အဲဒီမျိုးမစစ်ခွေးကိုသတ်
Vol. 49 Ch. 670
အဖွဲ့မှူးလုံက ပုံရိပ်ယောင်တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ကျောက်တောင်ထွတ် တောအုပ်ဆီသို့ တဟုန်ထိုး ဝင်သွားလေ၏။ ပြိုလဲနေသော တောင်ထွတ်များစွာ ရှိသော်ငြား သူက ကောင်းကင်စိတ်အာရုံကို မဖြန့်ကျဲရဲချေ။ ကျောက်တောင်ထွတ်များအတွင်း၌ မိုးကြိုးမီး ရှိမရှိကို မည်သူကသိမည်နည်း။ သူ၏ ကောင်းကင်စိတ်အာရုံက ဖျက်ဆီးခံရလျှင် သူသည် ပါ့တောက်အတွက် ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
သူက ကျောက်တောအုပ်၏ အတွင်းပိုင်းသို့ လျှင်မြန်စွာ ဖြတ်သန်းသွားစဉ် နေရာတစ်ခုလုံးကို လျှပ်ပြက်သည့် အရှိန်ဖြင့် စစ်ဆေးလိုက်၏။ သူကအလွန်မြန်နေရာ ကျန်းရီနှင့် ပါ့တောက်တို့ တိုက်ခိုက်ခဲ့သည့် နေရာသို့ ရောက်သွားသည်။ ကျောက်တောင်ထွတ် နှစ်ခုကြားရှိ အနက်ရောင် အစက်ကလေးကို သူတွေ့သွား၏။
“လိုက်”
ထိုနေရာက အလွန်မြင့်မားသည့် အပူချိန် ရှိနိုင်သော်ငြား အဖွဲ့မှူးလုံက ကြေညာပြီးဖြစ်ရာ သူသည် အမြီးကုပ်ပြီး ပြေးသွားမှာမဟုတ်ပေ။ အံ့ကြိတ်လျက် အရှိန်ပြင်းပြင်းတင်ကာ ကျန်းရီနောက်သို့ လိုက်တော့၏။
သို့သော် ကျန်းရီ၏အရှိန်ကလည်း မနှေးချေ။ အဖွဲ့မှူးလုံက ကျန်းရီကို လိုက်မှီရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်၏။ သူတို့ရှေ့၌ ဧရာမတောင်ထွတ်ကြီး ရှိနေပြီး အနားတွင် မိုးကြိုးမီး ခုနှစ်လုံး ရှစ်လုံးခန့်က ရစ်ဝဲနေလေ၏။ ကျန်းရီက မိုးကြိုးမီးနှင့် သုံးမိုင်လေးမိုင် အကွာတွင်သာ ရှိနေလျက် အဖွဲ့မှူးလုံ လိုက်မှီလာသည့်အချိန်တွင် တစ်မိုင် ပိုကပ်သွားပေလိမ့်မည်။ ထိုနေရာရှိ အပူချိန်ကလည်း မှန်းဆမရအောင် မြင့်မား၏။
အဖွဲ့မှူးလုံက ရွေးချယ်စရာ မရှိတော့ဘဲ ဒေါသထွက်ထွက်ဖြင့် အလင်းအနက်ရောင် စီးကြောင်းများကို ထုတ်ဖော်လိုက်ရ၏။ ထိုအလင်းအနက်ရောင် စီးကြောင်းများက များစွာသော အဆိပ်ရှိမြွေများပမာ လေကိုခွင်းလျက် ကျန်းရီဆီသို့ တန်းတန်းမတ်မတ် ပျံသွားကြသည်။
ဖုန်း ဖုန်း ဖုန်း
အလင်းစီးကြောင်း ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ဘေးရှိကျောက်တောင်ထွတ်များ ရုတ်တရက် ပြိုလဲကုန်၏။ ယင်းက မည်ကဲ့သို့သော စွမ်းရည်မျိုးမှန်းမသိ။ ထူးခြားသည့် တာအိုပုံစံ တိုက်ခိုက်မှု ဖြစ်လောက်သည်။
