← Chapters

ဆယ်ရက်၊ ရက်နှစ်ဆယ်၊ ရက်သုံးဆယ်

Vol. 49 Ch. 673

ဆယ်ရက်၊ ရက်နှစ်ဆယ်၊ ရက်သုံးဆယ်

Vol. 49 Ch. 673

ကျန်းရီသည် ထိုငြီးငွေ့ဖွယ် ပျင်းခြောက်ခြောက်ဘဝကို ထပ်ခါတလဲလဲ ဖြတ်သန်းနေ၏။ သူက မိုးကြိုးတောင်ကြားထဲ၌ နေ့အချိန်တွင် အတွင်းအားကျင့်ကြံပြီး ညအချိန်တွင် တာအိုပုံစံကို ဆင်ခြင်ရန်အတွက် မိုးကြိုးတောင်တန်းဆီကိုထွက်ခါ မိုးကြိုးတောင်တန်းများမှလာသည့် တာအိုတည်ရှိမှု အရိပ်အယောင်ကို ဖမ်းဆုပ်ရန် ကြိုးစားနေသည်။

မြို့က ထိုကာလအတွင်း အင်မတန်ငြိမ်းချမ်းနေ၏။ အစ်မကြီးဆည်းလည်းက ဝင်မပါချင်ပေ။ လန့်အောင်းထျန်နှင့် အဖွဲ့မှူးလီကလည်း တံခါးပိတ်ကျင့်ကြံနေ၏။ အဖွဲ့မှူးခြောက်ယောက်က အကြံကုန်နေပြီဖြစ်ကာ ကျန်းရီ၏ ငါးလအချိန်စေ့ပြီး မြို့သို့ပြန်လာမှာကိုသာ သူတို့စောင့်ဆိုင်းရုံသာ တက်နိုင်၏။

ကျန်းရီသည် တစ်လလုံးလုံး ဘာမှမဖမ်းဆုပ်ခဲ့မိပေ။ သူ၏လက်ဖဝါးအတွင်း တာအိုတည်ရှိမှု၏ အရိပ်အယောင် ရှိနေသည်ဟု ခံစားမိပြီး သူ့ဘေးတွင်ရှိနေလျက် ထိုနယ်ပယ်၌ ၎င်းကို ထိနိုင်ပြီး ဖမ်းဆုပ်နိုင်တော့မည်ဟု ခံစားမိနေသည်။

တစ်လလုံးလုံး ကျန်းရီက မည်သည့်မှော်အတတ်ကိုမျှ ဆင်ခြင်ရန် မကြိုးစားခဲ့ပေ။ ကျန်သည့် တာအိုပုံစံများကိုလည်း နားလည်သဘောပေါက်အောင် မကြိုးစားခဲ့။ သူ၏စိတ်အားလုံးကို မိုးကြိုးတောင် ဆယ်လုံးစီ၌သာ မြုပ်နှံထားပြီး တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို မဖမ်းဆုပ်မိမချင်း သူအလျော့ပေးမှာမဟုတ်ပေ။

သူက ခေါင်းမာနေတာ မဟုတ်ပေ။ ထိုတာအိုပုံစံကို နားလည်သဘောပေါက်နိုင်လျှင် သူ့အတွက် အကျိုးအမြတ်ကြီး ရလာလိမ့်မည်ဟု အလိုလို ခံစားမိနေရုံသာဖြစ်သည်။

ကောင်းကင်မိုးကြိုးကျွန်း တစ်ခုလုံးက ဧရာမ မိုးကြိုးစုစည်းခြင်း အစီအရင် တစ်ခုဖြစ်၏။ ဤနေရာ၌ ထူးဆန်းသော မိုးကြိုးတောင်တန်းများနှင့် တောင်ကြားများရှိပြီး သေစေနိုင်လောက်သည့် မိုးကြိုးမီးနှင့် မိုးကြိုးကျောက်တုံးများရှိ၏။ ဤနေရာရှိ အရာအားလုံးက မိုးကြိုးနှင့် လျှပ်စီးတို့ဖြင့် သက်ဆိုင်နေကာ မိုးကြိုးတောင်တန်းမှ တာအိုတည်ရှိမှုကို လက်ရှိတွင် သူအာရုံခံမိပြီးဖြစ်သည်။ သူက၎င်းကို အပြည့်အဝ ဆင်ခြင်နိုင်ခဲ့လျှင် သူ့အတွက် အကျိုးအမြတ် ရစေမည်ဖြစ်ကာ မိုးကြိုးကျွန်းပေါ်၌ ပိုကောင်းသောနေ့ရက်များ ရလာနိုင်သည်။

