အပြန်ခရီးအတွက် ပြင်ဆင်ခြင်း
Vol. 93 Ch. 1296
ကြောင်မျိုးနွယ်ဝင်အမျိုးသမီး၏မျိုးနွယ်စုကို ထိုထိုရို သို့မဟုတ် ချင်ချီလာဟု ခေါ်သည်။ သို့သော် ၎င်းတို့က ကမ္ဘာမြေပေါ်ရှိ ရှဉ့်၊ ကြွက်များကဲ့သို့ မဟုတ်ပေ။ သူမက နဂါးနှင့်ကြောင်မျိုးစုများ၏မျိုးဆက်တစ်ခုဖြစ်ပြီး နဂါးနှင့်ကြောင်သွေးမျိုးဆက်နှစ်ခုလုံးကို ပိုင်ဆိုင်သည်။ ထန်ရှုသိသလောက်ဆိုလျှင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် နဂါးကြောင်များ၏အရေအတွက်က ဂဏန်းသုံးလုံးထက် မကျော်လောက်ပေ။
ကစ်သီက ထန်ရှု၏လက်မောင်းကို ဖက်ကာ တောင်းပန်သောအကြည့်နှင့် ပြောလိုက်သည် “ဆရာသခင်၊ ဒေါသခြင်္သေ့မိုးသောက်ကိုရော ကယ်ပေးလို့ရမလား။ သူ ငါ့ကို တစ်ခါကယ်ဖူးတယ်”
ဒေါသခြင်္သေ့မိုးသောက်လား။
ထန်ရှုက ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ငါ့နောက်လိုက်လာပါ”
လမ်းတစ်လျှောက်တွင် ထန်ရှုက ကျန်ရှိသည့်သတ်ဖြတ်ဖျော်ဖြေသူများကို လေ့လာပြီး သူတို့၏အချက်အလက်ကို ဖတ်သည်၊ နောက်ဆုံးတွင် ရွှေရောင်အမွေးများနှင့်ခြင်္သေ့လူသားတစ်ယောက်ထံ ရောက်ရှိလာသည်။ ခြင်္သေ့လူသားက ထန်ရှုထံ ခြိမ်းခြောက်သောအမူအရာတစ်ခုမှ မပြပေ၊ သို့သော် ထန်ရှုဘေးနားရှိ ကစ်သီကို မြင်သောအခါ သူက ပြုံးပြလိုက်၏။
အင်မော်တယ်သလင်းကျောက်၁.၂သန်းလား။ သူက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်လား။
သူ့မှတ်တမ်းများကို ဖတ်ပြီးနောက် ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “ဒီမှာ စောင့်နေ။ ငါ မင်းကိုလဲ ခေါ်သွားမယ်”
ထိုသို့ပြောပြီးနောက် သူက ကြောင်မလေးနှင့်အတူ ပွဲကြည့်စင်သို့ ပြန်လာသည်။ ပြိုင်ပွဲအသစ်စတင်တော့မည်ကို မြင်ပြီး ထန်ရှုက အင်မော်တယ်သလင်းကျောက်တစ်သိန်းကို ယူထုတ်ကာ ကြောင်မလေးထံ ပေးလျက် ပြောလိုက်၏ “အဲဒီလူသန်ကြီးအနိုင်မှာ လောင်းလိုက်ပါ”
“ကောင်းပါပြီ…”
ကစ်သီက ထွက်ခွာသွားပြီး များမကြာမီ ထန်ရှုထံ ပြန်ရောက်လာကာ တိုကင်ကို ကမ်းပေးလိုက်သည်။
“မင်းပဲ ယူထားပါ”ထန်ရှုက တည်ငြိမ်စွာ ပြော၏။
ပြိုင်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားပြီး လူသန်ကြီးက အနိုင်ရသွားခဲ့၏။
နောက်နှစ်ရက်အတွင်း ထန်ရှုက စုစုပေါင်းရှစ်ကြိမ် အလောင်းအစားလုပ်ခဲ့သည်။ မူလအင်မော်တယ်သလင်းကျောက်တစ်သိန်းက ၆.၄သန်းအထိ ရောက်ရှိလာသည်မှာ သံသယရှိစရာမလိုပေ။
