← Chapters

အခန်း (၁၀၀၁)

Vol. 72 Ch. 1001

အခန်း (၁၀၀၁)

Vol. 72 Ch. 1001

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာတွင်ရှိသော အချက်အလက်များအားလုံးကို ဖတ်ရှုရန် အချိန်ခဏသာ ကြာမြင့်ခဲ့သည်။

ဟန်မူယဲ့က အတွေးနက်နေသကဲ့သို့ တိတ်ဆိတ်နေသောအခါတွင် ဖုန်းရီက ခေါင်းခါလိုက်ပြီး နောင်တများဖြင့် ပြောသည်။

“ငါက ဒီနေရာမှာ ကျင့်ကြံခြင်းစွမ်းအားကို မသုံးနိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် မင်းလေ့လာဖို့အတွက် ဆေးလုံးသန့်စင်ပေးလို့ရတယ်”

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာထဲတွင်ရှိသော အာခီမီနည်းစနစ်ကြောင့် အံ့အားသင့်သွားသည်ဟု သူထင်ခဲ့သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်မောပြီး လက်မြှောက်သည်။

ရွှေရောင်အလင်းလွှာသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အလင်းလွှာပေါ်လာသောအချိန်တွင် ခေါင်းဆောင်တောက်ရင်နှင့် ဖုန်းရီ၏ခန္ဓာကိုယ်က တုန်ခါလာသည်။

သူတို့က ချီစွမ်းအင်ကို ထုတ်သုံးနိုင်ခဲ့သည်။

“ဒါ၊ ဒါက ....”

ဖုန်းရီက နှုတ်ခမ်းများတုန်ခါနေသော်လည်း စကားမပြောနိုင်ခဲ့ပေ။

‘မြေအောက်မြစ်မှာ ချီစွမ်းအင်ကို သုံးနိုင်တာလား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

သို့သော် ယခုအချိန်တွင် သူက ချီစွမ်းအင်ကို အာရုံခံမိသည်။

ခေါင်းဆောင်တောက်ရင်က ခေါင်းခါလိုက်ပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ပြောသည်။

“ငါသိနေတယ်”

“မင်းဆီမှာ ထူးခြားတာဖြစ်လာရင် အံ့အားသင့်စရာမဟုတ်ဘူး”

ဟန်မူယဲ့က ဓားစံအိမ်၏ ဓားထိန်းတစ်ယောက် ဖြစ်လာသောအချိန်မှစ၍ သူက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိတ်လန့်ခဲ့ရသည်။

ထို့ကြောင့် သူက ဟန်မူယဲ့၏ ထူးခြားမှုများနှင့် အသားကျနေသည်။

“အခု ဆေးလုံးသန့်စင်လို့ရပြီ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ဖုန်းရီနှင့် ခေါင်းဆောင်တောက်ရင်က ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်း၍ မီးပြင်းဖိုကို ထုတ်ယူသည်။

ဟန်မူယဲ့က ဘေးမှ စောင့်ကြည့်နေသည်။

သူ့မျက်လုံးများက တောက်ပနေသည်။

သူက စည်းမျဉ်းများကို နားလည်ထားသောကြောင့် မတူညီသောအရာကို မြင်ရသည်။

ခေါင်းဆောင်တောက်ရင်နှင့် ဖုန်းရီက ထူးခြားသောစွမ်းအားတစ်ခုကို သယ်ဆောင်ထားသည်။

ထိုစွမ်းအားသည် အသက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ထိုစွမ်းအားကို ပျိုးထောင်ပေးနိုင်လျှင် ပြန်လည်မွေးဖွားရန် အခွင့်အရေးရလိမ့်မည်။

သို့သော် ထိုစွမ်းအားက အလွန်အားနည်းနေသည်။

ပြင်ပစွမ်းအားတစ်ခုက ဖိနှိပ်လိုက်လျှင် ထိုစွမ်းအားက ချက်ချင်းပျောက်ကွယ်သွားလိမ့်မည်။

“ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအို၊ သေခြင်းရှင်ခြင်းစည်းမျဉ်း”

