← Chapters

စကြာဝဠာ ကိုးလှည့်

Vol. 90 Ch. 4.860

စကြာဝဠာ ကိုးလှည့်

Vol. 90 Ch. 4.860

ထိုမိန်းကလေးရဲ့ မျက်လုံးထဲမှာ အနည်းငယ် အဆင်ပြေသွားတဲ့ စိတ်ခံစားမှု အရိပ်အမြွက်ပြပြီး တခြားသူတွေကို စိုက်ကြည့်လိုက်စဥ် တျယ်ရှုံက ရယ်လျက် ဆိုလာခဲ့၏။

"ညီမလေး.... အခု မင်းလက်တစ်ဖက် ကျိုးသွားပြီ ငါတို့က သေတဲ့အထိ တိုက်ပွဲဝင်ရမှာ နောက်ထပ် လက်တစ်ဖက် လျော့သွားတော့ရော ဘာကိုကြောက်စရာ လိုလို့လဲ!"

“ဟုတ်တယ် သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သတ္တိက တခြားသူတွေထက် အများကြီး သန်မာတယ်”

မိန်းကလေးကလည်း ဆို၍ လူအုပ်ကြီးကို မထီမဲ့မြင်ပြုသည့် မျက်စောင်း​ဖြင့် ထိုးကာ ရှေ့ကို တိုးလာခဲ့သည်။ လုရွှမ်နောက်က တခြားသူတွေကလည်း စကားမပြောဘဲ ခေါင်းသာ ညိတ်ပြကြသည်။

"ဟာဟား ဒါ မင်းရွေးချယ်ခဲ့တဲ့လူပဲ... တစ်ဝက်တစ်ပျက်နဲ့ အလဟသ ဖြစ်နေပြီ မင်းကို ကာကွယ်ဖို့ သူ့ကို အသုံးချချင်​နေတာမလား စိုးရိမ်ရတဲ့ အခိုက်အတန့် ရောက်ရင် မင်း သူမကို စွန့်ပစ်လိုက်မှာပဲ မဟုတ်ရင် သူမလည်း ငါတို့နောက်ကို လိုက်ပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်!"

လုရွှမ် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ တစ်ဖက်လူရဲ့ပါးမှ ရုတ်တရက် ဖြောင်းကနဲ အသံမြည်သွားလေသည်။ အလွန်လျင်မြန်ပြီး အင်အားကြီးသည်။

တခြားလူတွေမှာလည်း လုရွှမ် ရုတ်တရက် လှုပ်ရှားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ အရင်ကလို ပုတ်ခတ်ပြောဆိုတာတွေ လုပ်တုန်းကတောင် တုံ့ပြန်တာမျိုး မရှိခဲ့ဘူးလေ။ သူ့အမြင်အရတော့ လုရွှမ်ဟာ လူတချို့ကို သူနဲ့အတူထွက်သွားဖို့ သွေးဆောင်ချင်နေတာ ထင်ရှားတဲ့အတွက် သူအရမ်းမပျော်ပေမယ့် သည်းခံနေတာ ဖြစ်လိမ့်မည်။

ဒီလိုမှမဟုတ်ရင် ဒီလူတွေ ထိတ်လန့်သွားရင် သူ့နောက်ကို ဘယ်သူမှ လိုက်ချင်မှာ မဟုတ်ဘူးလေ။ သို့သော် မထင်မှတ်ပဲ လုရွှမ် သူ့ကို လူမြင်ကွင်းမှာ ပါးရိုက်ပြီး သူ့ကို အကြီးအကျယ် စော်ကားခဲ့သည်။

"ကောင်လေး... ဒီပါးရိုက်တာက မင်းအတွက် သင်ခန်းစာတစ်ခုပဲ ယုတ်မာတဲ့စိတ်နဲ့ ငါ့ရှေ့ ဆရာကြီး လာမလုပ်နဲ့... မင်းကို ငါပြောမယ် မင်းအခုလို လုပ်ရင် မသေ​တော့မှာမလို့လား"

"ငါလူအလုံအလောက် ရွေးပြီးပြီ လူကိုးယောက်ပဲ လိုတာ သွားကြစို့"

လုရွှမ် ကဲ့ရဲ့လှောင်ပြောင်ပြီးနောက် အလျင်အမြန် လိုက်လာခဲ့ဖို့ လူရှစ်ယောက်ကို လက်ပြလိုက်သည်။ သူတို့သည်လည်း ဤအညစ်အကြေး​ကောင်ကို သည်းခံနေတာ တော်တော်ကြာသွားပြီ။

