← Chapters

ဒေါသတွေ လိမ့်တက်လာပြီ

Vol. 88 Ch. 4.840

ဒေါသတွေ လိမ့်တက်လာပြီ

Vol. 88 Ch. 4.840

သူတို့သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး အခင်းအကျင်းကလည်း အလိုအလျောက် ကျိုးကြေသွားလေသည်။ လူငါးဦးသည် အုတ်တံတိုင်း အပြင်မှ ကန်ထည့်ခံလိုက်ရတာကြောင့် မျက်နှာများက ညိုမဲနေပြီး အလွန်အမင်း ဒေါသထွက်နေ​ကြသည်။

"မင်းအပြစ်ပဲ! မင်းသာ အဲဒီနတ်ဆိုးကို မကြံစည်ခဲ့ဘူးဆိုရင် ဒီအတိုင်းပဲ ပြီးသွားမှာ!"

"ဟမ့် အခု မင်းငါ့ကို အပြစ်တင်နေတာလား? အရင်ကကျတော့ အဲ့လို မထင်ထားဘူးမလား"

"မင်း ကိုယ့်အရည်အချင်းကို မတန်တဆ တွက်ဆနေတာ မဟုတ်ဘူးလား? သူအစောက လန်ရှန်းကို ပစ်ချပြီးပြီ ဒီအင်အားက လျှော့တွက်စရာလားကွ!"

လူတော်တော်များများက ဒေါသအရမ်းထွက်ပြီး အချင်းချင်း ရန်ငြိုးရန်စတွေနဲ့ အစပြုလာခဲ့ရာ တဖြည်းဖြည်း ရန်ဖြစ်လုနီးပါး ဖြစ်သွားသည်။

ထို့ကြောင့် သူတို့နှစ်ယောက်ကို အခြားလူနှစ်ယောက်က အမြန် ရပ်ခိုင်းလိုက်ကြသည်။ လန်ရှန်းနဲ့ ယွိဟယ်ကို ရယ်စရာလို့ မြင်မိပေမယ့် အခုတော့ တစ်ယောက်ကို တစ်ယောက် စာနာမိသွားကြ​ပြီ။ အားလုံးက ဒီမှာ ပိတ်မိနေကြပြီလေ။ သူတို့ အသက်ရှင်ချင်တယ် ဆိုရင်တော့ အတူတူ အလုပ်လုပ်ရမယ်။ မဟုတ်ရင် လူတိုင်း ကျရှုံးသွားနိုင်သည်။

နောက်ဆုံးတွင် လူတိုင်း ငြိမ်သက်သွားပြီးနောက် အားလုံးက ကောင်းကင်ကို တညီတညွတ်တည်း မျှော်ကြည့်လိုက်ကြသည်။ ထိုစဥ် အော်ဟစ်သံများနှင့်အတူ ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ဘုရင်စံအိမ်ဆီသို့ လွင့်ကျလာသည်။

ဘာတွေဖြစ်နေတာလဲ?

လူရှစ်ယောက်လုံး ဆွံ့အသွားခဲ့ကြသည်။

နောက်ဆုံးတော့ လုရွှမ် လူခြောက်ယောက်ကို ကောင်းကင်ဘုရင် စံအိမ်ထဲကို ပစ်ချလိုက်ခဲ့စဥ် အကုန်လုံးက ဆီဒယ်အိုးထဲသို့ မီးစချလိုက်သကဲ့သို့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး လူတိုင်းရဲ့ နှလုံးသားထဲက ဒေါသမီးများ လုံးလုံးလျားလျား လောင်ကျွမ်းသွားခဲ့သည်။

"ဝမ်ထန်း....မင်း ငရဲသွားလိုက်တော့"

လူတစ်ယောက်က အော်ဟစ်ရင်း သူ့ဘေးနားကလူကို မထင်မှတ်ဘဲ ရုတ်တရက် ကန်ထုတ်လိုက်လေသည်။

"ငါ့ကို ငတုံးလို့ ထင်မနေနဲ့.... မင်းရတနာတွေကို ဖောက်ထွင်းသွားတာ ငါသိတယ်!"

"အရူး...ထွက်သွားစမ်းပါ"

ဒေါသကို ဖြေနေချိန်မှာပဲ ဓားတစ်စင်းက သူ့ကို ကောင်းကင်ဘုရင် စံအိမ်တော်ကနေ ခုတ်ထစ်ပစ်လိုက်ပေ၏။

"ခွေးမ! သွားသေလိုက်တော့"

ယောက်ျားပျို တစ်ယောက်က သူ့ဘေးနားက နတ်သမီးကို ရုတ်တရက် ရိုက်လိုက်ရာ တစ်ဖက်က မိန်းကလေးမှာ အံ့အားသင့်ပြီး ဒေါသနဲ့ အော်ဆဲလေသည်။

“သေနာကောင်!”

