← Chapters

စပ်စုခြင်းက အန္တရာယ်ဖြစ်စေနိုင်တယ်

Vol. 93 Ch. 1300

စပ်စုခြင်းက အန္တရာယ်ဖြစ်စေနိုင်တယ်

Vol. 93 Ch. 1300

ဒါက စိတ်ဝင်စားစရာကောင်းနေပြီ။

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်ထောင့်တွင် ထွက်ပေါ်လာ၏။ သူ့ဘေးနားရှိ လောင်းကစားသမားများက အဝေးသို့ ရွှေ့သွားသည်ကို သတိထားမိ၏၊ သူနှင့်ကူးယန်အာတို့ကသာ သက်လတ်ပိုင်းဖက်တီးတို့သုံးယောက်အနားတွင် ကျန်ရှိသည်။

ထန်ရှုနှင့်ကူးယန်အာတို့ကသာ မထွက်သွားဘဲ ကျန်ရှိနေသည်ကို သက်လတ်ပိုင်းဖက်တီးလည်း သိ၏။ သူက သူတို့ကို အကြိမ်အနည်းငယ် တစ်ချက်ကြည့်လိုက်ပြီး ဤစုံတွဲက သူ့အပေါ် ဘာရန်လိုမှုမှ မပြခဲ့သည်ကို သိသည်။ ထို့ကြောင့် သူက ထိုစုံတွဲကို ထပ်လေ့လာလိုက်ပြီး သူတို့၏တည်ငြိမ်သောအမူအရာကို မြင်ကာ အနည်းငယ် အံ့အားသင့်သွား၏။

ထူးခြားတဲ့လူနှစ်ယောက်ပါလား။ အသွင်အပြင်အရတော့ သူတို့က လုံးဝကို ထိပ်တန်းပဲ။

သက်လတ်ပိုင်းဖက်တီး၏စူးရှသောမျက်လုံးက ထန်ရှုလက်မောင်းကို ရစ်ပတ်ထားသည့် ကူးယန်အာ၏လက်ကို ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းလျှင်ပင် သူက ကျယ်လောင်စွာ ရယ်မောလျက် အော်ပြော၏ “မင်းရဲ့ထူးခြားမှုကို ငါ အံ့ဩလေးစားမိပါရဲ့၊ ညီအကို။ မင်း ငါနဲ့အတူ ထိုင်နိုင်မလား”

ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြုံးလိုက်၏ “အမ်၊ ဟက်ဆန်ရဲတိုက်ရဲ့နံပါတ်တစ်ကျွမ်းကျင်သူရဲ့ခြိမ်းခြောက်မှုကို ခံရပြီးနောက် ငါ့ခြေထောက်တွေက နည်းနည်းအားပျော့နေတယ်။ အဲဒါကို မေ့ဖျောက်ဖို့အတွက် ဒီနေရာကို အလည်အပတ်ထွက်လာတာ။ မင်းက ပျော်စရာအချို့ရှိရင် မင်းကိုယ်တိုင် လာလို့ရပါတယ်”

အလင်းတစ်ခုက သက်လတ်ပိုင်းဖက်တီး၏မျက်လုံးများထဲတွင် လက်သွား၏။ ထို့နောက် သူက အမျိုးသမီးနှစ်ယောက်၏ပခုံးကို ပုတ်ကာ ထန်ရှုနှင့်ကူးယန်အာတို့ထံ ပျံသန်းလာသည်။ ထန်ရှုဘေးနားတွင် ထိုင်ပြီးနောက် သူက ရယ်ကာ ပြော၏ “မင်းက အဲဒီကောင်းကင်ဘုံဝင်ရိုးစွန်းအမျိုးသမီးနဲ့ တွေ့ခဲ့တာလား၊ ညီအကို။ ကောင်းပြီလေ၊ ထောင်စုနှစ်တစ်ခါတိုင်း အဲဒီသနားစရာကောင်းတဲ့အမျိုးသမီးက ကြယ်ငေးစံအိမ်ကို အမြဲတမ်း လာတယ်၊ အဲဒီကောင်းကင်ဘုံဝင်ရိုးစွန်းလူအိုကြီးပြန်လာတာကို စောင့်မျှော်နေတာပေါ့လေ။ ဒါက ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး”