ဘီး
သို့သော် အကွာအဝေးက ဝေးကွာလွန်းနေသောကြောင့် ကျန်းရီက နေရာရွေ့ပြောင်းပြီး ဖြစ်နေသည်။ အလင်းစီးကြောင်းနှစ်ခုက ဧရာမ ကျောက်တောင်ထွတ်ကို ဝင်သွားပြီး ၎င်းကိုချက်ချင်း တစ်စစီ ဖြစ်သွားစေကာ ဖုန်မှုန့်များ မီးခိုးများအဖြစ် ပြောင်းလဲသွားစေ၏။
“ပြန်ဆုတ်”
အပူချိန်က မြင့်မားလွန်း၏။ အဖွဲ့မှူးလုံက ၎င်းကို ခံနိုင်ရည်မရှိချေ။ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရတော့၏။ မလှမ်းမကမ်းရှိ ပါ့တောက်က ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ခွေးအိုကြီး ခင်ဗျားကသိပ်ပြီး အံ့သြဖို့ကောင်းတယ် မဟုတ်ဘူးလား။ ဒါဆိုသူ့ကို သွားသတ်လိုက်လေ။ အဲဒီကောင်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်။ ဒီမှာကျုပ် ကြည့်နေသေးတယ်နော်”
“ဟား ဟား”
အဖွဲ့မှူးလုံက ထစ်ကာနှစ်ကြိမ် ရယ်မောလိုက်ပြီးနောက် မိုးကြိုးတောင်တန်းများဆီသို့ ပျံသန်းသွား၏။ ပါ့တောက်က ကျန်းရီရှိရာဘက်ဆီသို့ မုန်းတီးစွာကြည့်ပြီးနောက် ပျံသန်းလာတော့သည်။ မိုးကြိုးတောင်ကြားအတွင်း သူတို့ကြာကြာ မနေရဲချေ။ အတွင်းအား ကုန်ဆုံးမှုကလည်း တစ်ရက်ဖြစ်ပြီး တချိန်ထဲတွင် သူတို့၏ခန္ဓာကိုယ်က ထိုမျှရှည်ကြာစွာ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။ အပူချိန် မြင့်မားသည့်နေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့လျှင် သူတို့၏ခန္ဓာကိုယ်က အစိုဓာတ်ကင်းမဲ့ပြီး အားနည်းသည်ထက် အားနည်းလာပေလိမ့်မည်။
ဟူး ဟူး
ကျန်းရီက ကျောင်တောင်ထွတ်ပေါ်၌ ထိုင်ပြီး အသက်ရှုထုတ်လိုက်၏။ ပြီးနောက် သူက အားပြန်ဖြည့်ခြင်း ဆေးလုံးတစ်လုံးကို သောက်ပြီးနောက် ထိုင်ကာ ဒဏ်ရာများကို ပြန်လည်ကုစားလိုက်သည်။ ပါ့တောက်နှင့် အဖွဲ့မှူးလုံက ထပ်မလိုက်ရဲတော့သောကြောင့် သူတို့က မိုးကြိုးမီး၏ မြင့်မားသော အပူချိန်ကို ခံနိုင်ရည်မရှိဟု ဆိုလိုတာပဲဖြစ်သည်။ ဆိုလိုသည်က ဤနေရာက လုံခြုံ၏။
