← Chapters

အခန်း (၁၀၀၀)

Vol. 72 Ch. 1000

အခန်း (၁၀၀၀)

Vol. 72 Ch. 1000

ဟန်မူယဲ့က ကပ်ဘေးစွမ်းအားကို နားလည်ထားကြောင်း တခြားလူများ သိသွားလျှင် အလွန်ထိတ်လန့်သွားကြလိမ့်မည်။

ကပ်ဘေးသည် နှစ်ဆယ်သန်းလျှင်တစ်ကြိမ် ဖြစ်ပွားပြီး ဤလောက၏ မခုခံနိုင်သောစွမ်းအား ဖြစ်သည်။

မရေမတွက်နိုင်သော ကျွမ်းကျင်သူများ သေဆုံးသွားရမည်။ အင်မော်တယ်ဘုရင်များကပင် ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန်ထုတ်သုံးရသည်။

ထိုစွမ်းအားမျိုးကို သက်ရှိတစ်ယောက်က မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

သို့သော် ပျက်စီးခြင်းစွမ်းအားအမျှင်တန်းသည် အမှန်တကယ်ပင် ကပ်ဘေးစွမ်းအား ဖြစ်သည်။

ယခင်ဘပ်ဘေး၏ စွမ်းအားအမျှင်တန်း ဖြစ်သည်။

“ကောင်းကင်သစ်ပင် ....”

ယခင်ကပ်ဘေးတွင် အသန်မာဆုံးသက်ရှိက ကျဆုံးသွားပြီး လောကကို အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခဲ့သည်။

သူ့လက်ချောင်းတွင်ရစ်ပတ်နေသော နောက်ထပ်စွမ်းအင်တစ်ခုသည် ကောင်းကင်သစ်ပင်၏စွမ်းအား ဖြစ်သည်။

ထိုစွမ်းအားသည် ကပ်ဘေးစွမ်းအားကဲ့သို့ မသန်မာသော်လည်း ရောယှက်သွားသောအခါတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

“စည်းမျဉ်းတွေလား”

လောကအသစ်တွင် စည်းမျဉ်းအသစ်များ ဖြစ်ပေါ်လာသည်။

စည်းမျဉ်း၏စွမ်းအားသည် လောက၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ကောင်းကင်သစ်ပင်၏ ရင်းမြစ်စွမ်းအားသည် ကပ်ဘေးစွမ်းအားနှင့် ပေါင်းစပ်သွားပြီး စည်းမျဉ်းအသစ်ကို ဖြစ်ပေါ်စေသည်။

အကယ်၍ ကောင်းကင်သစ်ပင်က ကပ်ဘေးစွမ်းအားနှင့် အောင်မြင်စွာပေါင်းစပ်နိုင်ရန် အချိန်ရခဲ့လျှင် လောကသစ်၏သခင် ဖြစ်လာလိမ့်မည်။

သို့သော် ကျရှုံးသွားခဲ့သည်။

“အရင်ကပ်ဘေးမှာ လူဘယ်နှယောက် ရှင်သန်ခဲ့တာလဲ”

ကပ်ဘေးတစ်ခု သို့မဟုတ် ကပ်ဘေးများကို ရှင်သန်ခဲ့သောပုဂ္ဂိုလ်များက မည်မျှ သန်မာကြသနည်း။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က ကပ်ဘေးများကို ရှင်သန်ခဲ့သည်။

‘သူကလည်း စည်းမျဉ်းစွမ်းအားကို နားလည်ထားတာလား’

ယခုအချိန်တွင် ဟန်မူယဲ့က နားလည်သွားသည်။ အင်မော်တယ်ဘုရင်များသည် စည်းမျဉ်းစွမ်းအားကို ရှာဖွေသည်။

စည်းမျဉ်းကို နားလည်ထားသောလူများကသာ ကပ်ဘေးကို ကျော်ဖြတ်နိုင်လိမ့်မည်။

ထိုသို့မဟုတ်လျှင် ကံကောင်းခြင်းကိုသာ မှီခိုနိုင်မည်။

“ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က ဘာကို ကြံစည်နေတာလဲ ....’

