← Chapters

ရေကန်ထဲမှာ ရေ​ငွေ့မရှိဘူး

Vol. 90 Ch. 4.861

ရေကန်ထဲမှာ ရေ​ငွေ့မရှိဘူး

Vol. 90 Ch. 4.861

လူရှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ ဖုံးအုပ်ထားသည့် အကာအကွယ်ကို ကြည့်ကာ နောက်ဆုံးတော့ တျယ်ရှုံက အရင် ထအော်လိုက်သည်။

"ဒါ ဒါက နတ်ဝိညာဥ်ဒိုင်းလွှာပဲ!"

"ဟုတ်တယ် ဒါက နတ်ဝိညာဉ်ဒိုင်းလွှာ... စကားမပြောနဲ့ မင်းတို့သုံးထားတဲ့ အခင်းအကျင်း အပေါ်မှာ မင်းတို့ရဲ့စိတ်ကို အာရုံစူးစိုက်ထားရမယ်.... လူတိုင်း သေခြင်းတရားကို တိုက်ခိုက်ဖို့ စိတ်ဓာတ် ခိုင်မာရမယ် စိတ်ဓာတ်ခိုင်မာပြီး ဘယ်တော့မှ နောက်ပြန်မဆုတ်ချင်တဲ့ နှလုံးသားရှိရမယ် မဟုတ်ရင် ဒီအခင်းအကျင်းက မတည်မြဲနိုင်ဘူး"

လုရွှမ်ရဲ့ အသံထွက်ပေါ်လာပြီး လူတိုင်း ပါးစပ်ကို အမြန်ပိတ်ကာ မျက်လုံးများက မီးတောက်များသဖွယ် အရှေ့သို့ စူးစိုက်ကြည့်ကာ အခင်းအကျင်းကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် မောင်းနှင်သွားကြသည်။

နောက်ဆုံးတော့ ဒီရုပ်သေးလေးတွေဟာ အခင်းအကျင်းကိုပဲ ထိသွားကြ၏။ အရင်က လူကိုးယောက်ဟာ လှေငယ်လေးနဲ့တူရင် အခုသူတို့ဟာ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အပြေးအလွှား ကူးခတ်သွားလေပြီ။

လုရွှမ်ကိုယ်ပေါ်ရှိ ဓားတစ်ချောင်းက မြင့်တက်လာပြီး ဓားစွမ်းအင်များ ထွက်​ပေါ်လာသည်။

လူတိုင်း သူတို့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ကုန်ဆုံးသွားတာကို ရုတ်တရက် ခံစားလိုက်ရပြီး လုရွှမ်က ၎င်းတို့ရဲ့ စွမ်းအားကို လှုံ့ဆော်ပေးနေသူ ဖြစ်ကြောင်း နားလည်သွားကြသည်။ စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ချင်းစီက သူတို့ရဲ့ ယွမ်စွမ်းအင်ကို ခွန်အားအပြည့်နဲ့ စုစည်းပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲကို ပို့လွှတ်ကာ ပိုမြန်ပြီး ပိုအားကောင်းလာစေဖို့ ခွင့်ပြုလိုက်ပါ၏။

လုရွှမ်ဖက်ကလည်း လူတိုင်းရဲ့ အတွေးများကို သဘာဝအတိုင်း ခံစားရတာကြောင့် သူ့စိတ်ထဲတွင် သက်သာရာ ရသွားသည်။ သူ့လက်ထဲရှိ ဓားရှည်ဟာ တောက်ပတဲ့ အလင်းတန်း တစ်ခုဖြင့် ပြေးထွက်သွားပြီး သူ့ရှေ့က ရုပ်သေးရုပ်တွေကို ဖြတ်ကျော်သွားသည်။

လမ်းမတစ်ခုသည် တိုက်ရိုက် ဗုံးကြဲခံလိုက်ရပြီး လမ်းတစ်လျှောက်ရှိ ရုပ်သေးရုပ်များကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။ ၎င်းတို့က အနက်ရောင် ဘောလုံးများအဖြစ်သို့ ပြောင်းလဲကာ လေထဲ လိမ့်တက်လာခဲ့သည်။

လူကိုးယောက်ဟာ အရှိန်ပြင်းပြင်းနဲ့ ကျော်တက်သွားကြသည်။

"ဖြန့်လိုက်!"

