← Chapters

ဟိုအဝေးမှာ

Vol. 90 Ch. 4.862

ဟိုအဝေးမှာ

Vol. 90 Ch. 4.862

ရေကန်​ရေသည် အရေပြားကို လောင်ကျွမ်းစေသော မီးလျှံကဲ့သို့ လည်းကောင်း၊ ခန္ဓာကိုယ်ကို သံကဲ့သို့ ပွတ်တိုက်၍လည်းကောင်း ခန္ဓာကိုယ်အပေါ်သို့ စီးဆင်းသွားသည်။ ခံစားချက်က ခန္ဓာကိုယ်တစ်ဝိုက်မှာ ရွှံ့ထူထူတွေ ရစ်ပတ်နေသလိုပါပဲ။ သစ်သားစွမ်းအင်တွေ စုပုံလာပြီး ခန္ဓာကိုယ်က သစ်ပင်တစ်ပင် ညှိုးနွမ်းသွားသလိုမျိုး ခံစားလာရရာ ဖော်မပြနိုင်လောက်အောင် ထူးဆန်းလေသည်။

ခန္ဓာကိုယ်ရှိ ရေမှော်လက်နက်သည် ဤအခိုက်အတန့်တွင် အလုပ်လုပ်နေပြီး အလင်းရောင် အနည်းငယ်ဖြင့် ဖြာထွက်လာကာ ခန္ဓာကိုယ်ကို အနည်းငယ် ပေါ့ပါးစေသော်လည်း မထိန်းနိုင်ပေ။ ရေဒြပ်စင်ရဲ့ အရှိန်အဝါ ပျောက်ကွယ်သွားသော အရှိန်ကြောင့် လူတိုင်း ထိတ်လန့်လာသည်။

လုရွှမ်ကြောင့် သူမရဲ့လက်ကို ပြန်ယူလိုက်နိုင်သော နံပါတ်ကိုး နတ်သမီးလော့ရှန်းသည် လူတိုင်းကြားတွင် အပျော့ဆုံးဖြစ်သည်။ လုရွှမ်သည်လည်း သေခြင်းဆိုင်ရာ အကြပ်အတည်း တစ်ခုရှိ၍ လူတိုင်းက မိမိဘာသာ တိုက်ပွဲဝင်ရမည်ဆိုလျှင် သူမသည် ပထမဆုံး ဒုက္ခရောက်နိုင်ကြောင်း သိထားသည်။

ဒီအချိန်မှာ သူမ ဒုက္ခရောက်နေပြပီ။

သူမမှာ တစ်ခုခု မှားနေပြီဟု တွေးခဲ့မိသည်။ သူမကြောင့် တခြားလူများကို ထိခိုက်စေကြောင်း သိပေမယ့် ပြဿနာက ဒီလောက်မြန်မြန် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

မှော်လက်နက်ဟောင်းက သူမကို ကာကွယ်ထားပေမယ့် အတွင်းမှာရှိတဲ့ ရေရဲ့ဂုဏ်ရည်လိုင်းတွေက သူမရဲ့အရှိန်ကို လျင်မြန်စွာ ပျက်စီးသွားစေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး။ သူမတွင် မှော်လက်နက်များစွာ မရှိပေ။

ထို့အပြင် သူမသည် ကောင်းကင်ဘုရင် စံအိမ်တွင် အကျဉ်းချခြင်း မခံရမီက သူမအသက်ကို ကယ်တင်ရန် အတွက် မှော်လက်နက်များကို ဆက်တိုက် အသုံးပြုခဲ့ပြီး မှော်လက်နက် 90% နီးပါးကို အသုံးပြုခဲ့တာကြောင့် ယခုအခါ အပိုပစ္စည်း မရှိတော့ပါ။

သူမ မြင်လိုက်ရတဲ့ မှော်လက်နက်က လုံးဝပျက်စီးတော့မှာ ဖြစ်ပြီး အစားထိုးဖို့ တခြား မှော်လက်နက်လည်း မရှိပါဘူး။ ဒါဆို သူမ ဘာလုပ်သင့်လဲ။

မှော်လက်နက်က ရေဒြပ်စင်များကို စုပ်ယူ ထိန်းချုပ်နိုင်သော်လည်း သူမကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်နဲ့ ရေစွမ်းအင်တို့ကရော ဘယ်လိုလုပ်မလဲ။ သူမသည် ခြောက်သွေ့သော အလောင်းကောင် အဖြစ်သို့ စုပ်ယူခံရမည်ဟုပင် ကြိုမြင်လာခဲ့သည်။

