ဆရာနဲ့တပည့် ချစ်သူမဖြစ်ရဘူးလို့ ဘယ်သူက ပြောလဲ။
Vol. 93 Ch. 1298
ကြက်သွေးရောင်ကြာပန်းအင်မော်တယ်ပိုင်နက်။
အဆုံးမဲ့ကြယ်ကောင်းကင်တွင် ကြယ်နှင့်ကုန်းမြေထုများစွာ ရှိပြီး တစ်ခုစီတွင် ကျင့်ကြံခြင်းဂိုဏ်းများ ရှိကြ၏။
ဟက်ဆန်ရဲတိုက်က အင်မော်တယ်ကမ္ဘာရှိ ကြယ်ကြီးများထဲမှ တစ်ခုတွင် တည်ရှိသည်။ ဧရိယာကျယ်ပြောချက်ကတော့ နယ်နိမိတ်တစ်ခုမှ အခြားတစ်ခုသို့ သွားရန် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်လျှင်ပင် ရာစုနှစ်များစွာ ကြာပေမည်။
လငေးဧကရာဇ်မြို့က ဟက်ဆန်ရဲတိုက်တည်ရှိရာနေရာနှင့် အကြီးမားဆုံးအင်မော်တယ်ဂိုဏ်းလေးခုကြားတွင် တည်ရှိသော အကြီးဆုံးမြို့ဖြစ်သည်။ ထို့ပြင် ဟက်ဆန်ရဲတိုက်သခင်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က လငေးဧကရာဇ်မြို့တွင်သာ တစ်ချိန်လုံး နေထိုင်သည်။
လမ်းများက လူသူထပ်ကာ မီတာတစ်ရာနီးပါး ကျယ်ပြီး အဆုံးမရှိပုံရ၏။ လမ်းတစ်ဖက်တစ်ချက်စလုံးတွင် စတိုးဆိုင်များနှင့် ပြည့်နေကာ အများစုက မိုးမျှော်တိုက်နှင့်တူသောဗိသုကာလက်ရာများ ဖြစ်ကြသည်။
ကြယ်ငေးစံအိမ်။
တစ်မြို့လုံးတွင် အကောင်းဆုံးစားသောက်ဆိုင်အဖြစ် သတ်မှတ်ထားပြီး ခမ်းနားရှည်လျားသောသမိုင်းကြောင်းများရှိသည်။ မျှော်စင်ခြောက်ခုရှိပြီး အလယ်ရှိ တစ်ခုကို ဝန်းရံထားသည်မှာ ကြယ်ပတ်ပတ်လည်တွင် ရစ်ပတ်နေသော ဂြိုလ်များနှင့် တူပေ၏။
ထန်ရှုနှင့်ကူးယန်အာတို့က ဆယ်မီတာကျော်မြင့်မားသောကြယ်ငေးစံအိမ်ဂိတ်အပြင်ဘက်တွင် ရပ်နေကြသည်။ အဝင်အထွက်လုပ်နေသူများကို ကြည့်ရင်း သူတို့က အတိတ်ကို ပြန်ရောက်လာသလို ခံစားမိ၏။ တစ်ခုတည်းသောအရာက ဝင်ပေါက်တွင် စောင့်ကြပ်နေသော ကောင်းကင်အင်မော်တယ်အစောင့်လေးယောက်က ယခင်လို ရင်းနှီးသောမျက်နှာများ မဟုတ်တော့ခြင်းပင်။
“အထဲဝင်ကြရအောင်…”
ထန်ရှုက သက်ပြင်းချကာ ကူးယန်အာလက်ကို ကိုင်ဆွဲလျက် အထဲသို့ ဝင်လာသည်။ တစ်ကီလိုမီတာရှည်သောစင်္ကြန်လမ်းတစ်လျှောက် လျှောက်လှမ်းကာ အဆုံးထိ ရောက်လာပြီးနောက် သူက စက်ဝန်းပြတ်ပုံစံလမ်းခွဲနှစ်ခုကို တစ်ချက် မော့ကြည့်လိုက်ပြီး ရှေ့သို့ တည့်တည့်ဆက်သွား၏။ ကြယ်ငေးစံအိမ်တွင် စည်းမျဉ်းများရှိသည်- အနည်းဆုံးရွှေအင်မော်တယ်အဆင့်ရှိသူများသာ အလယ်မျှော်စင်သို့ တိုက်ရိုက်သွားနိုင်သည်။ ရွှေအင်မော်တယ်အဆင့်သို့ မရောက်သေးသူ သို့မဟုတ် ရွှေအင်မော်တယ်တစ်ယောက်နှင့်မလိုက်ပါလာသူများက အလယ်မျှော်စင်သို့ ရောက်ရှိလျှင်ပင် အပြင်ဘက်တွင်သာ စောင့်နေရလိမ့်မည်။
