← Chapters

ဘိုးဘိုးလုံပိ

Vol. 71 Ch. 928

ဘိုးဘိုးလုံပိ

Vol. 71 Ch. 928

နဂါးချီလင် ခေါင်းထောင်ကြည့်သည့်အခါ နန်းတော်အပျက်အစီးများအကြား၌ ကိန္နရီ၊ ကိန္နရာမောင်နှံ ပျံသန်းနေသကဲ့သို့ ခုန်ပျံကျော်လွှားလျက် တိုက်ခိုက်နေကြသော ချင်မူနှင့် ယွင်ချွီးရှို့ကို မြင်လိုက်ရသည်။

“ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရာဇ်ဟုတ်ရင် မဟုတ်၊ မဟုတ်ရင် သူ့ညီမ အရှင်မယွမ်မု ဖြစ်လောက်တယ်”

နဂါးချီလင်က ရှင်းပြသည်။ “ဂိုဏ်းသခင် စောစောက ထုတ်လိုက်တဲ့ တုတ်ချောင်းက ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်လို့‌ ‌ခေါ်တယ်... အူတိုင်ရဲ့ အသက်ရစ်ကွင်းတွေအရ အသက် နှစ်ပေါင်းသန်းငါးဆယ် ရှိတဲ့အကြောင်း ဖော်ပြနေတာဆိုတော့ အဲဒီတုတ်ချောင်းက အင်မတန်မှ အစွမ်းထက်တယ်... အမိကမ္ဘာမြေ ဖန်ဆင်းထားတဲ့ အဖိုးထိုက်ရတနာပဲ... ဒါပေမဲ့ ဂိုဏ်းသခင်အနေနဲ့ အဲဒီရတနာရဲ့စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ဘူး... ဒါတောင် စွမ်းအား ထွက်‌ပေါ်လာတယ်ဆိုတော့ ယွင်ချွီးရှို့ရဲ့ စနက်မကင်းဘူးလို့ ဂိုဏ်းသခင် သဘောပေါက်သွားတာ နေမှာ”

“ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မု ဟုတ်လား”

ယွင်ကျန်းလီမှာ သူ့စကားကို ကြားလျှင် အံ့ဩတုန်လှုပ်သွားပြီး အနည်းငယ် ကြောက်လန့်လာသည်။ သူသည် ထိုမျှကြောက်စရာကောင်းသော ဖြစ်တည်မှုနှင့် သွေးသောက်မောင်နှမ ဖွဲ့ခဲ့သည်သာမက သူမ၏အကြံအစည်များကို စောင့်ကြည့်ရန် အနား၌ ထားခဲ့သည်မဟုတ်ပါ‌လော။

တွေးကြည့်လိုက်ရုံနှင့် ယွင်ကျန်းလီ ကျောထဲ စိမ့်သွားသည်။

သို့သော် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး စပ်စုကြည့်လေသည်။ “နောင်ကြီးလုံပိ၊ ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရီလား၊ အရှင်မယွမ်မုလား ဘယ်လိုသိလဲ”

ချီကျုံရီက အော်သည်။ “ဒီမိန်းမလှလေးက ဘယ်လိုလုပ်ပြီး ကောင်းကင်နတ်ဧကရီနဲ့ အရှင်ယွမ်မု ဖြစ်နိုင်မှာလဲ” ထိုသို့အော်လိုက်သ်ောလည်း ချီကျုံရီမှာ သိချင်စိတ် ပြင်းပြနေသေး၏။

နဂါးချီလင်သည် အမြဲတစေ စားလိုက်အိပ်လိုက်ဖြင့် အပျင်းထူသယောင် ထင်ခဲ့ရ၏။ ချင်မူနှင့် သူ့အကြားတွင်လည်း အထိအတွေ့ သိပ်မရှိပေ။

နဂါးချီလင်က အဘယ်သို့ပြု၍ ယွင်ချွီးရှို့၏ သရုပ်မှန်ကို သိနေပြီး သူတို့က အဘယ်သို့ပြု၍ မမြင်နိုင်ခဲ့သနည်း။

လန်ရွှမ်နတ်နန်းတော်မှာ ကမ္ဘာဦးသစ်ပင်အူတိုင်၏ ရိုက်ချမှုကြောင့် ရစရာမရှိအောင် ပျက်စီးသွားသည်။ မရေမတွက်နိုင်သော နန်းဆောင်များနှင့် ခန်းမများမှာ အလဲလဲအပြိုပြိုကာ စုတ်ပြတ်နေကြ၏။

