အရည်အချင်း ရှိသားပဲ
Vol. 89 Ch. 4.848
ယန့်လင်က "ဟုတ်တယ် သေရေးရှင်ရေး အခြေအနေမှာ လူနှစ်ယောက်ကို ကယ်တာနဲ့ လူသုံးယောက်ကို ကယ်တင်တာ ဘာကွာခြားချက်မှ မရှိပါဘူး မဟုတ်ရင် ဘယ်သူမှ မကယ်နိုင်လောက်တော့ဘူး... လူနှစ်ယောက်ကို ကယ်တင်နိုင်တဲ့အတွက် ဘာပြဿနာမှ မရှိပါဘူး တတိယတစ်ယောက်ကို ထည့်တွက်တာလည်း စိတ်ချနိုင်တယ်"
ဝူထန်းက တခစ်ခစ်ရယ်နဲ့ ခေါင်းငုံ့သွားလေသည်။ မျက်လုံးထဲမှာတော့ အရောင် တလက်လက် တောက်ပနေ၏။ သူ့ကို ငတုံး ဒါမှမဟုတ် အရူးတစ်ယောက်လို့ ထင်နေတာ မဟုတ်လား။
လုရွှမ်သာ နိုးလာပါက ဤအခိုက်အတန့်တွင် ထိုကျင့်ကြံသူ၏ လက်ဖဝါးပေါ်က နားမလည်နိုင်သော ပြောင်းလဲမှုတစ်ခုကို သူတွေ့မြင်နိုင်လိမ့်မည် ဖြစ်ပြီး ယင်းအချက်မှာ ရုပ်သေးပညာသည် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားသည့် လက္ခဏာတစ်ရပ် ဖြစ်ကြောင်းလည်း သိလိမ့်မည်။
နောက်ဆက်တွဲ အနေနဲ့ အခင်းအကျင်း ဖွဲ့စည်းမှုအတွင်း ရှောင်ပိုင်နဲ့ ရားရားတို့မှာ ခုန်ထွက်လာရန် မစောင့်နိုင်တော့ပေ။ လူသားတစ်ယောက်က ဒီလိုမျိုးလုပ်တာက ခြိမ်းခြောက်ချင်နေတာ ရှင်းနေတာပဲလေ။
ဒါပေမဲ့ ကလေးမနှစ်ယောက် သည်းမခံနိုင်တော့တဲ့ အချိန်မှာပဲ ရွှေကျီးကန်းရဲ့ အသံက ပေါ်လာခဲ့သည်။
"စိတ်မပူပါနဲ့ ဒီလူတွေက မျက်စိကန်းတဲ့ အစီအစဥ်တွေပဲ လုပ်နေကြတာ ဟမ့် လူကြမ်းတွေက ကမ္ဘာကြီးကို ကြည့်နေတဲ့အချိန် လောကကြီးက လူဆိုးတွေနဲ့ ပြည့်နေတတ်တယ်တဲ့... လုရွှမ်ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့အပေါ်ကောင်းတဲ့ ဘယ်သူ့ကိုမှ စွန့်လွှတ်မှာမဟုတ်ဘူး ဒီလူတွေက သူ့ရှင်သန်မှု လမ်းကြောင်းကို ပိတ်ဆို့နိုင်မှာ မဟုတ်ဘူး.... .”
"ဒါပေမဲ့ သူတို့က ကိုကိုလုရွှမ်ကို အဆိပ်ကျွေးပြီး ထိန်းချုပ်ချင်နေတာ မဟုတ်ဘူးလား?"