လုရွှမ် အော်လိုက်စဥ် လူကိုးဦးသည် ချက်ချင်း ပြေးထွက်သွားပြီး ၎င်းတို့၏ ရှည်လျားသော မြွေပုံစံကို ပြန်လည်စတင်ခဲ့သည်။ ထိုစဥ် ၎င်းတို့ရှေ့တွင် တွင်းနက်တစ်ခု ပေါ်လာရာ လုရွှမ် ထိုအထဲသို့ ပျံသန်းသွားခဲ့သည်။

နောက်ဆုံး နံပါတ်ကိုး ပြေးဝင်သွားသောအခါ တွင်းနက်ကြီးက ချက်ချင်း ပျောက်ကွယ်သွားသည်။

"ငါ့ကို ကယ်ပါ!"

ထိုမှပင် လူတစ်ယောက်က တုံ့ပြန်လာခဲ့ပြီး သူသည် ဤနေရာသို့ နားမလည်နိုင်အောင် ပို့ဆောင်ခံရကြောင်း တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားလေသည်။ လုရွှမ်တို့ လူကိုးယောက်သည် အံ့သြဖွယ်ကောင်းသော အသွင်သဏ္ဌာန်၊ အရှိန်အဟုန်ဖြင့် ကျော်ဖြတ်သွားတာ လှမ်းတွေ့လိုက်ရသည်။

ဒီရုပ်သေးရုပ်တွေက သူတို့ကို လုံးဝ မယှဉ်နိုင်တဲ့အပြင် တွင်းနက်ကိုလည်း သူမြင်ခဲ့ရသည်။ ဒါပေမဲ့ တုံ့ဆိုင်းနေချိန် တွင်းနက်ကြီးက ပျောက်သွားပြီ။ လေထဲမှာ လွတ်လွတ်လပ်လပ် ပျံဝဲနေတဲ့ လုရွှမ်နဲ့ သူ့အဖွဲ့ကို ခြေရာလက်ရာပင် မတွေ့ရတော့ပေ။

ဤအခိုက်အတန့်တွင် သူ အလွန်ဝမ်းနည်းသွားသည်။ သူ လုံးဝမှားသွားမှန်း သိလိုက်ပြီး သူ့ရဲ့တစ်ခုတည်းသော အခွင့်အရေးကို လွတ်သွားခဲ့၏။ ဒီမှာ ခဏတာ ကံကောင်းခြင်းနဲ့ ရှင်သန်နိုင်ပေမယ့် အပြင်ထွက်ဖို့ လုံးဝ မျှော်လင့်ချက် မရှိပါဘူး။

ထိုအခိုက် လှံတစ်ချောင်းက မြေပြင်မှ ရုတ်တရက် ပေါက်ကွဲ၍ အရှိန်ပြင်းပြင်းဖြင့် သူ့အား ထိုးစိုက်လာရာ ဘယ်လိုမှ မခုခံနိုင်ခဲ့ပေ။ ထို့ပြင် ထိုသေနေသော ရုပ်သေးရုပ်များသည် အသက်ရှင်လျက် လှံနက်များကို ပစ်သတ်နိုင်မည်ဟု မထင်ထားခဲ့။

မြေပြင်ပေါ် လဲကျသွားပြီး မျက်လုံးမမှိတ်ခင်မှာ ရုပ်သေးမဟုတ်တဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူက လုရွှမ်နဲ့ သူ့အဖွဲ့ မရောက်ခင် ပျောက်ကွယ်သွားသော နေရာကို ထိတ်လန့်စွာ ကြည့်​နေ​လေသည်။

"လုရွှမ်.... ငါဝူထန်း မင်းကို သေချာ​ပေါက် သတ်ပစ်မယ်"

ကျန်တဲ့ စကားလုံးတွေကိုတော့ သူ မကြားနိုင်တော့ဘဲ သူ့အသိစိတ်က မှောင်မိုက်သွားခဲ့သည်။

“တစ်ယောက်ယောက်က အကူအညီ တောင်းနေတဲ့ အသံကို ကြားလိုက်သလိုပဲ!”

