← Chapters

အခန်း (၁၀၀၄)

Vol. 72 Ch. 1004

အခန်း (၁၀၀၄)

Vol. 72 Ch. 1004

ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ရောက်လာသောအခါတွင် ဟွမ်ခြောက်က မတ်တပ်ရပ်လိုက်သည်။

“ဘာလဲ။ တစ်ခုခုမှားနေတာလား”

ဟွမ်ခြောက်က ဟန်မူယဲ့ကို အနည်းငယ် လေးနက်သောမျက်နှာထားဖြင့် ကြည့်သည်။

သူက ဟန်မူယဲ့အကြောင်းကို နားလည်သည်။ တစ်ခုခုမရှိလျှင် သူက ကုန်းပတ်ပေါ်သို့ ရောက်လာမည်မဟုတ်ပေ။

“ဂရုစိုက်ပါ။ ရှေ့မှာ သားရဲတွေ ရှိနေလိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့တွင်ရှိသော သင်္ဘောများကို ကြည့်သည်။

ယခုအချိန်တွင် သူတို့က သင်္ဘောအုပ်စု၏အလယ်တွင် ရှိနေကြသည်။ သူတို့အလှည့်သို့မရောက်ခင် နေ့တစ်ဝက်ကြာလိမ့်မည်။

ဟန်မူယဲ့က ဟွမ်ခြောက်နှင့် ပခုံးချင်းယှဉ်၍ ရပ်နေသောကြောင့် လူအများစုက မျက်နှာထားပြောင်းလဲသွားကြသည်။

နောက်ပိုင်းမှရောက်လာသော ကျင့်ကြံသူများသည် ဟန်မူယဲ့ကို တစ်ခါမှ မမြင်ဖူးကြပေ။

“သူက ဘယ်သူလဲ။ သူက အစ်ကိုခြောက်နဲ့ အတူတူရပ်နေရအောင် ဘာအရည်အချင်းရှိလို့လဲ”

မျက်နှာတွင် မိစ္ဆာအင်းကွက်များရှိသော ချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က မျက်လုံးပြူးလိုက်ပြီး ရေရွတ်သည်။

“သူက အစ်ကိုခြောက်နဲ့အတူ ရောက်လာတာလို့ ထင်တယ်။ ဒါပေမဲ့ သတ္တိမရှိဘူး”

လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး အထင်သေးစွာပြောသည်။

“သူက အရင်ရက်တွေမှာ ကြောက်နေတာပဲ ဖြစ်လိမ့်မယ်”

ယခင်ရက်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။ သင်္ဘောထဲတွင်ရှိနေသော လူအများစုက အပြင်ဘက်သို့ ထွက်လာကြသည်။

“ဟားဟား၊ တိုက်ပွဲနဲ့ပတ်သတ်လာရင် ဒီလိုလူမျိုးတွေက နောက်မှာပဲ နေလေ့ရှိတယ်”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး ပါးစပ်ထဲတွင် ဆေးလုံးထည့်သည်။

‌ရှေ့ဆုံးတွင်ရှိသော သင်္ဘောက နောက်ဆုတ်လာပြီး ဒုတိယမြောက် သင်္ဘောကို နေရာပေးလိုက်သည်။

“ဘုန်း”

သူတို့က တစ်လှည့်စီတိုက်ခိုက်ပြီး လမ်းကြောင်းရှင်းနိုင်ခဲ့သည်။

ပျက်စီးနေသော အရိုးဖြူများက ပြန့်ကျဲနေကြသည်။ မရေမတွက်နိုင်သော သားရဲများက ရေမျက်နှာပြင်တွင် စုစည်းနေသည်။

အဝေးမှကြည့်လိုက်လျှင် သင်္ဘောများ၏ပတ်ဝန်းကျင်တွင် သားရဲများဖြင့် ပြည့်နှက်နေသည်။ သွေးရောင်မြစ်ရေသည် ပျောက်ကွယ်သွားပြီး ဖြူဖျော့နေသော အရောင်ကိုသာ ချန်ရစ်ခဲ့သည်။

သင်္ဘောပေါ်တွင်ရှိသော ကျင့်ကြံသူများက အစွမ်းကုန်တိုက်ခိုက်ပြီး သားရဲများကို တားဆီးနေကြသည်။