“ကျေးဇူးပြုပြီး ပြန်သွားပေးပါ၊ ဧည့်သည်တို့”
ထန်ရှုနှင့်ကူးယန်အာတို့က အလယ်မျှော်စင်ဝင်ပေါက်အပြင်ဘက်သို့ ရောက်သောအခါ နှောင်းပိုင်းအဆင့်ကောင်းကင်အင်မော်တယ်ဆယ့်ရှစ်ယောက်နှင့်ရွှေအင်မော်တယ်တစ်ယောက်တို့က အေးစက်စက်တစ်ချက်ကြည့်ကာ သူတို့ကို တားလိုက်သည်။
ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောသည် “ငါ မှားတာဆိုရင် ငါ့ကို အမှန်ပြင်ပေးပါ။ ဒီမျှော်စင်ကို ရွှေအင်မော်တယ်တွေက ဝင်ရောက်လို့ရတယ်မလား။ လက်ရှိမှာ ရွှေအင်မော်တယ်တစ်ယောက်ကတောင် ဒီနေရာကို ဝင်ရောက်ခွင့်မရှိတော့ဘူးလို့ ကြယ်ငေးစံအိမ်က ဝင်ခွင့်ကန့်သတ်ထားတာလား”
ရွှေအင်မော်တယ်က တောင်းပန်လိုက်သည် “ငါတို့ကြယ်ငေးစံအိမ်ရဲ့ထုံးစံအစဉ်အလာက ဘယ်တော့မှ မပြောင်းလဲပါဘူး၊ ဒါပေမယ့် ထောင်စုနှစ်တိုင်းမှာ ချွင်းချက်တစ်ခုရှိပါတယ်”
“ဒါဆို ဒီချွင်းချက်က ဘာများလဲ”ထန်ရှုက မေးလိုက်သည်။
“အာ၊ ဒီရောင်းရင်းအင်မော်တယ်နှစ်ယောက်က လူစိမ်းတွေ ဖြစ်ရမယ်”ရွှေအင်မော်တယ်က ပြန်ဖြေသည် “ထောင်စုနှစ်တိုင်းမှာ မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ဒီနေရာကို အမြဲတမ်းလာပြီး တစ်နှစ်တိတိ နေတယ်၊ ဒီတစ်ကြိမ်လဲ အဲလိုပါပဲ၊ ဒါကြောင့် ငါတို့ရဲ့ကြယ်ငေးစံအိမ်ကို အများအတွက် ပိတ်ထားရတာပါ”
ထန်ရှုနှင့်ကူးယန်အာတို့က အကူအညီမဲ့စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က ဤနေရာသို့ ရောက်ဖူးသည်၊ ထို့ကြောင့် မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက အားအကောင်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဖြစ်ပြီး ဟက်ဆန်ရဲတိုက်၏ဆရာသခင်ဖြစ်သည်ကို သူတို့က သိသည်။ အတိတ်တွင် ထန်ရှုက အင်မော်တယ်ကမ္ဘာ၏အန္တိမအရှင်ဖြစ်သည်။ ထို့ကြောင့် သူက မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်ကို လစ်လျူရှုနိုင်သည်။ သို့သော် သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်၌ ရှိနေချိန်တွင် သူမကို မော့ကြည့်ခဲ့ရသည်။
အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက အန္တိမအရှင်စွမ်းအားရှင်တစ်ယောက်မဟုတ်သော်လည်း အန္တိမအရှင်များစွာက သူမကို သတိထားရသည်။ မဟာပြီးပြည့်စုံခြင်းအင်မော်တယ်ဟုခေါ်ရသောသူများပင် သူမနာမည်ရှေ့၌ မှေးမှိန်သွားရကြပေလိမ့်မည်။
“ဒါဆို ငါတို့ ထွက်သွားကြရအောင်…”
