ဒီလောကထဲမှာ ဘယ်လိုလုပ် အသက်ရှင်ရဲတာလဲ
Vol. 49 Ch. 669
“ငါ မလွတ်မြောက်နိုင်ရင်လည်း ဒါဆို ထွက်မပြေးဘူးပေါ့”
ကျန်းရီက အော်ဟစ်လိုက်ပြီးနောက် သူ၏လက်ထဲ၌ မီးနဂါးဓား ပေါ်လာသည်။ လက်တစ်ဖက်က ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို မီးလျှံဖြင့် လွှမ်းခြုံလိုက်တော့သည်။ သူ၏ကျန်သည့် လက်တစ်ဖက်က မီးနဂါးဓားကို အရှေ့ဘက်ဆီသို့ အကြိမ်ပေါင်းများစွာ လွှဲယမ်းလိုက်ရာ မီးနဂါးဓား အကောင်ရေသိန်းချီကို ထုတ်လွှတ်လိုက်တော့သည်။ ဝိညာဉ်ဓား (၃၆)လက်ကလည်း ပေါ်လာပြီး မီးနဂါးများနောက်မှ နီးကပ်စွာ လိုက်ပါကာ ပါ့တောက်ဆီသို့ တိုးဝင်သွား၏။
ပါ့တောက်ကို ဟန့်တားရန် အချိန်အနည်းငယ် ဆွဲထားရမည့်အချိန်တွင် သူက လေဟာနယ်ကြိမ်နှုန်း အတက်အကျ ပျောက်ကွယ်သွားမှာကို စောင့်နေသည်။ မဟုတ်လျှင်သူက ပျံထွက်သွားနိုင်မှာတောင် မဟုတ်ချေ။ သူ့အဖို့ နေရာရွှေ့ပြောင်းမှုကို သုံးရန်က ပိုတောင်မဖြစ်နိုင်ပေ။ ထိုကဲ့သို့ ကြမ်းတမ်းသည့် လေဟာနယ် အတက်အကျဖြင့် သူနေရာရွှေ့ပြောင်းသည့်အချိန်တွင် လေဟာနယ် ပြိုပျက်မှုကြောင့် သူရှုံ့တွသွားလောက်သည်။
“ပိုးမွှားတစ်ကောင်ရဲ့ ခွန်အားနဲ့ ကောင်းကင်ကို ထိတ်လန့်အောင် လုပ်ချင်နေတာလား”
ပါ့တောက်၏ ရှုတ်ချသံက ပဲ့တင်သံ ထွက်ပေါ်လာပြီး ထိုကဲ့သို့ တိုက်ကွက်မျိုးက သူ့ကို အယားပြေအောင် လုပ်ပေးသည်နှင့် မခြားပေ။ သို့သော်ငြား ဘုံကိုးဘုံ၏ နဂါးမီးလျှံမှာ အပူချိန်က မဆိုးလေရာ သူ့ကို အနည်းငယ် စိုးရိမ်ပူပန်စေ၏။ ယခုအချိန်တွင် အတွင်းအားက ရေစီးဆင်းသည့်ပမာ ပျောက်ကွယ်နေလေ၏။ ပတ်ဝန်းကျင် အပူချိန်ကလည်း လုံလောက်အောင် မြင့်မားနေပြီသားဖြစ်ကာ ဘုံကိုးဘုံ၏ နဂါးမီးလျှံပါ ထပ်ပေါ်လာ၏။ သူကရုမစိုက်မိခဲ့လျှင် နတ်ဘုရားဒိုင်းက ပြိုပျက်သွားနိုင်၏။
သတိထားပြီးနောက် ပါ့တောက်သည် အတွင်းအားများ အားလုံးကို ထိန်းချုပ်ကာ ၎င်းကို နတ်ဘုရားဒိုင်းထဲ ထည့်ပြီးနောက် လက်သီးဆုပ်လိုက်ပြီး ကျန်းရီကို လက်သီးဖြင့် ထိုးသတ်ချင်နေသည်။ ကျန်သည့် လက်တစ်ဖက်က မြေဝအတွင်းအားကို သိပ်သည်းနေပြီး အမိမြေဟိန်းသံ တာအိုပုံစံကို ထပ်မံထုတ်ဖော်ရန် ကြိုးစားနေလေ၏။ သို့မှသာ ကျန်းရီ မထွက်ပြေးနိုင်မှာပဲဖြစ်သည်။
