← Chapters

ကံဆိုးသူ

Vol. 88 Ch. 4.838

ကံဆိုးသူ

Vol. 88 Ch. 4.838

ထိုကောင်လေးသည် အမှန်တကယ်ပင် သခင်တစ်ယောက် ​ဖြစ်နေကြောင်း လူများစွာက လုံးဝ နားမလည်ခဲ့ကြပေ။ တချို့က တိတ်တိတ်လေး ကြောက်လန့်တကြား ဖြစ်သွားကာ တချို့ကလည်း စိတ်ထဲမှာ ကြည်နူးမှုတွေ ပေါက်ကြားသွားခဲ့သည်။

လုရွှမ်လည်း သူ့ပတ်ဝန်းကျင်က လူတွေကို အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။ သို့သော်လည်း လုရွှမ်ဆီက နှုတ်ဆက်ခံရသူဟာ အကြောင်းပြချက်မရှိဘဲ ကျောတစ်လျှောက် အေးစိမ့်သွားလေသည်။

အခုနတုန်းက ဖြစ်ပျက်ခဲ့တာတွေကို သူတို့ ရှင်းရှင်းလင်းလင်း မသိလိုက်ရပေ။ ကောင်းကင်ဘုံသခင် နယ်ပယ် ဒီကောင်လေးက တစ်ဖက်လူကို ဘယ်လိုများ တုံ့ပြန်ခဲ့တာလဲ။

"ဟမ့်... ဒီကောင်လေးကတော့ မာနကြီးနေပြီ... သင်ခန်းစာတစ်ခု သင်ပေးသင့်တဲ့ပုံပဲ"

ထိုအသံနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ဗလာဖြစ်သွားပြီး လူတိုင်း လျင်မြန်စွာ ဝေး​ဝေးသို့ ထွက်ခွာသွားခဲ့ကြသည်။ လူတစ်ယောက်တည်း သူ့မျက်နှာပေါ်တွင် တင်းမာသော အကြည့်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ သို့သော် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူလည်း အမြန်ပြေးသွား၏။

လုရွှမ်သည် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက် စိုက်ကြည့်ကာ ပို၍ အာရုံစိုက်လာခဲ့သည်။ သူသည် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ဘယ်လိုအန္တရာယ်မျိုး ဖြစ်လာမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုသည်။ သို့မဟုတ် အနည်းဆုံး ဘယ်လို လှုပ်ရှားမှုမျိုး ဖြစ်လာနိုင်ဘဲ ရှင်းရှင်းလင်းလင်း မြင်ချင်သည်။

လူတိုင်း၏ အာရုံစိုက်မှုမှာလည်း လွင့်သွားတဲ့ လူကြီးအပေါ်တွင်သာ အာရုံစိုက်နေပြီ။ ၎င်းတို့အားလုံးသည် လေထဲတွင် ပျံဝဲကာ နောက်ဆုံးအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစား​နေကြသည်။

သူတိူ့ စိတ်ကူးထားတဲ့က အတိုင်း အော်သံကတော့ ပေါ်မလာပါဘူး။ ထိုလူသည် မြေပြင်ပေါ်ကနေ ထပြီး ခေါင်းကို ခဏခါယမ်းလိုက်သည်။ သူ့ပုံစံက နည်းနည်းလေး ဇဝေဇဝါဖြစ်နေတုန်း ဖြစ်ကာ ဘာဖြစ်သွားမှန်း မသိလိုက်ပုံပါပဲ။

သို့သော် သူသည် လျင်မြန်စွာ တုံ့ပြန်ပြီး ဒေါသတကြီး ဟောက်လိုက်​လေသည်။ ထို့နောက် သူ့လည်ပင်းသည် တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးထဲ ကပ်နေသလို တင်းမာလာသည်။ သူ့ခမျာ ကောင်းကင်ဘုရင်စံအိမ်မှ ပြေးထွက်ရန် ကြိုးစားရင်း မြေပြင်ပေါ်တွင် လှိမ့်ကာ တွားသွားခဲ့သည်။

ကောင်းကင်ဘုရင် စံအိမ်သည် ဘယ်လိုမှ ထူးခြားသွားပုံ မပေါ်ပေ။ လူတိုင်း နေရာ၌ အချိန်အတော်ကြာနေပြီး ကောင်းကင်ဘုရင် စံအိမ်၏ လေဟာပြင်တည်နေရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေကြပြီ ဖြစ်သည်။ ၎င်းသည် သာမန်နန်းတော်ဥယျာဉ်နှင့် မတူ​တော့ပေ။

