← Chapters

အမှောင်နန်းတော်

Vol. 93 Ch. 1305

အမှောင်နန်းတော်

Vol. 93 Ch. 1305

အချိန်ခဏကြာပြီးနောက် ကြယ်ဝါးမျိုခြင်းအင်းဆက်၏ခန္ဓာကိုယ်က လူဉီးခေါင်းနှင့် ခြေလက်များပါရှိသည့် အခွံမာတစ်ခု ဖုံးအုပ်ထားသော လူအသေးစားအဖြစ်သို့ ပြောင်းလဲလာသည်။ ၎င်းက ရယ်လျက် စိတ်လှုပ်ရှားစွာ ပြော၏ “ဘာ။ ငါက ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့တောင် ယှဉ်နိုင်ပြီလား။ ဒါ အရမ်းကောင်းတယ်။ မစိုးရိမ်ပါနဲ့၊ မာစတာ။ ငါက မာစတာရဲ့အင်မော်တယ်သလင်းကျောက်တွေ ဝါးမျိုခဲ့ပေမယ့် အနာဂတ်မှာ အဆဆယ်သန်းပြန်ပေးမှာပါ”

ထိုသို့ပြောပြီးနောက် ၎င်းက လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်၏ “မင်း ဘယ်လိုထင်လဲ၊ မာစတာ။ ငါက ကြည့်ကောင်းရဲ့လား။ မာစတာရဲ့ကမ္ဘာက လူသားတွေက စိတ်ဝင်စားစရာကောင်းတယ်။ ကမ္ဘာမြေပေါ်က နေ့ရက်တွေကို ငါ သတိရမိတယ်၊ မာစတာ”

ထန်ရှုက သူ့ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်၏ “ဒါဆို ငါ မင်းကို ကမ္ဘာမြေဆီ ပြန်ပို့မယ်ဆိုရင်ရော ဘယ်လိုလဲ”

“အာ…အဲလိုတော့ မတွေးလိုက်ပါနဲ့၊ မာစတာ”ကြယ်ဝါးမျိုခြင်းအင်းဆက်က ပြုံးကာ ပြော၏ “ကမ္ဘာမြေပေါ်မှာ စိတ်ဝင်စားစရာတွေအများကြီး ရှိပေမယ့် ဒီနေရာကို ပိုသဘောကျပါတယ်။ ဒီနေရာမှာ အစားအသောက်ကောင်းတွေ၊ အင်မော်တယ်သလင်းကျောက်တွေ၊ ကြွယ်ဝတဲ့အင်မော်တယ်စွမ်းအားနဲ့ အဲဒီမူးယစ်စေတဲ့သတ္တုတွေက အတော်လေးအံ့အားသင့်စရာကောင်းတယ်။ ပြီးတော့ ငါ့ရဲ့အချစ်ရဆုံးသခင်ကလဲ ဒီနေရာမှာ နေတာလေ”

“အံမယ်…” ထန်ရှုက မျက်လုံးတို့ လိမ့်လိုက်သည်။ ရုတ်တရက် ထိုအကောင်၏မျက်နှာချိုသွေးသောအမူအရာကို မြင်ပြီး ဆိုးဝါးသောခံစားချက်တစ်ခုက ဖြစ်ပေါ်လာ၏။ သူက ၎င်းကို သတိထားစောင့်ကြည့်လျက် မေးလိုက်၏ “ငါ မင်းကို အင်မော်တယ်သလင်းကျောက်အများကြီး ပေးပြီးပြီနော်၊ အခု မင်း ဘာလုပ်အုံးမှာလဲ။ တရုတ်ယဉ်ကျေးမှုက ဘယ်လောက်တောင် ကျယ်ပြောသလဲဆိုတာ မင်းလဲ သိမှာပါ၊ ဒါကြောင့် လောဘမကြီးဖို့ တရုတ်တွေကြားမှာ ပြောလေ့ရှိတာကို မင်း သိရမယ်”

“သခင်၊ မင်းတို့လူသားတွေလဲ စားဖို့ လိုအပ်တာလား”ကြယ်ဝါးမျိုခြင်းအင်းဆက်က မေးလိုက်သည်။

“ကျင့်ကြံခြင်းက လုံလုံလောက်လောက်သန်မာရင် စားဖို့ မလိုဘူး”ထန်ရှုက ပြန်ဖြေ၏။

“ဒါပေမယ့် ငါက ငယ်သေးတယ်လေ၊ သခင်”ကြယ်ဝါးမျိုခြင်းအင်းဆက်က ပြန်ချေပလိုက်၏။

ထန်ရှုက ဤအကောင်အပေါ် ဘာမှ မတတ်နိုင်တော့ပေ။ ဤအကောင်က ရွှေအင်မော်တယ်တစ်ယောက်နှင့် ယှဉ်နိုင်တဲ့ခွန်အားရှိပေမယ့် သူက ငယ်သေးတယ်လို့ ပြောခဲ့တာလား။

“တော်စမ်းပါ…အပိုတွေ ပြောမနေနဲ့။ ဒါပေမယ့် ငါ မင်းကို အရင်သတိပေးအုံးမယ်။ ငါ့မှာ မိသားစုရှိတယ်၊ မဟာထန်အင်ပါယာရဲ့လူတွေကလဲ စားသောက်ဖို့ လိုအပ်တယ်၊ ဒါကြောင့် မင်းက အင်မော်တယ်သလင်းကျောက်တွေ လိုချင်သေးရင် ငါက ဆောရီးပါပဲ”

“ငါက အင်မော်တယ်သလင်းကျောက်တွေ မလိုချင်ပါဘူး”ကြယ်ဝါးမျိုခြင်းအင်းဆက်က ပြောလိုက်၏ “ငါ့ကို သတ္တုတွေပဲ ပေးရင် ရပါပြီ။ အမှိုက်မဟုတ်သရွေ့ ဘာပဲဖြစ်ဖြစ် ငါ့အတွက် အာဟာရဖြစ်ပါတယ်။ သူတို့ရဲ့အဆီအနှစ်ကိုလဲ ငါ ထုတ်ယူနိုင်တယ်။ မာစတာ၊ သင့်ရဲ့ကိုယ်ရံတော်အနေနဲ့ စူပါကြယ်ဝါးမျိုအင်းဆက်တစ်ကောင်ကို မလိုချင်ဘူးလား။ အာ၊ မဟုတ်ဘူး၊ ငါ့ကို မာစတာရဲ့လူရမ်းကားလုပ်ခိုင်းမလား။ မင်းမကြိုက်တဲ့လူတွေက ငါ သေချာပေါက် ဝါးမျိုုမယ်လေ၊ ကတိ…”