အံ့အားသင့်သောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားကာ သူက ပြုံးလျက် ပြန်ပြောသည် “ဘာမှတော့ မဟုတ်ပါဘူး၊ တစ်ချက်တွေ့လိုက်ရုံပါပဲ။ ဒီလိုစွမ်းအားရှင်တစ်ယောက်ရဲ့အရှေ့မှာ ကြောက်နေတဲ့အသွင်အပြင်ကို ထိန်းထားရသေးတယ်။ ဒါပေမယ့် မင်းက အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ပဲ၊ မစ္စတာ။ မင်းက သူတို့ဆရာတပည့်နဲ့ ရင်းနှီးတာလား”

သက်လတ်ပိုင်းဖက်တီးက ဟက်ဟက်ပက်ပက်ရယ်လျက် ပြန်ဖြေသည် “ငါက သူတို့နဲ့ ရင်းနှီးတာလား။ ရင်းနှီးတာထက် ပိုတာပေါ့။ ဟားဟားဟား…မင်းက စိတ်ဝင်စားစရာကောင်းတာပဲ…မိတ်ဆွေ။ မင်းက တကယ်ကိုပဲ။ မင်းက ဘယ်နေရာက လာသလဲဆိုတာ ငါ့ကို မျှဝေပေးလို့ရမလား”

“တစ်နေရာပြီး တစ်နေရာ လိုက်သွားပြီး ကမ္ဘာကြီးကို သူ့အိမ်အဖြစ် ရှုမြင်တဲ့ အသေးအဖွဲ့ကျင့်ကြံသူတစ်ယောက်ပါပဲ”ထန်ရှုက တည်ငြိမ်စွာ ပြော၏။

“အာ၊ ဟုတ်ပါပြီ…ဟုတ်ပါပြီ”သက်လတ်ပိုင်းဖက်တီးက ပြုံးရယ်လျက် မေးလိုက်၏ “ဒါနဲ့ မင်းကို ဘယ်လိုခေါ်လို့ရမလဲ”

ထန်ရှုက ပြုံးလျက် ဆိုသည် “ခင်ဗျား ကျုပ်ကို မဟာထန်ကောင်းကင်ဘုံအင်ပါယာဒါမှမဟုတ်မဟာထန်လို့ ခေါ်နိုင်ပါတယ်။ ခင်ဗျားကရော၊ မစ္စတာ”

“အာ…မဟာထန်ကောင်းကင်ဘုံအင်ပါယာလား”သက်လတ်ပိုင်းဖက်တီးက ရယ်လျက် ခေါင်းခါယမ်းကာ ပြုံးလိုက်သည် “နှိမ့်ချတာက ဘယ်လိုလဲဆိုတာ မင်း တကယ် မသိဘူးပဲ၊ ကောင်ကလေး။ ငါတောင်မှ ငါ့ကိုယ်ငါ မဟာအင်ပါယာဒါမှမဟုတ်ကောင်းကင်ဘုံအင်ပါယာလို့ မခေါ်ရဲဘူး။ ဒါနဲ့ မင်းက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ပဲ၊ မဟာထန်ညီအကို၊ ဒါကြောင့် ဂိမ်းတစ်ခုကစားကြရအောင်။၊ မင်း နိုင်ရင် ငါ မင်းကို ငါ့အကြောင်း ပြောပြမယ်၊ ဒါပေမယ့် ငါနိုင်ရင် မင်းဘေးနားက အလှလေးရဲ့ပုံပန်းကို ငါ့ကို ပြရမယ်။ ဘယ်လိုလဲ”

