← Chapters

ကောင်းကင်နတ်ဘုံ၏ ဂယက်များ

Vol. 71 Ch. 924

ကောင်းကင်နတ်ဘုံ၏ ဂယက်များ

Vol. 71 Ch. 924

ဤအခိုက်အတန့်တွင် ချင်မူပင် ခေါင်းနပန်းကြီးလာသည်။ သူ့မှာ အသူရာချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

ကောင်းကင်နတ်ဘုံအဆင့်မှာ မပြည့်စုံသေးသော်လည်း ‌အမြင့်ဆုံးအဆင့် ဖြစ်နေသေး၍ မပြည့်စုံသေးသည့် အနေအထားနှင့်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

သို့သော် ကောင်းကင်နတ်အရှင်ယုံအနေဖြင့် ပင်လယ်ပြင်ထက်က လျှို့ဝှက်ဆန်းကြယ်သောလူ၏ ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။

ဤနှစ်များတလျှောက် ကောင်းကင်နတ်ဘုံသည် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်မျိုးစုံကို စူးစမ်းရှာဖွေပြီး ကျင့်စဉ်အားလုံးကို ပေါင်းစည်းခြင်းဖြင့် ပြည့်စုံသော ကောင်းကင်နတ်ဘုံကျင့်စဉ်တစ်ခုကို ဖော်ဆောင်ရန် ကြိုးစားခဲ့နေခဲ့ကြ၏။ မအောင်မြင်ခဲ့သော်လည်း ကျင့်စဉ်များစွာ စုဆောင်းထားရှိနိုင်ခဲ့သေးသည်။

ကောင်းကင်နတ်အရှင်ရုံက ကောင်းကင်နတ်ဘုံ၏အသိုင်းအဝိုင်းမှ ထွက်၍ ယိုတုထဲတွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်ချေသည်။

တိုက်ပွဲတွင် ကျဆုံးသွားသည့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်အရေအတွက်သည် များပြားလှပြီး ဝိညာဉ်တချို့က ယိုတုသို့ ဆင်းသက်လာခဲ့ကြ၏။ ကောင်းကင်နတ်အရှင်ယုံအနေဖြင့် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များကို ရရှိထားကောင်းရရှိနိုင်သော်လည်း ကောင်းကင်နတ်ဘုံ၏ဖိနှိပ်မှုကြောင့် ယိုတုမှာ အားနည်းလာခဲ့ရ၏။

ကောင်းကင်နတ်ဘုံမှ မဟူရာ‌နတ်မင်း ကောင်းကင်ယင်သားတော်ကို မင်တုတည်ဆောက်ရန် စေခိုင်းခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိသာပေသည်။

ကောင်းကင်နတ်ဘုံ၏ ရည်ရွယ်ချက်သည် မြေအောက်ဘုံအရှင်သခင်ကို အားနည်းအောင် လုပ်ရုံသာမဟုတ်ဘဲ သေဆုံးသွားသော ဧကရာဇ်ပလ္လင်အဆင့် ဝိညာဉ်အချို့ကို လုယူရန်လည်းဖြစ်၏။

သို့ဖြစ်၍ ကောင်းကင်နတ်အရှင်ယုံအတွက် ကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်တစ်ခုကို ဖန်တီးရန် မဖြစ်နိုင်ပေ။

ထို့အပြင် ကောင်းကင်နတ်ဘုံ စုဆောင်းထားသော အရင်းအမြစ်များစွာလည်း ပါ၀င်သည့်အပြင် တာအိုဘိုးဘေးကြီး၏ အတွက်အချက်သင်္ချာကျမ်းဖြင့် ပြုစုထားသော ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများလည်း ပါရှိ၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ယုံအနေဖြင့် ပင်လယ်ထဲက လျှို့ဝှက်ဆန်းကြယ်သော လူကို ယှဉ်နိုင်မည်မဟုတ်ချေ။