"ငါ့ရဲ့အရှိန် အတိုင်း သေချာလိုက်ခဲ့... ငါမြန်ရင်း မြန်ရမယ် ငါနှေးရင် မင်းတို့လည်း နှေးရမယ်... ငါ့နောက်ကသာ လိုက်ခဲ့ ​​တခြားအရာအားလုံးက ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်။ မင်းရှေ့က အန္တရာယ်များတဲ့ နေရာကို တွေ့နေရတာလည်း ဖြစ်နိုင်တယ် ငါတိုက်ရိုက်ရှေ့ဆက်ခိုင်းရင် မင်းတို့ ဘာပြဿနာမှ မလုပ်ဘဲ လိုက်ခဲ့ရမယ် ငါအသတ်ခံရတာ မြင်ရင်တောင် မင်းတို့ငါ့နောက်ကို လိုက်ခဲ့ရမယ် နားလည်လား"

"လူတိုင်းက ငါ့အပေါ် ယုံကြည်မှု သိပ်မရှိဘူးဆိုတာ ငါသိတယ်.... တကယ်တော့ ငါ့ကိုယ်ငါလည်း ယုံကြည်မှု သိပ်မရှိဘူး။ ဒါပေမဲ မင်းတို့ငါ့ကို ယုံကြည်ထားရင် ဘယ်သူ့ကိုမှ မထားခဲ့ဘူးလို့ ငါကတိပေးတယ်... ဒါက ငါ့ကတိပဲ!!."

တျယ်ရှုံက "လုရွှမ်ကို ငါယုံတယ်.... မင်းကို ငါ့မျက်လုံးနဲ့ ဓားထိုးသတ် ခံလိုက်ရတာကို မြင်ခဲ့တယ် ပြီးတော့ အဲဒါက လှည့်စားမှု တစ်ခုပဲ!"

"ငါတို့မင်းကိုယုံတယ်!"

"ကောင်းတယ်! ငါ အခု ပျံသန်းတော့မယ် ငါ့နောက်ကလိုက်ခဲ့ကြ!!"

ပျံသန်းမယ်?

ဒီလို စိတ်ပျက်စရာကောင်းတဲ့ အရပ်မှာ ပျံသန်းမလိုလား။ အဲဒါ အသက်ရှင်နေတဲ့ အသားတုံး ပစ်မှတ်လို ဖြစ်နေမှာ မဟုတ်ဘူးလား?။

တျယ်ရှုံ ပျံတက်သွားပြီးနောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက် ပျံတက်သွား၏။ အဲဒီနောက် သူတို့နောက်က လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပျံတက်သွားသည်။ မသိလျှင် အားလုံးက ပျော်နေသလိုပင်။

အောက်က မြင်ကွင်းက အရင်ကနဲ့ လုံးဝ မတူတော့ပေ။ ချက်ချင်းဆိုသလို ပါးစပ်ကို ဖွင့်ထားတဲ့ တွင်းနက်ကြီး ဖြစ်သွားကာ စုပ်ယူမှုအားက ပြင်းပြင်းထန်ထန် အားကောင်းလေသည်။ အရင်က နည်းနည်းသာ နှေးသွားခဲ့ရင် တွင်းနက်ထဲကို စုပ်ယူခံလိုက်ရလိမ့်မည်။

"သခင်လေးလုရွှမ်ကို မယုံတဲ့သူ ရှိသေးလား"

တျယ်ရှုံက ပြုံးပြီး မေးလိုက်သည်။ ကျန်တဲ့ ခုနစ်ယောက်စလုံး၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်း အရိပ်အမြွက် ပြခဲ့ကြပေမယ့် ဆက်လက် တိုက်ပွဲဝင်ခဲ့ပါသည်။ လုရွှမ်ပြောနာဟာ အမှန်တရားနဲ့ နီးကပ်ကြောင်း သက်သေပြသွားခဲ့ပါပြီ။

"အခု လူတိုင်းကို ကုဒ်နာမည်တစ်ခု ပေးမယ်... ရိုးရိုးရှင်းရှင်းပဲ တစ်ကနေ ကိုးအထိပဲ လူတိုင်းက ကိုယ့်နံပါတ်ကို မှတ်မိကြတယ်မလား"

"ဟုတ်ကဲ့!" အားလုံးက မြန်မြန်ဆန်ဆန် ဖြေ၏။

"ငါ မင်းတို့ကို အတတ်ပညာတစ်ခုစီ လက်ဆင့်ကမ်းပေးမယ်.....အသိစိတ်ထဲ ဝင်လာတာကို မတွန်းလှန်ဘဲ လက်ခံလိုက်!"