လက်တစ်ဖက်က သူမကို ရုတ်တရက် ဆုပ်ကိုင်လိုက်ရာ လော့ရှန်း အံ့အားသင့်သွား၏။ လှည့်ကြည့်လိုက်တော့ လုရွှမ် ဖြစ်နေသည်။ မှော်လက်နက် အလုံအလောက်မရှိဟု ထင်မှတ်ပြီးသားမို့ သူမကို ရှေ့သို့ အမြန်ဆွဲတင်လိုက်သည်။

လော့ရှန်းသည် လုရွှမ်ခန္ဓာကိုယ်ပေါ်တွင် မှော်လက်နက်၏ အသွင်အပြင်ကို မမြင်ခဲ့ရသော်လည်း မီးတောက်တစ်လွှာနှင့် ခရမ်းရောင်အလွှာတစ်ခုကိုတော့ သူမ မြင်လိုက်ရသည်။ မီးတောက်များက အပြင်ဘက်ရှိ အရာအားလုံးကို ပိတ်ဆို့ထားသည်။

တခြားသူတွေက ခုခံဖို့ ရေဒြပ်စင် လက်နက်များကို အသုံးပြုခဲ့ပေမယ့် လုရွှမ်ကတော့ တွန်းလှန်ဖို့ တခြားနည်းလမ်းကို ရှာတွေ့ခဲ့ပါသည်။ သူမက ဘယ်သူက ပိုကောင်းလဲ ဘယ်သူက ပိုဆိုးတယ် ဆိုတာ မပြောနိုင်ပေမယ့် လုရွှမ်ရဲ့ အမူအရာက အမြဲတမ်း မတူညီတဲ့ နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ဒါက ဘာကြောင့် ဒီလိုအောင်မြင်မှုတွေ ရနိုင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက် ​ဖြစ်လိမ့်မည်။

"အဲဒီအလောင်းတွေကို သတိထား... သူတို့ကို မထိနဲ့"

လုရွှမ် လူတိုင်းထံသို့ အသံလိုင်း ပို့လိုက်သည်။ လူတိုင်းသည် ယခင်က တျယ်ရှုံကဲ့သို့ပင် ထိတ်လန့်ခဲ့ကြသည်။ ယခုအခါ သူတို့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအားများကိုပင် ထုတ်မထုတ်နိုင်ကြသော်လည်း လုရွှမ်ကတော့ အသံကို ထုတ်လွှတ်နိုင်ဆဲ ဖြစ်သည်။

ဒီလို စွမ်းဆောင်နိုင်တဲ့ စိတ်ဝိညာဉ် စွမ်းအားက ဘယ်လောက်တောင် ပြင်းထန်လိုက်သလဲ။

ရေထဲတွင် နစ်မြုပ်နေသည့် အလောင်းများစွာရှိပြီး အချို့မှာ အလွန်ပြည့်စုံနေပြီး အချို့မှာ ခြေလက်အင်္ဂါများ ပျောက်ဆုံးနေသည်။ အဆိုပါ အလောင်းများအနက် တချို့မှာ ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲ။ အချို့မှာမူ မံမီများအဖြစ် ပြောင်းလဲသွားလေပြီ။

လော့ရှန်းသည် သူမကို ကြည့်နေသော အလောင်းတစ်လောင်း ရှိပုံရတာကို နားမလည်နိုင်စွာ ခံစားရပြီး ထိတ်လန့်သွားသည်။

"ဟေး!"

လုရွှမ်ရဲ့ အသံက သူမစိတ်ထဲတွင် ထွက်ပေါ်လာပြီး သူမဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

"မင်းမှာ စိတ်ဝိညာဉ်စွမ်းအား လုံလုံလောက်လောက်မရှိဘူး အဲဒီအလောင်းတွေရဲ့ မျက်လုံးတွေကို မကြည့်မိစေနဲ့!!"

လော့ရှန်းလည်း မကြည့်ဝံ့တော့ဘဲ ရှေ့ကို လှမ်းကြည့်ကာ လုရွှမ်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ယောက်ျားနှင့် မိန်းမကြားတွင် ထိတွေ့တာမျိုး မသင့်တော်ပေမယ့် သေခြင်းတရားကို ရင်ဆိုင်ရတဲ့ အခါမှာတော့ ဒါတွေက အရေးမကြီးတော့ပေ။

"အဲဒီလဆန်းကို မင်းတို့ မြင်ပြီးပြီ မဟုတ်လား? အဲဒါ ငါတို့ထွက်လမ်းပဲ... အမြန်ပြေးပြီး အရှိန်မြှင့်လိုက် အချိန်သိပ် မကျန်တော့ဘူး"