ထိုမျှသာမက ကောင်းကင်နတ်အရှင်အဆင့် နောက်တစ်ယောက်ကလည်း ရောက်ရှိလာ၏။

ချင်မူ့နဖူးမှ ချွေးပြန်လာသည်။

ကောင်းကင်နတ်အရှင်ရုံက သူ၏လုံခြုံမှုကို အင်မတန် စိုးရိမ်နေသဖြင့် ကိုယ်တိုင် ၀င်ပါလိမ့်မည်ဟု မထင်ခဲ့ပေ။

သူ့မှာ ရင်ထဲ လှုပ်ခတ်သွားသော်လည်း ကောင်းကင်နတ်အရှင်ရုံ၏ အသက်ဘေးအန္တရာယ်အတွက်လည်း စိတ်ပူလာ၏။

ကောင်းကင်နတ်အရှင်ရုံက ပင်လယ်ထက်က လျှို့ဝှက်ဆန်းကြယ်သောလူနှင့် တစ်ချိန်တည်းမှာပင် စွမ်းအားထုတ်ဖော်လိုက်သည်။ သူက မီးအိမ်ကိုမြှောက်၍ ခပ်ပြင်းပြင်း ရိုက်လိုက်သည်။ ချက်ချင်းပင် နဂါးသွဲ့ပင်လယ်မှာ အလိုအလျောက် လှန်မှောက်သွားသည့်အလား ထင်ရသည်။ နောက်တခဏတွင် ကောင်းကင်နတ်ဘုံမှ နဂါးသွဲ့ရေကန် ပျောက်ကွယ်သွားပြီး မှောင်ပိန်းနေသော ကမ္ဘာတစ်ကမ္ဘာဖွဲ့တည်လာ၏။

ကောင်းကင်နတ်ဘုံ၏ နဂါးသွဲ့‌အဆောင်နှင့် နဂါးသွဲ့ပင်လယ်မှာ သူ့ကြောင့် ယိုတိုအဖြစ်သို့ ပြောင်းလဲခံလိုက်ရချေပြီ။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော လူကလည်း လှုပ်ရှားလိုက်သည်။ သူ့အနောက်၌ ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင်များက ကောင်းကင်နှင့်မြေပြင်နှင့် ချိတ်ဆက်ကာ ကျယ်၀န်းသော ဧရာမကောင်းကင်နတ်ဘုံတစ်ဘုံအား ဖန်ဆင်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ယိုတုနဂါးသွဲ့ပင်လယ်ပြင်ထက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ အလင်းရောင်များက သူ့ခန္ဓာကိုယ်မှ တောက်ပဖြာထွက်နေပြီး မပြည့်စုံသော်လည်း ထပ်တူညီသော ကောင်းကင်နန်းဆောင်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ‌

မဟာကောင်းကင်နတ်အရှင်နှစ်ယောက်က ခြေထောက်များကို မြှောက်၍ အားအင်အပြည့်ဖြင့် နဂါးသွဲ့ရေကန်ထက်သို့ နင်းလိုက်သဖြင့် သူတို့ပတ်ပတ်လည် နေရာဟင်းလင်းပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ ဖိနှိပ်ခံလိုက်ရသည့် နဂါးသွဲ့ရေကန်က ကောင်းကင်နတ်ဘုံဆီသို့ ပြန်ရောက်လာလေပြီ။

“ကောင်းကင်နတ်အရှင်ရုံ ဒီနှစ်ယောက်ကို တစ်ပြိုင်နက်ယှဉ်နိုင်ဖို့က မဖြစ်နိုင်ဘူး”

ချင်မူက ယဇ်ပလ္လင်ထက်ရှိ ဖန်ဆင်းရှင်၏အသိစိတ်အလျဉ်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက မျက်ခုံးနှစ်ဖက်ကြားမှ အလင်းတန်းတစ်တန်းထုတ်လွှတ်လိုက်၏။

ချီကျုံရီ၊ ယွင်ကျန်းလီနှင့် ကျန်ရှိသူများ အံ့အားသင့်သွားပြီး မည်သည့်အရာဖြစ်ပျက်နေမှန်း နားမလည်ကြတော့ပေ။ ချင်မူက ကောင်းကင်နတ်အရှင်နှစ်ယောက်အား တိုက်ခိုက်ရဲသည်အထိ ရဲတင်းလှသည်ဟု သူတို့ယုံကြည်သွားကြ၏။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချင်မူ၏တတိယမျက်လုံးဆီမှ အလင်းရောင်က ယွင်ချွီးရှို့ဆီသို့ ဖြာထွက်သွားသဖြင့် သူတို့နှစ်ယောက်မှာ ပို၍‌ဇဝေဇဝါ ဖြစ်သွားကြလေသည်။