ရွက်တိုင်ဆယ့်ရှစ်ခုကလည်း ရွှေအလင်းကို ထုတ်လွှတ်ပြီး သားရဲများကို တိုက်ခိုက်သည်။

သို့သော် သင်္ဘောက အချိန်ကြာမြင့်စွာ မတိုက်ခိုက်နိုင်ပေ။

ရှေ့တွင်ရှိနေသော ဧရာမကျောက်ဆောင်တစ်ခုပေါ်တွင် ‌ခေါင်းသုံးလုံး အနက်ရောင်သားရဲတစ်ကောင်က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။

ထိုသားရဲ၏ ပေသုံး‌ထောင်ရှည်လျားသော ခန္ဓာကိုယ်က သင်္ဘောများထက် ပိုကြီးသည်။

‌ခေါင်းသုံးလုံး၏ ရွှေရောင်မျက်လုံးခြောက်လုံးက သင်္ဘောများကို စိုက်ကြည့်နေသည်။

သားရဲက ဖြည်းဖြည်းချင်း ထရပ်သည်။ သားရဲတွင် ခြေထောက်နှစ်ချောင်းနှင့် တောင်ပံလေးခု ရှိသည်။ တောင်ပံများကို ဖြန့်လိုက်သောအခါတွင် ပေငါးထောင် ရှည်လျားသည်။

အနက်ရောင်တောင်ပံသည် တောက်ပနေပြီး နဂါးကြေးခွံများကို ပိုင်ဆိုင်ထားသည်။

ထိုကြေးခွံသည် ဟွမ်ခြောက်ကိုပေးခဲ့သော လော့ရန်၏ ကြေးခွံနှင့် ဆင်တူသည်။ သို့သော် ပိုကြီးသည်။

ထိုသားရဲက တစ်ချက်တည်း သင်္ဘောများကို မှောက်ပစ်နိုင်သည်။

“သွားပြီ။ ဘယ်လိုလုပ်ပြီး နဂါးရုပ်တုသားရဲနဲ့ လာတွေ့ရတာလဲ”

လူအိုကြီးတစ်ယောက်က ဖြူဖျော့နေသောမျက်နှာဖြင့် ပြောလိုက်သည်။

“ဝိညာဉ်ကို စားသုံးပြီး လောကကို တစ်ချက်တည်း ဖျက်ဆီးနိုင်တဲ့ နဂါးလင်းတသားရဲလား”

တခြားလူတစ်ယောက်က မျက်လုံးပြူးနေပြီး ရေရွတ်လိုက်သည်။

“မြေအောက်မြစ်မှာ ပျံသန်းနိုင်တဲ့သားရဲတွေ နည်းနည်းပဲရှိတယ် ....”

မြေအောက်မြစ်သည် တခြားစွမ်းအားများကို ဖိနှိပ်ထားသော်လည်း နဂါးရုပ်တုသားရဲက တောင်ပံကို အသုံးချ၍ ပျံသန်းနိုင်သည်။

ထိုသားရဲက အလွန်ခွန်အားကောင်းသည်။

“နဂါးရုပ်တုသားရဲက ဗိုက်ဝအောင်စားပြီးရင် အိပ်ပျော်သွားတယ်လို့ ပြောကြတယ်။ တကယ်လို့ ....”

လူတစ်ယောက်က ရှေ့တွင်ရှိသော သင်္ဘောများကို စိုက်ကြည့်နေသည်။

ထိုသင်္ဘောပေါ်တွင်ရှိသော လူများကို စတေးလိုက်လျှင် နဂါးရုပ်တုသားရဲက ကျေနပ်သွားနိုင်သည်။

“ဂါး ....”

နဂါးရုပ်တုသားရဲက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဖိအားကို ထုတ်လွှတ်နေသည်။

တောင်ပံများကို ဖြန့်လိုက်သောအခါတွင် ကြေးခွံများ ထောင်ထလာသည်။ နဂါးရုပ်တုသားရဲက ထူးဆန်းစွာ အော်ဟစ်သည်။

ထိုအသံက အလွန်စူးရှပြီး ခန္ဓာကိုယ်ကို ထိုးဖောက်၍ ဝိညာဉ်ကို ဆွဲထုတ်သွားတော့မည်ဟု ထင်ရသည်။

