← Chapters

စိန်ခေါ်ခြင်း

Vol. 16 Ch. 231

စိန်ခေါ်ခြင်း

Vol. 16 Ch. 231

သိုင်းခန်းမ။

ချန်မင်ကျိက စံအိမ်တော်သို့မဝင်ရောက်နိုင်သော်လည်း စံအိမ်တော်၏အနာဂတ်အောင်မြင်မှု့များက သေချာပေါက် ထူးခြားနေသည်မှာအမှန်ပင်။

သူက စံအိမ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခုတည်ဆောက်ထားသရွှေ သူနှင့်သူ့မိသားစုအတွက် အကျိုးအမြတ်များစွာရနေမည်ဖြစ်သည်။

လျှို့ဝှက်တာအိုတာကျောင်းတော်အတွက်မူ အနည်းဆုံးတော့ စံအိမ်တော်နှင့် တစ်ဖက်တည်းတွင်ရှိနေသည်။

စံအိမ်တော် တဟုန်ထိုး တိုးတက်လာပါက ထိုအင်အားက သူတို့နှင့်သက်ဆိုင်ပေသည်။ 

တစ်နည်းဆိုရသော် လျှို့ဝှက်တာအိုကျောင်းတော်က ပျောက်ကွယ်သွားမည်မဟုတ်ပေ။

လူတစ်ဦးက တာအိုကိုရရှိသွားသောအခါ သူ၏ ကြက်များနှင့် ခွေးများက ကောင်းကင်ဘုံသို့တက်လှမ်းနိုင်မည်ဖြစ်သည်။

ချန်းမင်ကျိ့က ၎င်းဥပဒေသကိုနားလည်၏။

ယခုတော့ သိုင်းခန်းမတွင် ကျင့်ကြံနေသောသူက ချန်းယွမ်နယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်နေပြီဖြစ်သည်။

သူလို ထူးချွန်သောလူက သိုင်းခန်းမ ခန်းမဆရာသခင်၏ အာရုံစိုက်မှု့ကို အတော်လေးရရှိနေသည်။

သိုင်းခန်းမ၏ ရင်းမြစ်များကို စတင်၍ သူရရှိလာ၏။

ချန်းမင်ကျိ့သည်လည်း အလယ်ပိုင်းဒေသရှိ ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်ပေသည်။

ပါရမီရှင်များကို အရင်းအမြစ်များမပေးပါက လူများစွာကို စိတ်ပျက်စေလိမ့်မည်။

အရည်အချင်းမပြည့်မီသော ကျောင်းသားများအတွက် တရားမျှတမှု မရှိပုံရ​နေသည်။

အမှန်တော့ ၎င်းက အလွန်ကို တရားမျှတသောလုပ်ရပ်ပင်။

သူ၏ ပါရမီစွမ်းအားက ချန်မင်ကျိ့လိုလူမျိုးကို ဖိအားပေးနိုင်သည်။

သာမန်အားဖြင့် သူလည်းဘဲ ထိုသို့ ဆက်ဆံခြင်းများကို ရရှိလေသည်။ 

ပါရမီမပြည့်မှီဘူးလော။ ထိုသို့ဆိုလျှင်တော့ ဝမ်းနည်းပါသည်။ သင်က ချင်းထျန်းနျန်၏သား သို့ ခန်းမသခင်၏တူ တစ်ဦးဖြစ်နေလျှင်ပင် ထိုသို့ ဆက်ဆံခြင်းများခံစားရမည်မဟုတ်ပေ။

၎င်းကလည်း လျှို့ဝှက်တာအိုကျောင်းတော်ကို လူတိုင်းက တာအိုဖြန့်ဝေပေးသော မြင့်မြတ်ကုန်းမြေဟု ခေါ်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

