← Chapters

အလင်းပြန်မလား?

Vol. 90 Ch. 4.865

အလင်းပြန်မလား?

Vol. 90 Ch. 4.865

နံပါတ်၇မှာ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတော့သည်။ သို့သော် သူက လူတိုင်းရဲ့ သံသယတွေနဲ့ ရင်ဆိုင်ရင်း နောက်ကွယ်က ခါးခါးသီးသီး ပြုံးပြီး ပြောလိုက်ပါ၏။

"ဒါက လူကြီးလူကောင်းရဲ့ ဝမ်းကို စီရင်တဲ့ စမ်းသပ်မှုပဲ.... ငါ့ရဲ့ ဗီလိန်နှလုံးသား ရှိတော့ ငါနဲ့ ထိုက်တန်ပါတယ်"

လူခြောက်ယောက်က ရယ်ကြတာပေါ့။ အရင်က နံပါတ် ၇ ရဲ့ အတွေးလေးတွေကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ မူလက အဆင်မပြေသော လေထုသည် ရုတ်တရက် ရုတ်ချည်းဆိုသလို ဟာသအနည်းငယ် ရောနှောသွားခဲ့သည်။

မိုးသောက်တော့မယ်။

တောက်ပ​နေသော လသည် အလွန်လှပသော်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကောင်းကင်ယံကလည်း တဖြည်းဖြည်း လင်းထိန်လာသည်။

"အနားယူဖို့ နေရာရှာကြရအောင် ဒီနေ့ရဲ့ အန္တရာယ်က ပျောက်သွားပြီ... မနက်ဖြန်ညကို စောင့်လိုက်ကြရအောင် ဒီနေ့ ကြုံတွေ့ခဲ့ရတာတွေကို ကောင်းကောင်း နားလည်ထားရင် နောက်အခိုက်အတွက် ကြီးကြီးမားမား တိုးတက်လာနိုင်တယ်... ဒီနေ့ရဲ့ နားလည်မှုက ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်မှုထက် ပိုကောင်းတယ် မဟုတ်လား"

လူတိုင်းက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး လုရွှမ် ပြောတာ မှန်ကြောင်း ထောက်ခံလိုက်ကြသည်။ အထူးသဖြင့် လော့ရှန်းသည် ကောင်းကင်ဘုရင် စံအိမ်ထဲသို့ မဝင်မီကပင် နတ်မီးနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည့် ကျင့်ကြံသူ တစ်ဦးမျှသာဖြစ်သည်။

ယခုမူကား ကျင့်ကြံမှု အားကောင်းလာသလို နတ်မီးလုံးကလည်း တောက်ပပြီး အစွမ်းထက်လာပြီ။ အခြေခံအုတ်မြစ်သည် ပို၍ပင်ခိုင်ခံ့လာပြီ ဖြစ်တာကြောင့် အနာဂတ် အောင်မြင်မှုများသည် အကန့်အသတ် မရှိ​တော့ပေ။

လုရွှမ်မှလွဲ၍ ယခင်လူရှစ်ယောက်တွင် နံပါတ်၃ သည် အမြင့်ဆုံးသော အဆင့်ရှိခဲ့ပြီး ယခု လော့ရှန်းနဲ့သူဟာ သိပ်မကွာတော့ချေ။ လော့ရှန်း၏ တိုးတက်မှုလာသည် ၎င်းတို့၏ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် တူညီနေသည်။

ထွက်သွားတော့မယ်လို့ ပြောပေမယ့် အားလုံးက မလှုပ်ကြပါဘူး။ ယင်းအစား သူတို့အားလုံးသည် အရှေ့ဘက် ကောင်းကင်ယံက အနီရောင်နေရောင်ကို ကြည့်နေကြသည်။ နေရောင်က တဖြည်းဖြည်း မြင့်တက်လာကာ ၎င်း၏ အလင်းရောင်သည် ကောင်းကင်ဘုရင် စံအိမ်ထဲကို ထွန်းလင်းတောက်ပလာသည်။

သူတို့နောက်က အရိပ်ကို ကြည့်ပြီး ခန္ဓာကိုယ်ပေါ်က နေရဲ့ နွေးထွေးမှုကို ခံစားလိုက်ရမှသာ လူတိုင်းက သက်တောင့်သက်သာ ခံစားလာရလေသည်။

ပထမနေ့ ပြီးသွားပါပြီ။

နှစ်ရက်သာ လိုသေးသော်လည်း ပင်ပန်းသည့် နေ့တစ်နေ့ပြီးတဲ့ နောက်တွင် သူတို့၏ စိတ်နှလုံးများ မြင့်မားလာကာ အသက်ရှင်အောင် ကြိုးစားနိုင်ရမည်ဟု အခိုင်အမာ ယုံကြည်လာကြသည်။

