← Chapters

အခန်း (၁၀၀၃)

Vol. 72 Ch. 1003

အခန်း (၁၀၀၃)

Vol. 72 Ch. 1003

လေဆင်နှာမောင်းတစ်ခုက ရွှေရောင်အလင်းလွှာကို တုန်ခါသွားစေသည်။

မမြင်နိုင်သော စွမ်းအားတစ်ခုက သင်္ဘောများကို တိုက်ခိုက်နေသည်။

သင်္ဘောပေါ်တွင်ရှိသော ကျင့်ကြံသူများအားလုံးက မျက်နှာထားလေးနက်သွားကြသည်။

ရှေ့ဆုံးတွင်ရှိနေသော ဟွမ်ခြောက်က လှံကို မြှောက်လိုက်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းသည်။

ရောက်လာပြီဖြစ်သည်။

“ဘုန်း”

ရွှေအလင်းတန်းသည် မြေရေထဲမှ ခုန်ထွက်လာပြီး အလင်းလွှာကို တိုက်ခိုက်သည်။

ပေတစ်ထောင်ရှည်လျားသော လှံရှည်က အလင်းလွှာကို ပေတစ်ရာကျယ်သွားအောင် ထိုးဖောက်လိုက်သည်။

လှံထိပ်ဖျားမှ ထွက်ပေါ်လာသော အေးစက်မှုသည် သင်္ဘောများအားလုံးကို အေးခဲသွားစေနိုင်သည်။

ကုန်းပတ်ပေါ်တွင် ရပ်နေသော ကျင့်ကြံသူအများစုက တုန်ခါနေကြသည်။

မြေအောက်မြစ်သို့ ရောက်လာသော ကျင့်ကြံသူအများစုက သွေးချီနှင့်သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေကြသည်။

သူတို့က လှံဆီမှ ထွက်ပေါ်လာသော အေးစက်နေသည့်စွမ်းအားကို မခုခံနိုင်ကြပေ။

“သတ်”

ဟွမ်ခြောက်က ပေတစ်ထောင်ရှည်လျားသောလှံကို လက်ထဲတွင်ရှိသော လှံရှည်ဖြင့် ရိုက်ထုတ်လိုက်သည်။

သူက အရိုးစားသားရဲကို စီးနင်းပြီး အလင်းလွှာ၏ အကာအကွယ်အောက်မှ ထွက်သွားသည်။

ထိုရဲတင်းမှုကြောင့် လူအများက လေးစားသွားကြသည်။

“ဘန်း”

“ဘန်း”

မြစ်ထဲမှ လှံရှည်တင်မကပဲ ဓားမော့နှင့် ဓားများလည်း ထွက်လာကြသည်။ အနက်ရောင်သန်းနေသော သားရဲများက သင်္ဘောများဆီသို့ ပြေးဝင်လာကြသည်။

အလင်းလွှာက လက်နက်များကို တားဆီးနိုင်သော်လည်း သားရဲများကို မတားဆီးနိုင်ခဲ့ပေ။

သားရဲများ၏ စွမ်းအားက မြေအောက်မြစ်နှင့် ဆင်တူသည်။ ထို့ကြောင့် အလင်းလွှာက သားရဲများကို မတားဆီးခဲ့ပေ။

ကုန်းပတ်ပေါ်တွင် ကျင့်ကြံသူများက လှုပ်ရှားလိုက်ကြသည်။

လူအများက ဟွမ်ခြောက်ကို အတုယူပြီး သားရဲများပေါ်သို့ ခုန်ဆင်းသွားကြသည်။

ဟွမ်ခြောက်၏ အပြုအမူကြောင့် လူတိုင်းက သတ္တိရှိလာကြသည်။

ဟန်မူယဲ့က ထူးဆန်းသောစွမ်းအားကို မြင်နေရသည်။

ဟွမ်ခြောက်က ကိုယ်ပိုင်ခွန်အားဖြင့် ကံကောင်းခြင်းကို သက်ရောက်စေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ကံကောင်းခြင်းအမျှင်တန်းတစ်ခုသည် ဟွမ်ခြောက်၏ကိုယ်ပေါ်တွင် စုစည်းလာသည်။

