← Chapters

လမ်းခွဲဖို့လိုပြီ

Vol. 90 Ch. 4.869

လမ်းခွဲဖို့လိုပြီ

Vol. 90 Ch. 4.869

သူလေထဲမှာ ပျံသန်းနေချိန်မှာ သူအ​စောက သွားခဲ့တဲ့ နေရာနဲ့ ဒီ​နေရာဟာ အလွန်ဝေးကွာပြီး ဒီနေရာက ဝိညာဉ်စွမ်းအင်တွေ ကင်းမဲ့နေတာကို ခံစားမိလိုက်သည်။ ထို့အပြင် ၎င်းသည် ​မြေကမ္ဘာ နယ်နိမိတ်မဟုတ် ဟူသော ရွှမ်ဝူရဲ့ အဆိုအရ လက်ရှိနေရာသည် ဝေးလံသော ထောင့်တစ်ခုသာ ဖြစ်နိုင်သည်။

ကောင်းကင်ဘုရင်ပင်လျှင် မြေကမ္ဘာသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီခဲ့ပေ။ ကောင်းကင်ဘုရင်သည် ထိုကောင်းကင်ဘုရင် စံအိမ်ကြီးကို ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ မြေကမ္ဘာထဲ ဝင်ရောက်ဖို့ ဖြစ်လိမ့်မည်။ အဲ့တုန်းက သူဟာ မျှော်စင်နယ်ပယ်ရဲ့ အထွတ်အထိပ်သို့ ရောက်နေလောက်ပြီ။

ထိုကဲ့သို့သော ခွန်အားဖြင့်ပင် ​မြေကမ္ဘာရဲ့နယ်နိမိတ်ကိုပင် မဖြတ်နိုင်ဘူး ဆိုလျှင် ခွန်အားဘယ်လောက်ရှိမှ အဆင်ပြေမှာလဲ။

မျှော်စင်နယ်ပယ်ရဲ့ အထက်မှလား။ အဲဒါက ဘယ်လို ခွန်အားတွေလဲ။ ဘယ်လိုနယ်ပယ်မျိုးလဲ။ အင်အားကြီး ကိုးခုနဲ့ ဂိုဏ်းခွဲများမှ အကြီးအကဲများနှင့် သခင်များသာ ထိုနယ်ပယက ဘယ်လို နယ်ပယ်မျိုး ဖြစ်မလဲဆိုတာကို သိနိုင်ပေမည်။

လူရှစ်ယောက်က လုရွှမ်ကို မြင်သည်နှင့် အသည်းအသန် ပြေးလာကြလေသည်။ လုရွှမ်က သူ့ကိုယ်ပိုင်ခွန်အားကို အသုံးပြုဖို့ ပြောထားပေမယ့် လုရွှမ်မရှိလျှင် လွတ်မြောက်ရန် မျှော်လင့်ချက် မရှိမှန်း သူတို့အမှန်တကယ် နားလည်သွားကြသည်။

"လုရွှမ်.... မင်းအရင်က ဘယ်ကိုရောက်နေတာလဲ? ငါတို့က နေရာအနှံ့ လိုက်ရှာနေတာ"

"မသိဘူး... ငါရုတ်တရက် ဒီမှာ ပေါ်လာတာပဲ!"

အရင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ဒီလူတွေကို သူဘယ်လိုလုပ် ပြောပြန်နိုင်ပါ့မလဲ။ သူ ​မြေကမ္ဘာကို သွားခဲ့တယ် ဆိုတာ သူတို့ကို ပြောပြသင့်လား။ ရေတံခွန် ရှိတယ်လို့ ပြောရင်တောင် ဘယ်လိုလုပ် ပြန်ရောက်နိုင်တော့မှာလဲ။

ထုံးစံအတိုင်း လူတွေက သူတစ်ခုခု ရထားခဲ့တယ် ဆိုတာ တွေးမနေနိုင်ကြပါဘူး။ သူပြောလိုက်တဲ့ အကြောင်းသာ အပြင်ထွက်ပြီး သတင်းတွေ ပျံ့သွားရင်တော့ ဘေးဥပဒ်တွေ ကြုံလာရလိမ့်မည်။

