← Chapters

ငါက အမြဲတမ်း ဆရာ့ရဲ့မိန်းမပဲ။

Vol. 93 Ch. 1303

ငါက အမြဲတမ်း ဆရာ့ရဲ့မိန်းမပဲ။

Vol. 93 Ch. 1303

အလင်းမိုး၏ဉီးဆောင်မှုအောက်တွင် အကျဉ်းသားပြိုင်ကွင်း၏တာဝန်ရှိသူက ထန်ရှုနှင့်ကူးယန်အာတို့ထံ ပြန်ရောက်လာသည်။ သူမ၏လှပသောမျက်လုံးများက ထန်ရှုပေါ် ကျရောက်လာလျက် သူမက ပြုံးကာ ပြောလိုက်၏ “ရောင်းရင်းအင်မော်တယ်က တကယ်ကို အမြင်ကောင်းတာပဲ။ ပထမဆုံးလောင်းတာဆိုပေမယ့် အနိုင်ရသွားတယ်၊ ဂုဏ်ယူပါတယ်”

“ဒါက ဒီတိုင်း ကစားတာလေးပါပဲ”ထန်ရှုက ပြုံးလိုက်၏။

အလင်းမိုးက ထန်ရှုထံ သိုလှောင်လက်စွပ်ကမ်းပေးလျက် ပြောလိုက်၏ “ဒီထဲမှာ အင်မော်တယ်သလင်းကျောက်စုစုပေါင်းလေးသန်း ပါပါတယ်”

ထန်ရှုက အင်မော်တယ်ပုံသလင်းကျောက်ဆယ်ခုကို ယူထုတ်ကာ သူမထံ ပစ်ပေးလျက် ပြော၏ “ဒါက မင်းအတွက် ဆုလာဒ်ပဲ။ မင်းအလုပ်ကို ဆက်လုပ်လို့ရပြီ”

အလင်းမိုးက လှပသောအမျိုးသမီးထံ ကမန်းကတန်းကြည့်လိုက်၏။

အလှလေးက ပြုံးကာ ပြောလိုက်သည် “ဧည့်သည်က ဆုချတာပဲ။ ယူလိုက်ပါ။ ရောင်းရင်းအင်မော်တယ်ထန်၊ ငရဲကိုးထပ်ဓားမာစတာက ရွှေအင်မော်တယ်သတ်ဖြတ်ဖျော်ဖြေသူနှစ်ဆယ်အတွက် အင်မော်တယ်ပုံဆောင်ခဲသန်း၁၅၀ပေးချေပြီးသွးပြီ။ အခု သူတို့ကို ရွေးချယ်မှာလား”

“စဉီးအဆင့်ရွှေအင်မော်တယ်တစ်ယောက်ရဲ့တန်ဖိုးက ဘယ်လောက်လဲ”ထန်ရှုက မေးလိုက်သည်။

“အင်မော်တယ်ပုံဆောင်ခဲလေးသန်း”အလှလေးက ပြုံးကာ ပြန်ဖြေ၏။

ထန်ရှုက အင်မော်တယ်ပုံဆောင်ခဲလေးသန်းကို ယူထုတ်ကာ ပြောလိုက်၏ “တိုက်ပွဲပမ်က ငါ့ကို အင်မော်တယ်ပုံဆောင်ခဲနှစ်သန်းအနိုင်ရစေခဲ့တယ်၊ ဒါကြောင့် ငါ သူ့ကို ဝယ်မယ်…”

ခဏကြာပြီးနောက် ထန်ရှုက ရွှေအင်မော်တယ်စိတ်ဝိညာဉ်ချပ်ပြားနှစ်ဆယ့်တစ်ခုကို ကိုင်လျက် သူတို့ကို အကျဉ်းသားပြိုင်ကွင်းမှ ခေါ်လာခဲ့၏။