လုရွှမ်သည် သတင်းစကားကို ထပ်မံပေးပို့ခဲ့ပြီး အားလုံးက မော့ကြည့်လိုက်သောအခါ ခပ်ဝေးဝေးတွင်ရှိသော လဆန်းကို လူတိုင်း မြင်လိုက်ရသည်။ အရမ်းနီးစပ်သလို ရှိပေမယ့် အနည်းငယ် ဝေးကွာနေသေးသည်။

"ဒီတစ်​ခါ​တော့ ကိုယ့်​ကိုကိုယ့် အားကိုးလို့ရမယ်... ဒါ​က​ဝေး​သေးတယ်​ ခပ်မြန်မြန် ဖြတ်ကျော်သွားရမယ်... ပြန်​မကြည့်​နိုင်​ဘဲ အစွမ်းကုန်​ ကြိုးစားရမယ်​ အားလုံး​အောင်​မြင်​ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​ "

လုရွှမ် ဆိုလိုက်ပြီးနောက် လော့ရှန်းလက်ကို လွှတ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလိုက်သည်။

လုရွှမ်သည် သူမ လက်ဖဝါးထဲက သိုလှောင်ထလက်စွပ်ထဲကို မှော်လက်နက်တွေ ထည့်ခဲ့ကြောင်း ခံစားလိုက်ရသည်။ ရေဒြပ်စင် မှော်လက်နက် အများအပြားပါရှိရာ လော့ရှန်းလည်း အမြန်ထုတ်ကာ လုရွှမ်နောက်သို့ လိုက်ကာ တခြားသူများနှင့်အတူ လိုက်သွားခဲ့သည်။

သူမ၏ အမြင်အာရုံထဲတွင် လဆန်းက တဖြည်းဖြည်း မှိန်လာတာကို မြင်လိုက်ရသည်။ ဒါကြောင့် အချိန်ကို နှောင့်နှေးမနေဝံ့တော့ဘဲ ယွမ်စွမ်းအင်များ ပျံ့နှံ့ကာ ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။

အရှေ့မှာတော့ ငွေလရောင်က အရင်ကထက် ပိုတောက်ပနေသည်။

နာရီဝက်လောက် ခွန်အားအပြည့်နဲ့ ပျံသန်းပြီးနောက် ကမ္ဘာကြီးရဲ့ အဆုံးကို နီးကပ်လာချိန်မှာတော့ သူမဟာ ဘာကိုဆိုလိုသလဲ ဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားခဲ့ပါ၏။ သူမ ပျံသန်းနေတာ ကြာပြီဆိုတာ သိပေမယ့် လဆန်းရဲ့ ရှေ့ရောက်ဖို့ ဝေးနေပါသေးသည်။

သူမရှေ့က လူတွေကိုသာ ယောင်ဝါးဝါး မမြင်နိုင်ခဲ့ရင် သူမ ထိန်းနိုင်တော့မှာ မဟုတ်ဘူး။

ငွေရောင်အလင်းများနှင့် နေရာတစ်ခုတွင် လုရွှမ်သည် ပူလောင်သော မျက်လုံးများဖြင့် ပြန်လှည့်ကြည့်နေသည်။ သူသည် ငွေလလေထုထဲသို့ ပထမဆုံး အပြေးဝင်လာသူ ဖြစ်သည်။ သူသည် ဤကဲ့သို့သော အရာမျိုးကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကြုံဖူးသည်။

တကယ်တော့ ကန့်သတ်ချက်တွေလည်း ရှိပါသေးသည်။ ဥပမာအားဖြင့် အမြန်နှုန်းက ကန့်သတ်ချက်အထိ တိုးလာမယ်ဆိုရင် သဘာဝအရ အချိန်အများကြီး သက်သာပါလိမ့်မယ်။ ပျံသန်းခြင်း အကွာအဝေးသည်လည်း များစွာနည်းပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဝေးကွာနေသော အရာမှာ လေထုအလွတ် (အာကာသ) ဖြစ်သောကြောင့် အာကာသသည် တစ်ဖက်သတ်ဆန့်ခြင်းထက် နှစ်ဖက်လုံးကို ဆန့်တန်းနေလို့ပဲ ဖြစ်သည်။ ထို့ကြောင့် အရှိန်အဟုန် မြန်နေသမျှ သက်ရောက်မှုက သိပ်မကြီးနိုင်ပေ။

