← Chapters

စူပါကိုယ်ရံတော်များ

Vol. 93 Ch. 1302

စူပါကိုယ်ရံတော်များ

Vol. 93 Ch. 1302

ပြန်ဖြေမည့်အစား ထန်ရှုက အနည်းငယ် ပြုံးကာ ထပ်မေးလိုက်၏ “ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်နယ်ပယ်ကို ရောက်ရှိထားပြီလဲ၊ ငရဲကိုးထပ်အကိုကြီး”

ငရဲကိုးထပ်ဓားမာစတာက ခဏမှင်တက်သွားပြီး အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ‌ပြောလိုက်၏ “အရင်က အလယ်ဆင့်အင်မော်တယ်အဆင့်မှာ ငါ ပိတ်မိနေခဲ့တာ ထောင်စုနှစ်နှစ်ခု ကြာခဲ့တယ်။ ဘာလို့ မင်းက မေးရတာလဲ”

ထန်ရှုက သူ့မေးခွန်းကို ပြန်မဖြေဘဲ ထပ်မေးလိုက်၏ “မင်းက ကောင်းကင်ဘုံဖုံးဖိ ပညာရပ်ကို ထုတ်ဖော်နိုင်မယ်ဆိုရင် ပုံမှန်အားဖြင့် မင်းရဲ့ကျင့်ကြံခြင်းကို ဘယ်အဆင့်အထိ ထုတ်ဖော်ပြမှာလဲ”

“ကောင်းကင်ဘုံဖုံးဖိပညာရပ်လား”ငရဲကိုးထပ်ဓားမာစတာက အံ့အားသင့်သွားသည် “တိုက်ပွဲပမ်က ကောင်းကင်ဘုံဖုံးဖိပညာရပ်ကို ကျွမ်းကျင်တယ်လို့ မင်း ဆိုလိုတာလား။ ကောင်းကင်ဘုံဖုံးဖိပညာရပ်က မိုးကြိုးအုပ်ချုပ်ရဲ့လျှို့ဝှက်ပညာရပ်တစ်ခုဆိုတာ မင်း သိရမယ်။ မိုးကြိုးအုပ်ချုပ်သူမှာ တပည့်စုစုပေါင်းလေးယောက်ရှိပေမယ့် တိုက်ပွဲပမ်က သူတို့ထဲမှာ မပါဘူး။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ဖို့က ဘယ်သူအတွက်မဆို လွယ်ကူပေမယ့် ပိုသန်မာတဲ့သူတွေရဲ့စစ်ဆေးတာကို ရှောင်လွဲလို့ရနိုင်မှာ မဟုတ်ဘူး။ မိုးကြိုးအုပ်ချုပ်သူနဲ့သူ့တပည့်လေးယောက်က ဒါကို ဖြစ်မြောက်နိုင်ပေမယ့်အခြားသူတွေက လုပ်နိုင်ပါ့မလား။ ငါတော့ မထင်ဘူး”

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ချွင်းချက်ဆိုတာ မရှိဘူးလား။ အင်မော်တယ်ကမ္ဘာမှာ မရေမတွက်နိုင်တဲ့အားကောင်းတဲ့သူတွေ ရှိတယ်။ မိုးကြိုးရဲ့ကောင်းကင်ဘုံဖုံးဖိပညာရပ်နဲ့ ဆင်တူတဲ့ ပညာရပ်အချို့ကို ဖန်တီးနိုင်တဲ့ ကောင်းကင်ဆန့်ကျင်ပါရမီရှင်တစ်ယောက်တလေတောင် မရှိနိုင်ဘူးလား”

ငရဲကိုးထပ်ဓားမာစတာက ခေါင်းညိတ်လိုက်၏ “မင်းပြောခဲ့တာက အဓိပ္ပါယ်ရှိတယ်။ ကြည့်ရတာ ငါက အင်မော်တယ်ကမ္ဘာရဲ့ကျွမ်းကျင်သူတွေကို အထင်သေးမိနေတုန်းပဲ”

