← Chapters

ယုံကြည်မှု

Vol. 90 Ch. 4.870

ယုံကြည်မှု

Vol. 90 Ch. 4.870

“လမ်းခွဲမှာလား”

နံပါတ် ၇က လိုက်သည်။ ထိုအခါ နံပါတ်သုံးက ဝင်ပြောလေ၏။

"ဟမ့်!...မင်းတို့နှစ်ယောက် မရှိရင် ငါတို့အသက် မရှင်နိုင်ဘူးလို့များ ထင်နေလား? စကြာဝဠာကိုးလှည့် အခင်းအကျင်းကို ပုံဖော်ဖို့အတွက်နဲ့ မင်းတို့ကို လိုက်လျောပေးရမှာလား?"

"ထွက်သွားချင်ရင် ရှင်ကိုယ်တိုင်ပဲ ထွက်သွားလိုက်"

နံပါတ် (၅) က သူမမျက်နှာကို အထင်အမြင်သေးဟန် ပြရင်း ပြောလိုက်သည်။ နံပါတ်၇သည် ယခင်က တစ်ကြိမ်မျှ ဒုက္ခရောက်ခဲ့ဖူးပြီး လူတိုင်းက သူ့ကို ခွင့်လွှတ်ခဲ့ကြသော်လည်း အခုတော့ အဲဒီလို မဟုတ်တော့သလိုပင်။

နံပါတ်၆က သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ဟေး ဒေါသမထွက်ကြပါနဲ့... နောက်ဆုံးတော့ ငါတို့က အတူတူ အသေခံခဲ့ကြတဲ့ သူငယ်ချင်းတွေပဲလေ... ဒီကို ရောက်ဖို့ဆိုတာ မလွယ်ဘူးကွ ကောင်းမွန်တဲ့ အမြင်တွေ ဖလှယ်ကြရအောင် စိတ်လျှော့ကြ စိတ်လျှော့ကြပါ"

နံပါတ်၄ကလည်း ခေါင်းညိတ်၍ "ဟုတ်တယ်... ငါတို့အဖွဲ့ ခွဲလို့ မရဘူး နံပါတ်၇နဲ့ နံပါတ်၈ မင်းတို့ ရှင်းရှင်းလင်းလင်း တွေးရမယ်... ငါတို့သခင်​လေးလုရွှမ် နောက်ကို လိုက်ရမယ်...သူကတစ်ခုမှ မလွဲဖူးဘူး"

သူ့စကားအရတော့ သူတို့နှစ်ယောက်ကို ဆက်ထိန်းထားချင်သေးတာ ထင်ရှားပါ၏။

တျယ်ရှုံက "ဘာဖြစ်နေတာလဲ? နံပါတ်၇ နံပါတ်၈... အခုဖြစ်နေတာကို မင်းတို့မှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိရင် မင်းတို့အဖွဲ့ကို ဦးဆောင်နိုင်တယ်.... မင်းတို့မှာ အရည်အချင်း မရှိရင် ပါးစပ်ပိတ်ထားလိုက်.... မင်းတို့သေရမှာ ကြောက်ရင် ဟိုးကတည်းက ဘာလို့ ထွက်လာခဲ့သေးလဲ?"

နံပါတ်၈က ခေါင်းငုံ့သွားသည်။ နံပါတ်၇ရဲ့ မျက်နှာကလည်း နီရဲလာပြီး လက်သီးတွေကို တင်းတင်းဆုပ်ရင်း ဒေါသကို ထိန်းထားလိုက်လေသည်။ နောက်ဆုံးတော့ လုရွှမ်ကပဲ ဝင်ပြောလိုက်သည်။

"တျယ်ရှုံ... မင်းဘာလုပ်နေတာလဲ... နံပါတ်၇ စိတ်ဆိုးမနေနဲ့ လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ချက်ရှိတာက ပုံမှန်ပါပဲ... ငါတို့ ခုနစ်ယောက် အသက်မရှင်နိုင်သလို နံပါတ်၇ နဲ့ ၈လည်း သေသွားနိုင်တာ မဟုတ်ဘူး တစ်ယောက်နဲ့ တစ်ယောက် သဘောထားကွဲလွဲလို့ ထွက်သွားရင် သေမှာ သေချာပေါက်ပဲ.... နောက်အခွင့်အရေး ရှိကောင်းရှိနိုင်ပေမယ့် လူတိုင်းက မတူညီတဲ့ လမ်းကြောင်းကို ရွေးချယ်ထားတာမို့ စွပ်စွဲနေစရာ မလိုပါဘူး"

"ကောင်းပြီ မင်းတို့နှစ်ယောက် သတိထားပါ... ဆင်းကြရအောင်!"

