← Chapters

အစ်မကြီးဆည်းလည်း

Vol. 49 Ch. 671

အစ်မကြီးဆည်းလည်း

Vol. 49 Ch. 671

ကောင်းကင်မိုးကြိုးမြို့ဆီသို့ သတင်းပြန်ပို့ပြီးနောက် တစ်မြို့လုံးက အုတ်အော်သောင်းတင်း ဖြစ်ကုန်၏။ လုမျိုးနွယ်စု၏ သိုင်းပညာရှင်နှစ်ဦးက ထိုသတင်းကို ရသွားသည်။

သို့သော် လုမျိုးနွယ်စု၏ သိုင်းပညာရှင်များက တစ်ချက်မျှသာကြည်ပြီး စိတ်ထဲမထားကြပေ။ လုမျိုးနွယ်စု၌ ကိုယ်ပိုင်မျိုးနွယ်စုစည်းမျဉ်း ရှိကြသည်။ ဗရမ်းဗတာ မဖြစ်သ၍ သူတို့က ထိုကဲ့သို့ ကိစ္စများကို ဝင်စွက်ဖက်မှာမဟုတ်ပေ။ မြို့၏အဖွဲ့မှူးဆယ်ယောက်က ကျွန်တစ်ဝက်ကို သတ်ဖြတ်လျှင်တောင် သူတို့က စိတ်အနှောက်အယှက် ဖြစ်ခံမှာမဟုတ်ပေ။

ထိုမဟာမျိုးနွယ်စုများက နှစ်သောင်းသိန်းချီ ရှင်သန်နေထိုင်လာနိုင်ခဲ့တာ အကြောင်းအရင်း တစ်ရပ်ရှိပေ၏။ သူတို့ချိုးဖောက်မှာ မဟုတ်သည့် စည်းမျဉ်းများစွာ ရှိ၏။ အဖွဲ့မှူးလုတီက ဖုန်းလန်နှင့် ကျန်းရှောင်နူကို သဘောကျသော်ငြား သူကတိတ်တဆိတ်သာ အရိပ်အမြွက်ပေးပြီး သူတို့မျိုးနွယ်စု စည်းမျဉ်းကို မချိုးဖောက်ဘဲ သူတို့ကိုရယူနိုင်မည့် အခြားနည်းလမ်းကို တွေးတာမျိုးဖြစ်သည်။ သူတို့အဖို့ မျိုးနွယ်စုစည်းမျဉ်းကို ချိုးဖောက်ဖို့က မဖြစ်နိုင်ချေ။ မဟုတ်လျှင်သူတို့ သေသွားမှာပဲဖြစ်၏။ သူတို့၏ မိသားစုဝင်များလည်း မြုပ်စရာမြေမရှိဘဲ သေသွားပေလိမ့်မည်။

မဟာမျိုးနွယ်စုများက ထာဝရဆက်လက် ထွန်းတောက်ချင်လျှင် သူတို့က ဆက်လက်ထိန်းသိမ်းထားရမည်။ ထို့ကြောင့် သူတို့စည်းမျဉ်းများအောက် သိုင်းပညာရှင်များက သူတို့ကို ယုံယုံကြည်ကြည် ခစားမည်ဖြစ်ကာ သူတို့စည်းမျဉ်းကို ချိုးဖျက်ရန် မဟာမိတ် မဖွဲ့ရဲတော့မှာပဲ ဖြစ်သည်။ မဟုတ်လျှင် ဗရမ်းဗတာဖြစ်လာပြီး သိုင်းပညာရှင်တစ်ဦးက လူထုရှေ့ စတင် ပြောဆိုခဲ့မည်ဆိုလျှင် အပြစ်ကျွန်းပေါ်ရှိ သန်းချီသော သိုင်းပညာရှင်များကလည်း ပုန်ကန်သောင်းကျန်းကြမည်ဖြစ်ကာ မျိုးနွယ်စု(၁၃)စု ပျောက်ကွယ်သွားနိုင်၏။

