ပါးဖြဲနားဖြဲစားခြင်း
Vol. 93 Ch. 1299
အကြီးအကဲအင်မော်တယ်၏အမူအရာက ပြောင်းလဲသွားသည်။ သူက ရုတ်တရက် မကောင်းသောအာရုံတစ်ခုကို ရကာ ကမန်းကတန်း မေးလိုက်၏ “မင်းက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သယ်ဆောင်လာတာများလား”
“ဟုတ်တယ်။ ကျုပ်တို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သယ်လာတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြန်ဖြေ၏ “ဒီနေရာကို လာလည်တာ အများကြီး ကုန်ကျလိမ့်မယ်လို့ ကျုပ် တွေးထားတာ၊ ဒါပေမယ့် ရောင်းရင်းအင်မော်တယ်က ဒီလောက်တောင် ရက်ရောပြီး ကျုပ်တို့အားလုံးကို အလကားကျွေးမယ်လို့ မထင်ထားခဲ့ဘူး။ ဒီနှစ်တွေမှာ ကြယ်ငေးစံအိမ်က တော်တော်လေးအမြတ်ရနေတယ်ထင်တယ်”
“အာ…”
လူအိုကြီးရွှေအင်မော်တယ်က အနည်းငယ် အကူအညီမဲ့သွားသည်။ သူက ထန်ရှုနှင့်ကူးယန်အာတို့အတွက် ကျသင့်ငွေမယူရန် ရည်ရွယ်ချက်ရှိသည်၊ သို့သော် သူတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သယ်ဆောင်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အထဲတွင် လူများစွာ ရှိလျှင် ကြယ်ငေးစံအိမ်က ကံကြမ္မာဆိုးတစ်ခုကို ရင်ဆိုင်ရပေတော့မည်။
“ဒါနဲ့ ကျေးဇူးပြုပြီး လမ်းပြပါ၊ အင်မော်တယ်မိတ်ဆွေ…”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ပြီးတော့ သောက်ဖို့စားဖို့အပြင် ကျုပ်တို့က ဒီနေရာမှာ နှစ်ရက်လောက် နေရမယ်လို့ ကျုပ် ထင်တယ်။ မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ပြန်လာပြီး ကျုပ်ကို သေချာပေါက် ရှာလိမ့်မယ်လို့ ကျုပ် ခန့်မှန်းထားတယ်”
သူက ဘာဆိုလိုတာလဲ။ သခင်မက သူ့ကို လာပြန်ရှာမှာလား။
အကြီးအကဲအင်မော်တယ်၏အမူအရာက ပြောင်းလဲသွားပြီး သူက ချက်ချင်း ပြန်ပြောလိုက်၏ “ကျေးဇူးပြုပြီး ဝင်လာပါ၊ ဧည့်သည်တော်နှစ်ယောက်။ ကျုပ်ရဲ့ကြွားဝါလွန်းမှုအတွက် ကျုပ်ကိုပဲ အပြစ်တင်ရမယ်၊ ဒါပေမယ့် ကျုပ်စကားကိုတော့ ပြန်မရုတ်သိမ်းပါဘူး။ ပြီးတော့ ခင်ဗျားတို့က သခင်မကို ကူညီပေးခဲ့တယ်လို့ ကျုပ် ပြောခဲ့ပြီးပြီလေ၊ ဒါကြောင့် ခင်ဗျားတို့ကို ဧည့်ခံဖို့က ကျုပ်တို့ရဲ့တာဝန်ပါပဲလေ”
မျှော်စင်၏၈၈ထပ်တွင်။
ဤအထပ်က လူသိန်းချီ တစ်ပြိုင်နက်တည်း စားသောက်ရန် ဆန့်သည်၊ ထို့ကြောင့် ထန်ရှုက မဟာထန်အင်ပါယာ၏အဖွဲ့ဝင်အားလုံးကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထုတ်လိုက်၏။ ထန်ရှုက ရှင်းပြပြီးနောက် အားလုံးက အနေအထားကို ချက်ချင်းသဘောပေါက်သွားကြပြီး သူတို့က အင်မော်တယ်ကမ္ဘာ၏ဟင်းပွဲများကို ချက်ချင်း အရသာခံလိုက်ကြတော့၏။
