ကောင်းကင်ဘုရင်စံအိမ်ကလူ?
Vol. 90 Ch. 4.857
ယန့်လင် အော်ဟစ်၍ လှည့်ထွက်ကာ ထွက်ပြေးချင်ခဲ့သော်လည်း ဝူထန်းသည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ရုံဖြင့် သူမလည်ပင်းကို ဖမ်းချုပ်ထားလိုက်သည်။ ထိုမှသာ ယန့်လင်သည် ဝူထန်းတစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားကြောင်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး ထိုသူသည် ယခင်က သူမ မြင်ဖူးသော လူရုပ်များနှင့် လုံးဝ မတူပေ။
"ရှင်က လူလား တစ္ဆေလား? ရှင်က အဲဒီလိုရုပ်သေးလား"
ယန့်လင် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
"ငါက ဘယ်သူလဲ? ငါက ကောင်းကင်ဘုရင် စံအိမ်ပဲလေ... ပိုအသေးစိတ် ပြောရမယ် ဆိုရင် ငါက ကောင်းကင်ဘုရင်စံအိမ်ရဲ့ အပြင်ဘက်ခြံဝင်းပဲ... ပြီးတော့ မင်းကငါ့ရဲ့ အစာအာဟာရပဲပေါ့ ငါ သန်မာလာတဲ့အခါ ဒီမှာ ဘယ်တော့မှ နေစရာ မလိုတော့ဘူး.... အလယ်ခန်းနှင့် အတွင်းခန်းဖြစ်ဖြစိ ကောင်းကင်ဘုရင် စံအိမ်တစ်ခုလုံးကို ဖြစ်ဖြစ် ချုပ်ကိုင်နိုင်တော့မှာ!”
"ပြီးတော့ အခုမင်းက ငါ့ရဲ့ အာဟာရထဲက တစ်ခုဖြစ်နေပြီ!"
ဝူထန်းက သူ့ပါးစပ်ကို ကျယ်ကျယ် ဖွင့်လိုက်သောအခါ တွင်းနက်ကြီး ဖြစ်သွားလုနီးပါး ပွင့်သွားလေသည်။ ယန့်လင်သည် ဒေါသတကြီး အော်သံနဲ့အတူ သူ့ဗိုက်ထဲသို့ တစ်ကျိုက်တည်း မျိုချခံလိုက်ရလေသည်။
အဝေးမှာတော့ တျယ်ရှုံက ရုတ်တရက် နောက်ပြန် လှည့်ကြည့်လိုက်ပြီး။
"လုရွှမ် အဲ့အသံကို မင်းကြားလိုက်လား? အဲဒါ ယန့်လင်ရဲ့ အသံပဲ"
"သိတယ်... သူမ သေသွားလောက်ပြီ"
လုရွှမ် အေးဆေးတည်ငြိမ်စွာပဲ ပြောလိုက်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအားက ပတ်ဝန်းကျင်ကို အာရုံခံထားကာ ကောင်းကင်က အလင်းရောင်တွေ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်နေပါသည်။
"ဒါဝူထန်းရဲ့ လက်ချက်လား?"
"ရာနှုန်းပြည့်ပေါ့!"
"ဒါဆို မင်းသူ့ကို လွှတ်လိုက်တာက..."
တျယ်ရှုံ အထိတ်တလန့်နဲ့ အော်လိုက်၏။ လုရွှမ်သည် နောက်ဆုံးတွင် လှည့်ကြည့်လိုက်ပြီး တျယ်ရှုံကို ကြည့်ကာ ဖြေလိုက်သည်။
"ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး အထူးသဖြင့် ဒီမှာပေါ့"
"ဘာကိုဆိုလိုတာလဲ?"
"မင်းကတကယ် ရိုးသားဖြောင့်မတ်တယ်... မင်းမှာ အတွေ့အကြုံလည်း သိပ်မရှိဘူး ငါမင်းကိုပြောမယ် ဝူထန်းက လူမဟုတ်ပေမယ့် သူဘာဖြစ်နေတယ် ဆိုတာကို ငါလည်း အတိအကျ မသိဘူး... ဒါပေမယ့် သူ့မှာ ငါ နားမလည်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်...သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုရင်စံအိမ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်လိမ့်မယ်"
"ငါ ကောင်းကင်ဘုရင် စံအိမ်ထဲမှာ ရှိနေသရွေ့ သူ့ကို အနိုင်ယူရင်တောင် မသတ်နိုင်သေးဘူး"
တျယ်ရှုံ တိတ်တဆိတ် ကျိန်ဆဲခဲ့သည်။
"သောက်ကျိုးနည်းပဲ! ဒီနေ့ စံအိမ်ကလည်း တကယ်ကို ထူးဆန်းနေတယ် ဒါဆို ငါတို့ ဘာလုပ်သင့်လဲ?"
