← Chapters

ခမ်းခြောက်ကုန်ပြီ

Vol. 89 Ch. 4.843

ခမ်းခြောက်ကုန်ပြီ

Vol. 89 Ch. 4.843

လုရွှမ်ဓားဖြင့် လှုပ်ရှား ကခုန်နေချိန်တွင် လူများသည် သီးခြား ကမ္ဘာငယ်တစ်ခုကို မြင်လိုက်ရသလို ခံစားသွားရသည်။ လုရွှမ်သည် အတားအဆီးများကို ကျော်လွှားပြီး ကမ္ဘာငယ်တစ်ခု​ကို ချဲ့ထွင်ကာ ထိုကမ္ဘာငယ်တွင် သူတစ်ဦးတည်း ရှိနေသည့်အတိုင်းပင်။

အမှောင်ထုတစ်ခု ကျရောက်လာသောကြောင့် နေအလင်းရောင်က ပျောက်ကွယ်သွားသည်။ အရာအားလုံးက ဖရိုဖရဲ ဖြစ်​နေပြီးတော့ လုရွှမ်ဆီက အလင်းရောင် အနည်းငယ်ကသာ ထွန်းလင်းပြီး ကမ္ဘာကြီးတစ်ခုလုံးကို လင်းလက် တောက်ပနေစေသည်။

စိမ်းလန်းသော သစ်ပင်များ၊ အနီရောင်ပန်းပွင့်များ၊ ပြေးလွှားနေသော တိရိစ္ဆာန်များ၊ တေးသီနေသော ငှက်များ၊ အသက်စွမ်းအင် တက်ကြွမှု စသော အရာအားလုံးသည် လုရွှမ်ဆီသို့ ပြေးဝင်လာကြသလိုပင်။

၎င်းသည် တွန်းလှန်၍မရသော သို့မဟုတ် ဖျက်ဆီး၍မရသော ဝိညာဥ်စွမ်းအင်၏ ယေဘုယျ လမ်းကြောင်းတစ်ခု ဖြစ်သည်။ ၎င်းက ရှည်လျားလှတဲ့ သမိုင်းမြစ်ကြီးလိုပါပဲ။ သို့မဟုတ် အရာခပ်သိမ်းကို လွှမ်းခြုံထားတဲ့ မြစ်တစ်စင်းလိုပါပဲ။ လွတ်မြောက်ရန် သို့မဟုတ် ဖုံးကွယ်ရန် နည်းလမ်းမရှိပေ။

'ဘယ်လိုဖြစ်ရတာလဲ! ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ?'

မုတ်ဆိတ်ဖြူနဲ့ အဘိုးအိုသည် မနေနိုင်ဘဲ အော်ဟစ်လိုက်ကာ သူ့လက်ငါးချောင်းထဲသို့ သူ၏ စွမ်းအား အားလုံးကို ပစ်ထည့်လိုက်ပေသည်။

ဘာသခင်မလေးရဲ့ တောင်းဆိုမှုလဲ၊ ဘာကို ကြင်ကြင်နာနာ ရိုက်ရမှာလဲ။ ဘာ သခင်တစ်​ယေက်ရဲ့ ဘုန်းအသရေလဲ၊ အဲဒီအရာတွေ အားလုံးက သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှမဟုတ်ပေ။ ကောင်းကင်ကနေ မိုးကြိုးကြီး ပစ်ချလိုက်သလို သေခြင်းတရားနဲ့ တွေ့လာတဲ့အခည တချို့ကလည်း သူတို့ရဲ့ အသက်ကို အလိုလို ကယ်တင်လိုက်ကြပါသည်။

လုရွှမ်သည် စိတ်ဝိညာဉ် ပင်လယ်များ ခန်းခြောက်လာတာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်များ ပြိုလဲသွားပြီ။ စိမ်းပြာနဂါးရဲ့ နှလုံးက ပြင်းထန်စွာ ခုန်နေပြီး နဂါးစွမ်းအင် စွမ်းအားစစ်စစ်များ လျင်မြန်စွာ ခုန်ထွက်လာသော်လည်း မလုံလောက်သေးချေ။

ထိုဓားသည် အလွန်တရာ ကြီးကျယ်ခမ်းနားပြီး သုံးစွဲရသော စွမ်းအားသည် လုရွှမ်ရဲ့ စိတ်ကူးထက် ကျော်လွန်သွားခဲ့လေပြီ။ သူ၏ ကျွမ်းကျင်မှုမှာ ၎င်းကို အသုံးချဖို့ မလုံလောက်တော့ပေ။

"ကောင်လေး... မင်းဘာလုပ်နေတာလဲ မင်းဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ ဒီလိုအစွမ်းထက်တဲ့ စွမ်းအင်ကို ဘယ်လိုလုပ် သုံးနိုင်မှာလဲကွ!!"