ဟန်မူယဲ့၏နှလုံးသားက တုန်ခါသွားသည်။

သေခြင်ရှင်ခြင်း၏စည်းမျဉ်း ဖြစ်သည်။

အင်မော်တယ်ဘုရင်မင်ဟယ်က သေခြင်းရှင်ခြင်းစည်းမျဉ်းကို နားလည်ထားသည်။

ထိုသို့ဆိုလျှင် တခြားလူများ၏ သေခြင်းရှင်ခြင်းကို ပြောင်းလဲပေးနိုင်သော အင်မော်တယ်ဘုရင်မင်ဟယ်က သေဆုံးမသွားနိုင်ပေ။

ယခင်စစ်ပွဲတွင် သူက ဒဏ်ရာရသွားခြင်းသာ ဖြစ်လိမ့်မည်။

ထို့ကြောင့် သူက သေခြင်းစွမ်းအားကို မထိန်းချုပ်နိုင်တော့ပဲ လွတ်ထွက်လာသော စွမ်းအားများက မြေအောက်မြစ်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ဟန်မူယဲ့၏ နားလည်မှုက ပိုမိုရှင်းလင်းလာသည်။

ခေါင်းဆောင်တောက်ရင်နှင့် ဖုန်းရီက ဆေးလုံးများကို ဆက်တိုက်သန့်စင်နေကြသည်။ သူတို့၏ ကျင့်ကြံဆင့်နှင့် ဗဟုသုတက အတူတူလောက်ပင်ဖြစ်သည်။ သူတို့၏ ဆက်သွယ်ရေးက ပိုမိုချောမွေ့လာသည်။

ရက်ပေါင်းများစွာအကြာတွင် သူတို့နှစ်ယောက်က မီးပြင်းဖိုများကို သိမ်းလိုက်ကြသည်။ ကျောက်စိမ်းပုလင်းများက စားပွဲပေါ်တွင် ညီညာစွာ ရှိနေကြသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အလင်းလွှာကို ပြန်သိမ်းသည်။

အလင်းလွှာ ပျောက်ကွယ်သွားသောအချိန်တွင် ခေါင်းဆောင်တောက်ရင်နှင့် ဖုန်းရီ၏ ချီစွမ်းအင်က ဖိနှိပ်ခံလိုက်ရသည်။

သူတို့၏ မျက်နှာက ဖြည်းဖြည်းချင်း အိုမင်းလာသည်။

ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကို အံ့အားသင့်စွာကြည့်သည်။

“သေခြင်းရှင်ခြင်းက နှလုံးသားထဲမှာရှိတယ်။ နှလုံးသားက သေဆုံးမသွားရင် လောကကြီးက ပျက်စီးသွားမှာမဟုတ်ဘူး”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

နှလုံးသားသေဆုံးမသွားလျှင် သက်တမ်းကုန်မသွားနိုင်ပေ။

ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့၏စကားကို နားလည်လိုက်သည်။

“‌မြေအောက်မြစ်၊ ဟားဟား။ ဒါက မြေအောက်မြစ်ရဲ့ အစစ်အမှန်စွမ်းအားပဲ”

ခေါင်းဆောင်တောက်ရင်က သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်သည်။

“ဒီနေရာကနေ ထွက်သွားပြီးရင် တခြားကမ္ဘာတွေကို လျှောက်သွားမယ်”

“ဒီလောကကြီးက အရမ်းကျယ်ပြန့်လွန်းတယ်။ စိတ်လှုပ်ရှားစရာပဲ”

“ဟားဟား၊ အတူသွားကြတာပေါ့ “

ဖုန်းရီက အဝတ်များကို ဆွဲဆန့်လိုက်ပြီး မတ်တပ်ရပ်သည်။

အလင်းလွှာ ပျောက်ကွယ်သွားသောကြောင့် အပြင်ဘက်မှ တုန်ခါသံများကို ကြားလိုက်ရသည်။

ကျောက်စိမ်းပုလင်းများကို သိမ်းလိုက်ပြီး သူတို့သုံးယောက်က အပြင်ဘက်သို့ ထွက်သွားသည်။

ကုန်းပတ်ပေါ်တွင် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။

ဟွမ်ခြောက်က မိစ္ဆာပုံရိပ်ကိုထုတ်ဖော်ပြီး သင်္ဘောဦးထိပ်တွင် လှံရှည်တစ်ချောင်းနှင့်အတူ ရပ်နေသည်။ သူ့ရှေ့တွင် မြစ်ရေက လှိုင်းထန်နေပြီး အမှောင်သားရဲနှင့်‌ တခြားသားရဲများကို မြင်နိုင်သည်။

