ပျောက်သွားပြီ
Vol. 90 Ch. 4.866
မော့ရှဲ၏ ပါးပြင်များ နီရဲလာပြီး ခေါင်းကို သခင်လေး ရွှမ်ကျီးဘက်သို့ လှည့်မကြည့်နိုင်တော့ပေ။
"ဆရာတူညီမလေး.... အရင်အထဲ ဝင်ရအောင်"
ဟုန်ရှန်ယင်း သူတို့အလုပ်ရုံရဲ့ အခင်းအကျင်းကို ဖွင့်လိုက်ပြီး အားလုံးအတူ ဝင်သွားကြလေသည်။ အားလုံးထိုင်ပြီးနောက် လီလင်ရှို့က အရင်အော်လေသည်။
"ပြော!"
သူတို့နှစ်ယောက်လုံးဟာ ထူးထူးခြားခြား နောက်ခံတွေနဲ့ မွေးဖွားခဲ့ပြီး သူတို့ရဲ့ မိဘတွေ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ခဲ့ကြလေသည်။ သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေလို့ မပြောနိုင်ပေမယ့် အရမ်းရင်းနှီးကြသည်။
"လင်ရှို့.... ငါ့ဆရာအကြောင်း မင်းသိတယ်မဟုတ်လား"
လီလင်ရှို့ အံ့အားသင့်သွားပြီး "ရှင့်ရဲ့ဆရာက မနေရာကို ပြောင်းခိုင်းတာလား"
ရွှမ်ကျီး ခေါင်းညိတ်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာတူညီလေး ရုတ်တရက်ပေါ်လာပြီး ဆရာ့ရဲ့စာအိတ်ကို ပေးလိုက်တယ်.... အဲဒါက ဆရာက နေရာတစ်ခုကို အထူးပြင်ဆင်ထားပုံရတယ်... မကြာခင်တုန်းကမှ ထုတ်ယူပြီး ပို့လိုက်တာပဲ ငါသူ့ကိုမေးတော့ အဲဒီအိတ်ကို ကောင်းကင်ဘုရင်စံအိမ်ထဲကို ပြောင်းထားပေးရမယ်တဲ့ ဘာကြောင့်လဲတော့ မသိဘူး"
"ဆရာက ကောင်းကင်နဲ့ မြေကြီးကို ကိုင်လှုပ်နိုင်တဲ့ ပညာရှင်တစ်ယောက်ပဲ... ကမ္ဘာကြီးအပေါ် သူ့ရဲ့လေ့လာမှုတွေက သာမန်လူတွေ စဥ်းစားနိုင်တာထက် သာလွန်နေပြီ... သူ မသေခင်မှာ ဒီလိုအကြံဉာဏ်တွေကို ချန်ထားခဲ့တဲ့ အတွက် သူ့မှာ အကြံအစည်တစ်ခု ရှိနေပြီဆိုတာ သိသာတယ်"
“အိတ်ထဲမှာ ဘာပြောထားသေးလဲ”
ငါးယောက်သား တညီတညွတ်တည်း မေးလိုက်ကြသည်။ သို့သော် ရွှမ်ကျီးက ခေါင်းခါလိုက်ပြီး။
"တခြားအချက်အလက်တွေ မပါဘူး... နေရာကို ပြောင်းဖို့ပဲ မှာထားတယ် "
လီလင်ရှို့က သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
"ဒါဆို ငါတို့ ဘာမှမလုပ်နိုင်ဘူးပေါ့?"