ထန်ရှုမျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် လျှောကျသွားပြီး သူက တည်ငြိမ်စွာ ပြန်ပြော၏ “မင်း သိလား၊ သိလိုစိတ်က ကြောင်ကို သတ်မယ်လို့ အဲဒီကောင်‌ကင်းဘုံဝင်ရိုးစွန်းလူအိုကြီးက ငါ့ကို ပြောခဲ့တယ်၊ ဒါကြောင့် မင်းက မိတ်ဆွေဖြစ်ချင်တယ်ဆိုရင် ဒီလိုကိစ္စကို ထပ်မပြောပါနဲ့”

သက်လတ်ပိုင်းဖက်တီးက ခဏမှင်တက်သွားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသိအရ ကောင်းကင်ဘုံဝင်ရိုးစွန်းအဖိုးကြီးက ပျောက်ဆုံးနေသည်မှာ နှစ်ထောင်ချီကြာပြီ၊ ဒါပေမယ့် အဲကောင်က သူ့ကို လူကိုယ်တိုင်ပြောခဲ့တယ်လို့ ဒီလူငယ်က ပြောခဲ့တာလား။

တစ်ခုခုမှားယွင်းနေတာလား။ ဒီလူငယ်က ကောင်းကင်ဘုံဝင်ရိုးစွန်းလူအိုကြီးနဲ့ မကြာသေးခင်ကမှ တွေ့ခဲ့တာများလား။

သက်လတ်ပိုင်းဖက်တီးက ခဏစဉ်းစားလိုက်ပြီး ပြောမည့်ပြင်စဉ် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ဖြစ်နိုင်လား…ဒီကောင်က ပြန်လည်မွေးဖွားလာတဲ့အန္တိမအဆင့်ကျင့်ကြံသူတစ်ယောက်များလား…။

အဲဒါပဲ ဖြစ်ရမယ်။ ငါ့အမျိုးသမီးက အဲဒီနက်နဲသိမ်မွေ့ခြင်းအင်မော်တယ်ကို သတ်တဲ့အချိန်မှာ ဒီနှစ်ယောက်က နည်းနည်းလေးတောင် မတုန်လှုပ်ခဲ့ဘူး။

ထို့နောက် သက်လတ်ပိုင်းဖက်တီးက ထန်ရှုကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ ပြောလိုက်သည် “ငါပြောခဲ့တဲ့တောင်းဆိုချက်ကို ကျော်လိုက်မယ်၊ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခုကိုတော့ ငါ့ကို ဖြေပေးရမယ်”

“အာ၊ ရပါတယ်လေ။ ခင်ဗျားက တကယ်ကို သိချင်လွန်းအားကြီးနေတာပဲ”ထန်ရှုက ရယ်ကာ ပြောလိုက်၏ “ကောင်းပြီလေ၊ ကျုပ် နားထောင်နေပါတယ်။ ခင်ဗျား မေးပါ”

“မင်းတို့နှစ်ယောက်ကြား ဆက်ဆံရေးက ဘာလဲ”သက်လတ်ပိုင်းဖက်တီးက မေးလိုက်သည်။

“သူမက ကျုပ်တပည့်ပဲ”ထန်ရှုက ပြန်ဖြေ၏။

“ပြီးတော့ သူ့အမျိုးသမီးဆိုလဲ ဟုတ်တယ်”ထန်ရှု၏လက်မောင်းကို ကိုင်ထားရင်း ကူးယန်အာက ထပ်လောင်းပြော၏၊ လျှပ်တစ်ပြက်အတွင်း သူမ၏ရွှေအင်မော်တယ်အရှိန်အဝါက ပေါက်ကွဲထွက်လာ၏။

သက်လတ်ပိုင်းလူက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့ခန့်မှန်းချက်က မှန်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူ့ရှေ့ရှိလူငယ်က အန္တိမအဆင့်ကျွမ်းကျင်သူတစ်ယောက်မွေးဖွားလာခြင်း ဖြစ်ရန် များသည်။ မဟုတ်ရင် သူက အင်မော်တယ်အဆင့်ကို တက်လှမ်းကာစနဲ့ ဘာလို့ ရွှေအင်မော်တယ်တပည့်တစ်ယောက်ရှိနေရမှာလဲ။ ပြီးတော့ သူ့ရဲ့ရွှေအင်မော်တယ်တပည့်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ဖို့အတွက် ဆံချည်မျှင်တစ်မျှင်စာလောက်ပဲ လိုတော့တာ။