အဖွဲ့မှူးများစွာက စုရုံးကြည့်နေတော့သည်။ သူတို့က ကျန်းရီနှင့် ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့နှင့် ပြဿနာရှိတာကို လျစ်လျူရှုထားနိုင်၏။ သို့သော် ကျန်းရီက စည်းကျော်လာသည်။ မိုးကြိုးတောင်တန်းရှိ ထိုမိုးကြိုးကျောက်တုံးများက သူတို့အပိုင်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ကောင်းကင်ဧကရာဇ် အယောက်(၅၀)က ၎င်းကိုစုဆောင်းပြီးနောက် တစ်ဝက်ကို အဖွဲ့မှူးများအား ပေးရသည်။

ယခုအချိန်တွင် ကျန်းရီက ကျား၏ခံတွင်းဝမှအစာကို လုနေခြင်းသာဖြစ်သည်။ ကျန်းရီက သူတို့အကျိုးအမြတ်ကို မထိပါးလျှင် သူတို့စိတ်ထဲထားမှာမဟုတ်ပေ။ သို့သော်သူ ထိပါးခဲ့လျှင် သူတို့က ဝင်ပါလာလိမ့်မည်။ မဟုတ်လျှင် လူတိုင်းဆာလောင်လာပြီး သူ၏လူများက အဖွဲ့မှူးများ၏ အင်အားကို ယုံကြည်ချက် ကင်းမဲ့သွားလိမ့်မည်။

ချက်ချင်းပင် အဖွဲ့မှူး(၁၀)ယောက်က သတိပေးစာထုတ်ပြီး ကျန်းရီကို သတ်ဖြတ်ရန် ကျိန်ဆိုကြကာ ကျန်သည့်အဖွဲ့မှူး(၄)ယောက်ကမူ ထူးထူးဆန်းဆန်း ငြိမ်နေလေ၏။ ထို(၄)ယောက်ထဲတွင် ထိပ်တန်းအဖွဲ့မှူး (၃)ယောက်ပါဝင်၏။

ပါ့တောက်က ရန်အလိုဆုံးဖြစ်ကာ သူသည် ကျန်သည့် အဖွဲ့မှူးများကို ဆက်သွယ်ပြီး ဆွေးနွေးနေလေ၏။ သူတို့အားလုံးက ကျွမ်းကျင်သူတစ်စုဖြင့် မြို့ပြင်သို့ထွက်ကြရာ မိုးကြိုးတောင်တန်းများဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်ရောက်သွားလေ၏။

အဖွဲ့မှူးဆယ်ယောက်နှင့် ကောင်းကင်ဧကရာဇ် တစ်ရာနီးပါးက မိုးကြိုးတောင်ခြေသို့ ရောက်လာသည်မှာ အနားရှိ သိုင်းပညာရှင်များအားလုံးကို ကြောက်လန့်သွားစေ၏။ အများစုက ကြောက်လန့်တကြား ဒူးထောက်နေကြစဉ် အဖွဲ့မှူးခြောက်ယောက်က သူတို့ကို လျစ်လျူရှုထားလျက် မိုးကြိုးတောင်ဆယ်လုံးနောက်ရှိ မိုးကြိုးတောင်ကြားဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားတော့သည်။

ထျန်း

သူတို့ထွက်သွားသည်နှင့် မိုးကြိုးတောင်တန်းက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ လူများစွာတို့က အပူတပြင်း ဆွေးနွေးနေကြပြီး ကျန်းရီအသတ်မခံရခင် မည်မျှကြာရှည်ခံမည်ဆိုတာကို လောင်းကြေး ထပ်နေကြသည်။