အာကာသကျောက်စိမ်းပြားထဲမှ ရွှေကျီးကန်းသည် ထိတ်လန့်စွာ ဟောက်လိုက်သည်။

ထို့နောက် ကျားဖြူလေးနှင့် တရားဝင် နတ်သမီးလေး ရားရားတို့၏ စွမ်းအားဖြစ်သည့် ကျောက်စိမ်း​ပြားထဲမှ သန့်စင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ရွှေကျီးကန်းသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သော်လည်း တိမ်တိုက်များထဲ လွင့်ထွက်ကာ လုရွှမ်၏ စိတ်ဝိညာဉ် ပင်လယ်ထဲသို့ လွင့်မျောသွားခဲ့သည်။

တခြား တိမ်ဖြူဖြူကြီး နှစ်ခုက စိတ်ဝိညာဥ်ပင်လယ်ထဲ စုစည်းကာ ကြီးကျယ်ခမ်းနားသော မိုးရေများကို တဖွဲဖွဲ ကျလာခဲ့သည်။ မိုးသည် ခြောက်သွေ့လုနီးနီး ပင်လယ်ကြမ်းပြင်ကို လျင်မြန်စွာ စိုစွတ်စေလာခဲ့သည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအင် သုံးစွဲမှု အမြန်နှုန်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ပုံးတစ်ပုံးထဲက ရေတစ်စက်ထက်ပင် မပိုချေ။

"မင်းက တကယ်ကို အသစ်အဆန်းတွေကို စူးစမ်းနေတာပဲကွ! မင်းကို ဘာပြောရမှန်းတောင် မသိ​တော့ဘူး!!"

ရွှေကျီးကန်းမှ ကျိန်ဆဲလိုက်သည်။ လုရွှမ်မှ ကိုယ်တိုင် ဖန်တီးထားသော ယွမ်ယန်ဓားကိုးစင်းကို အကြိမ်ကြိမ် လှောင်ပြောင်နေခဲ့သော်လည်း သူ့စိတ်ထဲတွင် လုရွှမ်က အလားအလာကောင်းကြောင်း အလွန် ရှင်းလင်းနေပါသည်။

လုရွှမ်က ယွမ်ယန်ကျင့်စဥ်ကို လေ့လာပြီး ဓားသိုင်းကို တီထွင်နိုင်ခဲ့သည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးသော သိုင်းကျမ်းများထက် မနိမ့်ပေ။ လုရွှမ်၏ အရည်အချင်းသည် အလွန်မြင့်မားကြောင်း သူသိသလို ကောင်းကင်ဘုံသခင် အဆင့်မှာကတည်းက တိုးတက်တော့မယ့် အရိပ်အယောင်များ ပြသနေပြီ ဖြစ်သည်။

ရှေ့တစ်လှမ်းက ပါရမီရှင် ဖြစ်နိုင်ပေမယ့် ရှေ့နှစ်လှမ်းကို ဆက်တိုက် လှမ်းလိုက်ရင်တော့ အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်။

လုရွှမ် ဒါကို အခုလုပ်နေတာဟာ သူ့ကိုယ်သူ ရူးသွပ်သူ အဖြစ် ပြောင်းလဲသွားတော့မှာ မဟုတ်လား။

စိတ်ဝိညာဉ်ကို ဖွင့်လိုက်သော်ငြား ယွမ်ယန်ဓားကိုးစင်းရဲ့ သတ္တမမြောက် ဓားအရှိန်က တဖြည်းဖြည်း လျော့ပါးသွားသည်။ နည်းလမ်း မရှိပေ။ လုရွှမ်ခန္ဓာကိုယ်ရှိ ယွမ်စွမ်းအင်နှင့် ဝိညာဥ်စွမ်းအင်က ဓားစွမ်းအင်ရဲ့ စားသုံးမှုအရှိန်ကို အမီမလိုက်နိုင်ခဲ့။

ဒီတစ်ခါတော့ အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်ပါ၏။ မတိုင်ခင်က ရင်တုန်သွားတာမျိုးသည် အသက်နှင့်သေခြင်း၏ ရန်သူနှင့် ရင်ဆိုင်ရသောအခါ ခံစားရကဲ့သို့ပင်။ နှလုံးသားက ကွဲအက်လာပါက အလိုလို တွန်းလှန်နေရသော်လည်း အချည်းနှီးသာ ဖြစ်ကြောင်း သူကိုယ်တိုင်သာ သိပါသည်။