ထန်ရှုက ၎င်းကို ဆန်းကြယ်သောအကြည့်ဖြင့် ကြည့်လျက် မေးလိုက်၏ “မင်းရဲ့ခွန်အားပဲ တိုးတက်လာတာမဟုတ်ဘူး။ မင်းရဲ့ဉီးနှောက်လဲ ဖွံ့ဖြိုးလာပုံပဲ”

“ငါ့ကို မာစတာရဲ့ခန္ဓာကိုယ်ထဲ ထည့်ခဲ့တာကြောင့်လေ”ကြယ်ဝါးမျိုခြင်းအင်းဆက်က ပြုံးကာ ပြော၏ “မာစတာဖြတ်သန်းခဲ့သမျှအရာတွေကို ငါ ကြုံတွေ့ဖူးတယ်၊ ဒါကြောင့် ငါ့ရဲ့အိုင်ကျူက တိုးတက်လာခဲ့တယ်”

“ကောင်းပါပြီ…ကောင်းပါပြီ။ နောက်ကျရင် ငါ မင်းကို အဲဒါတွေ ပေးပါ့မယ်”

ထန်ရှုက ကတိပေးလိုက်ပြီး ၎င်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှ ထွက်လာပြီး ကူးယန်အာအရှေ့၌ ထွက်ပေါ်လာသောအခါ သူက ပြုံးလျက် ပြော၏ “အခုဆိုရင် ငါတို့မှာ နောက်ထပ်ရွှေအင်မော်တယ်လူရမ်းကားတစ်ယောက်ရှိလာပြီ၊ ဒါကြောင့် မင်း စိတ်အေးအေးထားလိုက်တော့။ ဘာအန္တရာယ်မှ ငါ့ဆီ လာမှာမဟုတ်တော့ဘူး”

“ကြယ်ဝါးမျိုအင်းဆက်က ရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်သွားတာလား။ သူ့ရဲ့ကျင့်ကြံခြင်းအရှိန်အက အရမ်းမြန်တာပဲ”

“ငါ ထင်တာ မှန်ရင် မွန်စတားသုံးသောင်းငါးထောင်ကျော်လဲ မကြာခင်မှာ ရွှေအင်မော်တယ်အဆင့်ကို ရောက်လိမ့်မယ်။ တကယ်တော့ သူတို့က အသက်ရှင်လာတာ ကြာပြီ၊ အင်မော်တယ်ကျင့်ကြံခြင်းပညာရပ်တွေ ရပြီးတာနဲ့ သူတို့ရဲ့အဆက်မပြတ်စုဆောင်းမှုတွေက သူတို့ရဲ့ခွန်အားကို ခုန်ပေါက်သလို တိုးတက်သွားစေလိမ့်မယ်။ စောင့်မျှော်ကြည့်ကြတာပေါ့။ ငါတို့ရဲ့မဟာထန်အင်ပါယာမှာ ရွှေအင်မော်တယ်တွေ သောင်းချီ ရှိလာဖို့ ကြာတော့မှာ မဟုတ်ဘူး”

ကူးယန်အာက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် များမကြာမီ သူမ၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏၊ လက်ရှိအချိန်တွင် သူမက မဟာထန်အင်ပါယာတွင် အသန်မာဆုံးနေရာကို ထိန်းထားနိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရွှေအင်မော်တယ်အမြောက်အများက ထွက်ပေါ်လာပေလိမ့်မည်။ သူမရဲ့နေရာက အန္တရာယ်များနေပြီ…

ငါ ချိုးဖြတ်ရမယ်…အချိန်တိုအတွင်းမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းရမယ်…ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ပြန်ဖြစ်လာသရွေ့ မဟာထန်အင်ပါယာအသန်မာဆုံးဆိုတဲ့ငါ့ရဲ့နေရာကို ထိန်းထားနိုင်မှာ…

အစိမ်းရောင်ဈေး။

လငေးမြို့ထဲရှိ လူတိုင်းက ဤနေရာကို သိကြသည်။ နေရာတိုင်းရှိ လူများမှ ဤနေရာတွင် စုဝေးကြပြီး ပြည့်တန်ဆာအိမ်များနှင့်လောင်းကစားအိမ်များကို ဤနေရာတွင် တွေ့နိုင်သည်။ ၎င်းက ကြီးမားသောအနက်ရောင်ဈေးတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာသည့် ဖရိုဖရဲနေရာတစ်ခုဖြစ်၏။

လငေးမြို့အတွင်း နေရာတကာတွင် မရရှိနိုင်သည့် အရာများစွာက ဤအနက်ရောင်ဈေးတွင် ရှိ၏။ ဥပမာအားဖြင့် မကောင်းသောအရာများဖြစ်၏။ နတ်ဆိုး၊ မကောင်းဆိုးဝါးများနှင့်အသူရာကမ္ဘာမှအရာများကိုပင် ဤနေရာတွင် တွေ့နိုင်သည်။ အတိုချုပ်ပြောရလျှင် သိုလှောင်လက်စွပ်ထဲတွင် အင်မော်တယ်ကျောက်တုံးများ၊ သလင်းကျောက်များ သို့မဟုတ် သလင်းကျောက်အဆီအနှစ်များ ရှိသရွေ့ ဤနေရာတွင် လိုချင်တာမှန်သမျှ ရှာတွေ့နိုင်၏။

ထန်ရှုက ထန်အာလန်၊ တိုက်ပွဲပမ်နှင့် အခြားရွှေအင်မော်တယ်အနည်းငယ်ကို ခေါ်ကာ အစိမ်းရောင်ဈေးထဲသို့ ရောနှောဝင်လာခဲ့သည်။ ဤနေရာကို လာရသည့် ထန်ရှု၏ရည်ရွယ်ချက်က သူ့ကျင့်ကြံခြင်းပညာရပ်ဖြစ်သည့်ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်အတွက် အရင်းအမြစ်များ ဝယ်ယူရန်ဖြစ်သည်၊ ထို့ကြောင့် သူ ပထမဆုံးလုပ်ခဲ့သည့်ကား လမ်းညွှန်တစ်ယောက်ကို ရှာဖွေခြင်းပင်။

