လူကိုးယောက်
Vol. 90 Ch. 4.859
“ခုနက နတ်သမီးထက် ငါက ပိုသန်မာတယ် မဟုတ်ဘူးလား”
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အခုနတုန်းက မင်းအော်တာ အတက်ကြွဆုံးပဲ"
ထိုလူ၏ မျက်နှာ နီမြန်းလာသော်လည်း အသံက ပိုကျယ်လောင်လာသည်။
“ဘာလဲ? ဒီမှာ စကားနည်းနည်းတောင် ချေပလို့ မရတော့ဘူးလား? ဟုတ်တယ် ငါ မင်းကို စကားနဲ့ လှောင်ပြောင်ခဲ့တယ် အဲ့တော့ မင်းကငါ့ကို ဒုက္ခပေးပြီး သတ်တော့မှာလား? လူတိုင်းက စောင့်ကြည့်နေကြတယ်နော်"
လုရွှမ်နှုတ်ခမ်းပေါ်ရှိ အပြုံးသည် လျော့မသွားဘဲ ရွဲ့စောင်းသော အရိပ်အမြွက်ကို ထပ်လောင်းထည့်လိုက်သည်။
"မင်းရဲ့အော်သံကို ငါမကျေနပ်လို့ မင်းကိုဒုက္ခပေးလိမ့်မယ်လို့ ထင်နေတာလား? ဟားဟား မင်းကအရမ်း တွေးနေတာပဲ ငါအဲ့လောက် အားမနေဘူး"
"မင်းတို့ကို အခုနကတင် ငါရှင်းရှင်းလင်းလင်း ပြောပြီးပြီ ငါ့နောက်က မလိုက်ချင်ဘူးဆိုရင် မင်းတို့ရဲ့စိတ်ပိုင်းဖြတ်မှုကို သံသယကင်းကင်းနဲ့ ရှေ့ကို ဆက်သွားနိုင်တယ် အခုနတုန်းက နတ်သမီးက မင်းလောက် အစွမ်းထက်တာတော့ မဟုတ်ဘူး ဒါပေမဲ့ သူ့ရဲ့စိတ်က အရမ်းခိုင်မာပြီး သေဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား..."
"သူမ သေသွားနိုင်သလို ရှင်သန်နေတာလည်း ဖြစ်နိုင်တယ်... သူမမှာလည်း စိတ်ဓာတ်ကောင်းရှိတယ် ဆိုတာ သိသာတယ် စည်းစည်းလုံးလုံးနဲ့ သေတဲ့အထိ အတူတူတိုက်ခိုက်ရင် လွတ်မြောက်နိုင်မှာပါ"
"ဒါပေမဲ့ မင်းက မဟုတ်ဘူး... မင်းကငါ့အနားမှာ ရှိနေရင် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုကောင်းတယ်လို့ ထင်နေတာ.... အဆိုးဆုံး အခြေအနေ မဟန်တော့ရင် မင်းနောက်ဆုတ်သွားလိမ့်မယ် မင်းက ထက်မြက်တဲ့ လူတစ်ယောက်ပါ။ မင်းကိုယ်မင်း ဘယ်လိုထင်လဲ... လူတိုင်းကလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်"
"မင်းတုံ့ဆိုင်းနေမယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး....ငါတို့အပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့တော့ မထင်နဲ့ပေါ့"
လုရွှမ် လူတိုင်းကို ကြည့်ရင်း အသံကျယ်ကျယ်နဲ့ ဆိုလိုက်သည်။
"ငါ မင်းတို့ကို ဖျစ်ညှစ်သတ်နေတယ်လို့ ထင်နေတာမလား? လုံးဝ မဟုတ်ဘူး ငါမင်းတို့ကို အမှန်တိုင်း ပြောနေတာ မင်းတို့သေရဲဖို့ စိတ်ကူးထားရင် ငါ့နောက်ကို လိုက်ခဲ့.... ဒီလမ်းက မင်းသေမှာသေချာတယ်။ မင်းတို့ငါ့နောက်ကို မလိုက်ဘဲ နေမယ်ဆိုရင် တခြားသူတွေနဲ့ အတူတူရှိနေတာ အကောင်းဆုံးပဲ"
ထိုကျင့်ကြံသူက ဒေါသတကြီးဖြင့် ရှက်ရွံ့စွာ အော်လိုက်သည်။
"ငါ့မှာ သေဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဘယ်သူပြောလဲ? ငါ့ဘဝကဒီမှာပဲ ဆုံးသွားပြီ ငါသေတော့မယ်ဆိုတာ သေချာသလောက်ပဲ ဘယ်သူက အစွန်းနှစ်ချောင်းရှိနိုင်လို့လဲ...လုမျိုးရိုး မင်း သူများတွေကို သည်းမခံနိုင်အောင် လုပ်နေတာတွေ ရပ်တော့!"
