← Chapters

ဒြပ်စင်ငါးပါး ပျောက်ဆုံးနေတယ်

Vol. 89 Ch. 4.851

ဒြပ်စင်ငါးပါး ပျောက်ဆုံးနေတယ်

Vol. 89 Ch. 4.851

"ကောင်းပြီ... ငါတို့ ဘာဆက်လုပ်ရမလဲ ဆွေးနွေးရအောင်"

ညသည် ပို၍ပို၍ မှောင်လာပြီ။ ကောင်းကင်တွင် လခြမ်းရှိနေသော်လည်း တဖြည်းဖြည်း ပိုမှောင်လာကာ တိမ်တွေထဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။

သူတို့ပတ်ဝန်းကျင်က မြင်ကွင်းတွေက ပိုပိုမှောင်လာပေမယ့် တကယ်တော့ ကျင့်ကြံသူတွေအတွက် ညဆိုတာက သက်ရောက်မှု သိပ်မရှိပါ။ အမှောင်ကို ရှောင်ပြီး အလင်းရောင်ကို နှစ်သက်တာက သက်ရှိအများစုရဲ့ ဗီဇဖြစ်သည်။

"မဝင်တုန်းက အကြမ်းဖျင်း တွက်ချက်ကြည့်တာ... ကောင်းကင်ဘုရင် စံအိမ်ထဲကို ကျသွားတဲ့လူက သုံးရာလောက် ရှိတယ်ဆိုတာ တွေ့လိုက်တယ်.... နောက်ထပ်လည်း ရှိသေးတယ်.. အဲ့လူပေါင်း သုံးရာလောက်နဲ့ တွက်ပြီး ပြောရရင် အဲဒီအချိန်တုန်းက ကောင်းကင်ဘုရင်စံအိမ်က အန္တရာယ် မရှိသေးဘူး... ဆိုတော့ ပထမလူ၃၀၀နဲ့ ငါတို့ကို လျှို့ဝှက်ကြံစည်နေတာ ဖြစ်နိုင်ချေ ရှိတယ်"

"ဟုတ်တယ် အခုငါတို့မှာ အချိန်ရှိသေးတယ်.... အဲဒီလူတွေကို ကောင်းကင်ဘုရင် စံအိမ်ရဲ့ ရုပ်သေးရုပ်တွေ အဖြစ် မပြောင်းခင်မှာ ရှာတွေ့နိုင်ရင် ငါတို့ရဲ့ စွမ်းအားနဲ့ တွန်းလှန်နိုင်လောက်တယ်"

"မင်းတို့ငါ့ကို လာရှာတုန်းက လမ်းခရီးကို ဘယ်လိုခံစားရလဲ? လုံခြုံရဲ့လား?"

လုရွှမ်ရဲ့ မေးခွန်းကြောင့် လူခုနစ်ယောက်လည်း ခဏလောက် ငြိမ်သက်သွားကာ ပြန်စဥ်းစားကြရင်း အဲဒီလမ်းမှာ တွေ့ကြုံခဲ့ရတဲ့ အန္တရာယ်တွေအကြောင်း တစ်ယောက်ပြီး တစ်ယောက် ပြောပြလာသည်။ တကယ်တော့ ဘယ်သူမှ အန္တရာယ်​နဲ့ မကြုံတွေ့ခဲ့ရပေ။

“အဲဒါက ငါတို့ မူလလမ်းအတိုင်း ပြန်သွားနိုင်မယ်လို့ ဆိုလိုတာလား?”

ကျင့်ကြံသူတစ်ယောက်က အော်လိုက်သည်။ သူ့နာမည်က ပိုင်ကျို့ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နတ်မီးနယ်ပယ်ထဲကို စတင် ဝင်ရောက်နေပြီ။ ခပ်နုံနုံ ပုံစံကြောင့် လုရွှမ်မှာ သူဘယ်လိုများ ရှင်သန်နိုင်ခဲ့လဲ ဆိုတာကိုပင် သံသယဖြစ်မိသည်။