ပန်းကုံးပုစဉ်း။

ထိုလူက အသေးစားဂိုဏ်းစတားတစ်ယောက်မျှသာ ဖြစ်၏။ သူက လူများနှင့် တွေ့လျှင် လူကဲ့သို့ စကားပြော၏၊ တစ္ဆေများနှင့် တွေ့လျှင် တစ္ဆေလို သရုပ်ဆောင်သည်၊ အနေအထားကို လိုက်၍ သူ့ဇာတ်ကောင်ကို ပြောင်းလဲသည်။ အတိုချုပ်ပြောရလျှင် လိမ္မာပါးနပ်မှုပေါ် အခြေခံ၍ အသက်ရှင်ရပ်တည်နေသူဖြစ်၏။

လမ်းညွှန်တစ်ယောက်လုပ်ခြင်းက ၎င်း၏သရုပ်မှန်များထဲမှ တစ်ခုဖြစ်ပြီး အပိုဝင်ငွေရရန် အသုံးပြုသည်။

စိတ်ဝိညာဉ်သားရဲဆိုင်တံခါးတွင် ပန်းကုံးပုစဉ်းက ဆိုင်တံခါးကို မှီလျက် နေနေသည်။ သူ့မျက်လုံးများက လူအုပ်ကြီးကို တစ်ချက်တစ်ချက် ကြည့်၏။ သို့သော် ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့မျက်လုံးများက မနီးမဝေးတွင် လာနေသော လူကိုးယောက်အဖွဲ့ထံ ကျရောက်သွား၏။

သူက သူသာ သိသည့် အထူးစွမ်းရည်တစ်ခုကို ပိုင်ဆိုင်သည်။ ထိုအထူးစွမ်းရည်က အခြားသူများ၏အရှိန်အဝါကို အာရုံခံနိုင်ခြင်းပင်။ တစ်ဖက်လူများက သူတို့၏အရှိန်အဝါကို ထိန်းချုပ်ထားသော်ငြား သူက အာရုံခံနိုင်သေးကာ သူတို့၏ကျင့်ကြံခြင်းအဆင့်ကိုလည်း ဆုံးဖြတ်နိုင်သည်။

သာမန်အင်မော်တယ်တစ်ယောက်နဲ့ သာမန်ကျင့်ကြံသူတစ်ယောက်၊ ဒါပေမယ့် သူတို့နောက်မှ လိုက်လာတာက ရွှေအင်မော်တယ်ကျွမ်းကျင်သူခုနှစ်ယောက်။ သူက သူတို့ကို မမြင်ဖူးတာကြောင့် ဒီကောင်တွေက အစိမ်းရောင်ဈေးရဲ့ဒေသခံမဟုတ်ဘူးဆိုတာ သေချာတယ်။ သူတို့ရဲ့အမူအရာအရ တစ်ခုခုဝယ်ဖို့ ဒီနေရာကို လာတာပဲ။ သူတို့က ဒီနေရာနဲ့ မရင်းနှီးတာကြောင့်…သူတို့က ငကန်းလို လိုက်ရှာနေရတာပဲ။

ကောက်ချက်ချပြီးနောက် သူက ထိုလူကိုးယောက်ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။ ထန်ရှုလမ်းကို ပိတ်ထားလျက် သူက ခေါင်းညိတ်ပြကာ ပြောလိုက်၏ “မင်းက လမ်းညွှန်တစ်ယောက် လိုနေတာများလား၊ ဆရာ။ ဒီတစ်ယောက်ကို ပန်းကုံးပုစဉ်းလို့ ခေါ်တယ်၊ မင်း သိချင်တာ မှန်သမျှ မေးလို့ရတဲ့ အစိမ်းရောင်ဈေးရဲ့လမ်းလျှောက်စာအုပ်ငယ်လေးတစ်အုပ်ပါပဲ။ ဒီနေရာမှာ တစ်ခုခုကို ဝယ်ချင်တာလား၊ ဒါဆို ငါ့ကို ပြောပါ။ အကောင်းဆုံးနေရာကို ခေါ်သွားပေးဖို့ ဒီတစ်ယောက်က အာမခံပါတယ်”

“ဈေးနှုန်းပြောပါ”ထန်ရှုက ပြောလိုက်၏။

ဤသည်ကို ကြားပြီး ပန်းကုံးပုစဉ်းက ချက်ချင်း စိတ်လှုပ်ရှားသွားကာ ပြုံးလျက် ပြန်ဖြေသည် “ဆရာ၊ မင်းကတော့ ဒီနေရာရဲ့အကောင်းဆုံးလမ်းညွှန်ကို ရခဲ့တာပဲ၊ ဒါကြောင့် ငါ့ရဲ့ဝန်ဆောင်မှုအတွက် ဈေးနှုန်းက ပိုဈေးကြီးတယ်။ တစ်နေ့ကို အင်မော်တယ်ကျောက်တုံးနှစ်တုံး။ ဒါပေမယ့် အကြောင်းပြချက်အချို့အတွက် အခြားသူတွေထက် ငါ ပိုယူတယ်။ ပထမ၊ တစ်ခုခုကို ဝယ်တဲ့အခါမှာ လျှော့ဈေးရအောင် ငါ ကူညီပေးနိုင်တယ်၊ ပြီးတော့ ဆရာ့ကို လိမ်ရဲတဲ့သူတွေကို ငါ ဖော်ထုတ်ပေးနိုင်တယ်လို့ ကတိပေးတယ်။ ထပ်ပြောရရင် လျှို့ဝှက်အပိုဆုကြေးတွေ မယူထားဘူးလို့ ငါ ကတိပေးတယ်။ ငါ ဘာပြောတယ်ဆိုတာ သိတယ်မလား”

“ငါ သိတယ်”ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ အပိုဆုကြေးဆိုသည်ကား သူတို့နှင့်ရင်းနှီးသောဆိုင်များထံ ဖောက်သည်များကို ခေါ်လာသည့် လမ်းညွှန်များအတွက် ဖြစ်၏။ ဖောက်သည်များက တစ်စုံတစ်ခုကို ဝယ်ယူပြီးနောက် သူတို့က ဆိုင်များမှ ပွဲခကို ရရှိပေလိမ့်မည်။

ထို့နောက် ထန်ရှုက ပန်းကုံးပုစဉ်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြော၏ “မင်းမှာ အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့နာမည်ရှိတယ်၊ မင်းကိုယ်မင်း မိတ်ဆက်တာလဲ အတော်လေး ထိရောက်မှုရှိတယ်။ ဒီနေရာကို ပစ္စည်းအချို့ ဝယ်ဖို့လာခဲ့တာ။ မင်းက ငါ့အတွက် ကောင်းကောင်းဝန်ဆောင်မှုပေးရင် မင်းကို အင်မော်တယ်သလင်းကျောက်နှစ်ခု ပေးမယ်”