တျယ်ရှုံ သည်းမခံနိုင်တော့ဘဲ။
"မင်းကသာ မသိနားမလည်တာ! လုရွှမ်က မင်းကို နှိမ့်ချနေတယ်လို့ ထင်နေတယ်ပေါ့ ငါပဲမင်းကို နှိမ့်ချလိုက်မယ်... ငါ့အမြင်တော့ မင်းမှာ သခင်လေးလုရွှမ်ကို နှိမ့်ချဖို့ အရည်အချင်းတောင် မရှိဘူး"
"သူ မင်းကို အမှန်အတိုင်း ပြောနေတာ မင်းအရင်က ငါပြောခဲ့တာကို မှတ်မိသေးလား လမ်းမှာ မင်းငါ့စကားကို မဆိုင်းမတွ နာခံရမယ် မင်းရှေ့မှာ ထက်ရှဆဲ့ ဓားတစ်ချောင်းရှိတယ် မင်း အဲဒါကို တိုက်ခိုက်ရမယ်.... လူဘယ်နှစ်ယောက် ချီတုံချတုံ ဖြစ်ခဲ့လဲ သူတို့ နောက်ဆုံးမှာတော့ ချက်ချင်းဆိုသလို ပျောက်သွားကြတာပဲမလား”
"မကြာခင် မင်းရင်ဆိုင်ရမယ့် အန္တရာယ်က အရင်ကထက် ပိုလွယ်လာမယ်... ပိုအားကောင်းပြီး အန္တရာယ်များလာမယ်လို့ မင်းမှာ သေဖို့ နှလုံးသား မရှိရင်တောင် မင်းသေမှာ သေချာတယ်"
ထိုလူရဲ့မျက်နှာက နီရဲပြီး ပူနေပေမယ့် ပြန်ပြောသေးသည်။
"ဒါ မင်းတို့ရဲ့ တစ်ဖက်သတ်စကားပဲ အဲ့အချိန်ရောက်ရင် မင်းတို့က ရှင်သန်နေမယ်ပေါ့... မင်းအတွက် ငါတို့က ဘာလို့ တိုက်ပွဲဝင်ရမှာလဲ၊ မင်းမှာ ငါတို့အသက်အတွက် အာမခံချက်တောင် မရှိဘူး.... ငါတို့ကို လူမိုက်တွေလို့ထင်လား မင်းတို့အတွက် သိုးမွှေးအထည်လား"
လုရွှမ်က ပခုံးတွန့်လိုက်ပြီး "မင်းကို အရူးတစ်ယောက်လို့ ဘယ်သူကမှ မမှတ်ယူပါဘူး... ငါက အတူတူ သေတဲ့အထိတိုက်ဖို့ သင့်တော်တဲ့လူတွေကိုပဲ ရွေးလိုက်တာ"
"တခြားဘယ်သူ ပြောချင်သေးလဲ?"
