လူစုကွဲကုန်ပြီ
Vol. 90 Ch. 4.856
"လုရွှမ် ရှင် ဘာလုပ်တာလဲ"
ယန့်လင် အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လန့်ဖျပ် တုန်ယင်သွားကာ မြေပြင်မှ ခုန်ထလိုက်ပြီး ဓားကို ဆွဲထုတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်သွားသည်။
ကျန်းလုံလည်း ခုန်တက်လာပြီး သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်သည်။ ဝူထန်းကတော့ ရုတ်တရက် ဆုတ်ခွာသွားကာ လုရွှမ်ရဲ့ဓားကို ကပ်သီးကလေး ရှောင်လိုက်သည်။
"သခင်လေးလုရွှမ်... မင်းငါ့ကို ဒီလိုဆက်ဆံတာ ဘာအမှားလုပ်မိလို့လဲ.... ကျန်းလုံက မင်းကို အဆိပ်ခတ်ပြီး ယန့်လင်က မင်းကိုအစီအရင်နဲ့ ကန့်သတ်ထားပေမယ့် ငါ ဘာမှ မလုပ်ခဲ့ဘူးလေ!"
ဝူထန်း ထိတ်လန့်တကြားနှင့် အော်ပြောရင်း လုရွှမ်ရဲ့ လုပ်ရပ်ကြောင့် အလွန်စိတ်တိုနေပုံရသည်။
ကျန်းလုံနဲ့ ယန့်လင်တို့ရဲ့ အမူအရာများလည်း လွန်စွာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် အစောကတည်းက စိတ်ပြင်ဆင်ထားခဲ့သည်။ လုရွှမ်သည် ဤအရာအားလုံးကို မှန်းဆမိနိုင်သော်လည်း ကျိုးမပေါက်သော အလွှာတစ်ခုလိုပင် သူ၏ အပေါ်ယံမျက်နှာကို ထိန်းထားဆဲဖြစ်သည်။
နှစ်ယောက်သား တုန်လှုပ် ခြောက်ခြားကာ ဒေါသတကြီး ကြည့်လိုက်ကြသော်လည်း ဝူထန်းက ကြောက်ကြောက်ဖြင့် အလိုလို နောက်ဆုတ်သွားလေသည်။
တခဏချင်းမှာပဲ အရင်က ရုပ်သေးတွေကို အတူတး ခုခံခဲ့ကြတဲ့ လူတွေဟာ တစ်ယောက်ကို တစ်ယောက် သတိထားနေကြပြီး အင်အားသုံးစု ကွဲသွားပါတော့သည်။
"သခင်လေးလုရွှမ် ကျွန်မတို့ကိုယ်တိုင်လည်း လုံခြုံရေးအတွက် လှည့်စားတာတွေ လုပ်ခဲ့တာပါ.... အဲဒါတွေက အရန်သက်သက်ပဲ မင်းရဲ့ရန်သူဖြစ်ဖို့ မရည်ရွယ်ပါဘူး... ရှင့်ကို ခြိမ်းခြောက်ဖို့လည်း မရည်ရွယ်ပါဘူး"
ယန့်လင်က အော်လိုက်၏။
ကျန်းလုံ "နတ်သမီး ဘာလို့ သူ့ကို ရှင်းပြနေတာလဲ? သူက ငါတို့ရဲ့ လှည့်ကွက်လေးတွေအကြောင်း အစောကတည်းက သိထားပြီးပြီ မဟုတ်ရင် သူက သူ့ရဲ့ ခွန်အားကို ထိန်းထားမှာ မဟုတ်ဘူး.... ဒါပေမဲ့ ငါတို့ဘာသာ အဲဒီရုပ်သေးတွေဆီက အသတ်ခံရဖို့ စောင့်ဆိုင်းနေတာ!"
"ဟုတ်တယ် မင်းကို ငါအဆိပ်ခတ်ခဲ့တယ်... ဟမ့် လုရွှမ် မင်းအသက်ရှင်ချင်ရင် ငါ့စကားကိုနားထောင်ရမယ် မဟုတ်ရင် မင်းဒီမှာပဲ သေလိမ့်မယ်"
လုရွှမ်က ပြုံးပြီး "အိုး နတ်သမီးယန့်လင်း မင်းလည်း ဒီလိုပဲ ထင်နေတာလား?"