သို့သော် နေ့ဝက်ကြာပြီးနောက် အဖွဲ့မှူးဆယ်ယောက်က သုန်မှုန်နေသည့် အမူအရာဖြင့် ပြန်လာစဉ် အနောက်ရှိ ကောင်းကင်ဧကရာဇ်များက ပိုတောင်ဆိုးရွားလာလေတော့သည်။ အဖွဲ့မှူးဆယ်ယောက်က ကောင်းကင်မိုးကြိုးမြို့သို့ တိတ်တဆိတ် ပျံသန်းသွားကာ ကောင်းကင်ဧကရာဇ် တစ်ရာနီးပါးကို လူဖြန့်ထားပြီး ထားရစ်ခဲ့ကာ မိုးကြိုးတောင်တန်းကို စောင့်ဆိုင်းနေစေ၏။

“သူတို့လိုက်တာ မအောင်မြင်ဘူးလား”

ထိုဖြစ်နိုင်ခြေက လူတိုင်းစိတ်ထဲတွင် ပေါ်လာ၏။ သူတို့က ကျန်းရီကို သတ်ဖြတ်ခဲ့လျှင် အဖွဲ့မှူးခြောက်ယောက်က ထိုမျှ မှုန်မိုင်းနေမည်လော။ ကောင်းကင်ဧကရာဇ်အားလုံးက ဤနေရာတွင် ကျန်နေဖို့က မဖြစ်နိုင်ချေ။

“အဲဒီကောင်က မိုးကြိုးတောင်ကြားရဲ့ အနက်ဆုံးအပိုင်းကို သွားတာပဲဖြစ်ရမယ်။ အဖွဲ့မှူးခြောက်ယောက်က တော်တယ်ဆိုပေမဲ့ ဒီလောက်အကြာကြီး ခံနိုင်ရည်မရှိဘူးလေ”

“ဟူး ဟူး အဲဒီကောင်က တကယ် ဖြုံလောက်လို့လား။ သူကမိုးကြိုးမီးကို မကြောက်ဘူးလား”

“သွားစမ်းပါ သူသာမိုးကြိုးမီးကို ကြောက်တယ်ဆိုရင် နှစ်ညလောက် အပြင်မှာ နေနိုင်မှာလား”

“သူ့မှာရတနာတစ်ခု ရှိရမယ်။ ကျွတ် ကျွတ် အဲဒီရတနာကို အပူဒဏ်ကို ခံနိုင်တာများလား။ ဘယ်လိုရတနာမျိုး ဖြစ်မလဲ”

“အဲဒီကောင်တော့ ပွတော့မှာပဲ။ သူက မနက်တိုင်း ဒီလာပြီး မိုးကြိုးကျောက်တုံးတွေကို စုဆောင်းနေတာ။ လအနည်းငယ် ကြာပြီးရင် မိုးကြိုးကျောက်တုံး သိန်းချီရှိလာမယ်လို့ ဆိုလိုတာပဲ”

“ဒါကအိမ်မက်တစ်ခု ဖြစ်ရုံပဲ။ မြို့ထဲမှာ မိုးကြိုးကျောက်တုံးတွေကို လွှဲပေးရအုံးမှာ ဟုတ်တယ်ဟုတ်။ သူတို့မှာ လူကိုးယောက်ရှိတာ။ မိုးကြိုးကျောက်တုံးတွေ လွှဲမပေးနိုင်ခဲ့ဘူးဆိုရင် မြို့ထဲကတပ်ဖွဲ့က သူ့ကိုမောင်းထုတ်မှာ သေချာတယ်။ မြို့စောင့်တပ်ကလည်း မီးဒဏ်ခံနိုင်တဲ့ ရတနာတွေရှိပြီးသား။ သူတို့ကသူ့ကို ပျောက်ကွယ်သွားအောင် အလွယ်တကူ လုပ်နိုင်မှာပဲ”

“ဟုတ်တယ် သူမြို့ထဲကို ပြန်လာရဲရင် သေချာပေါက် အသတ်ခံရမှာ။ သူစုဆောင်းထားတဲ့ မိုးကြိုးကျောက်တုံးတွေ အားလုံးက ဌာနမှူးတွေရဲ့ကိုယ်စား စုဆောင်းထားတာပဲ”