သူသည် ပထမဆုံးကြိမ်အတွက် ရက်တစ်ရာစာ တန်သည့် မိုးကြိုးကျောက်တုံးများ လွှဲပေးခဲ့၏။ ပြီးနောက် ကျန်ရှိသည့် မိုးကြိုးကျောက်တုံးများကို လွှဲပေးခဲ့သည်။ ယခုအချိန်တွင်သူက ငါးလစာအတွက် မိုးကြိုးကျောက်တုံး လွှဲပေးစရာ မလိုပေ။ သို့သော် ငါးလပြည့်သွားသည်နှင့် သူမြို့သို့ ပြန်ရပေမည်။

ကျန်းရီက သွားစစ်ကြည့်ဖို့တောင် မလိုအပ်ချေ။ မြို့ဂိတ်ဝ၌ စောင့်ကြပ်နေသည့်သူများ ရပ်နေသေးကြောင်း သူမှန်းဆနိုင်သေး၏။ ညအချိန်ကာလတွင်တောင် တစ်စုံတစ်ယောက် ရှိလောက်ပေ၏။ ထို့ကြောင့် ခွန်အားတိုးမြှင့်နိုင်ရန် ဤငါးလတာကို အသုံးချရပေမည်။ အဖွဲ့မှူးများကို သတ်ဖြတ်နိုင်ရန် ခွန်အားရရှိခြင်းကို ဘေးချိတ်ထားပြီး အနည်းဆုံးတော့ မြို့ထဲသို့ တစ်ဟုန်ထိုး ဝင်မှရပေမည်။

သူသည် မှော်အတတ်တစ်မျိုး သို့မဟုတ် ကျန်သည့်တာအိုပုံစံများကို နားလည်သဘောပေါက်ခဲ့လျှင်တောင် သူ့ခွန်အားက ကြီးကြီးမားမား တိုးတက်လာမှာ မဟုတ်ပေ။ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးနှင့် သူ့အတွက် မြို့ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်ဖို့က မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သူက တာအိုပုံစံ အရိပ်အယောင်ကို ဖမ်းဆုပ်ရန် အာရုံစူးစိုက်ထားဖို့ ဆုံးဖြတ်လိုက်၏။

“ဟူး”

ညအချိန်တွင် မိုးကြိုးကျွန်းပေါ်ရှိ အပူချိန်က အလွန်မြင့်မားနေ၏။ သို့သော် ကျန်းရီက အပူဒဏ်ကို မခံစားရပေ။ ထိုအစား တောင်တန်းတစ်ဝိုက် လှည့်လည်သွားလာနေသော အပြာရောင် မိုးကြိုးမီးသည် ကောင်းကင်မိုးကြိုးကျွန်း တစ်ခုလုံးကို အလွန်အေးပြီး ချောက်ချားစေသည်ဟုသော ခံစားချက်မျိုး ရစေ၏။ သူက ကျောက်တောင်ထွတ်ပေါ်တွင် ထိုင်နေလျက် မိုင်ပေါင်းများစွာ အကွာကနေ မိုးထိအောင်မြင့်သော မိုးကြိုးတောင်ဆယ်လုံးကို ကြည့်နေလိုက်ကာ သူ၏ခန္ဓာကိုယ်က ကျောချမ်းဖွယ် အငွေ့အသက်များ ဖြာထွက်နေ၏။

“မိုးကြိုးသွား၊ မိုးကြိုးတောင်၊ မိုးကြိုးတောင်ကြား၊ မိုးကြိုးမီး၊ မိုးကြိုးကျောက်တုံး”