"အင်း အစ်ကိုလုနဲ့ တခြားသူတွေသာ ကောင်းကင်ဘုရင် စံအိမ်မှာ ရှိနေရင် အသက်ရှင်နေနိုင်မယ်လို့ ငါယုံကြည်တယ်.... နောက်ပြီး ငါ့ဆရာက ကောင်းကင်ဘုရင် စံအိမ်ကို နှစ်ရက်အတွင်း ဖွင့်လှစ်မယ်လို့ ဟောကိန်းထုတ်ထားတဲ့အတွက် အစ်ကိုလုရဲ့ ခွန်အားနဲ့ အရည်အချင်းတွေနဲ့ဆို အဲဒီအချိန်အထိ သူ တောင့်ခံထားနိုင်လောက်တယ်"
မိန်းကလေးများမှာ တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်ကာ ရွေးချယ်စရာလမ်း မရှိတော့ကြောင်း သဘောပေါက်လိုက်၏။ သူမတို့သည် ကျိုးကြောင်းဆီလျော်မှု မရှိသော လူများ မဟုတ်သည့်အပြင် ရွှမ်ကျီးကို အကြောင်းပြချက်တွေ တောင်းနေလို့လည်း မတရားကြောင်း သိကြသည်။
ဒါကိုတွေးရင်း လီလင်ရှို့မှာ သူ့ကိုယ်သူ ပိုလို့တောင် အပြစ်တင်နေပါသေး၏။
အကြီးအကဲမြောင်သည် ရည်ရွယ်ချက်ကောင်းရှိသော်လည်း မကောင်းတာကို ပြုလုပ်ခဲ့သည်။ ထို့အပြင် သူ့အဖေကဲ့သို့ပင် သူသည် ငယ်စဉ်ကတည်းကပင် သူ့ကို အကာအကွယ်ပေးခဲ့သည့်အတွက် အလွန်အပြစ်ရှိသလို ခံစားခဲ့ရသည်။
"ကောင်းကင်ဘုရင် စံအိမ်အပြင်မှာ စောင့်လိုက်တာ ပိုကောင်းပါတယ်.... ဆရာ ထွက်လာနိုင်မယ်လို့ ယုံကြည်တယ်"
ဟုန်ရှန်ယင်းက အော်ဟစ်ကာ မတ်တပ်ရပ်လိုက်ပြီး လူတိုင်းကို လျစ်လျူရှုကာ တစ်ယောက်တည်း ပြေးထွက်သွားခဲ့သည်။
နခြားသူများသည် အလျင်အမြန် နောက်သို့ လိုက်ကြသော်လည်း ဟုန်ရှန်ယင်းရဲ့ အပြုအမူအတွက် ပို၍ စိုးရိမ်နေကြတာ ဖြစ်သည်။ ဟုန်ရှန်ယင်း ဘာမှမတွေးဘဲ ကောင်းကင်ဘုရင် စံအိမ်ထဲသို့ ခုန်ဆင်းသွားမှာကို စိုးရိမ်နေကြခြင်းပင်။
ကောင်းကင်ဘုရင် စံအိမ်ရှေ့သို့ ရောက်သောအခါ မိန်းကလေးငါးဦးသည် ၎င်းတို့ရှိရာအရပ်တွင် ရပ်ကာ စံအိမ်တော်ကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်။
ရွှမ်ကျီးမှာ အစပိုင်းတွင် အနည်းငယ် ရယ်စရာ ကောင်းတယ်လို့ ထင်ခဲ့သော်လည်း ကြည့်သောအခါ အကြောင်းပြချက် မရှိဘဲ ရုတ်တရက် တုန်လှုပ်သွားသည်။
အကယ်၍ သူသာ ကောင်းကင်ဘုရင် စံအိမ်တော်သို့ ရောက်သွားပါက လူအများက သူ့ကို အာရုံစိုက်ကြမည်လား။ ချစ်ခင်ကြင်နာ တတ်သူသာ အာရုံစိုက်လိမ့်မည်။ ဤမိန်းကလေးများသည် လုရွှမ်နှင့် ချစ်ခြင်းမေတ္တာ ဆက်ဆံရေးမျိုး မရှိသော်လည်း မိသားစုဝင်များကဲ့သို့ အချင်းချင်း မှီခိုအားထားနေတာကို မြင်နိုင်သည်။