ထိုစွမ်းအားက နည်းပါးသော်လည်း အင်မော်တယ်သခင်များ ရှာဖွေနေသော ကံကောင်းခြင်းစွမ်းအား ဖြစ်သည်။

လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်။

ပေတစ်ထောင်ရှည်လျားသောလှံရှည်အား ဖိနှိပ်ထားသော ဟွမ်ခြောက်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့က နားလည်သွားသည်။

တိုက်ပွဲကို အသုံးပြု၍ ကံကြမ္မာကို ပြောင်းလဲမည်။

ဟွမ်ခြောက်က ကိုယ်ပိုင်လက်တစ်စုံဖြင့် အရာအားလုံးကို တိုက်ခိုက်ယူခဲ့သည်။

သူက ထိုတိုက်ခိုက်မှုပုံစံဖြင့် အသားကျနေသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ဟွမ်ခြောက်က သူ့ကိုယ်သူ ဖိနှိပ်ထားခဲ့ရသည်။

သူ၏ အသက်စွမ်းအားသည် သိသိသာသာ တိုးတက်လာသည်။

“ဂါး ....”

ဟွမ်ခြောက်၏နောက်တွင်ရှိသော မိစ္ဆာပုံရိပ်က ခေါင်းမော့၍ ဟိန်းဟောက်လိုက်ပြီး ထပ်မံကြီးမားလာသည်။

ပေသုံးရာမြင့်မားသော မိစ္ဆာပုံရိပ်သည် စတုတ္ထမြောက်လက်တစ်စုံကို ပိုင်ဆိုင်လာသည်။

လက်ရှစ်ဖက်မိစ္ဆာပုံရိပ် ဖြစ်သည်။

အလင်းလွှာက ပတ်ဝန်းကျင်ကို တားဆီးထားသော်လည်း ဟွမ်ခြောက်၏ စွမ်းအားကို အာရုံခံကြည့်နိုင်သည်။

“အစ်ကိုခြောက်က သန်မာတယ်”

မရေမတွက်နိုင်သော လူများက အော်ဟစ်လိုက်ကြသည်။

ဟွမ်ခြောက်က ရယ်မောပြီး ပေတစ်ထောင်ရှည်လျားသောလှံကို ရိုက်ထုတ်လိုက်သည်။

သူက လက်မြှောက်သည်။ မိစ္ဆာပုံရိပ်က လက်တစ်ဖက်ဆန့်ထုတ်ပြီး လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။

လှံရှည်က ပေတစ်ရာအထိ တိုဝင်သွားပြီး သွေးရောင်သန်းနေသည်။

သူက အလွန်အဖိုးတန်သော ရတနာတစ်ခုကို ရယူခဲ့သည်။

ဟွမ်ခြောက်၏ ရဲတင်းသောလှုပ်ရှားမှုကြောင့် သင်္ဘောများက ပိုမိုလျင်မြန်လာသည်။

သုံးရက်အတွင်း၌ သူတို့က အစိမ်းပုပ်ရောင်နယ်မြေကို ဖြတ်ကျော်ပြီး မြေအောက်မြစ်၏ စွမ်အားအောက်သို့ ပြန်ရောက်လာကြသည်။

မြေအောက်မြစ်၏နယ်မြေထဲသို့ ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့က ဟွမ်ခြောက်၏ခန္ဓာကိုယ်ထဲတွင် စုစည်းနေသော တခြားစွမ်းအားတစ်မျိုးကို မြင်လိုက်ရသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ဖြစ်သည်။

ကျင့်ကြံခြင်းလောကသည် အမှန်တကယ် ထူးဆန်းသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်သည်။

ခရမ်းနီရောင်အလင်းစက်ကွင်းသည် မျက်စိကျိန်းလောက်သော ရွှေအလင်းကို ထုတ်ပေးနေသည်။

သူက ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။

ဖူယွီအင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်သခင်များက သူ့ကို အလွန်ကြင်နာသောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