အစောတုန်းက တိုက်ပွဲအကြောင်း ပြန်တွေးမိသည့်အချိန်တွင် သူက ချွေးစေးများ ပျံလာမိတော့၏။ သူက အဖွဲ့မှူးဆယ်ဦး၏ တိုက်ပွဲဝင်ခွန်အားကို လျှော့တွက်ခဲ့မိ၏။ ယခုအခေါက်တွင် သူကံကောင်းသွားသည်။ သူတို့နှင့် နောက်တစ်ကြိမ်တွေ့လျှင် သူကံကောင်းနိုင်မည်လော။ သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲတော့ဘဲ ဤနေရာတွင်ထိုင်ပြီး ပြန်လည်ကုစားလိုက်တော့၏။ သူသည် မိုးကြိုးကျောက်တုံးများ တူးထုတ်ရန်လည်း မသွားရဲချေ။ မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ကာ ပြန်လည်ကုစားပြီး အနီးရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ ပါ့တောက်နှင့် ကျန်သည့်သူများသာ လိုက်လာလျှင် သူချက်ချင်း ထွက်ပြေးရမည်။
ကျန်းရီက ညအချိန်ထိ ပြန်လည်ကုစားနေပြီး သူ၏ဒဏ်ရာများက ခုနှစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြန်ကောင်းသွား၏။ ကျိုးနေသည့်အရိုးများ မရှိသော်ငြား ပွတ်တိုက်မှုအချို့ ရှိနေလေရာ သူ၏ကလီစာများကလည်း အနည်းငယ် ထိသွားလေ၏။ အရိုးကျိုးသွားလျှင် ရက်အနည်းငယ်အတွင်း ပြန်ကောင်းနိုင်မှာမဟုတ်ပေ။ သူက မီးတိမ်သံချပ်ကာကိုကြည့်ပြီး သက်ပြင်းချလိုက်၏။ ထိုအတုအယောင် နတ်ဘုရား အသုံးအဆောင်ကြောင့်သာ မဟုတ်လျှင် အကြိမ်ပေါင်းများစွာ သေနေလောက်ပြီဖြစ်သည်။ သူက ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အစောင့်အရှောက်ကို အမှန်တကယ် ကျေးဇူးတင်မိ၏။
“ဆန်းကြယ်နတ်ဘုရား နန်းတော်က နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲ ပေါ်လာတတ်တာ။ အစောင့်အရှောက်ကို တွေ့ဖို့ နောက်ထပ် အခွင့်အရေး မရလောက်တော့ဘူးနဲ့တူတယ်”
ယခုအချိန်ထိ ကျန်းရီ၏ရင်ထဲတွင် သံသယများဖြင့် ပြည့်နေသေး၏။ အစောင့်အရှောက်က သူ့အတွက် အဘယ်ကြောင့် လိမ်ညာပေးနေပြီဖြစ်ရာ ကျန်းရီက ဆန်းကြယ်နတ်ဘုရား နန်းတော်ကို အဘယ်ကြောင့် မပေးနိုင်ရသနည်း။ သူသည် ကျန်းရီကို ရတနာများ ပိုပေးနိုင်၏။
အမှောင်ယံကောင်းကင်က ကောင်းကင်မိုးကြိုးကျွန်းကို လွှမ်းခြုံသွားချိန် ကျန်းရီက ထရပ်လိုက်၏။ ကောင်းကင်က မိုးကြိုးလုံးများ မရှိတော့ဘဲ မိုးကြိုးမီးများကမူ နေရာအနှံ့ လှည့်ပတ်သွားလာနေပြီဖြစ်သည်။ သူမလှုပ်ရှားသေးလျှင် မိုးကြိုးမီးကြောင့် အသတ်ခံရမှာပဲဖြစ်၏။
“အင်း ဒီမိုးကြိုးမီးကို လိုက်တာက ဘေးအကင်းဆုံးပဲ။ ပါ့တောက်နဲ့ အဖွဲ့မှူးလုံ အနားပတ်ဝန်းကျင်မှာ ပုန်းနေသေးလားဆိုတာ စစ်ဆေးကြည့်လိုက်အုံးမယ်”
