← Chapters

ဧကရီ၏ သရုပ်မှန်။

Vol. 16 Ch. 227

ဧကရီ၏ သရုပ်မှန်။

Vol. 16 Ch. 227

မင်အောင်း၏ သေဆုံးခြင်းက လူတိုင်း၏ စိတ်တွင် သံမိုစွဲကပ်ထားသလိုပင်။

သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှု့များဖြင့် ပြည့်နက်နေသည်။

ချန်းယွမ်နယ်ပယ်နှင့် အာကာသနတ်ဘုရားနယ်ပယ်က အဆင့်တစ်ခုသာခြားသော်လည်း ကွာခြားချက်ကြီးမား၏။

ရေအလျဉ်ပြည့်လျှံရေးနယ်ပယ်ရှိသူက ချန်းယွမ်နယ်ပယ်ကလူကို အဆင့်ကျော်သတ်ဖြတ်နိုင်ပါက သူတို့နားလည်ပေး၍ရနိုင်သေးသည်။

သို့သော် ချန်းယွမ်နယ်ပယ်မှ အာကာသနတ်ဘုရားနယ်ပယ်ဆိုသည်ကတော့ လူတိုင်းကို ထိတ်လန့်သွားစေနိုင်သည်။

အဆင့်မြင့်လာလေ အဆင့်ကျော်တိုက်ခိုက်နိုင်မှု့က ခက်ခဲလာလေဖြစ်၏။ အဆများစွာ ပိုခက်ခဲနိုင်လေသည်။

အခြားဂိုဏ်းများနှင့်အဖွဲ့အစည်းများက ဟုန်ရင်ကို မြင့်မြင့်မားမားတွေးမထားသည်မှာ အဆန်းပေ။

မည်သို့ဆိုစေကာမူ ထိုသို့လုပ်နိုင်ရန်မှာ အလွန်ခက်ခဲသည်သာဖြစ်လေသည်။ 

သို့သော် ဟုန်ရင်က လုပ်ပြခဲ့သည်။

သူမက ချန်းယွမ်နယ်ပယ်နှင့် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို သတ်ခဲ့၏။

သို့ရာတွင် ယဲ့ချိုးပိုင်၊ နင်းချန်ရှင်းနှင့် ရှောင်ဟေးမျက်လုံးထဲတွင် ၎င်းက သာမန်သာဖြစ်သည်။

အမှန်တော့ လင်းရုဖုန်းနှင့် ခေါင်းဆောင်ယန်က ခဏသာ အံသြသွား၏။ ထို့နောက် ၎င်းအကြောင်းကိုတွေးမိသောအခါတွင် သူတို့က နားလည်သွားကြသည်။

ရှေးခေတ် ဧကရီတစ်ပါးအနေနှင့် ထိပ်တန်း ကျင့်စဥ်များ၊ သိုင်းကျမ်းများ ရှိသည်မှာ မဆန်းပေ။

သူမ၏ တိုက်ပွဲအသိက လူတိုင်းထက် မြင့်မား၏။

အခြေခံနက်ရှိုင်းမှု့ကိုတော့ ပြောနေစရာမလိုပင်။

ထို့ပြင် ထူးခြားဆန်းကြယ်သော စံအိမ်တော် ခန်းမသခင်၏ တပည့်တစ်ဦးလည်းဖြစ်သေးသည်။

ထိုကြောက်မက်ဖွယ်တည်ရှိမှု့က လက်တစ်ချောင်းတည်းဖြင့် အာကာသနတ်ဘုရားနယ်ပယ်ရှိကျင့်ကြံသူကို သတ်ဖြတ်နိုင်၏။

ထိုရောင်ဝါစက်ကွင်းကို အရောင်တင်ပေးလိုက်ခြင်းအားဖြင့် သူမက သူမအဆင့်ထက်မြင့်မားသူကို မတိုက်နိုင်မှသာ တွေးစရာများဖြစ်ကုန်လိမ့်မည်။