ထန်ရှုက သက်ပြင်းချကာ ကူးယန်အာလက်ကို ကိုင်လျက် ပြန်လှည့်လိုက်သည်။
သို့သော် သူက ပြန်လှည့်သည့်အခိုက်တွင် အဖြူရောင်ဝတ်ရုံနှင့်လှပသောအမျိုးသမီးတစ်ယောက်က သူတို့အနောက်တွင် လွင့်မျောနေသည်ကို သိလိုက်သည်။ သူမ၏မျက်လုံးများက ကြယ်များပမာ တောက်ပသည်။ သူမက သူတို့ရှေ့တွင် ရပ်နေသော်လည်း ကူးယန်အာနှင့်ထန်ရှုတို့က သူမ၏တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပေ။ သူတို့မျက်စိရှေ့တွင် တစ္ဆေတစ်ကောင်ထွက်ပေါ်လာသည့်ပမာ ခံစားရ၏။
တကယ်ကို အနည်းဆုံး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပဲ။
ထန်ရှုက စိတ်ထဲ၌ လေးလံသွားသည်။ ထို့နောက် ကူးယန်အာလက်ကို ကိုင်ဆွဲရင်း သူက ရှေ့တစ်လှမ်းတက်လိုက်သည်။ လက်သီးဆုပ်လျက် သူက ရိုသေလေးစားစွာ ပြော၏ “မဟာထန်က စီနီယာကို နှုတ်ဆက်ပါတယ်။ ငါတို့က စီနီယာရဲ့လမ်းကို ပိတ်ထားသလိုဖြစ်ရင် ငါတို့ ချက်ချင်း ထွက်သွားမှာပါ”
အမျိုးသမီး၏မျက်လုံးများက ကူးယန်အာကို ကိုင်ထားသည့် ထန်ရှု၏လက်ပေါ်တွင်သာ ရစ်ဝဲနေသည်။ ထန်ရှုပြောပြီးမှသာ ရှုပ်ထွေးသောအကြည့်တစ်ခုနှင့်အတူ သူမက ခေါင်းမော့လိုက်၏။ ထို့နောက် သူမက ပြော၏ “မင်းတို့ ငါ့ကို ကြောက်ဖို့မလိုပါဘူး။ သူ့ရဲ့အရှိန်အဝါကို အာရုံခံမိလို့ ငါ လာတွေ့တာ”
ထန်ရှုက မှင်တက်သွားပြီး သတိအပြည့်ထားလိုက်သည်။ သူက သူ့သရုပ်မှန်ကို ဖုံးကွယ်ထားသော်လည်း လူများစွာက သူနှင့် ရင်းနှီးသည်ကို သူ သိ၏။ သူက အန္တိမအရှင်အဆင့်သို့ ပြန်မရောက်ခင် သူ့သရုပ်မှန်ကို ဖော်ပြရန် လုံးဝဆန္ဒမရှိပေ။
“ဒီစီနီယာက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား”
“မင်းဆီကနေ ကောင်းကင်ဘုံဝင်ရိုးစွန်းရဲ့အရှိန်အဝါကို ငါ အာရုံခံမိတယ်”အမျိုးသမီးက ပြန်ဖြေသည်။
အဲဒီအဖိုးကြီးကောင်းကင်ဘုံဝင်ရိုးစွန်းလား။
ထန်ရှုက မျက်တောင်ခတ်၏။ ရုတ်တရက် ထိုကောင်းကင်ဘုံဝင်ရိုးစွန်းလူအိုကြီးနှင့်မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းတို့က တူညီသောနာမည်များရှိသည်ကို သူက သဘောပေါက်လိုက်သည်။ သူတို့က ထူးခြားတဲ့ဆက်ဆံရေးအချို့ရှိတာ ဖြစ်နိုင်မလား။ ဒီမဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက…ကောင်းကင်ဘုံဝင်ရိုးစွန်းရဲ့…ဇနီးများလား။