ထိုအချိန်တုန်းက လီလင်က သူ့ကို ကယ်တင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူသည် ထိုအချိန်က ကြောက်လန့်မှုမျိုးကို ထပ်မံ ခံစားနေရပြီ။ ဤဓားသည် သူ့ကို ခုတ်ထစ်နိုင်နေတာလား။

အဘိုးအိုသည် ခြိမ်းခြောက်မှုကို ချေမှုန်းရန် သူ့​လက်ဖဝါးကို အလိုလို ပြင်းပြင်းထန်ထန် အသုံးချခဲ့သည်။ သို့မဟုတ်ပါက ဓားသည် ခဏလောက်သာ ထိန်းထားနိုင်မည်။ သို့မဟုတ် အင်အား စုဆောင်းပြီး ပြန်ပေါက်ကွဲသွားနိုင်သည်။

လုရွှမ် ပထမဆုံး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီး သူ့စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ဓားသိုင်းတစ်ကွက်ကို ဖန်တီးလိုက်ရုံနဲ့ ဒီလောက်ပြင်းထန်တဲ့ စွမ်းအားတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

ရှောင်ပိုင်နဲ့ ရားရားတို့သည် ယွမ်စွမ်းအင်ကို ထောက်ပံ့ပေးနေစဥ် ရွှေကျီးကန်းသည်လည်း ဝိညာဉ်စွမ်းအား ကယ်ဆယ်ရေးကို ပံ့ပိုးပေးနေသည်။ သို့သော် တုံ့ပြန်မှုက လျင်မြန်စွာ ထွက်ပေါ်လာ၏။ အကျိုးအမြတ်များလေ အန္တရာယ်များလေ တုံ့ပြန်မှုသည် ပို၍ပင် ရက်စက်လေ ဖြစ်သည်။

ချက်ချင်းတွင် လုရွှမ်၏ ရောင်ဝါသည် ယခင် ကွပ်ကဲမှု အမြင့်မှ သိသိသာသာ လျော့ကျသွားပြီး ခုခံရန် စွမ်းအား ဆုံးရှုံးလုနီးပါး ဖြစ်လာခဲ့သည်။ ဖြောင်းကနဲ ပေါက်ကွဲသံနှင့်အတူ သူ့လက်ထဲက ဧကရာဇ်လက်နက် အပိုင်းပိုင်း ကွဲအက်သွားသည်။

ကံကောင်းထောက်မစွာ ၎င်းသည် အမှုန့်ဖြစ်သွား၏။ သို့မဟုတ်ပါက ကျိုးနေသော ဓားကိုယ်ထည်သည် ပျံတက်သွားပြီး သူ့ခန္ဓာကိုယ် အတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားလိမ့်မည်။ ဤအချိန်ရောက်ပါက လုရွှမ် ခုခံရန် အင်အား မရှိနိုင်တော့ပေ။

သူ့ဦးခေါင်းထက်က နောက်ဆုံးသော အလင်းတန်းများ ပျောက်ကွယ်သွားသော်လည်း မုတ်ဆိတ်ဖြူ အဘိုးအို၏ လက်ချောင်းများက နောက်ဆုံးတွင် ပိကျလာ၏။ ကြီးမားသော ဖိအားများ ကျဆင်းလာကာ လုရွှမ်ခန္ဓာကိုယ်ထဲက သွေးများ ပွက်ပွက်ဆူလာကာ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။

သူသည် ခုခံနိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားကာ မူးဝေလာပြီး သတိလစ်လုမတတ် ဖြစ်လာသည်။

ကျားဖြူ​လေးနှင့် ရားရားတို့ နှစ်ယောက်လုံးလည်း တစ်ချိန်တည်းမှာပင် ပါးစပ်ထဲ သွေးများ ထွက်လာသည်။ တုံ့ပြန်မှုအားလုံးက လုရွှမ် တစ်ယောက်တည်းမှ ပေါက်ဖွားလာသော်လည်း သူ့အား စွမ်းအားပေး​နေသော ကလေးမ နှစ်ဦးထံကိုလည်း သဘာဝအတိုင်း လွှဲပြောင်းပေး​စေခဲ့သည်။

ကလေးမ နှစ်ယောက်မှာ လုံးဝ သတိထားသော်လည်း မျှော်စင်နယ်ပယ်က သခင်၏ တိုက်ခိုက်မှုကို ခုခံရန် သန်မာမှု မရှိပေ။

ရွှေကျီးကန်းက “မဖြစ်ဘူး” ဟူ၍ တွေးထားပြီးသား ဖြစ်နေသည်။ သူသည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ကျောက်စိမ်း​ပြားထဲသို့ အမြန် စုပ်ယူပစ်ချင်သည်။

သူ့စိတ်ထဲတွင် ပြင်းထန်သော ဝိညာဉ်ရေးရာ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာပြီး ရွှေကျီးကန်း၏ မျက်လုံးများလည်း ဖြူလာကာ မေ့မြောသွားခဲ့သည်။

“အိုး!”

