← Chapters

လက်ဆောင်

Vol. 90 Ch. 4.868

လက်ဆောင်

Vol. 90 Ch. 4.868

ရွှမ်ဝူသည် တောင်ငယ်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူ့အသံမှာ ကလေးဆန်နေသေးသည်။

"အခု ငါ့ကို ငယ်သေးတယ်လို့ မင်းထင်နေသေးလား"

အသံက မိုးခြိမ်းသံကဲ့သို့ ရိုက်ခတ်လာကာ လှိုင်းလုံးများပင် ပဲ့တင်ထပ်နေသည်။ လုရွှမ်သည် စိတ်နှလုံးထဲတွင် ဆဲရေးခြင်းများဖြင့် နားရွက်ကို ဖုံးထားရ၏။ ဒါက ကလေးမဟုတ်ဘူး ဆိုပြီး သူသဘောမတူပါက ထပ်ကြီးလာဦးမည်လား။

"အစ်ကိုကြီးရွှမ်ဝူ အစ်ကိုကြီးရွှမ်ဝူဆို အဆင်ပြေပြီလား?"

ရွှမ်ဝူသည် မောက်မာစွာ အော်ဟစ်လိုက်ပြီး အရွယ်အစား သေးငယ်သွားကာ လေထုထဲတွင် လွင့်မျောရင်း လုရွှမ်ကို ခဏတာ စိုက်ကြည့်နေသည်။

"ဟေ့ကောင်.... မင်းတကယ် ဒီကမ္ဘာက မဟုတ်ဘူးပဲ.. မင်းဘယ်ကလာတာလဲ?"

ဤကလေးသည် ခေတ်မမီသော ဟန်ဆောင် လူကြီးအတုဖြစ်ကြောင်း သိလိုက်ရသဖြင့် လုရွှမ်လည်း သူဘယ်နေရာက လာတယ်ဆိုတာ ဖုံးကွယ်ထားရန် မလိုအပ်ပေ။

"ဟား ကောင်းကင်ဘုရင်စံအိမ်.... ဘယ်လောက် မိုက်မဲလိုက်တဲ့ နာမည်လဲ အဲဒါက အာကာသလမ်းကြောင်းဆိုတာ ရှင်းပါတယ်!"

ဤနေရာသို့ ရောက်သောအခါ လုရွှမ်လည်း ကောင်းကင်ဘုရင် စံအိမ်သည် အာကာသလမ်းကြောင်း ဖြစ်နိုင်ကြောင်း မှန်းဆခဲ့သော်လည်း တကယ့် အာကာသ လမ်းကြောင်းက ပို၍အန္တရာယ်များ​နိုင်​ပေသည်။

"ဒါဆို အစ်ကိုကြီးရွှမ်ဝူ.... ဒီနေရာက ဘယ်လိုနေရာလဲ? ဒီနေရာက မြေကမ္ဘာတော့ မဖြစ်နိုင်ဘူး မဟုတ်လား"

ရွှမ်ဝူငယ်လေးရဲ့ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကာ သူ အော်ဟစ်လိုက်လေသည်။

"မင်းအမေကြီးတော် မြေကမ္ဘာ!!... ဒါကရွှမ်ဝူကမ္ဘာကြီးကွ! ငါတို့ ရွှမ်ဝူနယ်မြေပဲ"

အရေးကြီးသော အချက်ကို ထိမိမှသာ ရွှမ်ဝူလေးသည် အလွန်ထိတ်လန့်ပြီး ဒေါသထွက်ဖြစ်နိုင်သည်။ တစ်နည်းဆိုရသော် ဤကမ္ဘာသည် အမှန်တကယ်ပင် မြေကမ္ဘာ ​ဖြစ်လေ၏။

မြင်စရာနေရာ အနည်းငယ်သာ ရှိသေးသော်လည်း ဆောင်းဦးပေါက်ကို သစ်ရွက်တစ်ရွက်တည်းဖြင့် မြင်တွေ့နိုင်ကာ ထိုနေရာသည် အလွန်ခမ်းနားထည်ဝါပြီး ကုန်းမြေနယ်နိမိတ် ဖြစ်ကြောငိး တွေးကြည့်နိုင်ပါသည်။

"ဟမ့် ကောင်လေး... အိပ်မက်မက်​နေတာကို ရပ်လိုက်စမ်းပါ.... မင်းအဆင့်လောက်နဲ့ မြေကမ္ဘာတွေထဲ လုံးဝ ဝင်လို့မရဘူး။"

လုရွှမ် ဒေါသလုံးဝ မထွက်သွားပါဘူး။ ရွှမ်ဝူက အစွမ်းထက်ပေမယ့် ကလေးပဲ ရှိသေးသည်။ ကလေးတစ်ယောက်နဲ့ ပြိုင်ပြီး စိတ်ဆိုး​နေမယ် ဆိုရင်တော့ သူ့ဦးနှောက်က ပြဿနာရှိနေလို့ပဲ ဖြစ်လိမ့်မည်။