လူတစ်သောင်းကျော်က ဆွေးနွေးနေကြရာ ဘဲအကောင်တစ်သောင်း တဂတ်ဂတ်ဖြစ်နေသည့်ပမာ ဆူညံနေတော့သည်။ မနာလိုဖြစ်သူများ အားကျသူများ မုန်းတီးနေသူများ ရက်ရက်စက်စက် ကျိန်ဆဲနေသူများ ရှိသည်။

ကျန်းရီက ယခုအချိန်တွင် ပိုတောင်နာမည်ကြီးလာတာ ငြင်းနိုင်ဖွယ်မရှိပေ။ လက်တလော နှစ်များအတွင်း ကျန်းရီက အဖွဲ့မှူးခြောက်ဦးကို ကျရှုံးပြီး ပြန်လာအောင် ပြုလုပ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူတို့က သူမည်မျှဇွှဲရှိမည်ဆိုတာကို မြင်ချင်၏။

တစ်ရက်တာ ဆူညံနေပြီးနောက် လူတိုင်းက ညအချိန်တွင် ပြန်ရတော့သည်။ ထိုလူများကို မပြောနှင့် အဖွဲ့မှူးဆယ်ဦးကတောင် ညအချိန်၌ ဤနေရာတွင် မနေရဲချေ။ အပူချိန်က မြင့်မားလွန်း၏။ ပိုအရေးကြီးသည်က မိုးကြိုးမီးများစွာ ရှိနေတာပဲဖြစ်သည်။ မိုးကြိုးမီးတစ်စက ပေါ်လာပြီး အရပ်မျက်နှာအားလုံး လှည့်ပတ်သွားလာလေလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအချိန်ရောက်လျှင် သေဖို့သာ စောင့်နေရမှာပဲဖြစ်သည်။

ကောင်းကင်တွင် ပုန်းပြီး မြေကြီးအောက်တွင် ပုန်းရမည်လော။

ကောင်းကင်မိုးကြိုးကျွန်း၌ မိုးကြိုးစုစည်းခြင်း အစီအရင်ရှိသည်။ မြေကြီးကို တူးဖို့ မဖြစ်နိုင်။ ခပ်မြင့်မြင့် ပျံလွန်းလျှင်လည်း မိုးကြိုးပစ်ခံရလိမ့်မည်။

ညအချိန်ရောက်လာသည့်အခါ ပတ်ဝန်းကျင်က တဖြည်းဖြည်းချင်း တိတ်ဆိတ်လာ၏။ တစ်နာရီခန့် ကြာပြီးနောက် အနီရောင်အရိပ်တစ်ရိပ်က မိုးကြိုးတောင်ကြားအတွင်းမှ ပေါ်ထွက်လာတော့သည်။ ကျန်းရီက မိုးကြိုးတောင်တန်း အနီးတစ်ဝိုက်သို့ ပြန်လာလေ၏။

“ဟီး ဟီး”

ကျန်းရီသည် ပတ်ဝန်းကျင်ကိုစစ်ဆေးပြီး ဤနေရာတွင် မည်သူမှမရှိကြောင်း အတည်ပြုပြီးနောက် ထိုင်ရန်အတွက် မိုးကြိုးမီး မရှိသည့်နေရာကို ရှာလိုက်သည်။ သူက ဧကရီနန်းတော်ကို ထုတ်ယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူတို့နှင့်ပြောပြီးနောက် လက်ရှိတွင် အလွန်လုံခြုံနေကြောင်း သို့သော် ယာယီတော့ ထွက်လာ၍မရကြောင်း ဆိုခဲ့သည်။ ပြီးနောက် သူတို့ကို ဧကရီနန်းတော်ထဲ၌ နေခိုင်းထားလိုက်၏။

နေ့အချိန်တွင် သူက အလိုက်ခံရမှာကို ရှောင်ကြဉ်ရန်အတွက် မိုးကြိုးတောင်ကြားထဲသို့ ဝင်ရောက်ပြီး ညအချိန်တွင် မိုးကြိုးမီးများက နေရာအနှံ့ရှိနေသည်။ ပုံမှန်မဟုတ် မြင့်မားသောအပူချိန်ဖြင့် လူတိုင်းက အပြင်ထွက်လာလျှင် အပူဒဏ်ကို ခံနိုင်ရည်မရှိမှာ သေချာ၏။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ တောကြီးမျက်မည်းထဲ၌ သူတစ်ယောက်ထဲသာ နေရတော့သည်။

