← Chapters

ထိုက်ကျိရဲ့ ယင်ယန်

Vol. 90 Ch. 4.864

ထိုက်ကျိရဲ့ ယင်ယန်

Vol. 90 Ch. 4.864

ထင်ရှားသော ရုပ်သေးစစ်သည်တော်သည် လူတိုင်းကို လျှို့ဝှက်စွာဖြင့် ပြင်းထန်သော အရှိန်အဝါများနှင့် ဝန်းရံထားသည်။

"အရင်က မင်း လွတ်မြောက်နိုင်သွားတာက အစွမ်းထက်တယ်လို့ ယူဆထားလို့ ရပေမယ့် အခု မင်းပြေးလို့ မလွတ်တော့ပါဘူး! ဟာဟားဟား"

ဝူထန်းက အလွန် မောက်မာမာနကြီးစွာ အော်လိုက်သည်။

"သခင်လေးလုရွှမ် အခု ငါတို့ ဘာလုပ်သင့်လဲ? ပြေးကြမလား"

တျယ်ရှုံက လူတိုင်းရဲ့ အတွေးတွေအတိုင်း ဦးစွာ မေးလိုက်သော်လည်း လုရွှမ်က ခါးသက်စွာ ပြုံး၍ ခေါင်းခါလိုက်လေသည်။

"ငါတို့ မလွတ်မြောက်နိုင်ဘူး တိုက်ပွဲကို ရင်ဆိုင်ရုံပဲ ရှိတော့တယ်... ဝူထန်းပိုင်တဲ့ နေရာက ငါတို့ ထွက်ပေါက်ပဲ.... လွတ်မြောက်ချင်ရင် သူ့ကို အနိုင်ယူရမယ်!"

ဝူထန်းက ထပ်မံရယ်မောရင်း ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ် ငါ့ရဲ့ အားနည်းချက်တွေကို မင်းတကယ်ပဲ မြင်နေရတာပဲ... အမှန်တော့ ငါအခု မသန်မာသေးဘူး ချို့ယွင်းချက်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ မင်းတို့ကို မျိုချလိုက်ပြီးရင်တော့ ငါ့ရဲ့ ခွန်အားတွေ အရမ်း တိုးလာလိမ့်မယ် ဘယ်သူမှ ငါ့ကို တားလို့ရ​​​တော့မှာ မဟုတ်တော့ဘူး!"

ဝူထန်းက ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"သတ်ပစ်!"

သူ့လက်ထဲက လက်နက်ကြီး တုန်ခါသွားသည်နှင့် ရုပ်သေးစစ်သည်တစ်ဦးက ဦးစွာ ပြေးထွက်သွားသည်။

"ယင်ကို ကိုင်ထားပြီး ယန်ကို စောင့်ရှောက်... ခွန်အားကို မွေးမြူ.... သူတို့ကို တိုက်ခိုက်ဖို့ ထိုက်ကျိကို သုံးရမယ်"

"ထိုက်ကျိ?"

တျယ်ရှုံခမျာ ထိုနာမည်ကို တစ်ခါမှ မကြားဖူးတာကြောင့် သံယောင်လိုက်ကာ အော်လိုက်သည်။

"မင်းတို့ စက်ဝိုင်းလို ဝိုင်းလိုက်... အလယ်မှာ ငါရပ်မယ်!"

လုရွှမ် ဟောက်ပြီး ထိုက်ကျိကို သူ့လက်ဖဝါးတစ်ဖက်နဲ့ လေထဲမှာ ဆွဲထုတ်လိုက်သည်။ လုရွှမ်ရဲ့ ယုံကြည်မှုနဲ့ ပတ်သက်၍ လူရှစ်ဦးမှာ လုံးဝ လက်မလျှော့ဘဲ ပြောတဲ့အတိုင်း ချက်ချင်း စီစဉ်လိုက်သည်။ လုရွှမ်နဲ့ လော့ရှန်းက ယင်နဲ့ယန်ရဲ့ နှစ်မှတ်တွင် အသီးသီး ရပ်တည်နေ​ကြသည်။

"နံပါတ်နှစ်ကစလို့ မင်းတို့အားလုံး ယွမ်စွမ်းအင်ကို စုဆောင်းပြီး အခင်းအကျင်းကို တည်ထား!"