“သတ်”

သူ့အော်သံကြောင့် ကျင့်ကြံသူများက ခုန်ထွက်သွားပြီး သားရဲများ၏ကျောပေါ်သို့ ရောက်သွားကြသည်။ သူတို့က လက်နက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။

“ဟားဟား၊ မင်းက တံခါးပိတ်ကျင့်ကြံနေတယ်လို့ ထင်နေတာ”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ဟွမ်ခြောက်က ရယ်လိုက်ပြီး လှံကို ပစ်လွှတ်သည်။

ပေသုံးသောင်းအကွာတွင် ပေသုံးရာရှည်လျားသော သားရဲတစ်ကောင်ကို လှံရှည်က ထိုးဖောက်သွားသည်။

ဟွမ်ခြောက်၏ဘေးတွင် လူများရှိနေသည်။ ထို့ကြောင့် ဟန်မူယဲ့က ရှေ့တက်မသွားပဲ နောက်တွင် ရပ်နေလိုက်သည်။

လော့ရန်နှင့် ထန်ကျင်းတို့အပြင် တခြားကျွမ်းကျင်သူများလည်း ရှိနေကြသည်။

သူတို့နှင့် သိပ်မဝေးသောနေရာတွင် မြေအောက်မြစ်လှေသမားများ ရှိကြသည်။ သူတို့က အတူပူးပေါင်းပြီး မြေအောက်မြစ်သားရဲများကို သတ်ဖြတ်နေကြသည်။

ဟွမ်ခြောက်တို့အုပ်စုသည် မြေအောက်မြစ်လှေသမားများ၏ အသိအမှတ်ပြုခြင်းကို ရရှိထားသည်။

မြေအောက်မြင်တွင် သွားလာခြင်းသည် အလွန်အန္တရာယ်များသည်။ ထို့ကြောင့်‌ လှေသမားများအပြင် ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။

ဟွမ်ခြောက်တို့အုပ်စုက သားရဲများကို သတ်ဖြတ်ပြီးသောအခါတွင် လှေသမားများက လှုပ်ရှားလိုက်ကြသည်။ သူတို့က ရွက်တိုင်၏ ရွှေအလင်းကို အသုံးပြုပြီး သားရဲအလောင်းများကို သိမ်းဆည်းလိုက်ကြသည်။

ဤသင်္ဘောသည် ဒါဇင်ချီနေသော သင်္ဘောများ၏ ခေါင်းဆောင်ဖြစ်ပုံရပြီး ရှေ့ဆုံးတွင် ရှိနေသည်။

မြေအောက်မြစ်နှင့် တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည့် ဟန်မူယဲ့က ယခုအချိန်တွင် တချို့ကိစ္စများကို ပိုမြင်နိုင်လာသည်။

ဤနေရာတွင် ပြန့်ကျဲနေသော ကျောက်ဆောင်များဖြင့် ပြည့်နှက်နေပြီး ဖရိုဖရဲဖြစ်နေသော စွမ်းအားများ ရောယှက်နေသည်။

မြေအောက်မြစ်၏စွမ်းအားကို နာခံရမည်ဖြစ်သော မြေအောက်မြစ်သားရဲများက ဤနေရာတွင် အရိုင်းဆန်ပြီး သောင်းကျန်းနေကြသည်။

ဤနေရာတွင် မြေအောက်မြစ်နှင့်မသက်ဆိုင်သော စွမ်းအားများ ရှိနေသည်။

ဟန်မူယဲ့က တိုက်ပွဲကို ခဏကြာအောင် စောင့်ကြည့်နေပြီး လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပဲ အထဲသို့ ပြန်ဝင်သွားသည်။

တိတ်ဆိတ်စွာစောင့်ကြည့်နေသော တာအိုတန်ခိုးရှင်ရှစ်ယွမ်အတွက် အားနည်းသည်ဟု ထင်ရသည်။

“တာအိုရောင်းရင်ဟန်က အစ်ကိုခြောက်ရဲ့ မိတ်ဆွေမဟုတ်လား။ သူက အစ်ကိုခြောက်ကို ဘာဖြစ်လို့ မကူညီပေးတာလဲ’