ရားရား စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။ ထိုအခါ ရွှေကျီးကန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပေ၏။
"လုရွှမ်ကို ထိန်းချုပ်မယ်?? အဲဒီအမျိုးသမီးရဲ့ ခြေသုံးချောင်း ကြောင်ကွန်ဖူးနဲ့ လုရွှမ်ကို တိုက်ခိုက်ဖို့ ကြံစည်နိုင်စွမ်း ရှိရင်တောင် သူ့ကိုယ်ပိုင် စွမ်းရည်ကို တွက်ဆလွန်းနေတာပဲ... အဆိပ်ခတ်တာက ပိုတောင် ရယ်စရာ ကောင်းသေးတယ်.... ယွမ်ယန်ကျင့်စဥ်က အဆိပ်အားလုံးကို ခံနိုင်ရည်ရှိတယ်"
"ယွမ်ယန်ကျင့်စဥ်က မခုခံထားနိုင်ရင်တောင် အဲဒီကလေးက ကူဝိညာဥ်သည်းခြေကို မကြာသေးခင်ကမှ ရထားပြီး အဲဒါကို တစ်ချိန်လုံး သန့်စင်နေတာ သူ့အပေါ်ကို အဆိပ်သုံးမယ်ပေါ့.... ငါတော့ ရယ်ရလို့ သေတော့မှာပဲ"
"လုပ်ပါစေ ပြီးတော့ မင်းတို့ ဘာမှဝင်မလုပ်ဘဲ သူတို့ဘာသာ ပြင်းပြင်းထန်ထန် လုပ်ခိုင်းလိုက်... လုရွှမ် ခွန်အား ပြန်ရလာတဲ့အခါ ဒီလူဆိုးတွေနဲ့ ဘယ်လို ဆက်ဆံမလဲ ဆိုတာကို ငါတို့ မြင်ရလိမ့်မယ်"
ရှောင်ပိုင်နဲ့ ရားရားတို့လည်း စိတ်သက်သာရာ ရသွားကာ အတူတူ ရယ်မောလိုက်ကြပြီး လူသားသုံးဦးသည် ကိုယ်ကျိုးမနပ်ဘဲ အသုံးမဝင်သောအလုပ်များကို ဆက်လက် လုပ်ဆောင်နေကြတာကို ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။
ရားရား လက်ဝှေ့ရမ်း၍ လုရွှမ် ပတ်၀န်းကျင်ရှိ ကန့်သတ်ချုပ်ချယ်မှုကို တိတ်တဆိတ် ရုတ်သိမ်းလိုက်ပြီး သူတို့နှစ်ဦးကို အဆိပ်သင့်စေမယ့်ဘေးမှ ကာကွယ်ထားပြီးနောက် ၎င်းတို့သုံးဦး သတိမထားမိစဥ် ကန့်သတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့သည်။
သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် စိတ်ဝင်တစား ကြံစည်ပြီး တစ်ယောက်ကို တစ်ယောက် သတိထား ကြည့်နေကြ၏။
တုန်လှုပ်နေသည့် အသံတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ်လူများစွာ ပေါ်လာပြီး ရန်လင်းနှင့် အခြားသူများသည် လုရွှမ်ကို ကာကွယ်ပေးနေသည့် ပုံသဏ္ဌာန်ကို မြင်လိုက်ကြရသည်။
"အားလုံးပဲ ရှင်တို့ရဲ့ အစီအစဥ်ကို ပြောပြပါ... သခင်လေးလုရွှမ်ကို သတ်ချင်တာလား ဒါမှမဟုတ် ကာကွယ်ချင်တာလား"
ယန့်လင်က ဦးစွာ အော်လိုက်သည်။
"ဟေး လူတိုင်းကို ငတုံးတွေလို့များ ထင်နေလား?" လူကြီးတစ်ယောက်က အော်၏။
"ဟုတ်တယ် ဒီကောင်လေးက ငါတို့ကို ဖယ်ထုတ်သွဖို့ ဖြစ်နိုင်ခြေများတယ်.... ဒါပေမဲ့ သခင်လေးလုရွှမ်က ငါတို့ကို ခေါ်ထုတ်သွားမယ့် ခွန်အား တကယ်ရှိပါ့မလား"
နောက်ထပ် ကျင့်ကြံသူ မိန်းကလေးတစ်ယောက်ကက လှမ်းအော်လိုက်သည်။ သူမ အသံသည် အေးစက်နေပြီး ရောင်ဝါက အနည်းငယ် ကွာဟနေသဖြင့် လူအများနှင့် ပေါင်းသင်းရ ခက်စေတယ်လို့ ခံစားရစေသည်။
"ဟမ့် သေချာပါတယ်... နောက်ထပ် ဘယ်သူကများ လုပ်နိုင်သေးလဲ? ဒါပေမဲ့ သခင်လေးလုရွှမ်မှာ အခွင့်အလမ်း အကြီးဆုံးတွေ ရှိတတ်တယ် တခြားသူတွေနဲ့ ယှဉ်ရင် ငါကတော့ သခင်လေးလုရွှမ်ကို ပိုယုံကြည်တယ်"
ယန့်လင်တို့ သုံးယောက်က စကားဝင်မပြော ကြသေးသော်လည်း ရောက်လာသော လူများက ဦးစွာ ငြင်းခုံနေကြလေသည်။
"လူတိုင်း ခဏလောက် ငြိမ်ငြိမ်နေပေးကြပါ... ဒီကို ရောက်ကတည်းက လူတိုင်းအပေါ် ကောင်းကင်ဘုရင် စံအိမ်ရဲ့ သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီလို့ ထင်တယ်.... ကောင်းကင်ဘုရင် စံအိမ်ကြောင့် စိတ်တွေ ထိခိုက်မိတဲ့ လူတွေ အများကြီးကို ငါတို့လည်း ရင်ဆိုင်နေရတာပဲ"