ထန်ရှု၏နှလုံးသားထဲရှိ သတိထားမှုတို့က ဖြည်းဖြည်းချင်း လျော့ကျသွားပြီး သူ့အမူအရာက အေးဆေးဖြစ်သွားသည်။ “ကျုပ်က ကောင်းကင်ဘုံဝင်ရိုးစွန်းလူအိုကြီးနဲ့ ဆက်ဆံရေးအချို့ ရှိပါတယ်၊ စီနီယာ။ ခင်ဗျားက သူ့အရှိန်အဝါကို ကျုပ်ဆီကနေ အာရုံခံလို့ရတယ်လို့ပြောတော့ သူ့ရဲ့ကောင်းကင်ဘုံဝင်ရိုးစွန်းလောကကနေ ကျုပ်ယူလာတဲ့ပစ္စည်းအချို့မှာ သူ့အရှိန်အဝါရှိတာ ဖြစ်ရမယ်”
မဒမ်ကောင်းကင်ဘုံဝင်ရိုး၏အမူအရာက ပြောင်းလဲသွားပြီး သူမက ကမန်းကတန်း မေးလိုက်သည် “မင်းက ကောင်းကင်ဘုံဝင်ရိုးစွန်းလောကကို ရောက်ခဲ့တာလား။ သူ ဘယ်မှာလဲ။ ငါ့ကို ပြောပါ၊ သူ ဘယ်မှာလဲ”
ထိုစဉ် သူမ၏အရှိန်အဝါက ဖြာထွက်လာသည်။ သူမ၏စိတ်ခံစားမှုအတက်အကျမှ ထုတ်လွှတ်သော အရှိန်အဝါတစ်ခုဖြစ်သော်ငြား ထန်ရှုက အားနည်းသွားပြီး လည်ချောင်းမှ သွေးများပင် ဆောင့်တက်လာသည်။
“ဆရာသခင်…”
အေးစက်စက်အလင်းတစ်ခုက ကူးယန်အာ၏မျက်လုံးများထဲတွင် လက်သွားပြီး သူမက ထန်ရှုကို နောက်သို့ ချက်ချင်း ဆွဲပို့လိုက်သည်။ သူမက မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းကို နည်းနည်းလေးပင် မကြောက်ပေ။ လက်ရှိသူမက မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်း၏ပြိုင်ဘက်မဟုတ်သည်ကို သိသော်လည်း သူမကိုယ်တိုင်က ပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့သည်။ အတိတ်တွင် သူမက အန္တိမအရှင်အဆင့်နှင့် ခြေလှမ်းတစ်ဝက်သာ ကွာဝေးခဲ့၏။ မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းကို နည်းနည်းလေးမှပင် ကြောက်စရာအကြောင်းမရှိပေ။
ထန်ရှုက သူမပခုံးကို ပုတ်ကာ သူမကို သူ့နောက်တွင် ပြန်ထားလျက် ပြောလိုက်၏ “ငါ အဆင်ပြေပါတယ်”
မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက နောက်ဆုတ်ကာ သူမ၏အရှိန်အဝါကို ရုတ်သိမ်းလိုက်သည်။ ဆေးလုံးတစ်လုံးက သူမ၏လက်ဖဝါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူမက ထန်ရှုထံ ကမ်းပေးကာ ပြောလိုက်၏ “မင်းတို့က ဆရာနဲ့တပည့်တွေလား”
ထန်ရှုက ခေါင်းညိတ်မည်ပြင်စဉ် ကူးယန်အာက ရုတ်တရက် ပြောလိုက်၏ “ငါတို့က ဆရာနဲ့တပည့်တွေ ဖြစ်သလို ချစ်သူတွေဆိုလဲ ဟုတ်တယ်”
မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက သူတို့စုံတွဲကို စိုက်ကြည့်ရင်း ခါးသီးမှုအနည်းငယ်က သူမမျက်နှာပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူမက ကောင်းကင်ကို ခေါင်းမော့ကြည့်လျက် ရေရွတ်လိုက်၏ “ဆရာနဲ့တပည့်က ချစ်သူတွေ မဖြစ်ရဘူးလို့ ဘယ်သူက ပြောလဲ။ ကောင်းကင်ဘုံဝင်ရိုးစွန်းရေ…”
