နတ်ဆိုးကျောက်တုံးများ ကုန်ဆုံးခြင်း
Vol. 93 Ch. 1304
နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းခံစားရလျက် ကူးယန်အာ၏လေးနက်သောအမူအရာကို ကြည့်ရင်း ထန်ရှုက ခါးသီးစွာ ပြုံးလိုက်သည်။ သူက သူမကို ဘယ်တော့မှ မထိခိုက်စေနိုင်သောကြောင့် မငြင်းပယ်နိုင်ပေ။
စိတ်ထဲ၌ သက်ပြင်းချလျက် သူက သူမပခုံးကို ပုတ်ကာ ပြောလိုက်၏ “နောက်ရက်အနည်းငယ်အထိ ကျင့်ကြံရင်း ဒီနေရာမှာပဲ နေကြရအောင်။ ရှစ်လက ဘယ်လောက်မှ မကြာပါဘူး၊ ခဏအတွင်း ကုန်ဆုံးသွားမှာပါ။ ပြီးတော့ အခု ငါတို့မှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးရှိနေပြီ။ မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တွေရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူး”
ကူးယန်အာက သူမ၏ကလေးဆန်သောခံစားချက်များကို ဘေးဖယ်ထုတ်ကာ ပြန်ပြော၏ “မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်အများစုက ကမ္ဘာမြေရဲ့လူသားတွေပဲ။ သူတို့ကို အင်မော်တယ်ကမ္ဘာနဲ့ပတ်သက်ပြီး ဘေယုယျအနည်းငယ် ပြောပြထားပြီးဆိုပေမယ့် အခုထိ သူတို့က ဒီနေရာရဲ့ပတ်ဝန်းကျင်ကို မတွေ့ကြုံရသေးဘူး။ နောက်ရှစ်လအတွင်းမှာ သူတို့ကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကနေ ထုတ်ပြီး အနီးနားပတ်ဝန်းကျင်တွေကို သွားခိုင်းသင့်တယ်လို့ ငါ ထင်တယ်”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားလျက် ပြုံးကာ ခေါင်းညိတ်လိုက်၏ “ဒါကို ငါ မတွေးမိဘူး။ ဒါ အရမ်းကောင်းတယ်။ မင်းပြောတာ မှန်တယ်၊ သူတို့က ငါ့နောက်ကို လိုက်လာခဲ့ပြီး အဲဒီဂြိုလ်တစ်ခုမှာပဲ လေ့ကျင့်ရသေးတယ်။ တစ်နှစ်နဲ့နှစ်ဝက်ရှိပြီ၊ နောက်ဆုံးအကြိမ် ငါ သူတို့ကို ခေါ်ထုတ်ခဲ့တာက ဒီနေရာမှာ စားသောက်ဖို့အတွက်ပဲ။ သူတို့က အင်မော်တယ်ကမ္ဘာရဲ့အနေအထားနဲ့ ပတ်သက်ပြီး နည်းနည်းလေးပဲ သိသေးတယ်”
“ဟုတ်တယ်”ကူးယန်အာက ထပ်ပြောလိုက်သည် “မဖြတ်ရသေးတဲ့ကျောက်စိမ်းတွေက အဖိုးမထိုက်တန်ဘူး။ လူတိုင်းက သူတို့မသိသေးတဲ့အရာတွေကို သင်ယူဖို့ လိုအပ်တယ်။ အနာဂတ်မှာ မဟာထန်အင်ပါယာရဲ့လူတွေက အင်မော်တယ်ကမ္ဘာမှာ ရှင်သန်နေထိုင်ရလိမ့်မယ်။ သူတို့က အရိုးရှင်းဆုံးအသိတွေတောင် နားမလည်ဘူးဆိုရင် အနာဂတ်မှာ ဆုံးရှုံးမှုကြီးမားလိမ့်မယ်။ သူတို့က မဟာထန်အင်ပါယာနဲ့ဆရာသခင်ကို သစ္စာရှိနိုင်ပါတယ်၊ ဒါပေမယ့် မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တွေအားလုံးက လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေဖြစ်ဖို့ ငါ မျှော်လင့်တယ်”
