← Chapters

အောင်ပွဲရခြင်း။

Vol. 16 Ch. 226

အောင်ပွဲရခြင်း။

Vol. 16 Ch. 226

ကျင့်ကြံခြင်းပြန်လည်မရရှိသေးသော ​ရှေးခေတ်၏ နောက်ဆုံးဧကရီဖြစ်သော်လည်း သူမ၏ အခြေခံနှင့် အတွေ့အကြုံက အဘယ်သို့အားနည်းမည်နည်း။

တိမ်ဖီးနစ်ဧကရီကို တိုက်ပွဲအတွေ့အကြုံအရာတွင် လက်ရှိမည်သူကမှ ယှဥ်နိုင်သေးသည်ဟု ပြောလို့ရ၏။

သူမက တုံ့ဆိုင်းခြင်းမရှိ လှံဖြင့်ထိုးလိုက်ခြင်းက သူမ ယုံကြည်ချက်မည်မျှရှိနေသည်ကိုတွေ့နိုင်သည်။

မင်အောင်းက အလေးအနက်မရှိသော အမူအရာဖြင့်ရှိနေလေသည်။

သူ၏ တိုက်ကွက်က တည့်တိုးတိုက်ခိုက်၍ ကျိုးပြတ်သွားမည်မဟုတ်ပေ။

သူမသာ အတင်းအကျပ်ထိုးဖောက်ပြစ်ပါက အတွင်းရှိ မရဏချီများကို သူမ မည်သို့တောင့်ခံထားနိုင်မည်နည်း။ 

နယ်ပယ်တူသူများပင် ထိုသို့အလွယ်တကူမလုပ်ရဲကြပေ။

သို့သော်လည်း စံအိမ်တော်ရှိတပည့်များက အလွန်အစွမ်းထက်သည်ဟု သတင်းပြေးလျှက်ရှိနေသည်။

မည်သို့ကြောင့် သူမက အလျှင်စလိုပြုလုပ်ခဲ့ရသနည်း။

ထိုအခိုက်တွင် တစ်ဖက်လူက သူမ၏ ခွန်အားကို ယုံကြည်ချက်ရှိနေသည်လားတော့ မင်အောင်းမပြောတက်ပေ။ 

သို့မဟုတ် သူမက စုံလုံးကန်း မောက်မာနေသည်လား။

သို့ပေမဲ့ မည်သို့ဖြစ်စေ ဟုန်ရင်လုပ်ရပ်က မင်အောင်းလိုချင်နေသည်နှင့်အတိအကျဖြစ်နေသည်။

“မင်းက မြန်မြန်သေချင်နေမှတော့ ငါ မင်းဆန္ဒကိုဖြည်းဆည်းပေးရတော့မှာပေါ့”

မင်အောင်း၏ ထိန်းချုပ်မှု့အောက်တွင် မရဏချီစက်လုံးကြီးက မရဏမြစ်နှင့်အတူ မျှောလာတော့သည်။ 

၎င်းက ဟုန်ရင်ကို တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင် ပြန်လည်မွေးဖွားခြင်းလှံတံ၏ အရိပ်အကြီးကြီးက ထိုးထွက်လာတော့သည်။

အေးစက်စက်အလင်းများတောက်ပနေသော လှံထိပ်က မရဏချီအလုံးကြီးအား ထိုးဖောက်သွားတော့၏။

ဖောင်း။

အသံကျယ်ကြီးထွက်ပေါ်လာသည်။

မရဏချီအလုံးကြီးက ငါးပူတင်းတစ်ကောင်လိုပင်။

လှံတံ၏ ထိုးဖောက်မှု့အောက်တွင် ၎င်းက အက်လာကာ မရဏချီများ ဆန့်ကားလာ၏။

၎င်းက ပေါက်ကွဲလုနီးပါဖြစ်လာသည်။

လူတိုင်းက ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ လေးနက်သောအမူအရာများဖြင့် နောက်ကိုဆုတ်ကုန်ကြသည်။

လီမိသားစု၏ ခေါင်းဆောင်နှင့် မုမိသားစုခေါင်းဆောင်သည်လည်း စိတ်ဝိဉာည်ချီအကာအရံတစ်ခုကို တည်ဆောက်လိုက်တော့သည်။

သူတို့၏ မိသားစုရှိ လူများကို ကာကွယ်ရန်ဖြစ်၏။

ထိုကဲ့သို့ ကြီးမားသော မရဏချီများပေါက်ထွဲထက်လာပါက အာကာသနတ်ဘုရားနယ်ပယ်ရှိလူများပင် တောင့်ခံနိုင်မည်မဟုတ်ပေ။