လက်ရှိအချိန်တွင် တိုက်ပွဲပမ်အပါအဝင် ရွှေအင်မော်တယ်၂၁တစ်ယောက်လုံးက ထန်ရှုကို ကျေးဇူးတင်သောမျက်လုံးများဖြင့် ကြည့်နေကြ၏။ သူတို့ကို ဝယ်ခဲ့သူက မြေအင်မော်တယ်အဆင့်ကိုပင် မရောက်ရှိသေးသည့် သာမန်အင်မော်တယ်တစ်ယောက်မျှသာ ဖြစ်သော်ငြား သူတို့ကို အကျဉ်းသားပြိုင်ကွင်းလို နေရာမှ ကယ်ထုတ်ခဲ့ပြီး ဒုတိယဘဝပေးခဲ့သည်မှာ မငြင်းဆိုနိုင်ပေ။

ကြယ်ငေးစံအိမ်တွင်။

အကြီးအကဲရွှေအင်မော်တယ်က စာရင်းကိုင်အခန်းထဲတွင် ထိုင်လျက် ကိစ္စအချို့ကို တိတ်တဆိတ် စဉ်းစားနေသည်။ ခဏကြာပြီးနောက် သူက အမိန့်ပေးလိုက်ပြီး များမကြာမီ ကြယ်ငေးစံအိမ်က လုပ်ငန်းစရန် အသင့်ပြင်ထား၏။

“တောက်…အဲ့အကောင်…”

အင်မော်တယ်သလင်းကျောက်ဆယ်သန်းကျော်ကို သတိရမိကာ အကြီးအကဲရွှေအင်မော်တယ်က ဆဲဆိုလိုက်၏။

“ဆရာ…”

ပုံရိပ်တစ်ခုက အကြီးအကဲရွှေအင်မော်တယ်အရှေ့တွင် ထွက်ပေါ်လာ၏။

“ဘာကိစ္စလဲ”လူအိုကြီးက ရောင်စုံမျက်မှန်ကို ကောက်ယူလျက် လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။

“ဆရာ၊ အဲဒီမဟာထန်က ပြန်ရောက်လာပြီ။ အခု အစောင့်တစ်ယောက်က သူ့ကို အလယ်မျှော်စင်ကို ခေါ်လာနေတယ်”

ဖူး…

အကြီးအကဲရွှေအင်မော်တယ်က မွန်းသွားသည်။ အချိန်အနည်းငယ်ချောင်းဟန့်ပြီးနောက် သူ့မျက်လုံးများက ဒေါသတို့ လင်းလက်လာသည်။ စားပွဲကို ရိုက်လျက် သူက ဒေါသတကြီး အော်ပြောလိုက်၏ “အဲအကောင်ကို သွားမောင်းထုတ်လိုက်စမ်း…ငါတို့ရဲ့ကြယ်ငေးစံအိမ်ကို သူက ဘာထင်နေတာလဲ”

“နားလည်ပါပြီ…”

ထိုလူက ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။

ထိုလူမထွက်သွားခင် အကြီးအကဲရွှေအင်မော်တယ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ထပ်ခေါ်လိုက်၏ “ထားလိုက်တော့။ ဒီကိစ္စကို ထားလိုက်တော့။ ငါကိုယ်တိုင်ပဲ သူနဲ့ ရင်ဆိုင်လိုက်မယ်”

ထိုလူက အမူအရာထူးဆန်းသွားသော်ငြား ရိုသေလေးစားစွာ ခေါင်းညိတ်လျက် လျင်မြန်စွာ ထွက်သွား၏။

အကြီးအကဲရွှေအင်မော်တယ်က မျက်မှောင်ကြုတ်လိုက်၏၊ ခါးသီးသောအပြုံးတစ်ခုက အိုမင်းရှုံ့တွနေသောသူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူက မည်သူ့ကိုမဆို မောင်းထုတ်နိုင်သော်လည်း ထိုကောင်လေးအား သူ့သခင်မမဒမ်ကောင်းကင်ဘုံဝင်ရိုးစွန်းက တန်ဖိုးထားသည်ကို သတိရလိုက်သည်။ သူက ဘယ်လောက်ပင် ဆန္ဒမရှိရှိ၊ ထိုအကောင်ကို မမောင်းထုတ်နိုင်ပေ။