ဒုတိယအချက်မှာ သူသည် ၎င်းကိုမစဉ်းစားဘဲ မြေကမ္ဘာထဲ ဝင်ရောက်လာခဲ့မိပြီ။ သို့သော် သူ့မှာက လုပ်စရာများစွာ ရှိပါသေးသည်။

"ဟေး မင်းက ငတုံးပဲ... လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရောက်လာဖူးတဲ့ အရူးတစ်ယောက်လိုပါပဲ.... ဟုတ်သားပဲ ငါ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်... အဲဒီတုန်းက ငါအရမ်း ငယ်သေးတယ် သူက ငါ့ကို လမ်းညွန်ခိုင်းပြီး သူ့နာမည်က ကောင်းကင်ဘုရင်လို့တောင် ပြောလိုက်တယ်... အဟား သူငါ့ကို လိမ်ချင်နေတာ အသိသာကြီး.... ငါက သူ့အတွက် တောင်အုပ်ထိန်းသားရဲပဲ ဟေ့... မင်း ကောင်းကင်ဘုရင်စံအိမ်က လာတယ်လို့ ပြောတယ်နော်...အဲဒီလူမိုက်က မင်းကို ထားခဲ့တာလား?"

လုရွှမ် ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ သိသာလှသည်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကဆို သူက ကောင်းကင်ဘုရင်ကို ဘာစကား ပြောနိုင်မှာလဲ။ အခု ဒီလောက်ကြီးတော့ ကြီးနေမှာ မဟုတ်သေးဘူးလေ။ ဒဏ္ဍာရီလာ သားရဲ၏ သက်တမ်းသည် အမှန်တကယ် ကြောက်မက်ဖွယ် ရှည်လျားလဗသည်။

"အဲဒါပြီးတော့ ကောင်းကင်ဘုရင် ဘာဖြစ်သွားတာလဲ?"

"ဘာဖြစ်ရမှာလဲ? သေပြီ... အခုငါပြောခဲ့တာတွေကို ထပ်ပြီးပြောပြမယ် မင်းက မြေကမ္ဘာထဲကို ဝင်ဖို့ လုံလောက်တဲ့ အင်အားမရှိဘူး... ဒါက မြေကမ္ဘာ မဟုတ်ဘူ အစိတ်စိတ် အမွှာမွှာဖြစ်နေတဲ့ နေရာတစ်ခုပဲ....ဟမ့် တကယ်တော့ ဒီဆရာကြီးရွှမ်ဝူကို ဒီကို ပို့လိုက်တာလေ... ခဏစောင့်နေလိုက်...ငါ နှစ်သန်းပေါင်းများစွာ လေ့ကျင့်ပြီး သန်မာလာတဲ့အခါ ကလဲ့စားချေဖို့ ပြန်သွားနိုင်ပြီ"

'နှစ်သန်းပေါင်းများစွာ?'

လုရွှမ် ကောင်းကင်ကို ဗြောင်ကျကျ ကြည့်လိုက်ရငိး တော်တော်ကြာတာပဲလို့ တွေးလိုက်သည်။ အနှစ်တစ်သန်းအတွင်း လက်စားချေချင်သေးတာလား။ ပြိုင်ဘက်က ဘယ်လောက်တောင် အားကောင်းနေပါလိမ့်။

"ကောင်းပြီ အစ်ကိုကြီးရွှမ်ဝူ.... ဒါဆို မင်းရဲ့ရန်သူက ဘယ်သူလဲ"

"ဟင့် ငါ့အဖေလေ!! သူက ငါ့ကို တစ်ယောက်တည်း ကြီးပြင်းခွင့်ပေးမယ်လို့ ပြောတယ်.... ဟင့် ငါဘယ်တုန်းက တစ်ယောက်တည်း မကြီးပြင်းလာလို့လဲ"

လုရွှမ် နာခံမှုရှိစွာ ပါးစပ်ကို ပိတ်ထားလိုက်သည်။ လက်စားချေမယ့်လူက သူ့အဖေတဲ့လား။

"ဟေ့ကောင် မင်းကငါ့ကို ရူးနေပြီလို့ ထင်နေတာလား? အင်း... မင်းက တော်တော် စကားပြောကောင်းတယ်လို့တော့ ခံစားရတယ်... နောက်နောင်လည်း မင်းနဲ့ စကားစမြည် ပြောချင်ပါသေးရဲ့"

ရွှမ်ဝူက သူ့ကို လက်ဖဝါးနဲ့ လှမ်းဆွဲလိုက်လေသည်။ လုရွှမ် သူ့နှလုံးသားထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး အမြန်ပဲ ပြေးသွားခဲ့၏။ သို့သော်လည်း အနောက်မှ ကြီးမားသော စုပ်ယူမှု စွမ်းအားက သူ့ပုံသဏ္ဌာန်ကို ထိန်းချုပ်သွားလေသည်။

"​ကောင်​​လေး မင်းက ထွက်​​ပြေးချင်​တယ်ပေါ့ မင်းငါ့ရဲ့လက်​က​နေ မလွတ်​နိုင်​ပါဘူးကွာ..."