သို့သော် မဟာထန်အင်ပါယာ၏အဖွဲ့ဝင်နှစ်သိန်းကျော်ကို မြင်ပြီး အကြီးအကဲရွှေအင်မော်တယ်၏အမူအရာက အလွန်နောင်တရနေပုံပေါ်သည်။ ထန်ရှုက အခြားအထပ်များကို ရွေးချယ်ခဲ့လျှင် ပိုကောင်းပေမည်။ တကယ်တော့ အခြားမျှော်စင်များ၏ဟင်းပွဲများက ဤအလယ်မျှော်စင်ထက် အများကြီး ပိုဆိုး၏။
ဒီလိုဖြစ်လာမယ်မှန်းသိရင်း ငါ မပြောခဲ့ပါဘူးလေ။
စိတ်ထဲ၌ နောင်တရလျက် အကြီးအကဲအင်မော်တယ်က မချိပြုံးပြုံးကာ ဟင်းပွဲများကို ချက်ရန် မီးခိုချောင်ကို အမိန့်ပေးလိုက်တော့သည်။
နှစ်ရက်တိတိတိုင် ဟင်းပွဲများနှင့်စားစရာများကသာ မဟာထန်အင်ပါယာ၏အဖွဲ့ဝင်များ၏ဉီးခေါင်းထဲတွင် ပြည့်နေတော့သည်။ သို့သော် သူတို့ကို ထိတ်လန့်တုန်လှုပ်စေသည်ကား ထိုအထူးဟင်းလျာများတွင် ကြီးမားသောစွမ်းအင်ပါဝင်ပြီး တစ်ကိုက်က အင်မော်တယ်ကျောက်တုံးဆယ်တုံးကို စုပ်ယူခြင်းထက် အများကြီး ပိုအကျိုးရှိသည်ကို တွေ့ရှိခဲ့ရ၏။
ဆန္ဒပြည့်ဝသည့်အထိ စားသောက်ကြပြီးနောက် ထန်ရှုက သူတို့အားလုံးကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ပြန်ထည့်လိုက်၏။
ကြယ်ငေးစံအိမ်အပြင်းဘက်တွင်။
အပေါက်ဝတွင် ရပ်လျက် ချွေးသုတ်နေသော အကြီးအကဲရွှေအင်မော်တယ်ကို မြင်ပြီး ထန်ရှုနှင့်ကူးယန်အာတို့နှစ်ယောက်က ပြုံးလိုက်ကြတော့၏။
“ဘယ်လိုထင်လဲ၊ ဆရာသခင်။ ဒီအကောင်က သူ့မျက်နှာကို ပြန်ရိုက်မှာလား”ကူးယန်အာက သနားချင်ယောင် ဟန်လုပ်ပြုံးလျက် ပြော၏ “ကျသင့်ငွေကို ခန့်မှန်းရရင် အနည်းဆုံးအင်မော်တယ်သလင်းကျောက်ဆယ်သန်းရှိမှာပဲ။ ပြီးတော့ ကျွန်မတို့လူတွေက သောက်မကုန်တဲ့အင်မော်တယ်ဝိုင်တွေကိုလဲ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ယူသွားကြတယ်။ နောက်မှ သူတို့က အဲဒါကို ဖြည်းဖြည်းချင်း သောက်မယ်ဆိုတာ သေချာတယ်”
“သိပ်သေချာတာပေါ့”ထန်ရှုက ရယ်လိုက်သည်။
“ဟီးဟီး…”
ကူးယန်အာက ထန်ရှုလက်မောင်းကို ကိုင်ဆွဲလျက် ပြုံးကာ ပြောလိုက်၏ “ဒါနဲ့ အခုက ကြေးစားအချို့ကို ဝယ်ယူဖို့ အချိန်လို့ ငါ ထင်တယ်”