“မစိုးရိမ်ပါနဲ့၊ ဆရာ။ အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ငါ ကတိပေးပါတယ်…”

ရုတ်တရက် သူ့စကားက တစ်ဝက်တစ်ပျက် ရပ်သွားကာ မယုံကြည်နိုင်မှုက သူ၏လှပသောမျက်နှာကို ဖုံးအုပ်သွား၏။ သူက ထစ်ထစ်ငေါ့ငေါ့နှင့် မေး၏ “မင်း…မင်း ဘာပြောခဲ့တာလဲ။ မင်းက ငါ့ကို အင်မော်တယ်သလင်းကျောက်နှစ်ခုပေးမယ်၊ အင်မော်တယ်ကျောက်တုံးမဟုတ်ဘူးပေါ့”

“မင်းကြားတာ မှန်တယ်”ထန်ရှုက ပြုံးကာ ပြော၏ “အလုပ်ကို ကောင်းကောင်းသာ လုပ်ပါ၊ မင်းကို နေ့တိုင်း အင်မော်တယ်သလင်းကျောက်နှစ်ခုပေးရုံတင်မက ငါ့ရဲ့ဝယ်ယူမှုတွေ ပြီးသွားရင် ဆုလာဒ်အများကြီးလဲ ရှိတယ်။ ဒါပေမယ့် ဆုလာဒ်တွေရဲ့အရေအတွက်က မင်းရဲ့လုပ်ဆောင်မှုစွမ်းရည်အပေါ်မှာ မူတည်တယ်”

ပန်းကုံးပုစဉ်းက ဝမ်းသာသွား၏။ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်လျက် ဉီးညွှတ်လိုက်၏ “မစိုးရိမ်ပါနဲ့၊ ဆရာ။ ဆရာက အကောင်းဆုံးဝန်ဆောင်မှုကို ရရှိလိမ့်မယ်လို့ ဒီလူက ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ဆရာ ဝယ်ချင်တဲ့ ပစ္စည်းမှန်သမျှ ငါ့ကို ပြောပါ၊ နေရာကို တန်းခေါ်သွားပေးမယ်”

“နတ်ဆိုးကျောက်တုံးတွေ ရောင်းချတဲ့နေရာကို မင်း သိလား”ထန်ရှုက မေး၏။

ပန်းကုံးပုစဉ်းက မှင်တက်သွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေသည် “အမှောင်နန်းတော်မှာ ရောင်းတဲ့ ပစ္စည်းတွေကို ငါ သိတယ်။ သူတို့ရဲ့ပစ္စည်းအများစုက နတ်ဆိုးကမ္ဘာကပဲ။ ဒါ့အပြင် အမှောင်နန်းတော်ကိုယ်တိုင်ကလဲ အစိမ်းရောင်ဈေးထဲမှာ နတ်ဆိုးကျောက်တုံးတွေအများဆုံးရှိတဲ့ဆိုင်ပဲ”

“ဒါဆို ရှေ့က သွားပါ”ထန်ရှုက‌ ခေါင်းညိတ်လိုက်သည်။

အမှောင်နန်းတော်က အစိမ်းရောင်ဈေး၏အတွင်းကျကျတွင် တည်ရှိသည်။ ရောက်ရှိလာပြီးနောက် အမှောင်နန်းတော်က အဆင့်မြင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည်ကို ထန်ရှုက သိလိုက်၏။ ခံစစ်အစွမ်းကလွဲပြီး တိုက်စစ်အစွမ်းမရှိသောကြောင့် ၎င်းကို ဆိုင်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။

အထဲသို့ ဝင်လာပြီးနောက် သူတို့က ဆိုင်တန်းများစွာကို တွေ့လိုက်ရ၏။

“မင်းတို့က ဒီနေရာကို ဝယ်ဖို့ လိုတာလား ဒါမှမဟုတ် ရောင်းဖို့ လာတာလား”

အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဆန်းကြယ်သောလူနှစ်ယောက်က သူတို့ကို နှုတ်ဆက်လာပြီး ဘယ်ဘက်မှလူက မေးလိုက်ခြင်းဖြစ်၏။

“ဝယ်ဖို့”ထန်ရှုက ပြန်ဖြေ၏။

ဘယ်ဘက်ရှိလူက ခေါင်းညိတ်ကာ ပြော၏ “ဝင်ခအနေနဲ့ လူတစ်ယောက်ကို အင်မော်တယ်ကျောက်တုံးတစ်တုံး”

ထန်ရှုက အင်မော်တယ်ကျောက်တုံးဆယ်တုံးကို ယူထုတ်ကာ တစ်ဖက်လူထံ ကမ်းပေးလိုက်သည်။ ထိုလူများက ထွက်ခွာသွားပြီးနောက် သူက အထဲရှိ ဆိုင်များကို လှည့်ပတ်ကြည့်လိုက်သည်။ သူက ဆိုင်ပိုင်ရှင်များနှင့် နှုတ်ဆက်နေသောကြောင့် ပန်းကုံးပုစဉ်းက ဤနေရာသို့ ပုံမှန်လာနေကြမှန်း သိသာလှ၏။

အခန်း ၁၃၀၆ - တစ်စုံတစ်ယောက်၏တန်ဖိုးထားရသောပစ္စည်းများကို လုယူခြင်း

အမှောင်နန်းတော်၏စင်္ကြန်လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း ထန်ရှု၏မျက်လုံးများက ဆိုင်ခန်းများအပေါ် အဆက်မပြတ် လှုပ်ရှားသွားလာနေသည်။ သူ့စိတ်ဝိညာဉ်အာရုံက ပတ်ဝန်းကျင်ဧရိယာအကုန်လုံးကိုပင် လွှမ်းခြုံထားပြီး ဆိုင်များထဲရှိ ပစ္စည်းများကို လေ့လာနေသည်။ သူက နတ်ဆိုးကျောက်တုံးအချို့ကို ရှာတွေ့သည်၊ သို့သော် ဤနေရာရှိ ပစ္စည်းများကို မြင်ပြီးနောက် နတ်ဆိုးအမြုတေနှင့်နတ်ဆိုးအဆီအနှစ်များကဲ့သို့ နတ်ဆိုးကျောက်တုံးထက် ပိုကောင်းသောပစ္စည်းများရှိသည်ကို သိလိုက်ရ၏။