နံပါတ်ကိုးက ဆိုလိုက်သည်။

"အစောတုန်းက လူတွေဖြစ်မယ်....သူတို့ ဒီနေရာကို အပို့ခံရလောက်အောင် ကံကောင်းသားပဲ သူ ခံနိုင်ရည်ရှိမယ်လို့ မျှော်လင့်ပါတယ်"

အရှေ့က ရုတ်တရက် တံခါး ပွင့်လာပြီး လူကိုးယောက် ပြေးထွက်လာခဲ့သည်။ လက်ရှိ နေရာသည် ကျေးငှက်များ သီဆို၍ ပန်းများမွှေးကြိုင်သော ရတနာနယ်မြေတစ်ခု ဖြစ်သည်။ ၎င်းသည် တိတ်ဆိတ်အေးချမ်းပြီး အသက်စွမ်းအင်နှင့် ပြည့်စုံ​ပေသည်။

"ကံကောင်းလိုက်တာ နာရီဝက်လောက် အနားယူချိန်ရှိတယ်"

လုရွှမ် မျက်မှောင်ကြုတ်ကာ ဆိုရင်း ခဏလောက် တွက်ချက်ကာ ပူလောင်နေသော မျက်လုံးများဖြင့် ပတ်ကြည့်နေသည်။ လုရွှမ်ရဲ့ အသွင်အပြင်ကြောင့် လူတိုင်း ထိတ်လန့်သွားသည်။

ဘယ်သူကမှ အေးအေးဆေးဆေး မနေရဲ​တော့ဘဲ ဘာဖြစ်နေတာလဲ မြန်မြန် မေးလိုက်သည်။

"ဒီအခင်းအကျင်း ဖွဲ့စည်းပုံကို စကြာဝဠာကိုးလှည့်လို့ ခေါ်တယ်.... စကြဝဠာကို ကိုးကြိမ် လှည့်ပြီး ကံကြမ္မာကို ပြောင်းပြန်ပြောင်းပြီး ဘဝနဲ့ သေခြင်းတရားတွေကို ပြောင်းပြန် လှန်ပေးနိုင်တယ်.... တစ်ခါလှန်ပြီးရင် တစ်နာရီ အချိန်ရရမှာ...ငါတို့အခုချိန်မှာ နာရီဝက်ပဲ အချိန်ရတယ်... တစ်ခုခု ပြောင်းလဲသွားလို့များလား?"

လူရှစ်ယောက်လုံး စိုးရိမ်ထိတ်လန့်သွားကြသည်။ လုရွှမ် တွက်ချက်မှု မှားယွင်းပါက လွတ်မြောက်ရန် အခွင့်အလမ်း ရှိပါသေးလား။

ထိုစဥ် ကောင်းကင်မှ အလင်းတန်းတစ်ခု လွင့်ပျံလာပြီး သူတို့ဘက်သို့ လျင်မြန်စွာ ပြေးဝင်လာလေသည်။ လုရွှမ် လျင်မြန်စွာ ပျံတက်သွားပြီး ဖမ်းဆုပ်လိုက်ရာ သူ့လက်ထဲတွင် ငွေရောင်အလင်းတန်းကို ဖမ်းယူလိုက်သော်လည်း ဓားရှည်တစ်လက် ဖြစ်နေ၏။

"ဧကရာဇ်လက်နက် အဆင့် ၉!"