မိုးသောက်လေပြီ။

ဟုန်ရှန်ယင်းသည် ကောင်းကင်ယံတွင် နီရဲနေသော နေရောင်ကို ကြည့်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တခြားမိန်းက​လေးများကို လှည့်ကြည့်လိုက်သည်။ လွန်ခဲ့သော တစ်နာရီက သူတို့သည် စိတ်ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။

ကောင်းကင်ဘုရင် စံအိမ်ထဲ၌ တစ်ညတာမျှပင် ဘယ်သူမှ မနေနိုင်ပေ။ အမြဲတမ်းဝင်ပြီးရင် နောက်နေ့ ဘာမှမရှိ​တော့သလို အရာအားလုံးက အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားတတ်သည်။

ကောင်းကင်ဘုံသခင်လည်း မလုပ်နိုင်ဘူး။ နတ်မီးနယ်ပယ်ရော၊ မျှော်စင်နယ်ပယ်ရော မလုပ်နိုင်ဘူး။ ဘယ်သူမှ ခြွင်းချက်မရှိပေ။

လွန်ခဲ့တဲ့ တစ်နာရီကြာလောက်ကဆို ဆရာသခင် သေသွားပြီလို့ သူတို့ထင်ခဲ့ကြသည်။ ကောင်းကင်ဘုရင်စံအိမ်မှ အနီရောင် လူးလိမ့်နေသော နေမင်းကြီးသည် ကောင်းကင်သို့ တက်လာပြီး ကောင်းကင်ဘုရင် စံအိမ်အား ဖုံးလွှမ်းနေသော မြူခိုးများကို ဖြတ်ကျော်လိုက်စဥ် လူတိုင်းကို နိုးကြားလာစေခဲ့သည်။

အရပ်ရပ်တို့မှ များပြားလှသော လူများသည် ကောင်းကင်ဘုရင်စံအိမ်ထဲ၌ အဘယ်အရာများ ဖြစ်သွားခဲ့လို့ ဤကဲ့သို့ လှုပ်ရှားနေကြသလဲ သိလိုကြသည်။

ဘာကိုမှ မမြင်ရသေးပေမယ့် ဟုန်ရှန်ယင်းသည် ဝိညာဉ်ဖြတ်ဓားရဲ့ ထွက်သက်ကို ခံစားလိုက်ရပြီး ဆရာသခင် အသက်ရှင်နေသေးတယ်လို့ ဆိုလိုရင်းကို ပြင်းပြင်းထန်ထန် တွေးတောခဲ့ပါသည်။

အပြင်ဘက်မှာတော့ ကျင့်ကြံသူတွေ ပိုများလာပြီး စုဝေးနေကြတုန်းပဲ။ ကောင်းကင်ယံသို့ ပျံသန်းရင်း ကောင်းကင်ဘုရင်စံအိမ်ထဲက လှုပ်ရှားမှုများကို ကြည့်ရှု​နေ​ကြသည်။ မထင်မှတ်ဘဲ တစ်ခုခုဖြစ်မှာကို ကြောက်တာကြောင့် ညဘက်ဆို မကပ်ရဲကြချေ။

ကောလဟာလတွေအရ အရင်တုန်းကလည်း ကောင်းကင်ဘုရင် စံအိမ်ထဲမှာ အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် မှန်သလား မမှန်ဘူးလား ဆိုတာတော့ ဘယ်သူမှ မသိနိုင်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ရှိနေတာကို ယုံကြည်ဖို့ထက် အဝေးမှာ ပုန်းနေတာက ပိုကောင်းပါ၏။

သို့သော် နေ့ခင်းဘက်ဆို ပိုလုံခြုံတယ်။

"ဟုတ်တယ်.... ကောင်းကင်ဘုရင် စံအိမ်ရဲ့ မြင်ကွင်းကို တကယ်မြင်တွေ့နိုင်တယ်.... မနေ့ကနဲ့ လုံးဝ မတူဘူး ဒါပေမဲ့ ဆရာက ဘယ်မှာလဲ"

သူတို့ငါးယောက်စလုံး ကောင်းကင်ထက်သို့ ပျံတက်လာကြပြီး ကောင်းကင်ဘုရင် စံအိမ်တော်အောက်ကို လှမ်းကြည့်ရင်း သူတို့ရဲ့ ဆရာသခင် လုရွှမ်ရဲ့ ခြေရာလက်ရာကို ရှာဖွေရန် ကြိုးစားခဲ့ကြသော်လည်း ဘယ်မှာမှ ရှာမတွေ့ချေ။

"ဟေး သူတို့ ပြန်ပျောက်ကွယ်သွားပြန်တယ်.... အဲဒီလူတွေ သေသွားလောက်ပြီ!"