ဖုန်း ဖုန်း ဖုန်း
ကျန်းရီ၏ တိုက်ခိုက်မှုက ပါ့တောက်၏ အားထားလောက်ဖွယ် ခန္ဓာကိုယ်ကို ဧရာမကန်ထဲ ကျောက်စလေးများ ဝင်တိုးသွာသည့်ပမာ လှိုင်းဂယက် မထစေပေ။ ဘုံကိုးဘုံ၏ နဂါးမီးလျှံ မရှိလျှင် ပါ့တောက်က ၎င်းကို လျစ်လျူရှုထားနိုင်၏။
“သေပေတော့”
ပါ့တောက်၏လက်က မြေဝအတွင်းအားများကို အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့ပြီး မြေဓာတ်တာအိုပုံစံကို ထုတ်ဖော်ရန် ပြင်ဆင်နေလေရာ ပတ်ဝန်းကျင်ကို ယိမ်းယိုင်သွားစေနိုင်၏။ ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ် အတွင်းထဲမှ သေစေနိုင်သော အန္တရာယ်ကို ခံစားမိသည်။ မျက်လုံးများက ကျုံ့သွားကာ ထုတ်ဖော်ပြောလိုက်၏။
“စိတ်ဝိညာဉ် တိုက်ခိုက်မှုလား”
ဝိညာဉ်ဓား (၃၆)လက်က လေကိုခွင်းလျက် ပါ့တောက်၏ နတ်ဘုရားဒိုင်းကို အေးအေးလူလူ ထိုးဖောက်သွားကာ သူ၏မျက်ခုံးနှစ်ဖက်ကြားဆီသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။ ပါ့တောက်၏ ကြွက်သားများအားလုံး တုန်ယင်နေလေ၏။ သူက မြေဓာတ်တာအိုပုံစံကို ထုတ်ဖော်ရန် အာရုံမစိုက်နိုင်တော့ချေ။ ကျန်းရီကိုထိုးရန် ရည်ရွယ်နေသော လက်သီးအရိပ်ကို ထိန်းချုပ်ရန် အချိန်တောင် ရှိမနေတော့ချေ။ ဝိညာဉ်ဓားများကို ခုခံသည့် ကိစ္စ၌သာ အားလုံး အားကုန်စိုက်ထား၏။
ဘီး
သူ၏မျက်လုံးက ရောင်ခြည် ဖြာထွက်လာပြီးနောက် လျှပ်စီးနှစ်ဆက မျက်ခုံးနှစ်ဖက်ကြားမှ ပေါ်ထွက်လာပြီး အဖြူရောင် ကြေးမုံတစ်ခုကို သိပ်သည်းလိုက်ကာ ဝိညာဉ်ဓား (၃၆)လက်ကို အတင်းပိတ်ဆို့လိုက်၏။ စိတ်ဝိညာဉ် တိုက်ခိုက်မှုက အပြင်ဘက်တွင် ပိတ်ဆို့၍ရသည်။ စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်ခဲ့လျှင် ကြောက်စရာကောင်းနေမှာပဲဖြစ်သည်။
ဖုန်း
ကျန်းရီ၏ ခန္ဓာကိုယ်သည် လက်သီးအရိပ်နှင့် တိုက်မိသွားပြီးနောက် နောက်သို့ လွင့်ထွက်သွား၏။ သူကလေထဲ၌ သွေးအန်ပြီး မျက်နှာက ဖြူရော်သွားတော့သည်။ ကျန်းရီက ထပ်ပြီး တောင့်မခံနိုင်ဘဲ ကောင်းကင်စိတ်အာရုံကို ဝိညာဉ်ဓား (၃၆)လက်ကို ထိန်းချုပ်နေပြီး ပါ့တောက်၏ မျက်ခုံးနှစ်ဖက်ကြား အပြင်ဘက်ရှိ ကြေးမုံဝိုင်းလေးကို ထပ်ခါတစ်လဲလဲ ချေမှုန်းရန် ထိန်းချုပ်နေလေသည်။ ထိုကြေးမုံဝိုင်းလေးကို ဖြိုခွဲနိုင်သ၍ ၎င်းက ပါ့တောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် သို့မဟုတ် သတ်တောင်သတ်နိုင်လောက်သည်။