ချင်မူက လွင့်ပျံနေသော ပလ္လင်ခန်းမတစ်ခုအပေါ်တွင် ရပ်နေပြီး ယွင်ချွီးရှို့သည် သူမဆီမှ အလွန်ဝေးကွာသော ပလ္လင်ခန်းမတစ်ခုအပေါ်၌ ရှိ‌နေ၏။ ခန်းမနှစ်ခုကား လုံးဝမတူညီသောဘက်သို့ ရွေ့လျားနေကြလေသည်။ တစ်ခုသည် ကောင်းကင်ထက်သို့ မြောက်တက်နေပြီး တစ်ခုက အောက်ကျနေသည်။

ဤအဆောက်အအုံနှစ်ခု၏ အကြားတွင် တိုင်လုံးကြီးများနှင့် နန်းဆောင်များက တစ်ခုကိုတစ်ခု ဝင်တိုက်နေကြပြီး တောင်တန်းများလည်း တဝှီးဝှီး ပျံဝဲနေကြသည်။ တစ်နေရာလုံး ဗြောင်းဆန်နေချေပြီ။

စောစောက ယွင်ချွီးရှို့သည် ကောင်းကင်နတ်အရှင်တစ်ယောက်၏ မှော်စွမ်းအင်ကို ထုတ်လွှတ်ရင်း ကမ္ဘာဦးသစ်ပင်အူတိုင်၏ စွမ်းအားကို အသက်သွင်းကာ ကောင်းကင်နတ်အရှင်လန်၏ လန်ရွှမ်နတ်နန်းဆောင်အား ရုပ်လုံးမပေါ်တော့အောင် ဖျက်စီးခဲ့၏။ ဤသည်က ချင်မူ ဒေါသထွက်ရသည့် အကြောင်းရင်း ဖြစ်သည်။

သူ၏ရည်ရွယ်ချက်က အတန်ငယ် ဂြိုဟ်မွှေရုံသာ ဖြစ်၍ နတ်ဧကရာဇ်လန်ရွှမ်၊ ကောင်းကင်နတ်အရှင်လန်နှင့် ရန်သူဖြစ်သွားရန် မဟုတ်ပေ။ သူ မှားသည်ဟု ဝန်မခံသရွေ့၊ ကောင်းကင်နတ်အရှင်လန်အနေဖြင့် သူ့ကို ဘာမှမလုပ်နိုင်ပေ။

ယွင်ချွီးရှို့၏ မထင်မှတ်ထားသော လုပ်ရပ်က ကောင်းကင်နတ်အရှင်လန်ကို လည်ဂုတ်မှ ဆွဲ၍ ဆယ်ကြိမ် ပါးဖြတ်ရိုက်လိုက်သည်နှင့် တူသည်။

ချင်မူသည် ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သည့် အကြီးအကဲများထဲမှ တစ်ယောက် ဖြစ်စေကာမူ ကောင်းကင်နတ်အရှင်လန်က ငြိမ်ငြိမ်ထိုင်နေမည်မဟုတ်ပေ။ သေချာပေါက် တိတ်တဆိတ် အစီအစဉ်ချကာ လုပ်ကြံလိမ့်မည်။

ချင်မူက အတိုင်းထက်အလွန် ရဲတင်းသည်။ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သည့်အလား ကောင်းကင်နတ်ဘုံသို့ ဝင်လာခဲ့သည်။ နဂါးသိုက်၊ ကျားဂူတို့ထဲ ဝင်လာခဲ့ရသည့်တိုင် သူ၏သိုင်းကွက်တိုင်းသည် ဂရုတစိုက် အစီအစဉ်ချထားသကဲ့သို့ သေသပ်နေ၏။

သူ့အနေဖြင့် ကောင်းကင်နတ်ဘုံကို စုတ်ဖြဲပြီး သူ့အသက်သူ ကာကွယ်နိုင်မည့် အခန်းတစ်ခန်း တည်ဆောက်နိုင်ချေသည်။

သို့‌‌သော် ယွင်ချွီးရှို့၏ လုပ်ရပ်က သူ့အား ကောင်းကင်နတ်အရှင်လန်ကို ထိပ်တိုက်ဆန့်ကျင်စေလိုက်၍ သူ့အမှား ဖြစ်သွားသည်။