ဟုန်ရင်၏ အနိုင်ရရှိမှု့က ပေ့ဖုန်းမျက်နှာကို နက်မှောင်သွားစေ၏။

ထိုသို့စွမ်းရည်။

ထိုသို့ တိုက်ခိုက်ရေးအင်အား။

ချန်းယွမ်နယ်ပယ်ကကျင့်ကြံသူတစ်ဦးက မည်သည့်ဒဏ်ရာဒဏ်ချက်မှမရဘဲ အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို သတ်နိုင်လိမ့်မည်မဟုတ်ပေ။

သူမသာ အာကာသနတ်ဘုရားနယ်ပယ်သို့တက်လှမ်းသွားပါက ဤကုန်းမြေကြီးတွင် သူမကို ယှဥ်နိုင်သည့် လူဘယ်နှစ်ယောက်မျှ ကျန်ရှိတော့မည်နည်း။

လူတစ်စု၏ ညွန်ကြားချက်ကြောင့်သာမဟုတ်လျှင် ပေ့ဖုန်းက ထိုသို့ ပါရမီရှင်တစ်ဦးကို ရန်မစချင်ပေ။

ထိုအစား သူမအား မျက်နှာသာပေးကာ သူ့အား ကျေးဇူးကျွေးတင်အောင် အစွမ်းကုန်ကြိုးစားလိမ့်ပေမည်။

၎င်းက လုပ်သင့်သည့်အရာတစ်ခုပင်။

ကံမကောင်းသည်က၊ 

ပေ့ဖုန်းက ခေါင်းအသာအယာခါကာ တိတ်ဆိတ်စွာ သက်ပြင်းချ၏။

သူတို့၏ နေရာများက အလွန်ကွာခြားနေသည်။

မြောက်ပိုင်းလွင်ပြင်မြို့သည်  စံအိမ်​တော်ကို ရင်ဆိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

တဖက်တွင်တော့ ရှောင်ဟေး၏ တိုက်ပွဲကား ပြီးဆုံးသွားလေပြီ။

အလွန်ကြမ်းတမ်း၏။

ဘုန်းကြီးအိုကြီး၏ ဝဇိယခန္ဓာကိုယ်က ပေါင်းပင်ခြောက်များလို အလွယ်တကူ​ခြေမွသွားသည်။

လက်သီးတစ်ချက်ဖြင့် အသူရာတစ္တေကို အစိတ်စိတ်အမွှာမွာကွဲအောင် ထိုးချေလိုက်သည်။

သူ၏ ပြင်ပခွန်အားဖြင့် ဗုဒ္ဓဂိုဏ်းတော်ရှိ လူအိုကြီးကို လုံးဝခြေမွလိုက်သည်။

ထိုအခိုက် ရှောင်ဟေးက ဗုဒ္ဓဂိုဏ်းတော်၏ လူအိုကြီးကိုဆုပ်ကိုင်ထားကာ ယခင်လို ရိုးသားသည့် အမူအရာများမရှိတော့ပေ။

သူ၏ မျက်လုံးက အေးစက်နေကာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။

သူ့လက်သီးတွင် နောက်ထပ် သွေးနီကြောင်အကြောင်းတစ်ခုပေါ်လာသည်။

သူက ဗုဒ္ဓဂိုဏ်းရှိ လူအိုကြီးခေါင်းကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး ကွဲအက်နေသော ရေခဲပြင်ပေါ်တွင် ရပ်နေသည်။

မိစ္ဆာစွမ်းအင်များဖြင့်ပြည့်နေသော မျက်လုံးအစုံဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။

ရှောင်ဟေး၏ အကြည့်နှင့်ဆုံလိုက်တိုင်း လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။

စိတ်မခိုင်သောလူများဆိုလျှင် ဒူးထောက်ကျကုန်၏။

လက်ရှိ ရှောင်ဟေးက မသိလျှင် မိစ္ဆာဧကရာဇ် ဆင်းသက်လာသည့်အတိုင်းပင်။

နင်းချန်ရှင်းနှင့် ယဲ့ချိုးပိုင်က တိုက်ပွဲမပြီးသေးသော်လည်း ဗုဒ္ဓဂိုဏ်းအကြီးအကဲနှစ်ဦးက လေးနက်သောအမူအရာနှင့်ရှိနေလေသည်။