များမကြာမီ အကြီးအကဲရွှေအင်မော်တယ်က အလယ်မျှော်စင်သို့ ရောက်ရှိလာသည်။ သူက ၈၈ထပ်ကို တက်သွားပြီး ပေါ်တယ်ဆီသို့ လျှောက်လာကာ တံခါးကို ဖွင့်လိုက်၏။ စားပွဲရှည်ပေါ်တွင် ထိုင်နေသော အဝတ်စုတ်များဝတ်ဆင်ထားသည့် အမျိုးသားအမျိုးသမီးနှစ်ဆယ်ကျော်ကို မြင်ပြီး သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

“တောက်…ဒါက ငါ့ကို တကယ်ဒေါသထွက်စေတာပဲ…”

သူက ထန်ရှုထံ ပြေးသွားကာ ထိုအကောင်ကို ရိုက်နိုင်ရန် တကယ် ဆုတောင်းနေမိသည်။ ဒီအကောင်က ကြယ်ငေးစံအိမ်ကို ဘာလို့ ထင်နေတာလဲ။ သူက ဒီသူတောင်းစားတွေကိုတောင် ခေါ်လာတာလား။

သို့သော် ဤအချိန်တွင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်၊ ထိုလူနှစ်ဆယ့်တစ်ယောက်က သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်သောကြောင့်ပင်။ သူတို့၏အရှိန်အဝါပေါက်ကွဲထွက်မှုကြောင့် သူက တုန်လှုပ်သွားမိလေ၏။

ရွှေအင်မော်တယ်၂၁တစ်ယောက်လား။ သူတို့အများစုကတောင် ရွှေအင်မော်တယ်နောက်ဆုံးအဆင့်ကျွမ်းကျင်သူတွေလား။

ကောင်းကင်ဘုံစံအိမ်အသုံးဆောင်ပစ္စည်းမှ ထန်ရှုခေါ်ထုတ်ခဲ့သည့် လူအယောက်နှစ်သိန်းထဲတွင် ရွှေအင်မော်တယ်တစ်ယောက်မှ မပါသည်ကို သူက ကောင်းကင်ကို တိုင်တည်ကာ ကျိန်ရဲသည်။ ဒီ၂၁ယောက်က သူတို့ထဲမှ လုံးဝမဟုတ်ပေ။

အကြီးအကဲရွှေအင်မော်တယ်ရောက်ရှိလာသည်ကို မြင်သည်နှင့် သူက ချက်ချင်းပြုံးပြလိုက်၏။ သူက ထရပ်ကာ နှုတ်ဆက်လိုက်သည် “အာ၊ ငါတို့က မင်းကို ထပ်နှောင့်ယှက်ပေးမိပြန်ပြီ၊ မန်နေဂျာ။ ဒီနေရာမှာ ညစာစားဖို့အတွက် ကျုပ်ရဲ့နောက်လိုက်၂၁ယောက်ကို ခေါ်လာခဲ့တယ်၊ ဒါကြောင့် ခင်ဗျားတို့ရဲ့အကောင်းဆုံးဝိုင်တွေနဲ့ဟင်းပွဲတွေကို ယူထုတ်လာပါ။ စိတ်အေးအေးထားပါ၊ ဒီနေ့ ကျုပ်က ခင်ဗျားတို့ရဲ့ကြယ်ငေးစံအိမ်ကို အလကားမကျွေးခိုင်းပါဘူး။ ကျုပ်ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ သူတို့အတွက် ပေးမှာပါ”