ချင်မူက လက်မြှောက်၍ လက်ဝါးတစ်ဖက်အား ယွင်ချွီးရှို့ဆီသို့ ပစ်လွှတ်လိုက်သည်။ သူ့အနောက်တွင် ကြယ်စင်ရောင်လှိုင်းဂယက်များ ဖြာထွက်ကွန့်ပမြူးသွား၏ မျက်တစ်မှိတ်အတွင်း တောက်ပလင်းထိန်နေသော ကြယ်အစုအဝေးတစ်ခုအဖြစ် ဖွဲ့တည်သွားချေသည်။

ကြယ်စင်တာရာများအကြား၌ ကောင်းကင်နတ်စွမ်းအင်တို့ စတင်သက်ဝင်လှုပ်ရှားစပြုလာပြီး ကြယ်အစုအဝေးကြီးသည် အရှိန်ပြင်းပြင်းစီးဆင်းနေသော ရေစီးကြောင်းပမာ သူ၏လက်ဝါးရိုက်ချက်နှင့်အတူ တရဟော ထွက်သွား၏။

ချက်ချင်းပင် ပျံဝဲနေသော အဆောက်အအုံများအားလုံး သူ၏ကောင်းကင်နတ်သိုင်းဆီသို့ ဆွဲငင်ခံလိုက်ရသည်။ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းသည် ဤဧရာမအရာဝတ္ထုကြီးများကို ဆွဲယူလိုက်ပြီးနောက် ယွင်ချွီးရှို့၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ချလိုက်၏။

ကြောက်မက်ဖွယ်သံလိုက်အားက ယွင်ချွီးရှို့၏ ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်အား ပုံပျက်လာစေသည်။ သူမ လဲကျသွားသည့်အခါ ဧရာမနန်းဆောင်ကြီးများက ကျောက်တိုင်အပိုင်းအပြတ်များ၊ အုတ်ခဲအစနအများ၊ ကြွေပြားအကွဲအစများနှင့်အတူ သူမဆီ ဝင်တိုက်သွားကြသည်။

ထိုမြင်ကွင်းမှာ အင်မတန် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်သည်။ ချင်မူက သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ရင်း တိုက်ပွဲကွင်းပြင်ထက်၌ အသာစီးရနေသည်။ လန်ရွှမ်နတ်နန်းတော်၏ အဆောက်အအုံများမှာ ကောင်းကင်သတ္ထုများဖြင့် ဖွဲ့တည်‌ဆောက်ထားခြင်း ဖြစ်သည့်အတွက် အလွန်လေးလံပေရာ သံလိုက်အားအတွက် သင့်တော်ပေသည်။

နတ်ဘုရားတစ်ပါးပင် ဤအဆောက်အအုံတို့၏ အလေးချိန်အား သယ်ထမ်းနိုင်မည်မဟုတ်။

ချီကျုံရီနှင့် ကျန်ရှိသူများက ယွင်ချွီးရှို့အပေါ်သို့ အဆောက်အအုံများ ပြိုကျသွားသည်ကို မော့ကြည့်နေကြသည်။ သံလိုက်ဆွဲအားကြောင့် ပတ်ဝန်းကျင်နေရာဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်နေရင်း ကြွေပြား၊ အုတ်ခဲအစအနများ၏ အရှိန်ကို မြှင့်တင်ပေးနေသဖြင့် နတ်လက်နက်များပမာ ဖြစ်နေတော့သည်။

နဂါးချီလင်က ပြောသည်။ “မမကြီးယန်အာ၊ အဆုံးသတ်မြို့ပျက်က အမြွှာပန်းနှစ်ပွင့်ကို မှတ်မိသေးလား... အဲ့ထဲမှာ အမျိုးသမီးအလောင်း ထည့်ထားတဲ့ အခေါင်းတစ်ခေါင်း ရှိခဲ့တယ်လေ... ဂိုဏ်းသခင်ပြောပုံအရ သူက ကောင်းကင်နတ်ဧကရီရဲ့ ညီမ၊ အရှင်မယွမ်မုတဲ့”

ယန်အာက ခေါင်းတဆတ်ဆတ် ညိတ်သည်။ သူမ မမှတ်မိဘဲ နေပါမည်လော။ ထိုအဆုံးသတ်မြို့ပျက်၏ ပန်းပွင့်ကမ္ဘာထဲတွင် ဧရာမတီကောင်ကြီးတစ်ကောင်ကိုပင် သူမ စားခဲ့ပြီး အစာချေရန် အချိန်များစွာ ယူခဲ့ရသေးသည်။