သူသိသလောက်တော့ လုရွှမ် ထန်းယွမ်မြို့မှာ နေတာ တစ်လလောက်သာ ရှိသေးသည်။ လူတိုင်းသည် သူ၏ နာမည်ကျော်ကြားသော အလင်းတန်းကို မြင်ဖူးကြသော်လည်း ထိုအရာများအပြီးတွင် လူအများအပေါ် သူ၏ရိုးသားမှုကို မတွေ့ခဲ့ကြပေ။
ဟုန်ရှန်ယင်းရဲ့ စိတ်နေစိတ်ထားမှာ ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံသည် သူမအတွက် အရှက်တရားနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံစားစေခဲ့သော်လည်း အတွင်းစိတ်က အလွန်ပြင်းထန်သည်။ သူမသည် နတ်သမီးကဲ့သို့ပင် လှပနေပြီး လုရွှမ်၏ လက်နက် သန့်စင်ခြင်း စွမ်းရည်သည် သာမန်လူများထက် ထူးထူးခြားခြား ဉာဏ်ကြီးရှင် ဖြစ်နေသည်။
မဟုတ်ပါက သူမသည် ကမ္ဘာ့နံပါတ်တစ် လက်နက်သန့်စင်ရေး အလုပ်ရုံကို ပံ့ပိုးရန် သူမ၏ ကိုယ်ပိုင် ခွန်အားကို အားကိုးနိုင်မည် မဟုတ်ပါ။
ဂိုဏ်းများမှ သခင်လေးများစွာသည် ဟုန်ရှန်ယင်းကို လက်ထပ်ရန် မျှော်လင့်ကြောင်း သူကိုယ်တိုင် ကောင်းကောင်းသိသည်။ ကမ္ဘာ့နံပါတ် ၁ လက်နက် သန့်စင်ရေး အလုပ်ရုံ၏ ကမ္ပည်းပြားကို အမွေဆက်ခံခြင်းက အကြောင်းပြချက် တစ်ခုဖြစ်သော်လည်း ဟုန်ရှန်ယင်းရဲ့ တွယ်တာမှုကို ရရှိနိုင်ခြင်းက ဂုဏ်ယူစရာတစ်ခု ဖြစ်ပေသည်။
တစ်လအတွင်းမှာပဲ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့ အမျိုးသမီး ကျင့်ကြံသူက လုရွှမ်ကို အလွန်အမင်း တွယ်တာလာခဲ့သည်။
လုရွှမ် ဘယ်လိုများ လုပ်လိုက်တာလဲ။ သခင်လေးရွှမ်ကျီးသည် အချိန်အတော်ကြာ တွေးနေခဲ့ပြီး အဖြေတစ်ခုသာ ထွက်လာ၏။ ၎င်းက ရိုးသားမှုအတွက် ရိုးသားမှုဖြင့် လဲလှယ်ရန်သာ ဖြစ်သည်။
လီလင်ရှို့သည် သူနှင့် အလွန်ရင်းနှီးခဲ့သည်။ ဤမင်းသမီးလေးသည် ခေါင်းမာသော ဒေါသရှိကြောင်း သူကောင်းကောင်းသိသည်။ မဟုတ်ပါက သူမသည် သန့်ရှင်းတဲ့ အပျက်အစီးများဆီသို့ တိတ်တဆိတ် သွားနေမည် မဟုတ်ပေ။
သို့သော် သန့်ရှင်းတဲ့ အပျက်အစီးနယ်မြေကနေ ပြန်လာပြီးနောက် သူမနှင့် လုရွှမ်သည် သူငယ်ချင်းကောင်းများပင် ဖြစ်လာခဲ့သည်။ မင်းသမီးလေး တစ်ယောက်ကို အစ်ကိုလို့ ခေါ်စေဖို့ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ။