သူမသည် ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးထွက်သွားကာ ထိုယောက်ျားကို စတင်တိုက်ခိုက်​တော့သည်။ ခဏအတွင်း ကျင့်ကြံသူ အစုအဝေးများသည် ကောင်းကင်ဘုရင် စံအိမ်တော်သို့ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျကာ ဘေးဒုက္ခများ ကြုံတွေ့ခဲ့ကြရသည်။

လုရွှမ်ကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းအသာ ချလိုက်သည်။

သူ့ပတ်ဝန်းကျင်ကိုတော့ ဘယ်သူမှ မချဉ်းကပ်ဝံ့ကြပါဘူး။ သူသည် လူတိုင်းကို တိုက်ရိုက် ကန်ထုတ်ခဲ့သူ ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ မည်သူမဆို ယနေ့ဘေးဆိုးများကို ပြန်ကြည့်လျှင် လုရွှမ်က စလိုက်ကြောင်း သေချာပေါက် ဖော်ပြလိမ့်မည်။

အစပိုင်းတွင်တော့ သေးငယ်သော တိုက်ပွဲတစ်ခုသာ ဖြစ်ခဲ့သည်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာသည်။ လူတွေဟာ ဘယ်သူက အားနည်းချက် ရှိလဲဆိုတာ သိဖို့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာ​ကြကာ လူတိုင်းကို ကောင်းကင်ဘုရင် စံအိမ်ဆီသို့ တွန်းပို့လိုက်ကြ၏။

လူတွေဟာ ပြင်းပြင်းထန်ထန် ရိုက်နှက်သတ်ဖြတ် ခံလာရပြီ။ သူတို့ရဲ့ သွေးတွေက ဆူပွက်လာတဲ့အခါ ဦးနှောက်တွေ ကြည်ကြည်လင်လင် စဥ်းစားနိုင်တော့မှာ မဟုတ်ပါဘူး။

ထိုအခိုက်အတန့်တွင် လူနှစ်ယောက်က လုရွှမ်ကို ဝိုင်းထားကာ သူတို့၏ မျက်လုံးများသည် သွေး​ရောင်လို နီရဲနေပြီး အမုန်းတရားများ ပြည့်နှက်နေသည်။

ဒီလူတွေက ခေါင်းပူနေတာလား ဒါမှမဟုတ် လူမိုက်လားတော့ မသိ။ လုရွှမ်က တစ်ယောက်တည်း ရပ်နေတာကို မြင်တော့ သူက ခြိမ်းခြောက်နိုင်တဲ့ ပုံမပေါ်တဲ့အပြင် အနိုင်ကျင့်ဖို့လည်း နည်းနည်း လွယ်နေသ​ယောင်ပင်။

သူက လုရွှမ်ကို ခိုးဝင်တိုက်ခိုက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တိုက်ခိုက်တဲ့ အရှိန်အဝါတွေက လုံးဝ ကရုဏာမပြချေ။ သို့သော် လုရွှမ်က အလွန်လျင်မြန်ပြီး ၎င်းရဲ့အကြံကို အသုံးမချနိုင်မီ လုရွှမ် က သူ့ကို ကောင်းကင်ဘုရင် စံအိမ်တော်သို့ တိုက်ရိုက် စေလွှတ်ခဲ့လိုက်ပြီ။

မမျှော်လင့်ဘဲ ထိုလူငယ်သည် အမြွှာနှစ်ယောက်ရဲ့ သခင်​လေး ဖြစ်နေ၏။

"အိုး မင်းတို့က မင်းတို့ရဲ့သခင်​လေးကို အရမ်းကာကွယ်ချင်​နေတာ ဆိုတော့ သူ့​နောက်ကို ပြေးဝင်လိုက်ပေါ့"

"ဟန်ဆောင်ရတာ ပျော်စရာကောင်းတယ်ပေါ့?"

"မဝင်ရဲလို့ သူ့အတွက် လက်စားချေပေးမယ် ဆိုပြီး အော်နေတာတော့ မဟုတ်ဘူးမလား"

"ကောင်းပြီ.... ငါတို့မင်းကို ကောင်းကောင်း ချပေးလိုက်ပေးမယ်"

မကြာမီမှာပင် သူတို့နှစ်ဦးသည် ဝမ်းနည်းပူဆွေးစွာဖြင့် ကောင်းကင်ဘုရင်စံအိမ်ထဲသို့ ရောက်သွားကြသည်။

စိတ်ရှုပ်စရာပဲ။ လုရွှမ် သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်တော့ သူ့နောက်က လူငယ်နှစ်ယောက်မှာ ကြောက်အားကြီးစွာဖြင့် လှည့်ထွက် ပြေးသွားကြသည်။