အကြီးအကဲရွှေအင်မော်တယ်က ခါးသီးစွာ ပြုံးလျက် ပြန်ဖြေ၏ “မဟာထန်အင်မော်တယ်၊ မင်းက တကယ်ပဲ…ဟူး၊ ထားလိုက်ပါတော့လေ။ မင်းတို့လူနှစ်ဆယ်ကျော်ပဲဆိုတော့ ဖရီးပေးလိုက်ပါအုံးမယ်။ ဒါပေမယ့် ငါတို့က ဒီနေရာမှာ သေးငယ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲ လုပ်နေတယ်ဆိုတာ မင်းလဲ သိပါတယ်၊ ဒါကြောင့် ငါတို့က မင်းကို နှစ်ဆယ့်သုံးယောက်စာပဲ ဖရီးပေးနိုင်မယ်”

“ခင်ဗျားက ဆန္ဒရှိတယ်ဆိုမှတော့ ကောင်းတာပေါ့၊ အကြီးအကဲ”ထန်ရှုက ပြုံးစပ်စပ်နှင့် ပြောလိုက်၏။

အကြီးအကဲရွှေအင်မော်တယ်က အကူအညီမဲ့စွာ ခေါင်းခါယမ်းလျက် ပြန်လှည့်ကာ ထွက်ခွာသွားသည်။

ထန်ရှုက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ပြီး ပြုံးနေသောကူယန်အာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ရွှေအင်မော်တယ်နောက်လိုက်နှစ်ဆယ့်တစ်ယောက်ထံ ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “ငါက မင်းတို့ကို အကျဉ်းသားပြိုင်ကွင်းက ဝယ်ခဲ့တယ်၊ ငါက မင်းတို့ကို ဒုတိယဘဝပေးခဲ့တယ်လို့ ပြောလို့ရတယ်။ မင်းတို့ရဲ့အတိတ်က အဆင့်အတန်း ဒါမှမဟုတ် မင်းတို့က ဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး အဲဒီမင်းတို့က သေသွားပြီဆိုတာပဲ”

“ငါ့နာမည်က မဟာထန်ကောင်းကင်ဘုံအင်ပါယာ။ မင်းတို့က ငါ့ကို သခင်လို့ ခေါ်နိုင်တယ်။ အခုကစပြီး မင်းတို့ရဲ့တာဝန်က ငါ့ကို ကာကွယ်ပြီး ငါ့အမိန့်ကို နာခံရမယ်။ ဒါပေမယ့် ငါက မင်းတို့ကို မရက်စက်ပါဘူး။ မင်းက ငါ့အပေါ် သစ္စာရှိသရွေ့ ငါက မင်းတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီး ထောက်ပံ့ပေးပြီး မင်းတို့ကို ငါ့ရဲ့လက်ရုံးတွေလို ဆက်ဆံမှာပါ”

“ငါ့မှာ စည်းမျဉ်းစည်းကမ်းတွေ အများကြီးမရှိဘူး၊ ဒါပေမယ့် မင်းတို့က ငါ့အမိန့်မပါဘဲ လူတွေကို အလွယ်တကူမသတ်ရဘူး”

ထိုသို့ပြောပြီးနောက် ထန်ရှုက သူ့သိုလှောင်လက်စွပ်မှ စီးကရက်တစ်လိပ်ကို ယူထုတ်လျက် မီးညှိကာ အနည်းငယ်ဖွာလိုက်သည်။ ထိုလူနှစ်ဆယ့်တစ်ယောက်၏အကြည့်အောက်တွင် သူက ဆက်ပြော၏ “သေချာတာကေတော့ ငါက မင်းတို့ကို အခွင့်အရေးတစ်ခုလဲ ပေးနေတာပဲ။ ငါ့ကို သစ္စာရှိပါ၊ နောက်နှစ်ပေါင်းငါးထောင်ကျရင် ငါ မင်းတို့ကို လွတ်လပ်ခွင့်ပေးမယ်။ အဲအခါကျရင် မင်းတို့က ငါနဲ့ ဆက်နေမလား ဒါမှမဟုတ် ထွက်သွားမလားဆိုတာ ရွေးချယ်လို့ရတယ်။ မင်းတို့ရဲ့ဆုံးဖြတ်ချက်ကို ငါ လေးစားမှာပါ”