ဟန်မူယဲ့၏ မျက်လုံးထဲတွင် နားလည်မှုတချို့ ဖြတ်ပြေးသွားသည်။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က အလွန်သန်မာသည်။ သူ့ကို နတ်ဘုရားကလန်က ချုပ်နှောင်မထားနိုင်ပေ။

သို့သော် သူက နတ်ဘုရားကမ္ဘာတွင် ချုပ်နှောင်ထားခံရသည်။ သူက မည်သည့်အရာကို စီစဉ်နေသနည်း။

သူက ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နှင့် သေချာပေါက် ပြန်တွေ့ရလိမ့်မည်။ သို့သော် ယုံကြည်ချက်မရှိပဲ သွားတွေ့မည်မဟုတ်ပေ။

လက်ချောင်းထိပ်မှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော စွမ်းအားနှစ်ခုကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

ထိုအရာသည် ကံဆိုးမှုကြားမှ ကံကောင်းမှု ဖြစ်လိမ့်မည်။

သူက စည်းမျဉ်းစွမ်းအားကို နားလည်ခဲ့သည်။

ဟန်မူယဲ့က အခန်းထဲမှ အပြင်ဘက်သို့ ထွက်သွားပြီး ကွဲပြားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူက လောက၏ စွမ်းအားများကို ရှင်းလင်းစွာ မြင်နိုင်သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားက တုန်ခါနေပြီး လောက၏စွမ်းအားကို အာရုံခံကြည့်နေပုံပေါ်သည်။

အင်မော်တယ်ဘုရင်မင်ဟယ်က မြေအောက်မြစ်စွမ်းအားကို စုစည်းပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်။ ယခုအချိန်တွင် သူက မြေအောက်မြစ်နှင့် ဆက်သွယ်မှုအသစ်တစ်ခု ရလာသည်။

မြေအောက်မြစ်တွင် ပုန်းအောင်းနေသော မြေအောက်သားရဲများကဲ့သို့ ဖြစ်သည်။

မြေအောက်မြစ်နှင့် သားရဲများ၏ ဆက်သွယ်မှုသည် ကပ်ပါးကောင် သို့မဟုတ် ပျိုးထောင်ပေးခြင်းနှင့် ဆင်တူသည်။

မြေအောက်မြစ်သည် မြေအောက်မြစ်သားရဲများကို ပျိုးထောင်ပေးသည်။ သို့သော် သားရဲများက မြေအောက်မြစ်၏စွမ်းအားကို ခိုးယူပြီး ကိုယ်ပိုင်အဖြစ် ပြောင်းလဲသည်။

သားရဲများ ပိုများလာလျှင် မြေအောက်မြစ်၏စွမ်းအားက လျော့နည်းလာလိမ့်မည်။

မြေအောက်မြစ်လှေသမားများက သားရဲများကို ကူညီရှင်းလင်းပေးပြီး မြေအောက်မြစ်၏ စီးဆင်းမှုကို ထိန်းသိမ်းသည်။

ပတ်ဝန်းကျင်တွင် လူမရှိသောကြောင့် ဟန်မူယဲ့က လက်မြှောက်ပြီး သွေးနီရောင်ရေစက်ကို ထုတ်ယူသည်။

အကယ်၍ ထိုမြင်ကွင်းကို တခြားလူများ မြင်လိုက်ရလျှင် ပါးစပ်အဟောင်းသား ဖြစ်နေကြလိမ့်မည်။

မြေအောက်မြစ်သည် အရာအားလုံးကို ချုပ်နှောင်ထားသည်။ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခန္ဓာစွမ်းအားမှလွဲ၍ တခြားစွမ်းအားများကို အသုံးမပြုနိုင်ပေ။