နံပါတ်နှစ်ကတော့ တျယ်ရှုံပင်။ လုရွှမ်အပေါ်မှာ သူ့ရဲ့ ယုံကြည်မှုဟာ အခု လော့ရှန်းထက် နိမ့်ပါးတယ်လို့ ဆိုနိုင်ပါသည်။ သူက ကျယ်လောင်စွာအော်လိုက်ပြီး တိုက်ခိုက်နေသော ရုပ်သေးစစ်သားများကို လျစ်လျူရှုကာ ယွမ်စွမ်းအင်ကို နံပါတ်သုံးရဲ့ ခန္ဓာကိုယ်ထဲသို့ တွန်းပို့လိုက်သည်။

နံပါတ်သုံးသည် ယွမ်စွမ်းအားကို ပို့လွှတ်သောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာရသည်။ အသွင်သဏ္ဌာန်အားဖြင့် ကူးဆက်ခံရသော်လည်း ကွဲပြားခြားနားသော ခန္ဓာကိုယ်ပုံစံများနှင့် မတူညီသော ကျင့်ကြံမှုများကြောင့် ကြိုတင်ကာကွယ်မှု မရှိဘဲ လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ယွမ်စွမ်းအင်ကို ပို့လွှတ်လိုက်ရသည်။ စိတ်မပူဘူးဟု ပြောလျှင် လိမ်ညာပြောဆိုရာ ကျလိမ့်မည်။

သို့သော် ယွမ်စွမ်းအင် ခန္ဓာကိုယ်ထဲသို့ ဝင်လာခြင်းသည် သူထင်ထားသလောက် မထူးဆန်းပေ။ ၎င်းသည် ရိုးရှင်းသော ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသလိုပင်။ သူ တုံ့ဆိုင်းမနေဝံ့ဘဲ နံပါတ်​လေ ကိုယ်ခန္ဓာထဲသို့ ယွမ်စွမ်းအားကို တွန်းပို့ပေးလိုက်ကာ တဖြည်းဖြည်း နံပါတ်ရှစ်၏ ကိုယ်ခန္ဓာသို့ အမြန်လွှဲပေးလိုက်သည်။

"နံပါတ်ကိုးရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်လိုက်.... နံပါတ်ကိုး မင်း ဘာမှလုပ်စရာ မလိုဘူး အခင်းအကျင်းကို ထိန်းသိမ်းဖို့အတွက် ဆက်ပြီး လည်ပတ်နေ!!"

လုရွှမ် ခပ်မြန်မြန် ပြောပြီး လူတိုင်းကို အမြန် ညွှန်ပြလိုက်သည်။

လော့ရှန်း ဘာမှ မပြောဘဲ ယွမ်စွမ်းအင်တွေကို သူမခန္ဓာကိုယ်ထဲကို ဝင်ခွင့်ပြုလိုက်သည်။ အခင်းအကျင်းကို ထိန်းနေစဉ်တွင် သူမခြေဖဝါးအောက်မှ စွမ်းအင်အားလုံးကို ထိန်းမနိုင်သိမ်းမရ စီးဆင်းနေတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

အအေးလှိုင်းများက သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက် လှိုင်းလုံးများက သူမကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

"တောင့်ထား!" လုရွှမ်ရဲ့ အသံထွက်လာသည်။

လော့ရှန်း အသက်ပြင်းပြင်းရှူရင်း သွားများကို တင်းတင်းကျပ်ကျပ် ကြိတ်ကာ အေးစက်သောလေကို ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့် ပေးလိုက်သည်။ အဖြူရောင် အငွေ့အလွှာများသည် သူ့ခန္ဓာကိုယ် အပြင်ဘက်သို့ လျင်မြန်စွာ တက်လာခဲ့သည်။