အသူရာတစ္တေက ကြေမွနေပြီး ခန္ဓာကိုယ်က ဒဏ်ရာရနေ၏။

၎င်းကိုမြင်သော် သူတို့က တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ပေ့ဖုန်းအနားသို့ ပြန်ဆုတ်လိုက်ကြသည်။

ပေ့ဖုန်းအစီအစဥ်က ကျရှုံးသွားသည်မှာ အသိသာပင်။

သူတို့က စံအိမ်တော်တပည့်များကို ရှင်းမထုတ်နိုင်ခဲ့ပေ။ ထိုအစား အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ နှစ်ဦးသာ ဆုံးရှုံးသွားရသည်။

ဟုန်ရင်နှင့်တခြားသူများက ဘေးချင်းယှဥ်၍ လျှောက်လာကြသည်။

“ရှင်တို့တိုက်ခိုက်ချင်သေးတာလား”

သူမလေသံက မောက်မာ၏။

သူမ၏ ပုံသဏ္ဍန်က ကျော့ရှင်း၏။

သို့သော်လည်း ယခု သူတို့က အဆင့်မှီသွားပြီဖြစ်သည်။

ပေ့ဖုန်းအမူအရာက အရုပ်ဆိုးနေကာ “စံအိမ်တော်က ဂုဏ်သတင်းနဲ့ထိုက်တန်ပါတယ်။ မင်းတို့က နတ်ဘုရားပစ္စည်းပြိုင်ပွဲအတွက် ပါဝင်ဖို့ အဆင့်မှီပါတယ်”

အဆင့်မှီတယ်။

ဟုန်ရင်က တခစ်ခစ်ရယ်မော၍ ပေ့ဖုန်းကို အေးစက်စွာကြည့်လိုက်သည်။ “ဒါပေါ့ ကျွန်မတို့်က အဆင့်မှီတယ်လေ”

“ဒါပေမဲ့ ရှင်တို့ကြည့်ရတာ အဆင့်မှီပုံတော့မပေါ်ဘူးနော် ဟုတ်တယ်မလား”

၎င်ကိုကြားသော် ပေ့ဖုန်းအမူအရာက ပြောင်းလဲသွားသည်။

“ငါတို့က ဖယ်ထုတ်ဖို့ ကြိုးစားနေတာလား”

ယဲ့ချိုးပိုင်က မဟူရာမိစ္ဆာဓားကိုကိုင်ကာ ထူးမခြားနားစွာပြော၏။ “ဘာလို့မလုပ်ရမှာလဲ။ ကျုပ်တို့လုပ်ချင်ရင်တောင် ခင်ဗျားတို့မှာ အင်အားကျန်သေးလို့လား”

ပေ့ဖုန်းက ပြန်မပြောနိုင်၊ တဖက်လူပြောသည်က မှန်နေလေသည်။

ယဲ့ချိုးပိုင်နှင့် နင်းချန်ရှင်းက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ဖိနှိပ်နိုင်သော ခွန်အားရှိသည်။

ဟုန်ရင်နှင့် ရှောင်ဟေးအတွက်မူ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ခြေမွှပြစ်နိုင်သည်။

ထို့ပြင် တဖက်တွင် ကျော်ကြားသော အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူနှစ်ဦး လင်းရုဖုန်းနှင့် ခေါင်းဆောင်ယန်ရှိလေသည်။

သူတို့လုပ်ချင်ပါက ပေ့ဖုန်းနှင့်အဖွဲ့ကို အချိန်မရွှေးဖယ်ထုတ်ပြစ်နိုင်သည်။

၎င်းကိုမြင်သောအခါ ခေါင်းဆောင်ယန်က သက်ပြင်းချကာ “ရုဖုန်း ရုတ်တရက်ကြီး ငါတို့အိုလာပြီလို့ ခံစားနေတယ်”

