မိန်းကလေးငါးဦး လွှမ်းမိုးချုပ်ကိုင်ထားပြီ
Vol. 89 Ch. 4.853
အထဲရောက်တော့ လီလင်ရှို့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"ဟူး.... ဒီတစ်ခါ ငါ့အပြစ်တွေအတွက် ဖြေဖို့ ဒီကိုရောက်လာတာပါ"
"အပြစ်ဖြေတာ?"
"ဟုတ်တယ် အစ်ကိုလုရွှမ် ကောင်းကင်ဘုရင်စံအိမ်ထဲကို ပစ်ချခံလိုက်ရတာက ငါ့အမှားပဲ"
လီလင်ရှို့က အဘိုးအိုရဲ့ လုပ်ရပ်တွေအကြောင်း ဇာတ်လမ်း အဖြစ် ဆက်ပြောပြသည်။ ဒါဟာ နားလည်မှုလွဲမှားသွားတာ ဖြစ်ပေမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြစ်စေတဲ့ သူမက ပြဿနာ ရှိနေတုန်းပါပဲ။
မိန်းကလေး လေးယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဒီလောက်အများကြီး ဖြစ်ပျက်သွားမယ်လို့ မမျှော်လင့်ထားကြပါဘူး။ အဆုံးတွင် ဆရာသည် ကောင်းကင်ဘုရင်စံအိမ်ထဲသို့ ပစ်ချခံရတာက နားလည်မှု လွဲသွားခြင်းကြောင့်သာ ဖြစ်ချေ၏။
သို့သော်လည်း နားလည်မှုလွဲခြင်းက လုရွှမ်ဘဝကို ပျက်စီးစေတော့မည်။
"တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ် အစ်ကိုလုရွှမ်ကို ထိခိုက်စေခဲ့တာ ငါ့အမှားပါ"
"စကားမစပ် နင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုလဲ"
ချောင်လုက ရုတ်တရက် ဝင်မေးလိုက်သည်။ ဟုန်ရှန်ယင်း ချောင်လုကို တစ်ချက် လှည့်ကြည့်လိုက်သော် သူမက ဆက်ပြောလေ၏။
"ထူးဆန်းနေလို့လေ..."
လီလင်ရှို့ဟာလည်း အပြစ်ရှိတယ်လို့ ခံစားမိတဲ့အတွက် သူတို့နှစ်ဦးကြားက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြခဲ့ပါသည်။ မိန်းကလေးတွေကလည်း ဒါကို သံသယ မရှိကြပါဘူး။
"သူက ကျွန်မကို ညီမလေးလို သဘောထားပြီး ကျွန်မကလည်း အစ်ကိုလိုပဲ ဆက်ဆံတာပါ... ကျွန်မတို့ရဲ့ ဆက်ဆံရေးက အပြင်က ကောလဟာလတွေလို မဟုတ်ဘူး အဲဒီလို ကောလာဟလတွေ ဖြန့်ပြီး အဖေ ဘာလုပ်ချင်နေမှန်းကို မသိပါဘူး"
လီလင်ရှို့ရဲ့ မျက်နှာသည် ရှက်စိတ်ဖြင့် နီရဲလာခဲ့သည်။ ထိုကိုးရို့ကားယား လေထုကို ဖျက်စီးဖို့အတွက် မော့ရှဲက ဝင်၍ ချောင်းဆိုးလိုက်လေသည်။
"ဆရာကို ဘယ်လို ကယ်တင်ရမလဲ ဆိုတာကို သေသေချာချာ စဉ်းစားသင့်တယ် မဟုတ်ဘူးလား"
ထိုအခါမှ မိန်းကလေးတွေလည်း သတိပြန်ဝင်လာကြသည်။
"မဟုတ်ရင် ငါ ဂိုဏ်းဆီ ပြန်သွားပြီး ငါ့အဖေကို ကယ်ခိုင်းလိုက်မယ်!"
လီလင်ရှို့က အကြံပေးလိုက်သည်။
"အရမ်းကောင်းတဲ့အကြံပဲ!"