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က တီးတိုးမေးသည်။

သူက တိုက်ပွဲ၏ အစွန်အဖျားတွင် ရှိနေပြီး နောက်ကွယ်မှ ကူညီပေးနေရသောကြောင့် အကျိုးအမြတ် သိပ်မရပေ။

လူတိုင်းက ရှေ့တွင်ရှိသော ကျွမ်းကျင်သူများကို အားကျနေကြသည်။ သူတို့က များပြားသော ဝိညာဉ်ပုတီးစေ့များကို ရရှိနိုင်ကြသည်။

လုံခြုံမှုရှိသည်ဟု အာမခံပေးနိုင်လျှင် မြေအောက်မြစ်သားရဲများကို လူတိုင်းက အမဲလိုက်ကြလိမ့်မည်။

ဟွမ်ခြောက်က ရှေ့ဆုံးတွင် ရှိနေသည်။ သူ့နောက်သို့ လိုက်လာသောလူများက လုံခြုံစွာ တိုက်ခိုက်နိုင်ကြသည်။

မည်သူက အားမကျပဲ နေနိုင်မည်နည်း။

“သူက ခွန်အားမလုံလောက်လို့နေမှာပေါ။ အစ်ကိုခြောက်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူ့ကို အခွင့်အရေးတစ်ခု ပေးမှာပါ”

တာအိုတန်ခိုးရှင်ရှစ်ယွမ်က ‌ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာပြောသည်။

သူ၏ ခွန်အားကလည်း မလုံလောက်ပေ။ သို့သော် ဟွမ်ခြောက်နှင့် နီးကပ်အောင်လုပ်ပြီး ကုန်းပတ်ကို ထိန်းသိမ်းပေးရန် တာဝန်ယူခဲ့သည်။

လွန်ခဲ့သောရက်များတွင် သူက အကျိုးအမြတ်တချို့ ရခဲ့သည်။

“ဟားဟား၊ ငါတို့ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းနဲ့ ထာဝရရှင်သန်ခြင်းအတွက် လိုအပ်တဲ့အချိန်မှာ ခေါင်းငုံ့ထားနိုင်ရမယ်။ ရှက်စရာမရှိပါဘူး”

လူအိုကြီးက ခေါင်းခါလိုက်ပြီး ရွှေအလင်းထဲတွင် ပိတ်မိနေသော မြေအောက်မြစ်သားရဲကို ကြည့်သည်။

“အလုပ်လုပ်ကြရအောင်”

သူတို့က သေဆုံးခါနီးဖြစ်နေသော မြေအောက်မြစ်သားရဲကို အဆုံးသတ်ပေးလိုက်ပြီး ကျွမ်းကျင်စွာ အမဲဖျက်နေကြသည်။

သူတို့က စိမ့်ထွက်လာသော သွေးတချို့ကိုလည်း စုပ်ယူလိုက်ကြသည်။

ဟန်မူယဲ့က သင်္ဘောထဲသို့ ပြန်ဝင်လာပြီး လှေကားဆီသို့ လျှောက်သွားလိုက်သည်။

အပေါ်ထပ်များသည် ပိုမိုကောင်းမွန်ပြီး ခုနစ်ထပ်မြောက်နှင့် ရှစ်ထပ်မြောက်တွင် အစေခံများ၊ ပန်းအိုးများကိုပင် မြင်ခဲ့ရသည်။

တင်းကျပ်စွာပိတ်ထားသော တံခါးတချို့သည် အားကောင်းသော အသက်စွမ်းအင်လှိုင်းကို ထုတ်လွှတ်နေကြသည်။

သူက ထိပ်ဆုံးအထပ်သို့ ရောက်သွားသည်။ ထိုနေရာတွင် သင်္ဘော၏ ခေါင်းဆောင်အကြီးအကဲ ချူချန်နှင့် တခြားအကြီးအကဲများ ရှိနေကြသည်။

အနက်ရောင်ဝတ်စုံနှင့် လှေသမားများလည်း ရှိကြသည်။

ဘေးတွင် ကျင့်ကြံဆင့်ကို ဖော်ပြမထားသော်လည်း ထူးခြားသောအငွေ့အသက်နှင့် ကျင့်ကြံသူငါးယောက်၊ ခြောက်ယောက်ခန့်လည်း ရှိနေကြသည်။

