← Chapters

အခန်း (၁၀၀၅)

Vol. 72 Ch. 1005

အခန်း (၁၀၀၅)

Vol. 72 Ch. 1005

“ဘယ်လိုစွမ်းအားမျိုးက သင်္ဘော ၁၈စင်းကို ကြောက်ရွံ့သွားအောင် လုပ်လိုက်တာလဲ”

ဆံပင်ဖြူနေသော အကြီးအကဲတစ်ယောက်က တီးတိုးပြောပြီး ရှေ့သို့ ကြည့်သည်။

မြစ်ပြင်ကျယ်နှင့် တိတ်ဆိတ်သောကောင်းကင်ကိုသာ မြင်ရသည်။

သို့သော် ထိုအချိန်တွင် ရွက်တိုင်များအားလုံးက ညင်သာစွာ လှုပ်ခါလာကြသည်။

“ငါတို့ ပြန်လှည့်ကြမလား”

လှေသမားတစ်ယောက်က စိုးရိမ်စွာ ပြောသည်။

“ပြန်လှည့်မှာလား”

ရှေ့ဆုံးတွင်ရပ်နေသော လူအိုကြီးက ခေါင်းခါလိုက်သည်။

“နောက်ကျသွားပြီ။ ပတ်ဝန်းကျင်မှာ ကျောက်ဆောင်တွေနဲ့ ပြည့်နေတယ်။ သင်္ဘောတွေက အမြန်မသွားနိုင်ဘူး”

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်မြှောက်သည်။

“အသန်မာဆုံးခုခံမှုကို အသက်သွင်းလိုက်။ ခုခံနိုင်ပါစေလို့ မျှော်လင့်တယ်”

သင်္ဘော ၁၈စင်းလုံး၏ ရွက်တိုင်များက ပြန့်ကားလာသည်။ ရွှေအလင်းက အကာအကွယ်တစ်ခုကို ဖန်တီးသည်။

သင်္ဘော ၁၈စင်းက ရေပေါ်မြို့တစ်မြို့ဟု ထင်ရသည်။

ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူများအားလုံးက အံ့အားသင့်နေကြသည်။

သူတို့က သင်္ဘောစီးခဲ့သောအချိန်မှစ၍ လှေသမားများ၏ အစွမ်းကုန်ထုတ်သုံးသောဖြစ်ရပ်ကို မမြင်ဖူးပေ။

“ဘာဖြစ်နေတာလဲ”

“ဝီ”

အလင်းလွှာ ပေါ်ထွက်လာသောအချိန်တွင် တုန်ခါသံတစ်ခုကို ကြားရသည်။

အဆုံးမရှိသော ရွှေအလင်းသည် အဝေးတစ်နေရာတွင် ပေါ်ထွက်လာသည်။

ထိုရွှေအလင်းကြောင့် အလင်းလွှာက ဘန်းခနဲ ပျက်စီးသွားသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် အနက်ရောင်ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

“အဲဒါ၊ အဲဒါက .... နဂါးရုပ်တုသားရဲပဲ”

လူတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။

သို့သော် သာမန်နဂါးရုပ်တုသားရဲ မဟုတ်ပေ။

ထိုသားရဲက ခေါင်းခြောက်လုံးနှင့် တောင်ပံသုံးခုကို ပိုင်ဆိုင်သည်။

ထိုသားရဲ၏ အေးစက်သောလက်သည်းရှည်သည် လောကကို ဆုတ်ဖြဲပစ်နိုင်သည်။

ဖြန့်ထုတ်ထားသော တောင်ပံများက ပေတစ်သိန်းရှည်လျားပြီး ကောင်းကင်ကို လွှမ်းမိုးထားသည်။

“ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲ၊ အဲဒီသားရဲကို ပထမအကြီးအကဲကတောင် မထိန်းချုပ်နိုင်ခဲ့ဘူး။ သွားပြီ ....”