မင်အောင်းက မကောင်းဆိုးဝါးဆန်ဆန်ပြုံးကာ “ရှောင်ပေ့၊ ကိုယ့်ခွန်အားကို လုံးဝ ယုံကြည်မှု့ရှိတာတော့ ကောင်းပါတယ်”

“ဒါပေမဲ့ တခါတရံ ယုံကြည်မှု့လွန်ကဲတာကတော့ အသက်ပါဆုံးရှုံးနိုင်တယ်”

သူထိုသို့ပြေားပြီးနောက် ဟုန်ရင့်နှုတ်ခမ်းက လခြမ်းကွေးသဖွယ် ကွေးသွား၏။

သူမအမူအရာက တည်ငြိမ်ကာ သာမန်သာဖြစ်သည်။ 

သူမက ထိုမရဏချီအလုံးကြီးက ပေါက်ကွဲသွားမည်ကို လုံးဝ ဂရုမစိုက်ဟန်ပင်။

မင်အောင်းက ဟုန်ရင်၏ အမူအရာကိုကြည့်ကာ မကောင်းသောခံစားချက်များရနေသည်။

ခဏအကြာတွင် ထိုခံစားချက်က လက်တွေ့ဖြစ်လာခဲ့၏။

ဟုန်ရင်က သူမ၏ ကျောက်စိမ်းသဖွယ်လက်လေးကိုဆန့်ထုတ်ကာ လက်ချောင်းများကို ​ဖြန့်လိုက်၏။ ထို့နောက် သူမက ရုတ်တရက် လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်လိုက်တော့သည်။

ပြန်လည်မွေးဖွားခြင်းလှံတံ၏အရိပ်က ရုတ်တရက် လွင့်ပါးသွားလေသည်။

၎င်းက ပြန်လည်မွေးဖွားခြင်း စိတ်စွမ်းအားအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။

စိတ်စွမ်းအားအမျှင်တန်းက ပေါက်ကွဲတော့မည့် မရဏချီအလုံးအား ဝန်းရံထားတော့သည်။

ထိုအခိုက် မရဏချီအလုံးကြီးက ကြောက်မက်ဖွယ်ကောင်းအောင်ပင် ကြီးမားကျယ်ပြန့်လာတော့သည်။

၎င်းက မူလအရွယ်အစားထက် ဆယ်ဆမကကြီးမားနေတော့၏။

တောင်အသေးစားအရွယ်ကဲ့သို့ဖြစ်နေသည်။

ရုတ်တရက်၊ မရဏချီအလုံးကြီးက ပေါက်ကွဲထွက်လာ၏။

မရေတွက်နိုင်သော မရဏချီများက လျှပ်စီးလှိုင်းများအသွင်ပြောင်လဲသွားပြီး နေရာအနှံ့သို့ပြန့်နှံ့သွားတော့သည်။

ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက အကာအကွယ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး မရဏချီအလုံးကို ဝန်းရံပိတ်ဆို့ထားလိုက်သည်။

ပြန်လည်မွေးဖွားခြင်း စိတ်စွမ်းအား အကာအကွယ်သည် မရဏချီအလုံးကြောင့် အပေါက်များဖြစ်ပေါ်လာတော့သည်။

အကာအကွယ်က စတင်၍ ကြမ်းရမ်းစွာ တုန်ခါလာတော့သည်။

၎င်းကိုမြင်သော် တစ်စုံတစ်ယောက်က ခေါင်းခါ၍ ပြောလိုက်လေသည်။ “ချန်းယွမ်နယ်ပယ်ကျင့်ကြံသူက ဘယ်လိုလုပ် ဒီသိုင်းကွက်ကို တောင့်ခံနိုင်မှာလဲ…”

“အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေတောင် ဂရုစိုက်နေရတာကို”

“စံအိမ်တော်ရဲ့ တပည့်တွေက ကောလဟာတွေအတိုင်း မကောင်းဆိုးဝါးဆန်ကြပေမဲ့လည်း နယ်ပယ်အဆင့်ကွာခြားမှု့က လွယ်လွယ်နဲ့ကျော်ဖြတ်လို့ရမယ့်ဟာမဟုတ်ဘူး…”

“ဟုတ်တယ်။ အာကာသနတ်ဘုရားနယ်ပယ်နဲ့ ချန်းယွမ်နယ်ပယ်ကွာခြားချက်က ရေမြောင်းတစ်ခုလိုဘဲ။ နယ်ပယ်အဆင့်မြင့်လာလေ အဆင့်ကွဲပြားမှု့ကြောင့်ဖြစ်ပေါ်လာတဲ့ ချို့ယွင်းချက်တွေက ပိုသိသာလာလေဘဲ” လူတိုင်းက ဆွေးနွေးနေကြ၏။

