မိုးကြိုးဓာတ်တာအိုပုံစံ
Vol. 49 Ch. 672
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် အစေခံမိန်းကလေးက ထွက်လာသည်။ သူမက ပါ့တောက်နှင့် လုံယဲ့ကို စိတ်မပါလက်မပါ ကြည့်ပြီးပြောလိုက်၏။
“သခင်မလေးက ရှင်တို့လာရတဲ့ အကြောင်းအရင်းကို နားလည်တယ်လို့ ပြောတယ်။ ဒါပေမဲ့ လတ်တလောမှာ တာအိုပုံစံတစ်မျိုးကို စမ်းသပ်နေတာကြောင့် ဒီလိုရှုပ်ထွေးတဲ့ ကိစ္စကို ကရုစိုက်ဖို့ အချိန်မရှိဘူး။ သူ့ကို အကြောင်းထပ်မကြားခင် လအနည်းငယ်လောက် စောင့်ဆိုင်းပေးပါ”
“လအနည်းငယ် ကြာပြီးမှလား”
ပါ့တောက်၏ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သူတို့က နောက်ထပ် လအနည်းငယ် ထပ်စောင့်ရန် လိုအပ်မည်ဖြစ်ကြောင်း သူတို့သိနေခဲ့လျှင် အစ်မကြီးဆည်းလည်းနှင့် တွေ့ခွင့်ရရန် မည်ကဲ့သို့စိတ်ထဲ ထားတော့မည်နည်း။ သူတို့က စုံစမ်းစစ်ဆေးပြီးသားဖြစ်၏။ ကျန်းရီသည် ငါးလစာ တန်ကြေးရှိသော မိုးကြိုးကျောက်တုံးများကို လွှဲပေးသွား၏။ ထို့ကြောင့်သူက ငါးလကြာပြီးမှ ပြန်လာမှာဖြစ်သည်။ အချိန်ကျလာသောအခါ သူတို့ကသူ့ကို မြို့ဂိတ်ဝ၌ အလွယ်တကူ ဟန့်တားနိုင်မှာပဲဖြစ်သည်။
ကျန်းရီကို ခေါင်းဖြတ်ချင်ရသည့် အကြောင်းအရင်းမှာ သူတို့၏ ဂုဏ်သိက္ခာကြောင့်ဖြစ်၏။ ပိုအရေးကြီးသည်က လက်အောက်ငယ်သားများ၏ စိတ်ခွန်အားကြောင့်ဖြစ်သည်။
လက်အောက်ငယ်သားများ၏ စိတ်ခွန်အား ပြောင်းလဲသည်နှင့် သူတို့ကို ဦးဆောင်ရန် ခဲယဉ်းသွားလိမ့်မည်။ ဤနှစ်များအတွင်း သူတို့က ကောင်းကင်မိုးကြိုးမြို့ထဲရှိ အခြေအနေကို တည်ငြိမ်အောင် စီမံခန့်ခွဲနိုင်ခဲ့၏။ ထိုသို့တိုင် တစ်ကိုယ်တော်ဝံပုလွေက သူတို့၏ အခွင့်အာဏာကို စိန်ခေါ်လာသည်။ အချိန်ကာလ တစ်ခုကြာပြီးနောက် မီးဝံပုလွေ သို့မဟုတ် ကြမ်းတမ်းသော ဝံပုလွေကတောင် ရေပန်းစားလာလောက်၏။ သူတို့၏ နောက်ဖေးခြံဝန်း မီးစလောင်သည်နှင့် သူတို့လူများက အားနည်းချက် ရှိလာကုန်လိမ့်မည်။ ကောင်းကင်မိုးကြိုးမြို့ကလည်း ဗရမ်းဗတာ ဖြစ်လာမှာသေချာ၏။ အဖွဲ့မှူးလုံက ခဏတာ တွေဝေနေပြီးနောက် လေးလံသောအသံဖြင့် ပြောလိုက်၏။