သူ၏မျက်လုံးများက မြူခိုးဝေနေပြီး ညင်သာစွာ ရွတ်နေလေ၏။ လတ်တလော၌ သူသည် မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ဝင်ရောက်ခြင်း မရှိတော့ပေ။ အကြောင်းမှာ ဝင်ရောက်လျှင် အသုံးမဝင်သောကြောင့်ဖြစ်၏။ သူသည် တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို ဖမ်းဆုပ်မိဖို့ အာရုံခံမိနေပြီး သူသည်ဤကဲ့သို့ ရိုးရှင်းစွာ ကြည့်မည်ဆိုလျှင် တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို ပိုမိုရှင်းလင်းစွာ ဖမ်းယူနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သူက အရူးတစ်ယောက်ပမာ တောင်ထွတ်ပေါ်၌ ရပ်နေလျက် ထိုစကားလုံးများကို ထပ်ခါတလဲလဲ ရွတ်နေ၏။

ညနက်ချိန်တွင် ပင်လယ်လေက ပိုပြင်းလာပြီး ကောင်းကင်ထဲရှိ ကြယ်များက စတင်မှိန်ဖျော့လာ၏။ ကြက်သွေးရောင်လကလည်း ကောင်းကင်ထက်၌ပေါ်လာပြီး ထိုစဉ် ထိုတောင်လေးနှင့် လူရိပ်တို့က ရောနှောသွားသည့်ပမာ ခံစားရ၏။

“မိုးကြိုးတောင်၊ မိုးကြိုးမီး၊ မိုးကြိုးကျောက်တုံး မိုးကြိုးကျောက်တုံးလား မိုးကြိုးကျောက်တုံးတွေပဲ”

ကျန်းရီ၏ မြူရိပ်ဝေသော မျက်ဝန်းများက ရုတ်တရက် တည်ကြည်မှုတို့ ရရှိလာပြီး တောက်ပသည့် အလင်းတန်းနှစ်ခု ပေါ်ထွက်လာ၏။ သူ၏မျက်လုံးက အပြူးသားဖွင့်ထားလျက် ဘယ်ညာကြည့်ပြီးနောက် ညင်သာစွာ ရေရွတ်လိုက်တော့သည်။

“ဟုတ်သားပဲ မိုးကြိုးကျောက်တုံး မိုးကြိုးကျောက်တုံးတွေက မိုးကြိုးတောင်ကနေ ထုတ်လုပ်တာ။ လုမျိုးနွယ်စုက မိုးကြိုးကျောက်တုံးတွေကို လိုအပ်တယ်။ ပြီးတော့ဒါတွေက ကုသိုလ်မှတ်တွေနဲ့ လဲလှယ်လို့ရတယ်။ မိုးကြိုးကျောက်တုံး တစ်တုံးက ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်နဲ့ ညီမျှတယ်။ ဆိုလိုတာက မိုးကြိုးကျောက်တုံးမှာ မဟာတန်ဖိုး ရှိနေတာပဲ။ ဒါဆိုရင် ငါမိုးကြိုးကျောက်တုံးတွေကို သန့်စင်ဖို့ ကြိုးစားကြည့်လိုက်ရင်ရော။ တစ်ခုခု ဆန်းသစ်တာကို ရှာတွေ့နိုင်မလား”

ကျန်းရီက အမြဲတမ်း စိတ်အားထက်သန်၏။ အသက်ရှင်သန်ရန်အတွက် မည်သည်ကိုမျှ စိတ်အနှောက်အယှက် ဖြစ်ခံမှာမဟုတ်ပေ။ သူက တောင်ထွတ်ပေါ်၌ တင်ပြင်ခွေချိတ်ထိုင်ပြီးနောက် မိုးကြိုးကျောက်တုံး တစ်တုံးကိုယူပြီး ၎င်းကို အတွင်းအားဖြင့် တဖြည်းဖြည်းချင်း လွှမ်းခြုံလိုက်သည်။ ထိုမိုးကြိုးကျောက်တုံးက ကောင်းကင်ဘုံကျောက်တုံးနှင့် ကွာခြားပုံမပေါ်ပေ။ အတွင်းအားနှင့် သန့်စင်၍ရသင့်သည်။