မြေအောက်မြစ်ရေကို ဆွဲယူနိုင်သောစွမ်းအားက မည်သည့်စွမ်းအားမျိုး ဖြစ်သနည်း။

ထို့အပြင် ဟန်မူယဲ့၏ ကိုယ်ပေါ်တွင်ရှိသော မြေအောက်မြစ်၏ ဖိနှိပ်မှုက ပျောက်ကွယ်သွားခဲ့သည်။

သူက ဓားကျင့်ကြံခြင်းနှင့် အင်မော်တယ်ကျင့်ကြံခြင်းကို ပြန်လည်အသုံးပြုနိုင်သည်။

မြေအောက်မြစ်တွင် မန္တန်များရွတ်ဆိုနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သွေးရောင်ရေစက်သည် သွေးတိမ်တိုက်အဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

သူက မြစ်ရေကို သန့်စင်ခဲ့သည်။

ယခင်က မြစ်ရေတစ်စက်ကို သန့်စင်ရန်အတွက် အချိန်ကြာခဲ့သော်လည်း ယခုအချိန်တွင် မြစ်ရေများက သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်းစီးဝင်လာကြသည်။

သူက စွမ်းအားပြောင်းလဲမှုကို ဂရုစိုက်မနေပဲ ကုန်းပတ်ပေါ်သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။

သင်္ဘောပေါ်တွင် လူအနည်းငယ်သာရှိသည်။ အများစုက ရွှမ်မင်ကျွန်းပေါ်တွင် ရှိနေကြသည်။

ဟွမ်ခြောက်တို့ကလည်း ပြန်ရောက်မလာသေးပေ။

သိပ်မဝေးသောနေရာတွင် မိစ္ဆာအလင်းကို ထုတ်လွှတ်နေသော အစိမ်းပုပ်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် တီးတိုးပြောသည်။

“ညီအစ်ကိုဟန်၊ အစ်ကိုခြောက်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတယ်။ သွားမကြည့်တော့ဘူးလား”

‘တိုက်ပွဲလား’

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

‘အစ်ကိုခြောက်က အားလပ်နေတာလား’

“အစ်ကိုခြောက်က မြေအောက်မြစ်သင်္ဘောရဲ့ လူတစ်ယောက်ကို မနေ့က ဒဏ်ရာရသွားအောင်လုပ်လိုက်တယ်လို့ ပြောတယ်။ အဲဒီလူတွေက မပျော်မရွှင်ဖြစ်နေပြီး အစ်ကိုခြောက်ကို စိန်ခေါ်ဖို့ ပြန်ရောက်လာကြတယ်။ ဒါပေမဲ့ အရိုက်ခံလိုက်ရတယ်။ နောက်ပိုင်းမှာတော့ ကြီးကြီးမားမားဖြစ်သွားပြီး စိန်ခေါ်ပွဲကို တည်ဆောက်လိုက်တယ်”

လူအိုကြီးက ဟန်မူယဲ့ကို ရှင်းပြနေပြီး လှေတစ်စင်းနှင့်အတူ ရွှမ်မင်ကျွန်းသို့ ဦးတည်လိုက်သည်။

သို့သော် သူက ပေတစ်ထောင်ခန့်အကွာသို့ ရောက်သွားသောအချိန်တွင် လေတိုက်သံကို ကြားလိုက်ရသည်။

သူက လှည့်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။

အစိမ်းရောင်ဝတ်စုံနှင့် ဓားတစ်လက်လွယ်ထားသော ဟန်မူယဲ့က ရေလှိုင်းများပေါ်တွင် လမ်းလျှောက်နေသည်။ သူက ခြေလှမ်းအနည်းငယ်ဖြင့် ရွှမ်မင်ကျွန်းပေါ်သို့ ရောက်သွားသည်။

‘မြေအောက်မြစ်ရဲ့ ရေလှိုင်းတွေကို စီးနင်းနေတာလား’