“တစ်ကိုယ်တော် ဝံပုလွေ အဲဒီမျိုးမစစ်က အာရုံမတက်ခင်မှာ ကျုပ်တို့ရဲ့ မိုးကြိုးကျောက်တုံးတွေကို အမြဲတမ်း လုယူနေတာ ဒီနည်းနဲ့ဆိုရင်သူက အစ်မကြီးဆည်းလည်းကို အထင်သေးနေတာပဲ။ တစ်ယောက်ယောက်က အစ်မကြီးဆည်းလည်းရဲ့ အခွင့်အာဏာကို စိန်ခေါ်ရဲတယ်ဆိုမှတော့ ကျုပ်တို့ သူ့ကိုသတ်သင့်တယ်။ ဒါကိုအချိန်မဆွဲသင့်တော့ဘူး”
အဖွဲ့မှူးလုံ၏အသံက တိုးသည်လည်းမဟုတ်။ အလွန်ကျယ်သည်လည်းမဟုတ်။ ညင်သာ၏။ သို့သော်ငြား သူက ပတ်ဝန်းကျင်သို့ ရှင်းလင်းစွာ ပြန့်သွားစေနိုင်သည့် အထူးစွမ်းအင်တစ်မျိုးကို အသုံးပြုထားရာ ၎င်းကိုလူများစွာ ကြားရ၏။ ခြံဝန်းထောင့်ဘက်တွင် ရှိနေသော အစ်မကြီးဆည်းလည်းကလည်း ကြားမှာသေချာသည်။ အမှန်တကယ်တွင်သူက အစ်မကြီးဆည်းလည်း ၎င်းကိုကြားစေရန် တမင်ပြောလိုက်တာပဲဖြစ်၏။
အစေခံမိန်းကလေးကလည်း သူထိုအဖွဲ့မှူးများ ဤအတိုင်းထွက်သွားမှာမဟုတ်မှန်း သိနေ၏။ သို့သော် အစ်မကြီးဆည်းလည်း၏ဆန္ဒကို သူကမည်ကဲ့သို့ ဖီဆန်ရဲမည်နည်း။ သူမကသူတို့ကို ထွက်သွားခိုင်းတော့မည့် အချိန်၌ ခြံဝန်းထဲကနေ အသံယဲ့ယဲ့ ထွက်လာလေ၏။
“ရှင်တို့အားလုံး ပြန်သွားသင့်ပြီ။ ဒီကိစ္စကိုကျွန်မ ဝင်စွက်ဖက်မှာမဟုတ်ဘူး။ နည်းလမ်းတစ်ခု ရှင်တို့ဘာသာ စဉ်းစားသင့်တယ်”
အသံက အလွန်သိမ်မွေ့ပြီး နူးညံ့ကာ နားထောင်သူအဖို့ နဝင်ပီယံဖြစ်စေ၏။ သို့သော် လေသံက အလွန်တည်ကြည်နေပြီး သူမ၏ဆုံးဖြတ်ချက်ကို အမေးထုတ်သည့်သူများကို သည်းခံမှာ မဟုတ်သည့်ပမာ ဖြစ်နေ၏။ အဖွဲ့မှူးလုံ ပါ့တောက်နှင့် ကျန်သည့်သူများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၏။ သူတို့က သက်ပြင်းချကာ မကျေမချမ်း ထွက်သွားကြတော့၏။
အားလုံးထွက်သွားပြီးသည်နှင့် အစေခံမလေးကလည်း ဖွံ့ထွားသော တင်ပါးများကို လွှဲယမ်းလျက် ပြန်ဝင်လာ၏။ သူမက ခန်းမထဲ၌ အေးအေးလူလူ လက်ဖက်ရည် ထိုင်သောက်နေသည့် ကျော့ရှင်းသော မိန်းမပျိုလေးကို ကြည့်ပြီးနောက် သံသယဖြင့် မေးလိုက်တော့သည်။
“သခင်မလေး အဲဒီကောင်စုတ်ကို သတ်ဖို့အတွက် ဘာကြောင့်များ မလှုပ်ရှားတာလဲ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရှောင်တုန်းစီနဲ့ အခြားသူတွေအပ်တဲ့ မိုးကြိုးကျောက်တုံး အရေအတွက်က သိသိသာသာ လျော့သွားတာ။ အဖွဲ့မှူးလုံပြောတာ မှန်တာပဲ။ အဲဒီကောင်က သခင်မလေးရဲ့အာဏာကို စိန်ခေါ်နေတာ”