ထိုသို့ပြောပြီးနောက် သူက နောင်တရစွာ သက်ပြင်းချလိုက်သည် “မင်း သိလား၊ ပြဿနာတွေရှာရတာကို ကြိုက်တဲ့ အဲဒီမဟာကျွမ်းကျင်သူတွေအားလုံးက အင်မော်တယ်ကမ္ဘာက ပျောက်ကွယ်သွားကြတယ်၊ သေသွားကြတယ်။ အင်မော်တယ်ကမ္ဘာမှာ သူတို့က ဘယ်လို ဖရဲဖရဲဖြစ်အောင် လုပ်မလဲဆိုတာကို ငါ မြင်ချင်ပေမယ့် ယနေ့ခေတ်မှာစွမ်းအားရှင်တွေ တိုက်ခိုက်တာကို မြင်တွေ့ရဖို့က ခက်ခဲတယ်။ မဟုတ်ရင် မဟာကျွမ်းကျင်သူတွေရဲ့နည်းစနစ်တွေက ဆက်လက်ပျံ့နှံ့ပြီး ငါတို့တွေ နားလည်နိုင်လိမ့်မယ်”

ထန်ရှုက တိတ်တဆိတ်ခေါင်းခါယမ်းလျက် သက်ပြင်းချလိုက်သည်။

အတိတ်တွင် သူက ငရဲကိုးထပ်ဓားမာစတာပြောခဲ့သလို ပြဿနာရှာရသည်ကို ကြိုက်နှစ်သက်သော မဟာကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့သည်။ ရွှယ်ချင်ချန်နှင့် မတွေ့ခင် သူက အင်မော်တယ်ကမ္ဘာတွင် ဖရိုဖရဲမြင်ကွင်းများ အမြဲတမ်း ဖန်တီးခဲ့သည်။ မဟာကျွမ်းကျင်သူအန္တိမအရှင်တစ်ယောက်ဖြစ်လာခဲ့တောင်မှ သူက အဆင့်မြင့်တိုက်ပွဲမရေမတွက်များစွာကို အစပြုခဲ့သည်။ သူတို့ထဲတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူသောင်းချီသာမက အန္တိမအရှင်ဆယ်ယောက်ထက်မနည်းကိုလည်း သူ့လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။

ပြောရမည်ဆိုလျှင် အန္တိမရှင်တစ်ယောက်ဖြစ်လာရန်အတွက် သူက သွေးမြစ်ကို ဖန်တီးကာ အလောင်းတောင်ထိပ်ပေါ်သို့ ခြေချခဲ့ခြင်းဖြစ်၏။

ငရဲကိုးထပ်ဓားမာစတာ၏ရှုပ်ထွေးသောအမူအရာကို ကြည့်ရင်း ထန်ရှုက ဖြည်းဖြည်းချင်း ပြော၏ “အင်မော်တယ်ကမ္ဘာက အချိန်အတော်ကြာ ဒီလိုငြိမ်းချမ်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါနဲ့ တစ်ယောက်ယောက်က ခေတ္တခဏပြန်လာတယ်လို့ ငါ ကြားတယ်။ အခုဆိုရင် သူက ဒီလိုဆူညံသံတွေကို ဖန်တီးရာမှာ အတော်လေးဝမ်းမြောက်ဂုဏ်ယူနေပုံပဲ”

“ဟမ်”ငရဲကိုးထပ်ဓားမာစတာက အံ့အားသင့်သွားသည် “ဒီကောင်က ဘယ်သူလဲ”

“အသင်္ချေဆေးအင်မော်တယ်ဘုရင်”ထန်ရှုက ဖြေလိုက်၏။

ငရဲကိုးထပ်ဓားမာစတာက မျက်မှောင်ကြုတ်လိုက်ပြီး အထင်သေးမှုက သူ့မျက်လုံးများထဲတွင် ထွက်ပေါ်လာလျက် သူက ပြော၏ “မကြာသေးခင်က သူက အတော်လေး ဆူဆူညံညံလုပ်ခဲ့တယ်။ ဒါပေမယ့် မင်းက သေချာမသိသေးပါဘူး၊ မဟာထန်ညီအကို။ လွန်ခဲ့တဲ့သုံးနှစ်ခန့်လောက်က ထိုအကောင်နောက်ကို ခြောက်လတိတိ လိုက်ခဲ့ပြီး ဒင်းက ငရဲမင်းနဲ့ တွေ့လုနီးပါး ဖြစ်ခဲ့တယ်လေ။ သူ့ရဲ့သိုင်းသင်ဖက်ညီအကိုတွေနဲ့ သူ့ဆရာမဟာအင်ပါယာတန်ချင်းတို့ကသာ ထွက်လာပြီး ရန်သူတွေကို မသတ်ခဲ့ရင် သူက အခုလို လှိုင်းဂယက်တွေ ဖြစ်အောင် လုပ်နိုင်မယ်လို့ ငါ မထင်ဘူး”