ထိုတီကောင်ကြီးက တီကောင်မဟုတ်ဘဲ အဆုံးသတ်မြို့ပျက်ထဲရှိ အမြွှာပန်းနှစ်ပွင့်၏ ဝတ်ဆံများမှ အသွင်ကူး‌ပြောင်းမွေးဖွားလာခဲ့‌သော ရှေးဟောင်းနတ်ဘုရားတစ်ပါး မြွေမတစ်ကောင် ဖြစ်သည်ဟု ချင်မူ သူမကို ပြောပြခဲ့ဖူးသည်။ သို့သော် ယန်အာက ၎င်းကို တီကောင်အဖြစ်သာ သတ်မှတ်ထား၏။ မြွေမက ရှေးဟောင်းနတ်ဘုရားဖြစ်သည့်အတွက် သူမ ကောင်းကောင်းအစာမချက်နိုင်သေးရာ ယခုလို ဝတုတ်နေရခြင်းဖြစ်ပေသည်။

နဂါးချီလင် ပြောပြနေသည်။ “နဂါးသွဲ့ရေကန်ကိစ္စမှ ကောင်းကင်နတ်အရှင်နှစ်ယောက် ကောင်းကင်နတ်အရှင်ရုံတစ်ယောက် ဖြစ်သွားတုန်းက အခြေအနေက အရေးကြီးခဲ့တယ်... အဲဒါနဲ့ ဂိုဏ်းသခင်က အခေါင်းကို ထုတ်ပြီး ယွင်ချွီးရှို့အရှေ့ ချရင်း အရှင်မယွမ်မုကို အသက်ပြန်သွင်းဖို့ ပြင်ခဲ့တယ်.... အဲဒီနောက်ပိုင်း ကောင်းကင်နတ်အရှင်တစ်ယောက် ရောက်လာတော့ အခြေအနေ ဟန်ချက်ညီသွားခဲ့တယ်... ဒါကြောင့် ဂိုဏ်းသခင်က အရှင်မယွမ်မုကို အသက်ဆက်မသွင်းခဲ့တာပဲ... ဒီတော့ အကူအညီလာပေးတာ ဘယ်သူဖြစ်မလဲ”

ချီကျုံရီနှင့် ယွင်ကျန်းလီမှာ အံ့အားသင့်နေကြပြီး နဂါးချီလင်အား ငေး၍ ကြည့်နေကြသည်။

နဂါးချီလင်က ဆက်ပြော၏။ “ကူညီပေးခဲ့တဲ့သူက ယွင်ချွီးရှို့ပဲ.. အဲဒါကြောင့် ယွင်ချွီးရှို့က ကောင်းကင်နတ်ဧကရီ ဒါမှမဟုတ် အရှင်မယွမ်မုပဲ ဖြစ်နိုင်တယ်”

သူ ဤစကားပြောပြီးသည့်အခါ ယွင်ချွီးရှို့သည် လက်နှစ်ဖက်ကို ဖြန့်ကားလျက် လေထဲတွင် စုတ်တစ်ချက် ဆွဲလိုက်၏။ အဆုံးမဲ့သော ချောက်နက်တစ်ခု ပေါ်လာပြီး ချင်မူ၏ အားကောင်းပြင်းထန်သည့် သိုင်းကွက်ကို အလျင်အမြန် ဖြိုခွဲပစ်လိုက်သည်။

ယွင်ချွီးရှို့က ချောက်၏အပေါ်တွင် ရပ်နေသည်။ ထိုချောက်သည် သူမ၏ကောင်းကင်နတ်သိုင်းဖြင့် ဖန်ဆင်းထားသော အဆုံးသတ်မြို့ပျက်၏ အသူရာချောက်ဖြစ်၏။ ချောက်က ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ဝါးမြို့နိုင်သည့်အလား ထင်ရပေသည်။ ချင်မူ၏ ကောင်းကင်နတ်သိုင်းမှ ဖန်ဆင်းထားသော ကြယ်အစုအဝေး၊ သံလိုက်ဆွဲအား၏ နတ်စွမ်းအင်များ၊ အုတ်ခဲစ၊ ကြွေပြားအကွဲများနှင့် ပြိုကျနေသော နန်း‌‌ဆောင်များ၊ ခန်းမများအားလုံး အဆုံးသတ်မြို့ပျက်ထဲသို့ ဆွဲချခံလိုက်ရသည်။