ကျက်သရေရှိသည့် မိန်းမပျိုလေးက ငယ်ရွယ်ပုံပေါ်ပြီး သူမ၏ အပြုအမူတိုင်းက ဆွဲဆောင်နိုင်စွမ်း တစ်မျိုးကို ပိုင်ဆိုင်ထား၏။ ရင့်မှည့်သည့် သစ်သီးတစ်လုံးပမာ ဖမ်းစားနိုင်စွမ်းရှိပြီး သာမာန်မိန်းကလေးက ထိုကဲ့သို့ အပြုအမူမျိုး ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်ပေ။
သူမ၏ခန္ဓာကိုယ်က အတော်လေး ဖွံ့ထွားသော်ငြား ဝမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် အင်မတန် ညို့ငင်နိုင်စွမ်းရှိကာ အထူးသဖြင့် သူမ၏ ညို့ငင်နိုင်သော မျက်ဝန်းတစ်စုံဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အစေခံမလေးကတောင် နိုးဆွခံရသည့်ပမာ ခံစားရ၏။
သူမက ထိုအစေခံမိန်းကလေးကို တစ်ချက်ကြည့်ပြီးနောက် မသိလိုက် မသိဘာသာ ပြောလိုက်၏။
“ဒီလိုလုပ်ရတာ ငါ့မှာအကြောင်းပြချက်ရှိတယ်။ ဘယ်အချိန်ကစပြီး င့ါကိုအမေးထုတ်ဖို့ လိုသွားတာလဲ”
အစေခံမလေး၏ နုနယ်သော ခန္ဓာကိုယ်ကလည်း တုန်ယင်သွားကာ ကြောက်လန့်တကြား ဒူးထောက်လိုက်တော့သည်။
“ဒီအစေခံက အမှားသိပါပြီ”
အစ်မကြီးဆည်းလမ်းက လက်ဖက်ရည်ခွက်ကို မြှောက်ပြီးနောက် နှုတ်ခမ်းနားတေ့လိုက်၏။ သူမရင်ဘက်ပေါ်ရှိ ခေါင်းလောင်းက ခပ်ဖျော့ဖျော့ ယိမ်းသွားလျက် ကြည်လင်သည့် အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ သူမက ခပ်လျော့လျော့ ဝတ်ဆင်ထားပြီး အပြာဖျော့ဖျော့ ခါးပတ်ရှည်ကို ဝတ်ထားလျက် သူမ၏ရင်ဘက်၌ ဆည်းလည်းလေးများကရှိနေပြီး သူမ၏ရင်ညွန့်ကို ပေါ်နေစေကာ ပိုတောင်ဖမ်းစားနိုင်စွမ်း ရှိနေစေ၏။
လက်ဖက်ရည်သောက်ပြီးနောက် သူမက ဂိတ်ဝကိုကြည့်လျက် ပြတင်းပေါက် အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်သည်။ သူမဘာသာ ရေရွတ်ပြောလိုက်တော့၏။