“ဒါဆို လငေးဧကရာဇ်မြို့ရဲ့အကြီးမားဆုံးအကျဉ်းထောင်ပြိုင်ကွင်းကို သွားကြရအောင်။ အခု ငါတို့မှာ ပိုက်ဆံတွေ ပေါနေပြီဆိုတော့ အများကြီးအသုံးပြုလို့ရတယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ကူးယန်အာ၏အပြုံးက တောက်ပသွားသည်။ တကယ်တော့ မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းပေးခဲ့သည့် သလင်းကျောက်အဆီအနှစ်တစ်သန်းက သေးငယ်သောပမာဏတစ်ခု မဟုတ်ပေ။ အနည်းဆုံး သူတို့၏လက်ရှိအနေအထားအရ အချိန်အကြာကြီး အသုံးပြုရန် လုံလောက်သည်။
လငေးဧကရာဇ်မြို့၊ အကျဉ်းသားပြိုင်ကွင်းအကျဉ်းထောင်။
ထန်ရှုနှင့်ကူးယန်အာတို့က ဤနေရာကို ရောက်ရှိလာပြီး အစောင့်တစ်ယောက်က သူတို့ကို အကျဉ်းထောင်အခန်းများဆီသို့ ခေါ်သွားပေးခဲ့သည်။ ဤအချိန်တွင် တိုက်ခိုက်ရေးကွင်းတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ကျင်းပနေလျက်ရှိပြီး တိုက်ခိုက်သူနှစ်ယောက်လုံးက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ရှိကြ၏။
“ဧည့်သည်တော်နှစ်ယောက်၊ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကို ခေါ်နိုင်ပါတယ်။ ကျွန်မနာမည်က အလင်းမိုးဖြစ်ပြီး ဧည့်သည်တို့ကို အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ကျွန်မ အာမခံတယ်”လှပသောအစောင့်မလေးက ပြုံးကာ ပြောလိုက်၏။
ထန်ရှုက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အခန်းများထဲရှိ သတ်ဖြတ်ဖျော်ဖြေသူများထံ အကြည့်ပြောင်းကာ သူတို့၏သတင်းအချက်အလက်ကို ဖတ်၏။ နောက်ဆုံးတွင် သူက ပြောလိုက်၏ “ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူအယောက်နှစ်ဆယ်ကို ငါ ဝယ်ချင်တယ်။ မင်းတို့ရဲ့ကြီးကြပ်သူကို ဈေးနှုန်းပြောခိုင်းလိုက်ပါ”
အလင်းမိုး၏အမူအရာက ပြောင်းလဲသွားသည်။ သူမ၏သဘောထားက ချက်ချင်းရိုကျိုးသွားကာ ပြန်ဖြေ၏ “ဧည့်သည်တော်နှစ်ယောက်၊ ကျွန်မက သွားမေးရမှာ ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ ဘယ်တုန်းကမှ ဒီလောက်များတဲ့ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေကို မဝယ်ခဲ့ဖူးဘူး။ ကျွန်မရဲ့ကြီးကြပ်သူကို အရင်ဆုံး သတင်းပို့ရမယ်၊ သူမက ရှင်တို့ကို ကိုယ်တိုင်လာတွေ့ပါလိ့မ်မယ်”
ဆယ့်ငါးမိနစ်ကြာသွား၏။
အလှလေးတစ်ယောက်က အလင်းမိုးနှင့်အတူ သူတို့ထံ ရောက်လာသည်။ သူမ၏မျက်လုံးများက မိုးစက်များနှင့်တူကာ ထန်ရှုနှင့်ကူးယန်အာတို့ကို တိတ်တဆိတ် လေ့လာပြီးနောက် ပြုံးလျက် ပြောလိုက်၏ "ဧည့်သည်တော်နှစ်ယောက်က ရွှေအင်မော်တယ်အဆင့်သတ်ဖြတ်ဖျော်ဖြေသူအယောက်နှစ်ဆယ်ကို ဝယ်ယူချင်တယ်လို့ ကျွန်မ ကြားတယ်။ ဒါ အမှန်ပဲလားဆိုတာ ကျွန်မ သိချင်ပါတယ်”