လုရွှမ် မြေပြင်ပေါ်သို့ ပြေးဆင်းသွားလေသည်။ တျယ်ရှုံသည် မယုံနိုင်ဘဲ ဒေါသတကြီး အော်ကာ ဆင်းသွား၏။

"အရှက်မရှိတဲ့ မျက်လုံးဖြူ ဝံပုလွေနှစ်ကောင်!"

မြေပြင်ပေါ် မရောက်ခင် ကောင်းကင်၌ ခဏမျှ ပျံဝဲကာ အရှိန်ပြင်းပြင်းနှင့် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား​ကြသည်။

"လုရွှမ်.... သူတို့ မရှိရင် ငါတို့က စကြဝဠာကိုးလှည့် အခင်းအကျင်းကို မဖန်တီးနိုင်​တော့ဘူး ဒါဆို ငါတို့ ဘာလုပ်သင့်လဲ?"

လူတော်တော်များများ မပျော်မရွှင် ဖြစ်နေမှန်း သိတာကြောင့် လုရွှမ် ပြုံးပြီး ပြန်ပြောလိုက်သည်။

"မင်းတို့ အသက်ဆက်ရှင်ပြီး ထွက်လမ်း ရှာချင်ရင် သေဖို့လည်း စိတ်ပိုင်းဖြတ်ထားရမယ်... ငါတို့က တူညီတဲ့နှလုံးသားကို ထိန်းသိမ်းပြီး လှုပ်ရှားနိုင်ဖို့ ငါပြောခဲ့ပြီးသား.... သေခြင်းတရားထဲက အသက်ရှင်ဖို့ ရှာကြရမှာ”

"ဒါပေမဲ့ သူတို့နှစ်ယောက်က ငါတို့နဲ့ တစ်လမ်းတည်းမဟုတ်တာ ထင်ရှားနေပြီ... ပူးပေါင်းပြီး ဘာလုပ်ကြမှာလဲ? သူတို့က ငါတို့ကို ဒုက္ခပေးမှာလား? စကြဝဠာကိုးလှည့် အခင်းအကျင်းလား? ငါ့အစီအစဥ်ထဲမှာ အရန် မပါဘူးလို့ ထင်နေကြတာလား?"

လူခြောက်ယောက်လုံး သက်ပြင်းတစ်ချက်ချကာ တစ်ယောက်ပြီး တစ်ယောက် စိတ်လျှော့လိုက်ကြသည်။

"မင်းတို့ကို ဖုံးကွယ်ချင်နေတာတော့ မဟုတ်ဘူး... ဒါပေမဲ့ အဆုံးထိ လိုက်ရဲတဲ့သူတွေက တကယ်ကို ယုံကြည်ရတဲ့ သူတွေပဲ... ငါ မင်းတို့ကို ယုံတယ် သူတို့နဲ့တော့ မထိုက်တန်ဘူး ငါ့ရဲ့ ယုံကြည်မှုက ငါ့ကိုယ်တိုင်ပဲ.... စိတ်ချယုံကြည်ရတဲ့ နောက်ထပ် ရွေးချယ်မှုတစ်ခုကတော့ မူလရည်ရွယ်ချက်ကို သစ္စာရှိရှိနဲ့ သွားဖို့ရယ်... အနာဂတ်ကို ဦးဆောင်မယ့်သူတွေနဲ့ အတူရှိနေဖို့ပဲ"

"ငါတို့က အရည်အချင်း မရှိကြဘူး မသန်မာနိုင်ဘူး နောက်ခံမရှိနိုင်ဘူး... ငါတို့က တခြားလူတွေလို ကျော်ကြားနေမှာလည်း မဟုတ်ဘူး...ငါတို့က ကမ္ဘာ့ရန်သူတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါတို့ရဲ့ ယုံကြည်မှုနဲ့ အပ်နှံမှုက စျေးပေါနေတာမျိုး မဖြစ်စေရဘူး!"

"ပြောတာ ကောင်းလိုက်တာ!"

တျယ်ရှုံက ထောက်ခံလေသည်။

"ငါထန်းယွမ်မြို့ကို ရောက်တုန်းကဆို ငါ့ရဲ့ ခွန်အားက မမြင့်ဘူး အရည်အချင်းကလည်း သာမာန်ဆိုတာ သိလိုက်ရတယ် ဒါပေမဲ့ ငါ့ရဲ့ ယုံကြည်မှုက တကယ်ကို စျေးမ​ပေါ​ဘူးကွ!"

