ခြိမ်းခြောက်မယ်
Vol. 89 Ch. 4.847
"နတ်သမီး... ကောင်းကင်ဘုရင် စံအိမ်က ကျွန်တော်တို့စိတ်တွေကို ထိခိုက်စေတာလို့ ပြောနေတာလား?"
"အမှန်ပဲ... တကယ်တော့ ကျွန်မလည်း အရင်က ဒီလိုအတွေးမျိုး ရှိခဲ့ဖူးတယ်... ရုတ်တရက်သာ မနိုးလာရင် ဒုက္ခရောက်သွားလိမ့်မယ်.. သူ့ကိုလည်း သတ်ပစ်လိုက်မိလိမ့်မယ်"
လုရွှမ်ကို ကာကွယ်ပေးခဲ့သည့် ကျင့်ကြံသူ မိန်းမပျိုလေးက ခပ်မြန်မြန် အော်လိုက်သည်။
နှစ်ယောက်သား ရုတ်တရက် သူတို့အရှေ့မှ ယောက်ျားပျိုကို လှည့်ကြည့်လိုက်တော့ ထိုလူသဘ် အမျိုးမျိုးသော မှော်အတတ်များကို ရုတ်ချည်း ထုတ်ယူကာ လုရွှမ်ထံ အစွမ်းရှိသမျှ ပစ်ချလိုက်သည်။ တစ်ဆက်တည်း ကောင်းကင်သို့ ပျံတက်သွားကာ လုရွှမ်ကို ဓားဖြင့် ခုတ်လိုက်သည်။
မိန်းမပျိုကလည်း အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ယခင်က ဒဏ်ရာရခဲ့တာကြောင့် လက်တစ်ဖက်ကို မသုံးနိုင်တော့ပေ။ လူနှစ်ယောက်ကလည်း ထိုသူ့ကို အမြန်ကြားဖြတ်ပြီး နှစ်ယောက်သား နိုးထလာကြသည်။
"သွေးနီရဲနေတဲ့ သူ့မျက်လုံးတွေကို နင်တို့မြင်ပြီမလား? သူ့အသက်ရှုသံနဲ့ အငွေ့အသက်တွေက မီးခိုးရောင် အခိုးအငွေ့တွေနဲ့ ပြည့်နေတယ်... အဲဒါက သူ့စိတ်တွေကို ချုပ်ကိုင်ထားတဲ့ လက္ခဏာပဲ"
နှစ်ယောက်သား စိတ်ထဲမှာ ထိတ်လန့်သွားသလို ခံစားလိုက်ရပါ၏။
"ငါတို့ကရော?"
"ငါတို့ ဒီမှာ စောင့်ရှောက်မယ်... သခင်လေးလုရွှမ် နိုးလာတဲ့အခါ သူ ငါတို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပြီး ဒီငရဲပြည်ကနေ ငါတို့ကို ခေါ်ဆောင်သွားလိမ့်မယ်"
မိန်းမပျိုလေးက ကြွေးကြော်လိုက်ပါသည်။ သူတို့နှစ်ယောက်ကလည်း ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ကြပြီး ရှောင်ပိုင်နဲ့ ရားရားလည်း ဒီကိစ္စကို လျို့ဝှက်စွာ နားလည်ခဲ့ကြပါသည်။
နှစ်ယောက်စလုံး၏ ခေါင်းသေးသေးလေးထဲတွင် ဆဲဆိုသံများ ပေါက်ကြားသွားခဲ့သည်။ လူ့ဦးနှောက်သည် တကယ် အသက်ဝင်လွန်းပြီး စဉ်းစားစရာ များစွာရှိနေသည်။ ရိုးရိုးသားသားပြောရရင် ကိုကိုလုရွှမ်ကို ကျောက်စိမ်းပြားထဲ ထည့်ထားလိုက်တာက ပိုကောင်းလိမ့်ဦးမည်။
"စကားမစပ် တစ်ယောက်နဲ့တစ်ယောက် အရင် မိတ်ဆက်ကြရအောင်.... မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် ခေါ်ရတာ နည်းနည်းတော့ အဆင်မပြေဖြစ်လိမ့်မယ်"
ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က ဆိုလိုက်သည်။ သူမဟာ တော်တော်ရွှင်လန်းတဲ့ အကျင့်စရိုက်ရှိပြီး တခြားနှစ်ယောက်ထက် ပိုသန်မာတယ်ဆိုတာ ထင်ရှားပါ၏။ စကားဝိုင်းကိုလည်း သူမက လွှမ်းမိုးထားသည်။
နှစ်ဦးသား သဘောတူ ခေါင်းညိတ်ပြပြီး ၎င်းတို့၏ အမည်နှင့် ဇာစ်မြစ်ကို အသီးသီး တင်ပြကြသည်။
ယောက်ျားလေး နှစ်ယောက်ဖြစ်ကာ တစ်ယောက်က ဝေးလံခေါင်သီတဲ့ ကြယ်ကလာတဲ့ ဝူထန်း ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ထန်းဝေကြယ်ကလာတဲ့ ကျန်းလုံဟု ခေါ်လေသည်။ သူတို့နှစ်ယောက်စလုံးဟာ နတ်မီးနယ်ပယ်ရဲ့ တတိယအဆင့်မှာ ရှိနေကြလို့ ပါရမီရှင်များအဖြစ် မှတ်ယူနိုင်လေသည်။
ဒါပေမဲ့ သူတို့ဒီကို ရောက်တဲ့အခါမှာတော့ ကမ္ဘာပေါ်မှာ ပါရမီရှင်တွေ အများကြီးရှိတယ် ဆိုတာ သိလိုက်ရ၏။ အဲဒီပါရမီရှင်တွေရဲ့ အမြင်မှာတော့ သူတို့ဟာ သာမန်လူတွေချည်းပါပဲ။
မိန်းမပျိုလေးရဲ့ အမည်မှာ ယန့်လင် ဖြစ်ပြီး သူမက ထန်းယွမ်မြို့ဇာတိဖြစ်ကာ ဤနေရာနှင့် အလွန်ရင်းနှီးသည်။ ကျင့်ကြံမှုအဆင့်သည် နတ်မီးနယ်ပယ် တတိယအဆင့်နှင့် ဆင်တူသော်လည်း စွမ်းအင်နှင့် စိတ်ဝိညာဥ်စွမ်းအားအရ ၎င်းတို့နှစ်ဦးထက် များစွာပို၍ အားကောင်းပါသည်။
ယန့်လင်မှာ သူတို့နှစ်ယောက် ပူးပေါင်းလာတဲ့အတွက် အရမ်း ပျော်သွားသည်။ လုရွှမ်ကို ကာကွယ်တဲ့သူတွေ များလေ သူမတို့အတွက် အကျိုးများလေပဲ မဟုတ်ပါလား။
"အင်း ရှင်တို့နှစ်ယောက် ပြောစရာရှိလား? တိုက်ရိုက်ပဲ ပြောလိုက် လျှို့ဝှက်မနေပါနဲ့"
ယန့်လင်က မျက်မှောင်ကြုတ်ကာ အနည်းငယ် မကျေမနပ်ဖြင့် အော်လိုက်သည်။ ဝူထန်းက ငေါ့ငေါ့ရယ်လိုက်ပြီး။
"နတ်သမီး ယန့်လင်း... ငါတို့က လုရွှမ်ကို ကူညီရင် လုရွှမ်က ငါတို့ကို ခေါ်သွားလိမ့်မယ်လို့ မင်းပြောတာ တကယ်ဖြစ်နိုင်ပါ့မလား"
"သေချာပေါက် ဖြစ်နိုင်တယ်... ရှင်တို့ရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် လုရွှမ်အကြောင်း လုံလောက်အောင် မသိသေးဘူးဆိုတာ သိသာတယ်.... သူ့အကျင့်တွေ ရှင်တို့ကို ပြောပြလိုက်ရင် သူက ဘယ်လိုပုံစံရှိလဲဆိုတာ သိလာလိမ့်မယ်"
ထို့နောက် ယန့်လင်က လုရွှမ်၏ လုပ်ဆောင်ချက်များကို အပြည့်အစုံ ပြောပြလိုက်သည်။
"ကမ္ဘာ့နံပါတ်တစ် အလုပ်ရုံကို ကူညီညှိနှိုင်းပေးမယ့်သူသာ ရှိလာရင် အဲဒီလူက အဓိက အင်အားစုကိုးခုရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်... ဒါတောင် သူက အလုပ်ရုံကလူတွေကို တပည့်အဖြစ် လက်ခံခဲ့သေးတယ်... ဒီလိုလူက တကယ့်ကို ချီးကျူးထိုက်တဲ့လူပဲ မဟုတ်ဘူးလား?”