မြေအောက်မှ ထိုးတက်လာသကဲ့သို့ အအေးဓာတ်သည် လော့ရှန်း၏ ခန္ဓာကိုယ်မှ ထိုးဖောက်ဝင် ရောက်လာသည်။

တစ်ဆက်တည်းမှာပင် လုရွှမ်၏ ခန္ဓာကိုယ်သည်လည်း အလင်းရောင်ဖြင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်မှ အလွန်ပူပြင်းသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးမှာ တောက်ပလွန်းသဖြင့် နေလုံးငယ်လေးလို ဖြစ်သွားသည်။

အလင်းသည် ပြင်းထန်လွန်းသဖြင့် ကောင်းကင်သို့ပင် တည့်တည့် ပစ်သွင်းလိုက်သည်။

ဝုန်းကနဲ ဟောက်သံနှင့်အတူ ကောင်းကင်ကို ဖြတ်သွားသလိုမျိုး ငွေရောင်လမင်း၏ စွမ်းအင်များထဲ နဂါးငွေ့တန်းများ ထွက်ပေါ်လာသည်။ တန်ခိုးအရှိန်အဟုန်က ကောင်းကင်ကို ဖြတ်ကျော်ပြီး လော့ရှန်းအပေါ်သို့ ဆင်းသက်လာခဲ့သည်။

လရောင် ဝင်ရောက် လာသည်နှင့်အမျှ လော့ရှန်း၏ ခန္ဓာကိုယ်သည် အေးစက်လာသော်လည်း တဖြည်းဖြည်း မြင့်တက်လာသော စွမ်းအင်ကိုလည်း ခံစားလိုက်ရလေ၏။

လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် ပို၍ပင် တောက်ပနေပြီး နေရောင်လေးလို ဖြစ်လာလုနီးပါး ဖြစ်သော်လည်း မည်သူမျှ မျက်လုံးဖွင့်၍ လုရွှမ်ကို မကြည့်ဝံ့ကြပေ။

"အား!"

ထိုအခိုက် လူတွေ တစ်ယောက်ပြီး တစ်ယောက်ရဲ့ အော်သံတွေ ထွက်ပေါ်လာခဲ့သည်။

သူတို့သည် အံ့အားသင့်စွာဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ရုပ်သေးသူရဲတို့အပေါ်၌ ထွန်းတောက်နေသော လုရွှမ်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အလင်းရောင်ကို တွေ့လိုက်ရသည်။ အလွန်မာကျောသော ချပ်ဝတ်တန်ဆာက စွမ်းအင် ရေစီးရေလာအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်များကို လှိမ့်ချလိုက်သည်။

ရုပ်သေးတို့၏ ခန္ဓာကိုယ်များသည် လျင်မြန်စွာ ပျော့ပြောင်းလာ၍ တဖြည်းဖြည်း စောင်းသွားကာ မြေကြီးထဲသို့ စိမ့်ဝင်နေသော အနက်ရောင် ရေအိုင်များအဖြစ် ပြောင်းလဲသွား​လေသည်။

"ဟင့်အင်း ဒါ မဖြစ်နိုင်ဘူး!"

ဝူထန်း ထအော်တလိုက်။ သူ့လက်များကို အားကြိုးမာန်တက် ဝှေ့ယမ်းလိုက်ရာ အနက်ရောင် စွမ်းအင်စီးကြောင်းများက လုရွှမ်အား တရစပ် လွှမ်းခြုံသွား​တော့သည်။

သို့သော် ၎င်းသည် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ့ရဲ့ အမှောင်စွမ်းအင်တွေက လုရွှမ်ဆီ မရောက်မီ လုရွှမ်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် လုံးဝ သန့်စင်သွားခဲ့သည်။ သူ့ရဲ့ အမှောင်စွမ်းအင်တွေဟာ အပြာရောင် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားကာ ကမ္ဘာသို့ အရည်ပျော်သွား​လေသည်။

ဝူထန်း ရုတ်​တရက်​ လှည့်​ထွက်​သွားသည်​။

"အခုမှ ထွက်​​ပြေးချင်​တယ်​ပေါ့ ​နောက်​ကျသွားပြီ!"

