နိုးထခြင်း
Vol. 89 Ch. 4.846
အခုမှ မှောင်လာပြီ။ ညနက်တဲ့အထိ စောင့်ရင် ဒါမှမဟုတ် ညသန်းခေါင် အချိန်ရောက်ရင် ဘယ်လို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲဆိုတာ စိတ်ကူးကြည့်နိုင်ပါသည်။
ထိုအချိန်တွင် စူးစူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာရာ ရှောင်ပိုင် ရုတ်တရက် ကြောက်ရွံ့သွားခဲ့သည်။ သူမသည် ကျားဖြူသွေး၊ ဒဏ္ဍာရီလာသားရဲ၏ သွေး ပါဝင်သောကြောင့် သူမပတ်ဝန်းကျင်ရှိ အန္တရာယ်များကို အထူးသတိထားနေတတ်သည်။
တစ်စုံတစ်ယောက် ချဉ်းကပ်လာနေပြီ။
သူမ နောက်ပြန်လှည့်ကာ လုရွှမ်ကို တစ်ချက် ကြည့်လိုက်သည်။ ယခုအချိန်တွင် လုရွှမ်၏ တစ်ကိုယ်လုံးမှာ နို့ဖြူရောင် ရောင်ဝါများ ပြည့်နှက်နေပါသည်။ ၎င်းသည် သူ၏ စွမ်းဆောင်မှု၏ အရေးပါသော အခိုက်အတန့်ကို ရောက်နေပြီ ဖြစ်ကြောင်း သိသာထင်ရှားပါ၏။
သူမသည် ရားရားနှင့် ဆွေးနွေးခဲ့ပြီး ရားရားသည်လည်း လုရွှမ်ကို ကာကွယ်ရန်အတွက် အနီးနားတွင် အခင်းအကျင်းကို ဖွဲ့စည်း တည်ဆောက်ခဲ့သည်။ ဖုံးဖိထားနိုင်ရင် အကောင်းဆုံး ဖြစ်မှာပါပဲ။ ဒါပေမဲ့ လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် စွမ်းအင်တွေဟာ သိပ်သည်းနေပြီး အနီးနား ပတ်ဝန်းကျင်တွေအထိ ကူးစက်ခံထားသွားတာကြောင့် ဖုံးအုပ်ထားဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
ရှောင်ပိုင်လည်း သူမပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် ကျင့်ကြံသူ မိန်းမပျိုတစ်ယောက် ပေါ်လာသည်။ သူမက ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း သူမသည် ဤနေရာတွင် တစ်ဦးတည်းသာ ရှိနေကြောင်း တွေ့လိုက်ရသည်။
ထို့နောက် သူမခန္ဓာကိုယ်ကို ဖုံးလွှမ်းလုနီးပါး အဖြူရောင်နှင့် ကြွယ်ဝသော ရောင်ဝါဖြင့် ဖုံးလွှမ်းနေသော လုရွှမ်ကို တွေ့လိုက်ရသော်လည်း သူ၏ ကောက်ကြောင်းကို ဝါးဝါးသာ မြင်နေရသည်။
သူ့ဒဏ်ရာတွေကို ကုစားနေပုံပေါ်၏။ ထိုအချက်ကို သတိထားမိတော့ သူမ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်းနဲ့အတူ သူမရဲ့ စိတ်ခံစားမှုတွေ လှုပ်ရှားလာသည်။ ဒီအခိုက်မှာ လုရွှမ်ဟာ အားနည်းနေမှန်း သိသာပါသည်။ ထုံးစံအတိုင်း သူမသည် မျှော်စင်နယ်ပယ်နှင့် ယခင်တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီးပြီ။
လုရွှမ် ဘယ်လောက် ပြင်းထန်စွာ နာကျင်ခဲ့ရမလဲ သူမ သိသည်။ အဲဒီလို ပါရမီရှင်တစ်ယောက်ကို သတ်ချင်ရင် အခုအချိန်က အကောင်းဆုံးပဲ။
နားမလည်နိုင်စွာပင် အတွေးတစ်ခု ဝင်လာပြီး ရုတ်တရက် သူမ စိတ်တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သည်။ တခြားဘာကိုမှ မစဉ်းစားနိုင်တော့တဲ့ ဤပါရမီရှင်ကြီး ကြီးပြင်းလာတာနဲ့အမျှ သူမတို့ဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ချယ်ခံရပြီး ဘယ်တော့မှ ပေါ်လွင်လာနိုင်မှာ မဟုတ်တော့ဘူး။