ကိုးထပ်မြောက်တွင် ခေါင်းဆောင်လူအိုကြီး၏ မျက်လုံးများက မျှော်လင့်ချက်ကင်းမဲ့သွားသည်။

ထိုသားရဲကို တော်ဝင်မြို့တော်ကပင် ခုခံရန် ခက်ခဲလိမ့်မည်။ သင်္ဘော ၁၈စင်းအတွက် မျှော်လင့်ချက်မရှိပေ။

အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဟိန်းဟောက်လိုက်ပြီး ရှေ့တက်သည်။ သူက ရွှေအလင်းကို ထုတ်လွှတ်ပြီး ကောင်းကင်ဖျက်ဆီးဒူးလေးကို ဆွဲလိုက်သည်။

တခြားလှေသမားများကလည်း လှုပ်ရှားလိုက်ပြီး ဝိညာဉ်စွမ်းအားကို အသက်သွင်း၍ ဒူးလေးကို ဆွဲသည်။

“ဝှစ်”

ပေတစ်ထောင်ရှည်လျားသော မြားတံသည် လေထုကို ထိုးခွဲသွားသည်။

ထိုမြားတံက အားကောင်းသော်လည်း ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲကို မထိခိုက်စေနိုင်ပေ။

ထိုသားရဲက လူတိုင်း၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။

“ဘန်း”

နဂါးရုပ်တုသားရဲက လက်မြှောက်ပြီး မြားတံပျက်စီးသွားအောင် ရိုက်ချလိုက်သည်။

ရှေ့ဆုံးတွင်ရပ်နေသော လူအိုကြီးက ခေါင်းခါလိုက်ပြီး ရေရွတ်သည်။

“သွားပြီ”

နဂါးရုပ်တုသားရဲက လက်သည်းကို ပြန်သိမ်းလိုက်ပြီး ခေါင်းခြောက်လုံးက တစ်ပြိုင်နက် ဟိန်းဟောက်သည်။

“ဂါး ....”

မျက်လုံးဖြင့်မြင်နိုင်သော ရွှေအလင်းလှိုင်းများ ဖြာထွက်လာသည်။

ရွက်တိုင်များအားလုံး ပေါက်ကွဲသွားကြသည်။

သင်္ဘောများက ပျက်စီးသွားလုနီးပါး တုန်ခါနေကြသည်။

လူတိုင်းက ဦးခေါင်းကို တူဖြင့်အထုခံရသည်ဟု ခံစားရသည်။

ထိုဝိညာဉ်တိုက်ခိုက်မှုသည် ယခင်နဂါးရုပ်တုသားရဲ၏ တိုက်ခိုက်မှုထက် ပိုမိုအားကောင်းသည်။ ရွက်တိုင်များက တိုက်ခိုက်မှု၏ စွမ်းအားအများစုကို တားဆီးမပေးခဲ့လျှင် လူအများအပြား သေဆုံးသွားလိမ့်မည်။

ဟွမ်ခြောက်က ဖြူဖျော့နေသောမျက်နှာဖြင့် ညည်းညူလိုက်သည်။

သူ့နောက်တွင်ရှိသော လက်ရှစ်ဖက်မိစ္ဆာပုံရိပ်က လက်သီးချက်များကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။

သူက လက်သီးချက်များကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။

ကောင်းကင်ထက်တွင် နဂါးရုပ်တုသားရဲက တောင်ပံခြောက်ခုကို ဖြန့်ထားသည်။

ခေါင်းခြောက်လုံးက ကောင်းကင်ဖျက်ဆီးဒူးလေးဆီမှ အကြည့်လွှဲလိုက်ပြီး ဟွမ်ခြောက်ဆီသို့ ကျရောက်လာသည်။

ကုန်းပတ်ပေါ်တွင် လော့ရန်နှင့် တခြားလူများက အော်ဟစ်လိုက်ကြသည်။

“အစ်ကိုခြောက်၊ သတိထားပါ”

ထိုသားရဲ၏ ပစ်မှတ်ထားခြင်းကို ခံရလျှင် ဝိညာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားလိမ့်မည်။

သို့သော် နဂါးရုပ်တုသားရဲက ချက်ချင်း အကြည့်လွှဲသွားသည်။

“ဂါး ....”