ထန်ရှုက အနည်းငယ် ခေါင်းညိတ်ပြီး စိတ်ဝိညာဉ်အာရုံကို အသုံးပြုလျက် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းနှင့် ဆက်သွယ်လိုက်သည်။ များမကြာမီ ထန်အာလန်က သူ့အရှေ့၌ ထွက်ပေါ်လာ၏။ ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြော၏ “ဒီနေ့ကစပြီး မင်းက ငါနဲ့လိုက်ပြီး ကျင့်ကြံရမယ်။ နောက်ရှစ်လအတွင်းမှာ မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တွေက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကနေ အသုတ်လိုက်ထွက်ပြီး အပြင်မှာ အတွေ့အကြုံတွေ ရှာဖွေရလိမ့်မယ်”
“ဒါ အရမ်းကောင်းတယ်”ထန်အာလန်က အံ့အားသင့်သွားသည် “အင်ပါယာအဖွဲ့ဝင်တွေအားလုံးက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲက ထွက်ပြီး အစစ်အမှန်အင်မော်တယ်ကမ္ဘာကို တကယ်ပဲ မြင်ချင်နေကြတယ်။ သူတို့အတွက် ငါ့ကို စီစဉ်ခိုင်းမှာလား”
“ကောင်းပြီလေ၊ မင်း ငါ့ကို ပြောပါ၊ မင်း ဘယ်လိုလုပ်မှာလဲ”ထန်ရှုက ရယ်လိုက်သည်။
ခဏစဉ်းစားပြီးနောက် ထန်အာလန်က ပြောလိုက်၏ “ဒီနေရာမှာ ရှစ်လကြာ နေမယ်လို့ ဆရာသခင်ပြောခဲ့တယ်နော်။ သူတို့အားလုံးကို ရှစ်လလုံး အပြင်ထွက်ခိုင်းမည့်အစား နှစ်လစီ အသုတ်လိုက် ထွက်ခိုင်းဖို့ ငါ အကြံပြုတယ်။ တစ်သုတ်မှာ အဖွဲ့ဝင်ခြောက်သောင်းပါဝင်ပြီး ကွန်မန်ဒါတစ်ယောက်က ဉီးဆောင်ရမယ်၊ ဒုကွန်မန်ဒါတစ်ယောက်တစ်ယောက်က လူတစ်သောင်းစီ ဉီးဆောင်ရမယ်”
“အရမ်းကောင်းတဲ့အိုင်ဒီယာပဲ။ အချိန်တိုအတွင်းမှာ ဒီလောက်အများကြီး စဉ်းစားဖို့က မလွယ်ကူဘူး။ ဒါပေမယ့် မင်းက လုပ်နိုင်ခဲ့တယ်”ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏ “မင်းရဲ့အကြုံပြုချက်ကို အခြေခံပြီး ငါတို့မဟာထန်အင်ပါယာအဖွဲ့ဝင်တွေရဲ့ဘေးကင်းမှုကို ရရှိဖို့အတွက် လိုအပ်တာတွေ စီမံပါ။ ပြီးရင် မနက်ဖြန်က စဖို့ ပြင်ဆင်ပါ…”
“နောက်ကိစ္စတစ်ခုရှိသေးတယ်၊ ဆရာသခင်”ထန်အာလန်က လျင်မြန်စွာ ကြားဖြတ်ပြောလိုက်သည် “အရင်က အဖွဲ့ဝင်တိုင်းက အင်မော်တယ်ကျောက်တုံးတွေနဲ့သလင်းကျောက်တွေကို ရရှိထားတယ်ဆိုပေမယ့် အရေအတွက်က နည်းတယ်။ ငါတို့အတွက် အင်မော်တယ်ကျောက်တုံးအချို့ ပေးဖို့ ဘဏ္ဍာရေးဝန်ကြီးကို အသိပေးနိုင်မလား”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြော၏ “လူတစ်ယောက်စီက နောက်ထပ်အင်မော်တယ်သလင်းကျောက်တစ်ရာ ရမယ်”