‘အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

လူအိုကြီးက မျက်လုံးပြူးနေသည်။ ဟန်မူယဲ့က ပျောက်ကွယ်သွားသော်လည်း သူက သတိဝင်မလာခဲ့ပေ။

ဟန်မူယဲ့က ရွှမ်မင်ကျွန်းဆီသို့ လျင်မြန်စွာလျှောက်သွားပြီး မြို့ထဲတွင်ရှိသော ကွင်းပြင်တစ်ခုဆီသို့ ရောက်သွားသည်။

ထိုအချိန်တွင် ကွင်းပြင်ကို လူများက ဝိုင်းရံထားသည်။ ကွင်းပြင်၏အလယ်တွင် ဆယ်ပေမြင့်သော စင်မြင့်တစ်ခုရှိပြီး လူများက တိုက်ခိုက်နေကြသည်။

လက်သီးထိုးချက်များက ဗုံတီးသံကဲ့သို့ ပေါ်ထွက်လာကြသည်။

အနက်ရောင်ချပ်ဝတ်နှင့်ဟွမ်ခြောက်က လက်သီးချက်နှင့်‌ ခြေကန်ချက်များကို ထုတ်လွှတ်နေသည်။ တစ်ဖက်တွင်ရှိသော လူသန်ကြီးက အားနည်းချက်မပြပဲ ပြန်လည်တိုက်ခိုက်သည်။ သူက အရေးနိမ့်မနေပေ။

ဟွမ်ခြောက်၏ သိုင်းပညာရပ်က မဆိုးပေ။ သူက မိစ္ဆာနယ်မြေတွင်လည်း တိုက်ခိုက်ခဲ့ရသည်။

ဟန်မူယဲ့က စောင့်ကြည့်နေပြီး ဟွမ်ခြောက်က အားလျော့ထားကြောင်း နားလည်လိုက်သည်။

ဟွမ်ခြောက်၏ မိစ္ဆာကျင့်ကြံခြင်းက အလွန်အားကောင်းသည်။ သူက မြေအောက်မြစ်ကြောင့် ဖိနှိပ်ခံထားရလျှင်ပင် သန်မာနေသေးသည်။

သူက အားလျော့မထားလျှင် တစ်ဖက်လူကို ဆယ်ကွက်အတွင်း အနိုင်ရလိမ့်မည်။

သို့သော် တစ်ဖက်လူ၏ခွန်အားကလည်း မဆိုးပေ။ အနည်းဆုံး နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိသည်။ ကောင်းကင်ကို ဆန့်ကျင်ပြီး ကျင့်ကြံနေခြင်း ဖြစ်နိုင်သည်။ ထိုလူက သွေးချီကို စုစည်းထားပြီး ဟွမ်ခြောက်နှင့် ရင်ဆိုင်နေသည်။

ထိုစွမ်းအားမျိုးကို အသုံးပြုနိုင်ရန် ရှားပါးသည်။

ထိုလူက အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်။

“ဘန်း”

ဟွမ်ခြောက်၏ လက်သီးချက်က တစ်ဖက်လူ၏ပခုံးကို ထိုးမိသွားသည်။ ထိုလူက ခြေသုံးလှမ်း နောက်ဆုတ်ပေးလိုက်ရသည်။

လူသန်ကြီးက ဒေါသထွက်မသွားပဲ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“အစ်ကိုခြောက်က တကယ်သန်မာတာပဲ။ ထန်ကျင်းက လေးစားမိပါတယ်”

ထို့နောက် သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကျယ်လောင်စွာပြောသည်။

“ထန်ကျင်းက မြေအောက်မြစ်မှာ အစ်ကိုခြောက်နဲ့အတူ လိုက်ခဲ့မယ်”