စိတ်ထဲမှာ သူ့ကို သတ်ပစ်၊ သတ်ပစ် ဆိုတဲ့ သွေးထိုးလှုံ့ဆော်တဲ့ အသံတစ်ခုကသာ ပေါ်လာနေသည်။ ကျင့်ကြံသူ မိန်းမပျိုသည် စိတ်ရှုပ်ထွေးစွာဖြင့် ခြေတစ်လှမ်းတိုးကာ သိုလှောင်လက်စွပ်မှ ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
"မဟုတ်ဘူး ငါ သူ့ကို ဘာလို့သတ်ရမှာလဲ? သူက ဒီလောက်ကောင်းတဲ့ ပါရမီရှင် တစ်ယောက်ဟာ.... သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ဘယ်လိုပဲ ဖြစ်နေပါစေ သူက ငါနဲ့ မယှဉ်နိုင်ပါဘူး သူကငါ့အတွက် ဘယ်လိုလုပ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်မှာလဲ? ငါ ဘာတွေ တွေးနေတာလဲ"
မိန်းမပျိုရဲ့ ခြေလှမ်းများသည် ရုတ်တရက် တုန်လှုပ်သွားကာ မျက်လုံးများ ကြည်လင်လာကာ သူမ ညည်းညူလိုက်သည်။ ထို့နောက် သူမက ရယ်ပြီး
"ဒီလိုအခွင့်အရေးတွေကို ဆုပ်ကိုင်ဖို့ ကြိုးစားသင့်တယ်... အနာဂတ်မှာ သူငယ်ချင်း ဖြစ်လာဖို့ မပြောနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်တာက အနည်းဆုံး အခွင့်အရေးတစ်ခုပဲ"
ထိုမိန်းမပျို၏ ခန္ဓာကိုယ်သည် တုန်လှုပ်နေသော်လည်း သူမက မိုက်မဲသူ မဟုတ်ပေ။ သူမသည် ဤနေရာတွင် အကြာကြီး ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင် နိုးလာသကဲ့သို့ ခံစားခဲ့ရသည်။ အရင်က ရန်ပွဲက အရမ်းပြင်းထန်ခဲ့လို့ သနားစရာတော့ ကောင်းပေ၏။
"လုရွှမ် ငရဲကိုသွားပေတော့!"
ဒါပေမဲ့ ဒီအချိန်မှာတော့ သူမအသိစိတ် ဝင်လာပြီ။ ရုတ်တရက် သူမဘေးနားကို လူတစ်ယောက် ပြေးထွက်လာ၏။ သူ့လက်ထဲမှာ ထူထဲတဲ့ ကျောထောက်နောက်ခံ တစ်ဖက်သွား ဓားတစ်ချောင်းကို ကိုင်ပြီး လုရွှမ်ရဲ့ ခေါင်းကို ခွန်အားရှိသမျှဖြင့် ခုတ်ချလိုက်တယ်။
သူ့မျက်လုံးများသည် အနီရောင် အလင်းတန်းများလို သွေးများ ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ် ပတ်လည်တွင် မီးခိုးရောင် လေထု အရိပ်အယောင် ရှိနေသည်။ ထိုလူက နိုးထလာပြီးတာနဲ့ ချက်ချင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
မိန်းမပျိုလေးသည် ထိုလူငယ်ရဲ့ ဓားကို တားဆီးရန် သူမဓားရှည်ကို အမြန် ဝှေ့ယမ်းလိုက်သည်။
လုရွှမ်ကို အနှောက်အယှက် ပေးမိမှာ ကြောက်တာမို့ ကျယ်ကျယ်လောင်လောင် မအော်ရဲပါ။ သူမ နိုးလာသောအခါတွင် လုရွှမ် အသက်ရှင်ရမယ်လို့ တွေးမိတဲ့ အတွေးကို သူမ ဘယ်သောအခါမှ နားမလည်ခဲ့ပေ။ လုရွှမ်သည် သူမတို့နောက်ကွယ်မှ လွတ်မြောက်လိုသော ဆန္ဒ၏ ကျောရိုး ဖြစ်နေနိုင်သည်။
ရှောင်ပိုင်နဲ့ ရားရားက ဘေးမှာ ပုန်းနေပြီး ရှင်းရှင်းလင်းလင်း မြင်နေရပါ၏။ နှစ်ယောက်သားက ရားရား စီစဉ်ပေးသည့် အခင်းအကျင်းကြောင့် ဘယ်သူမှ မမြင်ရချေ။
ချက်ချင်းဆိုသလိုပဲ သူတို့ လှုပ်ရှားတော့မှာ ဖြစ်ပေမယ့် ကံအားလျော်စွာ မိန်းမပျိုက ဦးစွာ တုံ့ပြန်ခဲ့လေရာ သူတို့ကို အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့သည်။ နောက်ဆုံးတွင် ဤအခြေအနေတွင် ၎င်းတို့သည် ကြာရှည်စွာ ပုန်းနေလေလေ လုရွှမ်ကို ကာကွယ်ရာတွင် အကျိုးကျေးဇူးများလေ ဖြစ်သည်။
"ဝူး....."