ထို့နောက် သူမက ချက်ချင်းခေါင်းငုံ့ကာ ထန်ရှုတို့နှစ်ယောက်ထံ အကြည့်ပြန်ပြောင်းလိုက်သည် “ကောင်းကင်ဘုံဝင်ရိုးစွန်းက ဘယ်နေရာမှာလဲဆိုတာ မင်းတို့ ငါ့ကို ပြောပြနိုင်မလား။ ငါနဲ့အတူ ကြက်သွေးရောင်ကြာစွတ်ပြုတ်ကို စားဖို့အတွက် ပြန်လာမယ်လို့ သူ ငါ့ကို ကတိပေးခဲ့တယ်၊ ငါ သူ့ကို စောင့်နေတာ နှစ်ထောာင်ချီကြာပြီ”
ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားသည်။ သူက ခေါင်းခါယမ်းကာ ပြန်ဖြေ၏ “သူက…သေသွားပြီ”
မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်း၏ပုံရိပ်က တုန်ယင်သွားပြီး သူမမျက်လုံးများက ထက်ရှသွားလျက် ပြင်းပြင်းထန်ထန်ပြန်ချေပ၏ “အဓိပ္ပါယ်မရှိတာ…မင်း လိမ်နေတာပဲ…ကောင်းကင်ဘုံဝင်ရိုးစွန်းက ငါ့ရဲ့တိုက်ရိုက်တပည့်ပဲ၊ သူက ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာ ငါ သေသေချာချာ သိတယ်။ သူက…ကျရှုံးသွားတာ မဖြစ်နိုင်ဘူး…”
ထန်ရှုက ကြယ်တိုင်းတာကိရိယာတစ်ခုကို ယူထုတ်ကာ ၎င်းအပေါ်တွင် ကောင်းကင်ဘုံဝင်ရိုးစွန်းလောက၏ကိုဩဒိနိတ်များကို အမှတ်အသားပေးပြီးနောက် မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းထံ ကမ်းပေးလိုက်၏။ ထို့နောက် သူက ပြော၏ “ဒါက ကောင်းကင်ဘုံဝင်ရိုးစွန်းလောကရဲ့ကိုဩဒိနိတ်ပဲ။ ခင်ဗျား ကိုယ်တိုင် သွားကြည့်ပေါ့”
မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ကြယ်တိုင်းတာကိရိယာကို တစ်ချက်ကြည့်လိုက်သည်။ အတိတ်တွင် သူ သွားမည့်နေရာကို ကောင်းကင်ဘုံဝင်ရိုးစွန်းက ပြောပြခဲ့သည့်အတွက် ထန်ရှုက မလိမ်နေသည်ကို သူမက ရေးရေးသဘောပေါက်၏။
“မင်းတို့လေးတွေ…”
ရှုပ်ထွေးသောအကြည့်တစ်ခုက သူမ၏မျက်လုံးများထဲတွင် ပြန်လည်ထွက်ပေါ်လာ၏။ ထို့နောက် သူမက သိုလှောင်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ ထန်ရှုထံ ပစ်ပေးလျက် ပြောလိုက်၏ “မင်းတို့ပြောတာ မှန်တာပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်၊ မင်းတို့က သူ့ရဲ့သတင်းကို ပေးခဲ့အတွက် ငါ ကျေးဇူးတင်ပါတယ်။ ဆုလာဒ်အဖြစ် အထဲက သလင်းကျောက်အဆီအနှစ်တွေအားလုံးကို ယူလိုက်ပါ”
ထိုသို့ပြောပြီးနောက် သူမက ပျောက်ကွယ်သွား၏။
ထန်ရှုက စိတ်ဝိညာဉ်အာရုံကို သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်သည်၊ သူက ထိတ်လန့်သွားရ၏။ လက်စွပ်ထဲတွင် သလင်းကျောက်အဆီအနှစ်တစ်သန်းရှိ၏။ သလင်းကျောက်အဆီအနှစ်တစ်ခုက အင်မော်တယ်သလင်းကျောက်တစ်ရာနှင့် ညီမျှသည်ကို မှတ်ထားရမည်။ သလင်းကျောက်အဆီအနှစ်တစ်သန်းရှိခြင်းက သူ့ထံတွင် အင်မော်တယ်သလင်းကျောက်သန်းတစ်ရာရှိသည်ဟု ဆိုလို၏။
