← Chapters

အခန်း (၉၉၈)

Vol. 72 Ch. 998

အခန်း (၉၉၈)

Vol. 72 Ch. 998

ရွှမ်မင်ကျွန်းက မိုင်တစ်ရာကျယ်ဝန်းသည်။

သင်္ဘောက ကမ်းကပ်လိုက်သောအခါတွင် ကျောက်တုံးစံအိမ်များဖြင့် ဖွဲ့စည်းထားသော ရိုးရှင်းပြီး အကြမ်းထည်ဆန်သည့် မြို့လေးတစ်မြို့ကို မြင်ရသည်။

ကျင့်ကြံသူများက သင်္ဘောပေါ်မှ ဆင်းလာပြီး မြို့ထဲသို့ ဝင်ရောက်သွားကြသည်။

မြေအောက်မြစ်သည် စွမ်းအားများကို ကန့်သတ်ထားသောကြောင့် လူတိုင်းက သင်္ဘောပေါ်တွင် ခါးသီးစွာ နေထိုင်ခဲ့ရသည်။

လူအများစုက မြို့ထဲတွင်ရှိသော ဈေးဆိုင်များကို မြင်ချင်သောကြောင့် ရောက်လာကြသည်။

နေရာအသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာတွင် အသုံးမပြုသောရတနာများကို ပြသပြီး လိုအပ်သောရတနာကို လဲလှယ်ကြလိမ့်မည်။

ထိုအရောင်းအဝယ်မျိုးသည် မျှတမှုမရှိသော်လည်း သူတို့က လိုချင်သောအရာကို ရနိုင်ကြသည်။

ဟန်မူယဲ့နှင့် တခြားလူများက မြေအောက်မြစ်လှေသမားတချို့နှင့်အတူ ဆင်းလာကြသည်။

ယွီဝမ်အပြင် တည်ငြိမ်သောမျက်နှာထားနှင့် အကြီးအကဲနှစ်ယောက် ပါလာသည်။

သူတို့ထဲတွင် ဟွမ်ခြောက်ကို အကောင်းမြင်‌နေသော သွားစွယ်များနှင့် လူအိုကြီးတစ်ယောက်လည်း ရှိသည်။

ထိုလူအိုကြီး၏နာမည်က ချူချန်ဖြစ်ပြီး တော်ဝင်မြို့တော်၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူက မြေအောက်မြစ်သင်္ဘောကို ထိန်းချုပ်ထားသည်။

မြေအောက်မြစ်တွင် ရွက်လွှင့်နေသော သင်္ဘောတိုင်းတွင် ခေါင်းဆောင်အကြီးအကဲတစ်ယောက် ရှိသည်။

ဟန်မူယဲ့၏ အာရုံခံနိုင်စွမ်းအရ ချူချန်၏ကျင့်ကြံဆင့်သည် မနိမ့်ကျပေ။ သို့သော် မြေအောက်မြစ်လှေသမားများ၏ တိုက်ခိုက်နိုင်စွမ်းကို ကျင့်ကြံဆင့်တစ်ခုတည်းဖြင့် မသတ်မှတ်နိုင်ပေ။

သူတို့က မြို့ထဲတွင်ရှိသော ကျောက်တုံးစံအိမ်တစ်လုံးဆီသို့ ရောက်လာသည်။

မြေအောက်မြစ်လှေသမား တစ်ဒါဇင်ကျော်သည် ထိုနေရာတွင် စုဝေးနေကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လိုက်ကြပြီး စတင်လဲလှယ်ကြသည်။

“ဒီတစ်ကြိမ်မှာ ငါက အများကြီးမရခဲ့ဘူး။ သွေးခြင်ဆီတချို့ပဲ ရခဲ့တယ်”

အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲက ပြုံးနေပြီး လက်ဖြန့်ပြသည်။ သူ့လက်ထဲတွင် အနီရောင်အလင်းကို ထုတ်လွှတ်နေသော ပုတီးစေ့သုံးခု ရှိသည်။

“အကြီးအကဲကျူးရီ၊ သွေးခြင်ဆီတစ်ခုက ဝိညာဉ်ပုတီးစေ့တစ်ထောင် တန်ဖိုးရှိတယ်။ ဒါက ခင်ဗျားပြောတဲ့ သိပ်မရခဲ့ဘူးဆိုတာလား”