နံပါတ်၆ အော်လိုက်သည်။ သူက လက်နက်ပစ္စည်းတွေကို အကျွမ်းတဝင် ရှိလေ၏။ လုရွှမ်လည်း ပြုံးပြီး သက်ပြင်းချလိုက်သည်။

"ငါတွက်ချက်တာ မမှားဘူးဆိုရင် ဒီတန်ခိုးက ဒီနယ်ချဲ့လက်နက်ကနေ လာတာပဲ"

ဝိညာဉ်ဖြတ်ဓားမှ ထွက်လာသော အတွေးများ ဆက်တိုက် ထွက်လာ၏။ ၎င်းတို့အားလုံးသည် ဟုန်ရှန်ယင်းနဲ့ လီလင်ရှို့တို့၏ အတွေးများ ဖြစ်​လေသည်။ ဓားရဲ့ ရည်ရွယ်ချက်ကို ခံစားလိုက်ရတော့ လုရွှမ်ဟာ သူ့နှလုံးသားထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည်။

မမျှော်လင့်ဘဲ လီလင်ရှို့လည်း ရောက်လာပေမယ့် ကောင်းကင်ဘုရင် စံအိမ်ရဲ့ အန္တရာယ်က အပြင်ဘက်က သူတို့အားလုံးကိုပါ ထိတ်လန့်စေခဲ့တာ ထင်ရှားပါသည်။

"အားလုံးပဲ အနားယူကြပါ... နောက်တစ်ကြိမ် အန္တရာယ်က အခု​ထက် အများကြီး ပိုကြီးနေဦးမှာ.... ဒါ့ပြင် မင်းတို့ကို သတိပေးချင်တာက အချိန်တိုင်း အခင်းအကျင်းနဲ့ မဖြတ်ကျော်နိုင်ဘူး မင်းတို့လိုအပ်တာက မင်းတို့ရဲ့ကိုယ်ပိုင် ခွန်အားကို အားကိုးဖို့ပဲ"

လုရွှမ့သည် လက်ကျိုးနေသော အမျိုးသမီး နံပါတ် ၉ ထံသို့ ရောက်ရှိလာသည်။ ထို့နောက် ဆေးလုံး၂လုံးကို တိုက်ရိုက် ပေးလိုက်ပြီး။

"မျိုချလိုက်!"

မိန်းကလေးကလည်း စကားမပြောဘဲ ဆေးကိုသာ ယူစားလိုက်ရာ နောက်အခိုက်အတန့်တွင် သူမ မထိန်းနိုင်တော့ဘဲ တစ်ကိုယ်လုံး ပူထူလာ​တော့သည်။ ပခုံးပေါ်၌ ကြွယ်ဝသော အသက်စွမ်းအင်များ မြင့်တက်လာပြီး အသွေးအသား အနည်းငယ် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ခဏကြာပြီးနောက် ပြီးပြည့်စုံသော လက်မောင်းတစ်ဖန် အဖြစ် ကြီးထွားလာခဲ့သည်။

လုရွှမ် ပြန်လည် ကောင်းမွန်လာ​စေသော ဆေးအချို့ကို ထပ်မံထုတ်ယူပြီး လူတိုင်းထံ ပေးအပ်လိုက်သည်။

ကျေးဇူးတင်စကား ပြောပြီးနောက် လူတိုင်းလည်း ခွန်အား​တွေ ပြန်ရလာကြသည်။ သူ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း ထပ်မပြောခဲ့ကြပါဘူး။ လုရွှမ်ရဲ့ မျက်လုံးတွေထဲမှာ လျစ်လျူရှုမှုနဲ့ ငြိမ်သက်မှုကို မြင်လိုက်ရတော့ သူတို့ရဲ့ နှလုံးသားထဲမှာပဲ ဒီကျေးဇူးတင်မှုကို အခိုင်အမာ စွဲထားလိုက်ကြသည်။

လုရွှမ်က ထွက်သွားဖို့ သူတို့ကို လိုအပ်ပေမယ့် သူတို့အတွက်က လုရွှမ်ကို ပိုလိုအပ်လာသည်။ နာရီဝက်လောက်က လျှပ်တစ်ပြက် အတွင်း ကုန်သွားကာ အားလုံးလည်သ အားအင်တွေ ပြန်ပြည့်ပြီး ခုန်ထလိုက်ကြသည်။

"အခင်းအကျင်း အတိုင်း ဆက်သွားရအောင်!"