သူက ကျောက်ဆောင်ပေါ်၌ ထိုင်ပြီး မိုးနှင့်မြေတစ်သားထဲ အခြေအနေထဲသို့ ဝင်ရောက်ကာ တာအိုပုံစံတည်ရှိမှုကို ဆက်လက်အာရုံခံနေ၏။ တစ်ညတာ ဆင်ခြင်ရန် ကြိုးစားပြီးနောက် ဘာကိုမှမတွေ့သေးပေ။ ထိုတာအိုပုံစံက ဆန်းကြယ်လွန်းသည်။ နားလည်သဘောပေါက်နိုင်လျှင် ၎င်းကို မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်မှာဖြစ်ပြီး မဆင်ခြင်နိုင်လျှင် တစ်ဘဝလုံး ဆင်ခြင်ရန် လုံလောက်မှာတောင်မဟုတ်ချေ။ ယင်းက အသုံးမဝင် ဖြစ်သွားလိမ့်မည်။

ကျန်းရီက တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို ဖမ်းဆုပ်မိပြီဆိုသောအချက်သည် သူက တာအိုပုံစံကို နားလည်သဘောပေါက်ရန် အခွင့်အရေးရှိကြောင်း သက်သေပြခဲ့တာပဲဖြစ်သည်။ ထို့ကြောင့် သူက အလျင်မလိုပေ။ တစ်ရက်အတွင်း နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် ဆယ်ရက် သို့မဟုတ် ရက်တစ်ရာအတွင်းတွင်တောင် ရနိုင်၏။

ယခုအချိန်တွင် မိုးကြိုးတောင်ကြားထဲ၌ မိုးကြိုးကျောက်တုံးများကို ထပ်မံတူးဖော်စရာ မလိုတော့ပေ။ မနက်တိုင်း၌ မိုးကြိုးကျောက်တုံး ခုနှစ်ရာ၊ ရှစ်ရာဝန်းကျင်ကျ၏။ ဤအတိုင်း ဆက်ဖြစ်ပွားနေလျှင် တစ်လအတွင်း မိုးကြိုးကျောက်တုံး တစ်သောင်းကျော် ရလာပြီး ငါးလအတွင်း မိုးကြိုးကျောက်တုံး တစ်သိန်းကျော် ရလာလိမ့်မည်။ သူတို့ ကောင်းကင်မိုးကြိုးမြို့၌ အချိန်အတော်ကြာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရန် လုံလောက်၏။

သူ ယခုပြုလုပ်ရန် လိုအပ်နေသည်က သူ၏ခွန်အားကို မြင့်တင်ရန်ဖြစ်သည်။

မဟုတ်လျှင် ငါးလကြာပြီးနောက်သူသည် မိုးကြိုးကျောက်တုံးများ ပေးရန်အတွက် မြို့သို့ ဝင်ရောက်နိုင်မှာ မဟုတ်ဘဲ အညှာအတာမရှိ အသတ်ခံရပေလိမ့်မည်။ ယခင်က သူလွှဲပေးထားသည့် မိုးကြိုးကျောက်တုံးများ အားလုံးကို ပေးအပ်ပြီးနောက် သူသည်  ငါးလကြာပြီးမှ ကျန်သည့် မိုးကြိုးကျောက်တုံးများကို လွှဲပေးရန်သာ လိုအပ်၏။