“ဟုတ်တယ်။ ဒီသွေးခြင်ဆီတွေနဲ့ဆိုရင် မင်းက အရှုံးမရှိပါဘူး”

သွေးခြင်ဆီများ ပေါ်လာသောအခါတွင် လူတိုင်းက ပြောလိုက်ကြသည်။

ယွီဝမ်က ဟွမ်ခြောက်နှင့်ဟန်မူယဲ့ကို တီးတိုးရှင်းပြသည်။ သွေးခြင်ဆီကို အလွန်ရှားပါးသော မြေအောက်မြစ်သားရဲတချို့သာ စုစည်းနိုင်ပြီး မြေအောက်မြစ်ရေ၏ ပုံဆောင်ခဲ ဖြစ်သည်။

ထိုသွေးခြင်ဆီထဲတွင် စိတ်ကူးမယဉ်နိုင်လောက်သော သွေးစွမ်းအင် ပါဝင်နေသည်။

သွေးခြင်ဆီနှစ်ခုကို ဆောင်ထားနိုင်လျှင် ရုပ်ခန္ဓာက ယိုယွင်းသွားတော့မည့်မဟုတ်ပေ။ သွေးချီစွမ်းအားကလည်း အဆုံးမရှိ တက်ကြွလှုပ်ရှားနေလိမ့်မည်။

သွေးခြင်ဆီသုံးခုကို ထုတ်ပြပြီးသောအခါတွင် တခြားလူများကလည်း ရတနာများကို ထုတ်ပြလိုက်ကြသည်။

တချို့ကို သားရဲများဆီမှ ရရှိလာပြီး တချို့က‌တော့ အဖိုးတန်ရတနာများ ဖြစ်ကြသည်။

လက်နက်များ၊ တခြားကမ္ဘာမှ အမွေအနှစ်များလည်း ရှိနေသည်။

ဟန်မူယဲ့၏ သင်္ဘောပေါ်တွင် မြေအောက်မြစ်သားရဲများကြောင့် သေဆုံးသွားသော ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှုကို လှေသမားများက ကောက်ယူထားကြသည်။

“ငါက လမ်းတစ်လျှောက်မှာ ပိုပြီးများတဲ့ မြေအောက်မြစ်သားရဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ နောက်ပိုင်း ဖရိုဖရဲရေလက်ကြားကို ဖြတ်သန်းရတဲ့အချိန်မှာ မတည်မငြိမ် ဖြစ်နေလိမ့်မယ်။ တစ်ယောက်ယောက်မှာ အကာအကွယ်ရတနာ ရှိလား”

ပိန်ပါးသော လှေသမားတစ်ယောက်က နက်ရှိုင်းသောလေသံဖြင့် ပြောသည်။

သူက စကားအဆုံးတွင် လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်ပုတီးစေ့များ၊ ဝိညာဉ်သတ္တုများနှင့် မြေအောက်မြစ်သားရဲဆီမှ စုစည်းထားသော တောင်ပံများသည် သူ့ရှေ့တွင် ပြန့်ကျဲသွားသည်။

သူ့စကားကြောင့် တခြားလူများက မျက်မှောင်ကြုတ်လိုက်ကြသည်။

“ဖရိုဖရဲရေလက်ကြားက အမြဲတမ်း အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ”

“ငါတို့သင်္ဘောတွေရဲ့ ခုခံမှုက မလုံလောက်ဘူးလို့ ပြောချင်တာလား”

လူတိုင်းက ခေါင်းခါလိုက်ကြသည်။

အစပိုင်းတွင် ဖရိုဖရဲရေလက်ကြားကို တော်ဝင်မြို့တော်က စောင့်ကြပ်ထားခဲ့သည်။

ထိုနေရာတွင် ကျောက်ဆောင်များ ထူထပ်ပြီး အားကောင်းသော သားရဲများ နေထိုင်ကြသည်။

မြေအောက်မြစ်လှေသမားများက ထိုသားရဲများကို ဖိနှိပ်နိုင်ခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်တစ်သန်းတွင် မြေအောက်မြစ်လှေသမားကလန်၏ ပထမအကြီးအကဲက ပျောက်ကွယ်သွားပြီး ကလန်၏ရတနာဖြစ်သော ဝိညာဉ်ဖိနှိပ်ခြင်းအလံကို ယူသွားခဲ့သည်။