ထိုသို့ တောက်ပနေသော ကံကောင်းခြင်းကို မည်သူက မကြင်နာပဲ နေနိုင်မည်နည်း။

သူက ထူးခြားသောအရည်အသွေးတချို့ ရှိသည်။

ထိုအရည်အသွေးသည် သူ၏ ကံကောင်းခြင်းပင် ဖြစ်သည်။

ဟန်မူယဲ့က ပြင်းထန်စွာတိုက်ခိုက်‌နေသော ဟွမ်ခြောက်ကို ဂရုမစိုက်ပဲ ရွှေရောင်ရွက်တိုင်များကို အာရုံစိုက်ထားလိုက်သည်။

ယခုအချိန်တွင် သူက ရွက်တိုင်များ၏ ပြောင်းလဲသွားသော ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်သည်။

ဝိညာဉ်များကို စုစည်းသည်။

ထိုစွမ်းအားသည် နတ်ဘုရားလမ်းစဉ်၏ စွမ်းအားနှင့် ဆင်တူသည်။

‘နတ်ဘုရားအမည်စာရင်းလား’

‘မဟုတ်သေးဘူး’

နတ်ဘုရားအမည်စာရင်းအကြောင်း တွေးမိသောအခါ ဟန်မူယဲ့က ဓားတို၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့သော ရွှေရောင်ချပ်ဝတ်နှင့် ဧရာမပုံရိပ်များကို သတိရသွားသည်။

သူတို့က နတ်စွမ်းအားကို ထုတ်လွှတ်နေသည်။

သို့သော် နတ်စွမ်းအားတင် မဟုတ်ပေ။

‘ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အဆုံးသတ်မှာ နတ်ဘုရားလမ်းစဉ်နဲ့ ထိတွေ့ရတာပဲလား’

‘အဲဒါဆိုရင် နတ်ဘုရားကလန်က ဘာလဲ’

ဟန်မူယဲ့က မြူခိုးကို ထွင်းဖောက်မြင်နိုင်တော့မည်ဟု ခံစားရသည်။ သို့သော် သူက မဖမ်းဆုပ်နိုင်ပေ။

သူ၏ ကျင့်ကြံဆင့်က လုံလောက်စွာ မမြင့်မားသောကြောင့် ဖြစ်လိမ့်မည်။

ဥပမာအနေဖြင့် သူက ကပ်ဘေးစွမ်းအားကို မသုံးသပ်နိုင်သေးပေ။

သူက ကပ်ဘေးစွမ်းအား၏ အမျှင်တန်းတစ်ခုကို ထိန်းချုပ်ထားသော်လည်း နက်ရှိုင်းစွာ မ‌လေ့လာရဲပေ။

ထိုသို့ဖြင့် သင်္ဘောများက ရက်ပေါင်းများစွာကြာအောင် ခရီးဆက်ခဲ့သည်။

ချူချန်နှင့် အကြီးအကဲများ၏ စကားအရ ဤတစ်ကြိမ် ခရီးစဉ်သည် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း၌ အလွယ်ကူဆုံး ဖြစ်သည်။

ကံကောင်းခြင်း သို့မဟုတ် ဟွမ်ခြောက်ကြောင့် ဖြစ်နိုင်သည်။ လမ်းတစ်လျှောက်တွင် အလွန်ပြင်းထန်သော တိုက်ပွဲများနှင့် မကြုံခဲ့ရပေ။

ဟန်မူယဲ့က ကိုးထပ်မြောက်သို့ ပြန်မသွားပဲ အခန်းထဲတွင် တရားထိုင်ပြီး စည်းမျဉ်းများကို သုံးသပ်နေသည်။

သူက ထိုစွမ်းအား၏ သန်းတစ်ထောင်ပုံတစ်ပုံကို နားလည်နိုင်လျှင်ပင် အနာဂတ်ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိလိမ့်မည်။

“ဘုန်း”

သင်္ဘောက တုန်ခါသွားသည်။ ဟန်မူယဲ့က တရားထိုင်နေရာမှ နိုးလာသည်။ သူက လက်မြှောက်ပြီး ဝင်္ကပါအလင်းလွှာကို ဖယ်ရှားသည်။ ထို့နောက် အပြင်ဘက်သို့ ရောက်လာသည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