“အဖွဲ့မှူးဆယ်ယောက်က တကယ် ထူးကဲကြတာပဲ။ သူတို့က စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်တယ်”
ကျန်းရီက ကျောက်ပုံနှင့် ဝင်တိုက်မိသွား၏။ သက်ပြင်းချလိုက်ကာ ထိုလူများက အဖွဲ့မှူးတစ်ယောက် ဖြစ်လာရန်အတွက် အလောင်းတောင်နှင့် သွေးပင်လယ်ကနေ လမ်းကြောင်းတစ်ခုကို ဖောက်ခဲ့ရသည်အထိ ထူးကဲသည့်သူများ ဖြစ်ရမည်မှန်း သိနေသည်။
ကျန်းရီက သူ၏ရင်ဘက်ပေါ်ရှိ ပြင်းထန်သည့် နာကျင်မှုကို ခံစားမိနေသည်။ နံရိုးမည်မျှ ကျိုးသွားကြောင်း သူမသိ။ အတွင်းကလီစာများ ဗရမ်းဗတာ ဖြစ်သွားခဲ့လားလဲ မသိပေ။ သို့သော်ငြား ထိုကိစ္စများကို သူကရုစိုက်နိုင်မှာ မဟုတ်ပေ။ သူက တိုက်ခိုက်ရန်အတွက် ဝိညာဉ်ဓား (၃၆)လက်ကို အပက်တကုပ် ထိန်းချုပ်နေလေ၏။
ဖုန်း ဖုန်း ဖုန်း
ပတ်ဝန်းကျင်ရှိ ကျောက်တောင်ထွတ်များကလည်း လှိုင်းကြောင့် ပြိုလဲကုန်၏။ ကျန်းရီကလည်း မြူများဖြင့် ဖုန်တိမ်တိုက်များ မီးခိုးလုံးများဖြင့် အဝိုင်းခံထားရပြီး အမြင်အာရုံက အလွန်ဆိုးဝါးသွားသည်။ အစောပိုင်းက တိုက်ခိုက်မှုက ပြင်းထန်လွန်းလေရာ သူ့၌မီးတိမ်သံချပ်ကာ ရှိမနေခဲ့လျှင် ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားမှာ သေချာ၏။
ပါ့တောက်က မြေဓာတ်တာအိုပုံစံ အမိမြေဟိန်းသံကို မထုတ်ဖော်ခဲ့ချေ။ ထို့ကြောင့် လေဟာနယ် အတက်အကျက ဖြည်းဖြည်းချင်း လွင့်ပြယ်သွား၏။ ယခုအချိန်တွင် အချိန်မရွေး ထွက်ပြေးနိုင်သည်။ သို့သော်လည်း လက်ရှိတွင် ပါ့တောက်ကို သုတ်သင်ရှင်းလင်းပစ်ရန်သာ ဆုံးဖြတ်ထားပြီး ထွက်ပြေးရန် ရည်ရွယ်ချက် မရှိပေ။
ပါ့တောက်က ဒေါသထွက်နေ၏။ သူသည် ဝိညာဉ်ဓားများကို ဖျက်ဆီးရန် နည်းလမ်းများစွာ ရှိသော်ငြား ဝိညာဉ်ဓားများကို ခုခံရာ၌ သူ၏အာရုံအားလုံးကို မစုဝေးထားရဲဘဲမနေနိုင်ချေ။ သူ၏ဝိညာဉ်ဓားများက စိတ်ဝိညာဉ်ထဲ ဝင်ရောက်နိုင်ခဲ့လျှင် နောက်ဆက်တွဲက ဆိုးရွားပေလိမ့်မည်။