ဒီလောက်ဆို လုံလောက်ပြီ။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ခြင်္သေ့လူသားထံ ပြန်လာသည်။ ထို့နောက် အကျဉ်းသားပြိုင်ကွင်း၏မန်နေဂျာထံ အင်မော်တယ်သလင်းကျောက်၁.၂သန်းကို ပေးကာ ခြင်္သေ့လူသားကို ဝယ်လိုက်သည်။
မန်နေဂျာထွက်သွားပြီးနောက် ထန်ရှုက ခြင်္သေ့လူသားကို တစ်ချက်ကြည့်ကာ အလေးအနက်ထား ပြောလိုက်၏ “အခု ငါ မင်းကို ရွေးချယ်မှုနှစ်ခုပေးမယ်။ ပထမ၊ မင်း ဆန္ဒရှိရင် ငါ မင်းရဲ့အသက်တိုကင်ကို ပြန်ပေးမယ်၊ မင်း ထွက်သွားလို့ရတယ်။ ဒုတိယ၊ မင်း ငါ့နောက်လိုက်ပါ၊ ဒါပေမယ့် မင်းရဲ့အသက်တိုကင်ကို ငါ ယူထားရလိမ့်မယ်။ အခုပဲ မင်း ရွေးချယ်ပါ”
ခြင်္သေ့လူသားက ဒူးထောက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်းက ငါ့ကို မကယ်ခဲ့ရင် တစ်ချိန်ချိန်မှာ ဒီနေရာမှာပဲ ငါ သေသွားမှာ။ မင်းက ငါ့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့အတွက် ငါ့အသက်က မင်းအပိုင်ပါပဲ။ အခု ငါ ထွက်ခွာသွားချင်တယ်၊ ဒါပေမယ့် အနာဂတ်မှာ မင်းရဲ့ကျေးဇူးကို အဆတစ်ရာ ပြန်ပေးဆပ်မှာပါ”
ထန်ရှုက သူ့အသက်တိုကင်ကို ပစ်ပေးကာ ပြောလိုက်သည် “လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ရည်ရွယ်ချက်ရှိတယ်။ မင်းက ထွက်သွားဖို့ ရွေးချယ်တယ်၊ ဒါကြောင့် ငါ့နောက်လိုက်ဖို့ မင်းကို ဖိအားပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် မင်း ကျေးဇူးပြန်ဆပ်တာကိုလဲ ငါ မလိုအပ်ဘူး”
ခြင်္သေ့လူသားက ထပ်မပြောတော့ဘဲ သူ့အသက်တိုကင်ကို လက်ခံခဲ့သည်။ သူက ထန်ရှုကို အရိုအသေပေးကာ လျင်မြန်စွာ ထွက်ခွာသွား၏။ ထန်ရှုက သူ့ကို ကယ်ရသည့်အကြောင်းရင်းကို သူက မမေးခဲ့ပေ၊ သို့သော် ကစ်သီ၏တောင်းဆိုချက်ကြောင့် ဖြစ်နိုင်သည်ဟု သူက ရေးရေးလေးခန့်မှန်းနိုင်သည်။
ထို့နောက် ထန်ရှုက ကစ်သီထံ ပြန်ရောက်လာသည်။ ကံကြမ္မာက သူတို့ကို ဒီနေရာတွင် တွေ့ဆုံစေခဲ့ပြီး ဤနေရာမှ ထွက်ခွာရန် ထန်ရှုက ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ ဤအကြိမ်တွင် သူက အမြောက်အများ ရရှိခဲ့ပြီး အင်မော်တယ်သလင်းကျောက်များ ထပ်ရရှိရန်အတွက် အစီအစဉ်မရှိပေ။ လောင်းကစားသည့်အကြိမ်တိုင်း အနိုင်ရမည်ဟု သူက အာမမခံရဲပေ။ တစ်ချက်မှားလိုက်ရုံနှင့် သူ ရထားသမျှ အရာအားလုံး ဆုံးရှုံးသွားနိုင်သည်။
များမကြာမ ထန်ရှုက ကစ်သီကို လက်နက်ဂိုဏ်းဆီသို့ ပြန်ခေါ်လာသည်။ သူတို့နှစ်ယောက်က ချော်ရည်လိုဏ်ဂူစံအိမ်ထဲသို့ ဝင်လာပြီးနောက် ထန်ရှုက မေးလိုက်သည် “ကစ်သီ၊ အင်မော်တယ်ကမ္ဘာကနေ ငါ ထွက်သွားတုန်းက မင်းက အသွင်မပြောင်းနိုင်သေးပါဘူး။ နောက်ပိုင်း အင်မော်တယ်ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့အရာအချို့ကို ငါ သိပေမယ့် အနည်းငယ်ပဲ သိတာ။ မင်း ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ ငါ့ကို ပြောပါ”