လုရွှမ် ငြိမ်သက်နေပုံရသော်လည်း သူ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ သူသာ ကောင်းကင်ဘုရင်စံအိမ်မှ အသက်ရှင်လျက် လွတ်မြောက်လိုလျှင် သူအပါအဝင် တျယ်ရှုံနဲ့ ကျင့်ကြံသူမိန်းကလေး တစ်ယောက်ကို ပေါင်းထည့်လိုက်ရင်ပင် လိုအပ်နေသေးမှန်း သူကောင်းကောင်းသိသည်။
စိတ်ဓာတ်ကျနေသော အခြေအနေများတွင် တက်ကြွမှုကို ဖန်တီးပေးသူအဖြစ် သူသည် ပင်တိုင်အဖြစ်ဖြင့် အနည်းဆုံး လူကိုးဦး လိုအပ်သည်။ တျယ်ရှုံကိုတော့ သူ အလွန်ယုံကြည်ပြီး သူ့ကို ဒုတိယမြောက် ဘုန်းကြီးအဖြစ် မှတ်ယူနိုင်ပြီး ကြံ့ခိုင်သန်မာသည်။ သူက သေဆုံးရန် စိတ်ပိုင်းဖြတ်ထားသူ တစ်ဦးလည်း ဖြစ်၏။
ဤနည်းဖြင့်သာ သူတို့သည် ဤသေနိုင်သောမြေ၌ အနည်းငယ်သော အသက်ရှင်သန်မှုကို ဖန်တီးနိုင်မှာ ဖြစ်သည်။ သူတို့ သက်ရှိသုံးကောင်ရဲ့ ခွန်အားဟာ လုံလောက်ဖို့ ဝေးနေသေးပေမယ့် လူကိုးယောက် အတူတူ အလုပ်လုပ်နိုင်ရင် ရှင်သန်ဖို့ မျှော်လင့်ချက်က သဘာဝအတိုင်း တိုးလာမှာပါ။
သို့သော် လုရွှမ်သည် သဘာဝကျကျ သူ့စိုးရိမ်မှုများကို လူတိုင်းရှေ့တွင် မပြနိုင်ပေ။ လူတိုင်း၏ မျက်လုံးများထဲတွင် လုရွှမ်က တည်ငြိမ်ပြီး ယုံကြည်မှုအပြည့် ရှိသည်။
"ဟုတ်တယ် ဒီနေရာက သေမင်းနေရာပဲ... မင်းရှင်သန်ချင်ရင် မင်းကိုယ်မင်း လူသေလို့မှတ်ပြီး ရှင်သန်ရမယ်....သခင်လေးလုရွှမ် ကျွန်တော့်ကိုလည်း ထည့်ရေတွက်ပေးပါ"
ကျင့်ကြံသူ တစ်ယောက် လှမ်းထွက်လာခဲ့၏။ သူပြီးတဲ့နောက် နောက်ထပ် တစ်ယောက် ထပ်ထွက်လာသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြလေသည်။
"မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း တွေးကြည့်ထားဖို့ လိုတယ်....လုမျိုးရိုးက သေတဲ့အထိ တိုက်ပွဲဝင်ရတော့မယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ် အသက်ရှင်ရတာထက် သေတာက ပိုကောင်းတယ်လို့ ထင်နေလား? အရင်ကလူတွေ တကယ်မသေခင် ဘာတွေဖြစ်သွားလဲ... သေပြီးရင် ဘာအဖြစ် ပြောင်းလဲသွားမလဲ ဘယ်သူက ပြောနိုင်မှာလဲ... တခြား တည်ရှိနေတဲ့ အခြေအနေလည်း ရှိကောင်းရှိနိုင်တယ်ကွ!”
