← Chapters

လန်ရွှမ်နတ်နန်းတော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 927

လန်ရွှမ်နတ်နန်းတော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 927

ချင်မူနှင့် ကျန်ရှိသူများသည် နတ်လမ်းကြားကို ဖြတ်ကျော်သွားပြီးနောက် လမ်းနောက်တစ်လမ်းသို့ ရောက်သွား၏။ လမ်းတစ်လမ်းလုံး လူသူကင်းရှင်းနေပြီး အရိပ်လေးတစ်ခုပင် မမြင်ရပေ။

ယွင်ချွီးရှို့က ချီးကျူးသည်။ “အံ့ဩစရာကြီးနော် ကောင်းကင်နတ်အရှင်… ရှင်ဘယ်သွားသွား၊ ဘယ်သူ့ကိုမှ မမြင်ရတော့ဘူး”

ချင်မူက ရယ်သည်။ “ကျွန်တော်က ကောင်းကင်နတ်အရှင်ပဲ မဟုတ်လား… အံ့ဩစရာဖြစ်ရမှာပေါ့”

မြေအောက်ဘုံအရှင်သခင် ပေါက်စလေးက နဂါးချီလင်၏ နားထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို စပ်စုရင်း အံ့ဩနေသည်။ နဂါးချီလင်မှာ ပေါက်စလေး ဒုက္ခရောက်မည်စိုးသဖြင့် နားထဲ ပြန်ထိုးထည့်လိုက်၏။

မြေအောက်ဘုံအရှင်သခင် ပေါက်စလေးသည် သူ့နားထဲတွင် ပူညံပူညံ လုပ်နေသော်လည်း နဂါးချီလင်က သည်းခံထားကာ အပြင်ထွက်ခွင့်မပေးပေ။

ယွင်ချွီးရှို့က မြေအောက်ဘုံအရှင်သခင်ပေါက်စလေးကို သတိထားမိ၍ သိသိသာသာ အံ့အားသင့်သွားသည်။ ထို့နောက် ပဟေဠိဆန်စွာ ရယ်လေသည်။

သူတို့ လန်ရွှမ်နတ်နန်းတော်ဆီသို့ ရောက်လာကြ၏။ လန်ရွှမ်နန်နန်းတော်သည် နဂါးသွဲ့ရေကန်လောက် မကျယ်သော်လည်း ကောင်းကင်နတ်ဘုံ၏ အခမ်းနားဆုံး အဆောက်အအုံများအနက်၌ ပါဝင်နေသေးသည်။

နတ်နန်းတော်မှာ မျက်စိကျိန်းမတတ် တောက်ပနေပြီး နန်းဆောင်တစ်ဆောင်နှင့် တစ်ဆောင်အကြား တိမ်တိုက်များမှအပ မည်သည့်အရာမှ မရှိသဖြင့် ပျံသန်းသွားလာရန် လိုအပ်သည်။

အမှန်တွင် ကောင်းကင်နတ်ဘုံ၏ အဆောက်အအုံအများစုက ထိုအတိုင်းသာ ဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ ဆက်နေသည်ဟူ၍ မရှိပေ။ ဥပမာ နဂါးသွဲ့ရေကန်သည် ကောင်းကင်ထက်တွင် ပျံဝဲနေပြီး တိမ်တိုက်များဖြင့် ခြံရံလျက် ရှိ၏။ ကောင်းကင်နတ်မြစ်၏ မြစ်လက်တက်တစ်ခုသာ နဂါးသွဲ့ရေကန်ထဲသို့ စီးဆင်းဝင်ရောက်ပြီး နဂါးသွဲ့ရေကန်အတွင်းရှိ နဂါးသွဲ့အဆောင်မှာ ကောင်းကင်နတ်ဘုံ၏ ကျန်နေရာများနှင့် ဆက်မနေပေ။

ကောင်းကင်နတ်ဈေးကြီးနှင့် ကျန်နေရာများအကြားတွင်လည်း ကူးသန်းသွားလာစရာ အရာများ မရှိသောကြောင့် ဤနေရာများနှင့် ဈေးအကြား ပျံသန်းနေရန် လိုအပ်၏။

ကောင်းကင်နတ်ဘုံ၏ ကျန်အဆောက်အအုံများလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်မနေတတ်ပေ။ အဘယ်ကြောင့်ဆိုသော် နဂါးဟန်ခေတ်၏ ပထမနှစ်အတွင်း ကောင်းကင်နတ်ဘုံကို တည်ဆောက်ခဲ့စဉ်အခါက ယနေ့ခေတ် ကောင်းကင်နတ်ဘုံမျှ မခမ်းနား မကြီးကျယ်သေးပေ။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၃ ခု ဖြင့်သာ ဖွဲ့တည်ထားခြင်း ဖြစ်သည်။ ကောင်းကင်နန်းဆောင်များ၊ ပလ္လင်ခန်းမများနှင့် ကျောက်စိမ်းမြို့တော်က ကောင်းကင်နတ်ဘုံဟူ၍ ဖွဲ့စည်းဖြစ်တည်နေခဲ့၏။