စွမ်းဆောင်ရည်ရှိသူများက အောင်မြင်ကာ ရှုံးနိမ့်သူများက လဲကျသွားလိမ့်မည်ပင်။

တခါတရံ မတရားမှု့က အလွန်တရားမျှတမှု့များဖြစ်နေတက်သည်။ 

သိုင်းခန်းမ ခန်းမသခင်က ချန်မင်ကျိ့၏ ခြံဝင်းအတွင်းသို့ဝင်ရောက်လာပြီး ပြုံးကာ ပြော၏။ “မင်ကျိ့၊ ကျောင်းသားသစ်ပြိုင်ပွဲက စတော့မယ်။ မင်းကြိုးစားကြည့်ပါလား”

၎င်းကိုကြားသော် ချန်းမင်ကျိ့သည်ခေါင်းညိမ့်၏။

သူက ကျောင်းသားသစ်ပြိုင်ပွဲတွင် ဝင်ပြိုင်ရမည်။

ဆုကြေးများက ရက်ရောစွားပေးသလို နောက်ဖပ်အရင်းအမြစ်များလည်း ပေးဦးမည်ဖြစ်သည်။ 

ပို၍အရေးကြီးသ​ည်က သူက ရှစ်ရှန်းကိုဆုံတွေ့က သူ့ကို အနိုင်ယူချင်နေသည်။

သူ ပါရမီက ရှစ်ရှန်းအောက်မရောက်ဟုဆိုကာ သက်သေပြချင်နေသည်။

ထို့ပြင် ချန်မင်ကျိ့က ချန်းယွမ်နယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည်။

သူထိုသို့တွေးမိပြီးနောက် သိုင်းခန်းအ ခန်းမသခင်နောက်သို့လိုက်ပြီး ကျောင်းသားသစ်ပြိုင်ပွဲဆီသို့ ဦးတည်သွားတော့သည်။

သိုင်းခန်းမသခင်သည်လည်း ပြုံးနေလေသည်။

နောက်ဆုံးတော့ သူက ကျောင်းသားသစ်ပြိုင်ပွဲတွင် နေရာတစ်ခုပြန်ရတော့မည်ဖြစ်သည်။

ယခင်အချိန်တုန်းက စံအိမ်တော်က  ချန်ပီယံဆု ရရှိခဲ့သည်။

ယခုအချိန်တွင် ချန်းယွမ်နယ်ပယ် အလယ်အလတ်ရှိသော ချန်းမင်ကျိ့ရှိနေသည်။

ယဲ့ချိုးပိုင်နှင့် အခြားမွန်းစတားကောင်များကလည်း ဝင်မပြိုင်တော့ပေ။

ရှစ်ရှန်းက လုချန်ရှန်း၏ တပည့်ဖြစ်သည်။

သို့သော်လည်း ဤအခါတွင် သူက ခရမ်းရောင်ဘုံဗိမာန်နယ်ပယ်သာရှိသေးသည်။

သူက ရက်အနည်းငယ်အတွင်း ချန်းမင်ကျိ့ကို ကျော်နိုင်မည်မဟုတ်ပေ။

ရှစ်ရှန်းသည်လည်း ပြင်ဆင်နေသည်။

ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ရှောင်ဟေးတို့က သူ့နောက်ကိုလိုက်လာသည်။

ဆရာတူအကိုများအနေနှင့် သူတို့ ဆရာတူညီလေး၏ ပထမဆုံးတိုက်ပွဲကို လိုက်ကြည့်ရမည်ဖြစ်ပေသည်။

သာမန်ဆိုလျှင် မုဝမ်အာလည်း သေချာပေါက်ကိုလိုက်မှာဖြစ်သည်။

မည်သို့ဖြစ်စေ ၎င်းက ပျော်ဖို့ကောင်းလေသည်။

သို့သော်လည်း မုဝမ်အာကို မုဟေဲာကျောစ်းပြန်ခေါ်သွားလေသည်။ သူတို့မည်သည်ကိုဆွေးနွေးနေကြမှန်း ဘယ်သူမှမသိပေ။