"ငါက ဒီလိုပဲ ပြောနိုင်သေးတယ် တခြားလူတွေကို ရှာရအောင် လူများလေလေ ငါတို့ရဲ့ ရှင်သန်ရေး အတွက် မျှော်လင့်ချက်က ပိုကြီးလေပဲ"
"ကောင်းပြီ ငါမင်းစကား နားထောင်မယ်!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူ တျယ်ရှုံကို ယုံကြည်ထားဆဲ ဖြစ်သည်။
"ငါတို့ အရှိန်မြှင့်ဖို့ လိုတယ် ဒီမှာ ဒြပ်စင်ငါးပါးရဲ့ အပြောင်းအလဲတွေက အရှိန်မြှင့်နေပြီ... ဝူထန်းရဲ့ ခွန်အားက အားကောင်းလာတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်... တျယ်ရှုံ ငါ့အရှိန်ကို ထိန်းထားတယ် မင်းသေချာ လိုက်ခဲ့"
လုရွှမ် အော်လိုက်ပြီး ရှေ့ကို အမြန်ပြေးထွက်သွားသည်။ တျယ်ရှုံလည်း နောက်က အမြန်လိုက်လာကာ သတိမမူဘဲ မနေဝံ့တော့ပေ။
သူတို့နှစ်ယောက် ပိုမြန်လာပြီး တျယ်ရှုံသည် လုရွှမ်နောက်ကို တစ်လှမ်းချင်း ကပ်လိုက်သွားခဲ့သည်။ နှစ်ဖက်စလုံးရှိ ပုံရိပ်တွေက လျင်မြန်စွာပြောင်းလဲနေ၏။ တစ်ခါတစ်ရံ အေးချမ်းသည်၊ တစ်ခါတစ်ရံတွင် ထူးဆန်းပြီး ပုံရိပ်ယောင်တစ်ခု ပေါ်လာသကဲ့သို့ တစ်ခါတစ်ရံ လေပြင်းများပင် တိုက်ခတ်လာတတ်သည်။
ဓားကြီးတစ်ချောင်းက သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ခိုင်မာစွာ လွှဲခုတ်လိုက်လေသည်။ အရှေ့မှသွားသော လုရွှမ်၏ ခန္ဓာကိုယ်သည် တခဏချင်း နှစ်ပိုင်းကွဲသွားသည်။ တျယ်ရှုံခမျာ နှလုံးသားအထိ ထိတ်လန့်တုန်လှုပ် သွားခဲ့တာကြောင့် အကျယ်ကြီး အော်ဟစ်လိုက််မိသည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ် ကွဲအက်သွားပြီး သူ့အသွေးတွေ လွင့်ထွက်သွားပြီး သူ့အသက်ရှုသံတွေက ချက်ချင်း ရပ်တန့်သွားသည်။ ယခုအချိန်ထိ သူ့နားထဲတွင် လုရွှမ်၏ သနားစရာကောင်းသော အော်ဟစ်သံများဖြင့် ပြည့်နေသေးသည်။
ဒါပေမဲ့ လုရွှမ်ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ သတ်နိုင်မှာလဲ။
သူတို့နှစ်ဦးသည် အလွန်လျင်မြန်စွာ ဖြတ်ကျော်ခဲ့ရာ ဓားသွားသည် သူတို့ရှေ့တွင် ဖြောင့်မှန်နေခဲ့သည်။ တျယ်ရှုံ၏ နှလုံးသည် ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်နေကာ ဓါးနှင့် ခေါင်းက မိတ်ဆက်ထိသွားသည်။
အစောတုန်းက ဘာမှမဖြစ်သွားသလိုပင်။
သူ့အမြင်အာရုံ နယ်ပယ်က ပြန်လည် ပြောင်းလဲသွားတယ်လို့ ခံစားလိုက်ရပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသလို ခံစားလိုက်ရ၏။ လုရွှမ် သူ့ကို စိတ်သက်သာရာရစွာ ကြည့်ရင်း ရှေ့ကနေ ပြန်လှည့်၍ ကယ်တင်လိုက်ခြင်းပင်။
"ကောင်းတယ်... မင်း အခုနတုန်းကသာ တုံ့ဆိုင်းနေတယ်ဆိုရင် ငါတို့လူချင်း ကွဲသွားလိမ့်မယ်"