လူအတော်များများ နှုတ်ဆိတ်သွားကြသည်။ ထိုလူများသည်လည်း အတွင်းစိတ်ထဲက ကြောက်လန့်မှုကို ယခင်က မြင်ဖူးခဲ့ကြသည်မှာ ထင်ရှားပါသည်။
"ဒါဆို အားလုံး ကျေးဇူးပြုပြီး ငြင်းခုံတာကို ရပ်လိုက်ပါ... ပိုကောင်းတဲ့နည်းလမ်း မရှိဘူး ဆိုရင်တောင် သခင်လေးလုရွှမ်က ကျွန်မတို့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်မယ်လို့ ဝန်ခံသင့်တယ်"
ယန့်လင်က လူတိုင်းရဲ့ စိတ်ခံစားချက်တွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားရင်း သတိရှိရှိနဲ့ ပြောလိုက်ပါ၏။
သူမက ထက်မြက်သူ တစ်ဦးဖြစ်ပြီး အခြားသူများထက် အသံပိုကျယ်လေ လုရွှမ်နှင့်စကားပြောသောအခါ သူမသည် အခွင့်အာဏာပိုရှိမည်ကို ကောင်းစွာသိသည်။ ထိုအခါ တခြားသူများနှင့် နှိုင်းယှဉ်ပါက လုရွှမ်သည် မိမိကို ပို၍တန်ဖိုးထားနိုင်သည်။
ဤအလေးပေးမှုသည် သာမန်အချိန်များတွင် အလွန်အရေးမကြီးဟု ဆိုနိုင်သော်လည်း အန္တရာယ်နှင့် အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေများတွင်မူ အလွန်အရေးကြီးပါသည်။
"ကောင်းပြီ... သခင်လေးလုရွှမ်က ဒီစွမ်းရည် ရှိရင်တောင်မှ ငါတို့ကို ခေါ်ထုတ်ချင်စိတ် ရှိမလား ဘယ်သူက အာမခံနိုင်မှာလဲ? ဟမ့် အထူးသဖြင့် အန္တရာယ် ရှိလာတဲ့အခါ လူတွေက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ပဲ အားသန်ကြတာလေ...."
"ရုပ်သေးရုပ်လို ဖြစ်သွားတဲ့ အပြင်မှာ မရေမတွက်နိုင်တဲ့ လူတွေလည်း ရှိတယ်.... ခုခံရင်း သေတဲ့အထိ တိုက်ပွဲဝင်ကြတယ် ဒဏ်ရာရရင်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပြီ... အဲဒီအခါ စွန့်လွှတ်ခဲ့ရင် ဘာဖြစ်သွားမလဲ!"
ဤသူ၏စကားသည် တခြားသူများ၏ နှလုံးသားထဲသို့ ဝင်ရောက်သွား၏။ ၎င်းအတွက် အချည်းနှီး ပေးဆပ်လိုက်ရမည်ကို ကြောက်ရွံ့ပြီး လုရွှမ်ဆီက စွန့်ပစ်ခံရမှာကိုလည်း စိုးရိမ်နေပါသည်။
ယန့်လင်က ရုတ်တရက် ကဲ့ရဲ့သံဖြင့် ဆိုလိုက်သည်။
"အများကြီး ပေးဆပ်လိုက်သလိုပဲနော်... ဒါက အပြင်မှာ မဟုတ်ဘဲ ကောင်းကင်ဘုရင် စံအိမ်ထဲ ရောက်နေတာလေ ဒီမှာက နေရာတိုင်းမှာ အန္တရာယ်တွေ ရှိတယ်.... မကာကွယ်ချင်ရင် အပိုစကားတွေ ပြောစရာ မလိုအပ်ဘူး အပြင်ဘက်က အဲဒီရုပ်သေးတွေ အကြောင်း ထည့်ပြောနေတာတော့....!"
"ရှင်တို့မှာ သခင်လေးလုရွှမ်ကို ကာကွယ်ဖို့ ရည်ရွယ်ချက် မရှိရင် ထွက်သွားလို့ရတယ်... ရှင်တို့မှာ အင်အားရှိမရှိ သိနိုင်ဖို့ ကိုယ်တိုင် သွားတိုက်ဖို့ မလိုပါဘူး.... ဒီမှာနေပြီး သေတဲ့အထိ တိုက်ပွဲဝင်နေမယ် ဆိုရင် သခင်လေးလုရွှမ်နဲ့ စစ်တိုက်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်....ဒါက သေခြင်းတရားထဲက အခွင့်အလမ်းပဲ"
"သခင်လေးလုရွှမ် မရှိရင် လူတိုင်း အသက်ရှင်ဖို့ အခွင့်အလမ်းက ဘယ်လောက် ရှိမှာလဲ? 10% ဒါမှမဟုတ် ၁၀%ရဲ့ တစ်ဝက်လား? အဲ့လောက်တောင် ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ သခင်လေးလုရွှမ်ကို ဝန်းရံပြီး အပြင်းအထန် တွန်းလှန်မယ်ဆိုရင် အနည်းဆုံး 20% ကျန်နေလိမ့်မယ်။ ဒါမှမဟုတ် 30% လောက်တောင် မျှော်လင့်လို့ရတယ်"
ယန့်လင်က သူမရဲ့ လက်ဝါးတွေကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး ဆက်ပြောလိုက်သည်။
"ထွက်သွားချင်ရင် အခုထွက်သွားလို့ရပြီ.... အသက်ရှင်ချင်တဲ့သူ နေခဲ့လိုက်ပါ မျှော်လင့်ချက် တစ်ခုအတွက် အတူတူ တိုက်ပွဲဝင်ကြရအောင်.... သခင်လေးလုရွှမ်က ရှင်တို့ကို ဘာအကြွေးမှ တင်ထားမှာ မဟုတ်ပါဘူး!"