နောက်ပိုင်းတွင် စကြဝဠာအား ထိန်းချုပ်ထားရန် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင် ပလ္လင်ခန်းမ ၇၂ ခုကား စကြဝဠာ၏ အခြားနေရာဆီသို့ ရွှေ့ပြောင်းခဲ့ကြသည်။ ဤသို့ဖြင့် အဆောက်အအုံများက တစ်နေရာနှင့်တစ်နေရာသို့ ချိတ်ဆက်မနေတော့ပေ။

ထိုကဲ့သို့ နန်းဆောင်၊ ခန်းမများကို ဖြန့်ကျက်၍ နေရာတိုးချဲ့မှုများအပြင် ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံနှင့်လည်း ပေါင်းစည်းခဲ့မှုကြောင့် ကောင်းကင်နတ်ဘုံသည် ယနေ့အတိုင်းအတာအထိ ကျယ်ဝန်းလာခဲ့၏။

သို့သော် ကောင်းကင်နတ်ဘုံအတွင်း တစ်နေရာနှင့်တစ်နေရာ သီးခြားတည်ရှိနေခြင်းမှာ ဓလေ့တစ်ခုသဖွယ် မပြောင်းလဲဘဲ ရှိနေခဲ့သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ တပည့်များက အလျင်အမြန် သတင်းပို့ထားကြသည့်အလျောက် လန်ရွှမ်နတ်နန်းတော်သည် ကောင်းကင်နတ်အရှင်မူ လာမည့်အကြောင်းအား ကြားသိထားပြီးဖြစ်၏။ နတ်ဧကရာဇ်၏ တပည့်ရင်းအနေဖြင့် ချန်ရှီတင်းသည် နန်းတော်အတွက် တာဝန်ရှိပြီး ကောင်းကင်နတ်အရှင်မူ လာရောက်မည့်သတင်း ကြားလျှင်ချင်း ခေါင်းကိုက်လာ၏။

“ကောင်းကင်နတ်အရှင်မူက တကယ် လာနေတာလား” သူက မေးပြီးရင်း မေးနေသည်။

“အစ်ကိုကြီး၊ သူက နန်းတော်အပြင်တောင် ရောက်နေပြီ”

ချန်ရှီတင်းက သူ့ကို ရွဲ့ပြောသည်။ “သူက ဘာလို့ ဒီလာတာလဲ … သေရမှာမကြောက်တာလား”

လူအုပ်ကြီးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သတ္တိနည်းနည်းရှိသူတစ်ယောက်က ထပြောသည်။ “အစ်ကိုကြီးကလည်းဗျာ ဘယ်သူက သူ့သတ်ရဲမှာလဲ… လွန်ခဲ့တဲ့ ရက်ပိုင်းက နဂါးသွဲ့ရေကန်မှာ ကောင်းကင်နတ်အရှင်ကိုယ်တိုင် ရောက်သွားတောင် သေအောင် မသတ်နိုင်ခဲ့ဘူးလေ… သူ ကျွန်တော်တို့ လန်ရွှမ်နတ်နန်းတော်မှာ သေရင် ကျွန်တော်တို့တွေ ဒုက္ခအကြီးကြီး ရောက်လိမ့်မယ်… ကျန်တဲ့အင်အားစုတွေက ကောင်းကင်နတ်အရှင်မူကို ကျွန်တော်တို့ ဝိုင်းအနိုင်ကျင့်ပါတယ်လို့ စွပ်စွဲကြပြီး ကျွန်တော်တို့လည်း သူနဲ့အတူ သေရလိမ့်မယ်”

ချန်ရှီတင်းမှာ ခေါင်းတစ်ခေါင်းလုံးစလုံးတွင် ဗြောက်အိုးများ ဗိန်းဗိန်းဗောင်းဗောင်း ပေါက်နေသကဲ့သို့ ခေါင်းကိုက်လာသည်။ သူက လက်ဝှေ့ယမ်း၍ သူတို့ဆီ ပြောသည်။ “အေးပါဟ ငါလည်း အကျိုးဆက်တွေကို သိပါတယ်... သူက အခု ဝိညာဉ်မရှိတော့ဘဲ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ အသက်ရှင်နေရတဲ့အကြောင်းလည်း ကြားထားပြီးပြီ... သူ့အတွက် အသက်ရှင်ရမယ့် အချိန် သိပ်မကျန်တော့ဘူး... ငါတို့ သူ့ကို တိုက်ရိုက်မသတ်နိုင်ပေမယ့် မြန်မြန်သေအောင်တော့ လုပ်ပေးလို့ရတယ်”