လုရွှမ် အသာလေး ရယ်မောလိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ် ဖြန့်ကျက်ထားလိုက်သည်။ တစ်စုံတစ်ယောက်က မကောင်းတဲ့ အကြံအစည်ရှိတိုင်း ချက်ချင်း တားဆီးနိုင်လိမ့်မည်။

ဒီလူတွေ ရန်ဖြစ်နေကြတာကို ရပ်ကြည့်ဖို့ ဒီကိုလာခဲ့တာ မဟုတ်ဘူးလေ။ ဒီလူတွေဘယ်လောက်ပဲ သေပါစေ သူနဲ့ ဘာမှမဆိုင်ဘူး။ ပူလောင်သော မျက်လုံးများဖြင့် ကောင်းကင်ဘုရင်စံအိမ်ထဲက အခြေအနေကို စိုက်ကြည့်နေသည်။

ယခုအချိန်တွင် ကောင်းကင်ဘုရင်စံအိမ်ထဲသို့ ကျဆုံးသွားသူ သုံးရာထက်မနည်း များပြားနေပြီး နေရာအသီးသီးတွင် ပျံ့နှံ့နေသည်။ အစပိုင်းမှာတော့ လူတိုင်းက ပိုသနားဖို့ကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုကြပေမယ့် နောက်ဆုံးမှာတော့ ဒီလူတွေဟာ သူတို့အတွက်သူတို့ နည်းလမ်း ရှာနိုင်မယ်လို့ မျှော်လင့်လာခဲ့ကြ၏။

ဤသည်မှာ ကောင်းကင်ဘုရင် စံအိမ်ဖြစ်သည်။ အထဲတွင် ထိခိုက် ဒဏ်ရာရပါက သို့မဟုတ် အန္တရာယ်ထဲ ကျရောက်သွားပါက ပျက်စီးသွားနိုင်သည်။ ဘယ်လို ရှင်သန်မလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေလိုက်တာက အကောင်းဆုံးပင်။

ဒါပေမဲ့ အခုအခြေအနေက လုံးဝ ပြောင်းလဲသွားပါပြီ။ ယွမ်စွမ်းအားက တရစပ် တိုက်ခိုက်​​နေရပြီး စိတ်ဝိညာဉ် စွမ်းအားများကလည်း တုန်လှုပ်သွားရသည်။ ရက်စက် ကြမ်းကြုတ်သော ယွမ်စွမ်းအင်သည် လေထုထဲတွင် အတက်အကျဖြင့် ထူထပ်နေရာ ပတ်ဝန်းကျင်ကို လှုပ်ခတ်လာစေသည်။

နောက်ပိုင်း ကောင်းကင်ဘုရင် စံအိမ်သို့ ပြောင်းရွှေ့ခံခဲ့ရသူ အများစုမှာ ဒဏ်ရာများ၊ သွေးများ စွန်းထင်းနေသောကြောင့် အလွန်ရှက်ရွံ့ခဲ့ကြသည်။

သူတို့အားလုံးသည် အတွေ့အကြုံ ရင့်ကျက်သောလူများ ဖြစ်ကြသော်လည်း၊ ဒေါသထွက်ခဲ့ကြသော်လည်း ဤအခိုက်အတန့်တွင် အဖြစ်မှန်ကို လျင်မြန်စွာ သိမြင်လာကြသည်။ ယခု သူတို့သည် ကောင်းကင်ဘုရင် စံအိမ်ကြီးထဲသို့ ကျရောက်​နေပြီး ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသောကြောင့် အထူး သတိထားရတော့မည်။

တစ်နေရာတည်းတွင်စု၍ ကျပန်းမရွေ့ဝံ့ဘဲ ပတ်ဝန်းကျင်ကို နည်းနည်းချင်း ဂရုတစိုက် ရှာဖွေကြတော့သည်။ သို့သော် လှုပ်ရှားနေတယ်လို့ မဆိုနိုင်အောင် ရွေ့နေတာကြောင့် လုရွှမ် မျက်မှောင်ကြုတ်သွား၏။

သူသည် ဘုရင်ဖြစ်ခဲ့ဖူးပြီး ဓားပြကို အနိုင်ယူကာ အရိုးတစ့သောင်းကို ဓားတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့ဖူးသလို သူ့ယခင်ဘဝတွင် ဘယ်လောက်တောင် ရက်စက်ဖူးတယ်မသိ။ ဒီလိုကိစ္စမျိုးဆို သူ ဘယ်တော့မှ စာနာစိတ် မပြတတ်ပေ။