မုကျီးချင်းသည်လည်း ကျိုးတောက်တောင်ခြေတွင် ထိုင်နေသော လူအိုကြီးက ခေါ်ဆောင်သွား၏။

တခုခုအရေးကြီးနေဟန်ရလေသည်။

သူမက ယဲ့ချိုးပိုင်ကို စာတစ်စောင်သာချန်ထားခဲ့သည်။

သူမက ယဲ့ချိုးပိုင်ကို ကျိုးတောက်တောင်ခြေတွင် စောင့်နေလိမ့်မည်ဖြစ်သည်။

လုချန်ရှန်းအတွက်မူ။

ဟဟ။

ကလေးများတိုက်ခိုက်သည်ကိုကြည့်သည်ထက် တရေးအိပ်သည်က ပိုကောင်းသေးသည်။

ပြိုင်ပွဲကျင်းပမည့်နေရာသည် ယခင်ပြိုင်ပွဲများနှင့် အတူတူဘဲဖြစ်သည်။

သို့သော်လည်း ပါဝင်သူနှင့် ကြည့်ရှုသူအရေအတွက် သိသိသာသာ နှစ်ဆတိုးလာခဲ့သည်။

မည်သိုဖြစ်စေကာမူ စံအိမ်တော်က နာမည်ကြီးလာသည်ဖြစ်သည်။

ထို့ကြောင့်ပင် နယ်မြေလေးခုရှိ သိုင်းကျင့်ကြံသူများက နာမည်ကြီးလာ၏။

တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်ကိုလာရောက်ပူးပေါင်းကြသည်။ 

​မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်၏ ငြိမ်ဝပ်ပိပြားရေးတပ်ဖွဲသည်လည်း ရောက်လာ၏။

မြောက်ပိုင်းဒေသ၏ နံပါတ်တစ် ကျင့်ကြံသူ ယွင်ကျင်း။

သူက ကျန့်ချောင်မြန့်ကိုပါကြည့်ရှုရန်ခေါ်လာခဲ့သည်။

အဓိကကျောင်းတော်ကလည်း လက်ထောက်ကျောင်းအုပ်ကို ပါဝင်ရန် လွှတ်လိုက်၏။ 

သူက မြောက်ပိုင်းစစ်ကူတပ်ဖွဲ့တွင် ပါဝင်နေသော ဒုကျောင်းအုပ် တင်းယွင်ဟေဲာပင်။

တင်းယွင်ဟေဲာက ပြုံးကာ ပြော၏။ “အဖိုးကြီးယွင်၊ ခင်ဗျားလာမယ်လို့ မထင်ထားမိဘူး”

ယွင်ကျင်းက အမူအရာမဲ့စွာဖြင့် “ဘာလို့လဲ၊ လာမရဘူးလား”

တင်းယွင်ဟေဲာက ခါးသက်စွာပြောကာ “အရင်တုန်းက အဓိကကျောင်းတော်ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေပနပ်ဖြစ်နေတာတော့သိပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများကြာပြီးတဲ့နောက် စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ နေရာအပြောင်းအလဲတွေ ဖြစ်သွားပြီ။ ဒါကြောင့် ပြန်လာခဲ့တော့”

ယွင်ကျင်းက ခေါင်းခါ၍ “မလိုဘူး။ ကျုပ်က မြောက်ပိုင်းဒေသမှာ အဆင်ပြေတယ်”

ယွင်ကျင်း၏ ဘာသိဘာသာပုံကိုကြည့်ကာ တင်းယွင်ဟေဲာက ခေါင်းသာခါ၍ လက်လျှော့လိုက်တော့သည်။

ချင်းထျန်းနျန်ကလည်း လျှောက်လာပြီး လက်သီးဆုပ်အရိုအသေပေး၍ ပြုံးကာ “နှစ်ယောက်လုံးကို ကြိုဆိုပါတယ်”

တင်းယွင်ဟေဲာနှင့် ယွင်ကျင်းက ပြန်လာနုတ်ဆက်လိုက်သည်။ 

ထို့နောက် သူကပြော၏။ “စံအိမ်တော်က တပည့်အသစ်လက်ခံထားတယ်လို့ ကြားတယ်”