သူ့မျက်လုံးများက လင်းလက်သွားပြီး သူသည် ပြုံးလျက် ပြော၏။ “မဟာကောင်းကင်နတ်အရှင်ကြီးမူက ကောင်းကင်နတ်အရှင်လန်ရဲ့ တပည့်တွေ လက်ထဲမှာ ရှုံးသွားတယ်ဆိုရင် သူ့ရဲ့ယုံကြည်ချက်တွေ မပြိုလဲသွားဘူးလား... ဒါဆို သူ မြန်မြန် သေသွားမှာမဟုတ်လား”

လူအုပ်ကြီးလည်း သူနှင့်အတူ မျက်လုံးများ လင်းလက်လာကြသည်။

ချန်ရှီတင်းက ရွဲ့သလို ပြုံးရင်း ပြောသည်။ “ငါတို့က ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ တပည့်တွေ၊ ငယ်ငယ်ကတည်းက လမ်းပြသွန်သင်ခံထားရတဲ့သူတွေ... အကောင်းဆုံးကျင့်စဉ်၊ အကောင်းဆုံးကောင်းကင်နတ်သိုင်းတွေကို ကျင့်ကြံထားတဲ့သူတွေပဲ.... ကောင်းကင်နတ်အရှင်မူကတော့ အောက်ဘုံကနေ တက်လာတဲ့ တောသားတစ်ယောက်ထက် မပိုဘူး.. သူက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ နဂါးဟန်ခေတ်ဆီ ပြန်လာပြီး ကောင်းကင်နတ်အရှင်ဆိုတဲ့ ဘွဲ့ကို ရသွားခဲ့တာ... သူ လန်ရွှမ်နတ်နန်းတော်မှာ မသေသရွေ့ ငါတို့နဲ့ မဆိုင်ဘူး”

လူငယ်တစ်ယောက်သည် မျက်မှောင်ကြုတ်နေ၏။ “အစ်ကိုကြီး၊ မင်းသားယွီနဲ့ ကျန်တဲ့သူတွေ သူ့ကို အရှက်ခွဲဖို့ နဂါးသွဲ့ရေကန်မှာ စိန်ခေါ်ခဲ့ကြပေမယ့် သေသွားကြတယ်လို့ ကြားတယ်နော်... မင်းသားယွီက ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့်အတော်မြင့်တယ်... မင်းသားအဆင့် အာဏာရှိတဲ့ လူတွေကိုတောင် သတ်ပစ်နိုင်မှတော့ သူ့သိုင်းစွမ်းအားက လုံးဝမနိမ့်ကျဘူး”

ချီရှီတင်းက ပြုံးသည်။ “အဲ့စာရင်းတွေက ကလေးတွေကို ချွေးသိပ်ထားတဲ့ အကွက်လေးတွေပါကွာ... ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်အရင်းတွေကို ကြည့်လိုက်.. ဘယ်သူက စာရင်းထဲ ပါလို့လဲ... ကောင်းကင်နတ်အရှင်တစ်ယောက်စီက သူတို့ရဲ့ ကိုယ်တိုင်ကျင့်စဉ်တွေ၊ သိုင်းကွက်တွေကို တခြားကောင်းကင်နတ်အရှင်တွေ မသိအောင် ဖုံးကွယ်ထားကြတာ ... စာရင်းထဲ ဝင်နေတဲ့သူတွေက ကောင်းကင်နတ်အရှင်တွေဆီက မဟုတ်တဲ့ ကျင့်စဉ်တွေ သုံးပြီး တခြားကောင်းကင်နတ်အရှင်တွေကို အရူးလုပ်နေကြတာပဲ... ဆရာ့ရဲ့ အဆင့်မြင့်ဆုံးကျင့်စဉ် သုံးရင် မင်းတို့ကောင်တွေ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်... သူ စိတ်ဓာတ်ကျလွန်းလို့ သွေးအန်ပြီး သေသွားတာ ငါ မြင်ချင်နေပြီ”

လူအုပ်ကြီးမှာ စိတ်သက်သာရာရသွားပြီး ပြောကြသည်။ “အစ်ကိုကြီးမှာ ဒီလိုအကြံရှိတယ် ကျွန်တော်တို့ စိတ်အေးပါပြီ... သူ စိန်ခေါ်တာ လက်ခံရဲပါ့မလားပဲ စိတ်ပူတယ်”

ချန်ရှီတင်းက ရယ်လိုက်ပြန်၏။ “သူက လောကသခင်ခန္ဓာလို့ သတင်းထွက်နေတာ မဟုတ်လား.. အဲဒီခန္ဓာက ပြိုင်ဘက်ကင်းတယ် ကြားတယ်... အဲဒါကို အသုံးချပြီး သူ့ကို ဆွပေးကြပေါ့... ဒီလူက အလွန်ဆုံးမှ အသက်နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ရှိတာ... အသိအမြင်ဗဟုသုတ သိပ်မရှိလောက်‌သေးဘူး... မင်းတို့ ပြင်ဆင်ထားကြ... ငါ ဆရာနဲ့ သွားတွေ့မယ်”