ထိုအလံပျောက်ကွယ်သွားသောကြောင့် မြေအောက်မြစ်လှေသမားများက အရိုးသင်္ဘောများကို အသုံးပြု၍ တော်ဝင်မြို့တော်နှင့် ပြင်ပလောကကို အဆက်အသွယ်ပြတ်မသွားအောင် ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။

ဖရိုဖရဲရေလက်ကြားတွင် နေထိုင်သော သားရဲများက မကြာခဏဆိုသလို တော်ဝင်မြို့တော်ကို တိုက်ခိုက်ပြီး သင်္ဘောများကို ဖျက်ဆီးရန် ကြိုးစားကြသည်။

သင်္ဘော၏ ခေါင်းဆောင်များက အတူတကွ ပူးပေါင်းပြီး ရေလက်ကြားကို ကျော်ဖြတ်ခဲ့ရသည်။

ယခုအချိန်တွင် လူတိုင်းက ရတနာများကို လဲလှယ်နေကြသော်လည်း ကာကွယ်ရေးပစ္စည်းများကို ထုတ်မသုံးကြပေ။

ထိုရတနာမျိုးကို မည်သူမှ လဲလှယ်ရန် ဆန္ဒမရှိကြပေ။

ဟွမ်ခြောက်က ရတနာတချို့ ထုတ်သုံးပြီး လဲလှယ်ခဲ့သည်။

သူက ဟန်မူယဲ့ကို လျစ်လျူရှုထားသည်။

ဟန်မူယဲ့က ရတနာများနှင့်ပတ်သတ်၍ စိုးရိမ်ရန်မလိုခဲ့ပေ။

သူက အမှန်တကယ်ပင် ကြွယ်ဝသည်။

သို့သော် ဟန်မူယဲ့က အကာအကွယ်ရတနာ တောင်းခံနေသော အကြီးအကဲ၏ရှေ့တွင် ဓားတိုတစ်လက်ကို မြင်လိုက်ရသည်။

ထိုဓားတို၏ အငွေ့အသက်က အနည်းငယ် ထူးဆန်းသည်။

သူက ဖြည်းဖြည်းချင်း ထရပ်ပြီး ရတနာပုံဆီသို့ လျှောက်သွားလိုက်သည်။

လဲလှယ်နေသော လူများက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

“အကြီးအကဲ၊ ဒီဓားကို ကြည့်လို့ရမလား”

ဟန်မူယဲ့က ဓားတိုကို ညွှန်ပြသည်။

လူအိုကြီးက မျက်မှောင်ကြုတ်သည်။

ယွီဝမ်က ချောင်းဟန့်လိုက်ပြီး ဟွမ်ခြောက်နှင့် ဟန်မူယဲ့ကို မိတ်ဆက်ပေးသည်။

မျိုးနွယ်စု၏ မိတ်ဆွေတစ်ယောက်ဖြစ်သူ ဟွမ်ခြောက်က ခွန်အားကောင်းသည်။

မြေအောက်မြစ်လှေသမားများက မိတ်ဆွေဆက်ဆံရေးကို အလေးထားသည်။ ခယ်ရွှယ်က သူတို့ကို သင်္ဘောပေါ်သို့ ကိုယ်တိုင်လိုက်ပို့ခဲ့ကြောင်း သိလိုက်ရသောအခါတွင် လူအိုကြီးက ခေါင်းညိတ်သည်။

ဟန်မူယဲ့က ဓားတိုကို ဆုပ်ကိုင်လိုက်သည်။ သူက ဓားတိုကို ဆွဲမထုတ်ပဲ ဓားရိုးကိုသာ ကိုင်ထားသည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော ဓားဆန္ဒက ဖိနှိပ်ခံထားရသည်။ သို့သော် မူလဝိညာဉ်ဓား ရှိနေသေးသည်။