သို့သော်လည်း ပြိုင်ဘက်က အလွန်အားကောင်းသောကြောင့် ဟုန်ရင်အပေါ် မည်သည့်မျှော်လင့်ချက်မျိုးမှမရှိပေ။

ဟုန်ရင်က ချန်းယွမ်နယ်ပယ်သာရှိသေးယ

မင်အောင်းက တုန်ခါနေသော အကာအရံကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

ထိုအလုံးကြီးထဲတွင် မရဏချီပါဝင်မှု့က အလွန်ပြောမပြတက်အောင်များပြားလွန်းသည်။

၎င်း၏ စွမ်းအားကို ဖော်ပြရန်ပင် မတက်စွမ်းနိုင်ပေ။

တူညီသောနယ်ပယ်ရှိသူများပင် ထိုတိုက်ခိုက်မှု့ကို လုံးလုံးလျှားလျှားတောင့်ခံနိုင်မည်ဟု စိတ်ကြီးဝင်နေမည်မဟုတ်။

မည်သို့ကြောင့်ချန်းယွမ်နယ်ပယ်က အငယ်တစ်ဦးက လုပ်နိုင်မည်ဟုထင်နေရသနည်း။

တဖက်တွင်မူ ဟုန်ရင်၏ အမူအရာမှာ တည်ငြိမ်နေသည်။

ကြောက်ရွံမှု့များလုံးဝမရှိပေ။

သူမ၏ ခွန်အားကို ယုံကြည်မှု့ရှိ၏။

သူက အမြဲ ဒီလို ယုံကြည်ချက်အပြည့်ဘဲလား။

မင်အောင်းက ခေါင်းခါသည်။ သူမက သူမ၏ပါရမီကြောင့် မောက်မာနေဟန်ရသေးသည်။

ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူမ၏ ကျင့်ကြံခြင်းလမ်းကြောင်းတွင်ပင် သေဆုံးသွားလိမ့်မည်ဖြစ်သည်။

သူ့ရှေ့တွင်ပေါ်လာခဲ့သည်မြင်ကွင်းကြောင့် မင်အောင်းမျက်လုံးများပြူးကျယ်သွားသည်။

သူ့မျက်လုံးတွင် မယုံကြည်မှု့များနှင့်ပြည့်နေသည်။

ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားဖြင့်တည်ဆောက်ထားသော အကာအကွယ်က ထိုအခိုက်တွင် အမှန်ပင် တည်ငြိမ်သွားသည်။

ထို့ပြင် ယင်းက အဆုံးသတ်မဟုတ်သေးပေ။

ဟုန်ရင်၏ထိန်းချုပ်မှု့အောက်တွင် ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက ဖြေးညှင်းစွာ စက်ဝိုင်းသဏ္ဍန် ပိတ်ဆို့လာ၏။

၎င်းက ပြန့်ကားလာသော မရဏချီကို တဖြေးဖြေးချင်း ဖိနှိမ့်ထားပြီး မရဏချီကို ပြန်လည် ချုံ့လိုက်ချင်နေသည်။

မင်အောင်းကိုယ်တိုင်ပင် ထိုသို့မလုပ်နိုင်ပေ။

သို့သော် သူ့ရှေ့ရှိ အနီဝတ်မိန်းကလေးက လုပ်ပြခဲ့၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မင်အောင်းက အံ့အားသင့်စွာပြောလိုက်သည်။

ဟန်ရင်က ဂရုမစိုက်။ သူမက မရဏချီကို သေးငယ်သော အလုံးအဖြစ် ဖိသိပ်နေ၏။ 

ထို့နောက် သူမက လက်ယမ်းလိုက်သောအခါ သေးငယ်သောအလုံးတစ်လုံးက ဟုန်ရင်၏ လက်ဖဝါးအတွင်းသို့ရောက်လာ၏။

သူမ ပြုံး၍ ပြောသည်။ “လှည့်ကွက်လေးတွေတော့ရှိတယ်လေ။ ဒါပေမဲ့လည်း ရှင် ခုခံနိုင်ပါ့မလားတောင်မသိဘူးနော်”