"မဟုတ်ဘူး ဒါက လမ်းရဲ့အန္တရာယ်ကို ပိုပြနေတာ... မင်းတို့က ကံကောင်းသူတွေပဲ မဟုတ်ရင် ရုပ်သေးတွေ ပိုများလာလိမ့်မယ် ပြီးတော့ ဒီရုပ်သေးတွေက ငါတို့ကို ဘာလို့ လာတိုက်ခိုက်ရတာလဲ? သူတို့က ငါတို့ အနီးအနားမှာ ရှိနေလို့ ဖြစ်နိုင်လား? ငါအရင်က စစ်ဆေးပြီးသွားပြီ.... သူတို့ မရှိဘူး.... သူတို့အားလုံး ငါ့ဆီကိုလာတဲ့ လမ်းမှာ တိုက်ခိုက်ခံရပြီး လူလည်းမဟုတ် တစ္ဆေလည်း မဟုတ်တဲ့ အဲဒီရုပ်သေးတွေ ဖြစ်သွားကြတာ”

လူတိုင်းမှာ ရင်တထိတ်ထိတ်နဲ့ နားထောင်ရင်း လုရွှမ် ပြောတာမှန်တယ် ဆိုတာကိုလည်း သူတို့ သဘောပေါက်သွားသည်။ သူတို့က လမ်းမှာ အန္တရာယ်မရှိလို့ မဟုတ်ဘဲ ကံကောင်းသူတွေ ဖြစ်နေလို့ပင်။

"ဒါဆို ငါတို့ လာခဲ့တဲ့အတိုင်း အတိအကျ ပြန်သွားနိုင်တယ် ဆိုရင် ဒါက ရွေးစရာတစ်ခုလို့ သတ်မှတ်လို့ရလား?"

"အတည်မပြုရသေးပေမယ့် မဖြစ်နိုင်သလောက်ပါပဲ.... ဒီထဲမှာ ဉာဏ်ကောင်းတဲ့သူတွေ အများကြီးရှိတယ်.... လာရာလမ်းအတိုင်း ပြန်သွားကြည့်ဖို့ စမ်းကြည့်ဖူးပေမယ့် ဘယ်သူမှ လွတ်မြောက်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့လောက်ဘူး... ဆိုလိုတာကတော့ စံအိမ်ရဲ့ အန္တရာယ်က အချိန်တိုင်း ပြောင်းလဲနေတာ"

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။ သူက ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူ့အတွင်းစိတ်ထဲက ဖိအားများက ပိုမိုပြင်းထန်လာသည်။

"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ဒီနေရာရဲ့ မြေပြင်က ပြောင်းနေပြီ.... ငါတို့ မူလလမ်းအတိုင်း ပြန်သွားရင် ကောင်းမယ်....မဟုတ်ရင် ငါတို့ကို သေလမ်းပို့​ပေးလိမ့်မယ်"

လူတိုင်း လန့်ဖျပ်သွားသော်လည်း တချို့လူများက အဆင်မပြေဘူးလို့ ထင်ကြသည်။

"ဒါက အလုပ်မဖြစ်ဘူး အလုပ်မဖြစ်ဘူး ငါတို့ ဘာလုပ်သင့်လဲ... အဲဒီရုပ်သေးတွေက ငါတို့ကို တိုက်ခိုက်ဖို့ စောင့်နေလောက်တယ်လေ"

ထအော်လိုက်သူက တျယ်ရှုံလို့ခေါ်ပြီး သူကတော့ သန်မာတဲ့ ကျင့်​ကြံမှုအခြေခံနဲ့ ဒေါသကြီးပြီး ထွားကျိုင်းတဲ့ လူပင်။ ယခင်တိုက်ပွဲတွင် လုရွှမ်သည် ဤလူသည် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ပြီး အနည်းငယ် စိတ်အားထက်သန်ခဲ့ကြောင်း ရှင်းလင်းစွာ မြင်ခဲ့သည်။

လူတစ်ဦးသည် သူ၏စရိုက်၊ သူ၏ စိတ်နေသဘောထားနှင့် သူ၏စရိုက်ကို ပုံမှန်အချိန်များတွင် ဖုံးကွယ်ထားနိုင်သည်။ သို့သော် အသက်နှင့် သေခြင်းတရားကို မျက်နှာချင်းဆိုင် တွေ့လာရတဲ့အခါ စရိုက်အားလုံးက ထင်ရှားလာလိမ့်မည်။

ဒီလူကြီးက ဘယ်သူ့ကိုမှ မယုံကြည်ပုံပေါ်သလို ထင်ရာစိုင်းပြီး ရိုင်းစိုင်းပေမယ့် ရိုးသားတဲ့သူ တစ်ယောက်ပါပဲ။