ချောင်လုကလည်း အော်ဟစ် သဘောတူလိုက်လေ၏။ ဟုန်ရှန်ယင်းနဲ့ မော့ရှဲတို့မှာတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ ဒါက တကယ်ကို ဆိုးရွားတဲ့ အတွေးတစ်ခု ဆိုတာ အသိသာကြီး မဟုတ်လား။
လီလင်က ဘယ်သူလဲ။ လီမိသားစုရဲ့ အကြီးအကဲ ဖြစ်သလို ထန်းယွမ်မြို့ရဲ့ နံပါတ်တစ် အရှင်သခင်ပဲ။ သူ့လိုလူက လုရွှမ်အတွက် အန္တရာယ်ထဲ နက်နက်ရှိုင်းရှိုင်း ရောက်သွားပြီး သေမင်းလို နေရာကို သွားမယ်ဆိုရင် ရုတ်ရုတ်သဲသဲ မဖြစ်စေနိုင်ဘူး ဆိုရင်ဘဲ ထူးဆန်းနေလိမ့်မည်။
လီလင်က သူ့သမီးကို အသေချစ်ရင်တောင် ဒါမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ပိုလက်တွေ့ကျကျ ပြောရရင် လီလင်ရှို့က ကောင်းကင်ဘုရင် စံအိမ်မှာ ပိတ်မိနေလို လီလင်က ဝင်ချင်နေတယ် ဆိုရင်ပင် လီမိသားစုက သူ့ကို ပြင်းပြင်းထန်ထန် တားမြစ်မှာ သေချာပါ၏။
နဂါးသည် ဦးခေါင်းမပါဘဲ မရှင်သန်နိုင်ပေ။
လုရွှမ်ကို ကယ်တင်ရန် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ သွားခြင်းက သေလမ်း ရှာနေခြင်းသာ ဖြစ်ပေသည်။
"ကြည့်ရတာ ဆရာတော့ သူ့ကိုယ်သူပဲ အားကိုးရတော့မယ် ထင်တယ်"
ချွန်းရှောင်လေးက သူ့မျက်နှာမှာ ညည်းတွားတဲ့ပုံစံနဲ့ ရုတ်တရက် အော်လိုက်၏။ မိန်းကလေး လေးယောက်လည်း တစ်ပြိုင်တည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"မဟုတ်ဘူး ငါတို့ဒီမှာ ထိုင်စောင့်နေလို့ လုံးဝ မဖြစ်ဘူး....အနည်းဆုံးတော့ ကောင်းကင်ဘုရင် စံအိမ်အပြင်မှာ စောင့်ရမှာ... အံ့ဖွယ်တစ်ခုခု ဖြစ်သွားရင် ငါတို့အရင် သိမှဖြစ်မယ်!"
ဟုန်ရှန်ယင်းမှာ မျက်ရည်တွေ လိမ့်ဆင်းလာပြီး ချွန်းရှောင်မှ သူမကို အမြန်ထောက်ကူ ထားရလေသည်။
လုရွှမ် တပည့်အဖြစ် လက်ခံထားတဲ့ မိန်းကလေး လေးယောက်ထဲမှာ ဟုန်ရှန်ယင်းနဲ့ ချွန်းရှောင်တို့ဟာ လုရွှမ်ကို ကျေးဇူးရှင်ဟုပါ မှတ်ယူထားတာ ဖြစ်လေသည်။ သူတို့ရဲ့ အဆိုးရွားဆုံး အခြေအနေ ရှိနေချိန်မှာ တစ်စုံတစ်ယောက်က သူတို့ကို ကယ်တင်ဖို့ ကောင်းကင်ကနေ ဆင်းလာခဲ့သလိုပင်။
သူတို့အတွက် လုရွှမ်သည် ဆရာသခင် တစ်ဦးသာမကဘဲ အမြဲကျေးဇူး တင်နေရမယ့်သူတစ်ဦးလည်း ဖြစ်သည်။
"ကောင်းပြီ ကောင်းကင်ဘုရင်စံအိမ်သို့ သွားကြရအောင်!"
မိန်းကလေးတွေ တစ်ပြိုင်တည်း ထအော်လိုက်ကြသည်။ သူတို့ရဲ့ အသံတွေက ကြည်လင်ပေမယ့် တည်ငြိမ်ပြီး အားကောင်းလေ၏။ လီလင်ရှို့ကလည်း ပဝါကို လွှင့်ပစ်လိုက်ပြီး။
"ငါလည်း လိုက်မယ်!"