တစ်ညတာက မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။ ကျန်းရီက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးဖွင့်လိုက်ကာ မည်သည့်ရလဒ်ကိုမှ မရသေးချေ။ ကောင်းကင်က လင်းထိန်နေပြီးဖြစ်ရာ မိုးကြိုးမီးများက မိုးကြိုးတောင်တန်းများထဲသို့ ရောက်ချလာတော့သည်။ မိုးကြိုးတောင်တန်းများမှ ဆုတ်ခွာလာတော့၏။ မြေပြင်ပေါ်၌ မိုးကြိုးကျောက်တုံး တစ်ထောင်ကျော်ရှိနေသည်။ ကောင်းကင်မိုးကြိုးမြို့မှ သိုင်းပညာရှင်များကလည်း ကမန်းကတန်း ရောက်လာ၏။

ဝှစ်

သူက မိုးကြိုးတောင်တန်းများကို ဖြတ်ကျော်လျက် မိုးကြိုးကျောက်တုံးများကို လမ်းတစ်လျှောက် သိမ်းဆည်းသွားသည်။ စုဆောင်းမှု လမ်းတစ်ဝက်တွင် လူရိပ်များကို တွေ့လိုက်ရ၏။ တွေဝေမနေဘဲ လေပြင်းပမာ မိုးကြိုးတောင်ကြားထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည်။ သိုင်းပညာရှင်များက မိုးကြိုးတောင်၏ အနီးတစ်ဝိုက်သို့ ရောက်သည့်အချိန်၌ သူကတောင်ကြားအတွင်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“သေစမ်း”

မရေမတွက်နိုင်သည့် လူပေါင်းများစွာက ကျယ်လောင်စွာ ကျိန်ဆဲကြတော့၏။ သို့သော် အဖွဲ့မှူးဆယ်ဦးတောင် ကူကယ်ရာမဲ့နေလေရာ သူတို့ဘာကို လုပ်နိုင်အုံးမည်နည်း။ ရွေးချယ်စရာမရှိဘဲ အဖွဲ့မှူး ဆယ်ယောက် နည်းလမ်းတစ်ခုကို စဉ်းစားမိချိန်အထိ စောင့်လျှင်စောင့် မဟုတ်လျှင် ကျန်သည့်လေးယောက် ပါလာမည့်အချိန်ကို စောင့်ရမှာပဲဖြစ်သည်။

မပါဝင်သည့် အဖွဲ့မှူး လေးယောက်ထဲတွင် သုံးယောက်က ခွန်အားအသန်မာဆုံးဖြစ်၏။ ဟုစမ်း၏ သူဌေးကဲ့သို့ပင် အဖွဲ့မှူးလီက မြို့ထဲတွင် အဆင့်သုံးဖြစ်၏။ ဒုတိယအဆင့် လန့်အောင်းထျန် အဖွဲ့မှူးလန့်ရှိပြီး နံပါတ်တစ်က အစ်မကြီးဆည်းလည်းဖြစ်၏။ အထူးသဖြင့် အစ်မကြီးဆည်းလည်းက အသက်သုံးဆယ်တောင် မကျော်သေးပေ။ သို့သော် သူမ၏ခွန်အားက လူတိုင်းကို လွှမ်းမိုးနိုင်ရန် လုံလောက်၏။ သူမက ကောင်းကင်ဧကရာဇ်နယ်ပယ် ဆဌမအဆင့်တွင်သာ ရှိသေးသော်ငြား တိုက်ပွဲဝင်ခွန်အားက အဆင့်မြင့် ကောင်းကင်ဧကရာဇ် တစ်ဦးနှင့် ယှဉ်နိုင်သည်။ သူမတစ်ယောက်ထဲဖြင့် ကျန်သည့်အဖွဲ့မှူး ကိုးယောက်ကို သုတ်သင်ရှင်းလင်းပစ်နိုင်၏။ လုမျိုးနွယ်စု၏ သာမာန်စစ်သည်များကတောင် သူမကို အလွန်လေးစားရသည်။ အစ်မကြီးဆည်းလည်းက သူမ၏ အမည်မဟုတ်ပေ။ သူမအမည်ကို သိသည့်သူမရှိကြပေ။ သူတို့က အစ်မကြီးဆည်းလည်းဟု ခေါ်ရခြင်းမှာ သူမ၏လည်ပင်း၌ ပန်းရောင်ဆည်းလည်းလေးများ ရှိသောကြောင့်ဖြစ်၏။ ထိုဆည်းလည်းများက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည့် အဖိုးတန် ရတနာတစ်မျိုး ဖြစ်သည်။ အားလုံးက သူတော်စင် အသုံးအဆောင် ဖြစ်နိုင်သော်ငြား အစ်မကြီးဆည်းလည်းက ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ပိုင်ဆိုင်ထားလေရာ သူမ၏ တိုက်ပွဲဝင်ခွန်အားကို အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိရောက်အောင် တိုးမြှင့်ပေးနိုင်သည်။