ချင်မူဆီမှ အလင်းတန်းက ဖြာထွက်လာပြီး ယွင်ချွီးရှို့၏အနောက်တွင် အခေါင်းတစ်ခေါင်း ပေါ်လာသည်။ ယွင်ချွီးရှို့က အထိတ်တလန့် အော်ကာ နောက်ဆုတ်သွား၏။

ချင်မူ အင်္ကျီလက်အိုးကို ခါရမ်းလိုက်သည့်အခါ အခေါင်းက ပွင့်လာပြီး အတွင်းထဲမှ သိပ်သည်းအားကောင်းလှသည့် ကောင်းကင်အလင်းရောင် ထွက်ပေါ်လာ၏။

ယွင်ချွီးရှို့မှာ အထဲရှိအလောင်းကိုမြင်လျှင် ရင်ထဲထိတ်သွားသည်။

ချင်မူက အခေါင်းဆီသို့ လမ်းလျှောက်သွားပြီး အလေးအနက်ပြော၏။ “ကောင်းကင်နတ်အရှင်ယုံ အခြေအနေကို မကိုင်တွယ်နိုင်ရင် ကျွန်တော် ဝိညာဉ်လမ်းညွှန်နဲ့ ဒီအလောင်းရဲ့ ပိုင်ရှင်ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်ပြီး သူ့ဝိညာဉ်ကို ပြန်တည်ဆောက်ပြီး အသက်သွင်းမယ်”

ချင်မူ သူ့ကို ကြည့်လိုက်သည့်အခါ ယွင်ချွီးရှို့ကလည်း ပြန်ကြည့်သည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံလိုက်သည့်အခါ ယွင်ချွီးရှို့က ရယ်လိုက်၏။ “မှော်ဝိဇ္ဇာရှင်ဆိုတဲ့အတိုင်းပါပဲ”

ထို့နောက် သူမက တိတ်ဆိတ်သွားပြီး ကောင်းကင်က ထစ်ချုန်းလာကာ ကောင်းကင်နတ်အရှင်တစ်ယောက် ထပ်မံရောက်လာ၏။ သူ၏အရှိန်အဝါက တရှိန်ထိုး ထွက်ပေါ်လာပြီး ကောင်းကင်နန်းဆောင်များ အထပ်ထပ်ပေါ်လာသည်။ တာအိုသံများက ဟင်းလင်းပြင်တလျှောက် ပျံ့နှံ့သွား၏။

သို့သော် ဤကောင်းကင်နတ်အရှင်က ကောင်းကင်နတ်အရှင်ယုံကို မတိုက်ခိုက်ဘဲ စောစောက ကောင်းကင်နတ်အရှင်နှစ်ယောက်အား ရင်ဆိုင်နေ၏။

ထိုကောင်းကင်နတ်အရှင်နှစ်‌ယောက်မှာ အံ့အားသင့်သွားပြီး အ‌ခြေအနေကို မယုံကြည်နိုင်တော့ပေ။ ထိုလူများက ကောင်းကင်နတ်အရှင်မူကို လုပ်ကြံသည့်အတွက် အပြစ်ဒဏ်သင့်မည် စိုးရိမ်သဖြင့် သရုပ်မှန်များကို မဖော်ပြထားသောကြောင့် ယခုရောက်လာသည့် ကောင်းကင်နတ်အရှင်က မည်သူမှန်း သူတို့ မသိကြပေ။

ချင်မူ စိတ်သက်သာရာရသွားပြီး အခေါင်းကို ပိတ်ကာ တတိယမျက်လုံးထဲရှိ ချီစာလုံးမြေပြင်ထဲသို့ ပြန်ပို့လိုက်သည်။ ထို့နောက် သူက အခြေအနေကို ရင်တမမဖြင့် စောင့်ကြည့်နေ၏။