လူတစ်ယောက်က ညံဖျင်းတဲ့ အကြည့်နဲ့ အော်လိုက်လေသည်။

ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ကျသွားသူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများစွာတို့သည် မျက်နှာအမူအရာ ကင်းမဲ့ကာ စိတ်နှလုံးထဲတွင် အဲဒီလူတွေ သေဆုံးသွားကြပြီလို့ တွေးထားပြီးသားမလို့ မနေ့ညကတည်းက မျက်ရည်များ ခြောက်သွားကြပါ​ပြီ။

"နှစ်ရက်အတွင်း ပါရမီရှင်တွေ့ဆုံပွဲကို ကျင်းပတော့မှာမလား.... ဒါအမှန်ပဲလား ဒီသခင်လေးရွှမ်ကျီးက နောက်နေတာများလား?"

"ဟမ့် သူ ဟာသလုပ်ရဲရင် အားလုံးရဲ့ ရန်သူဖြစ်လိမ့်မယ်"

"ဒါပေမဲ့ သခင်လေးရွှမ်ကျီးက အခု ဘယ်မှာလဲ? သူဘာလို့ မပေါ်လာတာလဲ"

"ဘယ်သူသိမှာလဲ? သူက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေတာပဲလေ!"

အောက်ဖက်က ကောင်းကင်ဘုရင်စံအိမ်ကို ကြည့်လိုက်တော့ မနေ့ကလိုပဲ အပြောင်းအလဲ မရှိသေးပါဘူး။ လူစုလူဝေး၏ သဘောသဘာဝသည် အလွန်မှေးမှိန်သွားကာ ဘယ်သူမှ လိုက်မဆင်းရဲတော့ပြီမို့ ဒီအတိုင်း ကြည့်နေတာက အချိန်ဖြုန်းနေပေလိမ့်မည်။

မနေ့ညက လာတုန်းကထက် လူတွေက နည်းနည်းလေး အတက်အကျရှိလေသည်။ မျှော်စင်နယ်ပယ်က ကျင့်ကြံသူတွေတောင် ပိတ်မိနေနိုင်သော နေရာမှာ နတ်မီးနယ်ပယ်က လူတွေ လွတ်မြောက်ရန် ဆန္ဒရှိနေခြင်းဟာ အိပ်မက်မက်နေခြင်းသာ ဖြစ်ချေသည်။

အဲဒီလူတွေက ပါရမီရှင်တွေ ဆိုရင်တောင် သူတို့နယ်ပယ်က မလုံလောက်ရင် အစွမ်းအစက မလုံလောက်ရင် ဘာမှလုပ်လို့မရပါဘူး။

လူတိုင်းလည်း ဘာမှ မပြောင်းလဲတာကို ကြည့်ရင်း တိတ်ဆိတ်စွာ ထွက်သွားလေသည်။ မိန်းကလေး ငါးယောက်သည်လည်း လေထဲတွင် လွင့်မျောနေဆဲဖြစ်ပြီး အောက်ဖက်ရှိ ကောင်းကင်ဘုရင် စံအိမ်အား ၎င်းတို့၏ မျက်ခုံးပင့်တင်ကာ စိုးရိမ်စိတ်ဖြင့် ကြည့်နေကြသည်။

"မဟုတ်ဘူး ငါ့အဖေကို သွားရှာရမယ်"

မော့ရှဲ သူမကို အမြန်ဖမ်းလိုက်ပြီး ဟုန်ရှန်ယင်းကလည်း တစ်ဖက်ကနေ လီလင်ရှို့ကို အမြန် လှမ်းဆွဲထားလိုက်သည်။ အကူအညီ မရတဲ့အပြင် ဆန့်ကျင်ဘက် အနေနှင့် လီမိသားစုနှင့် သူ့မတို့အကြား ပဋိပက္ခများသာ ဖြစ်လာနိုင်သည်။

"ညီမတို့တစ်​​ယောက်​ကို အမှန်​တကယ်​ ရှာသင့်​တယ်​.... ဒါ​ပေမဲ့ အဲဒီလူက အကြီးအကဲလီ မဟုတ်ဘူး ​ခေါင်း​လောင်း​ဖြေဖို့ ခေါင်း​လောင်း​​​ကြိုးကို ချည်​ထားရမယ်​ဆိုတဲ့ စကားအတိုင်း ​ကောင်းကင်​ဘုရင်​ စံအိမ်​ကို ​နေရာ​ပြောင်းဖို့ အဆိုပြုခဲ့တဲ့ သခင်လေးရွှမ်ကျီးကို ရှာသင့်တယ်... သူ့မှာ ကိုင်တွယ်ဖို့ နည်းလမ်း ရှိနိုင်​တယ်​!"