အနည်းငယ် ထူးဆန်းတာက ကောင်းကင်ဘုရင် စံအိမ်ကြီးကို ဘယ်သူကမှ သန့်ရှင်းရေး မလုပ်တာကြာပြီ ဖြစ်ပေမယ့် လုံးဝ မပျက်စီးသေးဘဲ စံအိမ်ထဲက အရာအားလုံးဟာ အသက်စွမ်းအင် အပြည့်ရှိ​နေသလိုတောင် ခံစားရစေသည်။ တစ်စုံတစ်ယောက်က အတွင်း၌ နေထိုင်ထားလို့ ပြည့်စုံနေသကဲ့သို့ပင်။

"ကောင်လေး... မင်း​တော့သေပြီပဲ... ထွက်ပြေးဖို့ မစဥ်းစားနဲ့..."

ထိုလူသည် ခွန်အားအပြည့်ဖြင့် ဟောက်သော်လည်း သူ့အသံမှာ တုန်ရီနေကာ သူ့ကိုယ်သူ အားပေးနေပုံရသည်။ အဲဒီအချိန်မှာ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ ပျံတက်လာပြီး ကောင်းကင်ဘုရင်စံအိမ်ထဲမှ ပြေးထွက်လာတော့မည်။

ရုတ်တရက် စူးစူးဝါးဝါး အော်သံနှင့်အတူ ဓားစွမ်းအင် တစ်ချက် ရုတ်တရက် ပေါ်လာပြီး ထိုလူ၏ခေါင်းကို အချိန်ကိုက် တိုက်ခိုက်လာလေသည်။

ထိုလူ၏ ကျင့်ကြံမှုမှာ မပျော့ညံ့ကြောင်း ပြတ်ပြတ်သားသား မြင်နိုင်သည်။ သူ့လက်ကို ရွှေ့ကာ သိုလှောင်လက်စွပ်ထဲမှ အအေးဓားတစ်ချောင်းကို အလျင်အမြန် ထုတ်ကာ အစွမ်းကုန်ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင်နှင့် အချင်းချင်း ဖျက်ဆီးလိုက်ကြသည်။

တစ်ဖက်လူရဲ့ ပျံသန်းမှု အရှိန်က ရပ်သွားပေမယ့် သူ အလျင်စလို ထွက်ချင်နေသေးသည်။ ထိုအခိုက်အတန့်တွင် နောက်ထပ် ဓားစွမ်းအင်သည် ထိုလူ၏ဦးခေါင်းရှေ့တွင် ထူးထူးခြားခြား ထွက်ပေါ်လာသည်။

ဓားစွမ်းအင်က အလွန်ပြင်းထန်ခြင်း မရှိဘဲ သာမန် နတ်မီးနယ်ပယ် အဆင့်ပင်။ သို့သော် ၎င်း၏အသွင်အပြင်နှင့် အချိန်သည် အလွန်တိကျလှသည်။ ထိုလူဟာ ခဏလောက် ခုခံရင်း သူ့ခန္ဓာကိုယ်က ရပ်တန့်သွားပြီး ရုတ်တရက် လှည့်ထွက်ချင်ပေမယ့် နောက်ထပ် ဓားစွမ်းအင်က သူ့ကို တိုက်ခိုက်လာခဲ့သည်။

"ဟ! ဒီစံအိမ်ထဲမှာ တကယ် သရဲတစ္ဆေရှိနေတာပဲ!"

တစ်စုံတစ်ယောက်က အော်ဟစ်လာကာ သူ့စကားတွေက ထိတ်လန့်မှုတွေ အပြည့်​ဖြင့်။ သို့သော် သူစကားမဆုံးခင်မှာ သူ့ခန္ဓာကိုယ်က ချက်ချင်းပဲ နောက်ကနေ ကန်ထုတ်ခံလိုက်ရသလို တုန်ခါသွားပြီး ကောင်းကင်ဘုရင်စံအိမ်ထဲကို ရှက်ရွံ့စွာ လဲကျသွားခဲ့သည်။

ယခင်က လုရွှမ်ကို လုက်ကြံခဲ့သူလို အဆက်မပြတ် ဖိနှိပ်ခဲ့ပြီး ကောင်းကင်ဘုရင်စံအိမ်ထဲသို့ ခိုကိုးရာမဲ့ ဆင်းသက်သွားခဲ့သည်။ ထိုလူ၏ နောက်ကွယ်တွင် အေးစက်သော အသွင်အပြင်ဖြင့် အမျိုးသမီးတစ်ဦး တိတ်ဆိတ်စွာ ပေါ်လာသည်။

"ဟမ့်...ဒီမိန်းကလေး ရှင်းရှင်းလင်းလင်း မမြင်ရဘူး....ဒီလောက်လေးနဲ့ ပါရမီရှင်တွေ့ဆုံပွဲကို တက်ဖို့ ထိုက်တန်တယ်လို့ ထင်နေလား? ငါ့အတွက် လမ်းသွားရှာစမ်း!"