လုရွှမ် ​အော်​လိုက်​ပြီး သူ့မျက်​လုံး​တွေက ​တောက်​ပ​နေသည်​။ ကောင်းကင် အလင်းမှုန်များ တောက်လောင်နေသော မျက်လုံးများက စူးရှစွာ စိုက်ကြည့်နေသည်။ တစ်ဆက်တည်း ဝူထန်း၏ ခန္ဓာကိုယ်ပေါ်သို့ မီးလုံးကြီးတစ်ခု ပြေးဝင်သွားကာ ရုတ်တရက် လောင်ကျွမ်းသွားပြီး တစ်ဖက်လူမှာ စူးစူးဝါးဝါး အော်ဟစ်ကာ ပြာကျသွားခဲ့သည်။

"ကောင်းပြီ...အားလုံး လူစုခွဲဖို့ အဆင်သင့်ပြင်ထား.... ငါ့အမိန့်ကို နားစွင့်ထား! နံပါတ် ၉ ကစမယ်!"

လုရွှမ် လူအုပ်ကြီးကို ဖြည်းဖြည်းချင်း ညွှန်ကြားခဲ့သည်။ လရောင်က ပျောက်ကွယ်သွားပေမယ့် ကောင်းကင်မှာ လဝန်းနဲ့ ကြယ်တွေက တောက်ပနေစွာ ကျန်ရစ်နေခဲ့သေးသည်။ ကြယ်များသည် တစ်ခုနှင့်တစ်ခု ဝိုင်းရံလျက်ရှိပြီး အလွန်တောက်ပနေသည်။

"လူတိုင်း မတွန်းလှန်ဘဲ မင်းတို့ရဲ့ စိတ်နှလုံးကို လျှော့ချပြီး လက်ခံလိုက်...."

လုရွှမ် ရုတ်တရက် အော်ပြောလိုက်ပြီး အလင်းတန်းတစ်ခုက လူခုနစ်ယောက်ကို ဖုံးအုပ်သွားကာ သူ့ကိုယ်ပေါ်ကို တစ်ဖန် လင်းလက်သွားခဲ့သည်။

ယခင်က ယင်နှင့်ယန် ဖွဲ့စည်းခြင်းအတွက် သူနဲ့ လော့ရှန်းဟာ ယင်ယန် ပုံစံနှစ်ခုပေါ်တွင် ရပ်နေကြပြီး ဘာမျှနီးပါး မပေးချေခဲ့ကြပေ။ သူတို့သည် လူခုနစ်ဦး၏ စွမ်းအင်ကို ရယူခဲ့ရုံသာမက လော့ရှန်းသည်လည်း လရောင်၏ အဟာရဓာတ်ကို ရရှိကာ သူလည်း ကောင်းကင်မီးတောက်ရဲ့ စွမ်းအင်ကို သုံးစွဲခဲ့သည်။

လူခုနှစ်ယောက်ကြောင့် ခွန်အားက မြင့်မားသောအဆင့်သို့ တိုးတက်လာခဲ့သည်။ ကောင်းကင်မီးတောက် မျက်လုံးသည် အဆင့်တစ်ခုသို့ ရုတ်တရက် တိုးလာကာ ၎င်းသည် ကြီးမားသော အကျိုးကျေးဇူးကို ရရှိခဲ့သည်။