“ဘာ…”

ရွှေအင်မော်တယ်နှစ်ဆယ့်တစ်ယောက်က မယုံကြည်နိုင်စွာနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ကို ဝယ်ယူလာသည့် သခင်က သူတို့ကို ဒီလိုကတိတစ်ခုပေးလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ကြပေ။

နှစ်ငါးထောင်။ ကျင့်ကြံခြင်းအရင်းအမြစ်များကို ဆက်တိုက်ရရှိနိုင်မည်ဆိုလျှင် သူတို့က ကျင့်ကြံခြင်းအဆင့် ချိုးဖြတ်ရန် မျှော်လင့်ချက်ရှိသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်သည့်အချိန်တွင် သူတို့က လွတ်လပ်မှုကို ပြန်ရရှိနိုင်ပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်၊ သခင်”

လူနှစ်ဆယ့်တစ်ယောက်က တစ်ယောက်ပြီးတစ်ယောက်ထရပ်ကာ ဒူးထောက်လျက် ထန်ရှုကို အရိုအသေပေးလိုက်ကြသည်။

ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လျက် သူတို့ကို ပြန်ထိုင်ခိုင်းကာ ပြော၏ “ငါနဲ့ ပူးပေါင်းတဲ့အတွက် မင်းတို့ကို ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ စားသောက်ပွဲကြီးတစ်ခုနဲ့ မင်းတို့ကို ဧည့်ခံမယ်။ ပြီးတော့ ငါ မင်းတို့ကို တစ်ခုပေးအုံးမယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုက လက်ကို ငြင်သာစွာ ဖြန့်လိုက်၏၊ သိုလှောင်လက်စွပ်၂၁တစ်ကွင်းက သူတို့တစ်ယောက်ချင်းစီ၏အရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် ထန်ရှုက ပြောလိုက်၏ “သိုလှောင်လက်စွပ်တစ်ခုစီမှာ အင်မော်တယ်သလင်းကျောက်တစ်သန်း၊ တိုက်ပွဲဝတ်ရုံနှစ်စုံ၊ ပြီးတော့ အင်မော်တယ်လက်နက်တွေ ပါတယ်။ ဒါ့အပြင် ဆေးလုံးတွေရောပဲ။ မင်းတို့အတွက် ငါ့ရဲ့လက်ဆောင်ပေါ့”

“ကျေးဇူးတင်ပါတယ်၊ သခင်”

လူနှစ်ဆယ့်တစ်ယောက်က ထရပ်ကာ ဒူးထောက်လိုက်ပြန်၏။ သူတို့အများစုက ယခင်က စိတ်လှုပ်ရှားနေခဲ့ရာမှ ယခု ကျေးဇူးတင်မိသည်။ သူတို့၏သခင်က ရက်စက်ကြမ်းကြုတ်သောသူတစ်ယောက်မဟုတ်သည်ကို သူတို့က တွေ့ရှိလိုက်၏။

ထန်ရှုက ခေါင်းညိတ်ကာ ထပ်ပြော၏ “ဒီနေ့ကစပြီး မင်းတို့အားလုံးက တိုက်ပွဲပမ်ရဲ့အမိန့်အောက်မှာ တစ်စုတစ်စည်းတည်း ရှိနေရလိမ့်မယ်။ သူ့ကျင့်ကြံခြင်းက မင်းတို့လောက် မမြင့်မားပေမယ့် သူက ငါနဲ့ အရင်းနှီးဆုံးဖြစ်နေလို့ပဲ”

