္ဘာရဲ့နေရာ တစ်ခုပဲ... လူသေတွေတောင် ပြန်ပေါ်လာလိမ့်မယ်တဲ့"
မော့ရှဲကလည်း ခေါင်းယမ်းပြီး "ညီမလည်း ဒဏ္ဍာရီတစ်ခု ကြားဖူးတယ်... အဲဒီနေရာက ထောင်လို့ ထင်ရတယ် တချို့က လှောင်အိမ်လို့ ပြောကြတယ်"
လုရွှမ်ရဲ့ စိတ်တွေ တုန်လှုပ်သွား၏။
"မော့ရှဲ... မင်းကြားဖူးတဲ့ ဒဏ္ဍာရီမှာ ကောင်းကင်ဘုရင်စံအိမ်က လှောင်အိမ်လို့ ပြောတယ် ဟုတ်လား? ဘယ်သူပြောတာလဲ? ဘယ်သူ့စကားတွေလဲ?"
လုရွှမ်က ဤအကြောင်းအရာကို အလေးအနက် ထားလိမ့်မည်ဟု မမျှော်လင့်တာကြောင့် မော့ရှဲလည်း လန့်သွားသည်။ သူမ ခဏလောက် စဉ်းစားကြည့်ပြီးနောက် မျက်လုံးတွေက တောက်ပလာခဲ့သည်။
"စကားမစပ် ကြားလိုက်ရတာပါ.. အဲဒီလူက သူ့ပတ်ဝန်းကျင်က ဆွေမျိုးတွေကို သတ်ပစ်လိမ့်မယ်လို့ ပြောခဲ့တဲ့ တာအို ဘုန်းကြီးအိုပဲ"
မော့ရှဲသည် ဖြည်းညှင်းစွာ အသက်ရှူထုတ်ကာ ဆက်ပြောလေ၏။
"အဲဒီ တာအိုဘုန်းတော်ကြီးက လှောင်အိမ် လို့ပြောခဲ့တယ်.... သူက "လှောင်အိမ်" ဆိုတာ သေချာတယ်လို့လည်း ထပ်ပြောခဲ့သေးတယ်"
နဂါးလှောင်အိမ် ဟူသောအမည်ကို ထပ်မံ ကြားသိရသောအခါ လုရွှမ်သည် အကြောင်းပြချက်မရှိဘဲ ဦးရေပြားတွေ တင်းမာသွားတာကို ခံစားလိုက်ရသည်။
သူတွေ့ဖူးတဲ့ အစောဆုံး အချိန်တုန်းကတော့ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ ပင်လယ်ရေအောက်မှာ ဒီလိုအလားတူ အရာတွေကို မြင်ဖူးတာပါပဲ။ အဲဒီနောက် တောင်တစ်သောင်းကမ္ဘာ၊ အခု ကြယ်တစ်သောင်းကမ္ဘာမှာပါ ဒီလိုအရာတွေကို ထပ်ပြီးမြင်နေရပြန်ပြီ။
ဒီလှောင်အိမ်က ဘာလဲ။
"ဆရာ ပြဿနာရှိလား"
လုရွှမ် ခေါင်းခါလိုက်ပြီး "ဒါက အရမ်းအန္တရာယ်များတယ် ဆိုတာ မင်းတို့ သိထားရမယ်"
"အဲဒီနေ့ရောက်ရင် ဆရာ သွားမလို့လား"
ချွန်းရှောင် ဝင်မေးလိုက်သည်။
လုရွှမ်သည် သူ့မျက်လုံးများထဲ သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေထဲ၌ သူမြင်ဖူးခဲ့သော လင်ရှို့ကို သတိရသွားသည်။ နောက်ပိုင်း လီလင်ရှို့သည် လီမိသားစု၏ ပင်မခန်းမဆောင်တွင် အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ထားသော လီလင်ရှို့ကို သတိရမိသွားပြန်သည်။
