← Chapters

သတိရလာပြီ

Vol. 89 Ch. 4.845

သတိရလာပြီ

Vol. 89 Ch. 4.845

လူတိုင်းက မထိန်းနိုင်ဘဲ အကျယ်ကြီး အော်ဟစ်နေကြသည်။ လေထုထဲက ပြုတ်ကျနေတာကို ကြည့်ရင်း ကူကယ်ရာမဲ့ကုန်ကြတော့သည်။

သူတို့အားလုံးက ကျင့်ကြံသူတွေ ဆိုတော့ တစ်ယောက်ရဲ့ ကံကြမ္မာက သနားစရာ ကောင်း​နေတာကို မြင်တော့ တစ်ယောက်က စိတ်ထဲမှ နည်းနည်းတော့ ဝမ်းနည်းမိသွားကြသည်။

"ဒါ... ဒီလူတွေ ကောင်းကင်ဘုရင် စံအိမ်ထဲကို ဝင်ပြီးရင် မလွတ်မြောက်နိုင်ဘူးလို့ ဆိုလိုတာလား"

လူတစ်ဦးက ပျော့ညံ့သော အသံဖြင့် မေးသော်လည်း စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို အသံထဲတွင် ဖုံးကွယ်ထား၍ မရပေ။

"ဟား ဟား ဟား!"

ရယ်မောသံများ ထွက်ပေါ်လာသည်။

"ဆိုလိုတာက လူတိုင်း ဒီမှာနေစရာ မလိုတော့ဘူးပေါ့!"

"အဲဒီလူက အရမ်းအမြင့်ကြီး ပျံသွားပေမယ့် သေနေတုန်းပဲ... ငါတို့နဲ့ မတူတဲ့ တစ်ခုတည်းသော ကွာခြားချက်ကတော့ အဲဒီလူတွေက ကောင်းကင်ဘုရင်ရဲ့ စံအိမ်မြေကို ထိလိုက်တာပဲ"

"သူတို့အားလုံး အမှတ်အသားပြုပြီးပြီ... ပြောရရင် ကောင်းကင်ဘုရင်စံအိမ်၏ အဖွဲ့ဝင်တွေ ဖြစ်သွားကြပြီ!"

ဟောက်သံနှင့်အတူ အနီးနား ပတ်ဝန်းကျင်မှ လူများက ရုတ်တရက် သူတို့ဘေးကလူတွေ တိုက်ခိုက်လာမှာကို စိုးရိမ်သဖြင့် အသီးသီး လူစုကွဲသွားကြသည်။ ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ကန်ကျောက်ခံရမည်ကို စိုးရိမ်၍ အသီးသီး အဝေးသို့ ပြေးသွားကြသည်။

မကြောက်သေးဘူးလား မသိပေမယ့် ကောင်းကင်ဘုရင် စံအိမ်ကို ပြန်ကြည့်လိုက်တော့ သူတို့ရင်ထဲက ထိတ်လန့်မှုဟာတော့ လုံးဝ ကွဲပြားနေတာကို အလိုလို သိနေမိသည်။

"မှောင်လာပြီ!"

လူတစ်ယောက်က ရုတ်တရက် အော်လိုက်၏။ အားလုံးလည်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေက အနောက်ဖက်ကို ဝင်နေပြီ။ တစ်နာရီ မပြည့်ခင်မှာပဲ မှောင်သွားလိမ့်မယ်။

ကောင်းကင်ဘုရင် စံအိမ်ကြီးကို ပြန်ကြည့်လိုက်တော့ ဒီအချိန်မှာ ကောင်းကင်ဘုရင် စံအိမ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အမြွက်နဲ့ ကြောက်ရွံ့စရာ ကောင်းတဲ့ အရိပ်အမြွက်တွေ ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရလေသည်။

"ငါအရင်ထွက်မယ်!"

နတ်သမီး တစ်ယောက်က နောက်ဆုံးတော့ စိတ်ပျက်စရာကောင်းတဲ့ အငွေ့အသက်ကို မခံနိုင်ဘဲ လှည့်ပြီး အမြန်ထွက်သွား၏။

“ငါလည်း ထွက်သွားတော့မယ် ဒီနေရာက အရမ်းကြောက်စရာ ကောင်းတယ်”

နောက်ထပ် လူတစ်ယောက်လည်း အော်ပြီး အမြန် ထွက်ပြေးသွားသည်။

အချက်ပြမီးတစ်ချက် ဖွင့်လိုက်သကဲ့သို့ လျှင်မြန်စွာပင် လူတိုင်းသည် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ စံအိမ် အနီးသို့ မချဉ်းကပ်ဝံ့​တော့ဘဲ အဝေးသို့ ထွက်ပြေးသွားကြသည်။