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခဏလောက် တီးတိုးပြောနေကြရာ ယန့်လင်လည်း မပျော်မရွှင် ဖြစ်လာသည်။
"ဘာလဲ? ရှင်တို့ ကျွန်မကို မယုံသေးဘူးလား"
"မဟုတ်ဘူး... ငါတို့ နတ်သမီးယန့်လင်ကို သဘာဝအတိုင်း ယုံကြည်ပေမယ့် မင်းရဲ့ဇာတ်လမ်းကိုတော့ သိပ်မယုံဘူး... လူတွေက ဒီလောက် တစ်ကိုယ်ကောင်းဆန်တာ တခြားသူတွေကို အကြောင်းပြချက် မရှိဘဲ ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ? ဒါက နည်းနည်းတော့ မမှန်သလိုပဲ.... ဒီလူက တကယ့်သူ ဆိုရင်တောင် သူတစ်ပါးကို ကူညီတတ်တဲ့ သူတော်ကောင်းတစ်ယောက်ပဲ.... ဒါပေမဲ့ ဒါကိုအခြေခံပြီး ငါတို့ရဲ့အသက်ကို သူ့ဆီအပ်လိုက်မယ် ဆိုရင် ငါတို့ဟာ ကိုယ့်အတွက် နည်းနည်းလေး တာဝန်မဲ့သွားလိမ့်မယ် မဟုတ်လား”
စကားပြောနေသော ကျန်းလုံကို ကြည့်နေစဉ် ယန့်လင်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာခဲ့သည်။ လုရွှမ်ဆီ အသက်ကို အပ်ထားရမယ် ဆိုတာ ဘာကိုဆိုလိုတာလဲ။
သူမသည် ခေါင်းတညိတ်ညိတ် လုပ်နေသော ဝူထန်းကိုလည်း တစ်ချက် ကြည့်လိုက်သည်။ အဲဒီလူကလည်း လူမိုက်ဖြစ်နေတာ ထင်ရှားပေ၏။
"ကျန်းလုံ.... ရှင် ဘာကိုဆိုလိုတာလဲ"
ကျန်းလုံက ပြုံးပြီး "နတ်သမီး... ငါ့ဆန္ဒအတိုင်း ပြောရရင် ငါတို့မှာ အကာအကွယ်တစ်ခုလောက် ရှိသင့်တယ်ထင်တယ်"
"အာမခံလား?... ဘာအာမခံလဲ ရှင်တို့ သူ့ကို နှိုးပြီး ကျိန်ဆိုခိုင်းမလို့လား?"
"ဟုတ်တယ်... အဲဒါက သခင်လေးလုရွှမ်ရဲ့ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာမှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး... ငါဆိုလိုတာက သူ့ကို နှိုးဖို့ မလိုအပ်ပါဘူး သူ့ကို တစ်ခုခု ကျွေးမွေးဖို့ပဲ လိုတာ"
ယန့်လင်က "ရှင် သူ့ကို အဆိပ်ခတ်ဖို့ ကြံစည်နေတာလား?"
"ငါက နည်းနည်း အကာအကွယ် လိုချင်ရုံပါ... အခု သူ့ကို ကာကွယ်ပြီးရင် အဆိပ်နည်းနည်း ကျွေးလိုက်မယ် ဒါက ပုံမှန် အရောင်းအဝယ် လုပ်သလိုပဲ မဟုတ်ဘူးလား... အပြင်ထွက်ပြီးတာနဲ့ သူ့ကို အဆိပ်ဖြေဆေး ပေးမယ် အားလုံးအတွက် အဆင်ပြေတယ်လေ ဟုတ်တယ်မလား?"