ထိုဟိန်းဟောက်သံက စိန်ခေါ်ချင်ပုံပေါ်သည်။

“သူပဲ”

“ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲက ဘာဖြစ်လို့ သူ့ကို ကြည့်နေတာလဲ”

“မဖြစ်နိုင်ဘူး။ သူက အစ်ကိုခြောက်ထက် သန်မာတာလား”

အားလုံးက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် ဓားတစ်လက်လွယ်ထားသော ဟန်မူယဲ့က ရှေ့သို့ တစ်လှမ်းတိုးသည်။

သူက လှေကားတစ်ခု ရှိနေသကဲ့သို့ လေထုထဲတွင် လျှောက်လှမ်းနေသည်။

“မြေအောက်မြစ်မှာ ပျံသန်းနိုင်တယ် .... ဒါက အိပ်မက်များလား”

ကိုးထပ်မြောက်တွင် လူတစ်ယောက်က ကြောင်အစွာ ရေရွတ်လိုက်သည်။

လှေသမားများကပင် မပျံသန်းနိုင်ကြပေ။ သူက မည်သို့ လုပ်လိုက်သနည်း။

“မင်းက ငါ့ကို စိန်ခေါ်နေတာလား”

ဟန်မူယဲ့က တိုက်ခိုက်လိုစိတ် ပြည့်ဝနေသော မျက်လုံးများဖြင့် ဖြည်းဖြည်းချင်း ပြောသည်။

“ကောင်းပြီ။ ငါက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

“မင်းက ဓားဆွဲထုတ်ဖို့ ထိုက်တန်လား ကြည့်ရတာပေါ့”

ပေသုံးသောင်းကြီးမားသော နဂါးရုပ်တုသားရဲ၏ရှေ့တွင် ဟန်မူယဲ့က ပုရွက်ဆိတ်တစ်ကောင်သဖွယ် သေးငယ်သည်။

သို့သော် ဟန်မူယဲ့၏စကားက အေးစက်နေပြီး နဂါးရုပ်တုသားရဲကို စိန်ခေါ်ရန် အခွင့်အရေးပေးသည်။

‘သူက အရူးတစ်ယောက်လား’

ထိုသို့ မည်သူမှ မတွေးကြပေ။

ယခုအချိန်တွင် ဟန်မူယဲ့ မြေအောက်မြစ်၏ လေထုထဲတွင် လွင့်မျောနေသည်။

မြေအောက်မြစ်တွင် ပျံသန်းနိုင်သောလူက အရူးတစ်ယောက် မဟုတ်ပေ။

“သူက ဘယ်လောက်တောင် သန်မာတာလဲ ....”

ဖုန်းရီက တီးတိုးရေရွတ်လိုက်သည်။

သူက ကျင့်ကြံဆင့်အား အသုံးပြုနေသော ဟန်မူယဲ့ကို မြင်ခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ပျံသန်းနေသည်။

ထိုလူမျိုးက သူ၏ စိတ်ကူးများထက် ကျော်လွန်သည်။

“သူက အရမ်းသန်မာလိမ့်မယ်”

ခေါင်းဆောင်တောက်ရင်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

သူက ဟန်မူယဲ့၏ခွန်အားကို မခန့်မှန်းနိုင်တော့ပေ။

သင်္ဘောဦးထိပ်တွင် ဟွမ်ခြောက်က လက်သီးဆုပ်လိုက်သည်။

သူက ဓားစံအိမ်သို့ ဝင်ရောက်လာသောအချိန်တွင် ဟန်မူယဲ့က ကလေးတစ်ယောက်သာ ဖြစ်သည်။

တိမ်မြုံကမ်းပါးတိုက်ပွဲတွင် သူက မိစ္ဆာအဖြစ်ပြောင်းလဲပြီး ဟန်မူယဲ့၏ရှေ့တွင် အစွမ်းပြခဲ့သည်။

ဘိုးဘေးမိစ္ဆာကြယ်တွင် လုချန်းဖျင်ကို တွေ့ချင်သည့်အပြင် ဟန်မူယဲ့၏ရှေ့တွင် ကြွားဝါချင်သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်လာချင်ခဲ့သည်။