ယွင်ချွီးရှို့က သူ့ဘေးတွင် ပေါ်လာပြီး နဂါးသွဲ့ပင်လယ်ထက်၌ ဖြစ်ပွားနေသော အခြေအနေကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “ဆိုတော့ ငါ ဘယ်သူလဲ နင်သိပြီပေါ့”

ချင်မူက ခေါင်းညိတ်ပြီး ပို၍တိုးညှင်းသော အသံဖြင့် ပြန်ပြော၏။ “သိတယ်... တစ္ဆေသင်္ဘောပေါ်မှာ နတ်ဧကရီအတွက် ဝိညာဉ်တစ်ခါ ပြန်ဆင့်ခေါ်ဖူးတယ်”

ယွင်ချွီးရှို့က ရယ်လေသည်။ “ငါက လွန်ခဲ့တဲ့နှစ်ရာဂဏန်းလောက်က ဝိညာဉ်ဆင့်ခေါ်တဲ့လူရဲ့ သရုပ်မှန်က ဘာလဲ သိချင်နေခဲ့တာ.... ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင်တစ်ယောက်ရှိတယ် ကြားခဲ့တုန်းက နင်ဖြစ်လောက်မယ်မှန်း ထင်ခဲ့ဖူးတယ်... ကြည့်ရတာ ငါမှန်နေတာပဲ”

ချင်မူက ကျယ်လောင်စွာ ရယ်လိုက်သည်။

ယွင်ချွီးရှို့က အချစ်ဦးနှင့် ပထမဆုံး တွေ့လိုက်ရသော အပျိုဖြန်းဖြန်း မိန်းမငယ်လေးသဖွယ် အင်္ကျီစလေးကို လိမ်ရင်း ရှက်ရွံ့စွာ မျက်လွှာချကာ သူ့ကို ခြိမ်း‌ခြောက်၏။ “နင် ငါ့ညီမရဲ့ အ‌လောင်းကို သေသေချာချာ သိမ်းထား... မဟုတ်ရင် ငါ နင့်ကို ခွင့်မလွှတ်ဘူး... ကျန်တဲ့ရှေးဟောင်းနတ်ဘုရားတွေက နင် အသက်သွင်းပေးမှာကို လိုအပ်ပေမယ့် ငါ့ဝိညာဉ်က ပြည်စုံနေတာ ကြာပြီ... ငါက ရှေးဟောင်းနတ်ဘုရားရုပ်ခန္ဓာရဲံ အချုပ်အနှောင်တွေကနေ လွတ်မြောက်နေပြီ”

အဆောင်ထဲမှ လှမ်းကြည့်နေသော ချီကျုံရီနှင့် ယွင်ကျန်းလီမှာ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ခါးသီးနေကြ၏။

ဤမိန်းကလေးက မကောင်းမှန်း ယွင်ကျန်းလီ သိသော်လည်း အနည်းငယ် အူတိုမိသေးသည်။

သို့သော် ချင်မူနှင့် ယွင်ချွီးရှို့က ကလူကျီစယ်နေသည်မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် ခြိမး်ခြောက်နေသည်ကို မည်သူမျှ မသိကြပေ။

ချင်မူက ယွင်ချွီးရှို့၏ လျှို့ဝှက်ချက်ကို ရှာတွေ့သွား၍ အရှင်မယွမ်မုကို အသက်သွင်းမည်ဆိုကာ ခြိမ်းခြောက်သည်။ ယွင်ချွီးရှို့က ချင်မူ့ကို ကူညီခဲ့သော်လညး် ပြန်ခြိမ်းခြောက်နေသေးသည်။

သို့သော် ချင်မူသည် ကောင်းကင်နတ်ဧကရီ၏ ညီမ၊ အရှင်မယွမ်မုက အမှန်တကယ် သေဆုံးသွားပြီး တရားခံက ကောင်းကင်နတ်ဧကရီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။

နဂါးခေတ်အတွင်း ကောင်းကင်နတ်ဧကရီ လုပ်ကြံခံခဲ့ရသော ဖြစ်ရပ်၏ ပ‌ဟေဠိကား အဖြေပေါ်လာခဲ့လေပြီ။