“ငါအသက် (၁၃)နှစ်တုန်းက နဂါးဖြူ ကျွန်းစုနားတစ်ဝိုက်မှာ အိမ်ခြေရာမဲ့ စတင်လျှောက်သွားခဲ့တာ။ ဒီ(၁၂)နှစ်အတွင်း မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ လူတွေကို ကြုံတွေ့ခဲ့ရတယ်။ လူတစ်ယောက်ကို အမြဲတမ်း မျှမျှတတ ဆုံးဖြတ်တယ်။ ဘယ်တုန်းကမှ မမှားဖူးဘူး။ ဒီလူငယ်က ဒီလိုအောင်မြင်မှုနဲ့ပဲ ကန့်သတ်ခံထားရမဲ့လူ မဟုတ်တာ သေချာတယ်။ အနည်းဆုံးတော့ သေးငယ်တဲ့ ကောင်းကင်မိုးကြိုးမြို့က သူ့ကိုထိန်းထားနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဘာကြောင့်များ သူ့ကိုငါက ရန်စသင့်တာလဲ။ ဟီး ဟီး။ ငါတို့ကြည့်သင့်တယ်။ ငါးလကြာပြီးတဲ့နောက် အဲဒီကောင်လေး ဘာမှားယွင်းမှုမှမရှိဘဲ မြို့ကိုသေချာပေါက် ပြန်လာလိမ့်မယ်။ သူပြန်လာတာနဲ့ ငါ့ကိုချက်ချင်း အကြောင်းကြား”
အစ်မကြီးဆည်းလည်းက ပြောပြီးသည်နှင့် လက်ဖက်ရည် သောက်ပြီးသွား၏။ သူမက လှည့်ထွက်သွားကာ အခန်းထဲသို့ ပြန်သွားလေရာ အစေခံမလေးကို အံ့သြစွံ့အစွာ ကျန်ရစ်စေတော့သည်။ အစေခံမလေး၏ ကျက်သရေရှိသော မျက်နှာထက်၌ ထိတ်လန့်သည့် အမူအရာကို မြင်ရ၏။ အချိန်အတော်ကြာပြီးနောက် သံသယအရိပ်ဖြင့် ပြောလိုက်၏။
“အဲဒီကောင်စုတ်လေးက ဗာဂျရာနယ်ပယ်မှာပဲ ရှိသေးတယ်လို့ သတင်းပို့ထားတာ မဟုတ်ဘူးလား။ သူ့ဘေးမှာ ကောင်းကင်ဧကရာဇ် နှစ်ယောက်ရှိရင်တောင် အဖွဲ့မှူးခြောက်ယောက်ရဲ့ ဝင်စွက်ဖက်မှုနဲ့ သူဘယ်လိုလုပ် ပြန်လာနိုင်မှာလဲ။ ငါတို့ပြောနေတာ အဖွဲ့မှူးခြောက်ယောက်လေ”
အစေခံမလေးက ၎င်းကိုနားမလည်နိုင်ပေ။ ကျန်းရီကဲ့သို့ သာမာန်လူကို မဆိုထားနှင့် ပါ့တောက် အဖွဲ့မှူးလုံနှင့် ကျန်သည့်သူများကဲ့သို့ အလယ်အဆင့်ရှိ ကောင်းကင်ဧကရာဇ် တစ်ဦးကတောင် ထိုမျှများပြားသည့် အဖွဲ့မှူးခြောက်ယောက်၏ နှောက်ယှက်မှုအောက်၌ မြို့ထဲသို့ဝင်နိုင်မှာမဟုတ်ပေ။ သူက အစ်မကြီးဆည်းလည်းလို ပုံမှန်မဟုတ်လျှင်တောင် တစ်မျိုးဖြစ်၏။ ထိုသို့တိုင် အစ်မကြီးဆည်းလည်းက သူသေချာပေါက် ပြန်လာမည်ဟု ဆိုခဲ့သည်။ ထိုလူငယ်လေး၌ ငါးလကြာပြီးနောက် အစ်မကြီးဆည်းလည်းနှင့် ယှဉ်နိုင်သည့်ခွန်အား ပိုင်ဆိုင်နိုင်မည်ဟု ဆိုခြင်းပေလော။ ယင်းက စိတ်ကူးယဉ်ဆန်ရာ ရောက်နေချေပြီ မဟုတ်ပါလော။
အစ်မကြီးဆည်းလည်းက ဝင်မစွက်ဖက်သောကြောင့် ပါ့တောက်နှင့် ကျန်သည့်သူများက စိတ်တိုနေတော့သည်။ ပါ့တောက်နှင့် ကျန်သည့်သူများက လန့်အောင်းထျန်နှင့် အဖွဲ့မှူးလီတို့ကို သွားရှာသည့်အချိန်တွင် သူတို့က တံခါးပိတ် ကျင့်ကြံနေကြောင်း ပြောခဲ့သည်။