ဝိညာဉ်စွမ်းအားက ဓားထဲသို့ ဝင်ရောက်သွားပြီး မြင်ကွင်းများကို မြင်လိုက်ရသည်။

ဖရိုဖရဲ ဖြစ်နေသည်။

ထိုဓားသည် နားမလည်နိုင်သော ဖရိုဖရဲမြင်ကွင်းများကို ပြသသည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့က တုန်ခါသွားပြီး ဓားရိုးကို လက်လွှတ်လိုက်သည်။

သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။

“အကြီးအကဲက အကာအကွယ်ရတနာကို လိုချင်တာမဟုတ်လား”

ဟန်မူယဲ့က လက်မြှောက်ပြီး သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူသည်။

“အကြီးအကဲက လုံလောက်တဲ့ရတနာကို ထုတ်ပေးနိုင်ပါ့မလား”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ဒေါသထွက်သွားပုံပေါ်သည်။

အရိုးသင်္ဘောတစ်စင်းကို ထိန်းချုပ်ထားသော အကြီးအကဲတစ်ယောက်အနေဖြင့် သူက အလွန်ချမ်းသာသည်။

သူက နှာမှုတ်လိုက်ပြီး လက်မြှောက်၍ ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သေတ္တာကို ယူလိုက်သည်။

လူအိုကြီးက သေတ္တာကို ကိုင်ထားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

“ဒါ၊ ဒါက ....”

သူက ထိတ်လန့်နေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

တခြားအကြီးအကဲများက မတ်တပ်ရပ်လာပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူတို့၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။

ပေတစ်ထောင်ရှည်လျားသော ဒူးလေးတစ်လက်နှင့် မြားဆယ်ချောင်း ရှိနေသည်။

ဒူးလေးသည် ပြင်းထန်သောစွမ်းအားကို ထုတ်လွှတ်နေပြီး မြားတံများက လေဟာနယ်ကို ထိုးဖောက်နိုင်သည်ဟု ထင်ရသည်။

ထိုဒူးလေးမျိုးသည် အင်မော်တယ်ကမ္ဘာတွင် ရှာဖွေရန် ခက်ခဲသည်။ မြေအောက်မြစ်တွင် ပိုဆိုးသည်။

“ဒီရတနာနဲ့ဆိုရင် ဖရိုဖရဲရေလက်ကြားကို တိုက်ရိုက်ဖြတ်ကျော်နိုင်လိမ့်မယ်”

ရွှေသရဖူနှင့် လူအိုကြီးတစ်ယောက်က ပျော်ရွှင်စွာပြောလိုက်သည်။

“ဒီရတနာက တန်ဖိုးရှိတယ်”

တခြားလူအိုကြီးတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

ဟွမ်ခြောက်ကလည်း နတ်အာရုံဖြင့် တိတ်ဆိတ်စွာ စစ်ဆေးကြည့်ပြီး ကျိန်ဆဲလိုက်သည်။

သေတ္တာထဲတွင် ကောင်းကင်ဖျက်ဆီးဒူးလေး ရှိနေသည်။

ထိုရတနာကို အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားစစ်တပ်၏ တိုက်ပွဲတွင် အသုံးပြုခဲ့သည်။

သေတ္တာထဲတွင် ဒူးလေးအပြင် သင်္ချိုင်းအင်မော်တယ်မြို့တွင် သန့်စင်ခဲ့သော မြားတံဆယ်ချောင်းလည်း ရှိသည်။

ထိုမြားချက်၏အောက်တွင် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကပင် နောက်ဆုတ်သွားရလိမ့်မည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ထောင်ချီသော ကောင်းကင်ဖျက်ဆီးဒူးလေးများကို တပ်ဆင်ပြီး နတ်ဘုရားကလန်စစ်တပ်ကို ချဉ်းကပ်မလာရဲအောင် ခြိမ်းချောက်ထားသည်။

“အကြီးအကဲက ဒီပစ္စည်းကို တတ်နိုင်ရဲ့လား”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

အင်မော်တယ်ကမ္ဘာတွင် ကောင်းကင်ဖျက်ဆီးဒူးလေးကို နတ်စွမ်းအားသလင်း‌ကျောက်ဖြင့် လဲလှယ်ရသည်။