"မဟုတ်ဘူး မဟုတ်ဘူး ကျွန်မက အကာအကွယ် ယူချင်ရုံပါ ရှင့်ကို ခြိမ်းခြောက်ဖို့ မဝံ့ရဲပါဘူး"
ယန့်လင် ခပ်မြန်မြန်လေး အော်လိုက်သည်။
"မင်းဘာကိုကြောက်တာလဲ"
ကျန်းလုံက အထင်အမြင်သေးစွာ ဆိုရင်း ပါးစပ်ကလည်း ဟောက်နေလေသည်။
"သူ အဆိပ်သင့်နေပြီ .... မင်းရဲ့အစီအရင်နဲ့လည်း ချုပ်ကိုင် ခံထားရတယ် ငါတို့က သူ့ကို ဘာကြောက်နေစရာ လိုလို့လဲ... သူက မနာခံဘူးဆိုရင် အစီအရင်ကို အသက်သွင်းပေးလိုက်...."
သူက ဝူထန်းကို လှည့်ကြည့်လိုက်ကာ။
"ကောင်လေး အရင်က ဖြစ်ပျက်ခဲ့တာတွေ ပြီးသွားပြီ ငါတို့က ဒါကို ဂရုမစိုက်တော့ဘူး ဒါပေမဲ့ မင်း ငါတို့ကို အခုလို သစ္စာဖောက်သွားပြီ ဆိုတော့ မင်းကိုပထမဆုံး သတ်ပစ်မယ်!"
ဝူထန်းက လျင်မြန်စွာ ပြတ်ပြတ်သားသား တုံ့ပြန်ပြီး သူတို့နှစ်ဦးဆီကို နာခံမှုဖြင့် ပြေးသွားခဲ့သည်။ တျယ်ရှုံသည် သူ့ရှေ့က မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကာ ယန့်လင်၊ ကျန်းလုံနဲ့ ဝူထန်းတို့ကို ရှုတ်ချသော မျက်လုံးများဖြင့် ကြည့်နေသည်။
"မင်းတို့သုံးယောက်က တကယ် စက်ဆုပ်စရာကောင်းတာပဲ!"
ဤလူသုံးယောက်သည် ယခင်က အလွန်ရိုးဖြောင့်ပြီး မကြောက်မရွံ့ ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့သည် လူဆိုးများသာ ဖြစ်နေ၏။ သို့သော်လည်း လုရွှမ်သည် အန္တရာယ် ကျရောက်နေပြီး သူ့ရှေ့မှ လူနှစ်ဦးအပေါ် ကျေနပ်မှုကိုလည်း ဂရုမစိုက်ဘဲ ကယ်တင်ခဲ့သည်။
နှိုင်းယှဉ်ကြည့်ရင် ဘယ်သူက ပိုကောင်းသလဲ ဘယ်သူက ပိုဆိုးတယ်ဆိုတာ တစ်ချက်ကြည့်လိုက်ရင် ရှင်းပါ၏။
"ဟင့် သူမင်းကို ကယ်ခဲ့တယ်လို့များ ထင်နေတာလား? အဲဒါက မျက်နှာစာတစ်ခုပဲ သူက မင်းကို အခုကယ်နိုင်ပေမယ့် မင်းကို အချိန်မရွေး စွန့်လွှတ်နိုင်တယ်"
"ပါးစပ်ပိတ်ထား!...မင်းတို့ သုံးယောက် ငါ့ကိုလှည့်စားချင်မနေနဲ့ ငါသေရင်တောင် မင်းနဲ့မပေါင်းဘူး!"
"တကယ်လား လုရွှမ်... သူ့ကို သတ်လိုက်ပါ မဟုတ်ရင် မင်းနာကျင်ရလိမ့်မယ်"
ကျန်းလုံသည် သူ့လက်ထဲမှာ ပုလင်းသေးသေးလေးကို ကိုင်လိုက်ပြီး ခါယမ်းလိုက်၏။ လုရွှမ် အသာလေး ပြုံးရင်း သူ့မျက်လုံးတွေက ကျန်းလုံကို လျစ်လျူရှုပြီး ယန့်လင်ဘက်ကို ကြည့်လိုက်သည်။
"ယန့်လင် မင်းရော ဘယ်လိုထင်လဲ သူတို့ဘက်လား ငါတို့ဘက်လား?"