ဝှစ် ဝှစ် ဝှစ်
ဝိညာဉ်ဓား (၃၆)လက်က ပြန်ထွက်လာပြီးနောက် အဆုံးမရှိ ဝင်တိုက်လာ၏။ တိုက်ခိုက်ပြီးနောက် နောက်သို့ဆုတ်သွားကာ ထပ်ခါတလဲလဲ တိုက်ခိုက်ပြီးနောက် သံသရာလည်နေတော့သည်။ တိုက်ခိုက်ခံရတိုင်း၌ ဝိညာဉ်ဓားများစွာသည် ပါ့တောက်၏ မျက်ခုံးနှစ်ဖက်ကြားရှိ အရန်အတားအဝိုင်းလေးကို ချေမှုန်းနေ၏။ ပါ့တောက်က သတိလက်လွတ် နေခဲ့လျှင် ထိုအရန်အတားအဝိုင်းလေးက ပြိုကွဲသွားခဲ့လျှင် ဝိညာဉ်ဓား (၃၆)စင်းက သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားပေလိမ့်မည်။
“ဒါ အလုပ်မဖြစ်ဘူး။ ဒီတိုင်း ဆက်သွားနေရင် ငါဒီမှာပဲ သေသွားမှာ”
ပါ့တောက်၏ရင်ထဲ စိုးရိမ်ပူပန်မှုတို့ တောက်လောင်လာ၏။ ဤနေရာက အပူချိန်မြင့်မားပြီး အတွင်းအားကလည်း လျှင်မြန်စွာ ယုတ်လျော့နေ၏။ ယခုအချိန်တွင် သူ၏အာရုံ စူးစိုက်မှုက စိတ်ဝိညာဉ်ဓားကို ခုခံရာတွင်သာ ရှိနေသည်။ ဤအတိုင်း ဆက်ဖြစ်ပွားနေပါက ဝိညာဉ်ဒိုင်းက ပြိုကွဲသွားပြီ မြုပ်စရာမြေမရှိဘဲ ဤနေရာတွင် သေနေလိမ့်မည်။
“ပြန်ဆုတ်”
သူက ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရတော့သည်။ သူသည် အင်မတန် တွန့်ဆုတ်ပြီး အခဲမကြေ ဖြစ်နေတာ ဖြစ်ပြီး ထိုအကြောင်းကို သိသွားလျှင် သူတို့အရယ်ခံရနိုင်၏။ သို့သော် ယခုအချိန်တွင် မည်သည်ကို လုပ်နိုင်မည်နည်း။
“အရူး ထွက်ပြေးဖို့ စဉ်းစားနေတာလား”
ကျန်းရီ၏ အေးစက်စက်အသံက ပေါ်ထွက်လာပြီး စိတ်ဝိညာဉ်ဓားများ၏ တိုက်ခိုက်မှုစွမ်းအားကို တိုးမြှင့်ကာ တစ်ပြိုင်နက်ထဲ အော်လိုက်လေ၏။
“အရူးကောင် မင်းက ကောင်းကင်မိုးကြိုးမြို့ရဲ့ အဖွဲ့မှူး မဟုတ်ဘူးလား။ ဘာကြောင့် ပြေးနေတာလဲ။ မင်းရဲ့လူတွေ မင်းကိုယုံကြည်ချက် ကင်းမဲ့သွားမှာကို မကြောက်ဘူးလား။ သူတို့မင်းကိုသတ်ပြီး မင်းရဲ့ရာထူးကို လုယူသွားမှာ မကြောက်ဘူးလား”
“အရူးကောင် မင်းသိပ်ပြီး မောက်မာထောင်လွှားတယ် မဟုတ်ဘူလား။ ခင်ဗျားကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ လာလေ ဒီသခင်လေးက ကျုပ်ကိုသတ်မှာကို စောင့်နေတယ်”