မိန်းကလေး ငါးဦးသည် ခွန်အားအရ အားနည်းသော်လည်း ကောင်းကင်ဘုရင်စံအိမ်သို့ ချီတက်ကာ လုရွှမ် ပြန်လာမည့် အချိန်ကို စောင့်မျှော်လျက် တံခါးရှေ့မှာ ငြိမ်သက်စွာ ရပ်နေကြ၏။
လက်နက် သန့်စင်ရေး အလုပ်ရုံမှ ထွက်သွားသည်နှင့် ချက်ချင်းပင် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ အဲဒါကတော့ ထန်းယွမ်မြို့ရဲ့ နံပါတ်တစ် မင်းသမီးလေး လီလင်ရှို့ဟာ ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံကလူတွေနဲ့ အမှန်တကယ် ယှဥ်တွဲသွားနေလို့ပါပဲ။
ထန်းယွမ်မြို့ တစ်ခုလုံးနီးပါး လုရွှမ်နဲ့ လီလင်ရှို့တို့ အကြားက မရေရာသော ကောလဟာလများကို သိသော်လည်း ကောလဟာလအဖြစ် အမြဲလှောင်ပြောင် ခံခဲ့ရသည်။ သို့သော် လီလင်ရှို့သည် ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံတွင် ပေါ်လာသောအခါ ကောလဟာလများကို ချက်ချင်း အတည်ပြုလိုက်ပုံရသည်။
လူတိုင်းသည် ထန်းယွမ်မြို့၏ မင်းသမီးကို မြင်လို၍ ဤနေရာသို့ ပြေးထွက်လာ၍ ကြည့်ကြလေသည်။ လူအုပ်ကြီးက တိုးလာတာကြောင့် သူတို့အတွက် လမ်းလျှောက်ရတာ အဆင်မပြေတော့ပေ။
“ထွက်သွား.... လမ်းက ဖယ်စမ်း!”
ထိုအချိန်တွင် အပြင်ဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ အသံက စိတ်အားထက်သန်ကာ သူ့အသက်ရှုက ကြမ်းတမ်းပြီး မောက်မာမာနတွေနဲ့ ပြည့်နေ၏။ လူတွေလည်း အော်ဟစ်ပြီး လမ်းပွင့်ပေးလိုက်သည်။
လူတစ်ဒါဇင် ပြေးထွက်လာပြီး အဘိုးအိုတစ်ယောက် ထွက်လာဖို့ လမ်းလုပ်ပေးလေ၏။
"ဟေး ဟုန်ရှန်ယင်း.... မင်း အဲဒီကောင်လေး လုရွှမ်ဆီက အချစ်ခံရလောက်အောင် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး...ဒါကိုတော့ ငါ သည်းခံလိုက်ပြီ ဒါပေမဲ့ အခု အဲဒီကလေးက ကောင်းကင်ဘုရင်ရဲ့ စံအိမ်မှာ ပိတ်မိနေပြီး သေချာပေါက် သေတော့မှာဘဲ..... အခု ဘယ်သူတွေ ဖြစ်သေးလဲ ဆိုတာ သိချင်လိုက်တာနော် မင်းရဲ့တံခါးရှေ့က နံပါတ် ၁ ကမ္ဗည်းပြားကို ရိုးရိုးသားသား ငါ့ဆီ ပေးလိုက်ပါတော့လား"
"မင်းငါ့ကို လက်ထပ်ပြီး အိမ်အကူအဖြစ် လုပ်လို့ရတယ်နော်... ကမ္ပည်းပြားကိုတော့ မင်းရဲ့ခန်းဝင်ပစ္စည်းအဖြစ် သတ်မှတ်ပေးလို့ ရပါတယ်.... ဟာဟားဟား"
"ဟေ့ အလှတွေ အများကြီး ရှိတာပဲ... ငါတကယ်ကို မမျှော်လင့်ထားခဲ့ဘူး အားလုံး..."
အဘိုးအို၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်ကာ ပြုတ်ထွက်လုမတတ် ဖြစ်သွားသည်။ သူ့မျက်နှာသည် တုန်လှုပ်နေပြီး နဖူးမှ ချွေးပေါက်ကြီးများ လိမ့်ကျကာ အလွန်ထိတ်လန့်သွားသည်။
'ဒုန်း!'
အဘိုးအိုသည် ရုတ်တရက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ထပ်ခါတလဲလဲ ကန်တော့လေတော့၏။
“မင်းသမီး.... ဒီငယ်သားရဲ့ အပြစ်အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.... မင်းသမီး ရှိနေမှန်း တကယ်မသိလိုက်လို့ပါ... မဟုတ်ရင် ငယ်သားမှာ သတ္တိရှိရင်တောင် မင်းသမီးကို အပြစ် မလုပ်ရဲပါဘူး"
လီလင်ရှို့မှာ သူမသွားများကို အံကြိတ်ကာ အလွန်ဒေါသ ထွက်သွားသည်။ လှည့်စားခံရတာကို သူမ ဒေါသထွက်ခဲ့တာ မဟုတ်ဘဲ လုရွှမ်က ကောင်းကင်ဘုရင် စံအိမ်ထဲမှာ ပိတ်မိနေတာကို ဒီလူရွှင်တော်နဲ့တူတဲ့ ရွံရှာဖွယ်အရာတွေက ဟာသလုပ်နေတာကြောင့်ပါပဲ။
တစ်စုံတစ်ယောက်၏ ကမ္ပည်းပြားကို လုယူရုံသာမက ၎င်းတို့ကို စော်ကားခြင်းကလည်း စက်ဆုပ်ဖွယ်ကောင်းလှသည်။
"မင်းကို ခွင့်လွှတ်စေချင်ရင် အစ်မဟုန်ကို သွားတောင်းပန်လိုက်... သူ ခွင့်လွှတ်ရင် ငါလည်းခွင့်လွှတ်ပေးမယ်"
ဟုန်ရှန်ယင်းကတော့ ရုတ်တရက် ဓားကို အနောက်ကနေ ဆွဲထုတ်ပြီး အဘိုးကြီးရဲ့ နှလုံးတည့်တည့်ကို ထိုးစိုက်လိုက်လေ၏။
"မင်း... မင်း....."