သို့သော် ဟန်မူယဲ့က ဆည်ထဲမှ ထွက်လာပြီး သူနှင့် တွေ့ခဲ့သည်။ ဟန်မူယဲ့၏ ခွန်အားက အလွန်သန်မာနေသည်။

နောက်ပိုင်းတွင် သူက လူတိုင်းကို နောက်ချန်ထားပြီး ဓားတာအို၏ ဘိုးဘေးတစ်ယောက် ဖြစ်သွားသည်။

နောက်ပိုင်းတွင် ဟန်မူယဲ့က နှစ်ပေါင်းနှစ်ထောင်ကြာအောင် ပျောက်ဆုံးနေပြီး ဟွမ်ခြောက်က ဒေါသများကို ဖိနှိပ်၍ ကြိုးစားကျင့်ကြံခဲ့သည်။ သူက နတ်ဘုရားဘုရင်အဆင့်သို့ ရောက်လာသည်။

သို့သော် ဟန်မူယဲ့ကို ထပ်မြင်လိုက်ရသောအခါတွင် ကောင်းကင်အင်မော်တယ် ဖြစ်နေခဲ့သည်။

ကောင်းကင်ရင်းမြစ်ကမ္ဘာက အင်မော်တယ်ကမ္ဘာအဖြစ် အဆင့်တက်သွားပြီး သူကလည်း နှစ်ပေါင်းတစ်ရာကျင့်ကြံ၍ ကောင်းကင်အင်မော်တယ် ဖြစ်လာခဲ့သည်။ သို့သော် ဟန်မူယဲ့နှင့် မယှဉ်နိုင်သေးပေ။

ယှဉ်ပြိုင်နေရန်လည်း မလိုတော့ပေ။

ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့က အားကောင်းသော ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။ သူက ဟန်မူယဲ့နှင့် ပူးပေါင်းတိုက်ခိုက်ရန် အရည်အချင်းမရှိပေ။

“စိုးရိမ်စရာမလိုပါဘူး။ ရွှေအင်မော်တယ်အဆင့်ရောက်သည်အထိ စောင့်လိုက်တာပေါ့”

ဟွမ်ခြောက်က အံကြိတ်ပြီး ရေရွတ်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။

ရွက်တိုင်များ ပျက်စီးသွားသောကြောင့် သင်္ဘော ၁၈စင်းက ရပ်တန့်နေသည်။

ဟွမ်ခြောက်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အော်ဟစ်သည်။

“မင်းတို့ ဘာစောင့်နေကြတာလဲ။ ဒီနေရာကနေ ထွက်သွားကြမယ်”

သူက မြစ်ထဲတွင်ရှိသော အရိုးစားသားရဲ၏ခေါင်းပေါ်သို့ ပျံတက်သွားသည်။ ထို့နောက် လှံဖြင့် သင်္ဘောဦးထိပ်ကို ထိုးစိုက်လိုက်ပြီး သားရဲကို ဆွဲခေါ်စေသည်။

တခြားသင်္ဘောများကလည်း ထိုသင်္ဘော၏နောက်မှ ဖြည်းဖြည်းချင်း လိုက်လာကြသည်။ သူတို့က စစ်မြေပြင်မှ ထွက်ခွာလာသည်။

ထိုတိုက်ပွဲတွင် ဝင်ပါလျှင် သူတို့အားလုံး သေဆုံးသွားရလိမ့်မည်။

“ဘုန်း”

သင်္ဘောများထွက်သွားပြီး သိပ်မကြာခင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားရသည်။

လူတိုင်းက လှည့်ကြည့်လိုက်ပြီး လက်သည်းဖြင့်ရိုက်ချသော နဂါးရုပ်တုသားရဲကို မြင်ရသည်။

အနက်ရောင်အလင်းစီးကြောင်းသည် လေဟာနယ်ကို ထိုးခွဲသွားသည်။ သူ၏ လက်သည်းရိုက်ချက်သည် လောကကို ဖျက်ဆီးနိုင်သည်။

အကယ်၍ သင်္ဘောများ ထိုနေရာတွင် ဆက်ရှိနေလျှင် လက်သည်းချက်၏ လေပြင်းများကြောင့် သင်္ဘောမှောက်သွားလိမ့်မည်။

“အရမ်း၊ အရမ်းသန်မာတယ် ....”