ကျန်းရီက အကြံတစ်ခု ရုတ်တရက် ရလာသည်။ မိုးကြိုးမီးက လှည့်လည်သွားလာနေလျှင် သူ၏အကွာအဝေးကို ထိန်းသိမ်းထားမည်။ ပါ့တောက်နှင့် အဖွဲ့မှူးလုံက အနားတွင် ပုန်းနေခဲ့လျှင် သူတို့က မိုးကြိုးမီးကို သေချာပေါက် ရှောင်မည်ဖြစ်ရာ ကျန်းရီက သူတို့ကို ရှာတွေ့လိမ့်မည်။ သူက မိုးနှင့်မြေ တသားထဲ အခြေအနေထဲသို့ ဝင်ရောက်ပြီးနောက် မိုးကြိုးမီးနောက် လိုက်သွားတော့၏။
ညအချိန်ကာလအတွင်း မိုးကြိုးတောင်ကြားက ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။ မိုးကြိုးမီးက တောင်တန်းများ တောအုပ်များကို ဖြတ်ကျော်လျက် လှည့်ပတ်သွားလာနေသည်။ သူတို့က မြင်ရသည်အဖို့ ချောက်ချားစေသည့် သရဲ၊တစ္ဆေပမာ ဖြစ်နေတော့သည်။
အနားရှိ ဧရိယာကို လှည့်ပတ်သွားပြီးနောက် အရာအားလုံး တိတ်ဆိတ်နေလေ၏။ ကျန်းရီသည် ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့ အနားတွင် မရှိကြောင်း သိသောအခါ စိတ်အေးသွား၏။ သို့သော် ဧရိယာနား တကွဲတပြားစီ ဖြစ်နေသော မိုးကြိုးမီးအကြောင်း တွေးမိသည့်အချိန်တွင် ဤနေရာတွင် သူတို့နှစ်ယောက် မည်ကဲ့သို့ ပုန်းနိုင်မည်နည်း။ သူတို့မြို့ကို ပြန်သွားတာပဲ ဖြစ်ရမည်။
အနားရှိဧရိယာကို လှည့်ပတ်သွားပြီး မိုးကြိုးမီးနောက် သူဆက်လိုက်နိုင်၏။ မိုင်တစ်သောင်း အကျယ်အဝန်းကို စစ်ဆေးပြီးနောက် နောက်ဆုံးတွင် မိုးကြိုးတောင်တန်းနားရှိ မိုးကြိုးမီးကို တွေ့လိုက်သည်။ ပါ့တောက်နှင့် အဖွဲ့မှူးလုံပြန်သွားတာ အတည်ပြုပြီးနောက် သူက အသက်ရှုထုတ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
မိုးကြိုးတောင်တန်းများထဲမှ ရုတ်တရက် ပေါက်ကွဲလာပြီး ကောင်းကင်ကို အပြာရောင် မိုးကြိုးကျောက်တုံးများဖြင့် လွှမ်းခြုံသွားတော့၏။ ယင်းက ဥက္ကာခဲများ ကြွေသည့်အလား လှပလွန်းရာ ဖမ်းစားနိုင်စွမ်းရှိသည်။ ကျန်းရီက ဧရိယာကို အမြန်ရှာဖွေပြီး သူလက်လှမ်းမှီသမျှ မိုးကြိုးကျောက်တုံးများ အားလုံးကို စုဆောင်းလိုက်၏။
မိုးကြိုးကျောက်တုံး သုံးဆယ်၊ လေးဆယ် စုဆောင်းပြီးနောက် ကျန်းရီက ဘာမှလုပ်စရာ မရှိတော့ဘဲ မိုးကြိုးမီး လွှမ်းခြုံခံထားရသည့် မိုးကြိုးတောင် ဆယ်လုံးကို ကြည့်လိုက်၏။ ပြီးနောက် မိုးနှင့်မြေ တသားထဲ အခြေအနေသို့ ထပ်မံဝင်ရောက်ကာ မိုးကြိုးတောင်တန်းများကို ဆက်လက် အာရုံခံပြီးနောက် သူ မနေ့ညက အာရုံခံမိသော တာအိုပုံစံ တည်ရှိမှုအတွက် ဆက်လက် ရှာဖွေနေသည်။