ဒီကိစ္စကို ဖုံးကွယ်ထားလိုက်တာက ပိုကောင်းပါ၏။

လူတိုင်းက ဒီအဖြေအတွက် အတော်လေး ကျေနပ်ခဲ့ကြပါသည်။ သူတို့လည်း ဒီမှာပေါ်လာတာပဲလေ။ လုရွှမ်က ဘာလို့ သူတို့ထက်နောက်ကျမှ ပေါ်လာတာလဲ နားမလည်ပေမယ့် ဒီနေရာဟာ ထူးဆန်းတဲ့အတွက် အခုမှ ပေါ်လာတယ် ဆိုတာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

လော့ရှန်းက ထပ်မေးသည်။

"သခင်လေး ဒီနေရာက ဘယ်လို​​နေရာလဲ"

လုရွှမ် ခေါင်းယမ်း​ပြလိုက်သည်။ ဝိညာဉ်စွမ်းအား တချို့ကို ခံစားရသော်လည်း ၎င်းမှာ အခြားကမ္ဘာငယ်လေးထဲတွင် ရှိသကဲ့သို့ပင်။

"မြစ်က စီးဆင်းနေတယ်.... ​​အရင်းအမြစ် မရှိရင် ရေစီးနိုင်မှာမဟုတ်ဘူး အထက်ဘက်ကို သွားကြည့်ရအောင်"

လုရွှမ် လမ်းကြောင်းကို အကြံပြုလိုက်တော့ အားလုံး သဘောတူကြလေသည်။ ကောင်းကင်ဘုရင် စံအိမ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ယခုနေရာသည် အေးချမ်းသာယာသော သက်တောင့်သက်သာ ရှိလှသည်။ သက်တောင့်သက်သာ ရှိပုံရသော်လည်း ရုတ်ချည်းပင် ဤနေရာကို ရောက်လာခဲ့ကြတာကြောင့် မမျှော်လင့်ထားတဲ့ အန္တရာယ်က ဘယ်အချိန်မှာ ကျရောက်မယ်ဆိုတာ ဘယ်သူသိမလဲ။

ရေစီးနှုန်းက နှေးကွေးပြီး တည်ငြိမ်လွန်းသည်။ လူကိုးဦးသည် မြေပြင်အထက် ငါးမီတာမှ ခြောက်မီတာအကွာတွင် ပျံသန်းနေရင်း အရှေ့၊ အနောက်နှင့် နှစ်ဖက်စလုံးတွင် လူတွေကို ဖြန့်ခွဲထားသည်။ အကယ်၍ မြေအောက်က တစ်ခုခု ရုတ်တရက် တိုက်ခိုက်ပါက ချက်ချင်းတုံ့ပြန်နိုင်မည် ဖြစ်သည်။

တစ်လမ်းလုံး တောက်လျှောက် ပျံတက်လာခဲ့သည်။

"ရပ်လိုက်!" လုရွှမ် အော်လိုက်သည်။

လူရှစ်ယောက်လုံး၏ မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင်များ ထွက်ပေါ်လာပေမယ့် နာခံစွာ ရပ်တန့်သွားကြသည်။

"ငါတို့ ဒီလမ်းကိုပဲ ထပ်ခါထပ်ခါ ပျံသန်းနေမိတာ!"

"ဟုတ်လား?" တျယ်ရှုံ အံ့သြသွား၏။

"လမ်းတစ်လျှောက် ပတ်ဝန်းကျင် ရှုခင်းတွေကို ငါ အာရုံစိုက်ထားတယ်... မြက်ခင်းတွေ၊ တောင်တွေ၊ သစ်တောတွေကို ဖြတ်သန်းခဲ့တယ် လမ်းတစ်လျှောက် ရှုခင်းတွေက လုံးဝ မတူပါဘူး!"

"ဟုတ်တယ် ပတ်ဝန်းကျင်က ရှုခင်းတွေကို အာရုံစိုက်ပြီး မြစ်ရဲ့ ရွေ့လျားမှုကိုတောင် ကြည့်နေတာ... ​​ဘာပြဿနာမှ မရှိပါဘူး"

လော့ရှန်းကတော့ လုရွှမ်က သူ့ရဲ့ အယုံကြည်ရဆုံးလူ ဖြစ်လာပြီမလို့ သူမက မေးလိုက်၏။

"သခင်လေးလုရွှမ် တစ်ခုခု ခံစားမိလို့လား "

လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။

"ဒါကို ငါဘာမှ သတိမထားမိဘူး...ဒီအချက်ကတင် အစိုးရိမ်ဆုံးပဲ... ဒါက ကောင်းကင်ဘုရင်ရဲ့ စံအိမ်ပဲ ငါတို့က ထူးဆန်းတဲ့ ကမ္ဘာထဲမှာ မစူးစမ်းဘဲနေရင်လည်း အသက်ရှင်ဖို့နဲ့ သေဖို့ ရုန်းကန်နေကြရမှာ...ဒီမှာ အရမ်းအေးချမ်းလွန်းတယ်!....မြေပေါ်ဆင်းရအောင်!"