ထို့အပြင် နတ်ဆိုးသစ်သီးအမြောက်အများလည်း ရှိသေးသည်။ ထန်ရှုကို အံ့အားအသင့်စေဆုံးက လူအချို့က နတ်ဆိုးဆေးလုံးများကို ရောင်းရဲသည်အထိ သတ္တိရှိကြခြင်းပင်။

ဖြောင့်မတ်မှန်ကန်သောအင်မော်တယ်များက နတ်ဆိုးကမ္ဘာမှလာသော ဘယ်ပစ္စည်းမဆို ရှောင်ကြဉ်ကြသည်ကို မှတ်ထားရမည်။ အချို့ဆိုလျှင် နတ်ဆိုးပစ္စည်းရောင်းချသူများကို သတ်ဖြတ်ခဲ့သည်အထိ ရှိ၏။

ထန်ရှုကိုယ်တိုင်က ဒီလောက်ထိ အစွန်းမရောက်ပေ။ သူ့အမြင်တွင် နတ်ဆိုးကမ္ဘာတွင် ပစ္စည်းကောင်းများစွာရှိသည်။ ထိုပစ္စည်းများကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုနိုင်လျှင် သက်ရောက်မှုက အင်မော်တယ်ကမ္ဘာရှိ အရည်အသွေးတူပစ္စည်းများထက် အများကြီးပိုကောင်း၏။

ပန်းကုံးပုစဉ်းက ထန်ရှုနောက်မှ အချိန်ပြည့် လိုက်ပါလာသည်။ သူက ဆိုင်ရှင်များကို နှုတ်ဆက်သော်လည်း သူ့မျက်လုံးများက ထန်ရှုထံတွင်သာ အများဆုံး ရစ်ဝဲနေသည်။ ကီလိုမီတာအနည်းငယ် လှည့်လည်ပြီးနောက် ထိုအကောင်က မနေနိုင်ဘဲ မေးလိုက်၏ “သဘောတွေ့တဲ့ဆိုင်တွေ ရှိပြီလား၊ ဆရာ။ မင်းက စဉ်းစားနေတုန်းပဲဆိုရင် မဟာနတ်ဆိုးအုပ်ချုပ်သူဆိုင်ကို သွားဖို့ ငါ အကြံပေးချင်တယ်။ အဲဆိုင်က ပစ္စည်းတွေက အရမ်းဈေးကြီးပေမယ့် အကောင်းဆုံးပစ္စည်းတွေကို ရှာတွေ့နိုင်တယ်”

“ဒါဆို အဲကို ငါတို့ကို ခေါ်သွားပါ”ထန်ရှုက ပြောလိုက်၏။

“မင်း ဆန္ဒအတိုင်းပါ၊ ဆရာ”

ပန်းကုံးပုစဉ်းက ထန်ရှုတို့ကို မီတာရာအနည်းငယ်အထိ ခေါ်လာခဲ့ပြီး နောက်ဆုံးတွင် ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်သွား၏။ သူ့မျက်လုံးများက ဆိုင်တံခါးရှိ လူကို ကြည့်ကာ အော်ပြော၏ “ယို၊ အမွေးထူသွားကောင်လေး။ မင်းတို့ဆီ ဧည့်သည်တစ်ယောက် ငါ ခေါ်လာတယ်၊ သူတို့ကို ကြိုဆိုဖို့ ဆရာနတ်ဆိုးဆီ မြန်မြန်အကြောင်းကြားလိုက်ပါ”

ကောင်လေးက သူ့ကို မျက်လုံးလိမ့်ကာ ကြည့်လိုက်ပြီးနောက် ထန်ရှုတို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အတွင်းထဲသို့ အော်ပြောလိုက်၏ “ဟေး၊ ဦးလေး၁၈၊ ဖောက်သည်တွေ ရောက်လာပြီ။ သူတို့ကို မြန်မြန်ထွက်လာကြိုပါ”

များမကြာမီ ထန်ရှုနှင့်ကျန်လူများက ဆိုင်ထဲသို့ ဝင်လာသည်၊ အသားဘောလုံးနှင့်တူသောဝတုတ်တုတ်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထွက်လာသည်ကို သူတို့က မြင်လိုက်၏။ သူ့မျက်လုံးများက ထန်ရှုတို့ထံ ဖြည်းဖြည်းချင်း ရိုက်ခတ်သွား၏။ ထို့နောက် သူက ပြုံးလျက် မေးလိုက်၏ “ဘာဝယ်ချင်လို့ပါလဲ၊ ဖောက်သည်တို့”

ထန်ရှုက ပြန်ဖြေ၏ “နတ်ဆိုးကျောက်တုံး၊ နတ်ဆိုးအဆီအနှစ်၊ နတ်ဆိုးသစ်သီး၊ နတ်ဆိုးအရည်။ သေချာတာကတော့ မင်းတို့မှာ အဆင့်ကောင်းနတ်ဆိုးဆေးလုံးတွေရှိရင် သူတို့ကိုလဲ ငါ လိုချင်တယ်”

“ဖောက်သည်ကြီးပဲ…”

မဟာနတ်ဆိုးအုပ်ချုပ်သူက အံ့အားသင့်ကာ ပြုံးလိုက်သည် “ဖောက်သည်လေး၊ မင်းလိုအပ်တဲ့အရာအားလုံးကို ဒီဆိုင်မှာ တွေ့နိုင်ပါတယ်။ သူတို့ကို တိုက်ရိုက်ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ဖောက်သည်လေးက အများကြီးဝယ်မယ်ဆိုရင် ငါ လျှော့ဈေးတစ်ခု ပေးပါ့မယ်”

“ကောင်းပြီလေ”

ထန်ရှုက မဟာနတ်ဆိုးအုပ်ချုပ်သူထံမှ သိုလှောင်လက်စွပ်ကို ယူကာ စင်များကို လိုက်ကြည့်၏။ ထို့နောက် သူက နတ်ဆိုးကျောက်တုံးများ၊ နတ်ဆိုးအဆီအနှစ်များ၊ နတ်ဆိုးသစ်သီးများနှင့် နတ်ဆိုးအရည်များကို သိုလှောင်လက်စွပ်ထဲသို့ ကောက်ထည့်သည်။ ပစ္စည်းတိုင်းတွင် ဈေးနှုန်းရေးထားပြီးသားဖြစ်၏၊ ထို့ကြောင့် ထန်ရှုက သူတို့၏တန်ဖိုးကို သိသည်။