ထိုအချိန်တွင် ကျင့်ကြံသူ လူငယ်၏ မျက်လုံးများသည် သွေးနီရောင်များဖြင့် ပြည့်နေပြီး လေကိုရှူရှိုက်ရန် ကျယ်လောင်စွာ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း အနီရောင် တံတွေးများ ပျံဝဲလာခဲ့သည်။
သေချာသည်မှာ သူသည် လုံးဝ ထိန်းချုပ်ခံထားရပြီး ကောင်းကင်ဘုရင် စံအိမ်၏ ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ကျင့်ကြံသူ မိန်းမပျို၏ ကျင့်ကြံမှုအဆင့်မှာ သာလွန်တာကြောင့် ပြင်းပြင်းထန်ထန် ရိုက်နှက်၍ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားပြီးနောက် အခွင့်အလမ်းကို မြင်တာနဲ့ တစ်ဖက်လူကို ဓားတစ်ချောင်းဖြင့် ထက်ပိုင်း ခွဲပစ်လိုက်၏။
ပြိုင်ဘက်ကို ကန်ထုတ်ပြီးနောက် ကျင့်ကြံသူ မိန်းကလေးက လုရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး လုရွှမ်နံဘေး၌ စောင့်နေခဲ့သည်။
ရားရားနဲ့ ရှောင်ပိုင်တို့ နှစ်ယောက်လုံးက မိန်းကလေးရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကြောင်အသွားကြသည်။ ရှောင်ပိုင်က အတွေ့အကြုံ သိပ်မရှိကြသလို ရားရားဆို ပြောနေစရာပင် မလို။ နှစ်ယောက်သား မျက်မှောင်ကြုတ် နေကြသော်လည်း ဤအမျိုးသမီးသည် ကိုကိုလုရွှမ်ကို အဘယ်ကြောင့် ကာကွယ်လိုကြောင်း မခန့်မှန်းနိုင်ပေ။
ကိုကိုလုရွှမ်ကို သိလို့လား။ သို့သော် သူမမျက်လုံးထဲတွင် အရိပ်တစ်ခုက တိတ်ဆိတ်နေသည်။
အစ်ကိုလုရွှမ်ကို တွေ့တွေ့ပြီးချင်း ချစ်မိသွားလို့များလား။
နှစ်ယောက်စလုံး ခေါင်းထဲတွင် စူးစူးဝါးဝါး တွေးတောနေကြသည်။ လုရွှမ်သာ ထိုအကြောင်းကို သိလျှင် သူ အကျယ်ကြီး ရယ်နေလိမ့်မည်။ သံချောင်း ဖြတ်သန်းလာသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မကြာမီပင် လမ်းကြောင်းသုံးခုမှ တစ်ပြိုင်နက်တည်း လူသုံးဦးပေါ်လာသည်။
လုရွှမ်သည် အစပိုင်းတွင် ရွေးချယ်ခဲ့သော အနေအထား အတိုင်း ကျောက်တုံးကြီး တစ်ခု၏ နောက်တွင် ထိုင်လျက်ရှိကာ တစ်ဖက်လူတွေက ထောင့်သုံးထောင့်ဖြင့် ဝိုင်းရံထားသည်။ တိုက်ခိုက်လိုပါက အရှေ့မှသာ တိုက်ခိုက်နိုင်သည်။ ကျင့်ကြံသူ မိန်းမပျို တစ်ယောက်တည်းက လူသုံးယောက်နှင့် ဆက်ဆံနေရသကဲ့သို့ပင် ရှေ့ကို ပိတ်ဆို့ထားသည်။
"အားလုံးပဲ ဒီကောင်လေးက ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာ အားလုံးမြင်ပြီးပြီ.... ဆိုတော့ သတိပေးပါရစေ အပြင်ထွက်ချင်ရင် အနည်းဆုံး သုံးရက်လောက် အသက်ရှင်နေမယ် ဆိုရင် ဒီကောင်လေးက ကျွန်မတို့ကို ခေါ်ထုတ်သွားနိုင်ဖို့ အာမခံချက် ရှိနိုင်တယ်"