ယန့်လင် စိတ်ထဲမှာ လှောင်ရယ်လိုက်သည်။ အပြင်ထွက်ပြီးရင်တောင် ဒီလူက လုရွှမ်အား ဖြေဆေးကို ရိုးရိုးရှင်းရှင်း မပေးမှာ ကြောက်ရသည်။ အဆိပ်ကို ဖိပြီး လုရွှမ်ကို လှောင်ပြောင်ကြလိမ့်မယ်။
ကျန်းလုံက အနည်းငယ် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော်လည်း အားကိုးစရာ တစ်ခုခုတော့ ရှိဖို့ကောင်းပါသည်။ သူတို့ အန္တရာယ်နဲ့ ကြုံလာမှ လုရွှမ်က တစ်ယောက်တည်း ထွက်ပြေးသွားဖို့ သူ့ရဲ့ ခွန်အားကို အားကိုးသွားရင် သူတို့က ဘယ်သူ့ဆီသွားပြီး ငိုရမှာလဲ။
ယန့်လင်လည်း ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"လူတိုင်းက ကိုယ့်လုံခြုံရေးအတွက် တွေးနေကြတာပဲ..."
"ဟေး ဟုတ်တာပေါ့... ငါတို့လည်း ဒီနေရာက ထွက်ပြေးဖို့ တွေးနေတာပဲလေ ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူ မဖြစ်ချင်ပါဘူး ငါ့မှာ အဆိပ်ပုလင်းရှိတယ် အဲဒါက နာမည်ကြီး အဆိပ်ဆယ်ခုလောက် အစွမ်းထက်တာတော့ မဟုတ်ပေမယ့် သေချာပေါက်...ကောင်းကင်ဘုံသခင် နယ်ပယ်မှာ ရှိတဲ့ လူတွေက ကိုယ့်အစွမ်းအစကို အသုံးချပြီး အဆိပ်အတောက်တွေကို ချေဖျက်နိုင်မှာ မဟုတ်ဘူး... ငါ့မှာ နှလုံးသတ်မြက် အဆိပ်ပါတယ်"
နှလုံးသတ်မြက်?
ယန့်လင် သူမ၏ နှလုံးသားထဲတွင် အံ့သြထိတ်လန့်သွားသလို ကျန်းလုံဆီသို့ သူမ၏ နိုးနိုးကြားကြား သတိများက အချက်ပေါင်းများစွာ တိုးလာသည်။
နှလုံးသတ်မြက်ပင် ဆိုတာ ရောက်တက်ရာရာ ပေါက်ရောက်တတ်တဲ့ အဆိပ်ပင်မျိုး မဟုတ်ပေ။ ဒီလူရဲ့ နောက်ခံက သူပြောတာထက် ပိုကောင်းနေမှာ ကြောက်ရသည်။
"ခဏလေး... ဒီအဆိပ်က ရှင်ပိုင်တယ် အန္တရာယ်ကြုံချိန်မှာပဲ မင်းကိုပဲ ကယ်ခဲ့မယ်ဆိုရင် ကျွန်မတို့နှစ်ယောက်လုံး အတွက် အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား"
ယန့်လင် အော်ပြောလိုက်သည်။ ကျန်းလုံလည်း ခဏလောက် တုံ့ဆိုင်းသွားပြီး။
"ဒါက တကယ့်ပြဿနာပဲ ဒါပေမဲ့ နတ်သမီးလည်း အဆိပ်ရှိရင် သုံးလို့ရတယ်... ငါရဲ့နှလုံးသတ်မြက်နဲ့ တခြားအဆိပ်တွေက အဲဒါကို ထိခိုက်စေမှာ မဟုတ်ဘူး"
"မလိုပါဘူး ကျွန်မမှာ သူ့ကို ထိန်းချုပ်ဖို့ လုံလောက်တဲ့ ကန့်သတ်ချက်တွေ ရှိတယ်"
ထိုအခါ ဝူထန်းကလည်း ဝင်ဆိုလေ၏။
"ဒါပေမဲ့ ငါ့မှာ ဘာမှမရှိဘူး!"
ကျန်းလုံက တဟားဟား ရယ်ပြီး
"ညီအစ်ကို မင်း အရမ်းစိုးရိမ်နေတာပဲ.... ငါတို့နှစ်ယောက်ကို ကယ်တင်ဖို့ စိတ်ကူးထားပြီးသားဆိုတော့ မင်းကိုပါ ထည့်စဉ်းစားရင်တောင် ပြဿနာမရှိပါဘူး!"