ချင်းထျန်းနျန်က ခေါင်းညိမ့်ကာ ပြုံး၏။ “လုချန်ရှန်းက သူသာသူ လက်ခံထားတာ”

တင်းယွင်ဟေဲာက ရယ်မောကာ “အဲဲဒီတပည့်ရဲ့ စွမ်းရည်ကို ကြည့်ရသေးတာပေါ့”

“ဟုတ်တယ် သူက ဒီရောက်နေပြီ”

သူတို့​ပြောနေသောသူမှာ ရှစ်ရှန်းသာဖြစ်လေသည်။

ထိုအခိုက် လူတိုင်းက ရောက်ရှိနေကြပြီဖြစ်သည်။

ယဲ့ချိုးပိုင်ဦးဆောင်သော စံအိမ်တော်၏ တပည့်များလည်း ရောက်လာကြသည်။

လူတိုင်းက လှမ်းကြည့်ကာ သက်ပြင်းချကြသည်။

သူက စံအိမ်တော်ကတပည့်လား။ သူရဲ့ အရှိုန်အဝါက တော်တော်ကိုထူးခြားတယ်ဆိုရမယ်။

ယွင်ကျင်းကလည်း ခံစားသွားရသည်။

မြောက်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်က ယဲ့ချိုးပိုင်သည် တစ်ချက်တည်းဖြင့် နာမည်ကျော်ကြားလာခဲ့သည်။

သူက ဓားဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူနှင့် အဆင့်တူဖြစ်နေ၏။

သူနှင့်တိုက်ခိုက်ပါက ယဲ့ချိုးပိုင်ကို သူကြာကြာယှဥ်နိုင်မည်မဟုတ်ပေ။

ထိုသို့တွေးမိကာ ယွင်ကျင်းက ခေါင်းခါကာ ပြုံးလိုက်မိသည်။

“ငါအိုနေပြီဘဲ”

ဓားခန်းမတွင် ရှင်းဟုန်ယီက ခေါင်းမော့ကာ ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။

သူမမျက်လုံးတွေ နားလည်သော အရိပ်အယောင်များပါရှိနေသည်။

ယခင်က ကျောင်းသားသစ်ပြိုင်ပွဲတွင် သူမသည် မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရကာ ပါးရိုက်ခံလိုက်ရသည်။

 ထို့နောက် သူမက အကူအညီအချို့ရခဲ့၏။ 

ယခုတော့ ရှင်းဟုန်ယီက ချန်းယွမ်နယ်ပယ် စဦးအဆင့်သို့ရောက်ခဲ့သည်။

သို့သော်လည်း သူမက သူ့ကို အမှီမလိုက်နိုင်သေးပေ။

ယဲ့ချိုးပိုင်က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ရင်ဆိုင်နိုင်လေသည်။

ထို့ပြင် ကွာခြားချက်က ကြီးမားသထက် ကြီးမားလာ၏။

ဟုန်ရင်က ခါးသက်သက်သာပြုံးလိုက်နိုင်သည်။

အချိုလူများက သူတို့ တစ်ဘဝလုံး တက်ရောက်နိုင်မည်မဟုတ်သော တောင်တစ်တောင်လိုပင်။

အားလုံးအသင့်ဖြစ်နေသည်ကို သူက မြင်လိုက်ရသည်။

ချင်းထျန်းနျန်က ခုံမှ ထရပ်ကာ လက်ကိုဆန့်လိုက်သည်။ သူက ပြုံးကာ ပြော၏။ “အားလုံး စုံပြီထင်ပါတယ်။ ကျောင်းသားသစ်ပြိုင်ပွဲရဲ့ စည်းကမ်းတွေပြောင်းလဲသွားတာကိုတော့ အားလုံး သိသင့်တယ်လို့ထင်ပါတယ်”

“​ပြိုင်ပွဲကို ပွဲစဥ် သုံးပွဲအဖြစ်ပိုင်းခြားထားပါတယ်”