မိုးကြိုးတောင်တန်းက အလွန်ဆန်းကြယ်ပြီး သူတို့၌ ထူးကဲသော ပုံသဏ္ဌာန်ရှိသည်။ မိုးကြိုးတောင်တန်းက ဧရာမ မိုးကြိုးအစီအရင်၏ ဗဟိုဖြစ်ရမည်။ ဤနေရာသို့ မိုးကြိုးသွားများကို ဆွဲဆောင်နိုင်၏။ ပြောရန်မလိုပေ။ မိုးကြိုးတောင်တန်းများ၌ လျို့ဝှက်ချက်တစ်ခု ပါဝင်နေတာ ဖြစ်သည်။
ကျန်းရီက မိုးကြိုးတောင်တန်းများကို အာရုံခံနေချိန် နှလုံးခုန်နှုန်း မြန်လာပြီးနောက် သူသည် တာအိုတည်ရှိမှု ခပ်ရေးရေးကို ခံစားမိသော်ငြား ၎င်းကို မဖမ်းဆုပ်နိုင် ဖြစ်နေလေ၏။
သူ့ရင်ထဲတွင် တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို ဖမ်းဆုပ်နိုင်ခဲ့လျှင် တာအိုပုံသဏ္ဌာန်၏ ပုံစံတစ်မျိုးကို ဆင်ခြင်နိုင်ရန် အခွင့်အရေးတစ်ခု ဖမ်းဆုပ်မိနိုင်မည်ဟု ခံစားမိနေသည်။
တာအိုပုံစံများသည် အမှန်တရားများ၊ ဥပဒေသများ၊ ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရဖြစ်သည်။ အတွင်းအားကျင့်ကြံရန် သိုင်းပညာရှင်များအတွက် လွယ်ကူသော်ငြား တာအိုပုံစံများကို နားလည်သဘောပေါက်ရန်က အင်မတန် ခက်ခဲသည်။ တာအိုပုံစံ နားလည်သဘောပေါက်ခြင်း၏ အခွင့်အရေးတိုင်းက ကံကြောင့်ဖြစ်ပေါ်လာသည့် ရှားပါးသော အခွင့်အရေးသာဖြစ်သည်။ ကျန်းရီက ၎င်းကိုတန်ဖိုးထား၏။
ကန္တာရထဲတွင် မိုးကြိုးမီး နည်းသွားသောကြောင့် ကျန်းရီအတွက် အလွန်လုံခြုံစေတော့၏။
တစ်ညလုံး ကန္တာရကို မျက်တောင်မခတ် စိုက်ကြည့်နေပြီးနောက် နေ့ဝက်တာ အနားယူခဲ့ချိန်တွင် ကျန်းရီက ဘာရလဒ်မှမရခဲ့ပေ။ သူက စိတ်ပျက်အားလျော့သွားခြင်းမရှိ။ သူသည် မိုးကြိုးတောင်တန်းထဲသို့ ပြန်လည်ဝင်ပုန်းရန်အတွက် မိုးကြိုးမီးကို စောင့်ဆိုင်းနေတာပဲဖြစ်သည်။ ပြီးနောက် မိုးကြိုးတောင်တန်း၏ တောင်ခြေသို့ ချက်ချင်း ပြေးသွားပြီးနောက် မိုးကြိုးကျောက်တုံးများကို အမြန်စုဆောင်းသည်။
သန်းခေါင်ယံအချိန်၌ မိုးကြိုးတောင် နှစ်လုံးကနေ မိုးကြိုးကျောက်တုံးများ ထပ်မံပေါ်ထွက်လာပြီး မြေပြင်ပေါ်၌ မိုးကြိုးကျောက်တုံး တစ်ထောင်ကျော် ရှိနေလေ၏။ ကျန်းရီအဖို့ ထိုအခမဲ မိုးကြိုးကျောက်တုံးများကို လက်လျှော့ဖို့ရန်က မဖြစ်နိုင်ပေ။ ကံဆိုးသည်က သူသည် မိုးကြိုးကျောက်တုံး ရှစ်ရာဝန်းကျင်သာ စုဆောင်းမိသေး၏။ ကောင်းကင်ဧကရာဇ် အယောက်ငါးဆယ်က ကောင်းကင်ကို ဖြတ်သန်းလာသည်။ သူက အံ့ကြိတ်ပြီးနောက် မိုးကြိုးကျောက်တုံးများကို ထပ်မံမစုဆောင်းရဲတော့ချေ။ အမြန်ဆုံးသော အရှိန်ဖြင့် မိုးကြိုးတောင်ကြားဆီသို့ တစ်ဟုန်ထိုး သွားလိုက်၏။