ဝိညာဉ်တိုက်ခိုက်မှု ဖြစ်သည်။

ဆယ်မိုင်ပတ်ဝန်းကျင်တွင် သက်ရှိများအားလုံးက တုန်ခါသွားကြသည်။

ဝိညာဉ်တိုက်ခိုက်မှုအပြီးတွင် နဂါးရုပ်တုသားရဲက ကြေးခွံများကို ထုတ်လွှတ်လိုက်သည်။

ကြေးခွံများက ပေဝက်ခန့်ကြီးမားပြီး ထက်မြိနေသည်။

မရေမတွက်နိုင်သော လူများကို တစ်ပိုင်းတစ်စစီ ဖြစ်သွားအောင် လုပ်ပစ်နိုင်သည်။

သင်္ဘော ၁၈စင်းပေါ်တွင်ရှိသော လှေသမားများ၏ ခန္ဓာကိုယ်က ရွှေအလင်းဖြင့် တောက်ပလာသည်။

သူတို့က သင်္ဘောနှင့် ဆက်သွယ်နေပြီး ဝိညာဉ်စွမ်းအားတွင် ကျွမ်းကျင်သောကြောင့် တိုက်ခိုက်မှုကို ခုခံနိုင်ကြသည်။

သို့သ်ော ကျင့်ကြံသူအများစုက မလှုပ်ရှားနိုင်တော့ပေ။

အကယ်၍ ကြေးခွံများ ရောက်လာလျှင် သူတို့အားလုံးက တစ်ပိုင်းတစ်စစီ ဖြစ်သွားကြလိမ့်မည်။

ဟွမ်ခြောက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပျံထွက်သွားသည်။

အရိုးစားသားရဲကလည်း ရေထဲမှ ခုန်ထွက်လာပြီး ဟွမ်ခြောက်ကို ထောက်ပံ့ပေးလိုက်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိသော တတိယမြောက်သင်္ဘောကို ကြည့်သည်။

ထိုသင်္ဘော၏ ထိပ်ဆုံးအထပ်တွင် ဧရာမဒူးလေးကြီးတစ်လက်ကို တိတ်ဆိတ်စွာ တပ်ဆင်ထားသည်။

“ဂါး ....”

နဂါးရုပ်တုသားရဲက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ကြေးခွံများက လေထုကို ထိုးခွဲသွားနိုင်သကဲ့သို့ လျင်မြန်စွာ လည်ပတ်လာကြသည်။

သို့သော် ကြေးခွံများဖြင့် သင်္ဘောကို မတိုက်ခိုက်ခဲ့ပေ။

သူ၏ မျက်လုံးခြောက်လုံးက တတိယမြောက်သင်္ဘောကို ကြည့်နေသည်။

“ဝီ”

ထူးခြားသော ဝိညာဉ်စွမ်းအားသည် လက်သီးတစ်ချက်ကဲ့သို့ ကျရောက်လာသည်။

“ဘန်း”

ပေတစ်ထောင်ရှည်လျားသော မြားတစ်စင်းသည် လက်သီးချက်ကို ထိုးခွဲပြီး ပေါ်ထွက်လာသည်။ ထိုမြားက လက်သီးချက်ကို ဖျက်ဆီးပြီး နဂါးရုပ်တုသားရဲ၏ လည်ပင်းဆီသို့ တိုးဝင်သွားသည်။

နဂါးရုပ်တုသားရဲက တောင်ပံခတ်လိုက်ပြီး ကြေးခွံများဖြင့် တားဆီးသည်။

“ဘုန်း”

မြားတံက ကြေးခွံများဖြင့် ထိတွေ့ပြီး ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော ကြေးခွံများက ပျက်စီးသွားကြသည်။ မြားတံကလည်း တစ်ပိုင်းတစ်စစီ ဖြစ်သွားသည်။

ချက်ချင်းဆိုသလိုပင် နဂါးရုပ်တုသားရဲက တောင်ပံခတ်လိုက်ပြီး ပျံသန်းလာသည်။

ဒုတိယမြားတစ်လက်ကလည်း လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

“ဘန်း”

မြားတံက နဂါးရုပ်တုသားရဲ၏ ဦးခေါင်းတစ်ခုကို ပေါက်ကွဲသွားစေသည်။

နဂါးရုပ်တုသားရဲက နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ပြင်းထန်စွာ တောင်ပံခတ်သည်။