ပါ့တောက်က နေရာမှာတင် ကျိန်ဆဲချင်သွား၏။ မနေ့တုန်းက လန့်အောင်းထျန်သည် ဆောင်ကြာမျိုင်သို့သွားပြီး အထက်တန်းစား ပြည့်တန်ဆာ ငါးယောက် ခြောက်ယောက်ကို ခေါ်ခဲ့၏။ ထိုသို့တိုင် ယနေ့တွင်သူက တံခါးပိတ်ကျင့်ကြံသည်လော။ အရူးသာလျှင် ထိုစကားကိုယုံပေမည်။
အစ်မကြီးဆည်းလည်း၏ သဘောထားကြောင့် ထိုကဲ့သို့ ပြုမူတာဖြစ်ရမည်ဟု နားလည်သည်။ ယင်းကသူတို့ကို ပူပန်ကြောင့်ကြမှုတို့ တိုးစေ၏။ သူတို့က ထိုလူများနှင့် မတွေ့နိုင်သောကြောင့် ပါ့တောက်နှင့် ကျန်သည့်သူများကလည်း အကြံကုန်နေပြီဖြစ်၏။
မိုးကြိုးတောင်ကြားက ကျယ်လွန်းပြီး ကျန်းရီက နေ့အချိန်တွင် ထွက်မလာဘဲ မိုးကြိုးတောင်ကြား အတွင်းပိုင်း၌ ပုန်းနေလေ၏။ သူတို့၏ခွန်အားဖြင့် အနည်းဆုံး နေ့ဝက်သာ ခံနိုင်မည်ဖြစ်ကာ ကျန်းရီကိုရှာဖို့က မဖြစ်နိုင်ပေ။ ထို့အပြင်သူတို့ကသူ့ကို ရှာတွေ့လျှင် မည်သို့ဆက်ဖြစ်မည်နည်း။ သူက မိုးကြိုးမီးနား ပုန်းကွယ်နေလျှင် မည်သူကများ သူ့နားကပ်ရဲမည်နည်း။
လူတိုင်းက မြို့အရှင် အိမ်တော်ဝန်းအတွင်းရှိ စားသောက်ဆိုင်အတွင်း၌ နှစ်နာရီကြာ ဆွေးနွေးနေခဲ့သည်။ သူတို့က အကြံတစ်ခုကို တွေးမိသွား၏။ လဒ်ထိုးခြင်း သူတို့က လုမျိုးနွယ်စု၏ တပ်ဖွဲ့ဆီမှ အကူအညီတောင်းရန် ရည်ရွယ်ထား၏။
အဖွဲ့မှူးလုံက လူတိုင်း၏ စိတ်ရင်းစေတနာကို သယ်ဆောင်လျက် မြို့အရှင်အိမ်တော်၏ ဒုတိယအလွှာဆီသို့ လျှောက်လာကာ မြို့စောင့်တပ်ဖွဲ့ ခေါင်းဆောင်ကို ရှာဖွေ၏။ သို့သော် လာရောက်လည်ပတ်ခြင်း၏ ရည်ရွယ်ချက်ကို ပြောလိုက်သည့်အချိန်တွင် ပုံမှန်ဆို ဖြေရှင်းရလွယ်သည့် မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်က ချက်ချင်းပင်သူ့ကို ထွက်သွားခိုင်းတော့၏။
လုမျိုးနွယ်စုက စည်းမျဉ်းအလွန်တင်းကြပ်၏။ အဖွဲ့ခေါင်းဆောင်အဖို့ လဒ်ထိုးတာ လက်ခံတာ ဖြစ်နိုင်သော်ငြား သူတို့က မျိုးနွယ်စုစည်းမျဉ်းကို ဘယ်တော့မှ မဆန့်ကျင်ရဲပေ။