"ဟားဟား ဟားဟား ဟားဟား သူက ကောင်းကင်ဘုံ သခင်နော်.... ငါတို့ရဲ့ အာမခံချက်ပဲ ဘယ်လိုလုပ် ပေးနိုင်မှာလဲ"
လူတစ်ယောက်က မထီမဲ့မြင် အသံဖြင့် ရယ်မောလိုက်သည်။
ကျန်မိန်းကလေး နှစ်ယောက်မှာ ထိုလူကို အရူးတစ်ယောက်လို ကြည့်နေ၏။ ဒီလူက ဘယ်သူလဲ။ လုရွှမ်နဲ့ မျှော်စင်နယ်ပယ် သခင်အကြားက တိုက်ပွဲကို မကြည့်ဖူးခဲ့ဘူးလား။ ဒါမှမဟုတ် ရူးနေတာလား။
"ဟမ့် သူက ပါရမီရှင်ပဲ ဒါပေမဲ့ ပါရမီရှင် တစ်ယောက်အနေနဲ့ ကြီးပြင်းမလာသေးရင် သူက အလကား ပါရမီရှင် ဖြစ်နေတုန်းပဲ"
ဓားစွမ်းအင်က ရုတ်တရက် ပေါက်ကွဲထွက်သွားတော့ ကျင့်ကြံသူ မိန်းကလေးမှာ တုံ့ပြန်ဖို့ မနှေးကွေးဘဲ အမြန်ထွက်သွားသည်။ သို့သော် မိန်းမပျို၏ ခွန်အားကို လျှော့တွက်မိသည်မှာ သိသာထင်ရှားလှပါသည်။ သူမလက်ကို ဝေ့ယမ်းလိုက်သည်နှင့် ဓားစွမ်းအင်က လေထုအလယ်မှာပဲ ပြတ်ကျသွားသည်။
"ခွေးမလေး မင်း ဘာလုပ်နေတာလဲ"
ယောက်ျားပျိုက အော်၏။ တခြားလူ ၂ယောက်ကလည်း မိန်းမပျိုလေးကို စူးစူးစိုက်စိုက်စိုက် ကြည့်နေကြသည်။
မိန်းမပျိုလေးက ဆို၏။
“သူ့ဘာသာ ပါရမီရှင်ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်... နင်တို့သူ့ကို သတ်လိုက်လို့ သူသေသွားရင် နင်တို့က ကမ္ဘာပေါ်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်လာနိုင်မှာလား? မဖြစ်နိုင်ဘူး... နင်တို့ရဲ့ ခွန်အားနဲ့ တခြားသူတွေနဲ့ ယှဉ်ထိုက်ပါတယ် သူတို့ရဲ့ ပါရမီက တခြားလူတွေထက် သာလွန်နေရင်တော့ လေးစားသင့်တယ် မဟုတ်ဘူးလား?"
"ဒီလိုလူမျိုးကို အမှီမလိုက်နိုင်တဲ့အပြင် သူ့ကိုတောင် သတ်ချင်နေသေးတယ်... ဟမ့် ကျွန်မအမြင်အရတော့ ရှင်တို့ရဲ့စိတ်က ကောင်းကင်ဘုရင် စံအိမ်ကြောင့် ရှုပ်ထွေးနေကြပြီ... ကျွန်မတို့အတွက် ခြိမ်းခြောက်မှုကြီးက အဲဒါပဲ... ရှင်တို့နှစ်ယောက် ပြောကြည့် ဟုတ်တယ်မလား"
ကျန်နှစ်ယောက်က ခဏလောက် ထိတ်လန့်သွားပေမယ့် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ကြသည်။
ဟုတ်တယ်။ ဒီလိုလူဖြစ်အောင် ပါရမီရှင်တိုင်းက လိုလားတောင့်တကာ ကြိုးစားနေကြတာ မဟုတ်လား။ ကျေးဇူးမဲ့တာ၊ သူတစ်ပါးကို အန္တရာယ်ပြုပြီး ကိုယ့်အတွက် အကျိုးမရှိတာကို လုပ်တာတွေ လူမိုက်လုပ်မယ့် အရာပဲလေ။