ဒါက တစ်ချက်တည်းနဲ့ ချမ်းသာတာပဲ။
ထန်ရှုက မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းရပ်ခဲ့သည့်နေရာသို့ အကြည့်ပြောင်းလိုက်သည်၊ ဤနေရာကို လာခဲ့မိသည့်အတွက် သူက ဝမ်းသာ၏၊ မဟုတ်လျှင် သူ့အနေနှင့် ဒီလောက်များသောသလင်းကျောက်အဆီအနှစ်များကို ရရှိရန်က အလွန်ခက်ခဲသောစမ်းသပ်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
ထန်ရှုက အကြီးအကဲရွှေအင်မော်တယ်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်၏ “ကောင်းပြီလေ၊ မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ထွက်သွားပြီဆိုတော့ ငါတို့ အခု စားသောက်လို့ရပြီလား”
အကြီးအကဲရွှေအင်မော်တယ်က ထန်ရှုကို ရှုပ်ထွေးသောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြော၏ “မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ထွက်ခွာသွားပြီဆိုမှတော့ ဧည့်သည်တို့ကို ငြင်းပယ်စရာအကြောင်းမရှိတော့ဘူး။ ရောင်းရင်းအင်မော်တယ်၊ ကျုပ်တို့ရဲ့ကြယ်ငေးစံအိမ်က ခင်ဗျားတို့ ကုန်ကျစရိတ်ကိုလဲ မယူတော့ပါဘူး”
ထန်ရှုနှင့်ကူးယန်အာတို့က တစ်ယောက်ကိုတစ်ယောက် ကြည်ကာ အနည်းငယ် ပြုံးလိုက်၏။ ကြယ်ငေးစံအိမ်၏ဝန်ဆောင်မှုက အလွန်ဈေးကြီးသည်ဟု နာမည်ကြီးသည်။ ဒီနေ့ သူတို့နှစ်ယောက်မျှပဲ ဤနေရာတွင် စားသောက်လျှင်ပင် အင်မော်တယ်ကျောက်တုံးတစ်ထောင်ခန့် ထုတ်သုံးရပေလိမ့်မည်။ ဒီအကြီးအကဲအင်မော်တယ်က ယခုလို ဝန်ဆောင်မှုပေးခြင်းက ရက်ရောသောကမ်းလှမ်းမှုတစ်ခုဖြစ်သည်။
ရုတ်တရက် ထန်ရှုက အနည်းငယ် ပြုံးလိုက်၏ “ခင်ဗျားက ဘယ်သူလဲဆိုတာ သိလို့ရမလား၊ ဆရာ”
“ကျုပ်က ကြယ်ငေးစံအိမ်ရဲ့ကြီးကြပ်သူဖြစ်ပြီး အဲဒါကို ကျုပ်ရဲ့သခင်အတွက် ဂရုစိုက်ပေးနေတာ။ ခင်ဗျားတို့နှစ်ယောက်က ကျုပ်သခင်ကို ကူညီပေးခဲ့တဲ့အတွက် ခင်ဗျားတို့က ကျုပ်တို့ကြယ်ငေးစံအိမ်ရဲ့ကျေးဇူးရှင်တွေပါပဲ”အကြီးအကဲရွှေအင်မော်တယ်က ပြော၏ “ခင်ဗျားတို့ ကြိုက်သလောက်စားလို့ရတယ်၊ ကျသင့်ငွေကို ကျုပ်တို့ မယူဘူး”
“ခင်ဗျား ကတိတည်ပါတယ်နော်”ထန်ရှုက ပြုံးကာ မေးလိုက်၏။
“ဟာသမလုပ်ပါဘူး။ တကယ်ပါ”အကြီးအကဲအင်မော်တယ်က ပြန်ဖြေသည်။
“ဒါဆို ကျုပ်တို့က ခင်ဗျားရဲ့ရက်ရောမှုကို လက်ခံလိုက်ပြီ”ထန်ရှုက ပြုံးလျက် ပြော၏ “ကျုပ်တို့မှာ လူအများကြီး ပါလာတယ်၊ ခင်ဗျားတို့တွေ အတော်လေးကုန်ကျမှာကို ကျုပ် စိတ်ပူပါရဲ့”