နောက်ဆုံးတွင် အတွင်းဘက်အကျဆုံးထောင့်တွင် ထန်ရှုက ရပ်တန့်လိုက်ပြီး စင်များပေါ်ရှိ ပုလင်းနှင့်ဖန်ဘူးဒါဇင်ကျော်ကို ကြည့်၏။ အလင်းတစ်ခုက သူ့မျက်လုံးများထဲတွင် လက်သွားပြီး သူက ၎င်းအပေါ်ရှိ နတ်ဆိုးဆေးလုံးအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်၏။ သူက နေရာမှ ထွက်ခွာမည်ပြင်စဉ် ပုံရိပ်ငါးခုက သူ့လမ်းကို ရုတ်တရက် ပိတ်ဆို့လာသည်။

“မင်းက ဘယ်လောက်ပဲ ချမ်းသာပါစေ၊ အားလုံးကို မရိတ်သိမ်းရဘူးလေ၊ ဆရာ။ အဲဒီမီယာစ်မာအဆိပ်ဆေးလုံးကို ငါ တကယ် လိုအပ်တယ်။ အဲဒါကို ငါ ရှာနေတာ နေရာများစွာ ရှိပြီ၊ ဒီနေရာရောက်မှာ တွေ့တာ။ အဲဒါအတွက် ဈေးနှုန်းနှစ်ဆ ငါ ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”တောင့်တင်းသန်မာသောလူတစ်ယောက်က ပြောလိုက်၏။

ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “တောင်းပန်ပါတယ်၊ အရင်လာတဲ့သူ အရင်ပဲ။ ဒီအဆိပ်မီယာစ်မာဆေးလုံးက ငါ့အတွက်လဲ အကျိုးရှိတယ်၊ ငါ မင်းကို မပေးနိုင်ဘူး”

အေးစက်သောအလင်းတစ်ခုက တောင့်တင်းသန်မာသောလူ၏မျက်လုံးများထဲတွင် လက်သွားကာ သူက စိတ်မဝင်စားစွာ ပြောလိုက်၏ “မင်းက ပိုက်ဆံမချေရသေးဘူးမလား”

“ဟုတ်တယ်၊ မချေရသေးဘူး”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“မင်းက မချေရသေးဘူးဆိုမှတော့ မင်းဟာမဟုတ်သေးဘူး၊ ဆိုင်အပိုင်ပဲ ဖြစ်သေးတယ်၊ ဒီတော့ အမြင့်ဆုံးပေးနိုင်တဲ့သူက ရမယ်”တောင့်တင်းသန်မာသောလူက ပြော၏ “ငါ မင်းနဲ့ မညိနှိုင်းချင်တော့ဘူး၊ ဒါကြောင့် ငါတို့ရဲ့ကြွယ်ဝမှုကို ယှဉ်ပြိုင်ပြီး ဘယ်သူက ပိုပေးနိုင်လဲ ကြည့်ကြတာပေါ့။ ဘယ်လိုလဲ”

ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ငါ ဒါကို လက်စွပ်ထဲ ထည့်ထားပြီးသား၊ ငါက ဒါကို အရင်ဆုံး ဝယ်ယူခွင့်ရှိတယ်လို့ ဆိုလိုတယ်။ ငါ မပေးဘဲနဲ့ မင်း ဘယ်တော့မှ ရမှာမဟုတ်ဘူး”

“မင်းက သေချင်နေတာလား။ ငါတို့သခင်လေး လိုချင်တယ်ဆိုရင် မင်း ထုတ်ပေးရမယ်။ မဟုတ်ရင် ငါ မင်းကို အစိမ်းရောင်ဈေးကနေ မောင်းထုတ်ရလိမ့်မယ်”တောင့်တင်းသန်မာသောလူနောက်ရှိ လူအိုကြီးတစ်ယောက်က သတ်ဖြတ်ခြင်းဆန္ဒတစ်ခုကို ထုတ်ဖော်လျက် အော်ပြောလိုက်၏။

ထန်ရှုက သူ့ကို စိတ်မဝင်စားစွာ တစ်ချက်ကြည့်သည်။ ထို့နောက် သူ့မျက်လုံးများက တောင့်တင်းသန်မာသောလူ၏မျက်နှာပေါ်သို့ ရွှေ့ပြောင်းသွားကာ ပြောလိုက်၏ “သူ ပြောခဲ့တာက မင်းစိတ်ထဲမှာ ရှိတာနဲ့ အတူတူပဲလား”

တောင့်တင်းသန်မာသောလူက ဘာမှမပြောပေ၊ သို့သော် သူ၏အေးစက်သောမျက်လုံးများက သူ့သဘောထားကို ပြသခဲ့၏။

ထန်ရှုက လာနေသော မဟာနတ်ဆိုးအုပ်ချုပ်သူဘက်သို့ လှည့်ကာ ပြုံးလိုက်၏ “ဒါဆို ခင်ဗျားက ဘယ်သူ့ကို ရောင်းချင်လဲ”

နတ်ဆိုးအုပ်ချုပ်သူက ပြုံးပြလျက် ပြော၏ “မင်းတို့နှစ်ယောက်လုံး ညှိနှိုင်းနိုင်တယ်။ ပြီးရင် ပိုက်ဆံရှင်းဖို့ ငါ့ကို လာရှာပါ”

ထန်ရှုက တောင့်တင်းသန်မာသောလူကို ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်သည် “ခင်ဗျားက ကျုပ်နဲ့ ကြွယ်ဝမှုချင်း ယှဉ်ပြိုင်ချင်မှတော့ ခင်ဗျားကို အရှက်ရအောင် လုပ်ပေးရတာပေါ့။ မီယာစ်မာဆေးတစ်ပုလင်းက အင်မော်တယ်သလင်းကျောက်ရှစ်သောင်းထိုက်တန်တယ်၊ ကျုပ်က အဲဒါကို ရှစ်သိန်းနဲ့ ဝယ်မယ်။ တန်ဖိုးက ဆယ်ဆပိုမြင့်တယ်၊ ခင်ဗျား ကျုပ်ထက် ပိုပေးမှာလား”

တောင့်တင်းသန်မာသောလူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ငါက အင်မော်တယ်သလင်းကျောက်တစ်သန်း”

“နှစ်သန်း”ထန်ရှုက ပြော၏။

“သုံးသန်း”တောင့်တင်းသန်မာသောလူက ထပ်ပြော၏။

ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက ဒေါသတကြီး ပြော၏ “အင်မော်တယ်သလင်းကျောက်ဆယ်သန်း။ ခင်ဗျား ပြိုင်ရဲသေးလား”

