← Chapters

ထွက်ခွာသွားပြီ။

Vol. 16 Ch. 236

ထွက်ခွာသွားပြီ။

Vol. 16 Ch. 236

အတွင်းကျောင်းတော်ယှဉ်ပြိုင်ပွဲပြီးနောက် ဒေသလေးခု၏ အတွင်းကျောင်းတော်ဖလှယ်ပွဲများစတင်ကျင်းပမည်ဖြစ်သည်။

ဤအချိန်တွင်မူ ဒေသလေးခုကျောင်းတော်ဖလှယ်ပွဲကျင်းပမည့်နေရာက အဓိကကျောင်းတော်မှာဖြစ်သည်။

မူလက ပထမနေရာရာရခဲ့သော တောင်ပိုင်းဒေသ၏ လျှို့ဝှက်တာအိုကျောင်းတော်တွင် ကျင်းပရမည်ဖြစ်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် အဓိကျောင်းတော်မှ ဒေသလေးခု ဖလှယ်ပွဲကို အဓိကကျောင်းတော်တွင် ကျင်းပရန် အကြံပြုခဲ့ပါသည်။

ဤအချိန်တွင် အဓိကျောင်းတော်၏ကျောင်းသားများက ထိုအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

ချင်းထျန်နျန်ကလည်း မငြင်းချေ။

တောင်ပိုင်းဒေသကလည်း စံအိမ်တော်၏တပည့်များကို သေချာပေါက်စေလွှတ်ကာ တိုက်ခိုက်ခိုင်းမည်ဖြစ်သည်။

ယဲ့ချိုးပိုင်တို့ပေါ်လာပါက အခြားဒေသ၏ကျောင်းသားများက ဘာမှသိပ်လုပ်စရာ ကျန်တော့မည်မဟုတ်ပေ။

အဓိကကျောင်းတော်မှ ကျောင်းသားများမှာ မလုံလောက်သော်လည်း ကျောင်းအုပ်ယန်၏ ရှင်းပြချက်အရ တောင်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်၏ဂုဏ်သရေကို အဓိကကျောင်းတော်၏ ကျောင်းသားများကို ပြချင်၏။

၎င်းက ကျောင်းသားတွေအတွက် ကျင့်ကြံခြင်းတွင် စိတ်အားတက်ကြွမှု့များကို ဖြစ်စေနိုင်သည်။

အမှန်တော့ ချင်းထျန်နျန်က ထိုသို့ပင်ပြောချင်နေသည်။

၎င်းက ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်မသွားပေဘူးလား။

သို့သော်လည်း အခုတော့၊

ဒေသလေးခု၏ လျှို့ဝှက်တာအိုကျောင်းတော်မှ လူများက အဓိကကျောင်းတော်တွင် စုစည်းရောက်ရှိနေကြပြီဖြစ်သည်။

ဒေသလေးခု၏ကျောင်းတော်များက ကျောင်းအုပ်များက အဓိကကျောင်းတော်၏ အစည်းအဝေးခန်းမတွင် စုဝေးနေသည်။

ကျောင်းအုပ်ယန်က ပြုံးကာ ပြောလေသည်။ “အဖိုးကြီးချင်၊ ဒီဒေသလေးခုဖလှယ်ပွဲကို အဓိကကျောင်းတော်မှာ ကျင်းပလိုက်ရလို့ စိတ်တော့မဆိုးဘူးမလား”

ချင်းထျန်းနျန်က ပြုံး၍ခေါင်းခါကာ “ဒါပေါ့၊ ကျုပ်တို့က ကန့်ကွက်စရာမရှိပါဘူး၊ ဘယ်လိုဖြစ်ဖြစ် အဓိကကျောင်းတော်က ဆုလဒ်တွေကို ပေးရမှာဘဲလေ”

“ဟား ဟား ဒါပေါ့”

အရှေ့ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်မှ ကျောင်းအုပ် ခေါင်းခါကာ ခါးသက်စွာပြုံး၍ “ဒါပေမဲ့ ဒီဖလှယ်ပွဲကို ထပ်ပြီး ကျင်းပဖို့ လိုသေးလို့လား”

အနောက်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်မှ ကျောင်းအုပ်က ချင်းထျန်းနျန်ကို ကြည့်ကာ အကူညီမဲ့စွာဖြင့် ပြောလိုက်လေသည်။ “ယဲ့ချိုးပိုင်တို့တတွေကို မနိုင်တော့မှတော့ ဘာလို့တိုက်ခိုက်နေဦးမှာလဲ”

ထိုအခိုက် ကျောင်းအုပ်ယန်က ခေါင်းခါ၍ ပြောလိုက်လေသည်။ “ဒီဖလှယ်ပွဲက ကျောင်းတော်တွေကြားက ရိုးရိုးဖလှယ်ပွဲမဟုတ်ဘူး”