တခြားသူတွေနဲ့ယှဉ်ရင် လုရွှမ် ဒီလူကြီးကို ပိုသဘောကျသည်။ စကားမပြောတတ်နိုင်၊ နူးညံ့တဲ့ သဘောထားတာကို မပြနိုင်၊ ဆူညံပွက်လောရိုက်နိုင်ပြီး လူတွေကို ရွံရှာစေလိမ့်မယ်။ ဒါပေမဲ့ သူက ရိုးရိုးသားသား ရှိတာကြောင့် လုရွှမ် အတွက် ဒါက လုံလောက်ပါသည်။

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။

"ဒီမှာစောင့်ရုံနဲ့တော့ မဖြစ်နိုင်ဘူးလေ... ငါအရင်က ပြောထားသလိုပဲ ဒီနေရာရဲ့ မြေပြင်က ပြောင်းသွားနိုင်တယ်... ငါတို့ရွှေ့ရင် ထောင်ချောက်ထဲ ရောက်သွားနိုင်တယ် ဒါပေမဲ့ ငါတို့မလှုပ်ရှားရင် ငါတို့က 100% ဘေးကင်းမယ်လို့ အာမမခံနိုင်ဘူး... ဒီနေရာက ထောင်ချောက် ဖြစ်သွားလိမ့်မယ်"

"ငါတို့လုပ်ရမယ့်အရာက ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး အဲဒီအထဲက အကောင်းဆုံး နည်းလမ်းကို ရှာဖွေကြည့်ရမယ်...အဲဒါက အတော်လေး အန္တရာယ်ကင်းတဲ့ အလောင်းအစားတစ်ခုပဲ"

"အခုတော့ ငါတို့ရဲ့ ပန်းတိုင်က လူများများရှာပြီး စည်းစည်းလုံးလုံးနဲ့ ထွက်ခွာသွားရမှာပဲ... မင်းတို့ကလွဲလို့ တခြားဘယ်သူ မလာသေးတာလဲလို့ စဉ်းစားမိလား?"

"ငါခွန်အားပြန်ရလာတာကို လူတိုင်း မြင်ကြပြီမို့ ငါဒီကိုလာတုန်းက တခြားသူတွေလည်း ငါလာတာကို မြင်ကြမှာပဲ ဒါပေမဲ့ သူတို့ရောက်မလာခဲ့ဘူး.... သေသွားတာ ဖြစ်နိုင်သလို ရုပ်သေးရုပ်လည်း ဖြစ်သွားနိုင်တယ် ဒါ့အပြင် အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တယ်... သူတို့အသက်ကို ကယ်တင်နိုင်ပါ့မလား သူတို့ ပျောက်ဆုံးသွားတာလား ငါတို့ မြင်နိုင်ပေမယ့် လာမရှာနိုင်တာလားတော့ မပြောတတ်ဘူး ”

တျယ်ရှုံက ဒေါသတကြီး အော်လိုက်ပြီး "ဒါဆို သူတို့က ငါတို့ကို ရှာမတွေ့လို့ ငါတို့က သွားရှာရမှာလား"

"မင်းတို့က ငါ့ရဲ့ ချောမောမှုကြောင့် မဟုတ်ဘဲ ငါ့ရဲ့ အရည်အချင်းကြောင့် ခေါ်ထုတ်သွားစေချင်နေတာပဲ မဟုတ်ဘူးလား"

လူတော်တော်များများ ရယ်မောသွားကြသည်။ တျယ်ရှုံက နှုတ်ခမ်းစူနေသော်လည်း ဘာမှမပြောတော့ပေ။ မြေမျက်နှာသွင်ပြင်က ပြောင်းလဲနေပြီမို့ လုရွှမ် မုသားပြောနေတာ မဟုတ်တာတော့ သေချာလေ၏။

ယနေ့ ကောင်းကင်ဘုရင် စံအိမ်သည် စိတ်ဝိညာဉ်အပေါ် တိုးများလာသော သြဇာလွှမ်းမိုးမှုမျိုး ရှိလာ​ပြီ။ ပြင်းထန်သော ဒဏ်ကို ခံနိုင်ရည်ရှိရမည့် အရာမှာ ဝိညာဉ်ကို ဖိနှိပ်ချုပ်ချယ်ထားခြင်းပဲ ဖြစ်သည်။ လုရွှမ်၏ လက်ရှိ ဝိညာဉ်နှင့်ပင် ယခု သူခံစားနိုင်သော အကွာအဝေးသည် အချင်းဝက် တစ်ဒါဇင်သာရှိကြောင်း တွေ့ခဲ့သည်။ တခြားလူတွေဆို မျက်စိကန်းနေသလိုတောင် ဖြစ်နေပြီ။