သို့တိုင်အောင် မရှင်းလင်းသည့်အရာများ ရှိနေသေးသည်။ ဥပမာ ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးက အရှင်မယွမ်မု၏ နောက်စေ့တွင် အဘယ်သို့ပြု၍ စိုက်ဝင်နေသနည်း။

ချင်မူ၏သီအိုရီအရ ကောင်းကင်နတ်ဧကရီသည် ကောင်းကင်မဟာမိတ်အဖွဲ့နှင့် သဘောတူညီခဲ့ပြီး သူမအိမ်ပြန်သည့်အချိန်တွင် နဂါးအရှင်စီရင်စုအား ပုန်ကန်အောင် အားပေးအားမြှောက် လုပ်ခဲ့ကာ အဆုံးသတ်မြို့ပျက်ကို အ၀င်အထွက်ပိတ်ခဲ့၏။

ကောင်းကင်နတ်ဧကရာဇ်က တပ်တူအဖြစ် ယွင်လီနန်းစောင့်တပ်ဖွဲ့ကို စေလွှတ်ခဲ့သည့်အခါ ကောင်းကင်နတ်ဧကရီသည် သူမ သေဆုံးသွားသည်ဟု တစ်လောကလုံး ယုံကြည်အောင် ဝေစွေ့ဖုန်း၏အရှေ့၌ ကောင်းကင်နတ်ဧကရီအတုတစ်ယောက်ကို ဖန်ဆင်းခဲ့၏။ အမှန်တွင် သူမက အရှင်မယွမ်မူကိုသတ်၍ သူမသေသွားသည်ဟု လုပ်ကြံဖန်တီးရန် သူမနေရာတွင် အစားထိုးခဲ့ခြင်းဖြစ်လေသည်။

နောက်ပိုင်း ကောင်းကင်နတ်အရှင်လင် ၀င်ရောက်လာ၍ ယွင်လီနန်းစောင့်တပ်ဖွဲ့နှင့် သူတို့တ‌စ္ဆေသင်္ဘောဖြစ်လာသည်ကို မြင်လျှင် သူမက ယွင်လီနန်းစောင့်တပ်ဖွဲ့ပါ၀င်နေသည့် သက်သေကို ဖျောက်ဖျက်ရန် အချိန်ကူးပြောင်းသည့်ဖြစ်ရပ်အား ဖန်တီးခဲ့၏။

ထိုအချိန်တွင် အရှင်မယွမ်မူ၏ခန္ဓာကိုယ်အား အဆုံးသတ်မြို့ပျက်၏ အမြွှာပန်းပွင့်ထဲသို့ မထည့်ရသေးပေ။ ကောင်းကင်နတ်ဧကရီ မသေသေးသည့်အကြောင်း ကမ္ဘာလောကအား ကြေညာနိုင်ရန် ကောင်းကင်နတ်ဘုံသို့ ပြန်နိုင်ရန်အတွက် နတ်ဧကရီ၏ မူလဝိညာဉ်ကို အရှင်မယွမ်မူ၏အလောင်းထဲ ထည့်ထားရသောကြောင့်ဖြစ်သည်။

ရှေးဟောင်းနတ်ဧကရာဇ်သည် အရှင်မယွမ်မူကို အလွန်ချစ်မြတ်နိုးသည့်အတွက် သူမက ကောင်းကင်နတ်ဧကရီမဟုတ်သည့် အချက်ကို ဖုံးကွယ်အောင် ကူညီပေးခဲ့သည်။ သူမကိုယ်ထဲရှိလူက ကောင်းကင်နတ်ဧကရီအစစ်မှန်း မသိခဲ့ပေ။

ဤသို့ဖြင့် ကောင်းကင်နတ်ဧကရာရီသည် သူမ၏မလိမ္မာသော ညီမတော်ကို ဖယ်ရှားကာ အစားထိုး၀င်ရောက်ခဲ့၏။ ထို့နောက် သူမက ကောင်းကင်နတ်အရှင်လင်နှင့်အတူ ကျွယ်ဝူချိန်ကို ဖန်ဆင်း၍ သူမကို သစ္စာဖောက်ခဲ့သော လူနှစ်ယောက်အား လှည့်စားကာ ဖယ်ရှားခဲ့၏။

ကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားပြီးနောက် သူမ ၊ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်‌ေဟာင်က ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ကို သိမ်းယူရန် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ အဆုံးသတ်တွင် မည်သူ ခန္ဓာကိုယ် ရရှိသွားခဲ့သည်ဆိုသည်က လျှို့ဝှက်ချက်ဖြစ်နေသေး၏။

ဤအချက်များကို ဆက်စပ်စဉ်းစားမိသည့်အခါ ချင်မူ့တွင် မေးခွန်းတစ်ခုသာ ကျန်တော့သည်။ ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးက အဘယ်သို့ပြု၍ အရှင်မယွမ်မူ၏နောက်စေ့၌ စိုက်၀င်နေသနည်း။

‘ကောင်းကင်နတ်အရှင်လင်က သူ့ဆံထိုးနဲ့ ကောင်းကင်နတ်ဧကရီကို သတ်ဖို့ လုပ်ခဲ့တာများလား.... ကောင်းကင်နတ်ဧကရာဇ်က ဒီအခွင့်အရေးကို တွေ့သွားပြီး အလောင်းကို ဖျောက်လိုက်တာလား”

ယင်းက ချင်မူ့သီအိုရီဖြစ်သည်။ မှန်မမှန်တော့ မည်သူမျှ မပြောနိုင်ပေ။

နဂါးသွဲ့ပင်လယ်အပေါ်တွင် မရေမတွက်နိုင်သော နန်းတွင်းသူများသည် ဆောက်တည်ရာမဲ့နေကြ၏။ နတ်ဘုရားများဖြစ်စေ၊ ဝိညာဉ်တစ်ပိုင်းများ ဖြစ်စေ၊ ထူးခြားသော သွေးဆက်ဖြစ်စေကာမူ ကောင်းကင်နတ်အရှင်‌လေးယောက် တိုက်ခိုက်လျှင် သူတို့သေရလိမ့်မည်။

“ရှုကျွငး်၊ ခင်ဗျား အခု ဒီဖန်ဆင်းရှင်က ဘယ်သူလဲ သိနိုင်ပြီမလား”

ချင်မူက အသိစိတ်အလျဉ်ကို လှုံ့ဆော်၍ ကမ္ဘာဦးအစ မူလကျောက်တုံးအပေါ်ရှိ အသားလုံးကြီးဆီသို့ ပြောလိုက်သည်။ “ကျွန်တော်တို့အကြားက အပေးအယူ ပြီးမြောက်သွားပြီ”

သူ ပြောနေသည့် ဖန်ဆင်းရှင်သည် နဂါးသွဲ့ပင်လယ်တွင် ပေါ်လာသည့် တတိယမြောက် ကောင်းကင်နတ်အရှင် ဖြစ်၏။

ဤလူကား ကောင်းကင်နတ်ဘုံတွင် ပုန်းဆောင်းနေခဲ့သော ကမ္ဘာဦးအစဖန်ဆင်းရှင်၊ ကောင်းကင်နတ်အရှင်ယွင်၏ သွေးဆက်ကို ကျိန်စာတိုက်ခဲ့သူ ဖြစ်ပေသည်။

သူ ရောက်ရှိလာမှုက ကောင်းကင်နတ်အရှင်ရုံနှင့် အမည်မသိလူ၏ အကြား ဟန်ချက်ပျက်သွားစေခဲ့၍ ကောင်းကင်နတ်အရှင်ရုံမှာ ဦးစွာတိုက်ခိုက်ခဲ့ရသည်။

ယဇ်ပလ္လင်ထက်ရှိ အသားလုံးကြီးက မျက်လုံးကြီးတစ်လုံးဖြစ်လာပြီး ချင်မူ့ကို အခြေအနေ ကူကြည့်ပေးနေသည်။

ထိုကောင်းကင်နတ်အရှင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသန်မာပြီး အလင်းရောင်တို့ လွှမ်းခြုံထားသောကြောင့် သူ့မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။

“အပေးအယူ မမြောက်သေးဘူး.. ငါ သူ့ကို မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး” ရှုကျွင်းက ချေပသည်။