သို့သော် ကျန်းရီ၏အတွင်းအားက မိုးကြိုးကျောက်တုံးကို လွှမ်းခြုံသွားသည်နှင့် အစွမ်းထက်သော လျှပ်စီးက မိုးကြိုးကျောက်တုံးထဲမှ ပေါ်ထွက်လာ၏။ ကျန်းရီ၏ ဆုံးဖြတ်ချက်သည် သူ့ကို ကံဆိုးမိုးမှောင်ကျမှုဆီ တွန်းပို့ပေးလိုက်၏။

ချီ ချီ

လျှပ်စီးက အလွန်ပြင်းလွန်းလှရာ ကျန်းရီ၏ တစ်ကိုယ်လုံးက တုန်ယင်နေပြီး သူက ဝက်ရူးပြန်ရောဂါ ရနေသူပမာ ဖြစ်နေလေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများကလည်း ထောင်ထကုန်ပြီး အရေပြားကလည်း တူးခြစ်သွားကာ အဝတ်အစားများလည်း မီးလောင်သွားပြီး ပြာဖြစ်ကုန်၏။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးရန် မီးတိမ်သံချပ်ကာ ရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူ၏အရေပြားများက အစောကတည်းက လောင်သွားလောက်သည်။

“အား အား အား အား”

ကျန်းရီ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူကနာကျင်စွာ အော်နေရ၏။ မျက်ဖြူစိုက်လာပြီး ပါးစပ်က အမြှုပ်များ ထလာသည်မှာ ဝက်ရူးပြန်နေသည်နှင့် တူလှပေ၏။

အသက်ဆယ်ရှိုက်စာမျှသာ ဖြစ်သော်ငြား ကျန်းရီက လပေါင်းများစွာ ကုန်လွန်သွားသည့်ပမာ ခံစားလိုက်ရသည်။ ထိုထူးဆန်းသည့် ကျေနပ်ဖွယ် ခံစားချက်က သူတို့သည် မိုးကြိုးဖြင့် အပစ်မခံရမချင်း ခံစားမိမှာ မဟုတ်သည့်အရာဖြစ်၏။

“ဟူး ဟူး ဟူး”

ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများ လွင့်ပြယ်သွားသည့်အချိန်၌ သူက ပါးစပ်ဟကာ ပင့်သက်ရှိုက်လိုက်မိသည်။ ယခုအချိန်၌ သူ၏ဝင်လေထွက်လေတိုင်းက ပူလောင်နေပြီး မီးခိုးများ ရနေလေ၏။ သူက မြေပြင်ပေါ်ရှိ မိုးကြိုးကျောက်တုံးကို ကြည့်နေသည့်အချိန်၌ ရက်စက်ကြမ်းကြုတ်ပြီး အဆိပ်ပြင်းသည့် မြေတစ်ကောင်ကို ကြည့်နေသည်နှင့် တူနေတော့၏။

“မိုးကြိုးကျောက်တုံးလို့ခေါ်တာ အံ့သြစရာ မရှိဘူးပဲ။ မိုးကြိုးစွမ်းအင်က သိပ်ကိုများလွန်းတာ။ ကံကောင်းလို့ အတွင်းအားတွေ အများကြီးနဲ့ ဒါကိုမသန့်စင်မိတာ မဟုတ်ရင်ငါ သေချာပေါက် မီးလောင်သွားမှာပဲ”

ကျန်းရီသည် မီးခိုးအရသာများ ပါနေသည့် တံတွေးကို မျိုချလိုက်မိသည်။ သူ၏ မီးလောင်နေသော ဆံပင်များကို ထိပြီး အံ့ကြိတ်လျက် မြေပြင်ပေါ်ရှိ မိုးကြိုးကျောက်တုံးကို ဆုပ်ကိုင်ကာ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ၎င်းကိုအတွင်းအားဖြင့် လွှမ်းခြုံလိုက်တော့သည်။ သူအစောတုန်းက သုံးခဲ့သော အတွင်းအား၏ ဆယ်ပုံတစ်ပုံကိုသာ သုံးလိုက်၏။ ဤနည်းဖြင့် ထွက်ပေါ်လာသည့် လျှပ်စီးက ပြင်းထန်တော့မှာမဟုတ်ပေ။