“အမှန်ပဲ”ထန်ရှုက ပြန်ဖြေသည် “ရွှေအင်မော်တယ်အဆင့်ရှိတဲ့အယောက်နှစ်ဆယ်ကို ဝယ်ယူမယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုမြင့်လေ၊ သူတို့က ပိုသန်မာလေ၊ ပိုကောင်းလေပဲ။ ငါတို့ကို ဈေးနှုန်းပြောပေးပါ”
အလှလေးက ခဏစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည် “ကျွန်မတို့မှာ ရွှေအင်မော်တယ်အဆင့်ရှိတဲ့သေခြင်းစစ်သည်တော်တွေစုစုပေါင်း၂၀၉ယောက်ရှိတယ်။ နှစ်ဆယ့်ကိုးယောက်က နှောင်းပိုင်းအဆင့်၊ ခြောက်ဆယ့်နှစ်ယောက်က အလယ်အဆင့်၊ ကျန်တာတွေက စဉီးအဆင့်တွေပဲ။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုမြင့်မားလေ၊ သူတို့က ပိုသန်မာလေ၊ ပိုကောင်းလေလို့ ပြောခဲ့တယ်မလား။ ဒါဆို နှောင်းပိုင်းအဆင့်စစ်သည်တွေကို ဝယ်ယူပေါ့”
“ကျေးဇူးပြုပြီး ဈေးနှုန်းပြောပါ”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်၏။
“ဈေးကွက်တန်ဖိုးအရ နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တွေက အင်မော်တယ်သလင်းကျောက်ရှစ်သန်းရှိတယ်။ အယောက်နှစ်ဆယ်ဆိုတော့ အင်မော်တယ်သလင်းကျောက်သန်း၁၆၀ပေါ့။ လျှော့ဈေးဆယ်သန်းပေးမယ်၊ ဒါဆို ရှင်တို့က အင်မော်တယ်သလင်းကျောက်သန်း၁၅၀ပဲ ပေးရမယ်၊ ပြီးရင် ဒီနှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်စစ်သည်တော်တွေကို ခေါ်သွားလို့ရပြီ”
အင်မော်တယ်သလင်းကျောက်သန်း၁၅၀လား။
ထန်ရှုက ရှုံ့မဲ့ပြုံးလိုက်သည်။ သလင်းကျောက်အဆီအနှစ်တစ်သန်းက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အယောက်နှစ်ဆယ်ကို ဝယ်ယူရန် လုံလောက်မည်ဟု သူ တွေးထားခဲ့သည်၊ သို့သော် နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်တစ်ယောက်က ဒီလောက်ဈေးကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သူက ပြောလိုက်၏ “ခင်ဗျားတို့ဆီမှာ ရွှေအင်မော်တယ်သေခြင်းစစ်သည်တွေရှိတယ်ဆိုတာ ကျုပ် စိတ်ချသွားပြီ။ ဒါနဲ့ ကျုပ်တို့ရဲ့လုပ်ငန်းကိစ္စကို မလုပ်ခင် ဒီနေရာမှာ ပျော်စရာလေးတွေ ရှာလိုက်အုံးမယ်။ ခင်ဗျားလုပ်စရာရှိတာ ဆက်လုပ်ပါ၊ ဒီအလင်းမိုးကိုတော့ ကျုပ်တို့နဲ့ ချန်ထားလိုက်ပါ”
ဤသည်ကို ကြားပြီးနောက် အလှလေးက ပြုံးကာ ပြန်ပြောသည် “ဒါဆို ရှင်တို့ကို အနှောင့်အယှက်မပေးတော့ပါဘူး။ အလင်းမိုး၊ ဧည့်သည်တော်နှစ်ယောက်ကို ကောင်းကောင်းဧည့်ခံပါ၊ မဟုတ်လို့ကတော့ ငါ မင်းကို အကျဉ်းခန်းထဲ ပစ်ချမယ်”