ထန်ရှု၏နှလုံးသားက သတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်သွား၏၊ သို့သော် အပေါ်ယံတွင် သူက တည်ငြိမ်စွာ ပြော၏ “မဟာအင်ပါယာတန်ချင်းလား။ သူက အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တစ်ယောက်မလား။ သူ့တပည့်ရဲ့ရန်သူတွေရဲ့အသက်ကို သန့်စင်ဖို့အတွက်နဲ့ သူက တကယ်ပဲ ထွက်လာတာလား”

ငရဲကိုးထပ်ဓားမာစတာက မဟာအင်ပါယာတန်ချင်းနှင့် ပတ်သက်၍ တစ်ခုခုပြောရန် တွန့်ဆုတ်နေမှန်း သိသာ၏။ သူက ပေါ့ပေါ့ပါးပါး ပြော၏ “အမည်ခံတပည့်တွေက တိုက်ရိုက်တပည့်တွေနဲ့ မတူဘူး။ အမည်ခံတပည့်တွေက သေရင် သူတို့က သေတယ်ပဲ။ ဒါပေမယ့် အခြားသူတွေက တိုက်ရိုက်တပည့်တွေကို သတ်မယ်ဆိုရင် သူတို့က ဒီမဟာပုံရိပ်တွေရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ ဒါက ငါ့ကို ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာနဲ့ ပတ်သက်ပြီး သတိရသွားစေတယ်၊ သူ့တပည့်ကို သတ်ဖြတ်ခဲ့တဲ့အတွက် အင်မော်တယ်ပိုင်နက်များစွာကို ဖြတ်ပြီး သူ့တပည့်ရဲ့ရန်သူတွေရဲ့ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ခဲ့တာက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်”

ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာလား။

ထန်ရှု၏နှလုံးသားထဲရှိ သတ်ဖြတ်ခြင်းဆန္ဒကို ရှုပ်ထွေးသောခံစားချက်တို့က အစားထိုးသွားခဲ့သည်။ အင်မော်တယ်ကမ္ဘာတွင် ဤနာမည်နှင့် ပတ်သက်၍ သူ့ထက် ပိုရင်းနှီးသောသူမရှိပေ။ ၎င်းက သူပိုင်ဆိုင်သည့် နာမည်တစ်ခုဖြစ်သောကြောင့်ပင်။

ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက မေး၏ “ငရဲကိုးထပ်ညီအကို၊ ဒီကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာနဲ့ ပတ်သက်ပြီး မင်း ပြောတော့မှပဲ ငါ သတိရတယ်၊ သူ့ရဲ့ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး ငါ ကြားခဲ့တယ်။ သူက အလွန်အားကောင်းတဲ့အန္တိမအရှင်တစ်ယောက်ဖြစ်ပုံပဲ။ ပြီးခဲ့တဲ့ရာစုနှစ်အနည်းငယ်အတွင်းမှာ ဘာလို့ သူ့နာမည်ကို ငါ မကြားရတော့တာလဲ”

“သူက နတ်ဘုရားကပ်ဘေးဖြတ်ကျော်တာကို ကျရှုံးပြီး ခန္ဓာကိုယ်ရောစိတ်ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့တယ်”ငရဲကိုးထပ်ဓားမာစတာက သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။

“သူက နတ်ဘုရားကပ်ဘေးဖြတ်ကျော်တာကို ကျရှုံးသွားတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ထန်ရှုက အံဩတုန်လှုပ်သွားဟန် ဆောင်လိုက်၏ “သူက အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ စူပါအန္တိမအရှင်တစ်ယောက်လို့ ငါ ကြားတယ်၊ အန္တိမအရှင်များစွာက သူ့ပြိုင်ဘက်မဟုတ်ဘူးတဲ့”