သူ့စကားကြောင့် စင်မြင့်၏အောက်တွင် အားပေးသံများ ပေါ်ထွက်လာသည်။

လူအများက အစ်ကိုခြောက်၏နောက်သို့ လိုက်ချင်နေကြသည်။

ဟွမ်ခြောက်က ဆက်တိုက်အနိုင်ပွဲရထားသည်ဟု ဟန်မူယဲ့က ခန့်မှန်းလိုက်သည်။ ယှဉ်ပြိုင်ရန်ရောက်လာသော လူများအားလုံးက သူ့လက်အောက်တွင် ရှုံးနိမ့်သွားကြသည်။

ထိုလူများက သူ့ကို လေးစားလာကြသည်။ တိုက်ပွဲအပြီးတွင် သူက တူညီသောစိတ်ထားနှင့် လူများကို သိမ်းသွင်းနိုင်ခဲ့သည်။

ဟွမ်ခြောက်ကို မရီးခြောက်က ထိန်းသိမ်းထားသင့်သည်ဟု ဟန်မူယဲ့က ခံစားနေရသည်။ မဟုတ်လျှင် သူက ပြဿနာရှာလိမ့်မည်။

နောက်ပိုင်းတွင် မိစ္ဆာကျင့်ကြံသူတချို့က တိုက်ခိုက်ရန် စင်မြင့်ပေါ်သို့ ရောက်လာသော်လည်း အားလုံး ရှုံးနိမ့်သွားကြသည်။

မြေအောက်မြစ်သင်္ဘောများအားလုံး စုစည်းနေပြီး ရေလက်ကြားကိုကျော်ဖြတ်ရန် အချိန်ကျလာသောအခါတွင် ကျင့်ကြံဆင့်ကောင်းမွန်သော ရာချီနေသည့်မိစ္ဆာကျင့်ကြံသူများက ဟွမ်ခြောက်၏ဘေးတွင် ရှိနေကြသည်။

သူတို့က တခြားသင်္ဘောများမှ ထွက်လာပြီး ဟွမ်ခြောက်နှင့်အတူ သောက်စားရန်အတွက် ဤသင်္ဘောပေါ်သို့ ရောက်လာကြသည်။

ဟန်မူယဲ့က သူတို့ကို ဂရုစိုက်မနေပဲ ဟွမ်ခြောက်ကို အခန်းထဲမှ ကန်ထုတ်လိုက်သည်။

ထိုဖြစ်ရပ်ကြောင့် ဖုန်းရီနှင့် ရှစ်ယွမ်က ကြောင်အသွားသည်။

“ဟေး ညီအစ်ကိုဟန်၊ မင်းနဲ့ အစ်ကိုခြောက်က အတူတူရောက်လာပေမဲ့ ဒီလိုမျိုး မလုပ်သင့်ဘူးလေ”

“အစ်ကိုခြောက်က အင်အားစုတစ်ခုကို စုစည်းထားရင် တော်ဝင်မြို့တော်မှာ အခွင့်‌ကောင်းရလိမ့်မယ်”

ဖုန်းရီက စိတ်ပျက်နေပြီး တီးတိုးပြောသည်။

တာအိုတန်ခိုးရှင်ရှစ်ယွမ်က ပွင့်လင်းသည်။ သူက ပစ္စည်းများထုတ်ပိုးပြီး ဟွမ်ခြောက်၏နောက်သို့ လိုက်သွားသည်။

တစ်ဖက်တွင် ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့၏အခန်းထဲသို့ ပြောင်းလာပြီး မီးအမျိုးအစားကျင့်ကြံခြင်းနှင့် အာခီမီအကြောင်းကို ဆွေးနွေးနေသည်။

ဖုန်းရီကလည်း အာခီမီကို နားလည်ပြီး ခေါင်းဆောင်တောက်ရင်နှင့်အတူ ဆွေးနွေးခဲ့သည်။

“ဟူး၊ အာခီမီလမ်းစဉ်က ကျယ်ပြန့်လွန်းတယ်။ ဆရာသခင်အဆင့်ကို ရောက်ပြီးတဲ့အချိန်မှာ တိုးတက်ဖို့ ခက်ခဲလာတယ်”

