သတ္တမဓား
Vol. 89 Ch. 4.842
သူတို့နှစ်ဦးစလုံးမှာ လီလင်ရှို့က သူ့အား အကိုကြီးအဖြစ် ဆက်ဆံကြသလို သူကလည်း လီလင်ရှို့ကို ညီမငယ်အဖြစ်သာ ဆက်ဆံကြောင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုထားပြီပြီ ဖြစိသည်။
လီမိသားစုက ဘာတွေ တွေးနေလဲ မသိပေမယ့် သူတို့ရှင်းပြဖို့ ဘယ်တော့မှ ထွက်မလာခဲ့ဘူး။
ယခုမူ အဘိုးကြီးလက်မှ မလွတ်မြောက်ပါက နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် နားလည်မှုလွဲမှားမှုများသည် ပိုမိုနက်ရှိုင်းလာလိမ့်မည်။
လုရွှမ် ရုတ်တရက် လှည့်ကြည့်လိုက်သည်နှင့် နတ်ဝိညာဉ်ဒိုင်းလေးက သူ့ရှေ့တွင် သစ်ခွပင်တစ်ပင်ကဲ့သို့ ပိတ်ဆို့သွားသည်။ လှိုင်းပုတ်သံနှင့်အတူ သူ့လက်ထဲတွင် ဧကရာဇ်လက်နက်တစ်ခု ပေါ်လာပြီး စွမ်းရည်သုံးမျိုး အသက်ဓားသုံးချောင်းတို့ကို အသုံးပြုလိုက်သည်။
ထိုအခါ သူ့ပတ်ဝန်းကျင်က ဖိအားတွေ ချက်ချင်း လျော့ကျသွားတယ်။
"သတ္တိကောင်းလိုက်တာ! ငါ မင်းကို ပိုပိုပြီး သဘောကျလာပြီ။ မင်းကို ထွက်ပြေးခိုင်းလိုက်ရင် နှစ်တွေအကြာကြီး ငါ့ရဲ့ နာမည်ပျက်သွားလိမ့်မယ်.... မင်းငါနဲ့ နေခဲ့စမ်း!"
မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးသည် ရုတ်တရက် အရွယ်အစားကြီးလာပြီး လုရွှမ်၏ ခန္ဓာကိုယ်ဆီသို့ သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ လုရွှမ် ထိတ်လန့်စွာ ငုံ့ကြည့်လိုက်စဥ် အဘိုးအို၏ လက်ဖဝါးသည် အလွန်ကြောက်စရာ ကောင်းလာသည်။ သူတွေ့လိုက်ရတဲ့ အချိန်မှာ လက်ငါးချောင်းဆီက ဖမ်းမိဖို့ အလွန်နီးကပ်နေပြီ။
ဤအခိုက်အတန့်တွင် ဘေးပတ်ဝန်းကျင်မှ လူများ အားလုံး ထိတ်လန့်သွားကြသည်။ အဘိုးအိုက မျှော်စင်နယ်ပယ်မှ မှော်စွမ်းအားများကို အသုံးပြုနေပါပြီ။ သူသည် မျှော်စင်နယ်ပယ်က မှော်အစွမ်းကို ကောင်းကင်ဘုံသခင်နှင့် ယှဉ်ပြိုင်ရာတွင် အမှန်တကယ် အသုံးပြုခဲ့ပြီ။
လုရွှမ် တိတ်တိတ်လေး ညည်းလိုက်သည်။ ဒီလူကြီးက ဒီလောက် လေးနက်နေသင့်လို့လား။
အဘိုးအိုသည် မျှော်စင်နယ်ပယ်၏ သခင်ဖြစ်ကြောင်း သူ မေ့လျော့နေခဲ့သည်။ အချိန်ကြာလာ သည်နှင့်အမျှ သူ့စိတ်ဓာတ်သည် တဖြည်းဖြည်း တည်ငြိမ်လာပြီ။ တည်ငြိမ်လာသော်လည်း သခင်တစ်ယောက်အနေနှင့် သူ့တွင် သဘာဝအားဖြင့် ဂုဏ်သိက္ခာနှင့် မာနရှိသည်။
နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း ကောင်းကင်ဘုံသခင်က ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ သူ့လက်က လွတ်နိုင်အကြောင်းမရှိ။
ကောင်းကင်ဘုံသခင်ကိုတောင် မဖမ်းနိုင်ရင် သူ့ကို လှောင်ပြောင် ရယ်မောသူအဖြစ်သာ လူတွေက မှတ်မိကြလိမ့်မယ်လေ။