လူတော်တော်များများက အနည်းငယ် အံ့အားသင့်သွားကြသည်။ လုရွှမ် ဘာဖြစ်နေမှန်း သူတို့မသိကြပေ။ သေခြင်းတရားကို မကြောက်ဘူးလား။ သူက ယန့်လင်ကိုမေးဖို့ အားရှိသေးတယ်ပေါ့လေ။
ယန့်လင်သည် လုရွှမ်ကို ရှက်ရွံ့စွာ ကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက် ခဏမျှ တုံ့ဆိုင်းသွားသည်။ လုရွှမ် သက်ပြင်းနှစ်ခါ ချလိုက်သည်။
"မှန်တယ်... ကျွန်မ အစကတည်းက လှုပ်ရှားခဲ့ပြီးပြီပဲ... အခု ဘယ်လိုလုပ် ပြန်လှည့်လို့ရတော့မလဲ"
"မင်းရဲ့ အစီအရင်လေးတွေက ငါ့အတွက် ခက်ခဲစေနိုင်တယ်လို့ ထင်နေလား? မင်းတို့နှစ်ယောက် လုပ်ခဲ့တာကြာပြီဆိုတာ ငါသိတယ်... ဒါပေမဲ့ ငါက အဲဒါကို မထောက်ပြခဲ့ဘူး။ အကြောင်းပြချက်က မင်းတို့ကို ငါကြောက်လို့ မဟုတ်ဘူး.... အဆိပ်လား... ဘယ်အဆိပ်မှ မကျူးကျော်နိုင်အောင် အထူးဆေးတွေ သောက်ထားလို့ မင်းတို့အဆိပ်က ငါ့အပေါ် သက်ရောက်မှု မရှိဘူး"
"မဟုတ်ရင် မင်းငါ့ကို အဆိပ်သင့်စေနိုင်မယ်လို့ ထင်လို့လား"
"မင်းရဲ့ ချုပ်နှောင်မှုက တကယ့်ကို အလယ်အလတ်ပါပဲ... ငါက လက်နက် သန့်စင်သူဆိုတာ မင်းမသိဘူးလား... အခင်းအကျင်း၊ အစီအရင် ပုံစံတွေနဲ့ ကစားရတာ ငြီးငွေ့နေတာ ကြာပေါ့"
သူတို့နှစ်ဦး၏ မျက်နှာများမှာ မှင်များကဲ့သို့ မည်းနက်သွားသည်။
"မဟုတ်ဘူး မဖြစ်နိုင်ဘူး မင်းငါ့ကိုလိမ်နေတာ!"
ကျန်းလုံက ဟောက်ပြီး နောက်ထပ် ပုလင်းသေးသေးလေးကို ထုတ်ယူလိုက်သည်။ ယွမ်စွမ်းအင်များ လွင့်ပျံလာပြီး အတွင်းထဲမှာ အနီရောင်မီးခိုးတွေသာ တက်လာ၏။ လုရွှမ် ကျန်းလုံကို လှောင်ပြောင်သော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
"မင်း... မင်းလည်း အစီအရင်ကို အသက်သွင်းနိုင်တယ်!"
ယန့်လင်၏ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာပြီး သူမလက်မှ အလင်းအနည်းငယ် ထွက်လာသည်။ သို့သော် လုရွှမ်သည် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ထိုနေရာတွင်သာ ရပ်နေသေးသည်။
"မင်းရဲ့ အရန်နည်းလမ်းတွေကို ငါဂရုမစိုက်ပါဘူး ငါသာဆိုရင် ငါဒီလိုပဲ လုပ်မှာပဲ... ကြောက်ရွံ့ပြီး ရှင်သန်ချင်တဲ့ စိတ်ကြောင့် လုပ်တာက မမှားပါဘူး.... ငါမကြိုက်ပေမယ့် မင်းရဲ့အတွေးအခေါ်ကို ငါအသိအမှတ်ပြုတယ် ဒါပေမဲ့ ငါမင်းကို အခွင့်အရေး ပေးခဲ့တာကို ဘယ်လိုအသုံးချရမလဲ မင်း နားမလည်ခဲ့ဘူး!"
"ဒါပေမဲ့ ငါတို့က အတူတူ တိုက်ပွဲဝင်ခဲ့တာ ဆိုတော့ မင်းတို့ကို အကြံတစ်ခုပေးမယ် ဝူထန်းနဲ့ ဝေးဝေးနေပါ သူက ရုပ်သေးသခင်ပဲ... ဒီနန်းတော်နဲ့ သူ့ဆက်ဆံရေးက ဘယ်လိုလဲ ဆိုတာ ငါမသိပေမယ့် သူကရုပ်သေးတွေကို ထိန်းနိုင်တယ် မင်းတို့နှစ်ယောက် သတိထား"
လုရွှမ်ရယ်လျက် နောက်ပြန်လှည့်ကာ တျယ်ရှုံကို ဆွဲထူလိုက်သည်။
"သွားကြစို့!"