သူတို့၏ခွန်အားကို အသိအမှတ်ပြုပြီး တော်ဝင်မြို့တော်သို့ ဖိတ်ခေါ်ခံရသော ကျင့်ကြံသူများ ဖြစ်လိမ့်မည်။

ဟွမ်ခြောက်ကိုလည်း ဖိတ်ခေါ်ခဲ့သေးသည်။

“တာအိုရောင်းရင်ဟန် ရောက်လာတာလား”

ချူချန်က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

သူ့ပုံစံကြောင့် ဘေးတွင်ရှိသော ကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။

‘သူက အရမ်းယဉ်ကျေးနေတာလား’

ချူချန်က အလွန်ယဉ်ကျေးနေခြင်း မဟုတ်ပေ။ တစ်ဖက်လူက သူတို့၏အကြွေးရှင် ဖြစ်သည်။ ဝိညာဉ်ပုတီးစေ့ ၁၂၀,၀၀၀ခန့် အကြွေးပေးရန် ကျန်နေသည်။

ထိုပမာဏကို နှစ်ရာချီ၍ ရှာဖွေရလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။

ဤနေရာသည် မဆိုးပေ။ မြေအောက်မြစ်၏ ရှုခင်းနှင့် တိုက်ပွဲကို ကောင်းမွန်စွာမြင်နိုင်သည်။

ဤနေရာမှတစ်ဆင့် ရေမျက်နှာပြင်တွင် သိပ်သည်းစွာရှိနေသော ကျောက်ဆောင်များကို မြင်ရသည်။

သင်္ဘောများက ကျောက်ဆောင်နှင့် မတိုက်မိစေရန် သတိထားပြီး သွားလာနေရသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ‌ရွှေအလင်းသည် သူ့မျက်လုံးထဲတွင် တောက်ပလာသည်။

သူ့အမြင်အာရုံထဲတွင် လောကကြီးက ပြောင်းလဲသွားသည်။

အနီရောင်စွမ်းအားသည် မြေအောက်မြစ်၏စွမ်းအား ဖြစ်သည်။ အစိမ်းရောင်စွမ်းအားသည် တခြားစွမ်းအားဖြစ်ပြီး မြေအောက်မြစ်ကို ဖျက်ဆီးချင်နေသည်။ ထို့အပြင် အသက်စွမ်းအားမရှိသော အဖြူရောင်အလင်းကိုလည်း မြင်ရသည်။

စွမ်းအားအမျိုးမျိုးသည် ပြန့်ကျဲနေသော ကျောက်ဆောင်များနှင့် သွယ်ယှက်နေသည်။

သင်္ဘောများသည် မြေအောက်မြစ်စွမ်းအား ရှိသောနေရာတွင် ရွက်လွှင့်နေကြသည်။

မြေအောက်မြစ်လှေသမားများက မြေအောက်မြစ်၏စွမ်းအားကို အာရုံံခံနိုင်ပြီး သင်္ဘော၏နေရာကို ပြောင်းလဲနိုင်လိမ့်မည်။

သို့သော် စွမ်းအားအမျိုးမျိုးရောယှက်နေသော ဤနေရာတွင် လှေသမားများက သင်္ဘောကို အပြည့်အဝ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

တခြားစွမ်းအားများ လွှမ်းခြုံနေသောနေရာသည် သင်္ဘောများကို ဖျက်ဆီးပစ်ချင်နေသည်။

အကယ်၍ သင်္ဘောတစ်စီးက ထိုနေရာသို့ ရောက်သွားလျှင် သားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံစားရလိမ့်မည်။

“ဘန်း”

ရှေ့တွင် ဟွမ်ခြောက်က တိုက်ခိုက်လိုက်ပြန်သည်။

မီးခိုးဖျော့ရောင်သန်းနေသော သားရဲတစ်ကောင်က တခြားသားရဲများကို ဦးဆောင်လာပြီး သင်္ဘောဆီသို့ ပြေးဝင်လာသည်။ ဟွမ်ခြောက်က မိစ္ဆာပုံရိပ်ကို ထုတ်ဖော်ပြီး ခေါင်းဆောင်သားရဲ၏ဦးခေါင်းကို ထိုးဖောက်လိုက်သည်။

All Chapters