ဤသည်ကို မြင်လျှင် ချီကျုံရီ၊ ယွင်ကျန်းလီနှင့် ကျန်ရှိသူများ မှင်သက်သွားကြ၏။ ယခု ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်ဧကရီတို့ ညီအစ်မ ကျော်ကြားခဲ့သော အကြောင်းရင်းဖြစ်ပေသည်။

ယွင်ချွီးရှို့သည် ညီအစ်မနှစ်ဖော်ထဲမှ တစ်ယောက် ဖြစ်လောက်၏။

ချီကျုံရီက အော်တော့သည်။ “ဒုတိယအစ်ကို၊ မင်း တစ်ချိန်လုံး အိပ်နေတာမဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိနေတာလဲ”

နဂါးချီလင်သည် သူ့ကို ရွံရှာသလို ၊ အထင်သေးသလို ကြည့်၍ အေးအေးဆေးဆေး ပြန်ဖြေ၏။ “မင်းတို့အားလုံးက ငါ အိပ်နေတာ မြင်ပေမယ့် ငါ ဘယ်လောက် ကြိုးစားနေလဲ မသိကြဘူး.. ငါက အိပ်ရင်း သိုင်းကျင့်နေတာ... ဒီကမ္ဘာပေါ်မှာ အကြိုးစားဆုံးက ဂိုဏ်းသခင်ဆိုရင် ငါက ဒုတိယပဲ”

ယန်အာက ချီးကျူးနေပြီး စွမ်းအင်‌ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ နဂါးချီလင်က ယန်အာ စွမ်းအင်ဆေးလုံး လှမ်းခွံ့သော အချိန်နှင့် ကွက်တိ ပါးစပ်ဟကာ စားလိုက်၏။

နဂါးချီလင်က စွမ်းအင်ဆေးလုံးကို တမြုံ့မြုံ့ ဝါးနေရင်း မျက်လုံးများမှေးကျဉ်းကာ ပြောသည်။ “ငါ ဂိုဏ်းသခင်နောက် လိုက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ... ငါ ဆုံခဲ့ရတဲ့လူတွေက နတ်ဘုရားမဟုတ်ရင် အတွေးအခေါ်နက်ရှိုင်းသူတွေ၊ သိုင်းအဆင့်မြင့်မားသူတွေ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲနေတဲ့ အဆင့်မြင့်သိုင်းပညာရှင်၊ ကောင်းကင်နတ်အရှင်တွေပဲ.... ဒါကြောင့် ငါ့အသိအမြင်နဲ့ ဗဟုသုတကလည်း ရေလှိုင်းနဲ့အတူ မြင့်တက်လာတဲ့ သင်္ဘောတစ်စင်းလို တိုးတက်လာတော့တာပေါ့”

ယွင်ချွီးရှို့၏ အသူရာချောက်နက် ကောင်းကင်နတ်သိုင်းက ချင်မူ၏ ကောင်းကင်နတ်သိုင်းကို နန်းဆောင်အပျက်အစီးများနှင့်အတူ မြိုချပြီးသွား၏။ အသူရာချောက်နက်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး မည်းမှောင်နေသည့် ရေစီးကြောင်းတစ်ကြောင်းအား အားနှင့်အင်နှင့် ပန်းထုတ်ရန် ပြင်နေသည်။ ထိုစဉ် ချင်မူ၏ ကြယ်အစုအဝေးသည် ကောင်းကင်နယ်စားမင်း၏ ပုံရိပ်အသွင် ဖွဲ့တည်ကာ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ဆီသို့ လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်၏။

ယွင်ချွီးရှို့ အမူအရာ အနည်းငယ်ပြောင်းလဲသွားည်။ ချင်မူသည် မူလက သံလိုက်ဆွဲအား၏ နတ်စွမ်းအင်တို့ကို သူ၏ကောင်းကင်နတ်သိုင်းအဖြစ် အသုံးချခဲ့၏။ ကြယ်တာရာများအကြားရှိ သံလိုက်ဆွဲအားက အလွန်အားကောင်းလှသောကြောင့် ကောင်းကင်နယ်စားမင်းအသွင်သဏ္ဍာန် ဖွဲ့တည်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ၏ ကောင်းကင်နတ်သိုင်းက သိုင်းကွက်တစ်ကွက်တည်း မဟုတ်ဘဲ နှစ်ကွက်ဖြစ်ဟန်တူသည်။