လူအုပ်ကြီးသည် ပြင်ဆင်ကြရန် ထွက်သွားကြ၏။

နတ်ဧကရာဇ်ခန်းမဆောင်ထဲတွင် ချန်ရှီတင်းသည် ဦးညွှတ်အရိုအသေပေးပြီးနောက် အခြေအနေကို တင်ပြလျှောက်တင်၏။ “ဆရာ၊ တပည့်တွေကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလို့ရလား... ဆရာကိုယ်တိုင် သူနဲ့ တွေ့ချင်လား”

နတ်ဧကရာဇ်လန်၏ ခေါင်း၌ ချိုကြီးများ ထောင်မတ်နေသည်။ သူ့မျက်နှာသည် ရှည်ရှည်မျောမျောဖြင့်‌ ရှေးကျသောအသွင်အပြင် ရှိ၏။ သူက ကမ္ဘာ‌ပေါ်တွင် ပထမဆုံးသော နတ်ဘုရားတစ်ပိုင်းဖြစ်သလို၊ သူ့မိဘနှစ်ပါးကလည်း သူ့ကို ထာဝရအသက်ရှည်အောင် ကောင်းချီးပေးထားသည့် ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။

သူ၏သိုင်းစွမ်းအားက နှိုင်းယှဉ်၍မရလောက်အောင် သန်မာအားကောင်းလှသည်ဟု ကျော်ကြားချေသည်။ သူက ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ဟောင်ထက်ပင် အသက်ကြီးပြီး သွေးသံချေးဇုန်၏ တိုက်ပွဲ၌ ဝင်ပါခဲ့သည်ဟုပင် သတင်းများ ထွက်ခဲ့ဖူးသည်။ အတည်တော့ မပြုနိုင်ပေ။

ပ‌ဟေဠိနောက်တစ်ခုက သူ့မိဘနှစ်ပါးဖြစ်သော ရှေးဟောင်းနတ်ဘုရားနှစ်ပါးပင်။

သူ့တပည့်အများစုကလည်း နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။ နတ်ဘုရားတစ်ပိုင်းများအနက်၊ ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့သည် မဟာမိတ်အင်အားစု၏ ခေါင်းဆောင်သုံးယောက် ဖြစ်၏။ အင်အားအကြီးမားဆုံး နတ်ဘုရားတစ်ပိုင်းများဆိုလည်း မမှားပေ။

“မင်းတို့ အစီအစဉ် ကောင်းတယ်... သူ့ကို မသတ်မိအောင်ပဲ ဂရုစိုက်”

နတ်ဧကရာဇ်လန်ရွှမ်က မျက်မှောင်ကြုတ်နေသည်။ ‘ဒီကောင် ဒီကို လာရဲတယ်ပေါ့လေ... တော်တော် ခေါင်းကိုက်ရအောင် လုပ်တဲ့ကောင်ပဲ... သူ့ကြောင့် ကောင်းကင်နတ်ဘုံတစ်ဘုံလုံး ဖရိုဖရဲ ဖြစ်နေပြီ.. ကောင်းကင်နတ်အရှင်ဆယ်ယောက် အချင်းချင်း စောင့်ကြည့်နေရလို့သာ တိုက်ပွဲမဖြစ်ခဲ့တာ... ဒီငမိုက်သားကတော့... ကောင်းကင်နတ်မင်းတွေနဲ့ နတ်မင်းလေးပါးအတွက် ပြဿနာရှာခဲ့တာနဲ့တင် အမြင်ကပ်စရာကောင်းနေပြီ.. အခု ငါ့ကို ရန်စဖို့ ရောက်ပြီပေါ့လေ... ဒုက္ခ ဒုက္ခ’

သူက ရှေ့လျှောက်နောက်လျှောက် လျှောက်ရင်း ညည်းညူနေ၏။ “ငါ သူ့ကို လက်ခံမတွေ့ဘူး... သူက ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူအကြီးအကဲ ငါးဦးထဲက တစ်ယောက်ပဲ... ဒီအဆင့်အတန်းက ကောင်းကင်နတ်အရှင်လင်ထက်တောင် မြင့်သေးတယ်... သူတို့ထဲမှာ ကောင်းကင်နတ်အရှင်ယွဲ့က ဒုက္ခိတဖြစ်နေတယ်... ကောင်းကင်နတ်အရှင်ယွင်နဲ့ လင်က သေသွားတာ ကြာပြီ.. ကောင်းကင်နတ်အရှင်ချင်က လူလုံးထွက်မပြရဲသေးဘူး... သူတစ်ယောက်ပဲ ကျန်တာဆိုတော့ နာမည်အရ သူက ကောင်းကင်မဟာမိတ်အဖွဲ့မှာ ရာထူးအမြင့်ဆုံးပဲ... သူ့ကို တွေ့ရင် ငါ သူ့ကို ဦးညွှတ်အရိုအသေပေးပြီး နောင်တော်လို့ ခေါ်ရလိမ့်မယ်”