လော့ရှန်းကလည်း ကျယ်လောင်စွာ ချီးမွမ်းလိုက်သည်။ လုရွှမ် ပြောတဲ့စကားကြောင့် အခြားသူများလည်း တုန်လှုပ်သွားကြသည်။

သူတို့ ထန်းယွမ်မြို့ကို ရောက်တဲ့အခါ နက်နဲတဲ့ နားလည်မှုတစ်ခု ရရှိခဲ့သည်။ လူငယ်ဆရာကြီး ရွှမ်ကျီးသည် ကြယ်တစ်သောင်းကမ္ဘာ တစ်ခုလုံးရှိ မျိုးဆက်သစ် လူငယ်များအတွက် အဓိကပွဲဖြစ်သည့် ပါရမီရှင်များ စုဝေးပွဲကြီးကို ကျင်းပခဲ့သည်။

လူငယ်ဆရာကြီး ဟူသည့် လူတစ်ဦးကို ရည်ညွှန်းရုံသာမက အရည်အချင်း ပြည့်မီသော သို့မဟုတ် ခိုင်လုံမှုရှိသော မျိုးဆက်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးသည့် ဘွဲ့တစ်ခုဖြစ်သည်။

အနှစ်တစ်ရာ တစ်ကြိမ် မျိုးဆက်သစ် အဟောင်းကို အစားထိုးခြင်းများ ရှိလေသည်။ ပါရမီရှင်တွေ့ဆုံပွဲကို မည်သူမဆို လာရောက်နိုင်ကာ ထိုသူသည် တောက်ပသော အနာဂတ်ကို ရရှိလိမ့်မည်။

ထိုသူများသည် ထန်းယွမ်ကြယ်၏ အဓိက အင်အားစု ကိုးခု၏ ​​မျက်နှာသာပေးမှုကို ခံရမည်ဖြစ်ပြီး အရင်းအမြစ်များ အလွန်ပေါများကာ အနာဂတ် အောင်မြင်မှုများသည် အနီးဆုံးတွင် ရှိနေမည်။ သူတို့သည် ဆန်းကြယ်ကောင်းကင် အိမ်တော်နှင့် ကွဲပြားသော အသွင်အပြင်ကိုပင် ရနိုင်သည်။

သို့မဟုတ် သာလွန်သောသခင် တချို့သည် ပေါ်လာပြီး သူတို့၏ တောင်ပံအောက်သို့ လူများကို ခေါ်ဆောင်ကာ တပည့်များအဖြစ် လက်ခံနိုင်သည်။

ထို့ကြောင့် နှစ်တစ်ရာတိုင်းတွင် ကြယ်တစ်သောင်းကမ္ဘာက ပါရမီရှင်များ စုဝေးကြသည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ထက်မြတ်သော လူများပင် ပေါ်လာပြီး ၎င်းတို့၏ သြဇာအာဏာသည်လည်း ပိုမိုကြီးမားလာမည် ဖြစ်သည်။

ဤနေရာသို့ ရောက်ရှိလာပြီးနောက် ပါရမီရှင်များစွာသည် ကမ္ဘာကြီးက အလွန်ကြီးမားကြောင်း၊ ပါရမီရှင်တွေ အလွန်များကြောင်း တွေ့လာရကာ ၎င်းတို့၏ တိုက်ရိုက် အမြင်အာရုံမှာလည်း အလွန်သေးငယ်သွားသည်။

တျယ်ရှုံနဲ့ တခြားသူတွေက ဘာမှ မပြောပေမယ့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခါးသီးတဲ့ မျက်လုံးတွေကို မြင်လိုက်ရ​လေသည်။ တခြားအရာကို မပြောဘဲ ကောင်းကင်ဘုရင် စံအိမ်ထဲကို ဘယ်လိုလုပ် ရောက်လာသလဲ ဆိုတာကို တွေးကြည့်လျှင် အရိုးရှင်းဆုံး အဖြေမှာ ခွန်အားနှင့် အရည်အချင်းများ ကင်းမဲ့ခြင်းကြောင့်သာ ဖြစ်သည်။

လုရွှမ်သာ ဆုံးရှုံးခြင်းနှင့် တုံ့ဆိုင်းခြင်းတွေ ရှိခဲ့မယ်ဆိုရင် သူတို့ဟာ လှိုင်းလုံးတွေကို လှုပ်နှိုးပြီး ခြေရာလက်ရာ မချန်ဘဲ ဟိုးအရင်ကတည်းက သေဆုံးသွားပါလိမ့်မယ်။

နံပါတ်(၇) ဘာကြောင့် ထွက်သွားခဲ့တာလဲ ဆိုရင် သူတို့အားလုံးဟာ လူသားတွေ ဖြစ်တာကြောင့် တချို့အရာတွေကို ဘယ်လိုမှ သဲသဲကွဲကွဲ မမြင်နိုင်ကြပါဘူး။ နံပါတ် (၇) ရဲ့ အရည်အချင်းက သူများတွေထက် အဆမတန် ကောင်းပါ၏။ ဒါပေမဲ့ လုရွှမ် သူတို့ကို အထင်မသေးခဲ့ပါဘူး။