သူတို့ခြောက်ယောက်လုံးက အကြံကုန်နေပြီဖြစ်၏။ ခုခံမှုအထပ်ထပ်ချလျက် ကျန်းရီ ငါးလကြာပြီးနောက် ပြန်လာမှာကို စောင့်ဆိုင်းနေလေ၏။ အဖွဲ့ခေါင်းဆောင်များက မျိုးနွယ်စုစည်းမျဉ်းကို မဆန့်ကျင်ရဲသောကြောင့် ကျန်းရီက ငါးလကြာပြီးနောက် မိုးကြိုးကျောက်တုံးကို မအပ်ခဲ့လျှင်သူက သူ့အဖွဲ့ကိုခေါ်ပြီး တရားဝင် သုတ်သင်ရှင်းလင်းပစ်မည်ဟု သူတို့ကို ပြောခဲ့၏။
ကျန်းရီက မြို့ထဲတွင် ဖြစ်ပျက်နေသည်ကိုမသိ စိတ်ထဲမထားပေ။ သူက ကျင့်ကြံနေ၏။
နေ့အချိန်တွင်သူက မိုးကြိုးတောင်ကြားရှိ အနက်ပိုင်းဆီသို့ ဦးတည်သွားပြီးနောက် မိုးကြိုးမီးနား၌ ပုန်းနေကာ ထိုနေရာတွင် ကျင့်ကြံနေ၏။ ပတ်ဝန်းကျင်တွင် မိုးကြိုးမီး တစ်ဒါဇင်ခန့်ရှိ၏။ တစ်စုံတစ်ယောက်က သူထိုနေရာတွင်ရှိမှန်း သိနေလျှင်တောင် သူတို့က ချဉ်းကပ်လာရဲမှာ မဟုတ်ချေ။ အပူချိန်က မြင့်မားလွန်းသောကြောင့်ဖြစ်၏။ ယခုအချိန်တွင် ကျင့်ကြံပြီးနောက်သူက ညအချိန်တွင် မိုးကြိုးတောင်ဆယ်လုံး ပတ်ဝန်းကျင်သို့သွား၏။ မိုးနှင့်မြေ တစ်သားထဲ အခြေအနေထဲသို့ ဝင်ရောက်ကာ တောင်ဆယ်လုံးကို အာရုံခံနေစဉ် သူကတာအိုပုံစံ၏ အရိပ်အယောင်ကို ဆက်လက်ဖမ်းဆုပ်သည်။
အာရုံတက်ခါနီးတွင် မိုးကြိုးကျောက်တုံးများကို ချက်ချင်းသွားစု၏။ မြို့မှ သိုင်းပညာရှင်များ ရောက်လာသည့်အချိန်တွင် မိုးကြိုးတောင်ကြားအတွင်းရှိ မူလနေရာသို့ပြန်သွားကာ ဆက်လက်ကျင့်ကြံ၏။
နေ့ရက်များ ကုန်ဆုံးသွားပြီး ကျန်းရီအတွင်းအား ကျင့်ကြံသည့် အရှိန်ကလည်း အလွန်မြန်လာကာ သူသည် မိုးကြိုးကျောက်တုံး တော်တော်များများ စုဆောင်းမိပြီးဖြစ်၏။
ခြောက်ညကြာပြီးနောက် မည်သည့်ရလဒ်မှ မရှိသေးပေ။ သူက တာအိုပုံစံကို မဖမ်းဆုပ်နိုင်သည့် အချိန်များစွာရှိခဲ့၏။ သို့သော် နောက်ဆုံးအခိုက်အတန့်၌ ၎င်းကို လွဲချော်ခဲ့သည်။
“ပြဿနာကဘာလဲ”
သတ္တမမြောက်ည၌သူသည် မိုးနှင့်မြေ တစ်သားတည်း အခြေအနေတော့ မဝင်ရောက်ခဲ့ပေ။ ထိုအစား ကျောက်တုံးကြီးပေါ်၌ ထိုင်နေပြီး ကောင်းကင်ကို ထိုးဖောက်လျက်ရှိသော မိုးကြိုးတောင်ဆယ်လုံးကို စိုက်ကြည့်နေ၏။
ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်၏။ ၎င်းကို သူနားလည်သဘောပေါက် နိုင်မည်ဆိုလျှင် တာအိုပုံစံ၏ အရိပ်အယောင်ကို ဖမ်းဆုပ်မိပြီးတာ ကြာနေမှာပင်။ အတိတ်တုန်းကသူက တာအိုပုံစံကို အလွန်လျှင်မြန်စွာ နားလည်သဘောပေါက်နိုင်သည့် ကနဦးအဆင့်သို့ ရောက်သည်နှင့် သူက၎င်း၏ အနှစ်သာရကို ဖမ်းဆုပ်မိပြီး ရက်ပိုင်းအတွင်း ၎င်းတို့ကို နားလည်သဘောပေါက်ခဲ့၏။ ငါးရက်ကြာသွားပြီး ဖြစ်သော်ငြား အစောပိုင်းအဆင့်သို့ မဝင်ရောက်နိုင်သေးဘဲ ထိုတာအိုတည်ရှိမှုက ဘာမှန်းမပြောနိုင်သေးပေ။
၎င်းကို သူနားလည် သဘောပေါက်နိုင်အောင် မဆင်ခြင်နိုင်လျှင် တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို မည်ကဲ့သို့ အာရုံခံနိုင်တော့မည်နည်း။ ထို့ကြောင့် တစ်နေရာရာတွင် ပြဿနာတစ်ရပ် ရှိရမည်ဟု ကောက်ချက်ချမိသည်။ ဤပုံစံအတိုင်း ဆက်လက်ဆင်ခြင်နေလျှင် ဘယ်တော့မှ နားလည်မှာမဟုတ်ပေ။
“မိုးကြိုးတောင်တန်းထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ဘယ်လိုတာအို ပုံစံမျိုးက ပုန်းကွယ်နေတာလဲ။ မိုးကြိုးဓာတ် တာအိုပုံစံများလား။ ဒါဖြစ်လောက်တယ်။ မိုးကြိုးတောင်တန်းက မိုးကြိုးသွားကို စုပ်ယူပြီး မိုးကြိုးစုစည်းခြင်း နတ်ဘုရား အစီအရင်ရဲ့ ဗဟိုပဲ။ မိုးကြိုးတွေကို နှစ်ပေါင်းများစွာ စုပ်ယူလာခဲ့တာ။ မိုးကြိုးဓာတ် တာအိုပုံစံက အထဲမှာ တည်ရှိနေခဲ့မယ်ဆိုရင် ယုတ္တိရှိတယ်။ မိုးကြိုးတောင်တန်းတွေက သူတို့ထဲမှာ မိုးကြိုးကျောက်တုံးတွေကို ပျိုးထောင်ပေးပြီး မိုးကြိုးမီးပိုင်ဆိုင်ထားတယ်။ အားလုံးက မိုးကြိုးစွမ်းအားရှိတယ်။ ဒါပေမဲ့ ဒီမိုးကြိုးဓာတ် တာအိုပုံစံကို ငါဘယ်လို နားလည်သဘောပေါက်အောင် လုပ်ရမလဲ”
ကျန်းရီက နက်ရှိုင်းစွာ တွေးနေလေပြီးနောက် နက်နဲစွာ ဆင်ခြင်နေပြီး ကျောက်တုံးကြီးပေါ်၌ ထိုင်နေလေ၏။ သိမ်မွေ့သည့် ပင်လယ်လေက တိုက်ခတ်သွားလေရာ သူ၏မီးတိမ်သံချပ်ကာက ခန္ဓာကိုယ်အတွင်း ရှိနေလေသည်။ သူ၏အဝတ်အစားများနှင့် ဆံပင်များက လွင့်နေပြီး မိုးကြိုးမီးကလည်း လေပြေကြောင့် စတင်ယိမ်းယိုင်လာ၏။ ကျန်းရီ၏ ချောမောခန့်ညားသော မျက်နှာက ရံဖန်ရံခါတွင် လင်းထိန်လာလျက် ရံဖန်ရံခါတွင် မှောင်သွားသည်။ ထိုနည်းဖြင့် အေးစက်ပြီး အထီးကျန်သည့် အရိုင်းဆန်မှုကို ဖြစ်နေစေတော့၏။
...