မလုပ်နိုင်ဘူးဆိုပြီး သူ့ကိုယ်သူပါ ပြန်မေးကြည့်မိရာ ရုတ်တရက် သူသည် လုရွှမ်ကို အထူးပင် မနာလို ဖြစ်သည်။ သူ့ကိုယ်သူ ဘဝမှာ အောင်နိုင်သူလို့ အမြဲမှတ်ယူထားပေမယ့် လုရွှမ်နဲ့ နှိုင်းယှဥ်လိုက်ရင် နောက်ကျနေတယ်လို့ ခံစားနေရ၏။
နောက်ဆုံးတော့ ဘာမှပြန်မပြောဘဲ မိန်းကလေးငါးယောက်ရဲ့ နောက်မှာ ရပ်ပြီး တိတ်တဆိတ် စောင့်နေလိုက်တော့သည်။ သခင်လေးရွှမ်ကျီး နောက်ဆုံးတော့ ပေါ်လာပြီ။
ထိုသတင်းသည် လမ်းများနှင့် လမ်းသွယ်များကို ဖြတ်၍ တိုက်ခတ်လာသော ဟာရီကိန်းမုန်တိုင်းကဲ့သို့ အချိန်တိုလေး အတွင်းမှာပင် ပျံ့နှံ့သွားခဲ့သည်။ ထိုလူက ကြီးမားသော ဘေးဥပဒ်ကို ဖြစ်စေသော လျှို့ဝှက်ဆန်းကြယ်သော သခင်လေး ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ကျင့်ကြံသူတွေဟာ ကောင်းကင်ဘုရင် စံအိမ်တော်သို့ အသီးသီး ပြေးသွားကာ ရှင်းရှင်းလင်းလင်း သိလိုသော ဆန္ဒဖြင့် လျှောက်လာကြသည်။
အဲဒီနောက် သူတို့ ပေါ်လာတဲ့ အခါမှာတော့ သခင်လေးရွှမ်ကျီးက ပျောက်ကွယ်သွားခဲ့ပြန်ပြီ။ သို့နှင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးမှာ ရှင်းရှင်းလင်းလင်း မသိခဲ့ကြရချေ။
လီလင်ရှို့လည်း ခေါင်းသာ ခါယမ်းလိုက်လေသည်။ ရွှမ်ကျီးရဲ့ ပျောက်သွားတဲ့ပုံကို ကြည့်လိုက်တော့ သူမအဖေက သူမနဲ့ ရွှမ်ကျီးကို ဘယ်တုန်းကမှ တွဲမခေါ်ခဲ့ဖူးတာ မဟုတ်မှန်း သတိရသွားသည်။ ဒါပေမဲ့ သူမဟာ ရွှမ်ကျီးတစ်ယောက်ဟာ တစ်ခုခု လွဲမှားနေတယ်လို့ပဲ အမြဲတမ်း ခံစားမိနေသည်။
အစ်ကိုလုရွှမ်လို သတ္တိရှိတယ်ဆိုရင် သူ လုံးဝထွက်သွားမှာ မဟုတ်ဘူး။
အဘိုးမြောင်ရဲ့ ပြောစကားအရ အစ်ကိုလုရွှမ်သည် အလွန်ကြောက်စရာ ကောင်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သူ့ကို သတ်နိုင်ရင်တောင် အစ်ကိုလုရွှမ်ကသာ အဲဒီ့ခွန်အားကို ပေးနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့သေး၏။
ကောင်းကင်ဘုရင် စံအိမ်တော်၌ ပါရမီရှင် အခမ်းအနား ကျင်းပကြောင်း အတည်ပြုပြီးနောက် စိုးရွံ့သော ကျင့်ကြံသူများသည် သခင်လေးရွှမ်ကျီးကို အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ထွက်ခွာသွားကြသည်။