ရွှမ်ဝူလေးက သူ့အကြံအစည်​​ အောင်​မြင်​သွားသလို မောက်​မာစွာ ကြည့်​​နေသည်​။ လုရွှမ် ညည်းတွားပြီး သူ့ခန္ဓာကိုယ်ထဲမှာ စိမ်းပြာနဂါးရဲ့ စွမ်းအားကို အသက် သွင်းလိုက်သည်။

စိမ်းပြာနဂါး၊ ကျူးချွဲ့၊ ကျားဖြူနဲ့ ရွှမ်ဝူတို့သည် ဒဏ္ဍာရီလာ သားရဲများ ဖြစ်သောကြောင့် သူ့စွမ်းအင်ကို ခံစားမိရင သူ့အား လွတ်မြောက်ရန် လမ်းတစ်လမ်း ပေးလိမ့်မည်။ လုရွှမ်ရဲ့ အထက်လေထုမှ နဂါးဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး လုရွှမ်နောက်ကွယ်တွင် နတ်နဂါး အရိပ်တစ်ခု ပေါ်လာသည်။

"ဟမ့်....မင်းခန္ဓာကိုယ်ထဲမှာ စိမ်းပြာနဂါးရဲ့ သွေးတွေ ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး... ငါအစောကြီးကတည်းက ရိုက်ခဲ့သင့်တာ... မနာခံရင် အရိုက်ခံရမယ်ကွ..."

ရွှမ်ဝူလေး၏ လက်ဖဝါး တောင့်တင်းလာပြီး စုပ်ယူမှုက ပိုအားကောင်းလာသည်။ ဒါတောင်မှ အလုပ်မဖြစ်ဘူးဟု တွေးရင်း လုရွှမ် သူ့နှလုံးသားထဲက ဒေါသတွေ ထွက်လာခဲ့သည်။ ဒီရွှမ်ဝူက သူ့ကို လှည့်ကွက်တွေ ပိုသုံးလာဖို့ တွန်းအားပေးနေသလိုပင်။

ယွမ်ယန်စွမ်းအင်က ခွန်အားအပြည့်ဖြင့် လည်ပတ်နေပြီး ယွမ်ယန်ဓားကိုးစင်း၏ စွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အရှိန်ပြင်းစွာ ထွက်ပေါ်လာ၏။ ကံမကောင်းစွာဖြင့် ၎င်းတို့နောက်မှ စုပ်ယူမှုအားကြောင့် ပျောက်သွား​​​ကြသည်။

စွမ်းအား​တွေ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် လုရွှမ်သည် စိတ်ဓာတ်ကျကာ သွေးအန်လုမတတ် ဖြစ်သွားသည်။ သို့သော် ထိုအခိုက်တွင် ရွှမ်ဝူသည် လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကာ ချက်ချင်းပင် ရှေ့သို့ ပြေးလာခဲ့သည်။

အရှိန်က အရမ်းမြန်လွန်းတော့ လုရွှမ်ခမျာ ဒီရွှမ်ဝူက ရွှေလင်းယုန် တစ်ကောင်လားဟုပင် ထင်လိုက်သည်။

"ငါ မမျှော်လင့်ထားဘူး.... မင်းက သူ့ရဲ့သားစဉ်မြေးဆက် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး.... သူ့မျက်နှာကြောင့် မင်းကို ငါဒီတစ်ခါ​တော့ လွှတ်​ပေးလိုက်မယ် ငါ့ကိုပေးခဲ့တဲ့ ကြင်နာမှုတွေ ပြန်ဆပ်ဖို့ တစ်ခုခု ပေးလိုက်မယ်"

ရွှမ်ဝူလေးသည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လုရွှမ်ရဲ့ ခေါင်းကို ထိလိုက်သည်။ လုရွှမ်လည်း ခဏတာမျှ စကားမပြောဘဲ သူ့ခေါင်းကို လိပ်လက်ဖြင့် ထိခွင့်​ပြုလိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် လုရွှမ် အလွန် အံ့သြသွားရ၏။ အဝါရောင်တောက်တောက် အငွေ့အသက်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း စိမ့်ဝင်သွားသည်။

လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ရောင်ဝါတစ်ခု ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သေးသည်။ အဲဒီရောင်ဝါက ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရပြီး ထိန်းချုပ်ချင်သရွေ့ စိတ်နှလုံးနဲ့ ထိန်းချုပ်နိုင်ကြောင်း ပြသနေသလိုမျိုးပင်။

"လစ်တော့!"