သက်လတ်ပိုင်းဖက်တီးက ပြုံးလိုက်သည် “မင်းရဲ့အတိတ်ကအဆင့်အတန်းက ဘာပဲဖြစ်ဖြစ်၊ လက်ရှိအချိန်မှာ မင်းက ငါ့မျက်လုံးထဲမှာတော့ သေးနုပ်တဲ့အင်မော်တယ်တစ်ယောက်မျှပဲ။ နာမည်က ငရဲကိုးထပ်ဓားမာစတာ။ မင်း ငါ့ကို ငရဲကိုးထပ်အကိုကြီးလို့ ခေါ်လို့ရပါတယ်၊ မဟာထန်ညီအကို”

ငရဲကိုးထပ်ဓားမာစတာလား။

ထန်ရှုဘေးနားရှိ ကူးယန်အာ၏မျက်လုံးများထဲတွင် အေးစက်သောအလင်းတစ်ခုက လက်သွား၏။ ဤငရဲကိုးထပ်ဓားမာစတာက သူမလောက်နီးပါး ကျော်ကြားသည့် လူတစ်ယောက်ဖြစ်ပြီး ကြောက်စရာကောင်းသော ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သူမတို့နှစ်ယောက်လုံးကို ရက်စက်ကြမ်းကြုတ်သောနတ်ဆိုးများအဖြစ် လူများစွာက သတ်မှတ်ခဲ့ကြသည်။

“အုတ်ဂူဂိုဏ်းရဲ့ငရဲကိုးထပ်ဓားမာစတာလား”

ရှုပ်ထွေးသောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားပြီး သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကို အနာဂတ်မှာ မြင်တွေ့နိုင်အုံးမှာပါ၊ ဒါပေမယ့် ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူအနည်းငယ်ကို ဝယ်ဖို့ အင်မော်တယ်ပုံဆောင်ခဲတွေ မထုတ်နိုင်လောက်တဲ့အထိ အခု ငါက ဆင်းရဲမွဲတေနေတယ်။ ဒါ့ကြောင့် ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်အနေနဲ့ အနာဂတ်မှာ မင်းရဲ့တောင်းဆိုချက်သုံးခုကို ငါ ဖြည့်ဆည်းပေးမယ်။ အဲဒါက ငါ့ရဲ့လုပ်နိုင်စွမ်းမှာ ရှိသရွေ့ မင်းရဲ့တောင်းဆိုချက်ကို ငါ ဘယ်တောမှ မငြင်းဘူး”

တောင်းဆိုချက်သုံးခုလား။

အလင်းတစ်ခုက ငရဲကိုးထပ်ဓားမစတာ၏မျက်လုံးများထဲတွင် လက်သွားသည်။ ထန်ရှုကို အဓိပ္ပါယ်ပါပါ ကြည့်လျက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်အတွက် တောင်းဆိုမှုသုံးခုကို ဖြည့်ဆည်းပေးတာက အတော်လေးမြင့်မားတာပဲ၊ ထန်ညီအကို။ ငါတို့က မိတ်ဆွေတွေပဲ၊ ပြီးတော့ ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်က အပြန်အလှန်ပေးရတဲ့အရာပဲ။ ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေ ဘယ်လောက်ထိ မင်းလိုအပ်တာလဲ၊ ညီအကို။ သူတို့အတွက် ငါ ပေးမယ်…”

“ဟားဟားဟား…”