ထိုသို့ပြောရင်း သူမက လက်ကို သိမ်မွေ့စွာယမ်းလိုက်၏။

ဖိသိပ်ထားသော မရဏချီအလုံးလေးက မင်အောင်းဆီသို့ တိုးဝင်သွား၏။

၎င်းကိုမြင်သော် မင်အောင်း၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

အရွယ်အစားပြောင်းလဲသွားပါက အစွမ်းသည်လည်း ပြောင်းလဲသွား၏။

ထိုသို့သေးငယ်သည့်အစုအပေါင်းအဖြစ် ဖိသိပ်ထားလိုက်ပါက ၎င်း၏အစွမ်းသည်လည်း သက်သေပြရန်မလိုအောင် ရှင်းလင်းနေတော့သည်။

ပိုမိုဖိအားများလေလေ ပြန်ကန်တက်လာမည်အရှိုန်က ပိုကြောက်မက်ဖွယ်ကောင်းလာမည်ပင်။

မင်အောင်းက တောင်ဝှေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အော်ဟစ်လိုက်သည်။

မရဏမြစ်က မင်အောင်း၏အနားတွင်စုဝေးလာပြီး အကာအကွယ်တစ်ခုဖြစ်တည်လာသည်။

သူက ခုခံချင်နေသည်။

မရဏချီအစုအဝေးက မရဏမြစ်နှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

၎င်းက ထိလိုက်သည်နှင့်ပေါက်သွားသည့် ပူဖောင်းတစ်ခုလိုပင်။

ထိုအခိုက် မရဏချီများက ​ထပ်မံ ပေါက်ကွဲထွက်လာသည်။

ပေါက်ကွဲမှု့က မင်အောင်းထုတ်လွှတ်ခဲ့သည်ထက် ပို၍ ပြင်းထန်လေသည်။

သက်ရောက်မှု့က ပို၍ပင်ကြမ်းတမ်းသေးသည်။

မရဏချီက ပတ်ဝန်းကျင်ရှိရေခဲများကို ကွဲအက်သွားစေသည်။

လေဟာနယ်က အဆက်မပြတ်တုန်ခါနေပြီး ဆုတ်ပြဲနေသည့်အသံများထွက်ပေါ်လာသည်။ အက်ကွဲကြောင်းများက မျက်စိဗလာနှင့်ပင်မြင်နိုင်လေသည်။

လူတိုင်၏အမူအရာက သိသာစွာပြောင်းလဲသွားပြီး စတင်၍ နောက်ကိုဆုတ်ကြလေသည်။

တစ်ချိန်တည်းမှာ သူတို့၏ စိတ်ဝိဉာည်ချီများကို ထုတ်လွှတ်ကာ မရဏချီမုန်တိုင်းကို အတူတကွ ခုခံကာကွယ်နေသည်။

သိပ်မကြာခင်တွင် မရဏချီများက လုံးဝပျောက်ကွယ်သွားတော့သည်။

မင်အောင်းရပ်နေသောနေရာတွင် ချိုင့်တွင်းကြီးတစ်ခုရှိနေကာ လူတိုင်း၏မျက်စိအောက်တွင် သူ၏ပုံရိပ်ကပေါ်လာလေသည်။

လက်ရှိ မင်အောင်း၏ အရှိုန်အဝါက အလွန်အမင်း ဖျော့တော့နေသည်။

သူက ဒူးတစ်ဖက်ထောက်နေရကာ လဲမကျစေရန် တောင်ဝှေးကို အားပြုကာနေနေရသည်။

သို့သော်လည်း ထိုအခိုက် သူ၏ အသက်စွမ်းအင်က အဆက်မပြတ် ဆုတ်ယုတ်နေသည်။ 

ဤတိုက်ခိုက်မှုသည် မင်အောင်းကို ဆိုးရွားစွာ ထိုးနှက်သွားသည်မှာ ထင်ရှားသည်။

မင်အောင်းက လေသံသဲ့သဲ့ဖြင့်မေးလိုက်၏။ “ဘယ်... ဘယ်လိုလုပ်လိုက်တာလဲ”

ဟုန်ရင်၏ အမူအရာက အေးစက်၊ မောက်မာနေသည်။ “ဒါ ခက်လို့လား”

ထိုအဖြေကိုကြားသော် မင်အောင်းက ခါးသက်စွာပြုံးလိုက်၏။ 

ချန်းယွမ်နယ်ပယ်ရှိအငယ်တစ်ယောက်လက်ထဲတွင် ရှုံးနိမ့်ရမည်ဟု သူမထင်ထားခဲ့ပေ။

ငါက တကယ့်ဟာသတစ်ခုဘဲ။

မင်အောင်း၏ အရှိုန်အဝါက ထိုသို့တွေးတောပြီး လုံးဝပျောက်ကွယ်သွားတော့သည်။

All Chapters