“အသုံးမကျတဲ့အမှိုက် ငါ့လိုမျိုး ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ယောက်ကိုတောင် မသတ်နိုင်ရင် ဒီလောကထဲမှာ အသက်ရှင်ဖို့ ဘယ်လိုများ သိက္ခာရှိပါတော့မလဲ”
“ပါ့တောက် ခင်ဗျားက အဖွဲ့မှူး ဆယ်ယောက်ထဲက တစ်ယောက်လား ဖွီ ကျုပ်အမြင်မှတော့ ခင်ဗျားက မုန်းတီးစရာကောင်းတဲ့ သူတောင်းစားတစ်ယောက်နဲ့ မခြားဘူး”
ကျန်းရီ၏ အခွန်းတိုင်းက ပါ့တောက်၏ ခန္ဓာကိုယ်ကို တုန်ယင်စေကာ မျက်ခုံးနှစ်ဖက်ကြားရှိ အရန်အတားလေးကလည်း အကြိမ်ပေါင်းများစွာ တုန်လှုပ်လာပြီး ဝိညာဉ်ဓားများကြောင့် ချေမှုန်းခံရလုနီးပါး ဖြစ်လာသည်။ သူ၏မျက်နှာ၌ ဒေါသများ ပြည့်နေ၏။ သူပါ့တောက်က အဖွဲ့မှူးတစ်ဦးဖြစ်ပြီး ကောင်းကင်မိုးကြိုးမြို့၌ ဆယ်နှစ်ကျော် မင်းမူလာသူဖြစ်သည်။ လုမျိုးနွယ်စုကတောင် သူ့ကို တလေးတစား ဆက်ဆံရ၏။ သူသည် ထိုကဲ့သို့ဒေါသကို မည်ကဲ့သို့ တောင့်ခံနိုင်မည်နည်း။
ကံကောင်းသည်မှာ သူက နှစ်ပေါင်းများစွာကြာအောင် သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့သောကြောင့် သူ၏စိတ်ခွန်အားက မဆိုးရွားပေ။ ကျန်းရီက သူ့ကို သွယ်ဝိုက်ပြီး ရန်စရန် ကြိုးစားနေကြောင်း နားလည်၏။ ဒေါသကို တောင့်ခံကာ နောက်ဆုံးတွင် နောက်ဆုတ်လိုက်၏။ ကျန်းရီက ဆက်လက် တိုက်ခိုက်ချင်သည်။ သို့သော် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေသောကြောင့် ပါ့တောက်က ဆယ်မိုင်အကွာသို့ ရောက်သွားချိန်တွင် ရွေးချယ်စရာမရှိဘဲ သူ၏စိတ်ဝိညာဉ်ဓားများကို ပြန်ခေါ်လိုက်ရသည်။ အကွာအဝေးက ထပ်တိုးသွားလျှင် ပါ့တောက်က သူ၏ဝိညာဉ်ဓားများကို ဖျက်ဆီးနိုင်မလားဆိုတာ အာမမခံနိုင်ပေ။
ဝှစ်
နာကျင်မှုကို တင်းခံလျက် ကျန်းရီက ခပ်ဝေးဝေးသို့ ပျံသန်းသွား၏။ ဤနေရာက မိုးကြိုးမီးနှင့်မနီး။ လုံခြုံသည်ဟု သတ်မှတ်၍မရပေ။ ပါ့တောက်က ရုတ်တရက် ပြန်ရောက်လာခဲ့လျှင် သူပြီးသွားပေလိမ့်မည်။
“မျိုးမစစ်ကောင် မျိုးမစစ်ကောင်”
ပါ့တောက်က ဆယ်မိုင်အကွာသို့ နောက်ဆုတ်လိုက်၏။ ပြီးနောက် ဝိညာဉ်ဓားများကို မောင်းထုတ်ပြီးနောက် ချွေးစေးများကိုသုတ်လိုက်သည်။ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့၏။