ထန်အာလန်က ဝမ်းသာသွားကာ ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ပြန်ဝင်သွား၏။
ထို့နောက် ထန်ရှုက ကူးရှောင်ရွှယ်ကို ခေါ်ကာ ငရဲကိုးထပ်ဓားမာစတာမှ ရရှိထားသည့် သလင်းကျောက်အဆီအနှစ်တစ်သန်းကို သူမထံ ပေးလိုက်သည်။
ချက်ချင်းလျှင်ပင် ငါးလက ကုန်ဆုံးသွားပြီး ငရဲကိုးထပ်ဓားမစတာနှင့်သူ့ရန်သူကြား အလောင်းအစားချိန်းဆိုချက်ရောက်ရန် သုံးလသာ ကျန်တော့သည်။ မဟာထန်အင်ပါယာ၏စုစုပေါင်းအယောက်တစ်သိန်းနှစ်သောင်းပါဝင်သည့်အသုတ်နှစ်သုတ်ကို အပြင်ကမ္ဘာသို့ စေလွှတ်ခဲ့ပြီး သူတို့၏ဗဟုသုတဖြစ်စေ၊ ခွန်အားဖြစ်စေ၊ တိုးတက်မှုများ ဖြစ်လာခဲ့၏။ ယခု တတိယအသုတ်က သူတို့၏အတွေ့အကြုံကို ရှာဖွေနေပေ၏။
သေချာသည်ကတော့ ထန်အာလန်၏အစီအစဉ်က သူ ရှင်းပြခဲ့သည်ထက် ပိုအသေးစိတ်ကျသည်။ ထို့ကြောင့် မဟာထန်အင်ပါယာအဖွဲ့ဝင်များက အပြင်ကမ္ဘာတွင် လေ့ကျင့်နေသော်လည်း သူတို့က ဒုက္ခအများကြီးမဖြစ်စေပေ။ သေးငယ်သောပြဿနာများ ဖြစ်ပေါ်သော်လည်း သူတို့အားလုံးက အလွယ်တကူ ဖြေရှင်းခဲ့၏။
ကြယ်ငေးစံအိမ်တွင်။
ထန်ရှုက ကူရှင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နတ်ဆိုးကျောက်တုံးတစ်တုံးစီကို လက်နှစ်ဖက်ဖြင့် ကိုင်ထားလျက် လျင်မြန်စွာ စုပ်ယူသန့်စင်နေသည်။ နောက်ဆုံးလက်ကျန်နတ်ဆုံးကျောက်တုံးနှစ်တုံးကို စုပ်ယူသန့်စင်ခဲ့ပြီးနောက် ရှုံ့မဲ့ပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။
ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က နတ်ဆိုးနတ်ဘုရားများပင် ရတနာတစ်ခုအဖြစ် သတ်မှတ်ထားသည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သည်။ အင်မော်တယ်စွမ်းအားကို စုပ်ယူခြင်းက သိသာသောအကျိုးသက်ရောက်မှုမရှိပေ၊ အများဆုံး သူ့ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲစွမ်းအားကို ပိုအားကောင်းစေရုံသာ ဖြစ်၏။ သို့သော် လက်ရှိတွင် အများဆုံးချိုးဖြတ်ရန်လိုအပ်သည်ကား သူ့ရုပ်ပိုင်းဆိုင်ရာဖြစ်သည်။ သူ့ကျင့်ကြံခြင်းအခြေခံမရှိလျှင်ပင် သူက သန့်စင်သောရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် သာမန်အင်မော်တယ်များကို ရိုက်နှက်နိုင်သည်။ သူတို့ကို အနိုင်ယူနိုင်ရန်ပင် သူက ယုံကြည်ချက်ရှိသည်။
“ယန်အာ”ထန်ရှုက မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်နေသောကူးယန်အာကို ကြည့်လိုက်သည်။