များမကြာမီပင် တစ်ချိန်က မြို့တစ်မြို့ကဲ့သို့ လူစည်ကားသော နေရာဟာ ယခုအခါ တစ္ဆေသရဲ အိမ်ကဲ့သို့ ကင်းမဲ့သွားပြီ ဖြစ်သည်။ ကောင်းကင်ဘုရင် စံအိမ်ကို အေးစက်စွာ ကြည့်နေသော လူရာဂဏန်းမျှသာ ကျန်ရှိတော့သည်။ ယနေ့စံအိမ်နှင့် ပတ်သတ်၍ ကွဲပြားသည်ကို ရှင်းရှင်းလင်းလင်း မြင်ချင်ကြသူများပဲ ဖြစ်သည်။

"ဟေ့ မသွားနဲ့!"

ကောင်းကင်ဘုရင် စံအိမ်မှ လူများစွာ၏ အသံများ ထွက်လာသည်။ အပြင်ဘက်က လူများကလည်း ကောင်းကင်ဘုရင် စံအိမ်ထဲမှ လူများ လွတ်မြောက်ကာ အမြန်ရုန်းထွက်လာမည်ကို စိုးရိမ်လာသည်။ သို့သော် အခုချိန်မှာတော့ အထဲက လူတိုင်းကလည်း သူတို့ကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်သွားမှာကို ကြောက်နေကြ​လေ၏။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ နေက တိမ်တွေနောက်က ပုန်းနေကာ လပြည့်ဝန်းက တဖြည်းဖြည်း တက်လာသည်။ ငွေရောင် လပြည့်ဝန်းရဲ့ အရောင်က မြေကြီးပေါ်မှာ ထွန်းလင်းနေပေမယ့် ကောင်းကင်ဘုရင်စံအိမ်ထဲက လူတွေကတော့ အဲဒါကို ယောင်ဝါးဝါးနဲ့သာ ခံစားရကြသည်။

ကောင်းကင်ဘုရင် စံအိမ်ထဲသို့ အလင်းဝင်လာသည်။ သို့သော် ၎င်းသည် ထင်ယောင်ထင်မှား ဖြစ်ရုံလား တကယ်လား ဆိုတာ ၎င်းတို့လည်း လုံးဝ မသေချာပေ။

ယခုအချိန်မှာတောင် ကောင်းကင်ဘုရင် စံအိမ်တွင် အပြောင်းအလဲ မရှိပုံရသည်။ နားမလည်နိုင်စွာပင် ညလေက တိုက်ခတ်လာစဥ် လူတိုင်း၏ နှလုံးသားများသည် သံသယများဖြင့် ပြည့်နှက်လာခဲ့သည်။

"အစ်ကိုကြီးလုရွှမ်... အစ်ကိုလုရွှမ်!"

ရားရားရဲ့အသံက မျက်ရည်တွေ အပြည့်နဲ့ သူ့စိတ်ထဲမှ ထွက်ပေါ်လာခဲ့ရာ လုရွှမ်သည် သူ့နှလုံးသားထဲတွင် ရုတ်ချည်း နာကျင်မှုကို ခံစားလိုက်ရပြီး ပါးစပ်မှ သွေးများ အန်ထွက်ကာ နောက်ဆုံးတွင်တော့ နိုးလာခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးက မည်းမှောင်နေပြီး ​ တိတ်ဆိတ်နေကာ တစ္ဆေတွေလို ကြောက်မက်ဖွယ် အရိပ်အယောင်တွေ နားမလည်နိုင်အောင် ပျံ့နှံ့နေသည်။ အဲဒီထဲမှာ ကြီးမားတဲ့ အန္တရာယ်တွေ ဖုံးကွယ်ထားပုံရလေသည်။

လုရွှမ် ထထိုင်ကာ ကျောက်စိမ်း​ပြားထံ ငုံ့ကြည့်လိုက်သည်။ ရားရားသည် ကျားဖြူလေးထဲသို့ စွမ်းအင်ဖြည့်သွင်းရန် ကြိုးစားနေတုန်းပင်။ ရှောင်ပိုင်သည်လည်း သတိလစ်နေဆဲဖြစ်ပြီး ပါးစပ်ထောင့်တွင် သွေးများထွက်နေသည်။

ရွှေကျီးကန်းလည်း နိုးလာပြီး ဘေးမှာ လဲလျောင်းနေ၏။ ထို့နောက် သူ့ကို မျက်လုံးကြီးကြီးတွေနဲ့ ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း ကျိန်ဆဲတော့သည်။

"ငါ့ဖင်ကြီးကိုပဲ ကြည့်နေလိုက်! မင်းငါ့ကို သတ်ချင်နေတာလား!"