ငရဲကိုးထပ်ဓားမာစတာက သက်ပြင်းချ၏ “ဒါတော့ ငါ မသိဘူး။ သူက နတ်ဘုရားကပ်ဘေးဖြတ်ကျော်တာကို ကျရှုံးလိမ့်မယ်လို့ တော်တော်များများကလဲ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုနတ်ဘုရားကပ်ဘေးက…”

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် အမှတ်တမဲ့ဖြစ်သလို ပြောလိုက်၏ “ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာက သေသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါနဲ့ ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာက အားအကောင်းဆုံးဂိုဏ်းတစ်ခုဖြစ်တဲ့မြင့်မြတ်ငှက်ဂိုဏ်းကလို့ ငါ ကြားတယ်။ သူက ဒီလောက်များတဲ့ရန်သူတွေကို ရန်စခဲ့မှတော့ သူ သေသွားတာနဲ့ အခုဆိုရင် မြင့်မြတ်ငှက်ဂိုဏ်းက ခက်ခဲတဲ့အနေအထားတစ်ခုကို ရင်ဆိုင်နေရမှာ မဟုတ်ဘူးလား”

ငရဲကိုးထပ်ဓားမာစတာက တစ်ခုခုကို သတိရသွားပုံရ၏။ အထင်သေးသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲတွင် ပြည့်နှက်သွားလျက် သူက ပြော၏ “မြင့်မြတ်ငှက်ဂိုဏ်းက တကယ်ကို ခက်ခဲတဲ့အနေအထားတစ်ခုကို ရင်ဆိုင်နေခဲ့ရတယ်။ ဒါကို ပြောရရင် ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာက အတော်လေးမျက်စိကန်းခဲ့တာပဲ။ သူက မိတ်ဆွေနှစ်ယောက်ဖွဲ့ခဲ့တယ်၊ ဒါပေမယ့် ဒီနှစ်ယောက်က ခွေးတွေ၊ ဝက်တွေထက် ယုတ်ညံ့တယ်ဆိုတာ သူ မသိခဲ့ဘူး။ သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ကျရှုံးသွားပြီးနောက်မှာ သူက သူတို့ကို အနိုင်ကျင့်ခဲ့တယ်လို့ သူ့ရဲ့သူငယ်ချင်းနှစ်ယောက်က ပြောခဲ့တယ်။ သူတို့က သူနဲ့ ရန်ငြိုးရှိတဲ့အန္တိမအရှင်တွေ၊ ပြီးပြည့်စုံခြင်းအင်မော်တယ်တွေနဲ့ ပူးပေါင်းပြီး မြင့်မြတ်ငှက်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်။ မြင့်မြတ်ငှက်ဂိုဏ်းရဲ့တပည့်တစ်ဝက်နီးပါးလောက်က အသတ်ခံလိုက်ရတယ်။ လက်ရှိအချိန်မှာ ကျန်တဲ့လူတွေက ဂိုဏ်းရဲ့မြင့်မြတ်နယ်မြေမှာ ပုန်းနေကြပြီး အန္တိမအရှင်နှစ်ယောက်က ဂိုဏ်းအစီအရင်ကို စောင့်ကြပ်ပြီး သေခြင်းတံခါးဝမှာ ရုန်းကန်နေကြရတယ်”

“ဒီလိုအရာတစ်ခုဖြစ်ခဲ့တာလား” ထန်ရှုက ထိတ်လန့်တုန်လှုပ်သွားကာ ထပ်မေးလိုက်၏ “ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာရဲ့တပည့်တွေ၊ သူ့ရဲ့နောက်လိုက်တွေ၊ ပြီးတော့ အခြားသူငယ်ချင်းတွေကရော ဒီလူတွေက မြင့်မြတ်ငှက်ဂိုဏ်းကို အနိုင်ကျင့်နေတာကို ဒီအတိုင်းပဲ သည်းခံနေကြတာလား”