အစောတုန်းက လူဟာ ထပ်အော်ဟစ်နေပြီး သူ့မျက်လုံးတွေက သွေးရောင်တွေနဲ့ နီရဲကာ အလွန်ဒေါသတွေ ထွက်လာသည်။ လုရွှမ်ကတော့ သူ့ကို လျစ်လျူရှုထား၏။ ဒီလူကို သူ့နှလုံးသားထဲမှာ သေဒဏ်ပေးထားပြီးသားပါ။
လူတွေက ဆက်ပြီး ထွက်လာကြပြီး သူတို့ရဲ့ကျင့်ကြံမှု အင်အားကလည်း ပိုမြင့်လာသည်။ အပြင်ထွက်ဖို့ သတ္တိရှိရင် ကိုယ့်အစွမ်းအစကို ယုံကြည်မှုလည်း ရှိရမည်လေ။
လုရွှမ် အပါအဝင် လူရှစ်ယောက် ရှိနေပြီဖြစ်သည်။ လုရွှမ်မျက်လုံးများက လူအားလုံးအပေါ် ဝေ့ကြည့်ကာ နောက်ဆုံးလူ ပေါ်လာမှာကို စောင့်နေသည်။ အချိန်တွေက ကုန်တာ မြန်ပေမယ့် ဘယ်သူမှ ရှေ့ကို မရောက်သေးပေ။
သူစိတ်ပျက်သွားမှာ မဟုတ်ဘူးလို့ ပြောရင် လိမ်ညာပြောရာ ကျလိမ့်မည်။
"ဟားဟား အားလုံးက တော်တော် ပညာရှိပုံရတယ် သခင်လေးလု မင်းဒီမှာ ဘာကို စောင့်နေတာလဲ သေတဲ့အထိ တိုက်မှာ မဟုတ်ဘူးလား၊ မင်း အခု သွားလို့ရပြီလေ ငါတို့အားလုံး အချင်းချင်း အားကိုးပြီး ပြေးနေရင်တောင် မင်းတို့လောက် မရှင်သန်နိုင်ဘူးလို့ ထင်နေတာ မဟုတ်ဘူးလား"
တျယ်ရှုံက "သခင်လေးလုရွှမ် သွားကြရအောင်.... ဒီလူတွေ ငါတို့ကို မယုံမှတော့ ဒီမှာနေစရာ မလိုတော့ဘူး"
လုရွှမ် ခဏလောက်စဉ်းစားပြီး "ခဏနေပါဦး"
"တစ်ယောက်မှ မရှိဘူးလား?"
သူ၏ ပူလောင်နေသော မျက်လုံးများက လူတိုင်း၏ မျက်နှာပေါ်က ကြောက်ရွံ့ထိတ်လန့်ကာ ထုံကျင်နေသော ပါးပြင်များကို ကြည့်လိုက်သည်။
"ဟာဟား မင်းတို့လို သေတဲ့အထိ ရူးရူးသွပ်သွပ် လိုက်လုပ်နေမှာ မဟုတ်ဘူး... အဲ့ဘက်ကလူတွေ မင်းတို့ကို ပြန်လာဖို့ ငါ အကြံပေးတယ်နော် ငါတို့မှာ လူများလေ ပိုအင်အားကြီးလေပဲ အတူတူ ဆွေးနွေးပြီး နည်းလမ်းရှာကြရအောင်"
“ကျွန်မ ရှင်တို့နောက်လိုက်မယ် ဒါပေမဲ့ ရှင်တို့ကျွန်မကို လိုချင်ပါ့မလားတော့ မသိဘူး!”
ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က မတ်တပ်ထရပ်ကာ ဆိုလာသည်။ သူမ၏ ပခုံးကို အုပ်ကာ လက်တစ်ဖက်ဖြင့် အုပ်ထားပုံမှာ သူမလက်တစ်ဖက် ကျိုးသွားကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူမ၏ လက်မောင်းပေါ်မှ အဆင်မပြေသည့် အကြည့်ကို ကြည့်လိုက်ရာ ကျိုးသွားသော လက်သည် အားသန်သော လက်ဖြစ်ကြောင်း ထင်ရှားသည်။
မိန်းကလေး၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းနှင့် အနည်းငယ် နာကျင်နေသည်။ သူမရဲ့အဆင့်က မမြင့်ဘဲ နတ်မီးနယ်ပယ် ပထမအဆင့်သာ ရှိလိမ့်မည်။ ယခုမူကား ခွန်အားတစ်ဝက်ကို ထုတ်သုံးနိုင်လျှင်ပင် မှတ်သားဖွယ် ကောင်းလှပေပြီ။
"ကောင်းပြီ!"
လုရွှမ် အော်လိုက်ပြီး သူ့မျက်လုံးထဲမှာ အံ့သြတကြီး အလင်းရောင်များ ပွင့်နေသည်။ ဒီမိန်းကလေးက သေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သူပြောနိုင်သည်။ မတ်တပ် မရပ်ချင်တာက သူမဟာ အရည်အချင်း မပြည့်မီ၍ ဝန်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူခံရမည်ကို ကြောက်နေခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့ ငါလိုအပ်တဲ့အရာက မင်းရဲ့စိတ်ပိုင်းဖြတ်မှုပဲ.... မင်းရဲ့ခန္ဓာကိုယ် မဟုတ်ဘူး ငါတို့နဲ့ပူးပေါင်းဖို့ ကြိုဆိုပါတယ်"