ဒါပေမဲ့ သူတို့ အများကြီး ပေးဆပ်ခဲ့ပြီးပြီ။ ဘာအကျိုးကျေးဇူးမှ မရရှိသေးဘဲ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကိုတောင် သူတို့ခန္ဓာကိုယ်ပေါ်မှာ ချန်ထားခဲ့ရပါသေးသည်။ လူတစ်ဦးအနေဖြင့် တခြားသူများ၏ အကျိုးကျေးဇူးကို လျစ်လျူရှုတတ်တာက လုရွှမ်ရဲ့ပုံစံ မဟုတ်ပေ။

ကောင်းကင်မီးတောက် အလင်းမှုန်များ ဖြာထွက် ထွန်းလင်းတောက်ပသွားပြီး လူတိုင်းအပေါ်က ဒဏ်ရာများကို ပြုပြင်ကုသပေးလိုက်သည်။ ယွမ်ယန်စွမ်းအားသည် ကောင်းကင်မီးတောက်ထဲ ပေါင်းစပ်သွားတာကြောင့် အကျိုးသက်ရောက်မှုက ပိုပြင်းထန်လာသည်။

တချို့လူတွေက နာခံမှုရှိစွာ လက်ခံကြပေမယ့် တချို့ကတော့ သတိထားနေကြမှန်း လုရွှမ်ကတော့ မသိပါဘူး။

ယွမ်ယန်စွမ်းအားသည် ကောင်းကင်မီးတောက်၏ အလင်းရောင်နှင့် ရောနှောကာ လူတိုင်းကို ထွန်းလင်းတောက်ပစေပြီး အားလုံး၏ ယွမ်စွမ်းအင် အခြေခံအုတ်မြစ်ကို အာဟာရ ဖြစ်လာစေသည်။ သူတို့ရဲ့ ဒဏ်ရာတွေကို ပြုပြင်ပေးရုံသာမကဘဲ သူတို့ရဲ့ အုတ်မြစ်ကိုလည်း ပြန်လည် ခိုင်မာလာစေခဲ့သည်။

သူတို့ ခုနစ်ယောက်သည်လည်း ငတုံးများ မဟုတ်ကြဘဲ မကြာခင်မှာပဲ သဘာဝအတိုင်း စိတ်ရင်းမှန်ဖြင့် လက်ခံခဲ့ကြပြီး လုရွှမ် လုပ်ဆောင်​ပေးသော အရာအတွက် ပို၍ပင် သဘောကျလာကြသည်။

လော့ရှန်း ခန္ဓာကိုယ်သည် လရောင်ဖြင့် တောက်ပနေပြီး လူခုနစ်ဦးကို ဖုံးအုပ်ကာ ၎င်းတို့အား အခြားယင်အာဟာရများကို ပေးလိုက်သည်။ လူကိုးဦး အပေါ်မှ လခြမ်းသည် ပို၍ လခြမ်းကွေးသွားတာကြောင့် လူတချို့ကို ပျော်ရွှင်စေပြီး တချို့ကိုတော့ ဝမ်းနည်းသွားစေ၏။

လုရွှမ်သည် နံပါတ်၇ရဲ့ ဆုံးရှုံးမှုကို သတိပြုမိသော်လည်း သူ့ကို ညွှန်​ကြားပြသခြင်း မရှိခဲ့ပေ။

ကျန်ခြောက်ယောက်က ယွမ်ယန်၏ အာဟာရကို အစကတည်းက နာခံပြီး ရောင်ဝါကို လုံးလုံးလျားလျား လွှတ်ထုတ်လိုက်သည်။ နံပါတ်၇မှာ တခြားသူတွေရဲ့ အပြုအမူတွေကို မြင်ပြီးတာနဲ့ အမြန်ပြင်ဆင်ဖို့ ကြိုးစားပေမယ့် သက်ရောက်မှုကတော့ မတူ​တော့ပါဘူး။

ယွမ်ယန်စွမ်းအင်သည် ကွဲပြားပြီး လုံလောက်စွာ မပြုပြင်နိုင်ပေ။ လူခြောက်ဦးမှ ရရှိသော အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက နံပါတ်၇သည် အနည်းဆုံး 30%သာ ရသွားခဲ့သည်။

All Chapters