တျယ်ရှုံရဲ့ ကျောပြင်တစ်လျှောက် အေးစက်တဲ့ ချွေးတွေ စီးကျလာခဲ့သည်။ သူပြန်ကြည့်လိုက်တော့ အရင်က ကြောက်စရာကောင်းတဲ့ မြင်ကွင်းတွေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ ထိုအစား သူ့နောက်မှာ ရိုးရိုးရှင်းရှင်းနဲ့ စိမ်းလန်းနေတဲ့ မြက်ပင်တွေပဲ ရှိလေတော့သည်။
"သွားရအောင် ငါတွေ့ပြီ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သော် တားဆီးထားတဲ့ အစီအရင် စွမ်းအင်တစ်ခုက အဝေးမှ တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ကို ထုတ်ဖော်ပြသလိုက်ပါ၏။
"စိတ်မပူပါနဲ့ ငါတို့က အဲဒီရုပ်သေးတွေ မဟုတ်ဘူး.... အနာဂတ်မှာ ဒီလို လျှို့ဝှက်ဖွဲ့စည်းပုံကို မသုံးပါနဲ့ ကောင်းကင်ဘုရင် စံအိမ်မှာ ဘယ်လိုအခင်းအကျင်းမှ သုံးဖို့ မကြိုးစားနဲ့။ ဒီမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေက ညစ်ညမ်းသွားပြီ ဘယ်လို အခင်းအကျင်းပဲဖြစ်ဖြစ် မအောင်မြင်ဘူးလို့ ပြောလို့ရတယ်... အနည်းဆုံးတော့ ကောင်းကင်ဘုရင်စံအိမ်က မင်းရောက်နေတဲ့ နေရာကို အလွယ်တကူ သိရှိနိုင်စေဖို့ ခြေရာလက်ရာတွေ ချန်ထားခဲ့နိုင်တယ်"
"ဟုတ်ပါတယ် ငါလည်း ဒီလိုပဲထင်တယ်"
တျယ်ရှုံက "သူဘယ်သူလဲဆိုတာ မင်းအကုန်သိတယ် ဆိုမှတော့ မင်းတို့ ငါတို့နောက်လိုက်မယ်ဆိုရင် ထွက်လမ်းရှာနိုင်လိမ့်မယ်!"
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မှန်သလား မှားသလား မသိဘဲ ဖြစ်နေကြသည်။ သို့သော် လုရွှမ်ရဲ့ တည်ရှိမှုကို လူတိုင်းသိကြပြီး နောက်ဆုံးခွန်အားသည် အခိုင်မာဆုံး အာမခံချက် ဖြစ်ကြောင်းလည်း သဘောပေါက်ကြပါသည်။
"ငါတို့နောက်ကို လိုက်ခဲ့ မဟုတ်ရင် ငါတို့ တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ခံရလိမ့်မယ်"
တျယ်ရှုံက ထပ်အော်လိုက်သည်။ သူ့မျက်နှာက တစ်ချိန်တည်းမှာ ကြောက်စရာ ကောင်းလာသည်။ ကြောက်စရာကောင်းပေမယ့် သူ့ရဲ့ စိုးရိမ်စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေက လူတွေကို လှုပ်လှုပ်ရွရွ ဖြစ်လာစေခဲ့သည်။ သူ့ပုံစံက ပိုရိုးသားပြီး ယုံကြည်စိတ်ချရပုံ ပေါ်သည်။
“ငါ မင်းနောက်ကို လိုက်မယ်”
တစ်ယောက်က ပထမဦးစွာ အော်လိုက်၏။ ကျန်တဲ့ နှစ်ယောက်က ဘာလုပ်ရမှန်းမသိဘဲ သူတို့အဖော်က ရွေးချယ်ထားတာတွေ့တော့ သူတို့လည်း အမြန်နောက်က လိုက်လာခဲ့ကြသည်။
လုရွှမ်သည် ဒြပ်စင်ငါးပါးအပေါ် အာရုံခံနိုင်စွမ်းကို အားကိုးပြီး လူတိုင်းကို လမ်းကြောင်းတစ်လျှောက် ပျံသန်းရန် ညွှန်ကြားခဲ့သည်။ ညသန်းခေါင်ယံ အချိန်တွင် လုရွှမ်နောက်သို့ ကျင့်ကြံသူ ငါးဆယ်ထက်မနည်း ရှိလာခဲ့သည်။
"ကောင်းပြီ ငါတို့ ရပ်လို့ရပြီ"