“ပထမပွဲကတော့ မဲနိုက်ရဦးမှာ ဖြစ်ပါတယ်”

“ဒုတိယပွဲစဥ် ကိုယ်ပြိုင်ဘက်ကို စိန်ခေါ်နိုင်တယ်”

“နောက်ဆုံးပွဲစဥ်ကတော့ ရှုပ်ထွေးတဲ့တိုက်ပွဲတစ်ခုဖြစ်လာမှပါ။ စင်မြင့်ပေါ်မှာ နောက်ဆုံးကျန်ရစ်သူသာ အနိုင်ရရှိသူဖြစ်ပါလိမ့်မယ်”

“ဒါပေါ့၊ ရလဒ်ကို မကျေနပ်ရင် နောက်တစ်ကြိမ် စိန်ခေါ်ဖို့ ရွေးချယ်နိုင်တယ်”

စည်းကမ်းများက ရိုးရှင်းသည်။

ပြိုင်ပွဲ၏ အဆုံးအဖြတ်ကို ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ရွေးချယ်ပေးလိမ့်မည်။

လဒ်ပေးလဒ်ယူများက ယခင်တုန်းကတည်းက မရှိခဲ့ပေ။

ရုတ်တရက် ရှစ်ရှန်းက တစ်ယောက်ယောက် သူ့ကို စိုက်ကြည့်နေမှန်း သတိထားမိလိုက်သည်။

သူက လှမ်းကြည့်လိုက်ရာ ထိုအကြည့်က သိုင်းခန်းမမှလာခြင်းဖြစ်သည်။

ဒီလူက ချန်းမင်ကျိ့လို့ခေါ်တဲ့သူမလား။

ယဲ့ချိုးပိုင်လည်း ၎င်းကို သတိထားမိသည်။ သူက ပြုံးကာပြောလိုက်သည်။ “သူ့ကြည့်ရတာ နည်းနည်း လက်မခံနိုင်ဖြစ်နေပုံဘဲ”

ဟုန်ရင်က ပြုံးကာ “ရှစ်တိ၊ မင်းရဲ့ခွန်အားကို ပြလိုက်စမ်းပါ”

“အပြင်လူတွေ စံအိမ်တော်က တပည့်တွေကို အထင်သေးတာတို့ မေးခွန်းထုတ်တာတို့ လက်မခံနိုင်ဘူး”

ရှစ်ရှန်းက ခေါင်းကို လေးပင်စွာ ညိမ့်လိုက်သည်။

သူက အရင်နှင့်မတူတော့ပေ။

လက်ရှိသူက မီးလျှံမှ ပြန်လည်မွေးဖွားပြီးသော နိဗ္ဗာန ဖီးနစ်ဖြစ်နေပြီဖြစ်၏။

ထို့နောက် ကွန်ဖြူးရှပ်ကျောင်းတော်၏ ကျောင်းအုပ်က ပထမပွဲစဥ်အတွက် မဲနိုက်လိုက်သည်။

“ဓားခန်းမ၊ ဟေဲာဖန် နဲ့ သိုင်းခန်းမ ချန်းမင်ကျိ့”

သူတို့နှစ်ဦးလုံးက အလယ်ပိုင်းဒေသမှ လာခဲ့ကြခြင်းဖြစ်သည်။

စင်မြှင့်ပေါ်သို့တက်ပြီးနောက် တိုက်ပွဲစတင်လေပြီ။

သို့သော်လည်း ဟေဲာဖန်က အလျှင်အမြန်ပင်ရှုံးနိမ့်သွာသည်။

ကျင့်ကြံနည်းနယ်ပယ်များက အလွန်ကွာခြားလေသည်။

ချန်းမင်ကျိ့က ရှစ်ရှန်းကို ကြည့်ကာပြောလိုက်သည်။ “မင်းရဲ့ စိတ်စွမ်းအားက လေးစာစရာကောင်းပေမဲ့လည်း အခုတော့ မင်းကို အနိုင်ယူပြမယ်...”

All Chapters