လုရွှမ် ဆိုပြီး သူ့လက်ချောင်းတွေကို ပွတ်ဆွဲလိုက်ကာ အသိဥာဏ် အလင်းတန်းရှစ်ခု လင်းလက်လာပြီး လူရှစ်ယောက်ရဲ့ စိတ်ထဲ ပျံ့လွင့်သွားခဲ့သည်။

နှလုံးသားနဲ့ စိတ်ဟာ ဆက်စပ်မှုတစ်ခု ရှိသည်။ ယခုအရာက လုရွှမ် သူ့စိတ်ကို ဉာဏ်အလင်းဖွင့်ရန် အသုံးပြုသည့် ဆက်စပ်မှုဖြစ်သည်။ လူတိုင်းရဲ့စိတ်ထဲကို ထိုးဖောက် ဝင်ရောက်လာတာနဲ့အမျှ ကြည်လင်ပြတ်သားတဲ့ ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ခဏအတွင်းမှာပဲ လူရှစ်ယောက်လုံး နားလည်သွားကြပါ၏။

ဒါက အခင်းအကျင်း ဖွဲ့စည်းမှုပါပဲ။ ၎င်းတို့ဟာ ရှစ်ဦးရှိကြောင်း ထင်ရှားပြီး ၎င်းတို့တစ်ဦးစီသည် အခင်းအကျင်းရဲ့ အပိုင်းတစ်ခုကို ထိန်းချုပ်ထားရသည်။

ဤအခင်းအကျင်းသည် ရားရားမှ လုရွှမ်အား ပုံဖော်​ပြထားသော ကောင်းကင်အခင်းအကျင်း စာအုပ်ထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို စကြဝဠာ၏ အစိတ်အပိုင်း ကိုးခု၊ စကြဝဠာ ကိုးလှည့်၊ ကောင်းကင်နှင့် ကံကြမ္မာကို ပြောင်းလဲကာ ဘဝကို ပြောင်းပြန်လှန်ကာ သေခြင်းတရားကို ပြောင်းလဲစေမည့် အခင်းအကျင်း ​ဖြစ်ပေ၏။

လုရွှမ် အလွန်အမင်း တွေးတောနေပါသည်။ ထိုသို့သော အခင်းအကျင်း ဖွဲ့စည်းမှုမှသာလျှင် သူတို့ကို ကယ်တင်နိုင်လိမ့်မည်။

"အား....."

ရုတ်တရက် သနားစရာ ကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် လူအများ၏ ထိတ်လန့်တုန်လှုပ်သော အသံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးကို တစ်စုံတစ်ခုက သတ်ပစ်နေသလိုမျိုးပင်။

“အဲဒါ... စောစောက လူတွေရဲ့ အသံပဲ”

လူတစ်ယောက်က အော်လိုက်၏။ လုရွှမ် စကားမပြောဘဲ တျယ်ရှုံကသာ ပြောလာသည်။

"သခင်လေးလုရွှမ်က အဲဒီနေရာမှာ တစ်နာရီလောက် လုံခြုံတဲ့အချိန် ရှိတယ်လို့ ပြောထားပြီးသား... အခု တစ်နာရီ ပြည့်သွားပြီ!"

လူခုနစ်ဦးသည်လည်း တစ်နာရီတိတိ ကြာ​ပြီ​ဖြစ်ကြောင်း သတိရသွားသည်။

"ဆင်းသွားပြီ နံရံကို ဝင်တိုက်!"

လုရွှမ် အော်ဟစ်ရင်း နံရံကို ဆောင့်ထိုးလိုက်ပြီး ပျောက်သွားသည်။ တျယ်ရှုံလည်း လျင်မြန်စွာ လိုက်၍ နံရံကို ဝင်တိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ လူခုနစ်ဦးတို့ရဲ့ စိတ်နှလုံးတွေဟာ အစောကလို သံသယများ မရှိတော့ဘဲ တံတိုင်းကို အမြန်ဝင်တိုက်၍ နောက်သို့ လိုက်သွားကြသည်။

သူတို့ရှေ့က လူတွေကို ပြန်ရှာတွေ့ပြီး တောထဲမှာ ရုပ်သေးရုပ်တွေ ဒါဇင်နဲ့ချီပြီး ရှိနေတာကို တွေ့လိုက်ရသည်။ သူတို့သည် ဤရုပ်သေးအဝိုင်းထဲသို့ ကျသွားသလိုမျိုး သို့မဟုတ် အဝိုင်းခံထားရသလို ဖြစ်သွားသည်။

ဤရုပ်သေးများသည် သူတို့မြင်ဖူးသော အရုပ်များထက် များစွာပို၍ အစွမ်းထက်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ တစ်ဦးစီ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် လုံးလုံးလျားလျား ခိုင်ခံ့နေပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။

လူများစွာ ရှိသော်လည်း ပတ်ပတ်လည်ကိုကြည့်လျှင် ဤရုပ်သေးများက လူတစ်ဦးတည်း ဖြစ်​နေပုံရသည်။ သူတို့ရဲ့ ရောင်ဝါများကလည်း အတူတူပင်။ ၎င်းတို့သည် နတ်မီးနယ်ပယ် စတုတ္ထအဆင့် ရောင်ဝါများဖြစ်ပြီး ရှိနေသည့် လူကိုးယောက်ထက် ပိုမိုအားကောင်းကြသည်။

"ဘယ်လိုဖြစ်တာလဲ?"