ကျောင်းအုပ်ယန်၏ အတန်ငယ်အလေးနက်ရှိနေဟန်ကို မြင်သော် သူတို့လေးဦးက အဖြေကိုသိချင်ဟန်ဖြင့်လှမ်းကြည့်လိုက်ကြသည်။

သူက ပြော၏။ “ဒီကုန်းမြေတိုက်ကြီးက အပြောင်းအလဲ အကြီးကြီးတစ်ခုပေါ်ကိုရောက်နေတာကို မင်းတို့သိကြမှာပါ”

“အချို့အဖွဲ့အစည်းတွေက ဖျက်ဆီးခံလိုက်ရပြီး အဖွဲ့အစည်းအသစ်တွေ ပေါ်ပေါက်လာတယ်”

“ပါရမီရှင်တွေက တစ်ယောက်ပြီးတစ်ယောက်ပေါ်လာတယ်။ တိမ်ဖီးနစ်အင်ပါယာလည်း ပြန်လည်ထူထောင်တော့မယ်”

“ဒီအဓိပ္ပာယ်က ဘာလဲသိလား”

ဒေသလေးခု၏ ကျောင်းအုပ်များက ချက်ချင်းဆိုသလို ကျောင်းအုပ်ယန်၏ လေသံကို နားလည်လိုက်သည်။

စစ်ပွဲကြီး၏ ခေတ်ပင်။

“ကုန်းမြေကြီးရဲ့ အခြေအနေက ဒီတချိန်မှာ သေချာပေါက် ကြီးကြီးမားမားကို ပြောင်းလဲသွားလိုက်မယ်”

“ကျုပ်က ဒီအခွင့်ရေးကို သုံးပြီး ဂိုဏ်းကြီးတော်တော်များများကို ကျောင်းတော်တွေကြားက ဖလှယ်ပွဲတွေကို ကြည့်ဖို့ ဖိတ်ခေါ်လိုက်တာဘဲ။ ဒါကဘဲ ဒေသလေးခုမှာ လျှို့ဝှက်တာအိုကျောင်းတော်ကို ပိုပြီးသြဇာကြီးမားလာစေမှာ”

“ဒါကြောင့် စစ်ပွဲခေတ်ကြီးမှာ ငါတို့ကို အစားထိုးသွားလို့ရမှာ မဟုတ်ဘူး”

ထိုအချိန်တွင် ကျောင်းအုပ်ယန်က ချင်းထျန်းနျန်ကို ကြည့်ကာ လေးနက်စွာပြောလိုက်လေသည်။ “ဒါကြောင့်ဘဲ အဖိုးကြီးချင်ကို စံအိမ်တော်က တပည့်တွေ အဓိကကျောင်းတော်မှာ ယှဉ်ပြိုင်စေဖို့ ကျုပ်ကိုယ်တိုင် တောင်းဆိုခဲ့တာဘဲ”

လျှို့ဝှက်တာအိုကျောင်းတော်၏ အင်အားကို ချဲ့ထွင်ရန် စံအိမ်တော်၏ ခွန်အားကို ချေးငှားခဲ့ခြင်းပင်။

၎င်းက ကျောင်းအုပ်၏ စစ်မှန်သည့် ရည်ရွှယ်ချက်ပင်။

ချင်းထျန်းနျန်က ခေါင်းညိမ့်၏။ “ဘယ်တော့မှ အစည်းအဝေးက တရားဝင်စမှာလဲ”

ကျောင်းအုပ်ယန်က ကောင်းကင်ကို ကြည့်ကာ တခဏမျှစဉ်းစားပြီးနောက် “မနက်ဖြန်၊ ဒီအင်အားစုတွေက မနက်ဖြန်ဒီကို ရောက်လိမ့်မယ်”

ယဲ့ချိုးပိုင်က အဓိကကျောင်းတော်သို့ ရောက်ရှိလာသည်။

ရောက်ရောက်ချင်း သူက ချိုးတောက် တောင်သို့ လျှောက်လာ၏။

လမ်းတစ်လျှောက်တွင် အကြီးအကဲနှင့် ကျောင်းသားများက ယဲ့ချိုးပိုင်ကို မှတ်မိနေကြသည်။

ထို့ကြောင့် ဘယ်သူကမှ သူ့ကို မတားကြပေ။

ချိုးတောက် တောင်ခြေတွင်၊

ယဲ့ချိုးပိုင်က ရင်းနှီးနေသည့် ခြံဝန်းအတွင်းထိ ဖြေးညှင်းစွာလျှောက်လာ၏။

ထို့ပြင် ရင်းနှီးနေသော နှေးကွေးစွာစီးဆင်းနေသော မြစ်လေးတစ်စင်းက မြင်ကွင်းထဲပေါ်လာ၏။