တိုက်ပွဲပမ်က ကမန်းကတန်းပြော၏ “ဒီနောက်လိုက်က သခင်ရဲ့အမိန့်ကို သေချာပေါက်လိုက်နာပြီး အကောင်းဆုံးထမ်းဆောင်သွားမှာပါ”

ထန်ရှုက လက်မြှောက်ပြလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “မင်းတို့ကို ကြိုတင်ပြောစရာတစ်ခုရှိတယ်။ ငါက မဟာထန်အင်ပါယာရဲ့အင်ပါယာပဲ။ အရင်တုန်းက မင်းတို့က မဟာထန်အင်ပါယာနဲ့ ပတ်သက်ပြီး မကြားဖူးကြပေမယ့်…အနာဂတ်မှာ မင်းတို့က မဟာအင်ပါယာရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်”

“နားလည်ပါပြီ…”လူနှစ်ဆယ့်တစ်ယောက်က ရိုသေလေးစားစွာ ပြန်ဖြေ၏။

စားသောက်ပွဲအတွင်း လူတိုင်းက စိတ်တိုင်းကျ စားသောက်ခဲ့ကြသည်။ အကျဉ်းသားပြိုင်ကွင်းတွင် သေခြင်းစစ်သည်တော်များဖြစ်လာပြီးနောက် သူတို့က တစ်ခုခုကို စားသောက်ခဲ၏။ စားသောက်နေစဉ်အတွင်း အမျိုးသမီးရွှေအင်မော်တယ်လေးယောက်၏မျက်လုံးများက မျက်ရည်များပင် စိုစွတ်လာ၏။

အဆိုးပြီးတော့ အကောင်းတွေ လာတော့မှာပေါ့။

စားသောက်ပြီးနောက် ထန်ရှုက သူတို့အတွက် အခန်းဆယ့်နှစ်ယောက်ခန်း ငှားပေးလိုက်၏၊ နှစ်ယောက်ကို တစ်ခန်းစီနှင့် တိုက်ပွဲပမ်အတွက် တစ်ခန်းသက်သက်ဖြစ်၏။

“ငါတို့တွေ အခန်းခွဲနေကြမလား၊ ယန်အာ”

သူ့ကို ပြုံးပြနေသော ကူးယန်အာကို ကြည့်ရင်း ထန်ရှုက ခေါင်းကိုက်သလို ခံစားမိသည်။

ကူးယန်အာက ဘာမှမပြောဘဲ ထန်ရှု၏လက်ကို ကိုင်ကာ အခန်းထဲသို့ ဆွဲခေါ်သွားလျက် အထဲမှ တံခါးပိတ်လိုက်သည်။ ထို့နောက် သူမက သူ့ကို ကုလားထိုင်ပေါ်တွင် ထိုင်စေကာ သူ့ပခုံးကို ဖိလိုက်၏။ ထို့နောက် သူမက သက်ပြင်းတစ်ချက်ရှိုက်ကာ လေးနက်စွာ ပြော၏ “ဆရာသခင်၊ ငါ အမြဲတမ်း ဒီလိုပဲ ခေါ်မှာပါ၊ ဒါပေမယ့် ငါက မဟာထန်အင်ပါယာရဲ့ဧကရာဇ်ဖြစ်နေပြီ၊ ငါက ဆရာသခင်ရဲ့အမျိုးသမီးလို့ ဆိုလိုတာပဲ။ ဒါကို အချိန်တိုအတွင်း လက်ခံဖို့ ခက်ခဲတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် ဆရာက ငါ့ကို မအော်ထုတ်သရွေ့ ငါ စောင့်နေမှာပါ”

“ငါက မင်းကို ဘာလို့ အော်ထုတ်ရမှာလဲ။ ဒါက…”

“ဆရာသခင်၊ ငါ မသေသေးသရွေ့ ဆရာ့ရဲ့အမျိုးသမီးပဲ အမြဲတမ်း ဖြစ်နေမှာပါ”

All Chapters