"ဒါပေမဲ့ မြေပြင်မှာ နားမလည်နိုင်တဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား"

လုရွှမ် အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။

“အန္တရာယ်ရှိတယ်.... အနည်းဆုံးတော့ ငါတို့က ကောင်းကင်ဘုရင် စံအိမ်မှာ ရှိနေသေးတယ်...အခုလည်း အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်သေးတယ် ငါတို့ အန္တရာယ်ကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်တယ်... မခံမရပ်နိုင်တဲ့ အခြေအနေတွေကနေ ရုန်းထွက်ဖို့ နည်းလမ်းရှာနိုင်တယ်... ဒီလမ်းမှာ ပိတ်မိနေတာက အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် ပြင်ပကမ္ဘာကတော့ ပြောင်းလဲသွားနိုင်တယ်”

ဒီစကားကို ကြားရသူတိုင်းဟာ သူတို့ရဲ့ နှလုံးနဲ့ စိတ်ဝိညာဥ်မှာ ကူကယ်ရာမဲ့ တုန်လှုပ်သွားကြသည်။

"ကောင်းပြီ ကျွန်မ သခင်လေး ပြောတာကို နားထောင်မယ်"

တျယ်ရှုံကလည်း ခေါင်းညိတ်လိုက်ပြီး "လုရွှမ်ကို ငါ ယုံကြည်တယ်"

"ဒါပေမဲ့ ငါတို့ ဒီထက်ပိုသွားရင် တစ်ခုခု ရှာတွေ့နိုင်မယ်လို့ မထင်ဘူးလား"

နံပါတ်၇က သူ့အကြံပြုချက်ကို သဘောတူမယ်လို့ မျှော်လင့်ပြီး တခြားသူတွေကို ကြည့်ကာ ပြောလိုက်သည်။ တခြားလူများစွာသည်လည်း ၎င်းတို့၏ ထင်မြင် ယူဆချက်များကို ထုတ်ဖော်ပြောဆိုကြပြီး အုပ်စုနှစ်စုခွဲကာ ချက်ချင်းပင် အငြင်းပွားကြသည်။

နံပါတ်ရှစ်ကလည်း နံပါတ်ခုနှစ်ရဲ့ စကားကို သဘောတူလေသည်။ သူ ဆက်လျှောက် သွားမယ်ဆိုရင် တစ်ခုခုကို ရှာတွေ့နိုင်မှာပဲလို့ ထင်ထား၏။

လုရွှမ် ဘာမှပြန်မပြောဘဲ နံပါတ်၇နဲ့ နံပါတ်၈ကို အေးစက်စွာ ကြည့်လိုက်သည်။ လူနှစ်ယောက်မှာ လုရွှမ်ကို သေလောက်အောင် ကြောက်နေပုံပေါ်၏။ သို့သော် အခု အခွင့်အရေးရလာတော့ ဆက်မလျှောက်ရဲတော့ပေ။

ကောင်းကင်ဘုရင်စံအိမ်ကို မှားယွင်းစွာ ဝင်ရောက်ခဲ့ရကာ ဆက်သွားချင်တယ် ဆိုရင်တော့ အလောင်းအစား လုပ်ပြီး တောက်လျှောက် ရုန်းကန်နေရလိမ့်မည်။ သူတို့ဒီမှာ ဆက်နေမယ်ဆိုရင် ကျိန်းသေ သေလိမ့်မယ်။ ဒါကြောင့် လူတော်တော်များများက လောင်းကြေး ထပ်ဝံ့ကြတာကို သူတို့ အသိအမှတ် ပြုထားကြသည်။