ဒီလိုအခြေအနေမျိုးမှာ မျက်လုံးက ပိုစိတ်ချရတယ် ဆိုပေမယ့် မျက်လုံးတွေကလည်း အချိန်တိုင်း သိပ်ယုံနိုင်စရာ မရှိပေ။

သို့သော်လည်း အမြင်အာရုံ ပြောင်းလဲမှုများသည် လုရွှမ်၏ ဦးတည်ချက်မှ မလွတ်ကင်းနိုင်ချေ။ အခင်းအကျင်း ပညာရှင်သည် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများအတွက် အလွန်အကဲဆတ်​လေသည်။

ကန့်သတ်ဖွဲ့စည်းမှု တချို့မှလွဲ၍ အခင်းအကျင်း ဖွဲ့စည်းမှုအများစုသည် မြေမျက်နှာသွင်ပြင်နှင့် ပတ်ဝန်းကျင်အပေါ် မှီခိုနေရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝိညာဥ်စွမ်းအင် လမ်းကြောင်းနှင့် ဒြပ်စင်ငါးပါး၏ ပြီးပြည့်စုံမှုကို ထိခိုက်စေနိုင်သည်။

လုရွှမ် မျက်လုံးများတွင် သူ့ပတ်ဝန်းကျင်ရှိ ဒြပ်စင်ငါးပါးက ပြောင်းလဲနေသည်။ ယင်းက သူ့ကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် အသိပေးနေ၏။ သို့မဟုတ်ပါက မြေမျက်နှာသွင်ပြင်သည် ပိုမိုမြန်ဆန်လာသောအခါ တခြားသူများကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

မြင်နိုင်သော်လည်း မရှာနိုင် သို့မဟုတ် ထိ၍မရလောက်အောင် ဝေးကွာနေပုံရသည်။

သတ္တဝါတို့သည် ဒြပ်ငါးပါးဖြင့် မွေးဖွားလာသောကြောင့် ဒြပ်စင်ငါးပါးအပေါ် အကျိုးသက်ရောက်မှုသည် အခြားအရာများထက် သာလွန်လေသည်။ တခြားလူများကို ရှာဖွေလိုပါက ဒြပ်စင်ငါးပါး၏ နိယာမကို လိုက်နာပါက အောင်မြင်နိုင်ခြေ မြင့်မားသင့်သည်။

"ဟေ့ တစ်ယောက်ယောက်ရှိလား... ငါ့အသံကို ကြားရလား"

အလွန်အမင်း ရုတ်တရက်ဆန်သော ဝူထန်း၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာရာ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

"မင်းဘာဖြစ်နေတာလဲ? ဘာအော်နေတာတုန်း... အန္တရာယ်ကို ဆွဲဆောင်မှာ မကြောက်ဘူးလား"

ကျန်းလုံသည် ဝူထန်းဘေးတွင် ရှိနေတာကြောင့် အသံကိုလျှော့ကာ ဒေါသတကြီးဖြင့် အော်​ငေါက်လိုက်သည်။

"တစ်ယောက်ယောက်ကို ရှာနေတာ ဆိုမှတော့ ကျယ်ကျယ်လောင်လောင် မခေါ်သင့်ဘူးလား? သူတို့ အနီးအနားမှာ ရှိနေရင် ကြားလိမ့်မယ် အဲ့ကျရင် သူတို့ကို ရှာတွေ့ပြီလေ"

ဝူထန်း စကားကိုကောင်းစွာ ပြန်ပြော၏။

"ဒါပေမဲ့ အန္တရာယ်ကို ဆွဲဆောင်မိရင် ဘယ်လိုလုပ်မလဲ"

ထိုအခါမှ ဝူထန်းလည်း တိတ်ဆိတ်စွာ ပါးစပ်ကို ပိတ်လိုက်သည်။

လုရွှမ် မျက်လုံးများ အနည်းငယ် ရွေ့သွားပြီး ဝူထန်းရဲ့လူတွေကို ကြည့်လိုက်သည်။ ပထမလှိုင်းမှာ ပါလာတဲ့ လူ ၃ ယောက်ထဲမှာ တစ်ယောက်မှ မလွယ်တဲ့သူတွေ ဖြစ်နေမယ်လို့ တကယ်ကို မမျှော်လင့်ထားဘူး။

All Chapters