လုရွှမ် ရှိုက်ကြီးတငင်သာ ပြုံးလိုက်လေသည်။ ဒီတစ်ခါတော့ သူ တကယ် သေမင်းကို ရှာမိသွားတာပဲ။

ဒါပေမဲ့ ဓားသိုင်းကို ဖန်တီးလိုက်ရုံနဲ့ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားကို ဖြစ်ပေါ်စေမယ် ဆိုတာ ဘယ်သူက သိမှာလဲ။ ထိုဓား၏ တန်ခိုးသည် နတ်မီးနယ်ပယ်ကို ကျော်လွန်သွားပြီး မျှော်စင်နယ်ပယ်က အဆင့်မြင့်မားသော ဓားသမားပင် လုပ်နိုင်လိမ့်မည်ဟု သူ လုံးလုံး နားလည်သွားခဲ့သည်။

သူ့ရဲ့အစွမ်းသတ္တိကို လွန်လွန်ကဲကဲ တွက်ဆမိခဲ့တာ ဖြစ်မယ်။

တခြားသူတွေက ကိုယ့်အစွမ်းအစကို လျှော့တွက်ကြပေမယ့် သူသည်လည်း သူ့အစွမ်းအစကို လျှော့တွက်ခဲ့မိလေသည်။ ယွမ်ယန်ဓားကိုးစင်းက သူထင်ထားတာထက် အများကြီး ပိုအစွမ်းထက်နေတာပဲ။

အဲဒါက သူကိုယ်တိုင် ဖန်တီးထားတဲ့ ဓားသိုင်းပညာဖြစ်ပြီး သူနဲ့ အကိုက်ညီဆုံးလည်း ဖြစ်လေသည်။

"ကံကောင်းတာက ကျောက်စိမ်း​ပြားထဲမှာ သိမ်းဆည်းထားတဲ့ စွမ်းအင်သလင်းကျောက်တွေ အများကြီး ရှိနေတာပဲ... ဒါကြောင့် ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ပြဿနာတွေကို ကြောက်စရာ မလိုတော့ဘူး"

လုရွှမ်က ရားရားရဲ့ အလုပ်ကို သိမ်းပိုက်ပြီး စွမ်းအင်ကို ကလေးမရဲ့ ခန္ဓာကိုယ်ထဲကို သွင်းလိုက်သော် မကြာခင်မှာပဲ ကျားဖြူလေး နိုးလာသည်။ ရှောင်ပိုင်သည် လုရွှမ်၏ ခန္ဓာကိုယ်ကို ကိုက်လိုက်ပြီး

"လူယုတ်မာ... ငါ့ကိုကျ ထွက်လာခွင့် မပြုဘူး!!"

လုရွှမ်လည်း ရှောင်ပိုင်က သူ့အတွက် စိတ်ပူရုံသာမက ယုတ္တိမတန်စွာ ဒုက္ခမပေးကြောင်းကို သိပါသည်။

"ကောင်းပြီ ကောင်လေး မင်းရဲ့ ခွန်အားတွေ မြန်မြန်ပြန်ရရင် ပိုကောင်းမယ် ဒီနေရာက အရမ်းမှော်ဆန်ပြီး အန္တရာယ်များတယ်လို့ ငါခံစားရတယ်...သတိထား"

ရွှေကျီးကန်း သတိပေးလာတော့ လုရွှမ်ရဲ့ မျက်လုံးများထဲ ထိတ်လန့်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။

"အန္တရာယ်ကြီး​ပြီး မှော်ဆန်တယ်လား"

လုရွှမ် ကျောက်စိမ်းပြားထဲမှ အလျင်အမြန် ထွက်သွားကာ မတ်တပ်ရပ်၍ နောက်တဖန် လှည့်ကြည့်ရာ ထိုသေနာကြီးသည် သူ့အား ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ပစ်ချလိုက်တာကို သိလိုက်ရတာကြောင့် မခံမရပ်နိုင်အောင် ကျိန်ဆဲလိုက်​တော့သည်။

ဒါက သူ့ရဲ့တောင်းဆိုမှုကို သဘောမတူလို့ မဟုတ်ဘူးလား။ နောက်ဆုံးတော့ သူက မိုက်မိုက်မဲမဲ ပြုမူနေတုန်းပဲ။ ဒါကြောင့် တစ်သက်လုံး လူပျိုကြီး ဖြစ်ပါစေလို့ လုရွှမ်မှ ဆုတောင်းပေးလိုက်လေသည်။

အချိန်အတော်ကြာ စိတ်ဓာတ်ကျပြီးနောက် လုရွှမ်သည် သူ့ကိုယ်သူ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ခွန်အား ရယူနိုင်ခဲ့သည်။

ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ဒဏ်ရာအပြင်းအထန် ရခဲ့ထားသည်။ အတွင်းအင်္ဂါ အားလုံးက ကွဲကြေနေပြီ။ အထူးသဖြင့် နဂါးပြာ၏ စွမ်းအားများ ကုန်ဆုံးသွားသဖြင့် သူ့နှလုံးခုန်နှုန်းက အလွန်နှေးကွေးသွားသည်။

ကျောက်စိမ်းပြားထဲ၌ သူ သန့်စင်ထားသော အဂ္ဂိရတ်ဆေးများအပြင် အထူးတလည် ချန်ထားခဲ့သော ငါးနဂါးများလည်း ရှိသည်။ တိမ်ပင်လယ်နယ်မြေမှာ နဂါးတံခါးကို ခုန်မတက်နိုင်တဲ့ ငါးနဂါး အကောင်ငယ်လေးတွေကို ငါးခြောက်ဖြစ်အောင် သူ့ဘာသာ ဖန်တီးထားခဲ့သည်။

၎င်းတွင် နဂါးစွမ်းအင် များစွာပါ၀င်လို့ နဂါးစွမ်းအင်ကို ဖြည့်တင်းရန် အထူး သင့်လျော်ပေ၏။

စုဆောင်းမှု အားလုံးနီးပါးကို ဝါးမြိုပြီးနောက် စိမ်းပြာနဂါးရဲ့ နှလုံးတက်ကြွမှုသည် နောက်ဆုံးတွင် အနည်းငယ် ပြန်လည် ကောင်းမွန်လာသည်။ အဂ္ဂိရတ်ဆေးများကို သောက်ပြီးနောက် သူ့စွမ်းအင်သည်လည်း အမြန်ပြန်လည် ကောင်းမွန်လာခဲ့သည်။

ယွမ်ယန်စွမ်းအင် အနည်းငယ်သည် လုရွှမ်၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖုံးအုပ်လာကာ ယန်စွမ်းအင် ဘောလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားလုနီးပါး ဖြစ်လာသည်။

လုရွှမ်၏ စိတ်ဝိညာဥ် တစ်ခုလုံးသည် သူ့စွမ်အင်များကို ပြန်လည် ထူထောင်​ပေးရန် စိတ်အားထက်သန် နေခဲ့သည်။ ကျားဖြူလေးက သူ့ပတ်ဝန်းကျင်ကို အာရုံစိုက် သတိထားလျက် ကူညီပေးနေသည်။

မတိုင်ခင်က လုရွှမ်နဲ့ မျှော်စင်နယ်ပယ် သခင်ကြားက လှုပ်ရှားမှုများကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။ လုရွှမ်ရဲ့ ခွန်အားကို သူတို့အားလုံး သဘောကျကြပြီး သူ့ခွန်အားသည် ၎င်းတို့ အင်အားထက် အဆပေါင်းများစွာ သာလွန်နေကြောင်း သိလိုက်ရသည်။

လုရွှမ်သည် ပြန်လည် သက်သာလာခဲ့သော်လည်း သူ၏ သန့်စင်သော ယောက်ျားပီသမှုကို ကြည့်ပါက သူလေ့ကျင့်ထားသော ကျွမ်းကျင်မှုမှာ အလွန်အစွမ်းထက်ကြောင်း သိသာထင်ရှားပါသည်။ သူ့နောက်လိုက်ခြင်းဖြင့် အသက်ရှင်ရန် နည်းလမ်း သို့မဟုတ် လွတ်မြောက်ရာလမ်းကိုပင် ရှာဖွေနိုင်​လောက်သည်။

အဲဒီလို အတွေးမျိုး ရှိသူတွေလည်း အများကြီးရှိနေပြီ။ ကောင်းကင်ဘုရင် စံအိမ်အကြောင်း သူတို့ကြားသိဖူးသမျှ ထူးဆန်းသည့် အရာများသည် ညအချိန်တွင် ဖြစ်ပျက်နေတတ်သည်။ သူတို့သာ ကျွမ်းကျင်သူ တစ်ဦးနှင့် လိုက်ပါနိုင်လျှင် သူတို့၏ လုံခြုံရေးအာရုံသည် သဘာဝအတိုင်း တိုးမြင့်လာလိမ့်မည်။

အပြင်မှလူများသည် ကောင်းကင်ဘုရင် စံအိမ်မှ ထွက်ပေါ်လာသော ထိတ်လန့်မှုကို ခံစားနေရပြီ ဖြစ်သည်။ အတွင်းရောက်လျှင် ၎င်းတို့သည် ရှင်းရှင်းလင်းလင်းနှင့် ပို၍ပင် ထိတ်လန့်သွားကြနိုင်၏။

All Chapters