သို့သော်လည်း အရှိန် မလုံလောက်ပါက ပျံသန်းရသည့် အကွာအဝေးသည် ပိုပိုရှည်လာတယ်လို့ ခံစားရမည်။ ရင်းနှီးပြီးသား နေရာများကို ထပ်ခါတလဲလဲ တွေ့ကြုံခံစားရမည် ဖြစ်သောကြောင့် ရှေ့သို့သွားနေသလား နောက်ပြန် ရောက်နေသလား ဟုပင် ခံစားရပါလိမ့်မည်။

အမှန်မှာ အကွာအဝေး ဆန့်ထွက်နေတာက အရှိန်ရဲ့​ ပြဿနာကြောင့်ပဲ ဖြစ်ကာ လူကို မူလအစမှတ်သို့ ပြန်ဆွဲထုတ်ကာ ထပ်ခါထပ်ခါ ကြုံတွေ့နေရ​စေသည်။ ဒါက အသက်ရှင်လိုတဲ့ ဆန္ဒကို ဖျက်စီးခြင်းပဲ ဖြစ်သည်။

ရင်းနှီးသော အရာများကို အဖန်ဖန် အထပ်ထပ် မြင်နေရမည်။ ပြင်းပြသော ဆန္ဒမရှိလျှင် စိတ်ကို တည်ငြိမ်အောင် မထားနိုင်ပေ။ နောက်ဆုံး ရလဒ်က စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားလိမ့်မည်။

နောက်မှ ကိုယ့်ခြေထောက်ပေါ် ပြန်ရပ်နိုင်ပေမယ့် အခွင့်အလမ်းက ပျောက်ကွယ်သွားမည်။ စွမ်းအင်ကုန်ခန်းသွားချိန် ရောက်လျှင် ထိုအလောင်းများလိုပဲ ထာဝရ ပိတ်မိသွားနိုင်သည်။

နေရာတိုင်းတွင် ရေများ စီးကျလာပြီး တျယ်ရှုံလည်း ရေထဲမှ ခုန်ထွက်လာ၏။ သူ့ပါးပြင်က ရေတွေကို သုတ်ရင်း ပြုံးပြသည်။

"ဒီနေရာက အရမ်းကြောက်စရာ ကောင်းတာပဲ... လုရွှမ် ငါမင်းကိုယုံတယ်... မင်းနဲ့ သူငယ်ချင်းလုပ်ရကျိုးနပ်တယ်... မင်းထွက်သွားနိုင်ရင် မင်းကို ငါစောင့်ရှောက်မယ်"

"ကြိုဆိုပါတယ် မင်းအသက်ကို ကယ်တင်ဖို့ပဲ အရေးကြီးတယ်... မင်းထွက်နိုင်မလား ဆိုတာ မင်းနဲ့ငါ့အပေါ်မှာပဲ မမူတည်ဘူး နောက်ကွယ်က လူတွေအပေါ်မှာလည်း မူတည်တယ်"

တျယ်ရှုံသည်လည်း အခြားသူများ တက်လာမည်ကို စောင့်မျှော်လျက် နောက်သို့ အမြန်ပြန်ကြည့်လိုက်သည်။

သူ၏ ခွန်အားသည် အပြင်းထန်ဆုံး မဟုတ်သော်လည်း သူ့ဆန္ဒမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူသည် ဒုတိယအပြေးအလွှား ထွက်နိုင်ခဲ့သော်လည်း အခြားသူများအတွက်မူ လုရွှမ်မှာ တွေးထားစရာ မရှိပေ။ နောက်ဆုံးတွင် ကောင်းကင်ကသာ ဆုံးဖြတ်ပေးလိမ့်မည်။

ရေပွက်လာသည်နှင့် တျယ်ရှုံ ထိုလူကို အမြန်ဆွဲထုတ်လိုက်သည်။ လော့ရှန်းမှလွဲ၍ အားလုံး တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။

“နံပါတ် ၉ ထွက်လာနိုင်ပါ့မလား”

နံပါတ် ၈က မေးလေ၏။

သူ့ခမျာ ဝေးကွာလွန်းတဲ့ ကမ္ဘာကြီးကို တွေ့ကြုံခံစားပြီးမှသာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ နားလည်လာခဲ့သည်။ စိတ်ဆန္ဒစမ်းသပ်မှုက သူ့ကို အတော်လေး စိတ်ဆင်းရဲစေခဲ့သည်။ နည်းနည်းလေးတောင် စွန့်လွှတ်လုနီးပါး ဖြစ်ပေမဲ့ ကံကောင်းထောက်မစွာနဲ့ အသက် ဆက်ရှင်ခဲ့သည်။

All Chapters