အေးစက်စက်အလင်းတစ်ခုက တောင့်တင်းသန်မာသောလူ၏မျက်လုံးများထဲတွင် လက်သွားကာ သူက ထန်ရှုကို စိုက်ကြည့်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက အေးစက်စွာ ပြော၏ “အင်မော်တယ်သလင်းကျောက်ဆယ့်တစ်သန်း”

ထန်ရှုက မျက်လုံးလိမ့်လျက် ရေရွတ်လိုက်သည် “ချမ်းသာတဲ့အရူးလားဒါမှမဟုတ်တစ်ခုခုလား။ အဆိပ်မီယာစ်စမာဆေးလုံးက အင်မော်တယ်သလင်းကျောက်တစ်သိန်းလောက်ပဲ တန်တယ်၊ ဒါပေမယ့် ခင်ဗျားက အင်မော်တယ်သလင်းကျောက်ဆယ့်တစ်သန်းပေးချင်နေသေးတာလား။,ဟမ့်၊ ထားလိုက်ပါတော့လေ။ ခင်ဗျားနဲ့ ရန်ဖြစ်ဖို့ ကျုပ် ပျင်းတယ်။ ခင်ဗျား လိုချင်တယ်ဆိုရင် အင်မော်တယ်သလင်းကျောက်ရှစ်သောင်းပဲ ပေးပါ။ ကျုပ် ဘာမှ ထပ်မပြောတော့ဘူး”

ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ အဆိပ်မီယာစ်မာဆေးလုံးကို ယူထုတ်ကာ ထိုအကောင်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူက လက်စွပ်ကို မဟာနတ်ဆိုးအုပ်ချုပ်သူထံ ပစ်ပေးလိုက်၏။ သူက ဒေါသထွက်နေသောထိုလူကို ကြည့်ကာ ပြုံးလိုက်၏ “စစ်ဆေးလိုက်ပါ။ ကျုပ် အများကြီး ဝယ်ခဲ့တယ်၊ ပြီးတော့ ခင်ဗျားကို ကျုပ် စိတ်ပျက်သွားပြီ။ ပြောခဲ့သလို ကျုပ်ကို ဈေးလျှော့ပေးရင် ပိုကောင်းမယ်၊ မဟုတ်လို့ကတော့ ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ပေါက်ကြားစေဖို့ ကျုပ် ဝန်မလေးဘူး”

ထန်ရှုက မူလဈေးနှုန်းရှစ်သောင်းအတိုင်း တစ်ဖက်လူအား ဝယ်ခွင့်ပြုသည်ကို မြင်ပြီး မဟာနတ်ဆိုးအုပ်ချုပ်သူက ဒေါသထွက်သွားသည်။ သို့သော် ၎င်းက ထန်ရှုနှင့်ထိုလူကြား အငြင်းပွားမှုတစ်ခုသာ ဖြစ်၏၊ ထို့ကြောင့် သူက ဒေါသကို စိတ်ထဲ၌သာ ဖိနှိပ်ထားလိုက်ရသည်။ သူ့စိတ်ဝိညာဉ်အာရုံက လက်စွပ်ကို ရိုက်ခတ်သွားကာ သူက ပြောလိုက်၏ “အားလုံးက အင်မော်တယ်သလင်းကျောက်၆၄.၇၂သန်းကျသင့်တယ်။ မင်းက အများကြီး ဝယ်ခဲ့တာဆိုတော့၊ ငါ မင်းကို အင်မော်တယ်သလင်းကျောက်နှစ်သောင်းလျှော့ဈေးပေးမယ်”

“ဒါက ခင်ဗျားရဲ့ကမ်းလှမ်းမှုလား”ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ကျုပ်က အင်မော်တယ်သလင်းကျောက်တွေ ကင်းမဲ့နေတယ်လို့ ခင်ဗျားက ထင်တာလား”

“ငါ စိတ်မကောင်းပါဘူး၊ ဒါက မင်းအတွက် လျှော့ဈေးပါပဲ”မဟာနတ်ဆိုးအုပ်ချုပ်သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ယူမလားဒါမှမဟုတ်ထွက်သွားမလား”

တစ်ဖက်တွင် ပန်းကုံးပုစဉ်း၏အမူအရာက ပြောင်းလဲသွားပြီး သူက ကြားဖြတ်ပြောလိုက်၏ “နတ်ဆိုးဆရာ၊ ကျုပ်က ခင်ဗျားကို အမြဲတမ်း လေးစားခဲ့တယ်၊ ဒါကြောင့် ဖောက်သည်ကြီးတွေကို ခင်ဗျားဆိုင်ဆီ အမြဲတမ်း ခေါ်လာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ငါးဆယ်အတွင်း ကျုပ်က ခင်ဗျားဆီ အနည်းဆုံးဖောက်သည်အယောက်ရာချီ ခေါ်လာပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ ခင်ဗျားက ကျုပ်ကို ဆုပေးခဲ့ပေမယ့် ခင်ဗျားက ကျုပ်ထက် အများကြီးပိုရတယ်ဆိုတာ ကျုပ် သိပါတယ်။ ဆရာ၊ အဲဒီဖောက်သည်တွေကို ခင်ဗျားဆီ ခေါ်လာဖို့ ကျုပ် အများကြီး အားထုတ်ခဲ့ရတယ်။ ခင်ဗျားက စိတ်အဆင်မပြေရုံနဲ့ ကျုပ်ခေါ်လာတဲ့ဖောက်သည်ကို မောင်းထုတ်မယ်ဆိုရင် ကျုပ် ဒီဆရာကို ချက်ချင်း ခေါ်သွားပြီး အနာဂတ်မှာလဲ ခင်ဗျားနေရာဆီ ဘယ်တော့မှ ထပ်လာတော့မှာမဟုတ်တော့ဘူး”

သတ်ဖြတ်လိုစိတ်တစ်ခုက မဟာနတ်ဆိုးအုပ်ချုပ်သူ၏မျက်လုံးများထဲတွင် လက်သွားကာ သူက ပန်းကုံးပုစဉ်းကို စိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲ၌ လျင်မြန်စွာ တွေးလိုက်ပြီး သူ့နှလုံးသားထဲရှိ အေးစက်မှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားကာ သူက ခပ်ပြတ်ပြတ်ပြောလိုက်၏ “မင်းက ငါ့ကို ခြိမ်းခြောက်ရဲတာလား၊ ကောင်စုတ်လေး။ အံ့ဩစရာပဲ။ ကောင်းပြီလေ…၆၄သန်း။ အင်မော်တယ်သလင်းကျောက်ခုနှစ်သိန်းနှစ်သောင်းလျှော့ပေးမယ်”