“သစ်ပင်လဲကျတဲ့အခါ မျောက်တွေ ပြန့်ကျဲသွားတာပဲ။ လူတိုင်းက ပျက်ဆီးသွားတဲ့နံရံလို ဖြစ်သွားခဲ့တယ်လေ”ငရဲကိုးထပ်ဓားမာစတာက သက်ပြင်းချလိုက်၏ “ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာမှာ တပည့်မရေမတွက်များစွာရှိပြီး သူက မရေမတွက်နိုင်တဲ့လူတွေကို အကူအညီပေးခဲ့တယ်။ သူ့ကြင်နာမှုကို သိတဲ့သူတွေ၊ သူ့ကို ကျေးဇူးပြန်ဆပ်ချင်တဲ့သူတွေက တိုက်ပွဲထဲမှာ နှစ်ရာချီ ပါဝင်ခဲ့တယ်လေ။ စစ်ပွဲထဲမှာ သန်းချီ သေသွားပြီး ကျန်လူတွေက ပြန်ဆုတ်ခဲ့တယ်။ သူတို့က ပြန်ဆုတ်ခဲ့ပေမယ့် တစ်ယောက်ယောက်က မြင့်မြတ် ငှက်ဂိုဏ်းကို ရန်စမယ်ဆိုရင် သူတို့က တွန့်ဆုတ်မနေဘဲ ပါဝင်နေအုံးမှာပဲလို့ ကြွေးကြော်နေကြတုန်းပဲ”

ထိုသို့ပြောပြီးနောက် ငရဲကိုးထပ်ဓားမာစတာက ဤအကြောင်းနှင့် ပတ်သက်၍ ဆက်ပြောချင်ပုံမရတော့ပေ။ သူက သလင်းကျောက်အဆီအနှစ်တစ်သန်းကို ယူထုတ်လျက် ထန်ရှုက ကမ်းပေးကာ ပြောလိုက်၏ “ဒါက မင်းအနိုင်ရတဲ့ဟာပဲ”

ခံစားချက်တို့ ရှုပ်ထွေးနေသော်ငြား သလင်းကျောက်အဆီအနှစ်တစ်သန်းကို လက်ခံလိုက်ပြီး ထန်ရှုက ပြုံးကာ ပြော၏ “ဒီညီငယ်က ဒီသလင်းကျောက်အဆီအနှစ်တွေကို လက်ခံပါ့မယ်။ ဒါနဲ့ ငရဲကိုးထပ်ညီအကို၊ မင်းရဲ့စကားလုံးတွေကတစ်ဆင့် မင်းက ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာကို လေးစားပုံရတယ်လို့ ငါ ပြောနိုင်တယ်။ မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီဖို့အတွက် တိုက်ပွဲမှာ မင်းလဲ ပါဝင်ခဲ့တာလား”

“ဒါပေါ့။ ငါက ကြယ်ကျင့်ကြံခြင်းအင်ပါယာဆီကနေ မျက်နှာသာပေးမှုတစ်ခု ရရှိခဲ့တယ်၊ ဒါကြောင့် မြင့်မြတ်ငှက်ဂိုဏ်းက ဒုက္ခရောက်နေချိန်မှာ ဘာလို့ ငါက ရပ်ကြည့်နေရမှာလဲ”ငရဲကိုးထပ်ဓားမာစတာက သက်ပြင်းချလိုက်၏ “အဲဒီကောင်းကင်ဘုံဝင်ရိုးစွန်းအမျိုးသမီးလဲ ပါဝင်ခဲ့တယ်လေ”

“မဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းလဲ ပါဝင်ခဲ့တယ်လား”ထန်ရှုက အံ့အားသင့်သွားသည်။ “သူမလဲ မြင့်မြတ်ငှက်ဂိုဏ်းက တစ်စုံတစ်လောက်နဲ့ ဆက်ဆံရေးတစ်ခု ရှိတာလား”

“မရှိဘူး၊ သူမက ကောင်းကင်ဘုံဝင်ရိုးစွန်းကိုယ်စား လုပ်ဆောင်ခဲ့တာပါ” ငရဲကိုးထပ်ဓားမာစတာက ခေါင်းခါယမ်းလိုက်၏ “အဲအကောင်က ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လေ”

“ရုတ်တရက် သူက ထန်ရှုကို စိုက်ကြည့်ကာ ခေါင်းစဉ် ပြောင်းလိုက်၏ “ထန်ညီအကို၊ မင်းက ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာနဲ့မြင့်မြတ်ငှက်ဂိုဏ်းရဲ့အရေးကိစ္စတွေကို အရမ်းစိတ်ဝင်စားပုံပဲ။ မင်းက …”