အလင်းမိုး၏မျက်နှာက အပြင်းအထန် ပြောင်းလဲသွားကာ သူမက အလွန်အမင်းကြောက်ရွံ့သောအမူအရာနှင့် ချက်ချင်း ပြန်ဖြေလိုက်၏ “ဧည့်သည်တော်နှစ်ယောက်ကို ကျွန်မ အကောင်းဆုံးဝန်ဆောင်မှုပေးပါ့မယ်၊ မန်နေဂျာ…”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ အလှလေးထွက်သွားပြီးနောက် သူက ပြော၏ “ဒါနဲ့ တိုက်ပွဲကို ကြည့်ဖို့ ပွဲကြည့်စင်ကို သွားကြရအောင်။ ဘာတစ်ခုမှ မလုပ်ဘဲ သတ်ဖြတ်ဖျော်ဖြေသူတွေကို ဝယ်ဖို့အတွက်လောက်နဲ့ ဒီနေရာကို လာတာက ငြီးငွေ့စရာကောင်းလွန်းတယ်”
ထိုသို့ပြောပြီးနောက် သူက အလင်းမိုးထံ အင်မော်တယ်သလင်းကျောက်နှစ်သန်းပါသည့်သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးကာ ပြောလိုက်၏ “ဒါကို လောင်းကစားတိုကင်ပြားတွေနဲ့ ဖလှယ်ပေးပါ”
“သိပါပြီ…”
အလင်းမိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ သူမက သိုလှောင်လက်စွပ်ကို ယူပြီးနောက် ထွက်ခွာသွား၏။
တိုက်ခိုက်ရေးကွင်းရှိ လက်ရှိတိုက်ပွဲက အလွန်ပြင်းထန်သည်၊ သို့သော် ထန်ရှုက ၎င်းအပေါ် အများကြီး အာရုံမစိုက်မိပေ။ သူထိုင်နေသောနေရာအနီးနားတွင် နားရွက်အကြီးကြီးနှင့် သက်လတ်ပိုင်းအရွယ်ဖက်တီးတစ်ယောက်က ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့်အမျိုးသမီးနှစ်ယောက်ကို ပွေ့ဖက်ကျီစယ်နေသောကြောင့်ပင်။ သူ့အသံက ကျယ်လွန်းသဖြင့် သူ့ဘေးနားတစ်ဝိုက်ရှိ လောင်းကစားသမားအချို့က သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ကြ၏။
သက်လတ်ပိုင်းအရွယ်ဖက်တီးက ဒါကို သတိပြုမိပုံရ၏။ သူက သူတို့ကို ပြန်စိုက်ကြည့်ကာ အော်ပြောလိုက်၏ “မင်းတို့ကောင်တွေက ဘာကြည့်နေတာလဲ။ ဒီဖက်တီးကို မင်းတို့ရဲ့မျက်လုံးတွေကို ကလော်ထုတ်ခိုင်းနေတာလား၊ အရူးအပေါတွေရ။ တောက်၊ မင်းတို့လိုကောင်တွေက ဒီဆရာဖက်တီးကို ရန်စရဲတာလား၊ မင်းတို့က နာချင်နေပြီထင်တယ်…”
“မင်းက သေချင်နေတာပဲ”
ဒေါသကြီးသည့် အနက်ဝတ်လူကြီးတစ်ယောက်က ရုတ်တရက် ထရပ်ကာ အော်ပြောလိုက်သည်။ သို့သော် သူက မတိုက်ခိုက်ခဲ့ပေ၊ ဤနေရာ၌ သတ်ဖြတ်မှုတစ်ခု ပြုလုပ်ခဲ့လျှင် လျော်ကြေးအင်မော်တယ်သလင်းကျောက်တစ်သန်းကို ပေးရမည်ဟု အကျဉ်းထောင်ပြိုင်ကွင်းက စည်းမျဉ်းထုတ်ထားသည်ကို ကြောက်ရွံ့သောကြောင့်ပင်၊ ထို့ပြင် အကျဉ်းထောင်ပြိုင်ကွင်းတစ်ခုလုံးကို ရန်စသလို ဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် အကျဉ်းထောင်ပြိုင်ကွင်းမှ မရေမတွက်နိုင်သောစွမ်းအားရှင်များက ကျူးလွန်သူနောက်ကို တရစပ်လိုက်ပေလိမ့်မည်။