ရွှမ်ဝူက အော်လိုက်ပြီး လုရွှမ်ကို ရိုက်ထုတ်လိုက်လေသည်။ ရုတ်တရက် တစ်ကိုယ်လုံး ​မြေပြင်​က​နေ ​ကောင်းကင်​ကို ထိုးတက်သွားတော့သည်။

ဒီလိပ်လေးကို သူပိုအစွမ်းထက်လာတဲ့အခါ အိမ်မွေးတိရစ္ဆာန်အဖြစ် ထားပစ်မယ်ဟု လုရွှမ် သူ့နှလုံးသားကို ကျိန်ဆဲလိုက်သည်။ အခု သူ့မျက်လုံးတွေဝါ သူ့ပတ်ဝန်းကျင်ကို လုံးဝ မမြင်ရသလို အရှိန်ကလည်း မြန်လွန်းလှသည်။

ဒါပေမဲ့ သူ့ခန္ဓာကိုယ်က သက်ရောက်မှုကို ခံနိုင်ရည်ရှိ​နေပြီး ဒါဟာ ရွှမ်ဝူက သူ့ခန္ဓာကိုယ်ထဲကို အရင်က ထိုးဖောက် ဝင်ရောက်လာ​စေခဲ့တဲ့ အလင်းရောင် ဖြစ်မယ်ဆိုတာ သိလိုက်၏။ နောက်ဆုံးတွင် အရှိန်နှေးသွားသဖြင့် လုရွှမ် ပတ်ဝန်းကျင် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။

သူ့ဘေးမှာ တောက်လျှောက်ပျံနေတဲ့ ကန့်လန့်ကာ အလွှာများစွာကို ဖြတ်သန်းပြီးနောက် လုရွှမ်သည် နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားကာ ရေတံခွန်၏ အထက်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။

လုရွှမ်သည် ရေတံခွန်မှ ပြင်းထန်သော စုပ်ယူမှုအားကို ခံစားလိုက်ရသဖြင့် လျှို့ဝှက်စွာ ကျိန်ဆဲလိုက်သည်။ ခန္ဓာကိုယ်က လုံးဝ မထိန်းနိုင်ဘဲ ရေတံခွန်ထဲကို စုပ်ယူခံလိုက်ရလေ၏။

ထိုရေတံခွန်ကို ထိမှန်ခြင်း၏ အလွန်ကြောက်စရာ ကောင်းသော အိပ်မက်ဆိုးကြီး ရှိနေသော်လည်း သူ့ခန္ဓာကိုယ်သည် ရေတံခွန်ကို တိုက်ရိုက် ဖြတ်သွားကာ ရေထဲသို့ ထိုးကျသွားပြန်သည်။ ရေပေါ်ကနေ တက်လာတော့ ဘာရေတံခွန်ရဲ့ သဲလွန်စ မရှိတဲ့ မြစ်ငယ်တစ်ခုထဲ ရောက်နေတာ တွေ့လိုက်ရသည်။

"လုရွှမ်! မင်းဘယ်မှာလဲ"

"သခင်လေးလုရွှမ်"

ခပ်လှမ်းလှမ်းက အော်ဟစ်သံ များစွာကို ကြားလိုက်ရသည်။ ၎င်းမှာ တျယ်ရှုံတို့ ရှစ်ယောက်ပဲ ဖြစ်​လေသည်။ လုရွှမ် လေထဲတွင် လျင်မြန်စွာ ပျံသန်းသွားကာ စိတ်လှုပ်ရှားစွာ ပျံသန်းလာသော လူရှစ်ယောက်ရဲ့ ခေါ်သံကို တုံ့ပြန်ခဲ့သည်။

"သခင်လေးလုရွှမ်... နောက်ဆုံးတော့ သခင်လေးကို ရှာတွေ့ပြီ.... ရှင့်ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးလို့ ထင်နေတာ"

ရှေ့က ပြေးလာနေတဲ့ လူကတော့ နံပါတ်ကိုး လော့ရှန်းပဲ ဖြစ်ပြီး သူမ မျက်လုံးတွေ နီရဲနေကာ အရမ်းစိတ်လှုပ်ရှားနေပုံရသည်။ လုရွှမ်ရဲ့ စောင့်ရှောက်မှုကြောင့်သာ မဟုတ်ရင် သူမ သေတာကြာပြီ ဆိုတာ သူမကိုယ်တိုင်လည်း ကောင်းကောင်းသိပါသည်။

All Chapters