အမိကမ္ဘာမြေနှင့် ကောင်းကင်နယ်စားမင်းအကြား ပတ်သတ်မှုမှာ မရှင်းလင်းခဲ့ပေ။ အမိကမ္ဘာမြေသည် တစ်ခါတုန်းက ကောင်းကင်နယ်စားမင်း၏ အဆီအနှစ်များအား ခိုးယူရင်း ကလေးများစွာ မွေးခဲ့ဖူး၏။

ဤရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ မဟာတာအိုနှစ်ခုတွင် အပြန်အလှန်အကျိုးပြုနေသော အချက်များ ရှိသည်။ သို့သော် အမိကမ္ဘာမြေက အခြားရှေးဟောင်းနတ်ဘုရားများနှင့်လည်း ဇယားမရှင်းခဲ့ပေ။ သူမသည် ယိုတုထဲသို့ တစ်ခါ ထိုးဝင်၍ မြေအောက်ဘုံအရှင်သခင်၏ အဆီအနှစ်များ ခိုးယူက ကလေးများ မွေးခဲ့ဖူးသေး၏။ ထို့ကြောင့် ကောင်းကင်နယ်စားမင်းက အမိကမ္ဘာမြေကို သိပ်သဘောမကျပေ။

ချင်မူက ဤသိုင်းကွက်ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်သွားသည်။ သူသည် ယွင်ချွီးရှို့အပေါ်သို့ ပျံတက်၍ သိုင်းတာအိုကောင်းကင်နတ်သိုင်းဖြင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

“ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လွတ်လာပြီလို့ နင်ပဲ ပြောခဲ့တာမဟုတ်လား”

ချင်မူက ကျင့်စဉ်စွမ်းအင်ကို အဆုံးစွန်အထိ ထုတ်‌ဖော်လျက် အေးတိအေးစက် ပြောသည်။ “ဘာကြောင့် ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်သိုင်းတွေကို သုံးနေသေးတာလဲ”

ယွင်ချွီးရှို့၏ ခြေထောက်အောက်ရှိ ခန်းမမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။ ခန်းမမှာ သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် မှုန့်မှုန့်ညက်ညက် ကြေသွားကာ အစအနပင် ရှာမရတော့ပေ။

နောက်တခဏ မြစ်အရှည်ကြီးတစ်စင်း ဖွဲ့တည်လာပြီး ယွင်ချွီးရှို့သည် ၎င်းအပေါ်၌ ရပ်နေ၏။ မဟာမိုးကြိုးတိမ်တိုက်ငါးခုက မီးခေါင်းလောင်းနတ်လက်နက်များအသွင် ပြောင်းလိုက်ကြပြီး ခေါင်းလောင်းကြီးများက ချင်မူ့ကို ဝန်းရံလျက် တုန်ခါနေကြသည်။ ကောင်းကင်နတ်မြစ်က ချင်မူ့ကို ရစ်ပတ်ချုပ်နှောင်ထား၏။

သူမအနောက်တွင် နဂါးလိပ်နှင့် မြွေပျံတစ်ကောင်က ‌ဒေါသတကြီး ဟိန်းဟောက်အော်မြည်လျက် လှည့်ပတ်နေသည်။ အတောင်တစ်ထောင် မြွေပျံကြီးသည် ကောင်းကင်နတ်မြစ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီး မြစ်ကြီး လည်နေစဉ် မြွေတောင်ပံများက ဓားမများသဖွယ် ရေထဲမှ ထွက်လာကာ ချင်မူ့ကို ဝိုင်း၍ ခုတ်ပိုင်းကြသည်။ အမြန်နှုန်းကား လျှပ်စီးလို သွက်လက်ပြီး အင်အားက မိုးခြိမ်းသံကြီးသဖွယ် ထစ်ချုန်းနေ၏။

မဟာမိုးကြိုးတိမ်တိုက်ငါးခုမှ ဖွဲ့တည်ထားသော မီး‌ခေါင်းလောင်းနတ်လက်နက်များက အပြင်းအထန် တုန်ခါလှုပ်ယမ်းနေသဖြင့် ချင်မူ၏ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ အပိုင်းပိုင်းအစစ ကြေမွလာသည်။