“ဘုန်း”

ရေလှိုင်းက ပြင်းထန်စွာ ပေါ်ထွက်လာသည်။

သင်္ဘော ၁၈စင်းက ယိမ်းထိုးနေသည်။

နဂါးရုပ်တုသားရဲက ထွက်ပြေးသွားခဲ့သည်။

သင်္ဘော ၁၈စင်းလုံးက တိတ်ဆိတ်သွားသည်။

ထိုပြောင်းလဲမှုက လျင်မြန်စွာ ဖြစ်ပေါ်ခဲ့သည်။ လူတိုင်းက နဂါးရုပ်တုသားရဲ ထွက်ပြေးသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မြားတံများသည် အလွန်ခွန်အားကောင်းသည်။

ထိုမြားတံများက ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်လိမ့်မည်။

‘မြေအောက်မြစ်လှေသမားတွေက ဒီလိုရတနာမျိုးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ’

တတိယသင်္ဘောပေါ်တွင် မျက်နှာဖြူဖျော့နေသော အကြီးအကဲများက နောင်တများဖြင့် ပြုံးလိုက်ကြသည်။

“ခေါင်းသုံးလုံးနဂါးရုပ်တုသားရဲ၊ ငါတို့က အဲဒီသားရဲကို သတ်နိုင်ရင် အကြွေးကျေသွားလိမ့်မယ်။ အမြတ်တောင်ရအုံးမယ်”

လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

“တော်ဝင်မြို့တော်က အဲဒီလိုသားရဲမျိုးကို အမဲမလိုက်နိုင်တာ နှစ်ပေါင်းသုံးသောင်း ရှိပြီမဟုတ်လား”

“ပြန့်ကျဲသွားတဲ့ကြေးခွံတွေကို ကောက်ယူလိုက်ရင်တောင် ဝိညာဉ်ပုတီးစေ့တွေ အများကြီးရလိမ့်မယ်”

သူတို့က အနည်းငယ် နှမြောနေပြီး ပြောလိုက်ကြသည်။

မြားတံနှစ်ချောင်းသည် နဂါးရုပ်တုသားရဲကို သတ်ဖြတ်ရန် ကျရှုံးခဲ့သည်။ သူတို့က ဒူးလေးကိုလည်း ကောင်းမွန်စွာ မထိန်းချုပ်နိုင်သေးပေ။

ထို့အပြင် ဒူးလေးကို အသုံးပြုရန်အတွက် အလွန်အားကုန်သည်။ မြားတစ်ချောင်းပစ်ရန်အတွက် အကြီးအကဲသုံးယောက် ပူးပေါင်းရသည်။

“တာအိုရောင်းရင်းဟန်က ဘယ်သူလဲမသိဘူး။ သူက ဒီလိုရတနာမျိုးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နေတာလဲ”

လူအိုကြီးတစ်ယောက်က ကောင်းကင်ဖျက်ဆီးဒူးလေးကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

လူတိုင်းက အရိုးစားသားရဲအား စီးနင်းထားသော ဟွမ်ခြောက်ကို ကြည့်လိုက်ကြသည်။

ဟွမ်ခြောက်က နဂါးရုပ်တုသားရဲနှင့် မတိုက်ခိုက်ရသောကြောင့် အနည်းငယ် ဒေါသထွက်နေပြီး တခြားသားရဲများကို ရိုက်နှက်၍ အညံ့ခံလာအောင် လုပ်နေသည်။

သင်္ဘောပေါ်တွင်ရှိသော ကျင့်ကြံသူများက အားပေးလိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး နဂါးရုပ်တုသားရဲ ပျံသန်းသွားသောနေရာကို ကြည့်သည်။

ထိုနေရာတွင် အငွေ့အသက်များ ရှုပ်ထွေးနေသည်။

ဆိုးယုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရွှေအလင်းသည် မြစ်ထဲသို့ ကျဆင်းသွားပြီး နဂါးရုပ်တုသားရဲ၏ ပျက်စီးသွားသော ကြေးခွံများကို စုဆောင်းသည်။

ကြေးခွံများအားလုံးကို သိမ်းယူပြီးသောအခါတွင် သင်္ဘောများက ဆက်လက်လှုပ်ရှားခဲ့ကြသည်။