အကျဉ်းထောင်ပြိုင်ကွင်းက ဘယ်လောက်အားကောင်းသလဲကို ဘယ်သူမှ မသိပေ။ ၎င်းက လွန်ခဲ့သောနှစ်သိန်းချီကတည်းက ရှိလာခဲ့သည့်တည်ရှိမှုတစ်ခုဖြစ်ပြီး အကျဉ်းထောင်ပြိုင်ကွင်းနောက်ကွယ်ရှိဆရာသခင်က ဘယ်သူဆိုသည်ကို ဘယ်သူမှ မသိကြပေ။
သက်လတ်ပိုင်းလူ၏ဘယ်ဘက်လက်မောင်းရှိ အမျိုးသမီးက အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အနက်ဝတ်လူအိုကြီး၏အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ အစိမ်းရောင်မီးခိုးတစ်ခုက သူမ၏အင်္ကျီလက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားတိုတစ်လက်က လူအိုကြီး၏လည်ချောင်းကို ရုတ်ချည်း ထိုးဖောက်သွား၏။
နောက်အခိုက်အတန့်တွင် အမျိုးသမီး၏လက်သည်းဆယ်ခုက စတင်ကြီးမားလာသည်။ နှစ်စင်တီမီတာကျော်သို့ ရောက်ရှိလာသောအခါ သူမက လျှပ်စီးအလား ရွေ့လျားလိုက်ပြီး သူမ၏လက်သည်းများက လူအိုကြီး၏ဝတ်ရုံကို ဆုတ်ဖြဲကာ သူ့အင်မော်တယ်ခံစစ်အသုံးအဆောင်ပစ္စည်းကို ဖျက်ဆီးပြီး သူ့အင်မော်တယ်ခန္ဓာကိုယ်အား အသားအပိုင်းအစဒါဇင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
မြင်ကွင်းက ထိတ်လန့်စရာကောင်းလွန်းသဖြင့် သက်လတ်ပိုင်းဖက်တီးကို စိုက်ကြည့်ခဲ့သည့် လောင်းကစားသမားများက ကြောက်ရွံ့သွားကြ၏။ သူတို့အားလုံးက နောက်ဆုတ်ကာ အဝေးသို့ ပြေးသွားကြလေသည်။ ထိုသနားစရာကောင်းသောလူအိုကြီးက ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်၊ သို့သော် ဖက်တီး၏အမျိုးသမီးက သူ့ကို ခဏအတွင်း သတ်ဖြတ်ခဲ့သည်၊ သူတို့၏အရိုးထဲထိတိုင် အေးစိမ့်သွားစေသည့် မြင်ကွင်းတစ်ခုပင်။
ထန်ရှုက မြင်ကွင်းကို တည်ငြိမ်စွာ လေ့လာပြီး အမျိုးသမီးအင်မော်တယ်၏ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းလိုက်သည်။ အချိန်ခဏကြာပြီးနောက် အမျိုးသမီးအင်မော်တယ်က အနည်းဆုံးရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့မဟုတ်အလယ်ဆင့်ရှိမည်ဟု သူက ကောက်ချက်ချလိုက်၏၊ သို့မဟုတ်လျှင် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်ကို ချက်ချင်းသတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
သတ်ဖြတ်ပြီးနောက် အမျိုးသမီးက ဖက်တီး၏ရင်ခွင်ထဲသို့ ပြန်ရောက်ရှိလာသည်။
စောစောက သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူက သူမမဟုတ်သလိုပင်။