နဂါးလိပ်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ အတိုင်းအထက်အလွန် ထူသော ကုဗတုံးသဏ္ဍာန်အတားအဆီးတစ်ခု ဖော်ဆောင်လိုက်၏။ ကုဗတုံးက သူ့ကို မထွက်ပြေးနိုင်အောင် တားထားသဖြင့် သူ့မှာ မိုးကြိုးတိမ်တိုက်ငါးခုနှင့် ကောင်းကင်နတ်မြစ်မြွေပျံကြီးဖြင့် သေသည်အထိ ဖိညှပ်ခံလိုက်ရုံသာ ရှိတော့သည်။

“ယွင်ချွီးရှို့က တကယ်ပဲ ကောင်းကင်နတ်ဧကရီ ဒါမဟုတ် အရှင်မယွမ်မုဆိုရင် ရှေးဟောင်းဘုရားတွေရဲ့ အချုပ်အနှောင်က တကယ် လွတ်မြောက်သွားပြီပဲ”

ချီကျုံရီ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး ယွင်ကျန်းလီဆီ လှည့်ကြည့်သည်။ “လူမမာ သခင်လေး၊ မင်း သူ့ကို ဘယ်ကနေ ဘယ်လိုသိပြီး ညီမတော်လိုက်တာလဲ”

ယွင်ကျန်းလီ၏မျက်နှာမှာ အနည်းငယ် ဖျော့တော့နေသည်။ သူက ခါးသက်စွာ ရယ်ရင်း ပြော၏။ “သူ့အစွမ်းအစတွေက ဒီ‌လောက်အားကောင်းပြင်းထန်မယ်မှန်း ငါ ဘယ်လိုသိပါ့မလဲ... သူနဲ့ အဆင့်တူချင်း တိုက်ခိုက်နေရတာတောင် ကောင်းကင်နတ်အရှင်မူက သူ့ကို မနိုင်သေးပါလား”

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်လန်၏ တပည့်ကြီး၊ ချီရှီတင်းက ချင်မူနှင့် ယွင်ကျန်းလီဆီ တရှိန်ထိုးလာနေသည်။ သူ့မှာ ကမ္ဘာဦးသစ်ပင်အူတိုင်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သလို၊ လန်ရွှမ်နတ်နန်းဆောင်မှာလည်း ရစရာမရှိအောင် ကြေမွသွားခဲ့သည်။ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသောကြောင့် ချီရှီတင်းမှာ အမျက်တချောင်းချောင်း ထွက်လာ၏။ သူ့တွင် ကောင်းကင်နတ်အရှင်မူကို သတ်ရန်မှလွဲ၍ တခြားအတွေးများ မရှိတော့ပေ။

ယန်အာက တောင်ပံဖြန့်ကာ နဂါးစာကလေးအသွင် ပြောင်းလိုက်သည်။ သူမ၏မူလဝိညာဉ်က ပျံထွက်လာပြီးနောက် ချီရှီတင်း၏ သိုင်းကွက်ကို ထိပ်တိုက်ပိတ်ဆို့လိုက်သည်။

ချန်ရှီတင်းမှာ ဒေါသမပြေသေးပေ။ သူ ယန်အာနှင့် သူသေကိုယ်‌‌သေ တိုက်ခိုက်တော့မည့်အချိန် ယွင်ကျန်းလီက လှမ်းအော်သည်။ “နောင်တော်ချန်၊ စိတ်‌အေးအေးထားပါ.. လန်ရွှမ်နတ်နန်းတော်ကို ဖျက်စီးခဲ့တာ ကောင်းကင်နတ်အရှင်မူ မဟုတ်ဘူးဗျ...ကောင်းကင်နတ်ဧကရီ ဖျက်စီးခဲ့တာ”

“‌သောက်ကျိုး....”

ချန်ရှီတင်း ဆဲတော့မည့်အချိန် ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက တုန်ရီနေသောအသံဖြင့် မေးလေသည်။ “လူမမာသခင်လေး ၊ မင်း ဘာပြောလိုက်တာ”

ယွင်ကျန်းလီသည် ရိုးသားဖြူစင်စွာ ထပ်ပြောလိုက်၏။ “ကောင်းကင်နတ်ဧကရီက ချင်မူရဲ့ နတ်လက်နက်ကို အသုံးချပြီး ခင်ဗျားတို့ လန်ရွှမ်နတ်နန်းတော်ကိုကို ဖျက်စီးချင်နေတယ်”