ချီကျုံရီမှာ တိတ်တိတ်ကလေး ထိတ်လန့်သွားပြီး တွေးလိုက်မိသည်။ ‘ဒီကိစ္စကို ငါ ကိုင်တွယ်နိုင်ရင် ဆရာ့အတွက် အကျိုးဖြစ်စေလိမ့်မယ်... ဒါဆို သူ ငါ့ကို ရက်ရက်ရောရော ဆုချီးမြှင့်မှာပဲ”

နတ်ဧကရာဇ်လန်ရွှမ်က လေးနက်သောအကြည့်ဖြင့် ဖြည်းဖြည်းချင်း ပြောသည်။ “ဒီလူက အခွင့်အရေးတွေ အများကြီး ယူခဲ့တယ်... နဂါးဟန်ခေတ်ရဲ့ ပထမနှစ်တုန်းက ကောင်းကင်နတ်ဧကရာဇ် ငါ့ကို ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲဆီ ဖိတ်ခဲ့တဲ့အချိန်မှာ သူက ကောင်းကင်နတ်အရှင်ယွီနဲ့အတူ တွေ့ဆုံပွဲလာတက်တယ်... အဲဒီလိုနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ ဖြစ်တည်လာပြီး သူ့ရာထူးက ငါ့အပိုင် ဖြစ်လာခဲ့တယ်... ရှီတင်း၊ ငါ အခု လျှောက်သွားလိုက်ဦးမယ်... မင်း သူ့ကို အရှက်ခွဲပြီးရင် ထွက်သွားခိုင်းလိုက်တော့... သူ့ကို ဒီမှာ မသေစေနဲ့ ... ပြီးတော့”

သူက အလေးအနက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူကို သေချာစောင့်ရှောက်ပေးး... သူ ဘာမှမဖြစ်စေနဲ့... သူ ငါ့ရဲ့ လန်ရွှမ်နတ်နန်းတော်မှာ သေသွားရင် ငါ့အတွက် ချီးကားတိုက်သလို ဖြစ်လိမ့်မယ်... အဲဒီချီးကား မိတာနဲ့ တစ်သက်လုံး ပြောင်အောင် ဆေးလို့ကို မရတော့ဘူး.... ကောင်းကင်နတ်ဘုံမှာ ငါ့ကို မလိုလားတဲ့ ကောင်းကင်နတ်အရှင်တွေ ရှိတယ်... သူတို့အတွက် ငါ့ကို ထိုးချဖို့ အခွင့်အရေးလေးပဲ လိုတာ... အခု အခွင့်အရေးက ရောက်လာခဲ့ပြီဆိုတော့ တစ်ယောက်ယောက်က ကောင်းကင်နတ်အရှင်မူကို လာလုပ်ကြံနိုင်တယ်”

ချန်ရှီတင်းမှာ ကျောရိုးထဲ စိမ့်အေးသွားပြီးနောက် ခပ်သုတ်သုတ် ထွက်ခွာသွား၏။

နတ်ဧကရာဇ်လန်ရွှမ်က တဟားဟား ရယ်လျက် ထွက်သွားသည်။ ‘ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲမှာ ငါ့အဆင့်အတန်းက ‌ရှေးဟောင်းနတ်ဘုရားတချို့ရဲ့ အထက်မှာ ရှိနေသေးတယ်... နဂါးသွဲ့ရေကန်တွေ့ဆုံပွဲကြောင့် နောက်ပိုင်းမျိုးဆက်တွေအတွက် အဆင့်အတန်းတွေ ပြောင်းလဲသွားတာ တစ်ခုပဲ... နဂါးသွဲ့ရေကန်တွေ့ဆုံပွဲက ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲထက် သာလွန်သွားပြီး နှစ်တစ်သန်းကြာတဲ့အထိ တစ်လျှောက်လုံး ကျော်ကြားလာခဲ့တယ်... ကံကောင်းလို့ ငါ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ စောစော ဝင်ခဲ့လို့သာပေါ့... မဟုတ်လို့ကတော့ ဘယ်လိုမှ နေရာရမှာမဟုတ်ဘူး’

ချင်မူမှာ သွေး၊ အဆီအနှစ်အားလုံး တစ်စက်မှ မကျန်သောကြောင့် ပိန်ချုံးခြောက်ကပ်နေသည်။ လန်ရွှမ်နတ်နန်းတော်၏ တပည့်များ ရန်စနေစဉ် သူက တစ်ချိန်လုံး ချောင်းတဟွတ်ဟွတ် ဆိုးနေ၏။ သူတို့က သူ့ကို လောကသခင်ခန္ဓာ၊ ကောင်းကင်နတ်အရှင်မူဟု ခေါ်ဆိုရင်း သူတို့ကို သင်ကြားဆုံးမ‌‌ပေးရန် ဖိတ်ခေါ်နေကြသည်။