လုရွှမ် အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။ အားလုံး မောပန်းနွမ်းနယ်နေကြပြီး ကမန်းကတန်း အနားယူဖို့ ထိုင်နေကြပြီ။
လမ်းတလျှောက် အပြေးအလွှား ပြေးလာခဲ့ကြရသလို လမ်းတစ်လျှောက်မှာ နှလုံးရပ်မတတ် စမ်းသပ်မှုတွေ အများကြီးကိုလည်း ကြုံခဲ့ရသည်။ တျယ်ရှုံ လူတိုင်းကို အနီးကပ် ညွှန်ကြားနေ၏။ သူက ဘယ်လို အကြပ်အတည်းတွေ ကြုံနေပါစေ ဆက်လက် လိုက်နာဖို့ ပြောထားပေမယ့် သူတို့ရှေ့မှာ လူသေနေတာကို တွေ့လိုက်တဲ့အခါ အဖွဲ့ထဲက ထွက်သွားတဲ့ လူ တစ်ဒါဇင်ကျော်လောက်က ရှိနေပါသေးသည်။
ထို့နောက် နောက်အခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့၏ ဝမ်းနည်းဖွယ် ညည်းတွားသံများကို ကြားလိုက်ရပြီး တိတ်တဆိတ် ထွက်ခွာသွားကာ ပျောက်ကွယ်သွား၏။ သူတို့က တခြားနေရာများသို့ ပို့ဆောင်ခံရပုံရသည်။
သူတို့ကြားဖူးတဲ့ ဒဏ္ဍာရီတွေလိုပဲ။ အဲဒီလူတွေဟာ ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ပါဘူး။
"ဒီမှာရှိတဲ့ ဒြပ်စင်ငါးပါးက အတော်လေး တည်ငြိမ်တယ်...ငါတို့ကို အနည်းဆုံး တစ်နာရီလောက် အနားယူနိုင်ဖို့ အချိန်ရစေမယ်.... အားလုံးပဲ ကောင်းကောင်း အနားယူကြပါ"
လုရွှမ်ရဲ့ စကားကို ကြားပြီးနောက် လူတိုင်း ချက်ချင်း ထထိုင်လိုက်သည်။ လမ်းတလျှောက် ကြိုးစားအားထုတ်မှုမှာ ထိတ်လန့် ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီး သူတို့ရဲ့ စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအားတွေ အလွန်ကုန်ခမ်းသွားပြီမလို့ အနားယူဖို့ အရေးတကြီး လိုအပ်နေပါပြီ။
"ဒါဆို ငါတို့ တခြားလူတွေကို ခဏလောက် သွားကယ်ကြမလား?"
ကျင့်ကြံသူတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ မေးလေသည်။ သူဟာ ငယ်ငယ်ကတည်းက အရှင်သခင်လို နေလာတဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ ပုံစံမျိုးပင်။ ရဟန်းတစ်ပါးပဲ။ ယခင်က အေးအေးဆေးဆေး သဘောထားမကြီးဘဲ မကောင်းသော အပြုအမူမျိုး ရှိခဲ့သော်လည်း ယခုအခါတွင်မူ ရှက်ရွံ့ကာ ကြောက်ရွံ့မှုများ ပြည့်နှက်နေပုံရသည်။
အနည်းငယ် အရှက်ကွဲပြီးနောက် သေခြင်းတရားကို ပိုမိုကြောက်လာသည်။ လုရွှမ် အခြားသူများကို တစ်ချက် ကြည့်လိုက်တော့ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ တချို့က သခင်လေးထက် အနည်းငယ် ငြိမ်သက်နေပုံရပြီး တချို့ကလည်း ပိုကြောက်နေကြသည်။
လုရွှမ် အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြောလိုက်သည်။
"အခြေခံအားဖြင့်တော့ သူတို့သေသွားလောက်ပြီ... တခြားလူတွေလည်း ရှိမှာမဟုတ်ဘူး!"
ထိုစကားသံကို ကြားလိုက်ရသော်လည်း အားလုံး မတတ်နိုင်ဘဲ သက်ပြင်းသာ ချနိုင်ကြသည်။