ချင်မူက ရယ်လိုက်၏။ “ကျွန်တော် ခင်ဗျားသိချင်တဲ့ ဒီဖန်ဆင်းရှင်ကို ရှာတွေ့အောင် ကူညီပြီးပြီ... ဒီတော့ အပေးအယူမြောက်တယ်.... သူ့မျက်နှာ မြင်ရရမမြင်ရရ အဲဒါ ခင်ဗျားကိစ္စပဲ”

ရှုကျွင်းသည် ပြန်ဖြေ၏။ “ငါ့ဘက်က လိုတာ မဟုတ်ဘူးဟ.... မင်းဘက်က လိုအပ်နေတာ... ငါက မင်းမျက်လုံးကို ငှားပြီး သူ့ကို ကြည့်နေရတာလေ... မင်းရဲ့သိုင်းအဆင့်က နိမ့်ကျလွန်းလို့ သူ့မျက်နှာထိုးဖောက်မမြင်ရဘူး.. ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်က ဘယ်သူမှန်း ငါ မသိသရွေ့ ငါတို့အကြား အပေးအယူ မ‌မြောက်သေးဘူး”

ချင်မူ မကျေမနပ် ဖြစ်သွားသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်လေးယောက်မှာ အင်အားမျှတသွားပြန်သဖြင့် မည်သူမျှ အရင်ဆံး မတိုက်ခိုက်ရဲတော့ပေ။

“ကောင်းကင်နတ်အရှင်ရုံ၊ ခင်ဗျား အဝေးကနေ ရောက်လာတာပါလား.... ခင်ဗျား ရောက်လာတာက ငါ့ကောင်းကင်နတ်ဘုံမှာ အတွင်းပိုင်းပုန်ကန်မှု ဖြစ်လာစေမယ် မထင်ထားမိဘူး”

ရုတ်တရက် ကောင်းကင်၏အလွန်မှ ကျယ်လောင်သော ရယ်သံကြီး ထွက်ပေါ်လာပြီး အဖြူရောင်မျက်ခုံးမွှေးများ၊ အဖြူရောင်မုတ်ဆိတ်မွှေးနှင့် အဖြူရောင်မျက်လုံးများဖြင့် နတ်ဘုရားတစ်ပါးသည် အလင်းတန်းများဖြင့် ခြံရံလျက် ဆင်းသက်လာ၏။ သူက ရယ်မောကာ ပြောလေသည်။ “မင်းတို့တွေက ဘယ်သူဘယ်ဝါမှန်း မသိအောင် ဖုံးကွယ်ထားကြပေမယ့် ငါ ရှေးဟောင်းနတ်ဘုရားဘုရင်ကတော့ မကြောက်ဘူး... ငါ့အဖေ ကောင်းကင်နယ်စားမင်းကိုတောင် သတ်ချင်နေတဲ့သူ... ကောင်းကင်နတ်အရှင်လေးတစ်ယောက်ကို မသတ်ရဲစရာအကြောင်း ရှိမလား”

ရုတ်တရက် ကောင်းကင်သည် လင်းထိန်သွားပြီး အလင်းတန်းတစ်တန်းက နဂါးသွဲ့ပင်လယ်ဆီသို့ ရိုက်ခတ်သွား၏။ အလင်းရောင်ထဲ၌ မီးခိုးရောင်ဆံပင်နှင့် ကောင်းကင်နယ်စားမင်း ပေါ်လာသည်။ သူ့ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ကြီးထွားမြင့်မားလာလေသည်။

“အဘိုးကြီး...” ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နယ်စားမင်း ဆင်းသက်လာသည်ကို မြင်လျှင် မျက်ဝန်းများ လှုပ်ခတ်သွား၏။

ကောင်းကင်နယ်စားမင်းက တိတ်ဆိတ်နေသည်။

ထိုအခိုက်အတန့်တွင် နေရာဟင်းလင်းပြင်သည် တုန်ခါသွားပြန်ပြီး သရုပ်မှန် ဖုံးကွယ်ထားသော ကောင်းကင်နတ်အရှင်တစ်ယောက် ရောက်လာ၏။ သူက ရယ်မောရင်း ပြောလေသည်. “ကောင်းကင်နယ်စားမင်း၊ ခင်ဗျား ရောက်လာတာက ကောင်းကင်နတ်ဘုံကို တိုးတက်စေပပါတယ်”