ချန်ရှီတင်းအမူအရာ အကြီးအကျယ် ပြောင်းသွားသည်။ သူက ဖရိုဖရဲအပျက်အစီးများအကြား တိုက်ခိုက်နေကြသော ချင်မူနှင့် မိန်းမငယ်လေးဆီသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လေသည်။ “ကောင်းကင်နတ်ဧကရီတဲ့လား”

နဂါးချီလင်က သူ့ကို စိုက်ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ “ခင်ဗျား အခု ထွက်ပြေးရင်တောင် ကောင်းပါ့မလား မသေချာဘူး... ခင်ဗျားရဲ့ဆရာက လန်ရွှမ်နတ်နန်းတော်ကို ဖျက်စီးလို့ ခင်ဗျားကို ခွင့်လွှတ်မှာမဟုတ်ဘူး.... အခု အမှောင်ထုထဲကနေ ဂြိုဟ်မွေးနေတဲ့သူက ကောင်းကင်နတ်ဧကရီဆိုတာ ခင်ဗျား သိသွားပြီးမှတော့ မလွတ်နိုင်တောာ့ဘူး”

ချန်ရှီတင်း ၏ခြေလက်များ အေးစက်သွားပြီး သူကား ဝှစ်ခနဲ ပျံထွက်သွားတော့သည်။

သူ အကြီးအကျယ် ဒုက္ခရောက်နေပြီမှန်း သိသည်။ နတ်ဧကရာဇ်လန်ရွှမ်အနေဖြင့် သူ့ကို အသက်ချမ်းသာပေးနိုင်ခြေ ရှိသော်လည်း ရှင်လျက်ဖြင့် ငရဲကျနေသကဲ့သို့ ခံစားရလိမ့်မည်။ သူ ပြန်မလွတ်ခင် နှစ်ပေါင်းမည်မျှ အချုပ်ကျနေမည်ကို မည်သူမှ မသိနိုင်ပေ။ လန်ရွှမ်နတ်နန်း‌တော်တစ်ခုလုံး ပျက်စီးနေ၍ ဤကောင်းကင်နတ်အရှင်အတွက် သိက္ခာကျရာရောက်သွားလေရာ သူကို သေချာပေါက် အပြစ်ပေးလိမ့်မည်။

သို့သော် ကောင်းကင်နတ်ဧကရီ၏ သံလိုက်ဆွဲအား သိုင်းကွက်ကို လေ့လာလိုက်တုန်းက အခြေအနေ၏ သ‌ဘောတရားကို ချန်ရှီတင်း နားလည်သွားခဲ့သည်။

ကောင်းကင်နတ်ဧကရီသည် သူ့အား နတ်ဧကရာဇ်လန်ဆီသို့ အကြောင်းကြားခွင့်ပေးမည်မဟုတ်ပေ။

ထို့ကြောင့် ချန်ရှီတင်းသည် ပြတ်ပြတ်သားသား ဆုံးဖြတ်၍ အသက်ကို ကာကွယ်နိုင်ရန် လန်ရွှမ်နန်းတော်မှ ထွက်ပြေးရန် ကြံစည်၏။

အခြားတစ်ဖက်တွင် လိပ်နက်အတားအဆီးအစီအရင်က အုန်းခနဲ ပေါက်ကွဲသွားသည်။ ချင်မူသည် လက်တစ်ဖက်စီတွင် ဓားမတစ်လက်စီ ကိုင်၍ ယွင်ချွီးရှို့၏ ကောင်းကင်နတ်သိုင်းကို ခုတ်ဖွင့်လိုက်၏။ ထို့နောက် သူ၏မှော်စွမ်းအင်များဖြင့် သူမထံ ပိုင်းချလိုက်လေသည်။

“ချင်မျိုးရိုး၊ နင် ဘယ်ချိန်နောက်ဆုတ်ရမလဲ မသိဘူးလား”

ယွင်ချွီးရှို့၏ ခေါင်းလှလှလေးမှာ သူ၏ဓားချက်အောက်၌ ပိုင်းဖြတ်ခံလုဆဲဆဲ ဖြစ်သွားသည်။ သူမမှာ ‌ဒေါသထွက်လာပြီး အသံကို နှိမ့်၍ ပြောသည်။ “ငါ နင့်ကို ပေးသင့်တာ ပေးပြီပြီ... ငါ့မှော်စွမ်းအင်ကို နင် လိုက်မှီမယ်ထင်နေလား... ဒီချီးပုံက နင့်အတွက် ငါ့လက်ဆောင်၊ နင် သွားလေရာ သယ်သွားရမယ်”

All Chapters