ဝိညာဉ်ကျောက်တုံးများကို ပုံပေးမည်ဆိုလျှင်ပင် ထိုဒူးလေးကို ဝယ်နိုင်မည်မဟုတ်ပေ။

အစပိုင်းက ဟန်မူယဲ့၏စကားကြောင့် လူအိုကြီးက ဒေါသထွက်သွားသော်လည်း ယခုအချိန်တွင် စကားပြန်မပြောရဲ‌တော့ပေ။

သူက အမှန်တကယ်ပင် မတတ်နိုင်ပေ။

သူတို့အားလုံး၏ ကြွယ်ဝမှုများကို ထုတ်ပေးလိုက်လျှင်ပင် ဒူးလေးနှင့် လဲလှယ်နိုင်မည်မဟုတ်ပေ။

မြေအောက်မြစ်လှေသမားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“အဟမ်း၊ မိတ်ဆွေလေးဟန်၊ ငါတို့ ခွဲပေးလို့ရမလား”

သူတို့က ဆွေးနွေးလိုက်ပြီး ချူချန်က ဟန်မူယဲ့ကို ရှက်ရွံ့စွာ ပြောသည်။

သူက ဟွမ်ခြောက်၊ ဟန်မူယဲ့တို့နှင့် ပိုမိုရင်းနှီးသည်ဟု ပြောနိုင်သည်။

‘အကြွေးထားမှာလား’

ဟွမ်ခြောက်က မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

အဆုံးတွင် ဟန်မူယဲ့ အမှန်တကယ်မလိုအပ်သော ပစ္စည်းတချို့မှလွဲ၍ ကျန်ပစ္စည်းများအားလုံးကို စုပေါင်းပြီး ပေးလိုက်ကြသည်။

သို့သော် သူတို့က ဟန်မူယဲ့ကို ဒူးလေး၏ တန်ဖိုးတစ်ဝက်ကျော် အကြွေးတင်နေသေးသည်။

ဝိညာဉ်ပုတီးစေ့ ၁၂၀,၀၀၀ခန့် ဖြစ်သည်။

ချူချန်၏စကားအရ မြေအောက်မြစ်လှေသမားများက အခွင့်ကောင်းယူနေခြင်း ဖြစ်သည်။

ဟန်မူယဲ့နှင့်ဟွမ်ခြောက်က ရတနာများကို စုစည်းပြီး အရင်ဆုံးထွက်သွားကြသည်။ အပြင်ဘက်သို့ ရောက်လာသောအခါ လော့ရန်၊ ဖုန်းရီနှင့် တခြားလူများက သူတို့ကို စောင့်နေကြသည်။

သူတို့က လှေသမားများ လဲလှယ်ခဲ့သော ပစ္စည်းကောင်းများကို သိချင်ကြသည်။

ဟန်မူယဲ့က စကားမပြောပေ။ သို့သော် ဟွမ်ခြောက်က လော့ရန်နှင့် တခြားလူများ အသုံးပြုနိုင်သော ရတနာများကို ပျော်ရွှင်စွာ ထုတ်ပေးလိုက်သည်။

လူတိုင်းက မျက်ရည်ကျအောင် ဝမ်းသာသွားကြသည်။

ဟွမ်ခြောက်က မဟာမိစ္ဆာတစ်ပါး၏ အပြုအမူနှင့် အသားကျနေပုံရသည်။ သူက လက်အောက်ငယ်သားများ ရှိနေသော ခံစားချက်ကို သဘောကျသည်။

ဟန်မူယဲ့က ထိုအကြောင်းနှင့်ပတ်သတ်၍ ထုံနေသည်။

ရတနာများကို လက်ခံပြီးသွားသောအခါတွင် တာအိုတန်ခိုးရှင်ရှစ်ယွမ်က ပြောလိုက်သည်။

“အစ်ကိုခြောက်၊ မြို့ထဲမှာ တခြားရတနာတွေ ရှိသေးတယ်။ သွားကြည့်ကြမလား”

သူတို့၏အမြင်တွင် မြေအောက်မြစ်သားရဲများကို သတ်ဖြတ်ခဲ့သော ဟွမ်ခြောက်က အချမ်းသာဆုံးဖြစ်သည်။