ကူးယန်အာက မျက်လုံးဖွင့်ကာ မေးလိုက်၏ “ဘာဖြစ်လို့လဲ၊ ဆရာသခင်”
“ငါ ထန်အာလန်ကို ခေါ်ပြီး လမ်းလျှောက်ထွက်မလို့၊ တစ်ခုခုကို ဝယ်ရင်းနဲ့ပေါ့”ထန်ရှုက ပြော၏ “မင်း ဒီနေရာမှာပဲ နေခဲ့ပြီး လေ့ကျင့်ပါ။ ဒါပေမယ့် တစ်လအတွင် ငါ မပြန်လာရင် တတိယအသုတ်ပြန်ရောက်လာတာကို စောင့်ပြီး စတုတ္ထအသုတ်ကို စေလွှတ်လိုက်ပါ”
ကူးယန်အာက ခဏစဉ်းစားကာ ပြော၏ “ပြဿနာမရှိပါဘူး၊ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းကို ငါ ကိုင်တွယ်လိုက်ပါ့မယ်။ ဒါပေမယ့်၊ ဆရာသခင်၊ ရွှေအင်မော်တယ်ဆယ့်ခုနှစ်ယောက်လုံးကိုပါ ခေါ်သွားဖို့ လိုအပ်တယ်။ မဟုတ်ရင် ဆရာ့ကို ငါ စိတ်ပူနေရလိမ့်မယ်”
“အဲလောက်ထိ သတိထားဖို့ မလိုပါဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏ “ဟက်ဆန်ရဲတိုက်ရဲ့လွှမ်းမိုးမှုပိုင်နက်က အရမ်းကျယ်ပေမယ့် ငါတို့က အဝေးကြီး မသွားပါဘူး။ ပြီးတော့ ငရဲကိုးထပ်ဓားမာစတာနေနေတဲ့နေရာကလဲ ဒီနေရာနဲ့ မနီးမဝေးမှာ ရှိပါတယ်။ လိုအပ်ရင် ငါ သူ့ကို ဆက်သွယ်လိုက်မယ်။ သူ အချိန်မီ ရောက်လာမှာ သေချာတယ်”
“လူတွေ ခေါ်သွားမှ ငါ စိတ်အေးမှာ၊ ဆရာသခင်”ကူးယန်အာက တိုက်တွန်းလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ”ထန်ရှုက ပြော၏ “ဒါဆို ငါ တိုက်ပွဲပမ်နဲ့အခြားရွှေအင်မော်တယ်ခြောက်ယောက်ကို ခေါ်သွားမယ်”
“ကောင်းပါပြီ…”
ကူးယန်အာက လက်ခံကာ ခေါင်းညိတ်လိုက်၏။
ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သူက လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်၏၊ ကြယ်ဝါးမျိုခြင်းအင်းဆက်က သူ့ခန္ဓာကိုယ်မှ ပျံသန်းထွက်လာသည်။ ချက်ချင်းလျင်ပင် ထန်ရှုက သူ့အသံကို ကြားလိုက်ရ၏ “အင်မော်တယ်ကျောက်တုံး၊ အင်မော်တယ်ပုံဆောင်ခဲတွေ၊ ကျေးဇူးပြုပြီး ငါ့ကို အများကြီး ပေးပါ”
ထန်ရှု၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြန်သည်။ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းကို ကူးယန်အာထံ ပေးပြီးနောက် သူက ကြယ်ဝါးမျိုခြင်းအင်းဆက်ကို နေရာလပ်အသုံးအဆောင်ပစ္စည်းသို့ ချက်ချင်း ယူလာသည်။ သူတို့နှစ်ယောက်က နေရာလပ်တစ်ခုတွင် ထွက်ပေါ်လာပြီးနောက် သူက သိုလှောင်လက်စွပ်မှ အင်မော်တယ်သလင်းကျောက်သောင်းချီကို ယူထုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မင်း ချိုးဖြတ်တော့မှာလား”
“ဟုတ်တယ်”