လင်းရုဖုန်းက နွေးထွေးသောအပြုံတစ်ခုဖြင့် ခေါင်းညိမ့်ကာပြောလေသည်။ “လူငယ်မျိုးဆက်တွေက လူကြီးတွေကို ကျော်တက်သွားတော့မယ်လေ။ အချိန်တွေက ပြောင်းလဲသွားပြီ”

“ဟုတ်တယ် အခုက သူတို့ရဲ့ အချိန်ဘဲ”

“သူတို့ဘယ်လောက်ထိ ဆက်သွားနိုင်မလဲဆိုတာ သိချင်မိတယ်”

လင်းရုဖုန်းက တောက်ပစွာပြုံးကာ ပြောသည်။ “ဘာဘဲဖြစ်ဖြစ် ကျုပ်တို့က ဒီကောင်စုတ်လေးတွေရဲ့ နောက်ကျောကို မြင်နိင်မှာ မဟုတ်တော့ဘူး”

ခေါင်းဆောင်ယန်က ရယ်မောလိုက်သည်။

“မင်းတို့တွေ…”

သို့သော်လည်း ပေ့ဖုန်းစကားမဆုံးခင် သူ၏ အမူအရာက ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ဟုန်ရင်က လှံကိုကိုင်ကာ သူဆီသို့ပြေးလာသောကြောင့်ပင်။

ယဲ့ချိုးပိုင်က ပြုံးစိစိဖြင့်၊ လက်ဝါးကိုလှန်လိုက်ကာ ဓားနယ်မြေကို ပြန်ဖြေလိုက်သည်။ 

“ငါ ဒီခွေးမသားကို သဘောမကျဘူး”

ဟမ်။

ဘယ်တုန်းစပြီး ဒီကောင်က သူ့ဆရာဆီကနေ့ မကောင်းတဲ့အရာတွေသင်ထားတာလဲ။

သို့သော်လည်း ထိုသို့ပြောရသည်မှာ အရသာရှိလေသည်။

ယဲ့ချိုးပိုင်က ခေါင်းခါကာ ရယ်မောလိုက်သည်။ ဓားနယ်မြေရှိ သိပ်သည်းသော ဓားဂိုဏ်းအရှိိုန်အဝါနယ်ပယ်က ဓားအရှိုန်အဝါမြစ်အရှည်ကြီးအဖြစ်စုစည်းသွားကာ ပေ့ဖုန်းနှင့်အခြားလူများဆီသို့ ဝင်ရောက်သွားသည်။

ဗုဒ္ဓဂိုဏ်းတော်ရှိ ကျင့်ကြံသူများက ချက်ချင်းပင်၊ “အော်မီတော်ဖော်၊ ကိုယ်တော်တို့ နောက်ဆုတ်လိုက်ပါမယ်”

ဗုဒ္ဓဂိုဏ်းအကြီးအကဲနှစ်ဦးက ဗောဒိသတ္တဆယ်ပါးနှင့်အတူ နောက်ဆုတ်သွားတော့သည်။

ရန်တုံရှမ်း၏ အမူအရာက ရုပ်ဆိုးသွား​တော့သည်။

ငူက မြင်းမှား၍ လောင်းလိုက်မိဟန်ရသည်။

 ခါးသီးသော ခံစားချက်များနှင့်အတူ ပေ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်လည်း ဝင်မပါတော့ပါဘူး”

သူက အရှေ့ဝင်ရိုးစွန်းဂိုဏ်းကို ဦးဆောင်ကာ ဤပြဿနာများသော နေရာက ထွက်ခွာသွားကြသည်။ 

နံရံကြီးပြိုကျသွားသောအခါ လူတိုင်းက မောင်းထုတ်ခံလိုက်ရသည်။

ပေ့ဖုန်းအမူအရာက ရုပ်ဆိုးသွားကာ အော်ဟစ်လိုက်၏။ “ကျုပ်တို့အခုထွက်ပြေးသွားလိုက်ရင် သူတို့က လွှတ်ထားမယ်ထင်လို့လား”