ကစ်သီက ပြန်ဖြေသည် “ဆရာသခင်က နတ်ဘုရားကပ်ဘေးကျရှုံးသွားတာကို ငါ ကြားတယ်။ နောက်တော့ ဆရာသခင်ရဲ့သူငယ်ချင်းနှစ်ယောက်က ငါတို့ရဲ့နေရာကို သိမ်းပိုက်ပြီး ငါတို့ကို သတ်ဖို့ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့တယ်။ အဲတုန်းက အသွင်ပြောင်းနိုင်တဲ့စွမ်းရည် ငါ့မှာ မရှိခဲ့ဘူး၊ ဒါကြောင့် ကပ်ဘေးကို ငါ ရှောင်လွှဲခဲ့တယ်။ ရှစ်နှစ်ကြာတဲ့အထိ နေရာတိုင်းကို ငါ လျှောက်သွားခဲ့တယ်၊ နောက်တော့ မတော်တဆတစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို ဖမ်းပြီး ငါ့ရဲ့အသက်ရင်းမြစ်နဲ့စိတ်ဝိညာဉ်အဆီအနှစ်ကို စုပ်ယူခဲ့တယ်၊ ပြီးနောက် ငါ့ကို အကျဉ်းထောင်ဆီ ပို့ခဲ့တယ်။ ငါ့ရဲ့နဂါးသွေးမျိုးဆက်နိုးထလာတာကြောင့် ငါ့ကို ပြိုင်ပွဲကို ပို့ခဲ့ပြီး အသက်ရှင်ဖို့အတွက် ရန်သူတွေကို အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ရတယ်။ နောက်တော့ ငါက အင်မော်တယ်အဆင့်မှော်သားရဲတစ်ကောင်အဖြစ် တက်လှမ်းနိုင်တာကို အကျဉ်းထောင်ရဲ့အင်မော်တယ်တစ်ယောက်က မြင်ခဲ့တယ်။ အဲနောက်ပိုင်းမှာ ငါက ပြိုင်ပွဲတွေ အဆက်မပြတ် တိုက်ခိုက်ခဲ့ရတယ်။ မကြာခဏ ငါ သေတော့မယ်လို့ တွေးပေမယ့် အဆုံးမှာ အသက်ရှင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဆရာသခင်နဲ့ ထပ်တွေ့ရဖို့ ငါ အမြဲတမ်း စဉ်းစားနေခဲ့တာ…”
အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏အမျက်လုံးများထဲတွင် လက်သွားပြီး နက်ရှိုင်းသောအသံနှင့် မေးလိုက်သည် “ဘယ်သူက မင်းကို ဖမ်းပြီး မင်းရဲ့အသက်ရင်းမြစ်နဲ့စိတ်ဝိညာဉ်အဆီအနှစ်ကို စုပ်ယူခဲ့တာလဲ”
“သူက ဝံပုလွေတစ်ယောက်ပဲ၊ အရှက်မရှိတဲ့နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်ပဲ”
“သူက ဘယ်မှာလဲ”
“ငါ မသိဘူး”ကစ်သီက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ငါ အကျဉ်းထောင်မှာ ရှိတာ နှစ်သုံးရာကျော် ကြာပြီလေ။ နောက်ပိုင်းတော့ သူက အားနည်းတဲ့လူတွေကို ဖမ်းပြီး အကျဉ်းထောင်ဆီ ရောင်းချရတာကို သဘောကျတယ်လို့ ငါ ကြားတယ်။ သူက အကျဉ်းထောင်အရာရှိတွေထဲကတစ်ယောက်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိပုံပဲ”
“သူ့ရဲ့နောက်ခံကို မင်း လုံးဝမသိတာလား”ထန်ရှုက ထပ်မေးလိုက်သည်။