လွန်ခဲ့သည့်ဆယ်နှစ်က အစ်မကြီးဆည်းလည်းသည် ကောင်းကင်မိုးကြိုးကျွန်းသို့ သူတစ်ဦးတည်း ရောက်လာခဲ့ပြီး အဖွဲ့မှူးဆယ်ဦးထဲမှ တစ်ဦးက သူမကို သူ၏အမျိုးသမီးကျွန်အဖြစ် ထားချင်ခဲ့သည်။ ရလဒ်အနေဖြင့် အစ်မကြီးဆည်းလည်းက မြို့အပြင်ဘက်၌ အဖွဲ့မှူးကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့၏။ သူမတစ်ဦးတည်းဖြင့် အဖွဲ့မှူးနှင့် ကောင်းကင်ဧကရာဇ် လက်အောက်ငယ်သား အယောက်နှစ်ဆယ်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ရာ အဖွဲ့မှူးအသစ် ဖြစ်သွားတော့သည်။ ပြီးနောက် နောက်ထပ် အဖွဲ့မှူးက လက်မခံနိုင်လေရာ သူမက တစ်ချက်ထဲဖြင့် ရှင်းထုတ်ပစ်လိုက်တော့သည်။

“ညီမငယ်ရှောင်ဟုန်က အစ်မကြီးဆည်းလည်းကို သတင်းပို့ပါတယ် အဖွဲ့မှူးဆယ်ယောက်က တွေ့ဆုံခွင့် တောင်းနေလို့ပါ”

မြို့၏အရှေ့ဘက်ခြမ်းရှိ ကျော့ရှင်းသော ခြံဝန်းအပြင်ဘက်၌ ပါ့တောက် အဖွဲ့မှူးလုံနှင့် ကျန်သည့်သူများက ပြုံးနေသည့်မျက်နှာထားဖြင့် ခြံဝင်းအပြင်ဘက်၌ ရပ်နေကြစဉ် အစေခံမလေးကို တလေးတစား ပြောလိုက်၏။

ထိုအစေခံမိန်းကလေး၏ ဖြုံလောက်သည်မဟုတ် ဗာဂျရာနယ်ပယ် တတိယအဆင့်တွင်သာရှိ၏။ သို့သော် သူမက အဖွဲ့မှူးခြောက်ယောက်အပေါ်တွင် အလွန်မောက်မာ ထောင်လွှားသည်။ သူမ၏ စွဲမက်ဖွယ်တင်ပါးကို ချာကနဲလှည့်လိုက်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

“ရှင်တို့အားလုံး ဒီမှာစောင့်နေ သခင်မလေးကို အကြောင်းကြားပေးမယ်”

ခြောက်ယောက်လုံးက လေတောင်မလည်ရဲဘဲ နာနာခံခံ စောင့်နေလေ၏။ အကြောင်းမှာ သူတို့က အစ်မကြီးဆည်းလည်းဆီမှ အကူအညီတောင်းရန် ရောက်လာသောကြောင့်ဖြစ်သည်။ သူမတစ်ဦးတည်းသာလျှင် ကျန်းရီကို သတ်ဖြတ်နိုင်ပြီး သူတို့၏အရှက်ကွဲမှုကို ရှင်းလင်းနိုင်တာပဲဖြစ်၏။

...

All Chapters