အဖိုးအိုလည်း သူ့လက်ဖဝါးမှာ ခံနိုင်ရည် မရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။

သူရုတ်တရက် တုံ့ပြန်လိုက်၏။ တန်ခိုးကြီးသော ရောင်ဝါက ရုတ်ချည်းဆိုသလို မရှိတော့။ နောက်ဆုံးတွင် တစ်ဖက်က ကောင်းကင်ဘုံသခင် ဖြစ်သည်။ ထိုသို့သော ကြီးမားသော စွမ်းအားကို အသုံးချရန် သန်မာသော ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင်ကို ပံ့ပိုးမှု လိုအပ်သည်။

မျှော်စင်နယ်ပယ်က လူကို သတ်ပစ်ဖို့ လုံလောက်တဲ့ စွမ်းအားကို ကောင်းကင်ဘုံသခင် လူတစ်ယောက်က ဘယ်လိုလုပ် ထိန်းချုပ်ထားနိုင်ပါ့မလဲ။ ထိန်းမနိုင် သိမ်းမရ အခြေအနေတွင် သူကြုံတွေ့ခဲ့ရသည့် တုံ့ပြန်မှုသည် အလွန်ကြောက်စရာကောင်းသည်။

ယခုမူ လုရွှမ်သည် အသက်ရှုမဝတော့ဘဲ အကြောင်းပြချက် တစ်ခုသာ ရှိတော့သည်။ သူသည် တုံ့ပြန်မှုကို မခံနိုင်တော့ဘဲ သတိမေ့မြောသွားကာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။

ဒီအချိန်မှာ မျှော်စင်နယ်ပယ်က သူ့လက်ဖဝါးတွေကို မပိတ်ဘဲ ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဟုန်နဲ့ သူ့ကို ဗုံးကြဲလိုက်မယ်ဆိုရင် ဒီနေရာမှာပဲ သေသွားလိမ့်မည်။ လှုပ်ရှားမှုကို စတင်လိုက်သည်နှင့် ယွမ်စွမ်းအားအားလုံး ရုတ်ချည်းပင် ဆုတ်ခွာသွားပေပြီ။

အဘိုးအိုကလည်း သူ့တွင် တွေးတောရန် အချိန်မရှိသောကြောင့် မှော်စွမ်းအားဖြင့် ထိမှန်သွားသော လက်ဖဝါး ခွန်အားအားလုံးကို အသုံးချကာ လုရွှမ်အား အစွမ်းကုန် ရိုက်ပစ်လိုက်သည်။ သူ့လက်ဖဝါးက အခုအချိန်မှာ သဘာဝအတိုင်း တိုက်ခိုက်ခံရမှာ မဟုတ်တော့ဘူး။

ရိုက်ချက်ကြောင့် လုရွှမ် ပျံထွက်သွားသည်။ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုခမျာ သက်ပြင်းချလို့ မပြီးခင်မှာပဲ သူပစ်ချလိုက်သည့် လမ်းကြောင်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုရင် စံအိမ်ဖြစ်​နေကြောင်း တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့သည်။

ဒါက တိုက်ဆိုင်မှုပဲလား။

အဘိုးအိုသည် သူ့လက်တစ်ဖက်ကို လုရွှမ်ဆီသို့ အလျင်အမြန် ဝှေ့ယမ်းကာ သူ့ကို​ပြန်ဖမ်းရန် ကြိုးစားသည်။

ရုတ်တရက် မထင်မှတ်ထားတဲ့ လက်ဖဝါးစွမ်းအင် တစ်ချက်က ပျံထွက်လာပြီး အဖိုးအိုရဲ့ လက်ဖဝါးကို ပိတ်ဆို့လိုက်သည်။ ထို့ကြောင့် အဘိုးအိုရဲ့ လက်ဝါးစွမ်းအင်က အလျင်​အမြန်ပဲ ပျောက်ကွယ်သွား၏။

“ဘယ်သူလဲ!”

စူးစူးဝါးဝါး အသံဖြင့် အဘိုးအိုက ဟောက်လိုက်သည်။ ယွမ်စွမ်းအင်တွေ တဟုန်ထိုး ထွက်လာပြီး သူ၏ ရက်စက် ကြမ်းကြုတ်သော ဝိညာဉ်စွမ်းအားသည် နေရာအနှံ့ ရှာဖွေနေလေသည်။ သို့သော် အကျိုးမရှိခဲ့ပေ။ လုရွှမ်က ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ရောက်သွားပြီ ဖြစ်သည်။

All Chapters