ထန်ရှုက ရယ်လျက် လက်မထောင်ကာ ချီးကျူးလိုက်သည်။ “ဒီလောက်တောင် ရက်ရောတာပဲ၊ ငရဲကိုးထပ်အကိုကြီး။ မင်း သိလား၊ ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူအယောက်နှစ်ဆယ်က အင်မော်တယ်သလင်းကျောက်သန်း၁၅၀ကျတယ်၊ ဒါကြောင့် မင်းရဲ့လက်ဆောင်က မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းပေးခဲ့တဲ့သလင်းကျောက်အဆီအနှစ်တစ်သန်းထက် ပိုများတယ်။ ဒါပေမယ့် ငါတို့က မိတ်ဆွေတွေဆိုတော့ ငါ လက်ခံလိုက်ပါ့မယ်”

“ဟမ်”ငရဲကိုးထပ်ဓားမာစတာက အံအားသင့်သွားလျက် မေးလိုက်သည် “ဘယ်အချိန်တုန်းက မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက ဒီလောက် ရက်ရောသွားတာလဲ”

“မသိပါဘူးကွာ၊ ငါက သူမနဲ့ လုံးဝမရင်းနှီးဘဲနဲ့” ထန်ရှုက ပြုံးကာ ပြန်ပြောသည်။

ငရဲကိုးထပ်ဓားမာစတာက ရယ်လိုက်ပြီး ထန်ရှုကို လေးစားသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏ “မင်း သိလား၊ မင်းက တကယ်စိတ်ဝင်စားစရာကောင်းတယ်၊ ထန်ညီအကို။ လူတော်တော်များများက ဒီလိုအမျိုးသမီးစွမ်းအားရှင်တစ်ယောက်နဲ့ ဆက်ဆံရေးတွေ တက်လှမ်းဖို့ တက်ကြွနေကြတာ၊ မင်းက သူမနဲ့ မရင်းနှီးဘူးလို့ ငါ့ကို ပြောခဲ့တယ်နော်။ ဒါက တော်တော်စိတ်ဝင်စားစရာကောင်းနေပြီ”

“ဟမ်၊ ငါက မိတ်ဆွေတွေအပေါ် အမြဲတမ်း ရိုးသားပါတယ်”ထန်ရှုက ရယ်လိုက်သည်။

“ဟားဟားဟား…”ငရဲကိုးထပ်က ရယ်လိုက်သည် “ဒါနဲ့ ထန်ညီအကို၊ မင်း ငါ့ကို တောင်းဆိုခွင့်သုံးချက် ပေးခဲ့တယ်နော်၊ ဒါကြောင့် အခုပဲ သူတို့ထဲကတစ်ချက်ကို ငါ ပြောမယ်။ ရှစ်လခန့်ကျရင် ငါက အလောင်းအစားကြီးလုပ်ရမယ်၊ ဒါကြောင့် အဲဒီပြိုင်ပွဲကို အနိုင်ရဖို့အတွက် မင်း ငါ့ကို ကူညီပေးဖို့ ငါ မေးချင်တယ်။ မင်း ဘယ်လိုထင်လဲ”

“မင်းရဲ့ရန်သူတွေထဲကတစ်ယောက်လား”ထန်ရှုက မေးလိုက်သည်။

“ဟုတ်တယ်”ငရဲကိုးထပ်ဓားမာစတာက ခေါင်းညိတ်ကာ ပြော၏ “ငါတို့မှာ ရန်ကြွေးတစ်ခုရှိတယ်၊ ရန်ငြိုးကို ဖြေရှင်းဖို့အတွက် ကောင်းကင်ဘုံဝင်ရိုးစွန်းအမျိုးသမီးက ငါတို့ကို ကြားဝင်ဖြန်ဖြေပေးခဲ့တယ်။ ဒါကြောင့် ဘယ်သူပဲအနိုင်ရရ ရန်ငြိုးက ပြီးဆုံးသွားလိမ့်မယ်။ ဒါပေမယ့် ငါ အနိုင်ရရင် ကြီးမားတဲ့အကျိုးအမြတ်ကို ရရှိနိုင်မယ်၊ ငါ ရှုံးရင်တော့ ငါ့ရဲ့အသက်အားက ကြီးကြီးမားမား ထိခိုက်သွားရလိမ့်မယ်”