ချင်မူက တိတ်ဆိတ်နေပြီး မတုံ့ပြန်ပေ။ သူ၏သွေးအဆီအနှစ်များက ပျံ့လွင့်နေသောကြောင့် စိတ်တည်ငြိမ်ခြင်းမရှိကြောင်း သိသာနေသည်။

ချီကျုံရီက သည်းမခံနိုင်တော့ဘဲ ဝင်ပြောသည်။ “လန်ရွှမ်နတ်နန်းတော်ရဲ့ ညီအစ်ကိုတို့၊ ဘာလုပ်နေကြတာလဲ... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်လန်နဲ့ ဆုံတွေ့ဖို့ လာတာပါ... ခင်ဗျားတို့လို တပည့်တွေနဲ့ လာကစားတာ မဟုတ်ဘူး... တိုက်ခိုက်ချင်ရင် ကျုပ်နဲ့ တိုက်ခိုက်”

အမျိုးသမီးတစ်ယောက်သည် ရယ်လိုက်၏။ “ချီကျုံရီ၊ ငါ နင့်အကြောင်း ကြားဖူးတယ်... နင်က သာမန်အရည်အချင်းပဲ ရှိတဲ့ နတ်မင်းလေးပါးရဲ့ တပည့်လေးတစ်ယောက်သာသာပဲ... နင့်‌ပေါင်နင် လှန်ထောင်းနေဖို့ မလိုပါဘူး... ငါတို့က ကောင်းကင်နတ်အရှင်မူကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာအနေနဲ့ ပညာသင်ပေးဖို့ ဖိတ်ခေါ်နေတာ.. နင် ဝင်ပါနိုင်တဲ့ အရည်အချင်းမရှိဘူး”

ချီကျုံရီ ဒေါသူပုန်ထသွားသည်။ “ငါက အရည်အချင်းရှိမှ ဝင်ပါရမှာလား”

ယွင်ကျန်းလီသည် နူးညံ့ချိုသာစွာ ပြုံးလိုက်၏။ “ဒါဆို ငါကရော အရည်အချင်းပြည့်မှီလား... ငါက ကောင်းကင်နတ်အရှင်ယွင်ရဲ့ မျိုးဆက်ဆိုတော့ ကောင်းကင်နတ်အရှင်မူရဲ့ ကိုယ်စား နင်တို့စိန်ခေါ်တာကို လက်ခံပေးလို့ရလား”

ချန်ရှီတင်းက အပြင်မှ အထဲသို့ ဝင်လာကာ ရယ်လိုက်သည်။ “မင်းတို့မိသားစုရဲ့ ဘွားတော်ကြီးတွေက အထိမခံ ရွှေပန်းကန်တွေလေ... ဘာလို့ မင်းကိုယ်တိုင် စိန်ခေါ်နေမှာလဲ... စိတ်‌အေးအေးထားပါ၊ ငါတို့က ကောင်းကင်နတ်အရှင်မူဆီက လမ်းပြတာလေး နည်းနည်းပါးပါး လိုချင်တာပဲ ရှိတယ်... ကောင်းကင်နတ်အရှင်မူက အောက်ဘုံရဲ့ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့ပြီး သူရဲကောင်းသုံးယောက်ထဲက တစ်ယောက် ဖြစ်လာတယ်ကြားတယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာလည်း ဟုတ်နေတာဆိုတော့ ငါ့ညီအစ်ကိုမောင်နှမတွေကို လမ်းပြပေးနိုင်ရင် သူတို့အားလုံး အမြင်ကျယ်သွားကြမှာ မဟုတ်ပေလား”

လူအုပ်ကြီးက ဦးညွှတ်၍ နှုတ်ဆက်သည်။ “အစ်ကိုကြီး”

ချင်မူက ကတုန်ကယင် ထရပ်ရင်း ပြော၏။ “အားလုံးက လောကသခင်ခန္ဓာရဲ့ အင်အားနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပြင်းထန်ဆုံး သိုင်းကွက်တွေကို မြင်တွေ့ချင်ကြမှတော့ ကျွန်တော်...”

သူက ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြီး တစ်ကိုယ်လုံး တုန်ရီနေကော တစ်ခုခုကို ဆုပ်ကိုင်ချင်သကဲ့သို့ လက်လှမ်းနေသည်။ ယွင်ချွီးရှို့က သူ့ကို အလျင်အမြန် လာတွဲပေးရင်း ခပ်တိုးတိုး ပြော၏။

“တွေ့လား ဟန်မလုပ်ပါနဲ့ ကိုယ့်ခန္ဓာကို ဂရုစိုက်ပါဆိုနေ... ထွက်မလာဖို့ ပြောတာတောင် ထွက်လာချင်နေတာလေ... အခုတော့ ကြည့်” သူမက စကားပြောပြီးသည်နှင့် သူ့ဗိုက်ကြောကို တိတ်တိတ်ကလေး လိမ်ဆွဲလေသည်။