တျယ်ရှုံကလည်း ရယ်မောလိုက်ပြီး လုရွှမ်ရဲ့ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူတို့ သုံးယောက်ကို လှောင်ပြောင်၍ လုရွှမ်နှင့် ဘေးချင်းကပ်လျက် ထွက်ခွာသွားခဲ့သည်။
ကျန်းလုံ၏ မျက်နှာသည် အလွန်ရုပ်ဆိုးသော်လည်း သူကိုယ်တိုင်က လှောင်ပြောင်ပြောဆိုလိုက်ပြီး။
"ဘာတွေ ဟန်ဆောင်နေတာလဲ...သူက ငါတို့ကြားမှာ သဘောထားကွဲလွဲဖို့ ကြိုးစားနေတာ ရှင်းရှင်းလင်းလင်း....!"
သူ့ပါးစပ်မှ သွေးများ ထွက်ကျလာခဲ့သည်။ ဖြည်းဖြည်းချင်း အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ကို ဖောက်ထွက်နေတဲ့ လက်ဖဝါးတစ်ချောင်းကို တွေ့လိုက်ရပြီး ထိုလက်ဖဝါးထဲက နှလုံးက ခုန်နေဆဲပင်။
ယန့်လင် ဘေးကနေ အော်လိုက်သည်။
ကျန်းလုံကို အနောက်ကနေ တိုက်ခိုက်ခဲ့တဲ့လူဟာ တကယ်တော့ ဝူထန်းပဲ ဆိုတာကို သူမ ရှင်းရှင်းလင်းလင်း မြင်နေရပါ၏။ သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်ရာ ကျန်းလုံ နောက်လှည့်ပြီး လဲကျသွားခဲ့သည်။ နောက်ဆုံးအားနဲ့ ခေါင်းကိုလှည့်ပြီး လှည့်ကြည့်လိုက်စဥ် ဝူထန်းဆီက ပြောသံကို ကြားလိုက်ရသည်။
"လုရွှမ်ကို မင်းတကယ် ယုံခဲ့သင့်တယ်!"
ကျန်းလုံ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည်။ သူ့မျက်လုံးများကတော့ မကျေမနပ်ဖြင့်သာ မှိတ်သွားကသည်။
ယန့်လင် ထွက်ပြေးသွားပြီ။ ဒီအချိန်မှာ သူမ အလွန်နောင်တ ရနေပါပြီ။ လူကြမ်းတစ်ယောက်ဖြစ်တဲ့ ကျန်းလုံရဲ့စကားကို ဘာကြောင့် နားထောင်ခဲ့တာလဲ။ အဲဒီအချိန်တုန်းက သူမ ဘာကြောင့် လုပ်ခဲ့တာလဲ။ သခင်လေးလုရွှမ် အခွင့်အရေး ပေးတာကို သူမဘာကြောင့် မဆုပ်ကိုင်ထားမိတာလဲ။
"မင်းက ထွက်ပြေးချင်တယ်ပေါ့... ငါ့လက်က မလွတ်နိုင်ပါဘူး!"
ဝူထန်း အော်ဟစ်လိုက်ရာ သူ့အငွေ့အသက်တွေ ပြောင်းလဲသွားပြီး အနက်ရောင် စွမ်းအင်တွေက သူ့ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲသွားသည်။ သူ့ကိုလည်း ချပ်ဝတ်တန်ဆာနဲ့ ဖုံးအုပ်ထားသည်။ အရှိန်က အရမ်းမြန်ပြီး ယန့်လင်နောက်ကို အမြန်လိုက်သွား၏။
ယန့်လင်သည် သူမရှေ့မှ ရုတ်တရက် ပေါ်လာသော ရေကန်ကို အားကိုးတကြီး မကြည့်ဘဲ မနေနိုင်တော့ပေ။ လုရွှမ်နဲ့ တျယ်ရှုံ ဖြတ်သွားသည်ကို သူမ မြင်လိုက်သော်လည်း အနည်းငယ် နှေးကွေးသွားတာနဲ့ မြင်ကွင်းက သိသိသာသာ ပြောင်းလဲသွားသည်။
လုရွှမ် ပြောခဲ့သမျှ အမှန်ဖြစ်လာပြီ။
"ဟေ့ နတ်သမီး... ဒါ ငါ့နယ်မြေ ဒီကိုလာစမ်းပါ!"
ယန့်လင်သည် သူမရဲ့ အမြင်အာရုံတွေ ပြောင်းလဲသွားတာကို ရုတ်တရက် ခံစားလိုက်ရပြီး ဝူထန်း ရှေ့တွင် နားမလည်နိုင်အောင် ပေါ်ထွက်လာခဲ့သည်။