ချီ ချီ

မိုးကြိုးကျောက်တုံးကနေ လျှပ်စီးများ ထပ်မံပေါ်ထွက်လာ၏။ သို့သော် ယခုအခေါက်တွင်မူ ပိုလျော့သွားပြီး မပြင်းထန်တော့ပေ။ ကျန်းရီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားပြီးနောက် အံ့ကြိတ်ကာ သည်းခံလျက် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးနေ၏။

သူ၏ခန္ဓာကိုယ်အတွင်း မဖော်ပြနိုင်သည့် စွမ်းအင်အရိပ်အယောင်က ပြန့်ကျဲနေ၏။ သူ၏ချီသွေးကြောထဲ ဝင်ရောနေတာ မဟုတ်ပေ။ ထိုမဖော်ပြနိုင်သော စွမ်းအင်က သူ၏ သွေး၊ အသား၊ အရိုး အားလုံးစီ လှည့်လည်သွားလာနေတာပဲဖြစ်သည်။ စွမ်းအင်ဖြတ်သန်းသွားသည့် နေရာတိုင်း၌ သူ၏ကြွက်သားများက နာကျင်မှု အနည်းအကျဉ်းကို ခံစားလိုက်ရ၏။

လှည့်ပတ်ပြီးရင်း လှည့်ပတ်ကာ စွမ်းအင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ကျန်းရီ၏ ခန္ဓာကိုယ်သည် နောက်ဆုံး၌ တုန်ယင်နေတာ ရပ်တန့်သွားကာ နာကျင်နေသော ခံစားမှုကလည်း ပျောက်ကွယ်သွား၏။

“အမ် မိုးကြိုးကျောက်တုံးကို သန့်စင်တာက အသုံးမဝင်တဲ့ပုံပဲ”

သူက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးဖွင့်လိုက်ပြီးနောက် မိုးကြိုးကျောက်တုံးမှ မိုးကြိုးစွမ်းအင်ကို သူ၏ခန္ဓာကိုယ်ထဲ လှည့်ပတ်လိုက်၏။ သို့သော် မည်သည့်စွမ်းအင်မျှ မကျန်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်က မည်သည့် ပြောင်းလဲမှုမှမရှိ။ မိုးကြိုးစွမ်းအင်ကို သူ၏ဒန်တန်ထဲတွင်လည်း မသိုလှောင်နိုင်။ ခန္ဓာကိုယ်ထဲတွင်လည်း မသိမ်းထားနိုင်ပေ။ လုံးဝအသုံးမဝင်ဟု ဆိုရမှာပဲဖြစ်သည်။

သူက ကြောင်အစွာ ထိုင်နေပြီးနောက် နောက်ဆုံးတွင် မိုးကြိုးကျောက်တုံးများကို ဆက်လက် သန့်စင်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ မိုးကြိုးစွမ်းအင်ကို ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ခြင်း သို့မဟုတ် သိုလှောင်၍ ရလေမလားဆိုတာ သူမြင်ချင်နေသည်။ မိုးကြိုးကျောက်တုံး သန့်စင်ခြင်းက မိုးကြိုးတောင်တန်း၌ တာအိုပုံစံ တည်ရှိမှုကို နားလည်သဘောပေါက်အောင် ကူညီပေးနိုင်မည်လားဆိုတာ မြင်ချင်နေသည်။

သူသည်ယခင်ကထက် ပိုတောင်နည်းသည့် အတွင်းအားအချို့ကို ထုတ်ဖော်လိုက်သည်။ သို့မှသာ သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် မထိခိုက်စေမှာပဲဖြစ်သည်။ တစ်ချိန်ထဲတွင်သူက မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ဝင်ရောက်လိုက်၏။ ထို့ကြောင့်သူသည် နာကျင်မှုကို မခံစားရတော့ပေ။ ဤနည်းဖြင့်သူက ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအင်ကို စစ်ဆေးရနိုင်၊ အာရုံစိုက်နိုင်ပြီး တစ်ချိန်ထဲတွင် မိုးကြိုးတောင်၏ တာအိုတည်ရှိမှုကို နားလည်သဘောပေါက်အောင် ပြုလုပ်နိုင်၏။