ချွန်းရှောင်က အော်လိုက်သည်။ ကောင်မလေး လေးယောက် တခဏတာ အံ့အားသင့်သွားပြီးနောက် မျက်လုံးများ တောက်ပသွားသည်။

အမှန်တကယ်တော့ သခင်လေးရွှမ်ကျီးက ဤနေရာကို စုဝေးရာနေရာအဖြစ် သတ်မှတ်လိုက်သောကြောင့် သူသည် ကောင်းကင်ဘုရင်စံအိမ် အကြောင်းကို သေချာစွာ နားလည်ထားပြီး အဖြေကို ရှာနိုင်ပေလိမ့်မည်။

ဤနည်းလမ်းသည် ကောင်းမွန်သော နည်းလမ်း မဟုတ်သော်လည်း ဖြစ်နိုင်ချေ ရှိသော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

"ဒါပေမဲ့ သခင်လေးရွှမ်ကျီးက ဘယ်မှာလဲ"

"လာကြစမ်း!"

လီလင်ရှို့ ရုတ်တရက် အော်လိုက်သည်။ သူမ အသံဆုံးတော့ ကျင့်ကြံသူနှစ်ယောက် ပျံထွက်လာပြီး လီလင်ရှို့ကို လေးစားစွာ နှုတ်ဆက်လိုက်သည်။

"သခင်က ကျွန်တော်တို့ကို သခင်လေးရွှမ်ကျီးကို ဖိတ်ကြားဖို့ အမိန့်ပေးထားပြီးသားပါ... အခုသခင်လေးရွှမ်ကျီးက ကမ္ဘာ့နံပါတ် (၁) လက်နက်သန့်စင်ရေး အလုပ်ရုံမှာ မိန်းကလေးတို့ကို စောင့်နေပါတယ်"

"စောစောက မပြောဘူး!!"

လီလင်ရှို့ ဟစ်အော်လိုက်ပြီး သူတို့ငါးယောက်လုံး အမြန်ပြန်ပြေးသွားကြသည်။ သေချာတာကတော့ သခင်လေးရွှမ်ကျီးသည် ကောင်မလေးငါးယောက် ပြန်လာတာကို မြင်ရတဲ့အထိ တံခါးမှာ အကြာကြီး စောင့်နေခဲ့တာပင်။

"ဟမ့် ဒါ ရှင့်အပြစ်ပဲ! ရှင်သာ နေရာကို မပြောင်းခဲ့ဘူးဆိုရင် အစ်ကိုလုရွှမ်က ဘယ်လိုလုပ် ပိတ်မိသွားမှာလဲ? အခုဆို သူသေလားရှင်လားတောင် မသိရသေးဘူး"

လီလင်ရှို့ ဒေါသတကြီး အော်လိုက်သည်။

"ဟုတ်တယ်! ရှင့်ဦးနှောက်ကို တံခါးဘောင်နဲ့ တိုက်မိသွားလို့လား?!"

"ကြည့်လိုက်ရင် တော်တော်လေး ဉာဏ်ကောင်းသလိုလိုနဲ့..... ဘာမှ စဥ်းစားဉာဏ်မရှိဘူး!"

"တကယ်တော့ ဆရာလုရွှမ်နဲ့ ယှဥ်လို့တောင် မရဘူး"

ချွန်းရှောင်က နောက်ဆုံး အော်ဟစ်သူပင်။ မော့ရှဲသည် ထိုမျှလောက် အရေထူတာ မဟုတ်သေးသောကြောင့် သူဘာမျှ မပြောဘဲ သခင်လေးရွှမ်ကျီးကိုသာ စိုက်ကြည့်နေလေသည်။

ရွှမ်ကျီးလည်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး မော့ရှဲရဲ့ မျက်လုံးတွေ စိုက်ကြည့်လိုက်ကာ တော်တော်နဲ့ ရွေ့မသွားချေ။

"ရှင် ဘာကြည့်နေတာလဲ ငပွေငရှုပ်ကောင်!"

All Chapters