ကစ်သီက ခေါင်းခါယမ်းလိုက်ပြန်သည်။ သို့သော် သူမက ရုတ်တရက် ခေါင်းညိတ်ကာ ပြော၏ “သူက ဂိုဏ်းကြီးတစ်ခုရဲ့တပည့်တစ်ယောက်ဖြစ်ပုံပဲ၊ ဆရာသခင်။ ဒါပေမယ့် ဂိုဏ်းနာမည်ကိုတော့ ငါ မသိဘူး”
ထန်ရှုက သူမပခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “တစ်နေ့မှာ ငါက အထွတ်အထိပ်ကို ပြန်ရောက်တဲ့အခါ သူ့ကို ရှာဖို့ လူအချို့ကို တာဝန်ပေးပြီး မင်းလက်ထဲကို အပ်ပေးမယ်”
“ကျေးဇူးတင်ပါတယ်၊ ဆရာသခင်”
ဤသည်ကို ကြားပြီးနောက် ကစ်သီက ထန်ရှုကို ပွေ့ဖက်ကာ သူမ၏လှပသောမျက်နှာကို ထန်ရှု၏ရင်ဘက်ပေါ်သို့ ခိုအောင်းလိုက်သည်။ ဤအချိန်တွင် ဒီရင်ဘက်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် အနွေးထွေးဆုံးနှင့်အန္တရာယ်အကင်းဆုံးနေရာဖြစ်သည်ဟု သူမက ခံစားမိသည်။
ရုတ်တရက် သူမက တစ်ခုခုကို အမှတ်ရပုံရကာ သိလိုစိတ်နှင့် မေးလိုက်၏ “ဆရာသခင်၊ သခင်မကရော ဘယ်မှာလဲ။ သခင်မနဲ့ ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ ငါ မေးမြန်းခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး”
ထန်ရှု၏အမူအရာက အေးစက်သွားကာ သူက စိတ်မဝင်စားစွာ ပြောလိုက်၏ “သူမက ငါနဲ့ ဘာဆက်ဆံရေးမှ မရှိတော့တဲ့အတွက် သူမက မင်းရဲ့သခင်မ မဟုတ်တော့ဘူး။ အနာဂတ်မှာ မင်းက သူမနဲ့ တွေ့တဲ့အခါ သူမက မင်းကို ရန်စရင် တန်းသာ သတ်လိုက်ပါ”
“ဘာလို့လဲ”ကစ်သီက ရှုပ်ထွေးသောမျက်နှာနှင့် မေးလိုက်သည်။
“ဘာလို့လဲဆိုတာ မမေးနဲ့။ ငါ ပြောတာကိုပဲ မှတ်ထားပါ”ထန်ရှုက ပြောလိုက်သည်။
ထို့နောက် ထန်ရှုက ကစ်သီနှင့် ထပ်မပြောတော့ပေ။ နတ်ဆိုးနတ်ဘုရားဝါးမျိုခြင်းဒယ်စောက်ကို ယူထုတ်ပြီးနောက် သူက စတင်သန့်စင်ခဲ့သည်။ သန္တာဝတ်ရုံကို ပြုလုပ်ရန် လိုအပ်သော သန့်စင်ခြင်းပစ္စည်းအားလုံး အသင့်ရှိနေပြီဖြစ်သောကြောင့် သူက အဆင့်မြင့်သန္တာဝတ်ရုံအခုနှစ်ဆယ်ကို တစ်ချက်တည်းနှင့် သန့်စင်ခဲ့သည်။
လအနည်းငယ်ကြာပြီးနောက် ထန်ရှုက ချော်ရည်လိုဏ်ဂူစံအိမ်မှ ထွက်လာသောအခါ အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသောကူးယန်အာကို မြင်လိုက်ရသည်။ သူမကို မေးမြန်းပြီးနောက် လက်နက်ဂိုဏ်း၏ဘိုးဘေးလေးယောက်နှင့်ကူးယန်အာတို့က ကြည်လင်ရေကလန်ကို အမြစ်ဖြတ်သုတ်သင်ခဲ့ပြီးဖြစ်သည်ကို သိလိုက်ရသည်။ ဤဂိုဏ်း၏ဘိုးဘေးလေးယောက်ထဲမှ တစ်ယောက်က ဒဏ်ရာရရှိလာခဲ့သည်။