ဒါပေမဲ့ ဒီဘဝက မတူပါဘူး။ တိမ်ပင်လယ်နယ်မြေက ထွက်ခွာပြီး ပြင်ပကမ္ဘာကို ရောက်လာပြီးနောက် လူသားအားလုံးရဲ့ စကြဝဠာကို ခံစားလိုက်ရတဲ့အခါ လုရွှမ်ရဲ့ စိတ်ဓာတ်က သဘာဝအတိုင်း ပြောင်းလဲသွားပါပြီ။

အထူးသဖြင့် ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ပြီးနောက်တွင် သူ့​စရိုက်သည် တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူသည် ကြမ်းတမ်းခက်ထန်ပြီး ယောက်ျားပီသသော်လည်း မာနမကြီးတော့ဘဲ သူ၏ စိတ်နေသဘောထားသည် ဖြောင့်မှန်ပြီး အေးချမ်းမှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားပါသည်။

ဆိုရိုး စကားအတိုင်းပင် ရာထူးကြီးမြင့်ခြင်း နှင့် စည်းစိမ်ဥစ္စာတို့ဟာ ရှုံ့ချခြင်းသာဖြစ်ပေသည်။ သူသိသည်မှာ အမှန်ပင် စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှုနှင့် ဓနဥစ္စာဟုသည့် ခေါ်ဝေါ်သုံးစွဲကြတာက အမည် တစ်ခုသာ ဖြစ်သည်။

ယခုမူကား သူ့စိတ်ထဲတွင် နားမလည်နိုင်သော အကြံတစ်ခု ရှိနေသလိုမျိုး ခံစားနေရပြီ။ ဒါက သူ သူ့စိတ်ကို လုံလောက်အောင် မစိုက်ပျိုးနိုင်လို့လား။

လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ တိုက်ပွဲများကို ကြည့်လိုက်ရာ သူ့မူလရည်ရွယ်ချက်မှ လွဲနေပြီဖြစ်သည်။ နောက်ခံ အကြောင်းမသိရင် နှစ်ဖက်စလုံးက လူတွေဟာ ဒီမှာတိုက်ခိုက်နေကြတာက မုန်းတီးဖို့၊ အကျိုးအမြတ်အတွက်၊ ဘာပဲဖြစ်ဖြစ် နှိုင်းယှဥ်ဖို့ အတွက်၊ ခွန်အားပြပြီး သူတို့က ပါရမီရှင်တွေဖြစ်ကြောင်း သက်သေပြဖို့လို့ လူတိုင်းက ထင်ကြလိမ့်မည်။

အစတုန်းက ထိုအကြံတွေဟာ ရယ်စရာကောင်းသော်လည်း ယခုတော့ သွေးထွက်သံယို အကြမ်းဖက်မှုများ ပြည့်နှက်နေပြီး ကြမ်းတမ်းလွန်းသည့် အနေအထားအထိ ဖြစ်ပေါ်လာခဲ့သည်။

သူ့စိတ်ထဲက ကိုယ်ပိုင်ပြဿနာ မဟုတ်ရင် အောက်ဖက်က ကောင်းကင်ဘုရင်စံအိမ်ရဲ့ ပြဿနာဖြစ်မှာ သေချာပါ၏။ မသိလိုက်ပါဘဲ ၎င်းသည် လူတိုင်းရဲ့ စိတ်အခြေအနေကို ထိခိုက်စေခဲ့သည်။ ၎င်းစံအိမ်ဟာ ဘာမှမလုပ်ဆောင်ခဲ့ပုံ မပေါ်သော်လည်း အနည်းငယ်သော တွန်းအားပေးမှုဖြင့် လက်ရှိလူထုအကြား တိုက်ပွဲကြီး ဖြစ်ပေါ်စေခဲ့သည်။

"မိုက်မဲတယ်လို့ မထင်ဘူးလား? ဒီလူတွေက ပါရမီရှင်တွေတဲ့.. ဒါပေမဲ့ အကုန်လုံးက ငတုံးတွေ ဖြစ်နေတယ်"

မိန်းကလေး တစ်ယောက်ရဲ့ အသံတစ်ချက် ထွက်ပေါ်လာသည်။ လုရွှမ် လှည့်ကြည့်လိုက်တော့ ပထမဆုံး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့တဲ့ လှပတဲ့ မိန်းကလေး ဖြစ်နေတာ တွေ့လိုက်ရသည်။

"အိုး... မင်းအဲဒါကို လုပ်လိုက်ပုံပဲ ဟုတ်တယ်မလား"

"ဒါဆို ရှင်​ရော ဘာလို့ ဝင်မပျော်တာလဲ ကျွန်မရှင့်ကို ကူညီ​ပေးနိုင်ပါတယ်"

All Chapters