‘ငါ ကောင်းကင်နတ်ဧကရီရဲ့ ကစားတာ ခံလိုက်ရတာလား’

ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွား၍ ဤလူလည်မလေးကို ကပျာကယာ တွန်းထုတ်ပြီးနောက် ဟောဟဲဟောဟဲ အသက်ရှူရင်း ပြောသည်။ “အရှက်ကွဲခံမယ့်အစား အသေပဲခံမယ်... ငါ့မှာ အစွမ်းအစရှိပါသေးတယ်... ငါက ကောင်းကင်နတ်အရှင်လန်နဲ့ တွေ့ဖို့ လာတာ... အရှက်ခွဲခံရဖို့ မဟုတ်ဘူး.. လောကသခင်ခန္ဓာဆိုတဲ့ ဂုဏ်သိက္ခာကို ငါ ထိန်းရမယ်... လာကြ”

သူက ခါးမတ်၍ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ထုတ်သည်။ ထို့နောက် သစ်သားတုတ်ချောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မာန်မာနအပြည့်ဖြင့် အော်ဟစ်လေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာက ဘယ်သူ့ကိုမှ မရှုံးဘူး... ဘယ်တော့မှ နောက်မဆုတ်ဘူး”

ချီကျုံရီက သက်ပြင်းချပြီး တွေးနေသည်။ ‘ငါတို့ကြောင့် လူတွေအများကြီး သေကြဦးမှာ စိုးရိမ်မိတယ်... နဂါးသွဲ့ရေကန်မှာတုန်းကလည်း သေသွားကြပြီးပြီ... အခု ကောင်းကင်နတ်အရှင်လန်ရဲ့ လန်ရွှမ်နတ်နန်းတော်မှာလည်း သေကြရတော့မယ်... ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံကို တကယ် ဖျက်စီးပြီး အသစ်တည်ဆောက်ချင်နေတာများလား’

ယွင်ချွီးရှို့က သစ်သားတုတ်ချောင်းကို မြင်လျှင် အံအားသင့်သွားသည်။ ‘ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်၊ ဟိုကောင်မလေးအမိကမ္ဘာမြေကတော့ ဒီတစ်ယောက်ကို ဖားဖို့ အစွမ်းကုန် လုပ်နေတော့တာပဲ... စောစောက ဟိုပေါက်လို့ပဲစား နတ်ဧကရာဇ်က တိတ်တိတ်ကလေး ထွက်သွားပြီ၊ ဒီမှာ မရှိတော့ဘူး... ကောင်းကင်နတ်အရှင်မူအနေနဲ့ ဒီအူတိုင်ရဲ့ စွမ်းအားကို အကုန် ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး... ငါ ကူညီလိုက်ရင်တော့ ဒီနေရာကို ဖျက်စီးဖို့ လွယ်လိမ့်မယ်..’

သူမမ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားနေသည့်အရိပ်အယောင် ထင်ဟပ်နေသည်။

ချင်မူသည် ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ပင့်မြှောက်၍ အေးစက်စက် မေးလိုက်၏။ “ဘယ်သူ ငါ လမ်းပြုတာလိုချင်လဲ”

ချင်မူ့တွင် သူ့ဘာသာသူ တွက်ထားသော အစီအစဉ်ရှိသည်။ ‘ကောင်းကင်နတ်အရှင်လန်နဲ့ ကောင်းကင်နတ်ဘုံရဲ့ အကောင်ကြီးကြီးတွေကို ပြဿနာသွားရှာပြီးရင် ငါ ကောင်းကင်နတ်ဘုံရဲ့ တာအိုဂိုဏ်းမှာ တာအိုဘိုးဘေးကြီးနဲ့ တွေ့နိုင်ပြီ’

ချန်ရီတင်းက လူငယ်တစ်ယောက်ဆီသို့ မျက်စပစ်လိုက်၍ ထိုလူသည် အသက်မပါသော အပြုံးဖြင့် ရှေ့ထွက်လာ၏။ သူက ဦးညွှတ်အရိုအသေပေးကာ ပြောသည်။ “ကောင်းကင်နတ်အရှင်လန်ရဲ့ တပည့်၊ ရှန်းဝမ်ကျိုး... ကျေးဇူးပြုပြီး လမ်းပြပေးပါ ကောင်းကင်နတ်အရှင်”

ချန်ရှီတင်းသည် ခေါင်းဟန့်၍ သူ့အား သတိပေး၏။ “ညီလေးဝမ်ကျိုး၊ ကောင်းကင်နတ်အရှင်မူကို မထိခိုက်စေနဲ့... ငါတို့က အိမ်ရှင်၊ ဧည့်သည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်”

ချင်မူက မာမာထန်ထန် ပြောလေသည်။ “မလိုဘူး... ငါ့ကို မင်း စိတ်တိုင်းကျ တိုက်ခိုက်လို့ ရတယ်”