ဝမ်းနည်းနေသော မျက်လုံးများသည် မျက်လုံးများက သူ့ကို တစ်ခုခု ပြောပြချင်နေပုံရသည်။ လုရွှမ် ခေါင်းယမ်းလိုက်ပြီး သူ့စိတ်ထဲက အတွေးများကို ခါယမ်းကာ ထုတ်ပစ်လိုက်သည်။ သူ အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရ၏။ လီလင်ရှို့ အကြောင်းကို ဘာလို့ ရုတ်တရက် တွေးလိုက်မိပါလိမ့်။
ဆန်းကြယ်ကောင်းကင် အိမ်တော်ကလည်း ဒီတစ်ခါလာမှာပဲ။ ဒါပေမဲ့ အောင့်ယွဲ့နဲ့ တခြားသူတွေ လာမလားတော့ မသိဘူး။ သူတို့ ထန်းယွမ်မြို့မှာ ရှိနေတယ်ဆိုရင် မိမိရဲ့ သတင်းကိုတော့ သိထားသင့်ပြီ။ သူတို့ ဒီကိုလာနိုင်ပြီး အားလုံး ပြန်ပေါင်းစည်းနိုင်သင့်ပြီလို့ ထင်ပါသည်။
"ဆရာ.... နောက်ရက်အနည်းငယ်မှာ ကောင်းကင်ဘုရင်စံအိမ်ကြီးကို သွားလေ့လာကြည့်ကြမလား? သခင်လေးရွှမ်ကျီးက ကောင်းကင်ဘုရင် စံအိမ်တော်ကို ရွေးလိုက်တာက ဘာကိုဆိုလိုမှန်း မသိဘူး? သူတမင် ရည်ရွယ်ပြီး လုပ်ခဲ့တာလား?"
ဟုန်ရှန်ယင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူမသည် တစ်ချိန်က သခင်လေးရွှမ်ကျီးကို ထောက်ခံသူ ဖြစ်ခဲ့သည်။ ယခုတော့ သူမသည် ဘဝ၏အခက်အခဲကို ခံစားရပြီး အကျပ်အတည်း အတွင်း သူမကို ကယ်တင်ခဲ့သော ဆရာသခင်ကို ကျေးဇူးတင်ခြင်း အပြည့်ဖြင့် လေးစားနေပြီမလို့ သူမဆရာကို အန္တရာယ်ဖြစ်စေသော မည်သူမဆို သူမမျက်လုံးထဲတွင် ရန်သူဖြစ်သည်။
"ဟုတ်တယ် ဆရာ... ကောင်းကင်ဘုရင်စံအိမ်ကို စူးစမ်းကြည့်ရအောင်!"
ချောင်လုကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ သူမ ကောင်းကင်ဘုရင်စံအိမ် အကြောင်း သိချင်သည်မှာ ကြာပါပြီ။
ငယ်ငယ်ကတည်းက အလျားသုံးခုနဲ့ အနံ၂ခု ဇာတ်လမ်းတိုလေးတွေ အကြောင်း ကြားဖူးပါသည်။ ဟိုတုန်းက ပါရမီရှင်တွေ အဲဒီနေရာတွေကို သွားခဲ့ဖူးသည်။ သူတို့တွေ နာမည်ကြီးလာပြီး ထူးဆန်းတဲ့ နေရာမှာ သေဆုံးသွားတဲ့အကြောင်း ပုံပြင်လေးတစ်ပုဒ်လည်း ကြားဖူးသေးသည်။
သူ့မိဘတွေက သူမကို စူးစမ်းချင်စိတ်ကြောင့်နဲ့တော့ အဲဒီနေရာကို မသွားကြဖို့ သတိပေးခဲ့ပါသည်။ လုံလောက်တဲ့ ခွန်အားမရှိရင် အခွင့်အရေးတောင် အကျပ်အတည်း အဖြစ် ပြောင်းလဲသွားနိုင်၏။ ပြင်းထန်သော ခွန်အားဖြင့်သာ အန္တရာယ်ရှိသော နေရာများတွင်ပင် အခွင့်အလမ်းများ ရှိလာနိုင်သည်။