“ဒါနဲ့ ကြည်လင်ရေကလန်မှာ ဒီလောက်များတဲ့ကြွယ်ဝမှုတွေ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီကလန်ရဲ့ကြွယ်ဝမှုတွေအားလုံးကို ရေတွက်ပြီးနောက် သူတို့အားလုံးကို အင်မော်တယ်သလင်းကျောက်နှစ်သိန်းသုံးသောင်းနဲ့ ဖလှယ်ခဲ့တယ်။ ဒါပေမယ့် ဆရာရဲ့ညွှန်ကြားချက်အတိုင်း လက်နက်တွေနဲ့ အလဲအလှယ်လုပ်ဖို့အတွက် ငါ သူတို့အားလုံးကို လက်နက်ဂိုဏ်းကို ပေးခဲ့တယ်”ကူးယန်အာက ပြုံးကာ ပြောလိုက်သည်။
“လက်ရှိအချိန်မှာ ငါတို့ရဲ့မဟာထန်အင်ပါယာက ကျင့်ကြံခြင်းအရင်းအမြစ်တွေ ကင်းမဲ့နေတယ်၊ အထူးသဖြင့် လက်နက်တွေပဲ”ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “ဒါကြောင့် မင်းက ကြည်လင်ရေကလန်ကို သွားတဲ့အချိန်မှာ ငါက အင်မော်တယ်တောင်းပြုန်မြို့ကို သွားခဲ့ပြီး အများကြီး ရလာခဲ့တယ်။ အာ၊ ဟုတ်တယ်။ မင်း ကစ်သီကို တွေ့ပြီးပြီလား”
“တွေ့ပြီးပါပြီ”ကူးယန်အာက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ဆရာသခင် သူ့ကို တကယ်ပဲ ယုံကြည်တာလား”
“ယုံတယ်၊ သူမကိုလဲ ငါက မြေတောင်မြှောက်ပေးခဲ့တာကြောင့် သူမက မင်းလိုပဲ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “သူမ မွေးကာစက သူမရဲ့မိဘတွေက သူမကို ငါ့ဆီ ပေးခဲ့တယ်။ သူတို့က တစ်ခုခုကို ဖြေရှင်းစရာရှိတယ်၊ သူတို့က သေသွားလိမ့်မှာကိုလဲ သိတယ်။ ငါ လုပ်ကြံခံရတဲ့အချိန်တုန်းက သူမက အသွင်မပြောင်းလဲနိုင်သေးဘူး”
“သူ့ရဲ့မိဘတွေကို ဆရာသခင်သိတာလား”ကူးယန်အာက သိလိုစိတ်နှင့် မေးလိုက်သည်။
“သိတယ်၊ သူမရဲ့မိဘတွေနဲ့ငါက မိတ်ဆွေကောင်းတွေပဲ။ သူတို့က ငါ့အသက်ကို တစ်ကြိမ်ကယ်ခဲ့တယ်”ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်၏ “ဒါပေမယ့် သူတို့မှာလဲ သူတို့ရဲ့ကံကြမ္မာရှိတယ်။ သူတို့ကို ကူညီဖို့ အကြိမ်များစွာ ငါ ကြိုးစားခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ရဲ့သေခြင်းကို ပြောင်းလဲဖို့ ငါ မတတ်နိုင်ခဲ့ဘူးပဲ”
ကူးယန်အာက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဆရာသခင်မှာ ကိုယ်ပိုင်အတွေးရှိတယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ဆရာသခင်ရဲ့အထောက်အထားကို ထုတ်ဖော်မိစေမယ့် နောက်ထပ်အပြုအမူတွေကို မလုပ်ဖို့ ငါ တကယ်မျှော်လင့်တယ်။ ငါတို့ရဲ့ရန်သူတွေက တကယ်အားကောင်းလွန်းတယ်။ ငါတို့ရဲ့ခွန်အားက သူတို့လောက် ပြောင်မြောက်မှပဲ ငါတို့ရဲ့သရုပ်မှန်ကို ထုတ်ဖော်နိုင်မယ်”
“မစိုးရိမ်ပါနဲ့…”ထန်ရှုက သူမ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည် “တစ်နှစ်အချိန်သတ်မှတ်ချက်က နီးလာပြီ၊ လက်နက်ဂိုဏ်းက ငါတို့ရဲ့အမှာတွေကို မပြီးစီးဖို့ များတယ်။ ပြင်ဆင်စရာရှိတာတွေအတွက် နောက်ထပ်သုံးလအထိ ဒီနေရာမှာ ဆက်နေမယ်။ အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့ ဒီဂိုဏ်းရဲ့အကြီးအကဲလေးယောက်ကို ငါ လိုအပ်တယ်”