"ငါတို့ အဝိုင်းခံထားရပြီ!"

"သူတို့ရဲ့ အင်အားက အရမ်းပြင်းထန်တယ် ငါတို့က သူတို့နဲ့ လုံးဝ မယှဉ်နိုင်​လောက်ဘူး"

ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတဲ့အခါ ဘယ်လိုမှ မထိတ်လန့်ဘဲ မနေနိုင်ပေ။ လူတော်တော်များများမှာ ချက်ချင်းဆိုသလို အော်ဟစ်ခဲ့ကြသည်။

"အားလုံး မထိတ်လန့်ပါနဲ့ ဒီနေ့ နန်းတော်က အရမ်းအန္တရာယ် များတယ်လို့ ငါပြောထားပြီးသားမလား အသက်ရှင်ဖို့ အခွင့်အလမ်းကို ရှာချင်ရင် ငါတို့ တိုက်ခိုက်ရမယ့် နေရာက အန္တရာယ် အရှိဆုံးနေရာပဲ ဒါက အစပဲရှိသေးတယ်"

"အခုတော့ အပြေးအလွှား ထွက်သွားရမှာ အားလုံး ကိုယ့်နံပါတ်တွေကို မှတ်မိနေကြပြီ မဟုတ်လား? နံပါတ်သုံးနဲ့ ကိုးက ငါ့ဘေးမှာနေ... နံပါတ်နှစ်နဲ့ လေးကတော့ ငါတို့ သုံးယောက်ရဲ့ အနောက်က အလယ်မှာ ရပ်နေ... ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်က စိန်ပုံသဏ္ဌာန်မျိုး တန်းစီလိုက်.... နံပါတ်၅က အရှေ့၊ နံပါတ်၈က နောက်ကျောဘက်၊ နံပါတ် ၆က ဘယ်ဘက်၊ နံပါတ်၇က ညာဘက်... အခင်းအကျင်းကို ထိန်းသိမ်းထားရင်း အားလုံးအတူတူ ရှေ့ကိုဆက်သွားရမယ်... ငါလှုပ်ရှားတဲ့အခါ မင်းတို့က ထိန်းချုပ်တဲ့ ဖွဲ့စည်းပုံကို သုံးရမယ် နားလည်လား"

သူတို့ ရှစ်ယောက်မှာ အခြားရွေးချယ်စရာ မရှိသဖြင့် အားလုံးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ အားလုံးက လျင်မြန်စွာ မတ်တတ်ထရပ်ပြီး လုရွှမ်နှင့်အတူ ရှေ့သို့ ပြေးသွားခဲ့သည်။

ရုပ်သေးငါးဆယ်ကျော်သည် ထိတ်လန့်တုန်လှုပ်သွားကာ လူကိုးဦးဆီသို့ တခဏချင်း ပြေးလာသည်။ အသက်ရှုသံတွေက မီးတောက်တွေလို တဟုန်းဟုန်း တောက်၍ အားကြီးသော လှိုင်းလုံးကြီး တစ်ခုကဲ့သို့ပင်။ ၎င်းတို့ကိုးဦးခမျာတော့ အချိန်မရွေး မှောက်သွားနိုင်သည့် ပင်လယ်ပြင်ပေါ်ရှိ လှေငယ်လေးနှင့် တူ​နေသည်။

"လှုပ်ရှား!"

လုရွှမ် သူ့လက်ထဲမှာ ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ရှေ့ကို လှမ်းတက်ကာ အော်လိုက်သည်။ ဒီဖွဲ့စည်းပုံက ဘယ်လိုမျိုးလဲဆိုတာ မသိပေမယ့် အခုအချိန်မှာတော့ တခြားရွေးချယ်စရာလည်း မရှိတာကြောင့် လူရှစ်ယောက်လည်း လက်တွဲပြီး လှုပ်ရှားပါတော့သည်။

လူကိုးယောက်၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းလာပြီး ဝိညာဉ်စွမ်းအားတစ်ခုက ထိုလူကိုးယောက်ကို ဖုံးအုပ်ပစ်လိုက်​လေသည်။

All Chapters