ဟွမ်ခြောက် ဟန်မူယဲ့နှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မထားကြပေ။

ဟွမ်ခြောက် ကျင့်ကြံခြင်းအတွက် အသုံးချနေသော အင်မော်တယ်ကျောက်တုံးနှင့် နတ်စွမ်းအားသလင်းကျောက်များကို ဟန်မူယဲ့က ပေးထားခဲ့သည်။

သူတို့က အလုပ်မရှိသောကြောင့် မြို့ထဲတွင် လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အမျိုးမျိုးသော ကျင့်ကြံသူများက ဆိုင်ခန်းဖွင့်ပြီး မလိုအပ်သောရတနာများကို ရောင်းချနေကြသည်။ လိုအပ်သောရတနာကိုလည်း ရှာဖွေနေကြသည်။

ဟွမ်ခြောက်က ရက်ရောပြီး အသုံးဝင်မည်ဟု ထင်သောအရာများကို လဲလှယ်ခဲ့သည်။

ဟန်မူယဲ့က ဓားများကိုသာ ကြည့်နေသည်။

“ဘန်း”

သိပ်မဝေးသောနေရာတွင် အသံတစ်သံနှင့်အတူ အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက် လွင့်ထွက်လာသည်။

“ငါ့ရဲ့ကျောက်စိမ်းအစစ်ကို ကျောက်စိမ်းအတုနဲ့ လဲရဲတယ်ပေါ့။ မင်းကိုယ်မင်း ဘာထင်နေတာလဲ”

ချပ်ဝတ်နှင့်လူသန်ကြီးက ဒေါသတကြီးအော်ဟစ်လိုက်ပြီး ရှေ့တက်လာသည်။

တာအိုတန်ခိုးရှင်က အရပ်ရှည်သော်လည်း လူသန်ကြီးနှင့် ယှဉ်လိုက်လျှင် ကလေးတစ်ယောက်သဖွယ် ဖြစ်နေပြီး အင်္ကျီလည်ပင်းစမှ ဆွဲခေါ်ခံလိုက်ရသည်။

“ငါ့ကျောက်စိမ်းက အံ့ဖွယ်ကျောက်စိမ်းအစစ်ပဲ။ မင်းရဲ့ကျောက်စိမ်းကမှ အတု”

တာအိုတန်ခိုးရှင်က ဟိန်းဟောက်လိုက်ပြီး ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။

အံ့ဖွယ်ကျောက်စိမ်းက ဝိညာဉ်ကို ပျိုးထောင်ပေးနိုင်သော ရတနာတစ်မျိုး ဖြစ်သည်။

သက်တမ်းကုန်ဆုံးနေသော ကျင့်ကြံသူများအတွက် ဝိညာဉ်ကို ထိန်းသိမ်းထားပြီး ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးသည်။

ဤနေရာသို့ရောက်လာသော လူတစ်ဝက်ခန့်သည် ထိုရတနာမျိုးကို ပိုင်ဆိုင်ထားကြသည်။

အင်္ကျီလည်ပင်းစကို အဆွဲခံထားရသော တာအိုတန်ခိုးရှင်က အံကြိတ်လိုက်ပြီး ပြောသည်။

“ငါ့ကျောက်စိမ်းကို ပြန်ပေး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူသန်ကြီးက ကျယ်လောင်စွာရယ်ပြီး အင်္ကျီလည်ပင်းစကို လွှတ်လိုက်သည်။ သူက လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်စိမ်းတစ်ခုကို ထုတ်ပြသည်။

“ငါက မင်းကို လွှတ်ပေးမလို့ ပြင်နေတာပဲ။ ဒါပေမဲ့ မင်းရဲ့ဝိညာဉ်က အံ့ဖွယ်ကျောက်စိမ်းနဲ့ တစ်ဝက်ပေါင်းစပ်နေပြီ။ အခု အံ့ဖွယ်ကျောက်စိမ်းက ငါ့လက်ထဲမှာ ရှိနေတာဆိုတော့ မင်းရဲ့ရတနာတွေအားလုံးက ငါ့အပိုင်ပဲပေါ့”

All Chapters