“ဘယ်လိုအင်မော်တယ်အသုံးအဆောင်ပစ္စည်းမျိုးလဲ”ကူးယန်အာက မေးလိုက်သည်။
“ကောင်းကင်ဘုံစံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်း”ထန်ရှုက ပြန်ဖြေသည်။
ကူယန်အာက မှင်တက်သွားကာ ပြောလိုက်သည် “ဒါပေမဉ့် ဆရာသခင်၊ ကောင်းကင်ဘုံစံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပြုလုပ်ဖို့ တန်ဖိုးကြီးပစ္စည်းအများကြီး လိုအပ်တယ်။ ဒါ့အပြင် အထဲက နေရာလပ်က ပိုကြီးလေ၊ ကုန်ကျစရိတ်က ပိုများပြားလေပဲ”
“ဒီအတွက် အင်မော်တယ်သလင်းကျောက်ငါးသန်းက လုံလောက်မှာပါ”ထန်ရှုက ပြန်ပြောသည်။
ကစ်သီပြောခဲ့သည်ကို ကူးယန်အာက ရုတ်တရက် သတိရလိုက်သည်။ ထို့နောက် သူမက ချက်ချင်း ခေါင်းညိတ်ကာ ပြုံးလျက် ပြော၏ “ဆရာသခင်က အကျဉ်းထောင်ကနေ အင်မော်တယ်သလင်းကျောက်တွေ အများကြီး အနိုင်ရခဲ့တာပဲ၊ ကောင်းကင်ဘုံစံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့ လုံလောက်မှာပါ။ သန့်စင်တဲ့အခါမှာ ငါလဲ အတော်လေး ကျွမ်းကျင်ပါတယ်၊ ဒါကြောင့် ငါလဲ ကူညီပေးမယ်”
“အရမ်းကောင်းတယ်…”ထန်ရှုက အနည်းငယ် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ထန်ရှုနှင့်ကူးယန်အာတို့ မဟာထန်အင်ပါယာမှ ထွက်လာခဲ့သည်မှာ တစ်နှစ်နှင့်ခြောက်လနီးပါး ရှိခဲ့ချေပြီ။ လက်နက်ဂိုဏ်းဘိုးဘေးလေးယောက်နှင့် ပူးပေါင်းပြီးနောက် ထန်ရှုနှင့်ကူးယန်အာတို့က ကောင်းကင်ဘုံစံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ကောင်းကင်ဘုံစံအိမ်အမျိုးအစားအသုံးအဆောင်ပစ္စည်းက သင်္ဘောတစ်စင်းနှင့် တူပြီး လူတစ်သန်းနေရန်အတွက် လုံလောက်သည်။ အတွင်းပိုင်းက ဧရိယာဆယ်ခု ပိုင်းခြားထားသည်။ အထဲတွင် ကျင့်ကြံခြင်းအရှိန်က ကောင်းကင်ဘုံကောင်းချီနယ်မြေအချို့နှင့် ယှဉ်လျှင် အားနည်းသော်လည်း ထောက်ပံ့ထားသည့်အင်မော်တယ်ကျောက်တုံးများနှင့်သလင်းကျောက်များ၏အရေအတွက်အရ နိမ့်သည်ဟု ပြောလို့မရပေ။
“ငါတို့ ထွက်ခွာကြရအောင်”
နောက်ဆုံးတွင် လက်နက်ဂိုဏ်းက ထန်ရှု၏အမှာအားလုံးကို ပြီးစီးသွားပြီး ထန်ရှုက အမှောင်မြောက်အင်မော်တယ်နှင့်လက်နက်ဂိုဏ်းဘိုးဘေးလေးယောက်ကို နှုတ်ဆက်ခဲ့သည်။ လက်နက်ဂိုဏ်းနှင့်မဟာထန်အင်ပါယာစစ်သည်များစခန်းချရာနေရာမှ အကွာအဝေးအရ သူမ၏ရွှေအင်မော်တယ်ကျင့်ကြံခြင်းအဆင့်နှင့်အတူ ကူယန်အာက သူတို့ကို ခေါ်သွားလျှင်ပင် ခရီးက လများစွာ ကြာပေလိမ့်မည်။