သို့သော်လည်း ယဲ့ချိုးပိုင်က ခြံဝင်းအတွင်းတွင် မည်သည့်အရှိုန်အဝါကိုမှ မခံစားရပေ။

ခြံဝင်းအလွတ်တစ်ခုသာရှိသည်။

ယဲ့ချိုးပိုင်က အနည်းးငယ် အံ့အားသင့်သွားသည်။

သူက ဖြေးညှင်းစွာ ခြံဝင်းအတွင်းသို့ ဝင်လာခဲ့သည်။

မုကျစ်ချင်းထွက်ခွာမသွားခင်က သူ့အတွက် စာတစ်စောင်ချန်ထားခဲ့သည်။

သူနက ပြောတော့ သူမက ချိုးတောက်တောင်ခြေတွင် စောင့်နေမည်ဟုဆိုခဲ့သည်။

ယဲ့ချိုးပိုင်က အော်ဟစ်လိုက်တော့သည်။ “ကျစ်ချင်း”

“ကျစ်ချင်း မင်းဘယ်မှာလဲ”

သူက ခြံဝင်းတစ်ခုလုံးလိုက်ပတ်ကြည့်သော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။

သူမက ကိစ္စတစ်ခုခုရှိလို့ ထွက်သွားတာလား။

သူက ကျောက်စားပွဲဆီသို့သွားကာ ဖြေးညှင်းစွာ ထိုင်ချလိုက်လေသည်။

ခြံဝင်းအတွင်းတွင် မုကျစ်ချင်း၏ ထူးခြားသော အရှိုန်အဝါတစ်ခုရှိနေလေသည်။

ထိုအရှိုန်အဝါကို အာရုံခံမိလိုက်သောအခါ သူက အနည်းငယ်အံ့အားသင့်သွားသည်။

အချိန်က နှေးကွေးစွာ ကုန်ဆုံးနေသည်။

ယဲ့ချိုးပိုင်က ကျောက်စားပွဲတွင် တွေဝေငေးမောစွာ ထိုင်နေလေသည်။

နေကဝင်တော့မည်ဖြစ်သည်။

ထို့နောက် နေရောင်က တဖြေးဖြေးပျောက်ကွယ်သွားတော့ပေသည်။

ငွေလရောင်က ခြံဝင်းအတွင်းတွင် ကျရောက်လာသည်။

ယဲ့ချိုးပိုင်က နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာသည်။ သူက သက်ပြင်းချ၍ ခြံဝင်းအပြင်သို့ ထွက်သွားတော့လေသည်။

သူက မြစ်ကိုမြင်လိုက်ကာ အနားသို့ လျှောက်သွားလိုက်၏။

 ထိုနေရာက ယဲ့ချိုးပိုင်နှင့် မုကျစ်ချင်းတို့ ပထမဆုံးအကြိမ်တွေ့ဆုံသော နေရာဖြစ်သည်။

“မြစ်နားမှာ ဘာလုပ်နေတာလဲ”

“ကျွန်တော်… ကျွန်တော် ငါးကင်စားချင်လို့ပါ”

“ဘာ…ဘာကိုရယ်နေတာလဲ”

“ဟေး၊ အနားမလာနဲ့ အဲ့လိုလုပ်မယ်ဆို သေလိမ့်မယ်နော်”

“ဘယ်လို လုပ်တာလဲ”

“ဟူး ပူလိုက်တာ”

ထိုမြင်ကွင်းကို စဉ်းစားမိသောအခါ ယဲ့ချိုးပိုင်မျက်လုံးများတွင် နူးညံသော အပြုံးတစ်ခုပေါ်လာ၏။

သူ၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားသည်။

ရုတ်တရက် အနက်ရောင်မြက်ခင်းပြင်ပေါ်တွင် ကျောက်စိမ်းဆွဲသီးတစ်ခုက တဖြေးဖြေးလွင့်ပျံလာသည်ကို မြင်လိုက်ရသည်။

ယဲ့ချိုးပိုင်က လှမ်းကြည့်လိုက်လေသည်။

ထိုကျောက်စိမ်းဆွဲသီးက သူ့ရှေ့သို့ လွင့်ပျံလာလေသည်။

ယဲ့ချိုးပိုင်က လှမ်းယူလိုက်ကာ မသိစိတ် စိတ်ဝိဉာည်ချီကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်လေသည်။

ကျောက်စိမ်းဆွဲသီးက ရေခဲပြာရောင်အလင်းများ လင်းလက်လာ၏။

ကျောက်စိမ်းဆွဲသီးမှ အရိပ်တစ်ခုထိုးထွက်လာလေသည်။

သူမက လှပသောမျက်နှာရှိပြီး အဖြူရောင်အတွင်းဝတ်ဖြင့် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။