လူတိုင်း အံသြသွားသော်လည်း ရယ်စရာအဖြစ် ကြည့်နေလိုက်သည်။ ဓားရောင်ဝါကြီး သုံးခုဆီကနေ ကျင့်ကြံသူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို သိသာထင်ရှားစွာ မြင်ခဲ့သော်လည်း ၎င်းက အမျိုးသမီး တစ်ယောက် ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

“ဟေး မင်းတို့ ဘာကိုဆိုလိုတာလဲ”

ပထမလူကြီးသည် ဒေါသတကြီး အော်ဟစ်နေ၏။ ဤဓားစွမ်းအင်ကို သူကိုယ်တိုင်လည်း ခံစားမိပါသည်။ ယင်းမှာ လူတစ်ယောက် ကြံစည်နေတာ သို့မဟုတ် ကောင်းကင်ဘုရင်စံအိမ်က ကြံစည်ခြင်းဟုတ်မဟုတ် သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိသည်။

မိန်းကလေးက “ကောင်လေး... တခြားသူတွေလောက် မတော်ဘူးဆိုရင် အနိုင်ကျင့်ဖို့ အဆင်သင့် ဖြစ်မနေရဘူး နားလည်လား? ငါနင့်ကို ပြောသလို နာခံပြီး ငါ့အတွက်လမ်းကို စူးစမ်းလိုက်စမ်းပါ.... မဟုတ်ရင်တော့ ဘယ်တော့မှ ထွက်လာဖို့ မစဥ်းစားနဲ့”

သူမသည် သူမလက်ကို လှည့်ကာ သူမကန်ချက်ဖြင့် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ဝင်သွားရသော ကံမကောင်းသော လူကိုလည်ူ ညွှန်ပြလိုက်သည်။

"နင်နဲ့လည်း အတူတူပဲ... နင့်မှာ ခွန်အားမရှိရင် မြင့်မြတ်တဲ့လူနဲ့ ယုတ်မာမှုတွေဆီက ဖုံးကွယ်ထားရမယ် ဆိုတာ နားမလည်ဘူးလား?"

ချောမောလှပတဲ့ ကျင့်ကြံသူ မိန်းကလေးက ကျိန်ဆဲပြီး လူတိုင်းကို လှည့်ကြည့်ကာ အော်ဟစ် ဆဲဆိုလိုက်ပြန်၏။

"ထင်မြင်ချက်ပေးချင်တဲ့ သူရှိရင် သူတို့နဲ့အတူ ပေါင်းလို့ရတယ်နော်!"

လူအုပ်စုသည် လျင်မြန်စွာ လူစုခွဲသွားကာ ထိုအမျိုးသမီးနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ပြေးသွားကြသည်။ အထဲက လူနှစ်ယောက်မှာတော့ လူတိုင်းရဲ့ ရယ်မောစရာတွေ ဖြစ်လာခဲ့သည်။ သူတို့မျက်နှာတွေက မည်းမှောင်ပြီး ဒေါသတွေထွက်နေ၏။ ဒီမှာ ခဏလောက်တောင် မနေချင်ပါဘူး။

ကောင်းကင်ယံကနေ စိုက်ကြည့်နေတဲ့ လူတွေကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ပါ ဖြစ်သွားကြသည်။ အခု တိုက်ခိုက်​တော့မယ့်သူဟာ ထိုမိန်းကလေး တစ်ယောက်တည်းတင် မကတော့ပေ။ လွတ်မြောက်ဖို့ သတ္တိရှိသရွေ့ လေပေါ်က လူတွေဆီက ချက်ချင်း ရိုက်နှက်ခံရမှာ သေချာပါသည်။

ဘယ်လောက် ပြင်းထန်သွားမလဲ ဘယ်သူမှ မသိနိုင်ပေ။ လူများစွာက အရေးယူ ဆောင်ရွက်ချင်နေသဖြင့် တစ်စုံတစ်ဦးသည် ကံမကောင်းဘဲ ကောင်းကင်ဘုရင်စံအိမ်၌ မသေဘဲ ထိုလူများဆီ သတ်ဖြတ်ခြင်းကို ခံရပါက တကယ့်ဟာသ ဖြစ်လာလိမ့်မည်။