လျှို့ဝှက် အခင်းအကျင်းထဲက ကျားဖြူလေးနဲ့ ရားရားတို့ နှစ်ယောက်စလုံး အံ့သြတုန်လှုပ်သွားကြသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုး ရှိပါသေးသည်။ ဖြောင့်မတ်ခြင်း နှင့် အံ့သြဖွယ်ကောင်းသော စကားလုံးများကို သုံးနှုန်းနေတာ အရှက်မရှိဘူးလား မပြောတတ်။
သူတို့ အမြင်မှာတော့ ဒီအမျိုးသမီးက တော်တော် အရေထူနေပြီ။ ဒါပေမဲ့ ဒီမိန်းကလေး ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ပြောရမယ်။ အနည်းဆုံးတော့ စကားလုံးတွေရဲ့ အမှန်တရားက တခြားသူတွေကို ချက်ချင်း ချေပဖို့ မဖြစ်နိုင်ဘူးလေ။
"ဒါဆို ငါတို့ လုရွှမ်ကို ကူညီပေးခဲ့တယ်... အနည်းဆုံးတော့ ငါတို့ အာမခံချက် တစ်ခုလိုတယ် မဟုတ်လား?"
တူညီသော စကားလုံးများ ထပ်ပေါ်လာပြန်သည်။
ယန့်လင်က "ရှင်လုပ်ချင်တာက သူ့ကို ခြိမ်းခြောက်ဖို့ပဲမလား? ရှင့်မှာ သူ့ကို ကန့်သတ်နိုင်တဲ့ အဆိပ်တွေ ဒါမှမဟုတ် အခင်းအကျင်း တစ်ခုခုရှိနေတယ်ပေါ့.... ပြီးတော့ သူ့ကိုအဲဒါနဲ့ ထိန်းချုပ်ဖို့ ရှင့်ကို ပြန်ကူညီရမယ်ပေါ့လေ"
"အရင်ဆုံး လူကြမ်းတစ်ယောက်ရဲ့ နှလုံးသားပဲ ရှိတယ်ပဲထား....ကိုယ် လွတ်မြောက်အောင် တခြားသူတွေကိုလည်း ကူညီစေချင်တယ် ဆိုရင် အဲဒီလိုနည်းလမ်းက အသုံးဝင်ပါ့မလား စဉ်းစားကြည့်ပါဦး"
ဘေးက ဝူထန်းနဲ့ ကျန်းလုံတို့မှာ မျက်စိမျက်နှာ ပျက်သွာပေမယ့်လည်း အပေါ်ယံ မျက်နှာထားမှာတော့ ဘာမှ မပြသလာပေ။
“ကျွန်တော်က ပေါ့ပေါ့ပါးပါး ပြောကြည့်တာပါ”
ထိုလူက အနည်းငယ် ရွဲ့စောင်းစွာ အော်လိုက်သည်။ ယန့်လင်ဆီက ဖြောင့်မှန်စွာ အော်ငေါက်ခံရပြီးနောက်တွင် လူများသည် ငြင်းခုံနေရန် ယုံကြည်မှု မရှိတော့ဘဲ နှုတ်ဆိတ်နေခဲ့ကြသည်။
နောက်ထပ် လူငါးယောက် ပါဝင်လာပါပြီ။
လူရှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တိုတိုတုတ်တုတ်သာ မိတ်ဆက်၍ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုဖွဲ့ပြီး လုရွှမ်ကို ကာကွယ်ဖို့ စတင်ခဲ့သည်။
ရွှေကျီးကန်းလည်း သူ့လျှာကို အသာကိုက်၍ ဆိုလိုက်သည်။
"ဒီမိန်းကလေးက အရည်အချင်းရှိသားပဲ!"
ကျားဖြူလေးနဲ့ ရားရားကလည်း အကြိမ်ကြိမ် ခေါင်းညိတ်ပြလေ၏။