သူမခါးတွင် အစိမ်းရောင်ပိုးချည်တစ်ထည်ကို ချည်နှောင်ထားလေသည်။

ယဲ့ချိုးပိုင်က ထိုပုံရိပ်ကို မြင်သော် အတန်ငယ်မှင်သက်သွားသည်။

ထို့နောက် သူက အံ့အားသင့်စွာဖြင့် “ကျစ်ချင်း”

ထိုအခိုက် မုကျစ်ချင်းပုံရိပ်က ပြုံးကာ ပြော၏။ “ဒီကျောက်စိမ်းဆွဲသီးက နင့်ရဲ့အရှိုန်အဝါနဲ့ဘဲ အသက်သွင်းလို့ရမှာ ချိုးပိုင်”

“ဒါပေမဲ့လည်း…”

ထိုအခိုက် မုကျစ်ချင်းက မျက်မှောင်အနည်းငယ်ကြုတ်၍ ခါးသီးသော အမူအရာဖြင့်

“ငါဒီမှာရှိနေတာကို မြင်နေရပြီဆိုကတည်းက ဒီနယ်မြေကနေ ငါထွက်သွားပြီဆိုတဲ့ သဘောဘဲ”

ဒီနယ်မြေက ထွက်သွားတယ်။

ယဲ့ချိုးပိုင်က မှင်သက်သွားသည်။

မုကျစ်ချင်းက ဆက်ရှင်းပြလေသည်။ “ငါ နင့်ကို ဖုန်းကွယ်ထားမိလို့ တောင်းပန်ပါတယ်။ ငါ့မိသားစုက ဒီနယ်မြေကမဟုတ်ဘူး၊ အထက်ကမ္ဘာကပါ”

“ငါ့ရဲ့ ခန္ဓာကိုယ်ပြဿနာက ဖြေရှင်းပြီးသွားတာကို မိသားစုကို ပြောမထားပေမဲ့ မိသားစုက သိသွားခဲ့တယ်”

“ဒါကြောင့် သူတို့က ငါ့ကို ပြန်ခေါ်သွားကြတယ်…”

ပြောရလျှင် မုကျစ်ချင်းက ဤကမ္ဘာမှ မဟုတ်ပေ။

သူမိသားစုက အဆင့်မြင့်ကမ္ဘာမှ ဖြစ်လေသည်။

ပို၍ပင် အဆင့်မြင့်သော နယ်မြေမှ ဖြစ်လေသည်။

တနည်းဆိုရသော် ၎င်းက ကန္တာရနယ်မြေထက် ပိုသန်မာပြီး နယ်တစ်ခုတည်းမှ မဖြစ်နိုင်ပေ။

မုကျစ်ချင်းက ဆက်ပြောသည်။ “နင်တစ်နေ့ ငါ့ဆီလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ချိုးပိုင် နင် မြန်မြန်ကြီးပြင်းလာဖို့လိုတယ်”

“မဟုတ်ရင် ငါ့မိသားစုကဘယ်သူကမှ နင်နဲ့ သဘောတူမှာ မဟုတ်ဘူး”

၎င်းကို ကြားသော် ယဲ့ချိုးပိုင်က ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

“ကျောက်စိမ်းဆွဲသီးက ဒီနယ်မြေကထွက်တဲ့အခါမှာ နင့်ကို လမ်းပြပေးလိမ့်မယ်။ ဒါကြောင့် သေချာ သိမ်းထားပါနော်”

“ငါ့ကိုလာရှာရမယ်နော်။ မဟုတ်ရင် နင့်ကို မခေါ်ဘဲနေလိုက်တော့မှာ”

ထို့နောက် မုကျစ်ချင်း၏ ပုံရိပ်က ပျောက်ကွယ်သွားကာ ကျောက်စိမ်းဆွဲသီးထဲသို့ ပြန်ဝင်သွားတော့သည်။

ကျောက်စိမ်းဆွဲသီးအထဲတွင် လင်းနေသော ရေခဲပြာအလင်းကလည်း မှိန်ဖျော့သွားတော့သည်။

ယဲ့ချိုးပိုင်က ကျောက်စိမ်းဆွဲသီးကို သူ့လည်ပင်းတွင် တိတ်တဆိတ်ဆွဲထားလိုက်၏။ သူက ဆွဲသီးကို ကိုင်ထားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်နေတော့သည်။

သူ့မျက်လုံးများက အဝေးကို ငေးမောနေလေသည်။

“စိတ်မပူပါနဲ့ ငါမင်းကို အကြာကြီး မစောင့်ခိုင်းပါဘူး ကျစ်ချင်း…”

All Chapters