၎င်းတို့နှစ်ဦးကို ရောက်ရှိလာသူ အများအပြားက မှတ်မိသွားကြပြီး မကြာမီတွင် ၎င်းတို့၏ အမည်များက ပျံ့နှံ့သွားခဲ့သည်။

ယခင်က လုရွှမ်ကို တိုက်ခိုက်ခဲ့သူကို လန်ရှန်း ဟုခေါ်ပြီး သူသည် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နေရာတစ်ခုမှ လာသူဖြစ်သည်။ ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးတွင် လူသတ်သမားများနှင့် လူယုတ်မာများ စုစည်းထားပြီး အချို့မှာ အလိုရှိကြပြီး အချို့မှာ မကောင်းမှုပြုဖို့ လိုက်ရှာနေကြသည်။

ကျင့်ကြံသူများ၏ စိတ်နှင့် စွမ်းအင်ကို ညစ်ညမ်းစေပုံရသော ထန်းလန်ကြယ်က ဝိညာဉ်စွမ်းအင်ဟာ ပြဿနာတချို့ ရှိနေသောကြောင့် အလွန်ဆိုးရွားသော လူများမှလွဲ၍ ဘယ်သူမှ အဲ့ကိုသွားဖို့ ဆန္ဒမရှိကြပေ။

ထန်းလန်ကြယ်က အဲဒီလို လူဆိုးတွေကို ရှင်သန်ဖို့ နေရာပေးခဲ့တာကြောင့် အဲဒီ​နေရာမှာ လူဆိုးတွေ များလာကြသည်။ လူဆိုးတွေ စုရုံးလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးရွားလာတော့သည်။

နောက်တစ်ယောက်ကတော့ ယွိဟယ်ဟုခေါ်ကာ ​ကြယ်ငယ်လေးမှ လာသူဖြစ်သည်။ သူ၏ ကျင့်ကြံသူမှုမှာ ယခင်က အမျိုးသမီး ပြောခဲ့သည့် အတိုင်းတော့ မဆိုးရွားလှပေ။ လုရွှမ် အမြင်အရတော့ ထိုယွိဟယ်သည် အနည်းဆုံး နတ်မီး၂လုံးကို ထွန်းညှိထားလေပြီ။

အရင်က ဖြစ်ပျက်ခဲ့တာတွေက တကယ့်မတော်တဆ ဖြစ်သင့်တာ။ ရှင်းရှင်းလင်းလင်း မြင်ရပေမယ့် လူတစ်ယောက်က သူလန့်နေတာကို အခွင့်ကောင်းယူပြီး ကန်ချလိုက်တာပဲ ဖြစ်သည်။

လူတစ်ဦး သို့မဟုတ် နှစ်ယောက်ကို ပစ်ချနိုင်ပြီ ဆိုမှတော့ ဘာလို့ နောက်ထပ်လူများကို မပစ်ချတာလဲ။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် ပတ်ဝန်းကျင်ကို အာရုံ စူးစိုက်ထားသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုထူထပ်မှုနှင့် ကျင့်ကြံသူမျာ၏ မျက်ခုံးများနှင့် မျက်လုံးများအကြား လှုပ်ရှားမှုများကို ခံစားသိရှိနိုင်သည်။ ဤလူများ တွေးတောနေပုံကို သူ နားမလည်ဘဲ ဘယ်နေပါ့မလဲ။

အမှန်တော့ သူ့မှာ ဒီအကြံရှိသေးသည်။

ဒါပေမဲ့ အကြံကို ထုတ်မပြခင်မှာ ကျင့်ကြံသူ အမျိုးသမီးက ကြိုပြီး လှုပ်ရှားနေပြီ။

ယခုတော့ ကောင်းကင်ဘုရင်စံအိမ်ထဲမှ လူနှစ်ဦးသည် အပြင် မထွက်နိုင်သောကြောင့် ရိုးရိုးရှင်းရှင်း ထိုနေရာတွင် အနားယူနေကြပါ​ပြီ။ သူတို့နှစ်ယောက်မှာ ပွက်ပွက်ဆူနေသော ရေကို မကြောက်သည့် ဝက်သေများကဲ့သို့ပင်။

မြေပြင်ပေါ်တွင် ခြေနှစ်ချောင်းကို ကုပ်ထားကာ မပျံသန်းဘဲ နေချင်သရွေ့ ပြင်ပတိုက်ခိုက်မှုများက အလွန်အားနည်းလာတာကို တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားကြသည်။

All Chapters