ကြယ်ဝါးမျိုအင်းဆက်က တိုတိုတုတ်တုတ်သာ တုံ့ပြန်ပြီး ဝါးမျိုခြင်းစွမ်းအားတစ်ခုကို ထုတ်ဖော်လျက် အင်မော်တယ်သလင်းကျောက်သောင်းချီကို အဆက်မပြတ် ဝါးမျိုလိုက်၏။
ထို့နောက် ချက်ချင်းလျှင်ပင် ကြယ်ဝါးမျိုခြင်းအင်းဆက်၏အရွယ်အစားက စတင်ကြီးမားလာသည်။ စက္ကန့်သုံးဆယ်အတွင်း လက်သီးအရွယ်အစားမှ ဆယ်မီတာအမြင့်သို့ ရောက်ရှိလာ၏။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်က တောင်တစ်လုံးနှင့်တူပြီး ကြီးမားသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ ထန်ရှုပင် အမူအရာအနည်းငယ်ပြောင်းလဲသွားရ၏။
သက်ပြင်းတစ်ချက်ရှိုက်လျက် ထန်ရှုက သူ့သိုလှောင်လက်စွပ်မှ အင်မော်တယ်သလင်းကျောက်တစ်သန်းကို ယူထုတ်ကာ ကြယ်ဝါးမျိုခြင်းအင်းဆက်ထံ ပစ်ပေးလိုက်၏ “ငါ မင်းကို မင်း ဝါးမျိုနိုင်သလောက် ပေးမယ်။ ချိုးဖြတ်ဖို့အတွက်ပဲ ကြိုးစားပါ။ မင်း ပိုသန်မာလေ၊ ပိုကောင်းလေလေပဲ”
“နားလည်ပါပြီ…”
ကြယ်ဝါးမျိုခြင်းအင်းဆက်က ဝမ်းသာသွား၏။ ထန်ရှု၏အာမခံမှုကြောင့် သူ၏ဝါးမျိုခြင်းစွမ်းအားက ပိုသန်မာလာပြီး အင်မော်တယ်သလင်းကျောက်တစ်သန်းကို လျင်မြန်စွာ ဝါးမျိုလိုက်သည်။
ထို့နောက် ချက်ချင်းလျှင်ပင် ၎င်း၏ရုပ်ပိုင်းဆိုင်ရာက ထပ်မံပြောင်းလဲသွား၏။ ၎င်း၏ခန္ဓာကိုယ်က ဆယ်ရက်ထိတိုင် ကြီးထွားခဲ့၏။ ၎င်းက ကောင်းကင်သို့ တက်လျက် ဟိန်းလိုက်ရာ ထန်ရှုက လျင်မြန်စွာ လှုပ်ရှားလျက် ရိုက်ထည့်လိုက်သည်။
“ပိတ်ထားစမ်း။ မင်းက ကောင်းကင်ဘုံစံအိမ်ထဲကလူတွေကို ထိတ်လန့်သွားစေချင်တာလား”ထန်ရှုက သူ့အား ဒေါသတကြီး ဆူငေါက်လိုက်၏။
ကြယ်ဝါးမျိုခြင်းအင်းဆက်က ၎င်း၏အရှိန်အဝါကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်က ခပ်မြန်မြန် ကျုံ့လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက လက်သီးတစ်လုံးအရွယ်အစားအထိ သေးငယ်သွားပြီး ထန်ရှုအရှေ့သို့ လွင့်မျောလာလျက် ပြော၏ “အာ…ငါ့ခွန်အားက တစ်ဟုန်ထိုးတိုးတက်လာတော့ နည်းနည်းစိတ်လှုပ်ရှားသွားတာပါ၊ သခင်။ ဒါပေမယ့် ငါ အခု အရမ်းသန်မာနေပြီလို့ ခံစားရတယ်။ အနည်းဆုံး သခင်ထက် ပိုသန်မာတယ်”
ထန်ရှုက မျက်လုံးလိမ့်လျက် ဒေါသတကြီး ဆိုလိုက်၏ “မင်းက ရွှေအင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ဖို့ လုံလောက်တယ်၊ ဒါကြောင့် မင်းက ငါ့ထက် သေချာပေါက် ပိုသန်မာတယ်။ ပြီးတော့ မင်းက ငါ့ရဲ့အင်မော်တယ်သလင်းကျောက်အများကြီးကို အခုပဲ ဝါးမျိုခဲ့တာလေ”