သူမ အသက်ကြီးလာသည်နှင့်အမျှ ကောင်းကင်ဘုရင်စံအိမ်သည် သူမနှလုံးသားထဲတွင် နက်ရှိုင်းစွာ ဖိနှိပ်ခံခဲ့ရသော်လည်း တစ်နေ့နေ့တွင် သူမတကယ် ဝင်ကြည့်နိုင်လိမ့်မည် ဟူသည့် မျှော်လင့်ချက်က ပိုလာခဲ့သည်။
ဤအချိန်တွင် ဟုန်ရှန်ယင်း၏ စကားကို ကြားပြီးနောက် သူမ ချက်ချင်း ခုန်ထွက်လာခဲ့သည်။ သူမ၏ ဆရာသခင်နှင့် စူးစမ်းလေ့လာနိုင်လျှင် သူမသည် ယခင်ဆန္ဒကို အမှန်တကယ် အကောင်အထည် ဖော်နိုင်လိမ့်မည်။
သို့သော် လုရွှမ်က ခေါင်းခါလိုက်ပြီး။
"မင်းပြောသလိုပဲ အန္တရာယ်များရင် မင်းမသွားသင့်ဘူး"
"ဒါပေမဲ့ ဆရာ..."
"ဒါပေမဲ့ ဆိုတာ မရှိဘူး... အနည်းဆုံးတော့ ကောင်းကင်ဘုရင်စံအိမ်ကြီးကို ငါတကယ်နားလည်တဲ့ အချိန်အထိပေါ့... အခုက အန္တရာယ်များလွန်းလိမ့်မယ် ငါက မင်းတို့ရဲ့ ဆရာသခင်ဖြစ်လို့ မင်းတို့အတွက် ငါတာဝန်ယူရမယ်"
ကောင်မလေး သုံးယောက်မှာ စိတ်ပျက်သွားသော်လည်း လုရွှမ်ရ သူတို့အကျိုးအတွက် လုပ်နေတယ် ဆိုတာကိုလည်း သိထားတာကြောင့် ခါးသက်စွာ အရှုံးပေးလိုက်ရုံသာ ရှိတော့သည်။ နောက်ဆုံးတော့ သူတို့ဘာသာသူတို့ အစွမ်းကုန် ဖောက်ထွင်း ဝင်ရောက်ဖို့ အလွန်အန္တရာယ်များကြောင်း ကိုယ်တိုင်လည်း ကောင်းကောင်းသိသည်။
ကောင်းကင်ဘုရင်စံအိမ် ဖြစ်လို့ သူတို့ပါလျှင် လုရွှမ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။ လုရွှမ်သည် မိန်းကလေး သုံးယောက်ကို ကောင်းကင်ဘုရင်စံအိမ်သို့ မသွားရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ မဟုတ်ပါက တပည့်အဖြစ်မှ နှင်ထုတ်ခံရမည်။
လုရွှမ် နောက်ပြောင်နေမှန်း သေချာမသိတဲ့ မိန်းကလေး သုံးယောက်က ခေါင်းညိတ်ကာ သူတို့အတွေးများကို လုံးလုံးလျားလျား မျိုသိပ်ထားလိုက်သည်။ လုရွှမ်သည် လက်နက် သန့်စင်ရေး အလုပ်ရုံကို တစ်ယောက်တည်း ထားခဲ့ကာ ကောင်းကင်ဘုရင်စံအိမ်ဆီသို့ ပျံသန်းသွားသည်ကိုသာ ရပ်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
လူတွေက လမ်းမပေါ်ထွက်ပြီး ဆူဆူညံညံ လုပ်နေကြဆဲပင်။ အခု မျှော်စင်နယ်ပယ်က သခင်တွေတောင်မှ သခင်လေးရွှမ်ကျီး ကြေညာထားတဲ့ တွေ့ဆုံပွဲ နေရာကို ကြားတော့ ထိတ်လန့်သွားကြသည်။