ထန်ရှုက ပြုံးကာ တုံ့ပြန်လိုက်သည် “မဟုတ်တာ၊ မဟုတ်တာ။ ငါက သာမန်လူတစ်ယောက်ပါပဲ။ ဒီလိုအကောင်ကြီးတွေနဲ့ ဘယ်လိုလုပ် အဆက်အစပ်ရှိမှာလဲ။ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီး သိချင်ရုံလေးပါ။ ဒါပေမယ့် သူတို့နဲ ဆက်စပ်နိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ အနည်းဆုံး ငါက ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာနောက် လိုက်နိုင်တယ်လေ။ တကယ်တော့ သူကစူပါကျွမ်းကျင်သူတစ်ယောက်လေ၊ သူ့အကာအကွယ်နဲ့ဆိုရင် အင်မော်တယ်ကမ္ဘာထဲမှာ ငါက အေးအေးဆေးဆေးလျှောက်သွားလို့ရပြီပေါ့”

“ဟားဟားဟား…”

ငရဲကိုးထပ်ဓားမာစတာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထန်ရှုက ခဏရယ်မောလိုက်ပြီးနောက် သူက ပြောလိုက်၏ “ကောင်းပြီလေ၊ ငါက ကြယ်ကျင့်ကြံခြင်းမဟာအင်ပါယာကို မသိရင်တောင် မင်းနဲ့ တွေ့ရတာ ကောင်းချီတစ်ခုပါပဲ၊ ငရဲကိုးထပ်အကိုကြီး။ အနာဂတ်မှာ တစ်ယောက်ယောက်က ငါ့ကို ရန်စရဲရင် မင်းရဲ့နာမည်ကို အသုံးပြုလိုက်မယ်၊ မကောင်းဘူးလား။ အဲအချိန်ကျရင် ငါ့ကို ရန်လိုတဲ့ရန်သူတွေအားလုံးက မင်းရဲ့နာမည်ကို ကြားပြီး ထွက်ပြေးသွားကြမှာ သေချာတယ်”

ငရဲကိုးထပ်ဓားမာစတာက မျက်လုံးလိမ့်လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြော၏ “ငါ့မှာ ရန်သူတွေအများကြီးရှိတယ်၊ မင်း သိလား။ မင်းက အဲဒါတွေကို မကြောက်ရင်တော့ ငါ့နာမည်ကို ပြောပေါ့။ ဒါနဲ့ ဒီနေရာမှာ ငါ အချိန်အများကြီး ဖြုန်းခဲ့ပြီးပြီ၊ ဒါကြောင့် ငါ အရင်ပြန်တော့မယ်။ မင်းက ဘယ်မှာနေနေတာလဲ၊ ထန်ညီအကို။ ငါ့ရန်သူနဲ့ အလောင်းအစားလုပ်ရမယ့်အချိန်ရောက်တဲ့အခါကျရင် ငါ မင်းကို သတင်းပို့လိုက်မယ်”

ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြော၏ “ကြယ်ငေးစံအိမ်ကိုပဲ လာပါ”

ငရဲကိုးထပ်ဓားမာစတာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အလှလေးနှစ်ယောက်နှင့်အတူ ထွက်ခွာသွား၏။ အပြင်ဘက်ရှိ တစ်ကီလိုမီတာသို့ ရောက်သောအခါ သူက အသံပို့လိုက်၏ “အဲဒီရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူတွေကို မင်း သွားရွေးချယ်ပါ။ သူတို့အတွက် ငါ ပေးမယ်”

“ကျေးဇူးအများကြီးတင်ပါတယ်၊ အကိုငရဲကိုးထပ်…”

ထန်ရှုက လက်သီးဆုပ်လိုက်သည်။ ရွှေအင်မော်တယ်များအတွက် ပေးချေခြင်းအတွက် သူက အနည်းငယ် ကျေးဇူးတင်သည်၊ သို့သော် ငရဲကိုးထပ်ဓားမာစတာက မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီခဲ့သည့်အတွက်တော့ သူက အမှန်တကယ် ကျေးဇူးတင်၏။

All Chapters