အစတွင် အဘိုးအိုသည် လုံးဝ အပျော်သဘောဖြင့် လုရွှမ်ရဲ့ စွမ်းရည်ကို စမ်းသပ်ရန်ပင် ရည်ရွယ်ခဲ့သော်လည်း ယခုအခါတွင် အဘိုးအိုသည် ပို၍ပြိုင်ဆိုင်လာပြီး သူ့နာမည်ကို ရှင်းပစ်လိုသောကြောင့် သူ၏တိုက်ခိုက်မှုများသည် သဘာဝအားဖြင့် ပိုမိုပြင်းထန်လာသည်။
လုရွှမ်လည်း စိတ်ထဲမှ ကျိန်ဆဲနေလိုက်သည်။ ဒါက တဖက်သားကို အကူအညီတောင်းတဲ့ သဘောထားလား။ ဒါပေမဲ့ ဒီစကားတွေကို သူ့နှလုံးသားထဲမှာပဲ သိမ်းထားရပါ၏။ အရေးအကြီးဆုံး အလုပ်က ဒီလက်ငါးချောင်းထဲကနေ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲဆိုတာကို စဉ်းစားဖို့ပဲ မဟုတ်လား။
ဒီလက်ငါးချောင်းကို စုစည်းလိုက်တဲ့အခါ ဘယ်လိုပဲကြည့်ကြည့် ထောင်နဲ့ တူနေသည်။ လုရွှမ်၏ နှလုံးသားသည် ဆဲဆိုသည့် စကားလုံးများဖြင့် ပြည့်နှက်နေသည်။ သူသည် တိမ်ပင်လယ်နယ်မြေမှ ထွက်သွားကတည်းက လှောင်အိမ်များနှင့် ရေစက်ဆုံနေပုံရသည်။ ယခု ကောင်းကင်ကြီးသည် အမှန်တကယ် ကျယ်ပြောပေမယ့် သူ့ကို ပြေးပေါက်မရှိတဲ့ လှောင်အိမ်ထဲထည့်ဖို့ ကြိုးစားနေပြီ။
လူတစ်ယောက်ရဲ့ ကံကြမ္မာကို လက်ခံလိုက်တာက လုရွှမ်ရဲ့ပုံစံ မဟုတ်ပေ။ သူသည် သူ့ပတ်ဝန်းကျင် အခြေအနေကို လျင်မြန်စွာ ပိုင်းခြားသိမြင်ကာ စိတ်ထဲတွင် ပြင်းထန်စွာ တွေးတောနေ၏။ မျှော်စင်နယ်ပယ်ကို ဘယ်လို ရင်ဆိုင်ရမလဲ သိမြင်ရန် ကြိုးစားလိုသည်။
ဘာပဲဖြစ်ဖြစ် ဒီလူကြီးက သူ့ကို ထိခိုက်စေမှာ မဟုတ်ပါဘူးလို့ တွေးလိုက်မိတဲ့ အချက်က မှားသွားပြီ။
လုရွှမ်၏ ခန္ဓာကိုယ်သည် မလှုပ်ရှားတော့ဘဲ မျက်လုံးများကို မှိတ်ထားလျက် လေထဲတွင် ပျံဝဲနေသည်။ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် လုရွှမ်၏ ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါနေပြီး ပြင်းထန်သော ရောင်ဝါလှိုင်းများ ထွက်ပေါ်လာသည်။
လုရွှမ် ဤနှစ်များတစ်လျှောက် အစားထိုးလေ့ကျင့်မှုကို အချိန်တိုင်း လုပ်ဆောင်ခဲ့ပြီး ယခင်က သူသင်ယူခဲ့သည့် ထူးခြားသော စွမ်းရည်များကို အဆက်မပြတ် ပေါင်းစပ်ခဲ့သည်။
အရေးကြီးဆုံး အချက်မှာ ယွမ်ယန်ကျင့်စဥ်ကို အခြေခံ၍ သူဖန်တီးထားသော ယွမ်ယန်ဓားကိုးစင်းကို နားလည်ခြင်းပင် ဖြစ်သည်။ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဓားနှင့် မတူပေ။ ၎င်းသည် နောက်ဆုံးတွင် ပြင်ပလူများက ဖန်တီးထားသော ဓားသိုင်းတစ်ခုဖြစ်သည်။ ဓားသိုင်းကို ဖန်တီးသူသည် အမြဲတမ်း ၎င်းဓားသိုင်းကို နားလည်ရန် အသင့်တော်ဆုံးလူ ဖြစ်ပြီး နောက်ပိုင်းလူများက သင်ယူသူများသာ ဖြစ်သည်။