ပန်းကုံးပုစဉ်းက ထန်ရှုကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စိတ်မဝင်စားသောအမူအရာကို မြင်လိုက်သည်။ သူက ရုတ်တရက် အံကြိတ်လျက် ကြားဖြတ်ပြော၏ “ဆရာနတ်ဆိုး၊ ကျုပ်က ခင်ဗျားကို ဘယ်လောက်ထိ လေးစားသလဲဆိုတာ ခင်ဗျား သိပါတယ်။ ခင်ဗျားက ကျုပ်ရဲ့စံပြပုဂ္ဂိုလ်လို့ ပြောလို့ရတယ်။ အနာဂတ်မှာ ခင်ဗျားလို ခမ်းနားကြီးကျယ်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ဖို့ ကျုပ် စိတ်ကူးယဉ်ခဲ့တယ်။ ဒါပေမယ့် အတိတ်မှာ ကျုပ်က ခင်ဗျားဆီ ဖောက်သည်ကြီးဆယ်ယောက်ကျော် ခေါ်လာပေးခဲ့ပြီး သူတို့ဆီကနေ ခင်ဗျားက ဘယ်လောက်ထိ အကျိုးအမြတ်ရခဲ့သလဲဆိုတာ ကျုပ် စိတ်ကူးမယဉ်နိုင်ဘူး။ ဒါကြောင့် သန်းခြောက်ဆယ်အထိ လျှော့ချလိုက်ပါ။ အားလုံးကို အင်မော်တယ်သလင်းကျောက်သန်းခြောက်ဆယ်နဲ့ ရောင်းပေးလိုက်ပါ၊ အနာဂတ်မှာ ခင်ဗျားဆီ ကျုပ်ရဲ့ဧည့်သည်အားလုံးကို ခေါ်လာပေးမယ်လို့ အာမခံတယ်”

“မဖြစ်နိုင်ဘူး…”မဟာနတ်ဆိုးအုပ်ချုပ်သာက ခုန်ထလုနီးပါးဖြစ်ကာ ဒေါသတကြီး‌ အော်ပြောလိုက်၏ “အဲဒီလူတွေဆီကနေ ငါ ရတဲ့ အကျိုးအမြတ်တွေအားလုံးက အင်မော်တယ်သလင်းကျောက်၄.၇၂သန်းလောက်တောင် မရှိဘူး။ ဒီလောက်အများကြီးကို တစ်ခါတည်းနဲ့ မင်းက ငါ့ကို ဘယ်လိုလုပ်နှုတ်ခိုင်းနေရတာလဲ။ မင်းက ရူးနေတာလား”

“အနာဂတ်မှာ ခင်ဗျားဆီ ကျုပ် ခေါ်လာသမျှ ဖောက်သည်အားလုံးဆီကနေ ပွဲခကို ကျုပ် မယူတော့ဘူး”ပန်းကုံးပုစဉ်းက ကျယ်လောင်စွာ ပြောလိုက်၏။

မဟာနတ်ဆိုးအုပ်ချုပ်က နှလုံးတစ်ချက်ခုန်သွားပြီး ထိုအကောင်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်၏ “ဘာအဓိပ္ပါယ်မရှိတာတွေ မင်း ပြောနေတာလဲ။ ဒီအကောင်က ဘယ်သူလဲ။ သူ့အတွက် မင်းရဲ့ဝင်ငွေအရင်းအမြစ်ကိုပါ ဖြတ်တောက်ချင်နေတာလား”

“သူက လူကောင်းတစ်ယောက်ပဲ”ပန်းကုံးပုစဉ်းက အလေးအနက်ထားလျက် ပြော၏ “သူက ကျုပ်ကို အရင်ကလူတွေထက် အများကြီးပေးတယ်။ ဒါ့အပြင် သူက ကျုပ်ကို ဘယ်တော့မှ ကျုပ်ကို မဆဲဆိုဘူး၊ ကျုပ်ကို လေးစားမှုလဲ ရှိတယ်။ ဒါကြောင့် ကျုပ်က သူ့အတွက် ပါဝင်ရတာပဲ”

မဟာနတ်ဆိုးအုပ်ချုပ်က နှုတ်ဆိတ်သွားပြီး ပန်းကုံးပုစဉ်းနှင့်ထန်ရှုတို့ကို စိုက်ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏ “ဟူး၊ ထားလိုက်တော့။ အင်မော်တယ်သလင်းကျောက်ခြောက်ဆယ့်နှစ်သန်းပေါ့၊ ဟုတ်ပြီလား။ မင်းလိုချင်တယ်ဆိုရင် မြန်မြန်ပေးပါ။ မင်း မယူဘူးဆိုရင်တော့ တစ်ခါတည်း ထွက်သွားလိုက်တော့”

ထန်ရှုက ပန်းကုံးပုစဉ်း၏ပခုံးကို ပုတ်ကာ သိုလှောင်လက်စွပ်တစ်ကွင်းကို ယူထုတ်လိုက်၏။ သူက ၎င်းကို မဟာနတ်ဆိုးအုပ်ချုပ်သူထံ ကမ်းပေးကာ ပြောလိုက်၏ “အထဲမှာ သလင်းကျောက်အဆီအနှစ်ခြောက်သိန်းနဲ့ အင်မော်တယ်သလင်းကျောက်နှစ်သန်းရှိတယ်”

မဟာနတ်ဆိုးအုပ်ချုပ်သူက ရေတွက်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ ပြောလိုက်၏ “အရေအတွက်က အမှန်ပဲ။ ဒီနေရာမှာ မင်းလိုအပ်တာ ရှိသေးရင် ရွေးပါ။ မင်း လိုအပ်တာ မရှိတော့ရင် အခုပဲ ထွက်သွားပါ”

ထန်ရှုက ဘေးသို့ လှည့်ကာ တောင့်တင်းသန်မာသောလူကို တစ်ချက်ကြည့်၏။ ထို့နောက် သူက ထိုအကောင်ထံ ပြောလိုက်၏ “နှုတ်ဆက်ခဲ့ပါတယ်၊ ကံကြမ္မာက ဆန္ဒရှိရင် ငါတို့တွေ နောက်ကျရင် ထပ်တွေ့ကြရမှာပေါ့”

တောင့်တင်းသန်မာသောလူက သူ့ကို လစ်လျူရှုလျက် စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။

All Chapters