ရှန်းဝမ်ကျိုးက ရယ်မောပြီး ပြောသည်။ “လောကသခင်ခန္ဓာရဲ့ စွမ်းအားကို မြင်ရဖို့ မင်းကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးပါမယ်”

ချင်မူ အမျက်တစ်ချောင်းချောင်း ထွက်သွားပြီး ကမ္ဘာဦးသစ်ပင်၏အူတိုင်ထဲသို့ ချီစွမ်းအင်များ စီးဆင်းသွားသည်။ ‘ငါ သူတို့ကို တစ်ချက်တည်း သတ်လိုက်သင့်လား.. အဲဒီလိုလုပ်လိုက်ရင် ကျန်တဲ့သူတွေ ငါ့ကို စိန်ခေါ်ရဲလောက်မှာ မဟုတ်ဘူး’

ရုတ်တရက် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ပြင်းထန်သော မှော်စွမ်းအင်သည် အူတိုင်ထဲ စီးဆင်းသွား၏။ ၎င်းက သူ၏မှော်စွမ်းအင်ထက် အဆပေါင်းများစွာ အားကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည်။

ချင်မူ အံ့အားသင့်နေစဉ် သူ့လက်ထဲရှိ သစ်သားတုတ်ချောင်းက ကောင်းကင်ကို ဖောက်ထွက်သွားသော ဧရာမတိုင်လုံးကြီးအသွင် ပြောင်းသွား၏။ ၎င်းက ရှန်းဝမ်ကျိုးဆီသို့ ရိုက်ချလိုက်ကာ သူ့အား ပိပြားသွားစေသည်။

သူသာ ပိပြားသွားခြင်းမဟုတ်၊ နတ်ဧကရာဇ်လန်ရွှမ်၏ ကျန်တပည့်များလည်း မလွတ်မြောက်သဖြင့် ကမ္ဘာဦးသစ်ပင်၏ အူတိုင်အောက်တွင် ပြားကပ်သေဆုံးကုန်ကြသည်။

ချန်ရှီတင်းက အခြေအနေမကောင်းသည်ကို မြင်လျှင် ဟန့်တားရန် လက်မြှောက်လိုက်သည်။ သို့သော် ကြောက်မက်ဖွယ်ရာ အားလှိုင်းသည် သူ့ကိုအပေါ်မှ ဖိစီးနေသဖြင့် သူ့မှာ သွေးအန်ရင်း လွင့်ထွက်သွား၏။

ချင်မူမှာ ထိတ်လန့်နေပြီး သူ့လက်ထဲရှိ ဧရာမတိုင်လုံးကြီးက လန်ရွှမ်နတ်နန်းတော်ဆီသို့ ဝိုက်ရိုက်ချလိုက်သည်။ နန်းတော်မှာ ပြားပြားကပ်သွားပြီး စိစိညက်ညက် ကြေသွားတော့သည်။

လန်ရွှမ်နတ်နန်းတော်၏ နန်းဆောင်များ၊ ခန်းမများမှာ ကြောက်မက်ဖွယ်ရာ အားလှိုင်းကြီး၏ ရိုက်ခတ်မှုကြောင့် ကောင်းကင်နတ်ဘုံထက်မှ ကြယ်တာရာကောင်းကင်ထဲသို့ ပြိုကျနေသည်။

ချင်မူ၏ တုတ်ကြီးက လန်ရွှမ်နတ်နန်းတော်၏ နေရာအများစုကို ဖျက်စီးလိုက်ချေပြီ။ ချင်မူမှာ အံ့လည်း အံ့ဩ။ ဒေါသလည်း ထွက်သွားပြီး ယွင်ချွီးရှို့ဆီသို့ လှည့်ကြည့်ကာ သတိပေး၏။ “ကလေးမ၊ ငါ နင့်ကို သည်းခံနေခဲ့ရတာ ကြာပြီ”

ယွင်ချွီးရှို့ကလည်း ‌ဒေါသထွက်သွားသည်။ “နင်က နင့်အတွက် ဘာကောင်းလဲမှ မသိတာ... ငါလည်း နင့်ကို သည်းခံမနေရဘူး ထင်လား”

ချင်မူက တဟားဟား ရယ်မောပြီး ယွင်ချွီးရှို့ကို တိုက်ခိုက်သည်။ “ကောင်းကင်နတ်အရှင်ရဲ့ တပည့်တွေကို ဘာလို့တိုက်ခိုက်တော့မလဲ... တိုက်ခိုက်ရင် ကောင်းကင်နတ်အရှင်ကိုသာ ကိုယ်တိုင် တိုက်ခိုက်စမ်းပါ”

ချီကျုံရီနှင့် ယွင်ကျန်းလီမှာ မှင်သက်နေကြ၏။ ချီကျုံရီက နဂါးချီလင်ကို ဆောင့်ကန်ကာ မေးလေသည်။ “ဒုတိယအစ်ကို၊ ဘာတွေဖြစ်နေတာလဲ ရှင်းပြဦး”

All Chapters