လူတိုင်းသည် လုရွှမ်နောက်သို့ လျင်မြန်စွာ လိုက်ကြသည်။ အားအင်အပြည့်နှင့် စိတ်ဓာတ်ပါ မြင့်မားကြသည်။ ယခင်ရုန်းကန်မှုကို တွေ့ကြုံပြီးနောက် ထိုအရာက သူတို့၏ဘဝ မျှော်လင့်ချက်ကို ပြန်လည် ရှင်သန်လာစေခဲ့သည်။ ဒီနေရာက တကယ် ကြောက်စရာကောင်းတယ်။ ဒါပေမဲ့လည်း သူတို့ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။

အရှေ့ရောက်တော့ ကြည်လင်သော ရေကန်တစ်ခု ပေါ်လာပြီး လှိုင်းလုံးများမရှိဘဲ မှန်ကဲ့သို့ ပြန့်ကျဲနေသည်။ ရေကန်ငယ်သည် ကြီးကြီးမားမား မဟုတ်ဘဲ လခြမ်းပုံသဏ္ဌာန်မျိုး ရှိသည်။

လုရွှမ်၏ မျက်လုံးများထဲက ဒြပ်စင်ငါးပါး၏ အငွေ့အသက်များ လျင်မြန်စွာ ပြောင်းလဲသွားပါသည်။ ဤနေရာတွင် ကြွယ်ဝသောရေခိုးရေငွေ့များ ရှိနေတာ သိသာထင်ရှားသော်လည်း ရေဒြပ်စင် မရှိပေ။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး တစ်ခုတည်းသော မျှော်လင့်ချက်ရဲ့ အလင်းရောင်က ကောင်းကင်မှာရှိတဲ့ ငွေလရောင်ပါပဲ။

"ငွေလဆိုတာ ကြည်လင်တဲ့ ဆောင်းဦးအတွက် မျှားချိတ်နဲ့ တူလေစွ!"

လုရွှမ်သည် ကောင်းကင်ယံက ချိတ်ကဲ့သို့ ငွေလကို စိုက်ကြည့်ကာ ကဗျာတစ်ပုဒ်ကို နားမလည်နိုင်စွာ ရွတ်ဆိုလိုက်သည်။

"ငါတို့ ကောင်းကင်ကနေ ပျံသွားလို့မရဘူး ရေထဲက သွားကြမယ်! သတိထား...အားလုံး ရေဂုဏ်သတ္တိတွေပါတဲ့ မှော်လက်နက်တွေ ၀တ်ထားလေ ပိုကောင်းလေပဲ... ရေထဲသွားကြရအောင်!"

ထုံးစံအတိုင်း သူတို့ ရှစ်ယောက်လုံးမှာ ရေဒြပ်စင် မှော်လက်နက်တွေ ရှိကြသည်။ သူတို့ရဲ့ သိုလှောင်ကွင်းထဲက အလျင်အမြန် ဆွဲထုတ်ပြီး လုရွှမ်နဲ့အတူ ရေကန်ငယ်လေးထဲ လိုက်သွားကြလေသည်။

ရေကူးကန်ဆိုတာ သိသာထင်ရှားပေမယ့် လူတိုင်း ဝင်သွားတဲ့အခါ မီးတွင်းထဲရောက်သွားသလို ခံစားလိုက်ရ၏။ အရမ်းပူပြီး ရေငွေ့လုံးဝ မတွေ့ရတော့ပေ။ အပြင်မှာတုန်းက ခံစားရတာနဲ့ လုံးဝ မတူချေ။

အားလုံး ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာ လုရွှမ်ကို ပိုလို့တောင် သဘောကျသွားသည်။ ဒီလို ကြည်လင်တဲ့ ရေကန်မှာ ရေငွေ့ လုံးဝ မရှိဘူးလို့ ဘယ်သူက ထင်မှာလဲ။ ဆန့်ကျင်ဘက်အနေနဲ့ ရှင်သန်ဖို့အတွက် ကြိုးစားနေပေမယ့် အကာအကွယ် မရှိထားရင် ကိုယ့်ကိုကိုယ် သတ်သေသလိုပါ ဖြစ်နေပေမည်။

All Chapters