အခြေအနေကား ဟန်ချက်ထပ်ပျက်သွားလေသည်။

ကောင်းကင်နယ်စားမင်းဆီမှ အသံထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင်၊ မင်း အပြင်မှာပဲ ထွက်ထိုင်နိုင်ဦးမှာလား”

အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ အနက်ရောင်ချီများက နဂါးသွဲ့ပင်လယ်အတွင်းထဲမှ ထကြွလာပြီး ပင်လယ်သည် ဘေးနှစ်ဖက်သို့ ကွဲထွက်သွားကာ မြေအောက်ဘုံအရှင်သခင်၏ အမြွှာချိုနှစ်ချောင်း ထွက်လာ၏။

“မြေအောက်ဘုံအရှင်သခင်တောင် မနေနိုင်တော့ဘူးပဲ”

အဆောင်ထဲတွင် ယွင်ကျန်းလီမှာ စိတ်အေးလက်အေး ဖြစ်သွားသည်။ “လူများများ ရောက်လာလေလေ၊ ငါတို့အခြေအနေ ကောင်းလေလေပဲ.. ဒီလူတွေ တိုက်ခိုက်ရင် တိုက်ပွဲရဲ့ ရလဒ်က သေချာတဲ့အပြင် ကောင်းကင်နတ်ဘုံလည်း ပျက်စီးသွားလောက်တယ်... သူတို့ တိုက်ခိုက်မှာမဟုတ်ဘူး”

ချီကျုံရီလည်း စိတ်သက်သာရာသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ဒါကြောင့် ကောင်းကင်နတ်ဘုံ ပြိုကွဲသွားလိမ့်မယ်”

“မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်း၊ ခင်ဗျားတို့ ရှေ့ဆင့်နောက်ဆင့်လာမှာ ဘာလို့ကြိုမပြောတာလဲ” ကောင်းကင်နတ်အရှင်တစ်ယောက်က သရုပ်မှန်ကို ဖုံးကွယ်လျက် နဂါးသွဲ့ပင်လယ်သို့ ချဉ်းကပ်လာသည်။

သူ မရပ်သေးခင် အားလုံး၏ အလယ်၌ တောင်နတ်မင်း၏ ဇာမဏီငှက်ပေါ်ထွက်လာသဖြင့် မီးတောက်များ ထတောက်လာ၏။ ၎င်း၏လက်ထဲတွင် မက်မွန်ပန်းတစ်ပွင့် ရှိနေပြီး သူမက ပြုံးလျက် ပြောလေသည်။ “အားလုံးပဲ ကျွန်မအစွမ်းအစတွေက ရှင်တို့အားလုံးထက် နိမ့်ကျပါတယ်... ကျွန်မက အခြေအနေမှာ ဝင်ပါဖို့မဟုတ်ဘဲ ပစ္စည်းတစ်ခု လာပေးရုံပါ”

သူမသည် မက်မွန်ပန်းကို ပင်လယ်ထက်သို့ စိုက်လိုက်သည့်အခါ မရေမတွက်နိုင်သော မက်မွန်ပင်များ ပေါ်လာသည်။ ၎င်းတို့က မိုင်ပေါင်းထောင်ချီ ဆန့်တန်းသွားပြီး နဂါးသွဲ့ပင်လယ်အား လွှမ်းခြုံသွား၏။

မက်မွန်သစ်ပင်များအတွင်းရှိ နန်းတော်၏အမိုးအောက်တွင် မိန်းမပျိုလေးများက မီးအိမ်များ ချိတ်ဆွဲပြီးနောက် နန်းတော်ထဲ ပြန်ဝင်သွားကြသည်။

ချင်မူမှာ ကောင်းကင်နတ်အရှင်ယွဲ့၏ ရောက်ရှိလာမှုကြောင့် စိတ်သက်သာရာရသွားလေသည်။

All Chapters