သူက အနက်ရောင်နှင့် ဖြူဖျော့နေသော အငွေ့အသက်ကို မြင်ရသည်။

တိတ်ဆိတ်ပြီး မှုန်မှိုင်းသည်။

မြေအောက်မြစ်၏ပိုင်နက် မဟုတ်တော့ပေ။

သင်္ဘောများ၏ အပြင်ဘက်တွင်ရှိ‌သော ရွှေရောင်အလင်းလွှာသည် အနက်ရောင်လက်သီးချက်၏ ထိုးနှက်ခြင်းကို ခံနေရပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည်ဟု ထင်ရသည်။

သိပ်မဝေးသောနေရာတွင် ဟွမ်ခြောက်က အရိုးစားသားရဲကို စီးနင်းပြီး လှံနှစ်ချောင်းဖြင့် သားရဲများကို တိုက်ခိုက်နေသည်။

ထိုသားရဲများက ဝံပုလွေဦးခေါင်းနှင့် အနက်ရောင်ကြေးခွံများဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူတို့က အရိုးများနှင့်တူပြီး အားကောင်းသည်။

သူတို့က အနက်ရောင်လက်သည်း၊ သွားစွယ်နှင့် အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ပေတစ်ရာရှည်လျားသည်။ သူတို့က အမြီးရှည်များကို ဝှေ့ယမ်းပြီး လှိုင်းထလာစေသည်။

ထိုသားရဲများက အလွန်များပြားပြီး ရေမျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

သင်္ဘော ၁၈စင်းက ရပ်တန့်နေပြီး ရွက်တိုင်များကို တစ်ဝက်နှိမ့်ချထားသည်။

ဟန်မူယဲ့က တစ်ခုနှင့်တစ်ခု ဖျက်ဆီးနေသော သွယ်ယှက်နေသည့်စွမ်းအားများကို မြင်ရသည်။

မြေအောက်မြစ်၏စွမ်းအားက ဝိုင်းရံတိုက်ခိုက်ခံနေရပြီး ရှုံးနိမ့်မှုနှင့်အတူ နောက်ဆုတ်ပေးနေရသည်။

သူက ကိုးထပ်မြောက်သို့ လျင်မြန်စွာသွားလိုက်သည်။ ချူချန်နှင့် တခြားလူများက ထိုနေရာတွင် ရှိနေကြသည်။

သို့သော် ယခုအချိန်တွင် သူတို့၏မျက်နှာထားက အလွန်လေးနက်နေပြီး ရှေ့သို့ ကြည့်နေကြသည်။

သူတို့က စွမ်းအားများကို မမြင်နိုင်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ ဖိအားကို ခံစားနိုင်ကြသည်။

မြေအောက်မြစ်လှေသမားများက မြေအောက်မြစ်နှင့် ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရသည်။

ထို့ကြောင့် သူတို့က မသက်မသာဖြစ်နေသည်။

“ဘာဖြစ်လို့ လမ်းကြောင်းလွဲသွားတာလဲ”

ဟန်မူယဲ့က ချူချန်ကိုကြည့်လိုက်ပြီး တီးတိုးမေးသည်။

သူ့စကားကြောင့် ချူချန်နှင့် အကြီးအကဲများက ကြောင်အသွားကြသည်။

“လမ်းကြောင်းလွဲတာလား။ တော်ဝင်မြို့တော်ကိုသွားဖို့ လမ်းကြောင်းမရှိဘူး။ ငါတို့က မြေအောက်မြစ်ရဲ့ လမ်းညွှန်မှုအတိုင်းပဲ သွားကြတာ ....”

ချူချန်က တီးတိုးပြောလိုက်ပြီး ရှေ့တွင်ရှိသော ရွက်တိုင်များကို ကြည့်သည်။

ဟန်မူယဲ့ကလည်း ကြည့်လိုက်သည်။ ရွက်တိုင်များက သိသိသာသာ မှိန်ဖျော့နေကြသည်။

ပြင်ပစွမ်းအားများ၏ ဖိနှိပ်မှုကြောင့် ဖြစ်သည်။

‘မြေအောက်မြစ်က အားနည်းသွားတာလား’

‘ဘယ်သူက ဒီလိုလုပ်နိုင်တာလဲ’