နောက်ဆုံးတော့ ဒါဟာ သေခြင်းတရားကို ရင်ဆိုင်နေရတာပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ အလောင်းအစား တချို့လုပ်ပြီး မသေဖို့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိနိုင်တယ် ဆိုတာကို ရှာတွေ့တဲ့အခါ တိုက်ပွဲဝင်တဲ့ စိတ်ဓာတ်နဲ့ လောင်းကစား လုပ်ရဲခြင်းတွေဟာ သဘာဝအတိုင်း လျော့နည်းသွားမှာ ဖြစ်ပြီး လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရာကိုသာ သိမ်းထားချင်ကြလိမ့်မည်။

တခြားလူများသည် နံပါတ် ၇ နှင့် နံပါတ် ၈ ကို ဆွဲဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့သည် အကျင့်ပျက်ပြီး ကျိုးကြောင်း မဆီလျော်သော အကြောင်းပြချက်များကို ပေးလာကြသည်။ လူအနည်းငယ်က ဆူညံပွက်လောရိုက်ပြီး ရန်စကားစလုနီးပါး ဖြစ်သွားသည်။

"အားလုံးပဲ သည်းခံကြပါ.... တကယ်တော့ ငြင်းခုံနေစရာ မလိုပါဘူး ဒီနေရာက ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိရ​​သေးဘူး ကောင်းကင်ဘုရင် စံအိမ်က ထွက်သွားပြီးပြီလား... အန္တရာယ် မရှိ​တော့ဘူးလား မသိရသေးဘူး... ငါတို့ ဆက်လက် တိုက်ပွဲဝင်ချင်တယ် ဒီတစ္ဆေလို နေရာက ထွက်သွားဖို့ မိသားစု၊ ဂိုဏ်းအတွက်ကြောင့် ဆိုတာမျိုးတွေ မပါဝင်ဘူး"

“ဒီလိုပဲ နံပါတ် ၇ နဲ့ နံပါတ် ၈ က မထွက်ချင်ဘူး သူတို့က ဆက်နေချင်ပြီး တခြားမျှော်လင့်ချက်တွေကို လိုက်ရှာချင်တယ်... ဒါက မကောင်းတဲ့ အကြံတော့ မဟုတ်ဘူး တ​ခြားသူတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒကို ငါတို့ ဝင်စွက်ဖက်လို့ မရဘူး.... ဒါပေမဲ့ နံပါတ်၇နဲ့ နံပါတ်၈ မင်းတို့အဲ့ဒါကို ​သေချာစဉ်းစားပြီးပြီလား ဒါမှမဟုတ် ငါတို့နဲ့လိုက်ခဲ့ဖို့ရ အချိန်တွေ ကုန်နေတယ်လို့ ခံစားရလို့လား?"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း နံပါတ်၈ တင်းမာတဲ့ အကြည့်နဲ့ ပြန်ကြည့်သည်။ နံပါတ်၇က သူ့သွားတွေကို အံကြိတ်ပြီး ပြောလေသည်။

"သခင်လေးလုရွှမ်.... ငါတို့မင်းကို အရမ်းကျေးဇူးတင်ပါတယ် မင်းကို အရမ်းယုံကြည်ပါတယ်.... ဒါပေမဲ့ ငါခံစားရတာက ဒီတစ်ခါတော့ ရှေ့ကို ဆက်သွားသင့်တယ် ဆိုတာပဲ.... ဟုတ်တယ် ဒါက အရင်းအမြစ်မရှိဘဲ ရေစီးမှာ မဟုတ်ဘူး အဆုံးအစ​တော့ ရှိရမယ်"

"အရင်တုန်းက ကောင်းကင်ဘုရင် စံအိမ်ထဲကို ဝင်ခဲ့တဲ့ အကြီးတန်းတွေ ဘယ်သူမှ မလုပ်ဖူးဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ယုံကြည်တယ်..... သူတို့ ဒီကိုရောက်တာနဲ့ ဘယ်ကိုသွားမလဲ အဲဒါက ရေပေါ်တက်ဖို့ပဲ ရှိတယ် နည်းနည်း အရှိန်မြှင့်လိုက်ရင် ဖြစ်နိုင်ပြီ.... ကမ္ဘာမြေကြီးရဲ့ စမှတ်ကို ရောက်ပြီဆိုရင် ထွက်လမ်းကို ရှာတွေ့နိုင်ပါတယ်”

လုရွှမ် အသက်ရှုကြပ်သွားပြီး နောက်ဆုံးတော့ ဆိုလိုက်သည်။

"မင်းပြောတာ မှန်တယ်.... လူတိုင်းလည်း လမ်းခွဲဖို့ လို​ပြီထင်တယ်"

All Chapters