နဂါးရုပ်တုသားရဲကို ဒဏ်ရာရသွားစေသော ကောင်းကင်ဖျက်ဆီးဒူးလေး၏ စွမ်းအားကြောင့် ဝိုင်းရံထားသောသားရဲများ သိပ်မရှိတော့ပေ။

သုံးရက်အကြာတွင် ကျင့်ကြံနေသော ဟန်မူယဲ့က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

“ခေါင်းဆောင်တောက်ရင်၊ သတိထားပါ”

သူက အော်ဟစ်လိုက်ပြီး ခြေတစ်လှမ်းဖြင့် ကုန်းပတ်ပေါ်သို့ ရောက်သွားသည်။

ရှေ့တွင် မီးခိုးရောင်အငွေ့အသက်က လျင်မြန်စွာ ချဉ်းကပ်လာသည်။

“အစ်ကိုခြောက်၊ ပြန်လာခဲ့”

ဟန်မူယဲ့က သင်္ဘောဦးထိပ်တွင်ရပ်ပြီး အော်ဟစ်လိုက်သည်။ သူက ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးချီကို ဖြည်းဖြည်းချင်း စုစည်းသည်။

ရှေ့တွင် တိုက်ခိုက်နေသော ဟွမ်ခြောက်က တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူက တုံ့ဆိုင်းမနေပဲ အရိုးစားသားရဲကို ထိန်းချုပ်၍ သင်္ဘောဆီသို့ ချက်ချင်းပြန်လှည့်လာသည်။

“ဘာဖြစ်နေတာလဲ။ အစ်ကိုခြောက်က သူ့စကားကို နားထောင်တာလား”

“သူက ဘယ်သူလဲ။ အစ်ကိုခြောက်ကို အဲဒီပုံစံနဲ့ စကားပြောရဲတယ်လား”

အနီးအနားတွင်ရှိနေသော သင်္ဘောများ၏ ကျင့်ကြံသူများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

လွန်ခဲ့သောရက်များတွင် ဟွမ်ခြောက်၏ဂုဏ်သတင်းက သင်္ဘော ၁၈စင်းလုံးတွင် ပျံ့နှံ့နေခဲ့သည်။ အရိုးသားရဲကို ထိန်းချုပ်ပြီး မြေအောက်မြစ်တွင် လွှမ်းမိုးနိုင်သော ကျွမ်းကျင်သူကို လူတိုင်းက လေးစားကြသည်။

သို့သော် သူတို့ တစ်ခါမှမမြင်ဖူးသော လူတစ်ယောက်က အစ်ကိုခြောက်ကို အမိန့်ပေးနေသည်။

ဟန်မူယဲ့၏ မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေပြီး ဖိနှိပ်ထားသော သွေးချီက ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။

“အစ်ကိုခြောက်၊ သင်္ဘောတွေက မခုခံနိုင်ရင် တခြားလူတွေကို ခေါ်သွားလိုက်ပါ”

ဟန်မူယဲ့၏စကားကြောင့် ဟွမ်ခြောက်က အံ့အားသင့်သွားသည်။

‘သင်္ဘောတွေကတောင် မခုခံနိုင်ဘူးလား’

‘ရန်သူက အရမ်းသန်မာနေတာလား’

သူက ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်း၍ တီးတိုးပြောသည်။

“ဂရုစိုက်ပါ”

ဟွမ်ခြောက်က ဟန်မူယဲ့နှင့် မယှဉ်နိုင်ကြောင်း နားလည်သည်။

အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးခဲ့သော ဟန်မူယဲ့၏ ခွန်အားကို သူက စိတ်ကူးမကြည့်နိုင်ပေ။

ဟန်မူယဲ့က သိပ်မဝေးသောနေရာတွင်ရှိသည့် မြေအောက်မြစ်သင်္ဘောကို လှမ်းကြည့်သည်။

သင်္ဘော၏ ထိပ်ဆုံးအထပ်တွင် ကောင်းကင်ဖျက်ဆီးဒူးလေးကို တပ်ဆင်ထားသည်။

သို့သော် လှေသမားများ၏ မျက်နှာက ဖြူဖျော့နေသည်။

သူတို့က သင်္ဘော၏ကြောက်ရွံ့မှုကို ခံစားမိသည်။

All Chapters