ဟန်မူယဲ့က လေထုထဲတွင် သွယ်ယှက်နေသော စွမ်းအားများကို ကြည့်လိုက်ပြီး မျက်နှာထားလေးနက်လာသည်။

ထိုတိုက်ပွဲမျိုးတွင် သတိမထားမိလျှင် သေဆုံးသွားနိုင်သည်။

“ဘုန်း”

ပေတစ်ထောင်ရှည်လျားသော အရိုးမြွေတစ်ကောင်က ရေထဲမှ ခုန်ထွက်လာသည်။ ထိုမြွေက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး အမြီးဖြင့် သင်္ဘောဦးထိပ်ကို ပြင်းထန်စွာ ရိုက်ချသည်။

ဟွမ်ခြောက်က ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ လော့ရန်နှင့် တခြားလူများက ပျံသန်းထွက်လာပြီး မြွေသားရဲနှင့် ရင်ဆိုင်သည်။

ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။ ကျိုးပဲ့နေသောအရိုးများ ပြုတ်ကျလာသည်။ သူတို့က ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာကြသည်။

ဟွမ်ခြောက်က ဟိန်းဟောက်လိုက်ပြီး ပျံတက်သွားသည်။ သူက လှံနှစ်ချောင်းဖြင့် မြွေ၏ဦး‌ခေါင်းကို ထိုးဖောက်လိုက်ပြီး ဆွဲလိမ်သည်။

သူက မြွေဦးခေါင်းကို ဆွဲဖြုတ်လိုက်ပြီး ကုန်းပတ်ပေါ်သို့ ပြန်ရောက်လာသည်။

သင်္ဘောပေါ်တွင် အားပေးသံများဖြင့် ဆူညံသွားသည်။

“တာအိုရောင်းရင်းဟွမ်က တကယ်သန်မာတာပဲ”

ချူချန်က ရေရွတ်သည်။ သို့သော် သူ့မျက်နှာထားက ကောင်းမွန်မလာပေ။

လှေသမားများကသာ လမ်းလွဲနေသောအကြောင်းကို နားလည်ကြသည်။

တိုက်ပွဲက ရပ်တန့်မသွားပေ။ သင်္ဘော ၁၈စင်းက ရှေ့ဆက်သွားရန် ခက်ခဲနေသည်။ အစောင့်အရှောက်အကြီးအကဲများက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြီး ဤနေရာမှ ဖောက်ထွက်နိုင်ရန်အတွက် သင်္ဘောကို တစ်လှည့်စီပြောင်း၍ ဦးဆောင်လိုက်ကြသည်။

ထို့ကြောင့် ဟွမ်ခြောက်နှင့် ကျင့်ကြံသူများက အနားယူရန် အချိန်ရသွားသည်။

ဟွမ်ခြောက်က ကိစ္စမရှိသော်လည်း ကျင့်ကြံသူအများစုက ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။ သူကလည်း အနားယူရမည်ဆိုလျှင် စိတ်မရှိပေ။

ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ရောက်လာသောအခါတွင် ဟွမ်ခြောက်နှင့်တခြားလူများက အနားယူပြီး အားဖြည့်နေကြသည်။

ဖုန်းရီနှင့် ခေါင်းဆောင်တောက်ရင်က ဆေးလုံးများကို သန့်စင်ထားခဲ့သည်။ ယခုအချိန်တွင် သူတို့က ဆေးလုံးများကို ထုတ်ယူလိုက်သောကြောင့် လူအများက ဆူပွက်သွားကြသည်။

သူတို့အားလုံးက ဝိညာဉ်ပုတီးစေ့ဖြင့် ဆေးလုံးများကို လဲလှယ်လိုက်ကြသည်။

မြေအောက်မြစ်သင်္ဘောသည် နှစ်ပေါင်းများစွာအကြာတွင် တစ်ကြိမ်သာ ပေါ်လာလေ့ရှိသည်။ လူအများစုက အချိန်အတော်ကြာအောင် စောင့်နေခဲ့ရသောကြောင့် ဆေးလုံးများ မရှိတော့ပေ။

ယခုအချိန်တွင် ဆေးလုံးများ ပေါ်ထွက်လာသောကြောင့် အလွန်တန်ဖိုးရှိသည်။

All Chapters