ဟုန်ရှန်ယင်း ဝိညာဉ်ဖြတ်ဓားကို ဆွဲထုတ်လိုက်ကာ သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲ လှည့်လိုက်သည်နှင့် ဖျန်းခနဲ ခါချလိုက်သလို ဓားပေါ်တွင် သွေးရဲ့ခြေရာလက်ရာများ မကျန်ခဲ့တော့ပေ။
"ဆရာက သေမှာမဟုတ်ဘူး သူပြန်ပေါ်လာလိမ့်မယ်.... ဆရာ သေသွားပြီလို့ ဘယ်သူ ပြောရဲတာလဲ? ပြောရဲတဲ့ လူအတွက် ငါ့ဓားက ငါ့ရွေးချယ်မှုကို ပြောပြလိမ့်မယ်!"
ဟုန်ရှန်ယင်း အဘိုးအိုကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သည်။ တစ်ဖက်လူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ချက်ချင်းပင် မလှုပ်မယှက်ဖြင့် ဇာတ်သိမ်းသွားလေတော့သည်။
မိန်းကလေးတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဟုန်ရှန်ယင်း အသံကျယ်ကျယ်နဲ့ ဆိုလိုက်သည်။
"ဆရာသခင် တကယ်သေသွားရင် ကမ္ဘာ့နံပါတ်တစ် လက်နက် သန့်စင်ရေး အလုပ်ရုံဟာ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး.... ငါနဲ့ ချွန်းရှောင် ဒီနေရာကနေ ဝေးဝေးကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး"
"ဆရာတူအစ်မ... ညီမလည်း လိုက်မယ်....ကျွန်မက ဆရာတူညီမဖြစ်လို့ အစ်မဘယ်သွားသွား လိုက်ခဲ့မယ်"
မော့ရှဲကလည်း ဆိုလေသည်။ ဟုန်ရှန်ယင်း သူမသိတာကြာပြီ ဖြစ်ကာ နောက်ပိုင်း မော့ရှဲ လုပ်ကိုင်သမျှကိုလည်း သူမမြင်ရသည်။ ဟုန်ရှန်ယင်းသည် မော့ရှဲ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို ဝေမျှရန် အားကိုးအားထား ပြုနိုင်သူတစ်ဦးလည်း ဖြစ်သည်။
"ငါလည်း လိုက်မှာနော်"
ချောင်လုကလည်း မဆိုင်းမတွပင်။
လီလင်ရှို့သည် မိန်းကလေးများ၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများကို ကြည့်ပြီး တုန်လှုပ်သွားကာ ပို၍ပင် မနာလိုဖြစ်မိလာသည်။ ငယ်ငယ်ကတည်းက တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာကို ခံခဲ့ရပေမယ့် ဒီလိုခင်မင်မှုမျိုး တစ်ခါမှ မရရှိခဲ့ပါဘူး။
"အစ်ကိုလုရွှမ်က မသေနိုင်ပါဘူး"
သူတို့သည် လူအုပ်ကြီးကို ဂရုမစိုက်ပေ။ သူ့အနီးနားတွင် ဘယ်သူမှလည်း သူတို့ကို မတားဆီးနိုင်ဘဲ မိန်းကလေးငါးယောက်ကို ထွက်သွားခွင့်ပေးခဲ့သည်။ ကောင်းကင်ဘုရင် စံအိမ်ရှေ့တွင် လူပေါင်းများစွာ စုဝေးနေခဲ့ကြသည်။
ကောင်းကင်ဘုရင် စံအိမ်၏ အပြောင်းအလဲများကို သူတို့အားလုံး အာရုံစိုက်နေကြပြီး မှောင်စပြုလာနေတာကို တွေ့လိုက်ရသည်။အထိန်းအကွပ် မရှိသော မိန်းကလေးငါးဦးသည်လည်း စိတ်ထဲတွင် ဝမ်းနည်းပြီး ငိုကြွေးကြရသည်။