“မျိုးမစစ်ကောင် မင်းစောင့်နေစမ်းပါ။ ငါမင်းကို မသတ်ရရင် ငါပါ့တောက်က လူမဟုတ်တော့ဘူး အား အား အား”
ဒေါသတကြီး အော်သံက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေ၏။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများက အနည်းငယ် ယိမ်းယိုင်သွားသည်။ ကျောက်စကျောက်နများက လွင့်စင်လာပြီးနောက် ပဲ့တင်သံက ကျန်းရီ၏ နားစည်များကိုတောင် နာကျင်စေသည်အထိ ဝေးကွာသည်။ သူ၏ဟိန်းသံက ဒေါသများ မကျေမချမ်းဖြစ်မှုများ ပြည့်နေ၏။ သို့သော် ကျန်းရီကမူ မိုးကြိုးမီးရှိသည့် ပတ်ဝန်းကျင်ဆီသို့ ပျံသန်းသွားပြီးဖြစ်ရာ ပါ့တောက်က ရွေးချယ်စရာမရှိဘဲ ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။
ဝှစ်
မလှမ်းမကမ်း ကောင်းကင်ကနေ ပိန်ပါးပါး လူရိပ်တစ်ရိပ် ရောက်လာ၏။ အဖွဲ့မှူးလုံသည် ဤဧရိယာရှိ တိုက်ပွဲဖြစ်ပွားရာကို သတိထားမိသွားသည်။ ပါ့တောက်၏ ဟိန်းသံကိုကြားသောအခါ ရှုတ်ချသည့် အရိပ်အယောင် ပေါ်လာလျက် မလှမ်းမကမ်းကနေ အော်ပြောလိုက်၏။
“ပါ့တောက် ဘာလဲ မင်းက ဗာဂျရာနယ်ပယ်က ခွေးသားလေးကိုတောင် မသတ်နိုင်ဘူးပေါ့။ ပြီးတော့ မင်းလည်း ဒဏ်ရာရခဲ့တဲ့ပုံပဲ။ ကျွတ် ကျွတ် မင်းဒီနေရာထိ ဘယ်လိုများ တက်လာသလဲဆိုတာ သိချင်မိပါရဲ့”
“ခွေးအိုကြီး ခင်ဗျား သေချင်နေလား”
ပါ့တောက်က ဒေါသထွက်နေသေးဆဲဖြစ်သည်။ အဖွဲ့မှူးလုံ၏ စကားများက သူ၏ဒေါသကို ပေါက်ကွဲသွားစေ၏။ လက်တစ်ဖက်က မြေဝါအတွင်းအားများ ပေါ်လာလျက် ကျန်လက်တစ်ဖက်က ရေနဂါးပုလဲကို ကိုင်ဆောင်ထား၏။ သူက အဖွဲ့မှူးလုံကို သတ်ဖြတ်လိုသည့် အရှိန်အဝါဖြင့် စိုက်ကြည့်နေ၏။
“ကျုပ်ရာထူးထိ ဘယ်လိုများ ရောက်လာလဲ ခင်ဗျား စမ်းကြည့်ချင်လား ခွေးအိုကြီး ခင်ဗျား လက်ခံရင် လာလိုက်လေ။ သွားလေ ဝင်သွားလိုက်လေ အဲဒီမျိုးမစစ်က အဲဒီမှာ ရှိနေသေးတယ်။ ဒါဆို သွားသတ်လိုက်”
“ဟမ့်”
အဖွဲ့မှူးလုံက အေးစက်စက်ဖြင့် နှာမှုတ်လိုက်ကာ ပါ့တောက်နှင့် စကားမများချင်တော့ပေ။ သူက ခဏအကြာတွင် ကျန်းရီရှိသည့် အရပ်မျက်နှာဆီ ပျံသန်းသွားပြီးနောက် ပြောလိုက်၏။
“ငမိုက်သား အဖွဲ့မှူးလုံက သူ့ကိုဘယ်လိုသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
...