လှည့်ကြည့်လိုက်သော ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။

တခြားလူများကလည်း ကြောက်ရွံ့ပြီး ဖြူဖျော့နေကြသည်။

ကျင့်ကြံသူတစ်ယောက်က ထိုသားရဲကို မည်သို့ ခုခံနိုင်မည်နည်း။

‘တကယ်လို့ သူက မခုခံနိုင်ရင် နဂါးရုပ်တုသားရဲက ငါတို့နောက်ကို လိုက်လာမှာလား’

လူအများအပြားက ထိတ်လန့်နေကြသည်။

လက်သည်းချက်၏အောက်တွင် ဟန်မူယဲ့က လက်သီးထိုးချသည်။

လက်သီးပုံရိပ်က လေထုကို ထိုးခွဲလာသည်။

သို့သော် ထိုလက်သီးချက်က နဂါးရုပ်တုသားရဲ၏ ကြီးမားသောခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

နဂါးတစ်ကောင်၏ရှေ့တွင် လက်သီးထိုးနေသော ပုရွက်ဆိတ်ကို မည်သူက ဂရုစိုက်မည်နည်း။

သို့သော် ချက်ချင်းဆိုသလိုပင် ထိုလက်သီးချက်က လက်သည်းချက်ကို တွန်းထုတ်နိုင်ခဲ့သည်။

အလွန်ထူးဆန်းသည်။ ထိုလက်သီးချက်က ခေါင်းခြောက်လုံး နဂါးရုပ်တုသားရဲ၏ လက်သည်းကို ရပ်တန့်သွားစေပြီး တွန်းထုတ်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် သင်္ဘောပေါ်တွင်ရှိသော လူတိုင်းက ကြောင်အသွားကြသည်။

“သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာတာလဲ ....”

လော့ရန်က တစ်ကိုယ်လုံး အေးစက်ပြီး ခြေထောက်များ ပျော့ခွေနေသည်။

သူ့ဘေးတွင် ထန်ကျင်း၏နှုတ်ခမ်းများက တွန့်နေသည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ရှိသည်။

သိပ်မဝေးသောနေရာတွင် တာအိုတန်ခိုးရှင်ရှစ်ယွမ်က ထောင့်တစ်နေရာတွင် ခွေနေပြီး တစ်ခုခုရေရွတ်သည်။

“ဘုန်း”

ဟန်မူယဲ့က နဂါးရုပ်တုသားရဲ၏ လက်သည်းချက်ကို တွန်းထုတ်လိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ပေတစ်ထောင်ခွေသားရဲပုံရိပ်ကို ဆင့်ခေါ်သည်။

ခွေပုံရိပ်က လျင်မြန်စွာကြီးထွားနေပြီး ပေတစ်သိန်းအထိ ရောက်သွားသည်။ ခွေသားရဲ၏ ဦးချိုနှစ်ခုကြားတွင် လျှပ်စီးကြောင်းများ လှုပ်ရှားနေသည်။

ပေတစ်သိန်းမြင့်မားသော ပုံရိပ် ....

လှေပေါ်တွင်ရှိသော ကျင့်ကြံသူနှင့် လှေသမားများအားလုံး ကြောင်အသွားကြသည်။

မည်သည့် ကျွမ်းကျင်သူမျိုးက ပေတစ်သိန်းပုံရိပ်ကို ထုတ်ဖော်နိုင်သနည်း။

“မူ ....”

ခွေသားရဲက ဟိန်းဟောက်လိုက်သည်။ ဟန်မူယဲ့က လက်သီးထိုးလိုက်ပြန်သည်။

သူ့လက်သီးချက်ထဲတွင် မိုးကြိုးလျှပ်စီးစွမ်းအားများ ပါဝင်နေသည်။

All Chapters