“သေစမ်း မိုးကြိုးကျောက်တုံး တစ်ဝက်ကို တစ်ကိုယ်တော် ဝံပုလွေယူသွားတာ”
“အဲဒီမျိုးမစစ်ခွေးကို သတ်ကြ”
“သွား ခေါင်းဆောင်ကို သတင်းသွားပို့။ ဒီကောင်က ငါတို့မိုးကြိုးကျောက်တုံးတွေကို လုသွားတယ်”
အစောတုန်းက ဤနေရာသို့ ရောက်လာသည့် ကောင်းကင်ဧကရာဇ် အယောက်ငါးဆယ်သည် မိုးကြိုးကျောက်တုံးများကို စုဆောင်းရန်ဖြစ်၏။ သို့သော် မိုးကြိုးတောင်ခြေရှိ မိုးကြိုးကျောက်တုံးများကို မြန်မြန်ဆန်ဆန် စုဆောင်းပြီးနောက် ထွက်ခွာသွားသည့် ပုံရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။ မိုးကြိုးကျောက်တုံးများက သူတို့အပိုင် ဖြစ်သော်ငြား ကျန်းရီက တစ်ဝက်ယူသွားသောကြောင့် ချက်ချင်း ဒေါသထွက်သွားကြသည်။
သူတို့က မိုးတောင်မလင်းသေးသည့် အချိန်၌ ရောက်လာတာဖြစ်သည်။ ပြဿနာက ကောင်းကင်မိုးကြိုးမြို့က ဤနေရာနှင့် အနည်းငယ် လှမ်းနေလေရာ တောင်တန်းထဲသို့ မိုးကြိုးမီး ပြန်ရောက်တဲ့ အချိန်ကျမှ သူတို့က ဤနေရာကို ရောက်တာဖြစ်သည်။ ဤနေရာသို့ရောက်ရန် အနည်းဆုံး နှစ်နာရီခန့် အချိန်ယူရသည်။ ကျန်းရီကမူ အနားပတ်ဝန်းကျင်တွင် ရပ်နေရုံသာဖြစ်သည်။ သူတို့က သူ့ထက်မည်ကဲ့သို့ မြန်နိုင်မည်နည်း။
“လခွမ်း ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် မိုးကြိုးကျောက်တုံး တစ်ဝက်လောက်ကို အဲဒီကောင်က နေ့တိုင်းယူနေမှာပဲ။ ဒါဆိုဘယ်လို ဆက်ရှင်ရတော့မလဲ”
ကောင်းကင်ဧကရာဇ် တစ်ယောက်က ဒေါသတကြီး အော်လိုက်ပြီး ကျန်သည့်သူများကလည်း အခဲမကြေ ဖြစ်နေကြသည်။ အစက သူတို့အပိုင်က ယခုယူသွားခံရသည်။ သူတို့မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
လူရိပ်များစွာက ကောင်းကင်မိုးကြိုးမြို့ဆီ ဝင်သွားလျက် အော်ဟစ်ပြောလိုက်တော့၏။
“သွား ပြန်သွားပြီး ခေါင်းဆောင်တွေကို သတင်းပို့။ အဖွဲ့မှူးဆယ်ယောက်ကို အတူတကွ လှုပ်ရှားခိုင်းလိုက်။ အဲဒီကောင် အသက်ရှင်နိုင်သေးလားဆိုတာ ကြည့်ကြသေးတာပေါ့”
..