“ကောင်းပြီလေ၊ ငါ မင်းကို တစ်ရာရာခိုင်းနှုန်းတော့ အာမမခံရဲဘူး။ အကောင်းဆုံးတော့ ငါ လုပ်ပေးမှာပါ”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“မစိုးရိမ်ပါနဲ့”ငရဲကိုးထပ်ဓားမာစတာက ပြော၏ “ငါ့ရဲ့မျှော်လင့်ချက်တွေအားလုံးကို မင်းတစ်ယောက်တည်းမှာပဲ ပုံမထားပါဘူး။ မင်းက ငါ့ကို အကြံဉာဏ်အချို့ ပေးရုံပါပဲ။ ငါ ရှုံးရင် မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး”

ထိုအချိန်တွင် အကျဉ်းသားပြိုင်ကွင်းအစောင့်များက သူတို့ထံ ရောက်ရှိလာပြီး ဒါရိုက်တာက မျက်မှောင်ကြုတ်ကာ ငရဲကိုးထပ်ဓားမာစတာကို စိုက်ကြည့်လိုက်သည်။ “ငါတို့အကျဉ်းသားပြိုင်ကွင်းရဲ့ထုံးစံကို သိတယ်ဆိုရင် ကျေးဇူးပြုပြီး ဒဏ်ငွေအင်မော်တယ်သလင်းကျောက်သလင်းကျောက်တစ်သန်းပေးပါ၊ ဆရာ။ မင်းက မသိရင် ငါတို့ဆီက တစ်ယောက်ယောက်က မင်းကို ရှင်းပြပါလိမ့်မယ်”

ငရဲကိုးထပ်ဓားမာစတာက လက်တစ်ချက်တောက်လိုက်သည်၊ သိုလှောင်လက်စွပ်တစ်ကွင်းက အကျဉ်းသားပြိုင်ကွင်းဒါရိုက်တာ၏လက်ထဲတွင် ထွက်ပေါ်လာ၏။

တစ်ဖက်လူက စစ်ဆေးပြီးနောက် ခေါင်းညိတ်ကာ ပြော၏ “ငါတို့ရဲ့အကျဉ်းသားပြိုင်ကွင်းမှာရှိတဲ့လူတိုင်းက ငါတို့ရဲ့ဧည့်သည်တွေပဲ၊ ဒါကြောင့် မင်းက တရားမလွန်ဖို့ ငါ မျှော်လင့်တယ်။ မင်းက မပျော်ဘူးဆိုရင် မင်းရဲ့ရန်သူတွေနဲ့ အလောင်းအစားလုပ်ပြီး သူတို့ကို အနိုင်ယူပါ။ ဒါက သူတို့ကို သတ်တာထက် အများကြီးပိုစိတ်ဝင်စားစရာကောင်းတယ်။ မင်းက သူတို့ကို သတ်မယ်ဆိုရင်တောင် အင်မော်တယ်သလင်းကျောက်တစ်သန်းပေးစရာမလိုဘူး”

ငရဲကိုးထပ်ဓားမာစတာက လက်ဝှေ့ယမ်းကာ ပြော၏ “ငါ သိပြီးသားပါ။ သွားလို့ရပြီ…”

ထိုရွှေအင်မော်တယ်က စိတ်မဝင်စားစွာ ပြုံးပြလိုက်သည်၊ သို့သော် သူက ထန်ရှုကို ရင်းရင်းနှီးနှီးပြုံးပြပြီးနောက် အစောင့်များနှင့်အတူ ထွက်ခွာသွား၏။

“မင်းက အဲကောင်ကို သိတာလား၊ ထန်ညီအကို”ငရဲကိုးထပ်ဓားမာစတာက မေးလိုက်၏။

“ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူအယောက်နှစ်ဆယ်ကို ဝယ်မယ့်အကြောင်းနဲ့ ပတ်သက်ပြီး ငါတို့ ပြောဆိုဆွေးနွေးခဲ့ဖူးတယ်လေ”ထန်ရှုက ပြုံးကာ ပြန်ဖြေလိုက်၏။

All Chapters