သူစကားမဆုံးခင် ဟုန်ရင်၏ ပြန်လည်မွေးဖွားခြင်း လှံတံက ရောက်လာတော့သည်။

၎င်းက ပေ့ဖုန်း၏ မျက်ခုံးအလယ်သို့ ချိန်ရွယ်ထားသည်။

သူမက သူ့အသက်ကို နုတ်ယူချင်နေသည်။

အဘယ်ကြောင့် မျိုးဆက်တစ်ခု၏ ဧကရီတစ်ပါးက ဒေါသမထွက်ဘဲနေရမည်နည်း။

ယခင်က သူတို့သည် စံအိမ်တော်ကို ပွင့်လင်းစွာ ကြံစည်ခဲ့သည်။

ယခုတွင် သူက အခြားဂိုဏ်းများနှင့်အထက်တန်းလွှာမိသားစုများကို စည်းရုံးပြီး စံအိမ်တော်ကို ရှင်းထုတ်ရန်ကြိုးစားခဲ့သည်။

ဟုန်ရင်၏ စိတ်ထဲတွင် ပေ့ဖုန်းက သေလူပင်။

ပေ့ဖုန်းက အံကြိတ်၏။ ထိုအခိုက် သူ၏ အာကာသနတ်ဘုရားနယ်ပယ် တစ်ပိုင်းအဆင့် အရှိုန်အဝါက ထွက်ပေါ်လာသည်။

သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးတွင် ရေခဲနှင့်နှင်းများ၏ စွမ်းအားများပါဝင်နေသည်။

သို့သော် အဘယ်နည်း။

အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူပင် ဟုန်ရင်ကို မယှဥ်နိုင်ပေ။

အာကာသနတ်ဘုရားနယ်ပယ် တစ်ပိုင်းအဆင့်သာရှိသေးသော သူက ဟုန်ရင်ကို မည်သိုယှဥ်နိုင်မည်နည်း။ ခဏအတွင်းတွင် ရေခဲနှင့်နှင်းများပါဝင်သောလက်ဝါးချက်က ဟုန်ရင်လက်ထဲရှိလှံကြောင့် ​ကျေပျက်သွားတော့သည်။

အရှိုန်က မရပ်တန့်သေးပေ။

ပြန်လည်မွေးဖွားခြင်းစိတ်စွမ်းအားက လှံထိပ်တွင် ရစ်ပတ်နေသည်။

၎င်းက တည့်တည့်ဝင်ရောက်သွားသည်။

ပေ့ဖုန်း၏ စိတ်ပျက်လက်ပျက် မျက်နှာရှိ တန်းထျန်သို့ ထိုးဖောက်သွားသည်။

ပြန်လည်ဝင်စားခြင်းစိတ်စွမ်းအားက ပေ့ဖုန်း၏ တန်းထျန်အတွင်းတွင် လေမုန်တိုင်းလို မွှေနှောက်နေတော့သည်။

၎င်းက လုံးဝ ပျက်ဆီးပြစ်လိုက်သည်။

ထိုအခိုက် ပေ့ဖုန်း၏ ကျင့်ကြံခြင်းများအားလုံးပျက်ဆီးသွားရကာ နောက်ထပ် ကျင့်ကြံနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။

ဟုန်ရင်က လှံတံကို လက်နှစ်ဖက်ဖြင့် စွဲကိုင်ကာ ရေခဲပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။

သူမက ပေ့ဖုန်းမျက်နှာကို တက်နင်းလိုက်သည်။

ထို့နောက် ဧကရာဇ်ချီက အလိုလို ထွက်ပေါ်လာ၏။

“ဒီဧကရီက တိမ်ဖီးနစ်အင်ပါယာကို ပြန်တည်ထောင်မယ်။ မကျေနပ်တဲ့သူရှိရင် ရှေ့ကိုထွက်လာခဲ့” ဟုန်ရင်က တည်ငြိမ်စွာပြောသည်။

သူမအသံက မိုးခြိမ်းသံလိုပင် လူတိုင်း၏ နားစည်အတွင်းတွင် တုန်ဟီးသွားစေ၏။ 

All Chapters