တစ်နည်းဆိုရသော် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားသည် ယွမ်ယန်ဓားကိုးစင်းထက်ပင် အားကောင်းပြီး ထိန်းချုပ်ရ လွယ်ကူသော်လည်း ယွမ်ယန်ဓားကိုးစင်းက ကန့်သတ်ချက် မရှိပေ။ ၎င်းမှာတော့ ကန့်သတ်ချက် ရှိလေသည်။
လုရွှမ်သည် စွမ်းအင်နှင့် စိတ်ဝိဥာဉ်ကို ဆက်လက် ယှဉ်တွဲနိုင်သရွေ့ ဓားနှင့်ပတ်သက်သော သူ၏နားလည်မှုကို ဆက်လက် တိုးတက်စေခဲ့သည်။ တစ်ဆက်တည်း သူဖန်တီးခဲ့သော ယွမ်ယန်ဓားကိုးစင်း၏ စွမ်းအားသည်လည်း ဆက်လက်တိုးလာမည် ဖြစ်သည်။
ယခုဆိုလျှင် ယွမ်ယန်ဓားကိုးစင်းသည် ဆဋ္ဌမမြောက်ဓားအထိ နားလည်သွားပြီ။ ပထမဓားသည် လူနှင့်ဓား ပေါင်းစပ်မှုဖြစ်ပြီး၊ ဒုတိယဓားသည် ဓားတစ်သောင်း ရိုက်ချက်၊ တတိယဓားမှာ လူမပါဘဲဓားထွက်ခြင်း ဖြစ်သည်။ စတုတ္ထဓားသည် လေထုကိုဖြတ်၊ ပဉ္စမဓားသည် ဖျက်စီးခြင်း၊ ဆဋ္ဌမဓားက ကမ္ဘာကြီးကို ဖန်ဆင်းခြင်းသာ ဖြစ်ပေသည်။
ဤကာလအတွင်း လုရွှမ်သည် ယွမ်ယန်ဓားကိုးစင်းကို အဆက်မပြတ် ပြုပြင်ပြီး အညစ်အကြေးများကို ဖယ်ရှားကာ အနှစ်သာရကို ရအောင် ယူနေပြီ။
သူတို့ကြားက ဆက်ဆံရေးကလည်း နီးနီးကပ်ကပ် ဆက်နွယ်လာသည်။ ဓားတစ်ချောင်းက အောင်မြင်ပြီ ဆိုတာနဲ့ လှုပ်ရှားမှုတစ်ခုစီရဲ့ ကြားထဲမှာ ယွမ်ခွန်အား စုစည်းမှုတစ်ခုလည်း ရှိလာသည်။
သို့သော် လှုပ်ရှားမှု ကိုးခုကို အဆက်မပြတ်အသုံးပြုလိုက်သည်နှင့် တပြိုင်နက် လုရွှအ်သည် စုစည်းထားသော ဓားများ၏ နောက်ဆုံးစွမ်းအားသည် မြေကြီးကိုပင် ဖြိုခွင်းပစ်နိုင်မည်ဟု ယုံကြည်ထားလေသည်။
ပထမဓားခြောက်လက်ရဲ့ တိုးတက်မှုနှင့် ပတ်သက်၍ လုရွှမ်သည် လွန်ခဲ့သည့် အချိန်အနည်းငယ်က ပြီးပြည့်စုံခဲ့ရာ သတ္တမမြောက်ဓားက ဘယ်လိုအရာ ဖြစ်နိုင်မလဲ စတင်တွေးတော လာခဲ့သည်။ သူ့တွင် မရေရာသော အကြံဥာဏ်တစ်ခု ရှိသော်လည်း ၎င်းကို တစ်ခါမျှ မစမ်းဖူးသေးပါ။
ဒါပေမဲ့ အခုက အခွင့်ကောင်းတစ်ခု ဆိုတာ သိသာပါသည်။ ရုတ်တရက် လုရွှမ် သူ့မျက်လုံးကို ဖွင့်လိုက်သည်။
အဘိုးအိုသည် တိတ်တဆိတ် ရွှင်မြူးနေ၏။ ဤကောင်လေးသည် နောက်ဆုံးတွင် သူ့ကံကြမ္မာကို လက်ခံလိုက်ရပြီဟု တွေးနေစဥ် လုရွှမ်၏ ခန္ဓာကိုယ်မှ ဓားသွားကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။ ယခင်ဓားစွမ်းအင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ညံ့ဖျင်းသော်လည်း အလွန် ထက်ရှသည်။ ကြည့်လိုက်လျှင် လျှို့ဝှက်သော ကြောက်ရွံ့မှု ခံစားချက်ကို နားမလည်နိုင်ဘဲ ခံစားလာရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကလေးက သူ့ကို နာကျင်စေနိုင်မှာတဲ့လား။
သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ခွန်အားမရှိတာ သေချာပါသည်။ ဒီအချက်ကိုလည်း အဘိုးအိုက ဒါကို သိပ်ယုံကြည်ထားသည်။ သူက မျှော်စင်နယ်ပယ်မှာ ရှိနေတုန်းပဲ။ နတ်မီးနယ်ပယ်မှာတောင် မဟုတ်တဲ့ ကောင်းကင်ဘုံသခင် နယ်ပယ်က လူတစ်ယောက်က သူ့ကို ခြိမ်းခြောက်နိုင်တယ် ဆိုတာ လုံးဝကို မဖြစ်နိုင်ပေ။
သို့သော် သူသည် လုရွှမ်ကို ဖမ်းဆီးရန်အတွက် ရှည်လျားသော အိပ်မက်ကို မက်နေဆဲ ဖြစ်သည်။ သူက မျှော်စင် နယ်ပယ်မှာ ဖြစ်ပြီး တစ်ဖက်က သူဖမ်းချင်နေသူဟာ ကောင်းကင်ဘုံသခင် ဖြစ်သည်။ သူ့ကိုဖမ်းဖို့ ကျွမ်းကျင်မှုနဲ့ အချိန်တွေ အများကြီး လိုအပ်နေသေးတယ်လို့ ပြောရင် ရယ်ရလိမ့်မယ်။
ဒီကလေးကို နည်းနည်းလေး ဒုက္ခရောက်အောင် ထားလိုက်ဖို့ သူ့မှာ စိတ်ကူးမရှိခဲ့ဘူး။ သူ့အရည်အချင်းက အရမ်းအစွမ်းထက်ပေမယ့် သူ့အရည်အချင်းကြောင့်ပဲ ဂုဏ်ယူမဆုံးနိုင်ဘူးဆိုတာ မိမိကို အသိပေးလာပြီမို့ စိတ်ထိခိုက်စရာ ကောင်းလှပေသည်။
လူငယ်ဆိုတာ သက်ကြီးရွယ်အိုတွေကို လေးစားဖို့ အရေးကြီးတယ်လေ။
ထိုစဥ် လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ အလင်းမှုန်များဖြင့် တောက်ပလာပြီး သူ့လက်ထဲက ဓားရှည်ဟာ နောက်ဆုံးတွင်တော့ လှုပ်ရှားလာခဲ့သည်။ လူတိုင်းရဲ့ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေတာ ကြာပါပြီ။ ကောင်းကင်ဘုံသခင်က မျှော်စင်နယ်ပယ်က သခင်ကို တိုက်ခိုက်တော့မယ်။ ဒီလို မြင်ကွင်းမျိုးဟာ မကြာခဏ မြင်နေရတဲ့အရာ မဟုတ်ဘူးလေ။
လုရွှမ်၏ ဓားရွေ့လျားမှုကို မြင်လိုက်ရသောအခါ လှုပ်ရှားမှုတစ်ခုစီ၏ ဝိသေသလက္ခဏာသည် ရှင်းလင်း ပြတ်သားပြီး အလွန် နှေးကွေးသွားပုံရသည်။ ဒါပေမဲ့ အပေါ်အောက် ရွေ့လျားနေတဲ့ လက်ချောင်းတွေက နှေးသွားသော်လည်း လုရွှမ်က ဓားသွားတွေကို ဖြည်းဖြည်းချင်း အသုံးပြုနေသလိုပင်။
လုရွှမ်သည် သီချင်းတစ်ပုဒ်ကို တီးခတ်နေသကဲ့သို့ ဓားရှည်ကြီးကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။
လူနဲ့ဓားပေါင်းစပ်မှုက ဓားတစ်သောင်းရိုက်ချက် အဖြစ် ပေါင်းစပ်သွားသည်။ လူမပါဘဲ ဓားထွက်လာစဥ် လေထုက ဖြတ်၍ နောက်တော့ ကမ္ဘာကြီးကို ဖန်ဆင်းခြင်း ဓားအဆင့်အထိ ရောက်ရှိသွား၏။ သတ္တမမြောက် ဓားလှုပ်ရှားမှုတွင် လုရွှမ်သည် ဓားလမ်းကြောင်းကို ခေါင်းပေါ်သို့ ထောင်၍ ခုတ်ချထစ်လိုက်သည်။
ကမ္ဘာကြီးကို ဖန်ဆင်းပြီးသည်နှင့် တပြိုင်နက် အသက်စွမ်းအင် တက်ကြွမှုတို့က ကျဉ်းမြောင်းလာပြီး အရာအားလုံး ကမောက်ကမ ဖြစ်ကုန်ကြသည်။ ဝိညာဥ်စွမ်းအင်တွေ မရှင်းမလင်း ဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီးမှာ စွမ်းအင် မလုံလောက်တော့သလို တုန်ယင်လာ၏။
'ယွမ်ယန်ဓားကိုးစင်း သတ္တမမြောက်ဓား! ဝိညာဉ်ကို ပွင့်စေ!'