အန္တရာယ်များကို ဖြတ်ကျော်ကာ ၎င်းတို့အား အားပေး ကူညီပံ့ပိုးပေးခဲ့သည်။ ယခုစကားများသည် သူတို့၏ နှလုံးသားထဲသို့ လုံးလုံးလျားလျား ဝင်ပြောသွားသလိုပင် ခံစားလိုက်ရသည်။

လုံလောက်တဲ့ ခွန်အား ဒါမှမဟုတ် အရည်အချင်းတွေ မရှိနိုင်ပေမယ့် ကြိုးစားပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်နေသမျှ နောက်ဆုံးမှာ အောင်မြင်ပါလိမ့်မယ်။ ဂုဏ်သိက္ခာကို နင်းချေလို့ မရသလို ယုံကြည်မှုကလည်း စျေးမပေါပါဘူး။

မြေပြင်ပေါ် လျင်မြန်စွာ ပြေးလွှားရင်း ကမ္ဘာမြေကြီးပေါ်ကို ရောက်သွားသလို ခံစားရသည်။ လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လော့ရှန်းက သူ့ဘယ်ဘက်တွင် ခုန်ဆင်းလာ၏။ တျယ်ရှုံက ညာဘက်တွင် စီလိုက်ရာ နံပါတ်၃ကစလို့ ၆ထိ အားလုံး မနာလို ဖြစ်ကုန်သည်။

"မြေငလျင်ပဲ... မြေကြီးတုန်နေတယ်!"

ရုတ်တရက် လော့ရှန်း ကြောက်လန့်တကြား ပျံတက်တော့မည့်ဟန်ဖြင့် အလိုလို ထအော်လိုက်သည်။ လုရွှမ် သူမပခုံးကို လက်ဖဝါးဖြင့် ဖိချလိုက်ကာ။

"ဘယ်သူမှ မြေပြင်က မခွာကြနဲ!"

လုရွှမ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး သူတို့ ခြောက်ယောက်လည်း ခြေထောက်နဲ့ မြေပြင် အမြစ်ပြတ်သွားမှာ ကြောက်နေသည့် အတိုင်း မြေပြင်ပေါ်မှာ တင်းတင်းကြပ်ကြပ် ရပ်နေလိုက်လေသည်။

မြေကြီးသည် မြေအောက် လှိုင်းလုံးကြီးများ လှုပ်ခတ်သွားသကဲ့သို့ လျင်မြန်စွာ တုန်ခါသွားစေသည်။

"ရပ်သွားပြီ ထင်တယ် အား......."

လော့ရှန်း အော်ဟစ်ပြီး သူမရဲ့ ခန္ဓာကိုယ်အောက်က လေထဲက ပြိုလဲကျသွားလေ၏။ သူမတင်မက တခြားလူတွေ အားလုံးလည်း တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြသည်။

လုရွှမ်သည်လည်း ယခုအချိန်တွင် အောက်ဖက်က မြေပြင်ပြောင်းလဲမှုများကို နားလည်ထားလေသည်။ အာကာသကျောက်စိမ်းပြားရဲ့ ယခင် ပိုင်ရှင်ဖြစ်သူကို အထူးပင်ကျေးဇူးတင်မိသည်။ သူသာ ရွှမ်ဝူအငွေ့အသက်ကို မနှိုးဆွပေးခဲ့ရင် ရွှမ်ဝူလေးက သူ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး။

ယခု ဤရွှမ်ဝူအငွေ့အသက်ဖြင့် လုရွှမ်သည် အောက်ဖက်က မြေပြင်၏ တုန်ခါမှုကို အမှန်တကယ် ခံစားနိုင်သည်။ ထို့ကြောင့် သူသည် လေထဲတွင် ရှိနေစဉ် ရွှမ်ဝူအငွေ့အသက်နဲ့ အတူ မြေပေါ်၌ ဆင်းသက်ရန် အကြံပေးခဲ့ခြင်းပင်။ မြေအောက်၌ အသက်စွမ်းအားရှိကြောင်း သူ ခံစားခဲ့ရသည်။

မြေကွက်တစ်ခုပေါ် ဆင်းသက်ပြီး အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

လုရွှမ် ပြုံးလိုက်သည်။

"အားလုံးကို ဂုဏ်ယူပါတယ်... ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် ဒါက တကယ့်မြေကြီးပဲ"

All Chapters