တစ်ကြိမ်၊ နှစ်ကြိမ်၊ ဆယ်ကြိမ်

မိုးကြိုးကျောက်တုံးကို အသုံးပြုပြီးနောက် ကျန်းရီသည် ထပ်ခါတလဲလဲ သန့်စင်နေ၏။ သူသည် မိုးကြိုးကျောက်တုံးကို တစ်ညလုံးသန့်စင်ရန် ပြင်ဆင်ထား၏။ သူ့ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးစွမ်းအင် ရှိနေသည့်အချိန်တွင် တာအိုပုံစံကို နားလည်အောင် ကူညီပေးနိုင်မည်လားဆိုတာ မြင်ချင်နေ၏။

ခန္ဓာကိုယ်ထဲသို့ မိုးကြိုးစွမ်းအင်က တည်တည်ငြိမ်ငြိမ်နှုန်းဖြင့် ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်က စည်းချက်ညီစွာ တုန်ယင်နေ၏။ အသက်ရှုငွေ့ကလည်း ပိုမျှလောင်ကျွမ်းသော လေထုများဖြင့် ပြည့်နေလေသည်။ သူ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံက နဂါးညှိုးရော်မြက်ကို သန့်စင်ပြီးနောက် ဆင်တစ်ကောင်ပမာ မာကြောလာတာ ကံကောင်းသည်ဟု ဆိုရပေမည်။ သူ၏ခန္ဓာကိုယ်က ပြန်လည်ကုစားရန်အတွက် အတွင်းအားကို လှည့်ပတ်စရာ မလိုဘဲ အလိုအလျောက် ပြန်ကောင်းနိုင်၏။ မိုးကြိုးထိခိုက်မှု ဤအဆင့်က သူ့အတွက် ပြဿနာမရှိပေ။

ကောင်းကင်က တဖြည်းဖြည်း လင်းထိန်လာ၏။ နောက်ထပ် ညမရောက်သေးပေ။ ကျန်းရီက မိုးကြိုးကျောက်တုံး တစ်ဒါဇင်ခန့် သန့်စင်ပြီးသော်ငြား မည်သည့်ရလဒ်မှမရှိ။ မိုးကြိုးစွမ်းအင်များကို သိုလှောင်၍မရ။ မိုးကြိုးတောင်တန်းထဲမှ တာအိုတည်ရှိမှုကို ဖမ်းဆုပ်ရန် မဖြစ်နိုင်တော့သလိုပင်။

“ဟူး”

သူ့လက်ထဲရှိ မိုးကြိုးကျောက်တုံးကို သန့်စင်ပြီးစီးတော့မည့်အချိန်၌ ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ ထွက်လိုက်ပြီး သူ့လက်ဖဝါးထဲရှိ မိုးကြိုးကျောက်တုံးကို ကြည့်လိုက်၏။ သူသည်၎င်းကို ပြီးစီးအောင် သန့်စင်နိုင်ရန် အတွင်းအားအမျှင်ကို လှည့်ပတ်လိုက်ကာ ခပ်ဝေးဝေးရှိ မိုးကြိုးတောင်တန်းကို ကြည့်ပြီးနောက် မိုးကြိုးမီး ပျောက်ကွယ်သွားပြီးချိန်တွင် မိုးကြိုးကျောက်တုံးများကို စုဆောင်းရန် ပြင်ဆင်နေလိုက်၏။

“ဟမ်”

ရုတ်တရက် သူ၏စိတ်ဝိညာဉ်က တုန်ယင်သွားပြီး သူက ကြောင်အနေသော အကြည့်ဖြင့် မျက်တောင်ခတ်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီး ထူးဆန်းတာကို သတိပြုမိသွား၏။

တစ်ညလုံး မိုးကြိုးဒဏ်ကြောင့် ထိခိုက်သွားပြီးနောက် မိုးကြိုးစွမ်းအင်ကို အနည်းငယ် ခုခံလာနိုင်သည်ဟု သူခံစားခဲ့မိသည်။ သူသည် နောက်ဆုံး မိုးကြိုးကျောက်တုံးကို သန့်စင်သည့်အချိန်၌ ခန္ဓာကိုယ်က အမှန်တကယ် မတုန်ယင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုကလည်း ဖျော့တော့လွန်းလှသည်။

All Chapters