ခေါင်းဆောင်တောက်ရင်က ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မူဝမ်က အနည်းဆုံး အာခီမီသူတော်စင် ဖြစ်နေပြီမဟုတ်လား”

အံ့ဖွယ်ကိုးပါးတောင်တွင် မူဝမ်၏ အာခီမီကျင့်ကြံခြင်းက အနက်နဲဆုံးဖြစ်သည်။

မဟုတ်သေးပေ။ အာခီမီနှင့်ပတ်သတ်ပြီး အသန်မာဆုံးလူသည် သူ့ရှေ့တွင်ရှိသော ဟန်မူယဲ့ ဖြစ်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ခေါင်းညိတ်လိုက်သောအခါတွင် ခေါင်းဆောင်တောက်ရင်က ရေရွတ်သည်။

“ကောင်လေး၊ မင်းက အာခီမီလမ်းစဉ်ကို စွန့်ပစ်လိုက်ပြီမဟုတ်လား ....”

ဟန်မူယဲ့က အာခီမီကို လေ့လာခဲ့သောအချိန်တွင် ခေါင်းဆောင်တောက်ရင်နှင့် အတွေးတူခဲ့သည်။ သူတို့က ဓားတာအိုကို အာခီမီဖြင့် ထောက်ပံ့ချင်သည်။

သူတို့က အာခီမီလမ်းစဉ်ကို အသုံးပြု၍ ပိုက်ဆံရှာပြီး ကျင့်ကြံရန် ကြိုးစားခဲ့ကြသည်။

ယခုအချိန်တွင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းက ထူးခြားပြီး နောက်ခံကောင်းသည်။ ထို့ကြောင့် ဆေးလုံးသန့်စင်ရန် မလိုတော့ပေ။

ထို့အပြင် သူ၏ တာအိုလက်တွဲဖော် မူဝမ်က အာခီမီလမ်းစဉ်တွင် စိတ်နှစ်ထားသည်။

“မိတ်ဆွေလေးဟန်”

ဖုန်းရီက ဟန်မူယဲ့ကို ပြောလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူသည်။

“ဒါက အာခီမီနဲ့ပတ်သတ်ပြီး ငါ့ရဲ့ ဘဝတစ်သက်တာ စုဆောင်းမှုပါ။ တစ်ချက်လောက် ကြည့်လိုက်ပါ”

သူက ကျောက်စိမ်းပေလွှာကို စားပွဲပေါ်တွင် တင်ထားပြီး သက်ပြင်းချသည်။

“ငါက တော်ဝင်မြို့တော်ကို သွားတော့မှာဆိုတော့ အာခီမီအမွေအနှစ်ကို ချန်ထားခဲ့ဖို့ အခွင့်အရေးမရလောက်ဘူး”

သူက ရှင်းလင်းစွာမပြောသော်လည်း နားလည်နိုင်သည်။ သူက အာခီမီအမွေအနှစ်ကို ဟန်မူယဲ့ဆီသို့ အပ်နှံနေသည်။

ဟန်မူယဲ့က ကိုယ်တိုင်လေ့လာသည်ဖြစ်စေ တခြားလူများဆီသို့ ပေးလိုက်ခြင်းဖြစ်စေ အနည်းဆုံး အမွေအနှစ်ပျောက်ကွယ်မသွားရန် အာမခံနိုင်သည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ဖုန်းရီ၏ အာခီမီအမွေအနှစ်က ကောင်းကွက်ရှိသည်။

ဝိညာဉ်ဆေးပင်များကို ရွေးချယ်ခြင်း၊ ရောနှောထားသော ဆေးစွမ်းအားကို သိမ်မွေ့အောင်ပြုလုပ်ခြင်းတို့တွင် ထူးခြားသည်။

All Chapters