ကျန်မိန်းကလေး ငါးဦးသည် ကောင်းကင်ဘုရင် စံအိမ်တော်ရှေ့တွင် ဆက်လက် စောင့်ဆိုင်းနေ၏။ ၎င်းတို့၏ နောက်ကျောသည် အထီးကျန်ဆန် နေသော်လည်း သူတို့၏ တိတ်ဆိတ်သော ဇွဲလုံ့လကတော့ အလွန်လေးစားစရာ ကောင်းလေသည်။
အချိန်တွေ ကုန်သွားပြီ။
တဖြည်းဖြည်းနှင့် လမင်းကြီးသည် မိန်းကလေးများ မျှော်ကြည့်နေသော စံအိမ်ထဲသို့ တောက်ပသော အလင်းရောင်ဖြင့် ပစ်လွှတ်လိုက်လေသည်။ ထိုအခါ လေထုက ထူးဆန်းပြီး ကြောက်စရာ ကောင်းလာသည်။
လုရွှမ် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ အပြင်ဘက်တွင် တောက်ပနေသည့် လခြမ်းကို ကြည့်လိုက်ရာ မနေ့ညက လရောင်ထက် ပိုမှောင်နေလေတာ တွေ့လိုက်ရသည်။ ငွေရောင်ချိတ် အနည်းငယ်သာ ကျန်တော့ပြီး အလင်းရောင် ဖျော့ဖျော့လေးသာ လင်းထိန်နေပါသည်။
ကျန်ရှစ်ယောက်သည်လည်း စွမ်းအင်အပြည့်နှင့် တောက်ပသော မျက်လုံးများဖြင့် ဖွဲ့စည်းတည်ဆောက်မှုထဲမှ ထွက်လာကြသည်။ တစ်နေကုန် လေ့ကျင့်ပြီးနောက် မနေ့ညက အတွေ့အကြုံကို ပြန်တွေးကြည့်ရာ စိတ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံး သိသိသာသာ တိုးတက်လာသည်။
"သွားကြစို့ ဒုတိယညက စပြီ"
လူတိုင်းသည် မဆိုင်းမတွဘဲ လုရွှမ် နောက်သို့ လိုက်ကာ လျင်မြန်စွာ လျှောက်သွားကြသည်။ ညလေက တိုက်ခတ်လာရာ လေထဲက မကောင်းဆိုးဝါး ငိုသံကဲ့သို့ ညည်းတွားသံကို ကြားလိုက်ရသော အခါမှာတော့ စိတ်နဲ့ နှလုံးသားက အေးစက်သွားလေသည်။
မနေ့က တိုက်ပွဲတွေကို တွေ့ကြုံပြီးနောက်တွင် လုရွှမ်ရဲ့ မျက်လုံးများဟာ ထူးထူးခြားခြား ဖြစ်နေကြောင်း လူတိုင်း ကောင်းကောင်း သိလာကြသည်။
"ဒြပ်စင်ငါးပါးက ရှုပ်ပွနေတယ်... မနေ့ညကထက် အများကြီး ဖရိုဖရဲ ဖြစ်နေပြီ! အားလုံး လက်တွေကို ဆုပ်ကိုင်ထားလိုက်!"
တျယ်ရှုံ လျစ်လျူမရှုဝံ့ဘဲ နံပါတ်သုံးကို အလျင်အမြန် ဖမ်းယူလိုက်ရာ အားလုံးလည်း တစ်ယောက်ကို တစ်ယောက် ဖမ်းဆုပ်ထားလိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ကမ္ဘာကြီးက လည်ပတ်သွားပြီး အားကောင်းတဲ့ စွမ်းအားတစ်ခုက လူတိုင်းကို လွှမ်းခြုံသွား၍ အလင်းတန်းလေးများ ထိုးကျလာကာ လူကိုးယောက်လုံး ပျောက်သွားတော့သည်။
ဟုန်ရှန်ယင်း ရုတ်တရက် ထအော်လိုက်သည်။
"ငါ.... ဝိညာဉ်ဖြတ်ဓားရဲ့ တည်ရှိမှုကို မခံစားနိုင်တော့ဘူး"